အခန်း ၆၉၁
Vol. 58 Ch. 691
အခန်း(၆၉၁)
ပျူရစ်ဗန်ပိုင်ယာခေါင်းဆောင်ကို အပြတ်ရှင်းပြီးသွားပေမဲ့လည်း ဂီလာမိုတစ်ယောက် စိတ်မအေးနိုင်သေးဘူး။
"မက်ထရိုပိုလစ်မှာ ပျူရစ်ဗန်ပိုင်ယာ တချို့ကျန်နေသေးတယ်" လို့ သူက သတိပေးလိုက်တယ်။ "သူတို့တွေ အိုင်းရွန်းမေဒင် ဘာသာရေးကို မသိမ်းပိုက်ခင် ငါတို့ အရင်ရှာတွေ့မှဖြစ်မယ်"
မိုက်ကယ်က သူ့ရဲ့ စိုးရိမ်မှုတွေကို လက်ခါပြလိုက်တယ်။ "ရပါတယ်... ဖတ်ချ်က အကုန်ရှင်းလင်းပြီးပြီ"
သူက ဂီလာမိုကို ဖတ်ချ်ဆီ ခေါ်ဆောင်သွားပြီး သူတို့နှစ်ယောက်လုံးကို ချိန်းဆိုထားတဲ့နေရာဆီ ချက်ချင်း ရွှေ့ပြောင်းသွားလိုက်တယ်။
သူ ရောက်ရောက်ချင်းမှာပဲ ခရမ်းရောင်အရာဝတ္ထုတစ်ခုက သူ့မျက်နှာဆီ ခုန်အုပ်လာတာကို ချက်ချင်း မြင်လိုက်ရတယ်။
"သခင်"
ခွေးလိမ္မာလေးတစ်ကောင်က သူ့သခင်ကို မြင်တဲ့အခါ ဖက်တွယ်သလိုမျိုး ဖတ်ချ်က မိုက်ကယ်ရဲ့ မျက်နှာတစ်ခုလုံးကို ဖက်တွယ်ထားတယ်။ မိုက်ကယ်က အသက်ရှူလို့ရအောင်လို့ သူ့မျက်နှာပေါ်က စလိုင်းမ်လေးကို ဆွဲခွာလိုက်ရတယ်။
"သခင်... သခင်... ကျွန်တော် လုပ်နိုင်ခဲ့ပြီ... ကျွန်တော့်မှာ ဒီဗာတစ်ခု ရနေပြီ" လို့ ဖတ်ချ်က ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်တယ်။
"အင်း... ငါ သိပါတယ်... တော်တယ်" လို့ သူက ပြန်ပြောရင်း နောက်ဆုံးမှာတော့ ဖတ်ချ်ရဲ့ ခေါင်းကို ထိုက်တန်စွာ ပွတ်သပ်ချီးကျူးပေးလိုက်တယ်။
အဲဒီအချိန်မှာပဲ ဂီလာမိုက သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လေထဲမှာ မှေးမှိန်နေတဲ့ ဖုန်မှုန့်လေးတွေကို မြင်လိုက်ရတယ်။ ဒီနေရာမှာ ဗန်ပိုင်ယာတွေ မကြာသေးခင်ကမှ အသတ်ခံလိုက်ရမှန်း သူ ချက်ချင်း သိလိုက်တယ်။
"သခင် ကျွန်တော့်ကို မြင်သင့်တယ်... အဲဒီ ဗန်ပိုင်ယာတွေ ဘာမှမတတ်နိုင်ခဲ့ဘူး... သူတို့ဟာသူတို့ ပြန်ရိုက်နေကြတာ ဟားဟားဟားဟား"
ဖတ်ချ်က သူ့ဘာသာသူ ဝန်ခံလိုက်တော့ ဂီလာမိုတစ်ယောက် စလိုင်းမ်လေးကို လုံးဝကွဲပြားတဲ့ အကြည့်မျိုးနဲ့ မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားတယ်။
'ဒီ ဉာဏ်ကောင်းတဲ့ စလိုင်းမ်မိစ္ဆာလေးက ပျူရစ်ဗန်ပိုင်ယာ အများကြီးကို အနိုင်ယူနိုင်ခဲ့တာလား' သေချာတာကတော့ သူတို့ဟာ အဆင့်နိမ့် မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေ ဖြစ်နိုင်ပေမဲ့ သူတို့ကို ရင်ဆိုင်ပြီး အသက်ရှင်ကျန်ရစ်ခဲ့တာကတင် လုံလောက်အောင် အံ့သြစရာကောင်းနေပြီဖြစ်သလို သူတို့ကို သတ်နိုင်ခဲ့တာကတော့ ပိုပြီးတောင် အံ့သြစရာကောင်းနေသေးတယ်။
"ကဲ လာပါ ဖတ်ချ်... ငါ့ကို ပြစမ်းပါဦး" လို့ မိုက်ကယ်က မျှော်လင့်တကြီး မျက်နှာပေးနဲ့ လက်ပိုက်ရင်း ပြောလိုက်တယ်။
ပြီးတော့ ဖတ်ချ်က သူ့ခေါင်းပေါ်ကနေ ခုန်ဆင်းပြီး မြေပြင်ပေါ်ကို ကျလာတယ်။ အဲဒီနောက် မြေပြင်ပေါ်က ဖရဲသီးအသေးစား အရွယ်အစားလောက်ရှိတဲ့ ကျောက်တုံးငယ်လေးတစ်ခုဆီ လိမ့်သွားခဲ့တယ်။
ဖတ်ချ်ရဲ့ စေးကပ်နေတဲ့ ခန္ဓာကိုယ်လေးက ကျောက်တုံးနဲ့ ထိတွေ့သွားတာနဲ့ တစ်ပြိုင်နက် ကျောက်တုံးအောက်ခြေမှာ အရိပ်တစ်ခု ဖြစ်ပေါ်လာတာကို မိုက်ကယ် မြင်လိုက်ရတယ်။
အဲဒီ မိစ္ဆာဆန်တဲ့ အရိပ်က ပြုံးပြလိုက်ပြီး ကျောက်တုံးထဲကို ပြန်ဝင်သွားချိန်မှာ ရယ်မောနေတဲ့ပုံစံမျိုး ဖြစ်နေတယ်။
"ဒါ... ဒါက ဒီဗာတစ်ခုပဲ" လို့ မိုက်ကယ် သဘောပေါက်သွားတယ်။
"ဟုတ်တယ် သခင်... ကျွန်တော် ထိလိုက်တဲ့ အရာတိုင်းကို အဲဒီအရိပ် ပေးအပ်နိုင်ပြီး ကိုယ့်ခန္ဓာကိုယ်လိုမျိုး ထိန်းချုပ်ခွင့်ရသွားတယ်"
ပြီးတော့ သက်သေပြတဲ့အနေနဲ့ ကြီးမားတဲ့ ကျောက်တုံးကြီးက ရှေ့ကို တစ်လက်မလောက် ရုတ်တရက် ရွေ့သွားတယ်။ အဲဒီနောက် ရိုးရှင်းတဲ့ မျက်လုံးဖြူဖြူနှစ်လုံးက ကျောက်တုံးပေါ်မှာ ပေါ်လာပြီး ပတ်ဝန်းကျင်ကို လိုက်ကြည့်ကာ မိုက်ကယ်ကို မျက်စိမှိတ်ပြလိုက်တယ်။
"လူပဲဖြစ်ဖြစ် ပစ္စည်းပဲဖြစ်ဖြစ် ရတယ်" လို့ ဖတ်ချ်က ရှင်းပြလိုက်တယ်။ "ကျွန်တော် ထိလိုက်တာနဲ့ အဲဒီအထဲ ဝင်နေလို့ရတယ်... ဒါက ကျွန်တော့်ရဲ့ နင်ဂျာစွမ်းရည်တွေအတွက် အရမ်းကို ကောင်းသွားပြီ"
"မိစ္ဆာတစ်ကောင်က မက်ဂ်နက်တစ် ဖြစ်လာတာလား" လို့ ဂီလာမိုက အသက်ရှူမှားမတတ် ရေရွတ်လိုက်တယ်။
ဖတ်ချ်ရဲ့ စွမ်းရည် အလုပ်လုပ်ပုံကို မြင်ရတော့ မိုက်ကယ်လည်း အံ့သြသွားခဲ့တယ်။ ပထမဆုံးအနေနဲ့ ဖတ်ချ်ရဲ့ ဒီဗာက သူ့ခေါင်းပေါ်မှာ ပေါ်လာတာမျိုး မဟုတ်ဘဲ သူ ထိတွေ့လိုက်တဲ့ လူ ဒါမှမဟုတ် ပစ္စည်းပေါ်မှာ ပေါ်လာတယ်ဆိုတာက လုံးဝကို မကြားဖူးတဲ့ ကိစ္စပဲလေ။
ဒါပေမဲ့ ဒါက မိစ္ဆာတစ်ကောင် မက်ဂ်နက်တစ် ဖြစ်လာတဲ့ ပထမဆုံးအကြိမ်ဆိုတော့ ဖတ်ချ်ရဲ့ ထူးခြားတဲ့ အခြေအနေကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
ဖတ်ချ်ရဲ့ ပါရမီကို [SSS အဆင့် ဝိညာဉ်ကပ်ပါး] လို့ ခေါ်တာမို့ သူ့ရဲ့ စွမ်းရည်တွေက အဲဒါနဲ့ တော်တော်လေး ကိုက်ညီနေတယ်။
သူ့ရဲ့ စွမ်းအားက တခြားသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ကပ်ပါးလို လိုက်ပါသွားတာပါပဲ။
"မင်း ခေါင်းထဲမှာ အသံတစ်ခုခု ကြားရလား" လို့ သူက ဖတ်ချ်ကို မေးလိုက်တယ်။ "ဝိညာဉ်ကပ်ပါးဆိုတဲ့ နာမည်နဲ့ တစ်ယောက်ယောက်များလား"
ဖတ်ချ်က ခေါင်းယမ်းလိုက်တယ်။ "မကြားရဘူး သခင်... ကျွန်တော့်အသံပဲ ကျွန်တော် ကြားရတယ်"
'ဟင်း... ဟာဘင်ဂျာကပဲ ထူးခြားနေတာလား ဒါမှမဟုတ် ဖတ်ချ်က သူ့ရဲ့ ဒီဗာနဲ့ ရင်းနှီးကျွမ်းဝင်မှု လိုအပ်တဲ့ အဆင့်ကို မရောက်သေးလို့လား'
ဒါက ဖြစ်နိုင်ချေရှိတယ်လေ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်လည်း ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ စတုတ္ထအဆင့်ကို ရောက်မှ ဟာဘင်ဂျာရဲ့ အသံကို ကြားနိုင်ခဲ့တာပဲ။
"ဒီလို အရိပ်မျိုး ဘယ်နှစ်ခုလောက် မင်း လုပ်နိုင်လဲ" လို့ သူက မေးမြန်းလိုက်တယ်။
"တစ်ခုပဲ ရတယ်" လို့ ဖတ်ချ်က စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေတယ်။
"မပူပါနဲ့... မင်းကိုယ်ပိုင် မီသရယ် မှော်ဝင်ပစ္စည်းသာ ရှိလာရင် ဒီထက်ပိုပြီး ရနိုင်မယ်လို့ ငါ ထင်တယ်" လို့ သူက အာမခံလိုက်တယ်။ သူကိုယ်တိုင်လည်း ဒရုန်း မဖန်တီးခင်က ပြောင်းလဲနိုင်တဲ့ ပမာဏ အကန့်အသတ် ရှိခဲ့တာပဲလေ။ ဒါပေမဲ့ အဲဒါကို ရသွားတဲ့အခါမှာတော့ အကန့်အသတ်မရှိသလောက်ကို ပြောင်းလဲနိုင်သွားခဲ့တယ်။
"တကယ်လား"
မိုက်ကယ်က ဖတ်ချ်ရဲ့ မျက်နှာပေါ်က အမူအရာကို မြင်နေရတယ်။ ဖတ်ချ် ခေါင်းထဲက ထွက်လာတဲ့ အတွေးတွေကို သူ လက်တွေ့ကျကျ ကြားနေရသလိုပဲ။ 'ငါ့ရဲ့ အရိပ်ဒီဗာကို နေရာတိုင်းမှာ ဖြန့်ကျက်ပြီး လူတိုင်းကို စူးစမ်းထောက်လှမ်းလို့ ရပြီ'
ဒီ စွမ်းရည်အသစ်နဲ့ဆိုရင် ဖတ်ချ်ကို နောက်ဆုံးမှာ မက်ထရိုပိုလစ်မြို့ထဲ လွှတ်ထားပေးလို့ ရသွားပြီ။ သူကိုယ်တိုင် တန်ခိုးစွမ်းရည်ကို အခု အသုံးပြုနိုင်ပြီဖြစ်လို့ ဆက်ပြီး ကန့်သတ်ခံထားရမှာ မဟုတ်တော့ဘူးလေ။
"ဖတ်ချ်... ကိုယ့်ကန့်သတ်ချက်ကို သိဖို့တော့ မှတ်ထားဦး။ မင်းထက် တစ်ဆင့် ဒါမှမဟုတ် နှစ်ဆင့်လောက် မြင့်တဲ့သူတွေက မင်း သူတို့အပေါ် စွမ်းရည်တွေ သုံးတဲ့အခါ သိလိမ့်မယ်" လို့ သူက ဖတ်ချ်ကို သတိပေးလိုက်တယ်။
"ဟီးဟီး... ကျွန်တော် သိပါတယ် သခင်"
ပြီးတော့ မိုက်ကယ်က ကြမ်းပြင်ပေါ်မှာ သတိလစ်နေကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေဆီ အာရုံစိုက်လိုက်တယ်။ သူတို့အားလုံးက ဖြူဖျော့နေကြပြီး လည်ပင်းတွေမှာ အစွယ်နှစ်ချောင်းနဲ့ အကိုက်ခံထားရတဲ့ အရာတွေ အထင်အရှား ရှိနေတယ်။
သူ့ရဲ့ အဆင့်မြင့် ပါရမီနဲ့ ကြည့်လိုက်တော့ အနည်းဆုံး သူတို့ရဲ့ အသက်အန္တရာယ် မစိုးရိမ်ရဘူးဆိုတာကို သူ မြင်လိုက်ရတယ်။ ဒါပေမဲ့လည်း သူတို့ကို အမြန်ဆုံး ကုသမှု ပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်လိမ့်မယ်။
"သူတို့ကို ရီနေးတားနိုင်ငံဆီ ပြန်ရွှေ့ပြောင်းပေးလိုက်ရအောင်" လို့ သူက ဖတ်ချ်ကို ပြောလိုက်တယ်။
အဲဒီလူတွေကို သယ်ယူပို့ဆောင်ဖို့ ဖတ်ချ်ကို တာဝန်ပေးထားခဲ့ပြီး သူနဲ့ ဂီလာမိုကတော့ အဲဒီမှာရှိနေတဲ့ တခြားဖမ်းဆီးခံရသူတွေကို ကယ်တင်ဖို့ ပျူရစ်ဗန်ပိုင်ယာတွေရဲ့ ပုန်းအောင်းရာနေရာဆီ ပြန်သွားခဲ့ကြတယ်။
* * * * * * * *
သဲကန္တာရထဲက သုခဘုံလို့ ခေါ်ကြတဲ့ နေရာရဲ့ အံ့ဖွယ်တွေထဲ ဂျူနီပါတစ်ယောက် ခြောက်သွေ့မြေပြင်တွေဆီမှာ နေထိုင်နေချိန် ရုတ်တရက်ဆိုသလို သတိလစ်နေတဲ့ လူသားတွေနဲ့ ရေလူသား ငါးဆယ်လောက်ကို ခေါ်ဆောင်ပြီး မိုက်ကယ်က သူမရှေ့ကို ရွှေ့ပြောင်းရောက်ရှိလာခဲ့တယ်။
ဒီလူတွေရဲ့ ထင်ရှားနေတဲ့ အခြေအနေကို မြင်တာနဲ့ သူမက သူတို့ဆီ ချက်ချင်း ပြေးသွားပြီး ရှေးဦးသူနာပြုစုခြင်းကို လုပ်ဆောင်ပေးလိုက်တယ်။
သူမရဲ့ စူးရှတဲ့ မျက်လုံးတွေနဲ့ သူတို့ရဲ့ လည်ပင်းပေါ်က ကိုက်ရာတွေအပြင် ခန္ဓာကိုယ်ပေါ်က ဖြူရော်ပြီး သွေးဆုတ်နေတဲ့ အသွင်အပြင်တွေကို သတိပြုမိသွားတယ်။
"ဗန်ပိုင်ယာတွေလား" လို့ သူမက မိုက်ကယ်ကို မေးလိုက်တယ်။
"ဟုတ်တယ်... ပျူရစ်ဗန်ပိုင်ယာလို့ ခေါ်တဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ တိုက်ခိုက်တာကို ခံလိုက်ရတာ" လို့ သူက ပြန်ဖြေတယ်။
ဂျူနီပါက သူတို့နဲ့ ရင်းနှီးပေမဲ့ သူတို့တွေ မက်ထရိုပိုလစ်ကိုတောင် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာကိုတော့ အံ့သြသွားခဲ့တယ်။
"မင်း နောက်မကျသွားတာ တော်သေးတယ်" လို့ သူမက ကုသပေးဖို့ မန္တန်တွေ ရွတ်ဆိုရင်း ပြောလိုက်တယ်။ "ဒီထက်သာ ပိုကြာသွားရင် သူတို့တွေ တစ်သက်လုံး ထိခိုက်သွားတာ ဒါမှမဟုတ် သေဆုံးတာမျိုးတောင် ဖြစ်သွားနိုင်တယ်"
ဂျူနီပါ အမှားအယွင်းမရှိ အလုပ်လုပ်နေတာကို မိုက်ကယ် စောင့်ကြည့်နေခဲ့တယ်။ ဒဏ်ရာရသူတွေရဲ့ မျက်နှာပေါ်က ထင်ရှားတဲ့ ပြောင်းလဲမှုတွေ၊ သူတို့ရဲ့ အရေပြားက သဘာဝအတိုင်း ပန်းရောင်သန်းတဲ့ အသွင်ကို ဖြည်းဖြည်းချင်း ပြန်လည်ရရှိလာပြီး သွေးပမာဏ ပုံမှန်အခြေအနေကို ပြန်ရောက်လာတာကို သူ မြင်တွေ့ခဲ့ရတယ်။
ဂျူနီပါက နာမည်ကျော် ဆင်ကလဲယား ပြီးရင် သူမသာလျှင် အကောင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ကြောင်း တစ်ကမ္ဘာလုံးက အကောင်းဆုံး ကုသရေးသမားတွေထဲက တစ်ယောက်အဖြစ် သူမကိုယ်သူမ သက်သေပြနိုင်ခဲ့တယ်။ မိနစ်အနည်းငယ်အတွင်းမှာပဲ ဒဏ်ရာရသူတွေအားလုံး တည်ငြိမ်တဲ့ အခြေအနေကို ရောက်သွားကြတယ်။ ပြီးတော့ သူမဆီကနေ ချွေးတစ်ပေါက်တောင် မကျခဲ့ဘူးလေ။
"သူတို့ အဆင်ပြေသွားပါလိမ့်မယ်... သူတို့ အနားယူဖို့ နည်းနည်းပဲ လိုတော့တယ်" လို့ ဂျူနီပါက နောက်ဆုံး ကုသရေးမန္တန်ကို အဆုံးသတ်ရင်း ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ်"
"ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး" လို့ သူမက ပြန်ဖြေတယ်။ "ငါ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ... ဒါက ကုသရေးသမားတစ်ယောက်ရဲ့ တာဝန်ပဲလေ"
"အင်းပါ... ခင်ဗျားသာ ဒီမှာမရှိရင် အခြေအနေတွေ ဆိုးဝါးသွားနိုင်တယ်လို့ ပြောချင်ရုံပါ"
ချီးကျူးစကားကို ငြင်းဆန်ရင်း သူမက ခေါင်းယမ်းလိုက်ပြန်တယ်။ "ဘာပဲဖြစ်ဖြစ် မင်း သူတို့ကို ကုသပေးနိုင်မှာပါ... မင်း ဒီမှာ တည်ဆောက်ထားတာတွေက အံ့သြစရာကောင်းတယ်... ဒါက ငါ ရောက်ဖူးသမျှထဲမှာ အကောင်းဆုံး ကုသရေးဆောင်ပဲ"
သူတို့နိုင်ငံက ဆေးရုံကို သူ့ရဲ့ အရင်ဘဝက စံနှုန်းတွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး အဲဒါက အရာအားလုံးကို အကောင်းဆုံး ကုသနိုင်မယ့် အခွင့်အရေး ရအောင် ဖန်တီးထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ။
ဂျူနီပါက သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို ဆက်တိုက် ချီးကျူးနေတာမို့ မိုက်ကယ်က ခေါင်းယမ်းလိုက်တယ်။ "ချီးကျူးတာကိုသာ လက်ခံလိုက်ပါ" လို့ သူက သူမကို ပြောလိုက်တယ်။
* * * * * * * *
ဆေးရုံကနေ အပြင်ထွက်လာပြီးတာနဲ့ မိုက်ကယ်က မျက်လုံးထဲမှာ မျှော်လင့်ချက်တွေ အပြည့်နဲ့ သူ့ဆီ ခုန်အုပ်လာတဲ့ ဖတ်ချ်ရဲ့ ချုံခိုတိုက်ခိုက်တာကို ချက်ချင်း ခံလိုက်ရတယ်။
"ကျွန်တော့်ကိုယ်ပိုင် မီသရယ် မှော်ဝင်ပစ္စည်းကို အခု ရနိုင်မလား... ကျေးဇူးပြုပြီးတော့"
အဲဒီ သနားစရာ ခွေးပေါက်လေးလို မျက်လုံးတွေနဲ့ဆိုတော့ မိုက်ကယ်လည်း မငြင်းဆန်နိုင်ခဲ့ဘူး။ ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ ကိုယ်ပိုင် ဒရုန်းကို အဆင့်မြှင့်တင်ရာမှာ နောက်ဆုံးလက်ကျန်အထိ အကုန်သုံးလိုက်တာမို့ သူ့မှာ လတ်တလော အသုံးပြုစရာ ဝိညာဉ်ဆီ တစ်စက်မှ မရှိတော့ဘူးလေ။
ဒါတင်မကသေးဘဲ ဝိညာဉ်ဆီတွေ ပိုလိုချင်နေတာက ဖတ်ချ် တစ်ယောက်တည်း မဟုတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ ဒရုန်းအတွက် အဆင့်မြှင့်တင်မှု အသစ်တစ်ခုလည်း ရှိနေသေးတယ်လေ။
* * * * * * * *
စာစဉ်(၅၈)