← Chapters

အခန်း ၆၉၂

Vol. 58 Ch. 692

အခန်း ၆၉၂

Vol. 58 Ch. 692

အခန်း(၆၉၂)

ဒရုန်းရဲ့ [မဟာမိတ်များ] အပိုင်းအောက်မှာ အသစ်ပေါ်လာတဲ့ ရွေးချယ်စရာ သုံးခုကို သူ မြင်လိုက်ရတယ်။

- - ဖတ်ချ်

- - - ဒရုန်းအသေးချိတ်ဆက်မှု

- - - လက်နက်(၁)

- - - ပူးကပ်ခြင်း (၅)

- - - စွမ်းရည် (၅)

[လက်နက် - ဒီအဆင့်မြှင့်တင်မှုက ဒရုန်းအသေးကို ဖတ်ချ်ရဲ့ အဓိက လက်နက်အဖြစ် ပြောင်းလဲပေးနိုင်တယ်။ အဲဒါက ဖတ်ချ် လိုချင်တဲ့ ပုံစံကို ပြောင်းလဲပေးနိုင်ပြီး ဒရုန်းအသေးပုံစံကိုလည်း စိတ်ကြိုက် ပြန်ပြောင်းနိုင်တယ်။ ဒီအဆင့်မြှင့်တင်မှုက လက်နက်နဲ့ ဒရုန်းအသေးကိုယ်တိုင်အတွက် နောက်ထပ် သီးခြား အဆင့်မြှင့်တင်မှုတွေကိုလည်း ခွင့်ပြုပေးလိမ့်မယ်။]

[ကုန်ကျစရိတ် - ၁ စက်]

[ပူးကပ်ခြင်း - ဒီအဆင့်မြှင့်တင်မှုက ဖတ်ချ်ကို သူ့ရဲ့ ကိုယ်ပိုင် မှော်ကမ္ဘာငယ်လေးတစ်ခုလိုမျိုး ဒရုန်းအသေးထဲ ဝင်ရောက်ခွင့် ပြုထားတယ်။ အထဲရောက်တာနဲ့ ဖတ်ချ်က ဒရုန်းအသေးကို မောင်းနှင်နိုင်ပြီး သူ့ရဲ့ စွမ်းရည်တွေကို ပုံမှန်အတိုင်း သုံးနိုင်တယ်။ ရေဂီယိုက ပင်မဒရုန်းရဲ့ မှော်ကမ္ဘာငယ်လေးနဲ့လည်း ချိတ်ဆက်သွားမှာဖြစ်ပြီး ဒရုန်းနှစ်ခုကြား ကူးသန်းသွားလာခွင့် ရရှိစေမှာပဲ။]

[ကုန်ကျစရိတ် - ၅ စက်]

[စွမ်းရည် - ဒီအဆင့်မြှင့်တင်မှုက ပင်မဒရုန်းကို ချိတ်ဆက်ထားတဲ့ မဟာမိတ် (ဖတ်ချ်) ဆီကနေ စွမ်းအင်တွေ ရယူနိုင်စေပြီး သူတို့ရဲ့ စွမ်းရည်တွေကို ကန့်သတ်ချက်တစ်ခုအထိ အသုံးပြုနိုင်အောင် ခွင့်ပြုပေးတယ်။]

[ကုန်ကျစရိတ် - ၅ စက်]

မိုက်ကယ်က ဒီအဆင့်မြှင့်တင်မှု သုံးခုကို လိုချင်တပ်မက်စွာနဲ့ စိုက်ကြည့်နေခဲ့တယ်။ သူ ဒါတွေအားလုံးကို ဝယ်ချင်နေပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဈေးက အရမ်းကြီးလွန်းနေတယ်။ စုစုပေါင်းဆိုရင် ၁၁ စက်တောင် ကျမှာလေ။ အဲဒါက သဲဒင်္ဂါး ၁၁၀,၀၀၀ နဲ့ ညီမျှနေတာပဲ။

ဒါပေမဲ့ သူသာ အဆင့်မြှင့်တင်မှု တစ်ခုတည်းကို ဝယ်ရမယ်ဆိုရင်တော့ လက်နက် အဆင့်မြှင့်တင်မှုကိုပဲ ဦးစားပေးရလိမ့်မယ်။ ဒါက ဖတ်ချ်အတွက် တိုက်ရိုက် အကျိုးရှိစေပြီး အနာဂတ်မှာ ထပ်ပြီး အဆင့်မြှင့်တင်နိုင်တဲ့ သင့်တော်တဲ့ လက်နက်တစ်ခုကို ပိုင်ဆိုင်နိုင်အောင် လုပ်ပေးနိုင်တယ်။

ဒုတိယ ဦးစားပေးအနေနဲ့ကတော့ စွမ်းရည် အဆင့်မြှင့်တင်မှု ဖြစ်လာလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက ဖတ်ချ်ဆီက ရလာမယ့် စွမ်းအားအသစ်တွေနဲ့ သူ့ရဲ့ စွမ်းရည်တွေကို အမျိုးမျိုး ပြောင်းလဲအသုံးပြုနိုင်မှာမို့လို့ပဲ။

အဲဒီနောက်မှာတော့ သူက ပူးကပ်ခြင်း အဆင့်မြှင့်တင်မှုကို နောက်ဆုံးမှ ဝယ်ယူလိမ့်မယ်။ ဒါက ကောင်းနေဆဲဖြစ်ပေမဲ့ အရှေ့က နှစ်ခုက သူ့အတွက် အဓိက ဦးစားပေးတွေ ဖြစ်နေတာလေ။

'ဒါပေမဲ့ အခုချိန်မှာ ဒါတွေကို စဉ်းစားနေလည်း အလကားပါပဲ... ငါ့ဆီမှာ သုံးစရာ သဲဒင်္ဂါး တစ်ပြားမှတောင် ရှိမနေဘူး'

"မင်း နည်းနည်းတော့ စောင့်ရလိမ့်မယ်" လို့ သူက ဖတ်ချ်ကို ပြောလိုက်တယ်။

စလိုင်းမ်လေးက နှုတ်ခမ်းစူသွားခဲ့တယ်။ "အာ..."

"ငါ့ကို ယုံပါ ဖတ်ချ်... ဝိညာဉ်ဆီ အစက်တွေ လုံလုံလောက်လောက် မရှိလို့ စိတ်ပျက်နေတာ မင်း တစ်ယောက်တည်း မဟုတ်ပါဘူး"

သူ့ရဲ့ မဟာမိတ်တွေက သူတို့ရဲ့ ဒီဗာတွေကို နှိုးဆွလိုက်တာနဲ့ ဘယ်လို ရွေးချယ်စရာတွေ ပွင့်လာမလဲဆိုတာကို သူ သိသွားပြီဖြစ်တာမို့ အခုဆိုရင် ဝိညာဉ်ဆီ အစက်တွေ ပိုရလာဖို့အတွက် အရင်ကထက်ပိုပြီး စိတ်အားထက်သန်နေတော့တယ်။

* * * * * * * *

ပျူရစ် ဗန်ပိုင်ယာတွေရဲ့ သားကောင်ဖြစ်သွားခဲ့ရတဲ့ ကံဆိုးတဲ့ ရေလူသားတွေအကြောင်း သိသိချင်းပဲ ရိဒ်က သူတို့ အဆင်ပြေရဲ့လားဆိုတာ သေချာအောင် ဆေးရုံကို ချက်ချင်း သွားကြည့်ခဲ့တယ်။

"ငါ မယုံနိုင်အောင်ပဲ... အဲဒီ ခွေးသူတောင်းစား ပျူရစ်တွေ" လို့ ရိဒ်က အသံထွက် ကျိန်ဆဲလိုက်တယ်။ "ငါ သူတို့ကို အချိန်အတော်ကြာ လိုက်ရှာနေခဲ့တာ... ဒါပေမဲ့ သူတို့ ဖမ်းဆီးခံထားရတယ်ဆိုတာ လုံးဝ မသိခဲ့ဘူး"

ရေလူသားတွေကို မက်ထရိုပိုလစ်ဆီ လာဖို့ အစကတည်းက ဖိတ်ခေါ်ခဲ့တာ သူကိုယ်တိုင် ဖြစ်နေတာမို့ ရိဒ်က ပိုပြီးတော့တောင် အပြစ်ရှိသလို ခံစားနေရတယ်။

"ဒါပေမဲ့ အခု သူတို့ ဒီကို ရောက်နေကြပြီဆိုတော့ ကောင်းပါတယ်" လို့ ရိဒ်က သက်ပြင်းရှည်ကြီးတစ်ခု ချရင်း ပြောလိုက်တယ်။ "သူတို့ကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးပဲ မိုက်ကယ်"

"ဒီအပြင်ဘက်မှာ ပျူရစ် ဗန်ပိုင်ယာတွေ ထပ်ရှိနေနိုင်သေးတယ်လို့ ခင်ဗျား ထင်လား" လို့ သူက ရိဒ်ကို မေးလိုက်တယ်။

"မဖြစ်နိုင်ဘူး... တော်ဝင်တိုက်ကြီးဆီ ခရီးထွက်ခွင့်ရတဲ့သူတွေက ကုန်းမြေပေါ်က ကမ္ဘာမှာ ပြဿနာ မရှာဘူးဆိုတာ သေချာအောင် စစ်ဆေးခံထားရတာလေ... အဲဒီ ပျူရစ်တွေက ချွင်းချက်တစ်ခုအနေနဲ့ ဖြစ်သွားတာပါ"

မိုက်ကယ်က ဒါကို ကြားရတော့ ဝမ်းသာသွားခဲ့တယ်။ ဂီလာမို ပြောစကားအရဆိုရင် ဗန်ပိုင်ယာ အများစုကလည်း ဗန်ပိုင်ယာ မျိုးနွယ်အပေါ် နာမည်ပျက်စေတဲ့အတွက် တခြားသူတွေလိုပဲ ပျူရစ်တွေကို မုန်းတီးကြတယ်လေ။

တကယ်တော့ သတိလစ်သွားခဲ့တဲ့ ဗန်ပိုင်ယာတွေကလည်း သူတို့ အိပ်မောကျရာကနေ နိုးလာတဲ့အခါ မိုက်ကယ်ကို အလွန်အမင်း ကျေးဇူးတင်နေခဲ့ကြတယ်။

သူတို့ သတိလစ်နေတုန်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဂီလာမိုက ပြန်ပြောပြခဲ့တယ်။ မိုက်ကယ်က ပျူရစ်ခေါင်းဆောင်ကို တစ်ယောက်တည်း သတ်ပစ်ခဲ့တယ်ဆိုတာကို ကြားတော့ သူတို့ အံ့ဩမှင်တက်သွားကြပြီး ဂီလာမိုက အိုင်းရွန်းမေဒင်နဲ့ပတ်သက်တဲ့ အမှန်တရားကို ဖွင့်ဟလိုက်တဲ့အခါမှာတော့ သူတို့အားလုံး နောက်တစ်ကြိမ် သတိလစ်မတတ် ဖြစ်သွားခဲ့ကြတယ်။

"ရှာတွေ့သွားပြီလား"

"ငါတို့ရဲ့ သခင်မ ဂိုင်ယာက မင်းဆီ ရောက်လာခဲ့တာလား"

ဂီလာမိုက ဗန်ပိုင်ယာတွေကို အိုင်းရွန်းမေဒင် ဘုရားကျောင်းဆီ ခေါ်သွားခဲ့ပြီး အဲဒီမှာပဲ သူလည်း အမှန်တရားကို မျက်စိပွင့်သွားခဲ့တယ်။

သူတို့က အိုင်းရွန်းမေဒင်ရဲ့ သတ္တုရုပ်တုကြီးကို စိုက်ကြည့်နေကြပေမဲ့ သူတို့ရဲ့ မျက်လုံးတွေထဲမှာ သံသယ အရိပ်အယောင်တွေ ရှိနေဆဲပဲ။ ဒီလိုပုံစံမျိုးက သူတို့ တစ်သက်လုံး လိုက်ရှာနေခဲ့တဲ့ ကိုးကွယ်ရာအရှင် ဖြစ်နေလိမ့်မယ်ဆိုတာကို သူတို့ လုံးဝ နားမလည်နိုင် ဖြစ်နေကြတယ်။

ဒါပေမဲ့ ဂီလာမိုက အိုင်းရွန်းမေဒင်ဆီ အသံထွက်ပြီး ဆုတောင်းလိုက်တဲ့အခါမှာတော့ ဗန်ပိုင်ယာတွေက သူ့ရဲ့ ပြင်းပြတဲ့ ယုံကြည်မှုကြောင့် သူ့ခန္ဓာကိုယ်က ဘယ်လို တုံ့ပြန်လဲဆိုတာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ကြရတယ်။

ဂီလာမိုရဲ့ ခန္ဓာကိုယ်က အိုင်းရွန်းမေဒင် ရုပ်တုအောက်မှာ တောက်ပလင်းလက်လာပြီး သူ့ရဲ့ ပြောဆိုချက်တွေကို နောက်ဆုံးအနေနဲ့ သက်သေပြလိုက်တာပဲ။

"ဂိုင်ယာကို တိုင်တည်ပြီး ပြောရရင် ဒါ အမှန်ပဲ"

"ငါတို့ရဲ့ နတ်ဘုရားမကို ချီးမွမ်းကြလော့"

"နောက်ဆုံးတော့ ငါတို့ သူမကို ရှာတွေ့ခဲ့ပြီ"

သူတို့က အိုင်းရွန်းမေဒင်ကို စတင် ကိုးကွယ်ကြပြီး သူမရဲ့ ရုပ်တုအောက်မှာ အပူတပြင်း ဆုတောင်းနေကြတော့တယ်။

သူတို့တွေ အိုင်းရွန်းမေဒင်ရဲ့ ယုံကြည်သူတွေ ဖြစ်လာတဲ့အပေါ် သူက ဝေခွဲမရတဲ့ ခံစားချက်တွေ ရှိနေနိုင်ပေမဲ့ မမျှော်လင့်ထားတဲ့ ဘေးထွက်ဆိုးကျိုး တစ်ခုကတော့ ဗန်ပိုင်ယာတွေက သူတို့ရဲ့ ခရီးစဉ်တစ်လျှောက်လုံး ရီနေးတားနိုင်ငံမှာ နေထိုင်ဖို့ ဆုံးဖြတ်လိုက်ကြတာပဲ။

သူတို့က ဘုရားကျောင်းကို နေ့တိုင်း လာရောက်ဖို့ ရည်ရွယ်ထားတာမို့ ဘုရားကျောင်းအနီးက သူတို့ရဲ့ ကိုယ်ပိုင် တိုက်ခန်းတွေကို အကုန်ငှားရမ်းလိုက်ကြတယ်။

ခြုံငုံကြည့်ရရင် သူတို့ရဲ့ အိမ်လခတွေကြောင့် သူ့ရဲ့ ဝင်ငွေထဲကို တစ်လ သဲဒင်္ဂါး ၅,၀၀၀ ထပ်တိုးလာတော့မှာပဲ။

* * * * * * * *

သဲဒင်္ဂါးတွေအကြောင်း ပြောရရင် 'ကသူးလူးရဲ့ စိတ်ဝိဉာဉ်အမှောင်ထုထဲသို့' က ရေလူသားတွေကြားထဲမှာ သူ့ရဲ့ အံ့မခန်းဖွယ်ရာတွေအကြောင်း ပိုပိုပြီး သိလာကြတာနဲ့အမျှ လက်မှတ်တွေ ဆက်တိုက် ရောင်းကုန်နေခဲ့တယ်။

ဂျူနီပါကလည်း ဒဏ်ရာရထားတဲ့ ရေလူသားတွေကို ရိုလာကိုစတာ ကိုယ်တိုင် စီးကြည့်ဖို့ အကြံပြုခဲ့ပြီး နောက်ဆုံးမှာတော့ ဒါက သူတို့ကို အများကြီး ပိုမြန်မြန် သက်သာလာစေဖို့ ကူညီပေးနိုင်ခဲ့တယ်။

ရောင်းရတဲ့ လက်မှတ်အရေအတွက်က နှစ်ဆနီးပါး မြင့်တက်သွားခဲ့ပြီး တစ်ရက်တည်းနဲ့ ဝင်ငွေ သဲဒင်္ဂါး ၂၀၀ လောက်အထိ ရောက်ရှိသွားခဲ့တာပဲ။

ဒါပေမဲ့ ဒါက မိုက်ကယ်အတွက် မလုံလောက်သေးဘူး။ သူက ရှေးဟောင်းကာလက ကျောက်ဖြစ်ရုပ်ကြွင်း တိရစ္ဆာန်တွေကို ပြန်လည်ဖန်တီးထားတဲ့ ဒုတိယ ရိုလာကိုစတာ ပရောဂျက်ကို ချက်ချင်း ဆက်လုပ်ခဲ့တယ်။

ဂီလာမိုနဲ့ တခြား ဗန်ပိုင်ယာ နှစ်ယောက်သုံးယောက်က သူတို့ရဲ့ ကိုယ်ပိုင် စုဆောင်းမှုတွေထဲက ကျောက်ဖြစ်ရုပ်ကြွင်းတွေကို သဘောကောင်းစွာနဲ့ လှူဒါန်းပေးခဲ့တဲ့အတွက် ကျေးဇူးကြောင့် သူက နောက်ဆုံးမှာ ပရောဂျက်ကို စတင်ဖို့ လုံလောက်တဲ့ ပြခန်းတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။

သူနဲ့ ရီနေးတားသူရီနေးတားသားတွေက ပြခန်းကို တည်ဆောက်ဖို့ အချိန် နှစ်ရက်တိတိ ကြာခဲ့ပြီး အချိန်အများစုကို အသက်ဝင်နေတဲ့ စက်ရုပ်တွေ ဖန်တီးရာမှာ အကုန်ခံခဲ့ရတယ်။

နောက်ဆုံးမှာတော့ ပြခန်းကို 'ရှေးဦးပင်လယ်' ဆိုတဲ့ နာမည်နဲ့ အများပြည်သူအတွက် ဖွင့်လှစ်ပေးခဲ့ပြီး ရေလူသားတွေဆီကနေ ကောင်းမွန်တဲ့ မှတ်ချက်တွေ ရရှိခဲ့တယ်။

ရှေးဟောင်း အမိုနိုက်တစ်ခုက သူ့ဘေးကနေ ပျံသန်းသွားချိန်မှာ "ငါ ရှေးဟောင်းကာလကို ပြန်ရောက်သွားသလို ခံစားရတယ်" လို့ ရိဒ်က မှတ်ချက်ချလိုက်တယ်။

"မိုက်တယ်... အစ်ကိုကြီး..." လို့ နစ်စီက သက်တောင့်သက်သာနဲ့ ကောင်းမွန်တဲ့ စီးနင်းမှုကို ခံစားရင်း တီးတိုးရေရွတ်လိုက်တယ်။

အခု ဒီဆွဲဆောင်မှုအတွက် ရောင်းရတဲ့ လက်မှတ်တွေက 'ကသူးလူးရဲ့ စိတ်ဝိဉာဉ်အမှောင်ထုထဲသို့' ထက် အများကြီး နည်းနေပေမဲ့ နေ့အဆုံးမှာ သဲဒင်္ဂါးတွေ ပိုဝင်လာဖို့တော့ ကူညီပေးနေဆဲပဲ။

ဝိညာဉ်ဆီ အစက်တွေကို သူ ဘယ်လောက်တောင် အသည်းအသန် လိုအပ်နေလဲဆိုတဲ့ အခြေအနေနဲ့ဆိုရင် သူ ရနိုင်သမျှ သဲဒင်္ဂါးတိုင်းကို အကုန်ယူတော့မှာပဲ။

'ငါသာ မက်ထရိုပိုလစ်ဆီ သွားတဲ့ ရွှေလမ်းမကြီးကို အပြီးသတ်နိုင်ရင် ဒီထက်ပိုရနိုင်မှာ...'

အခုချိန်မှာ ရေလူသားတွေ သူ့ရဲ့ အပန်းဖြေပန်းခြံထဲ ပိုရောက်လာဖို့ အဟန့်အတားတစ်ခုက ခြောက်သွေ့မြေရိုင်း က မက်ထရိုပိုလစ်နဲ့ အရမ်း ဝေးကွာနေတာပဲ။

ဒါက ရေလူသားတွေကိုသာမက အနာဂတ်က မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေကိုပါ ဟန့်တားနေခဲ့တယ်။

မက်ထရိုပိုလစ်ကနေ ခြောက်သွေ့မြေရိုင်း ဆီ တိုက်ရိုက် ချိတ်ဆက်ထားတဲ့ သေချာတဲ့ လမ်းတစ်လမ်းနဲ့ ရထားလမ်းစနစ်တစ်ခု ရှိနေရင်တော့ အကောင်းဆုံးပဲ။

သယ်ယူပို့ဆောင်ရေးပိုင်းက ပြဿနာမဟုတ်ဘူး။ ပြဿနာက ခွင့်ပြုချက်ပဲ။

မက်ထရိုပိုလစ်မှာ လမ်းတွေဖောက်ဖို့ အကြောင်းကို ပြီးခဲ့တဲ့တစ်ခေါက် သူ စကားစခဲ့တုန်းက မြို့စားကတော်က သူ အဲဒီအတွက် အဆင်သင့် မဖြစ်သေးဘူးလို့ ပြောပြီး ပိတ်ပင်ခဲ့တယ်။

အဲဒီအချိန်တုန်းက ဘယ်သူကမှ သူ့ကိုဖြစ်ဖြစ်၊ သူ့ကုမ္ပဏီကိုဖြစ်ဖြစ် မသိကြသေးတာမို့ မက်ထရိုပိုလစ်မှာ ဘယ်သူကမှ သူတို့ရဲ့ ကိုယ်ပိုင် လမ်းစနစ်တွေကို မတည်ဆောက်နိုင်ရင် လူတိုင်းက ညည်းညူကြမှာဖြစ်တဲ့အတွက် ဒါက အဓိပ္ပာယ်ရှိပါတယ်။

ဒါပေမဲ့ အခုတော့ မြို့စားကတော် သူမရဲ့ စိတ်ကို ပြောင်းလဲလိမ့်မယ်လို့ သူ မျှော်လင့်နေခဲ့တယ်။

မြို့စားကတော်နဲ့ တော်ဝင်မိသားစုက ပလာဇာမှာ အပန်းဖြေခရီးလေး ထွက်ပြီး စပီကာတွေကနေ တီးဝိုင်းတွေရဲ့ သီချင်းသံတွေကို နားထောင်နေကြတာကို သူ တွေ့လိုက်ရတယ်။

"မြို့စားကတော်... ကျွန်တော် အကူအညီတစ်ခု တောင်းချင်လို့ပါ" လို့ သူက သူမဆီ သတိထား ချဉ်းကပ်ရင်း ပြောလိုက်တယ်။

ဒါပေမဲ့ သူ တောင်းဆိုချင်တာကို မပြောနိုင်ခင်မှာပဲ မြို့စားကတော်က တစ်ခုခုကို အလျင်စလို အရင်ပြောလာခဲ့တယ်။

"မိုက်ကယ်... မင်းရဲ့ နိုင်ငံကို မက်ထရိုပိုလစ်နဲ့ အခုချက်ချင်း ဆက်လိုက်တော့... ငါ စနေ၊ တနင်္ဂနွေတွေမှာ ဒီနေရာကို လာလည်ဖို့ လိုအပ်နေပြီ"

* * * * * * * *

စာစဉ်(၅၈)

All Chapters