အခန်း ၆၉၄
Vol. 58 Ch. 694
အခန်း(၆၉၄)
မိုက်ကယ်မှာ ဖတ်ချ် လိုချင်တာကို ခွင့်ပြုပေးဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သူက ဒါနဲ့ ထိုက်တန်ပါတယ်လေ။
သူက သဲဒင်္ဂါး တစ်သောင်းနဲ့ လဲလှယ်လို့ရထားတဲ့ ဝိညာဉ်ဆီ တစ်စက်ကို အသုံးပြုပြီး ဖတ်ချ်အတွက် [မဟာမိတ်ရဲ့ လက်နက်] အဆင့်မြှင့်တင်မှုကို ချက်ချင်း ဝယ်ယူလိုက်တာမို့ သူ့မှာ သဲဒင်္ဂါး ၂၁,၅၂၃ သာ ကျန်တော့တယ်။
[ဒီလက်နက်ကို ဘယ်လိုပုံစံမျိုး ဖြစ်စေချင်ပါသလဲ] လို့ နိုဗာက သူ့ကို မေးလိုက်တယ်။
'သူ့ကို ဝတ်ရုံ ဖန်တီးပေးလိုက်'
[နားလည်ပါပြီ၊ ဖတ်ချ်ရဲ့ စိတ်ကြိုက်ပုံစံအတိုင်း မီသရယ် မှော်ဝင်ပစ္စည်း လက်နက်ကို ဖန်တီးပေးပါမယ်]
ဒရုန်းအသေးက အဓိကဒရုန်းရဲ့ အထိုင်ကနေ ပစ်ထွက်သွားပြီး သူ့ရဲ့ကိုယ်ထည်က နာနိုအမှုန်လေးတွေအဖြစ် ပြိုကွဲသွားတယ်။ အဲဒီနောက် အမည်းရောင်အလွှာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လူဆိုးတွေဝတ်ဆင်တတ်တဲ့ ဝတ်ရုံပုံစံမျိုး ဖြည်းဖြည်းချင်း ဖွဲ့စည်းသွားတယ်။
ဖတ်ချ်က သူ့ရဲ့ လက်နက်အသစ်ကို ပျော်ရွှင်စွာ လက်ခံလိုက်ပြီး ချက်ချင်းပဲ ဝတ်ဆင်လိုက်တယ်။
"ဝါး... မိုက်လိုက်တာ"
နင်ဂျာဝတ်ရုံတစ်ခုရဲ့ ရည်ရွယ်ချက်က ကိုယ်ယောင်ဖျောက်ဖို့နဲ့ အမြင်အာရုံကို လျှော့ချဖို့ ဖြစ်ပေမဲ့ ဒီဝတ်ရုံကတော့ ဖတ်ချ်အတွက် အရမ်းကို တောက်ကြွားလွန်းနေပြီး အရွယ်အစားကလည်း နည်းနည်း ကြီးနေခဲ့တယ်။ ဝတ်ရုံအောက်ခြေက သူ့နောက်က ကြမ်းပြင်ပေါ်မှာ လက်မအနည်းငယ်လောက် တရွတ်တိုက် ဆွဲနေတယ်။ ဒါပေမဲ့လည်း ဒီဝတ်ရုံက အသုံးဝင်မှုထက် အထာကျဖို့အတွက်ပဲ သီးသန့်ဖြစ်နေတာလေ။
"ဒါက ပြီးပြည့်စုံတယ် သခင်" လို့ ဖတ်ချ်က ပြောလိုက်ပြီး နင်ဂျာကိုယ်ဟန်အချို့ လုပ်ပြကာ ခြေတစ်ဖက်တည်းနဲ့ ရပ်ပြနေသလို သူ့ရဲ့ ပျော့ဖတ်ဖတ် လက်တွေကို အနောက်မှာချထားရင်း ရေတွေထဲ ပြေးလွှားပြနေတယ်။
မိုက်ကယ်ကတော့ သူ့ဘာသာ တဟားဟား ရယ်မောရင်း ခေါင်းယမ်းလိုက်မိတယ်။ ဖတ်ချ်အတွက် သူ့ရဲ့ ဒရုန်းအသေး ဆုံးရှုံးသွားပေမဲ့ စလိုင်းမ်လေးရဲ့ မျက်နှာပေါ်က ပျော်ရွှင်နေတဲ့ပုံစံကို မြင်လိုက်ရတာက ဒါကို တန်သွားစေခဲ့တယ်။
'ဒရုန်းအသေး နေရာမှာ အစားထိုးဖို့ [ဒရုန်းအုပ်စု] ရွေးချယ်စရာကို ငါ ဝယ်ရလိမ့်မယ်'
ဝိညာဉ်ဆီ နှစ်စက် တန်ဖိုးရှိတဲ့ အဲဒီအဆင့်မြှင့်တင်မှုက သူ့ကို ဒရုန်းအသေး တစ်စီးကို ဝိညာဉ်ဆီ တစ်စက်ဆိုတဲ့ အလွန်မျှတတဲ့ ဈေးနှုန်းနဲ့ သူ လိုချင်သလောက် ဝယ်ယူခွင့် ပေးနိုင်မှာဖြစ်တယ်။
'မကြာခင်မှာ ငါ ဝိညာဉ်ဆီတွေ ထပ်ရဖို့ လိုနေပြီ၊ တကယ်လို့ ဒရာဂွန်ဘွန်းတွေက သူတို့ရဲ့ ဒီဗာတွေကို စတင်နိုးထလာခဲ့ရင် ငါ သူတို့ကို ကိုယ်ပိုင် ဒရုန်းအသေး လက်နက်တွေ ပေးဖို့ လိုအပ်လိမ့်မယ်၊ ပြီးတော့ သူတို့ရဲ့ ကျင့်စဉ်အဆင့်တွေကို တက်စေချင်ရင် နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေ ဝယ်ဖို့ သဲဒင်္ဂါးတွေ ထပ်လိုဦးမှာ၊ ဒါတောင် ငါ့ကိုယ်ပိုင် ကျင့်စဉ်အဆင့်ကို တက်ဖို့ လိုအပ်တဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေကို ထည့်မတွက်ရသေးဘူး'
ဝိညာဉ်ဆီတွေကို အကြီးအကျယ် လိုအပ်နေမှုကြောင့် မိုက်ကယ်က သဲဒင်္ဂါးတွေ ရှာဖွေဖို့ နောက်ထပ် နည်းလမ်းတွေ စဉ်းစားရတော့မယ်ဆိုတာ သိနေတယ်။
'ဗန်ပိုင်ယာတွေအတွက် ရိုလာကိုစတာ တစ်ခု တည်ဆောက်ပေးသင့်လား'
သူ့အတွက် ဝင်ငွေအကောင်းဆုံးက ရိုလာကိုစတာဖြစ်ပြီး တစ်ခါစီးရင် သဲဒင်္ဂါး တစ်ပြား ကျသင့်တာကြောင့် ပိုပြီး တွက်ခြေကိုက်တယ်။ ဒါပေမဲ့ ဗန်ပိုင်ယာတွေက 'ကသူးလူးရဲ့ စိတ်ဝိဉာဉ်အမှောင်ထုထဲသို့' ကို လာရောက်လည်ပတ်တာ အလွန်ရှားပါးမှန်း သူ သတိပြုမိခဲ့တယ်။ တကယ်လို့ သူတို့ လာခဲ့ရင်တောင် ဆန်းသစ်မှုကြောင့် တစ်ကြိမ်လောက်ပဲ စမ်းစီးကြည့်ကြတာလေ။ ရေလူသားတွေလိုမျိုး သူတို့ရဲ့ နှလုံးသားတွေကို ဖမ်းစားနိုင်စွမ်း မရှိခဲ့ဘူး။
တကယ်လို့ သူက ဗန်ပိုင်ယာတွေ အကြိုက်တွေ့စေမယ့် ရိုလာကိုစတာတစ်ခုကိုသာ ဖန်တီးနိုင်မယ်ဆိုရင် သူက ဈေးကွက်အသစ်တစ်ခုကို လုံးဝ ထိုးဖောက်နိုင်မှာပဲ။
'မေးစရာရှိတာက... ဗန်ပိုင်ယာတွေက ဘာကို သဘောကျတာလဲ'
* * * * * * * *
တစ်ချိန်တည်းမှာပဲ ညဉ့်နက်ယံအချိန်မှာတော့ အရိပ်ကျနေတဲ့ ဝတ်ရုံတွေကို ဆင်မြန်းထားတဲ့ လူခြောက်ယောက်ဟာ မက်ထရိုပိုလစ်ရဲ့ တိတ်ဆိတ်နေတဲ့ ကောင်းကင်ယံကို စီးမိုးမြင်ရတဲ့ အမိုးတစ်ခုပေါ်မှာ ရပ်နေကြတယ်။ သူတို့က နယ်မြေကို အကျယ်ပြန့်ဆုံး မြင်တွေ့နိုင်ဖို့ အချင်းချင်း ကျောပေးပြီး စက်ဝိုင်းပုံစံ နေရာယူထားကြတယ်။
လရောင်အောက်မှာ သူတို့ရဲ့ ဖြူဖျော့တဲ့ အရေပြားက တောက်ပနေပေမဲ့ အောက်ဘက်က လူတွေကတော့ သူတို့ အဲဒီမှာ ရှိနေမှန်းတောင် လုံးဝ မသိကြဘူး။
သူတို့က ဗန်ပိုင်ယာတွေပဲ။ ဒါပေမဲ့ ဒီမှော်သားရဲ တစ်ပိုင်းသတ္တဝါတွေမှာ တစ်ခုခု ကွဲပြားနေတယ်။ သူတို့ ဝတ်ရုံတွေရဲ့ အတွင်းသားက ရွှေရောင်ဖြစ်နေပြီး အဲဒီကနေ ရောင်ပြန်ဟပ်လာတာကြောင့် သူတို့ မျက်နှာတွေက အဝါရောင်သန်းသန်းနဲ့ တောက်ပနေကြတယ်။
"နင်တို့ထဲက တစ်ယောက်ယောက် သူတို့ကို အာရုံခံမိလား" လို့ အမျိုးသမီး ဗန်ပိုင်ယာတစ်ယောက်က ပြောလိုက်တယ်။
သူမဘေးမှာ ဒူးထောက်နေတဲ့ ဗန်ပိုင်ယာက ခေါင်းယမ်းလိုက်တယ်။ "သွေးနံ့ မရဘူး၊ တကယ်လို့ သူတို့ အခုချိန်လောက် တိုက်ခိုက်ခဲ့မယ်ဆိုရင် ဒီနေရာက သွေးနံ့တွေ ဟောင်နေလောက်ပြီ"
"ဆက်ရှာနေကြ" လို့ သူမက အမိန့်ပေးလိုက်တယ်။ "အဲဒီ ပျူရစ်တွေက လူယုတ်မာတွေ ဖြစ်နိုင်ပေမဲ့ ကိုယ်ယောင်ဖျောက်တဲ့ နေရာမှာတော့ ထူးချွန်ကြတယ်၊ ဘယ်သူမှ မျှော်လင့်မထားတဲ့ အချိန်ကျမှ သူတို့ ဝင်တိုက်ကြမှာ"
မက်ထရိုပိုလစ်ကို ထိခိုက်စေနိုင်တဲ့ ပျူရစ်တွေရဲ့ ပေါက်ကွဲထွက်ပေါ်လာနိုင်မှု သတင်းကို ကြားခဲ့ရလို့ သူတို့က ဒီကို အထူးတလည် ရောက်လာခဲ့ကြတာပဲ။ တော်ဝင်တိုက်ကြီးကို လာရောက်လည်ပတ်တဲ့ ဗန်ပိုင်ယာတွေအားလုံးကို သူတို့ သေချာ စိစစ်ခဲ့ပေမဲ့ အချို့က သူတို့ရဲ့ ပိုက်ကွန်ထဲကနေ လွတ်မြောက်သွားနိုင်ခဲ့ပုံရတယ်။
အဲဒီ ပျူရစ်တွေ ဘယ်လို လှုပ်ရှားတတ်လဲဆိုတာ သိထားတာကြောင့် ဗန်ပိုင်ယာတွေကြောင့် လူသားတွေ ထိခိုက်နစ်နာမှု မရှိစေဖို့ အာဏာပိုင်တွေက သူတို့ကို ကိုယ်ပိုင် တောင်ပံနဂါးသားရဲနဲ့ ဒီကို စေလွှတ်ခဲ့တာပဲ။ အဓိက မြို့တော်ကြီးတစ်ခု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာက ဗန်ပိုင်ယာတွေ ဒါမှမဟုတ် မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေ အားလုံးအတွက် ကြည့်ကောင်းမယ့်ကိစ္စ မဟုတ်ဘူးလေ။
"ငါတို့ သူတို့ကို အမြန်ဆုံး ရှာတွေ့မှဖြစ်မယ်၊ သူတို့သာ မက်ထရိုပိုလစ်ရဲ့ အရိပ်တွေထဲ ထိုးဖောက်ဝင်ရောက်သွားရင် သူတို့ကို တားဆီးနိုင်မယ့်အရာ မရှိတော့ဘူး"
အချိန်က အရေးကြီးနေတယ်။ အဲဒီ ပျူရစ်တွေရဲ့ ကောက်ကျစ်စဉ်းလဲမှုကြောင့် မက်ထရိုပိုလစ်က အဓိက အင်အားစုကြီးတွေတောင် အချိန်နှောင်းသွားတဲ့အထိ သူတို့ အဲဒီမှာ ရှိနေမှန်း သိကြမှာ မဟုတ်ဘူး။ ဒီကို ရောက်နေနှင့်ပြီးဖြစ်တဲ့ ဗန်ပိုင်ယာတွေကတော့ သူတို့ရဲ့ တာဝန် ပြီးဆုံးတဲ့အထိ ဘယ်သူမှ သူတို့ရဲ့ ပုန်းခိုရာနေရာကို မရှာတွေ့နိုင်အောင် သေချာစေဖို့အတွက် ပထမဆုံး ပစ်မှတ်ထားခံရလိမ့်မယ်။
ဒါပေမဲ့ မက်ထရိုပိုလစ်ရဲ့ လှုပ်ရှားသက်ဝင်မှုတွေကို သူတို့ စောင့်ကြည့်နေချိန်မှာ ပျူရစ်တွေ လှုပ်ရှားနေတဲ့ အရိပ်အယောင် လုံးဝ မတွေ့ခဲ့ရဘူး။
တစ်လဆိုတဲ့ အချိန်က အဲဒီ ပျူရစ်တွေ သူတို့ရဲ့ ကျူးကျော်မှုကို စတင်ဖို့ လုံလောက်နေသင့်တာမို့ ဒါက ထူးဆန်းနေတယ်။ သူတို့က မက်ထရိုပိုလစ်ကြီး သွေးလွှမ်းနေပြီး လူသားတွေက ဗန်ပိုင်ယာတွေအတွက် သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ပူဇော်ဖို့ ဦးနှောက်ဆေးခံထားရလောက်ပြီလို့တောင် တစ်ဝက်လောက် မျှော်လင့်ထားခဲ့တာလေ။
"ငါတို့ရဲ့ သတင်းအချက်အလက် မှားနေတာလား" လို့ ဗန်ပိုင်ယာတစ်ယောက်က မေးလိုက်တယ်။
အမျိုးသမီး ဗန်ပိုင်ယာက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာကနေ နောက်ဆုံးမှာတော့ သူမရဲ့ မျက်လုံးထောင့်ကနေ တစ်စုံတစ်ခုကို မြင်လိုက်ရတယ်။ ထူးခြားတဲ့အရာတစ်ခုကို ရှာတွေ့သွားသလို သူမ မျက်လုံးတွေကို မှေးကြည့်လိုက်တယ်။
"သူတို့ ဒီမှာ ရှိခဲ့တယ်" လို့ သူမက ပြောလိုက်တယ်။ "ငါ မြင်လိုက်တာနဲ့ သူတို့ရဲ့ ပုန်းခိုရာနေရာမှန်း သိတယ်"
သူမက သူတို့ ရှိနေတဲ့နေရာကနေ ကီလိုမီတာ အနည်းငယ် ဝေးတဲ့ မှောင်မည်းနေတဲ့ လမ်းသွယ်လေးတစ်ခုဆီကို လက်ညှိုးထိုးပြလိုက်တယ်။ ကျောက်တုံးနံရံတွေပေါ်မှာ အလွန်မှေးမှိန်နေတဲ့ သွေးရာအချို့ ရှိနေပြီး တစ်ချိန်က အဲဒီမှာ သွေးစက်ဝိုင်းတစ်ခု ရေးဆွဲထားခဲ့ကြောင်း ပြသနေတယ်။
အဲဒီလောက် ဝေးကွာနေပေမဲ့ ဒီလောက် သေးငယ်တဲ့ အသေးစိတ်ကို သူမ မြင်နိုင်တာက ဗန်ပိုင်ယာတစ်ယောက်အနေနဲ့ သူမရဲ့ စွမ်းရည်ကို သက်သေပြနေတာပဲ။ သူမက အလွန် သန်မာတယ်။
"သူတို့ရဲ့ အစီအစဉ်တွေကို ရွှေ့ဆိုင်းလိုက်တာ ဒါမှမဟုတ် လူသားတွေရဲ့ သွေးကို လိုလားတဲ့ ဆန္ဒကို မေ့သွားတာမျိုး ဖြစ်နိုင်တယ်၊ ဒါပေမဲ့ နှစ်ခုစလုံးက ဖြစ်နိုင်ခြေ လုံးဝ မရှိဘူး၊ သူတို့က အရိပ်အယောင်တောင် မကျန်ဘဲ ပျောက်ကွယ်သွားပြီ၊ ငါတို့ထက်အရင် တစ်ယောက်ယောက်က သူတို့ကို ရှင်းပစ်လိုက်ပြီပဲ" လို့ သူမက ကောက်ချက်ချလိုက်တယ်။ "တခြား ဗန်ပိုင်ယာတွေကို မမေးကြည့်ရင် တကယ် ဘာဖြစ်ခဲ့လဲဆိုတာ ငါတို့ သိရမှာ မဟုတ်ဘူး၊ ဒါပေမဲ့... သူတို့ ဘယ်ရောက်နေကြတာလဲ"
သူတို့ သတိပြုမိတဲ့ နောက်ထပ် ထူးဆန်းတဲ့အရာတစ်ခုက တခြား ဗန်ပိုင်ယာတွေ ပျောက်ဆုံးနေတာပဲ။ မက်ထရိုပိုလစ်မှာ သူတို့ထဲက တစ်ယောက်မှ ရှိမနေခဲ့ဘူး။
* * * * * * * *
အဲလ်ရစ် ဂိုးလ်စတုန်းက သူ့စားပွဲမှာ အခန့်သား ထိုင်နေရင်း စီတန်းလှည့်လည်ပွဲအတွက် စာရွက်စာတမ်းတွေကို စစ်ဆေးကြည့်နေစဉ်မှာပဲ ရုတ်တရက် အခန်းထောင့်မှာ တစ်စုံတစ်ခု လှုပ်ရှားသွားသလို သူ ခံစားလိုက်ရတယ်။
သူ မျက်လုံးတွေကို မှေးကြည့်လိုက်ပြီး ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ သူ့အခန်းထဲ ရောက်နေတဲ့ လူတစ်စုကို သူ မှတ်မိသွားခဲ့တယ်။
"ဒါက အံ့ဩစရာပဲ... တော်ဝင်သွေး ဗန်ပိုင်ယာတွေ ငါ့အခန်းထဲ ရောက်နေတာကိုး" လို့ သူက ခေါင်းကို အနည်းငယ် ညွှတ်ရင်း ပြောလိုက်တယ်။
ဗန်ပိုင်ယာ ခြောက်ယောက်က အမှောင်ထုထဲကနေ ထွက်ပေါ်လာကြတယ်။
"မင်းတို့တွေ မက်ထရိုပိုလစ်ကို လာလည်ကြမယ်လို့ ငါ မသိခဲ့ဘူး" လို့ သူ့လက်ထဲက စာရွက်တွေကို ကြည့်ရင်း သူက ပြောလိုက်တယ်။ "ဘယ်လို အကြောင်းကိစ္စမျိုး ရှိလို့ပါလိမ့်"
အမျိုးသမီး ဗန်ပိုင်ယာတစ်ယောက်က ရှေ့ကို လျှောက်လာခဲ့တယ်။ "ပျူရစ်တွေလေ... သူတို့ မက်ထရိုပိုလစ်ထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့ပြီ"
သူမ အဲဒီလို ပြောလိုက်တာနဲ့ တစ်ပြိုင်နက် အဲလ်ရစ်က ကုလားထိုင်ပေါ်ကနေ မတ်မတ် ထရပ်လိုက်တယ်။ အခြေအနေ ဘယ်လောက် ဆိုးရွားနေလဲဆိုတာ သူ သိတယ်လေ။
"နယ်မြေတစ်ခုလုံးကို နှံ့နှံ့စပ်စပ် ရှာဖွေဖို့ တခြား အဓိက အင်အားစုကြီးတွေကို ငါ အကူအညီ တောင်းလိုက်မယ်၊ ငါတို့ နောက်မကျသေးဘူးလို့ပဲ မျှော်လင့်ပါတယ်" လို့ သူက စိုးရိမ်တကြီးနဲ့ နှုတ်ခမ်းကို ကိုက်ရင်း ပြောလိုက်တယ်။
"မစိုးရိမ်ပါနဲ့၊ သူတို့ ထွက်သွားတာ ကြာလှပါပြီ"
အဲလ်ရစ်က နောက်ဆုံးတော့ သက်ပြင်းတစ်ချက် ချလိုက်နိုင်တယ်။ "သဘောပေါက်ပြီ၊ ဒါကြောင့် မင်းတို့ ဒီကို ရောက်နေကြတာကိုး၊ မင်းတို့ သူတို့ကို ရှင်းလင်းပြီးသွားပြီပဲ"
"မဟုတ်ဘူး" လို့ သူမက ပြန်ဖြေလိုက်တယ်။ "ငါတို့ လုပ်တာ မဟုတ်ဘူး"
"မင်းတို့ မဟုတ်ရင် ဘယ်သူလဲ" လို့ အဲလ်ရစ်က နားမလည်နိုင်စွာနဲ့ မေးလိုက်တယ်။
ဗန်ပိုင်ယာ အမျိုးသမီးက သူ့ကို ကြည့်လိုက်တယ်။ "မင်း သိလိမ့်မယ်လို့ ငါတို့ မျှော်လင့်ထားခဲ့တာ"
* * * * * * * *
စာစဉ်(၅၈)