← Chapters

အခန်း ၇၀၇

Vol. 59 Ch. 707

အခန်း ၇၀၇

Vol. 59 Ch. 707

အခန်း(၇၀၇)

'ငါတို့ ဒီမှာ ပိတ်မိနေပြီ' လို့ သူ သဘောပေါက်လိုက်တယ်။

သူသာ ကွမ်တမ်ခြေလှမ်း ကို အပြစ်အနာအဆာမရှိ သုံးချင်တယ်ဆိုရင် သူ့ရဲ့ ဘက်ထရီတွေကို အနည်းဆုံး ရာခိုင်နှုန်းသုံးဆယ်လောက်အထိ အားသွင်းဖို့ လိုအပ်တယ်။

ဒီထက်သာ နည်းသွားမယ်ဆိုရင် အဲဒီနောက်မှာ သတိလစ်သွားနိုင်တဲ့အကြောင်း သူ စိတ်ပူရလိမ့်မယ်။ သတိမလစ်အောင် နေဖို့ဆိုတာကလည်း အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ သူက ဒရုန်းကိုသုံးပြီး ရဲတိုက်ကို ဝန်းရံထားတဲ့ မြေအောက်ကျောက်ဆောင်တွေကြားထဲ ဖြတ်သန်းသွားလာရဦးမှာမို့လို့ပဲ။ သတိလစ်နေရင် ဒါကို သူ လုပ်နိုင်မှာ မဟုတ်ဘူးလေ။

ကံမကောင်းစွာနဲ့ပဲ ဒီနေရာတစ်ဝိုက်မှာ စွမ်းအင်ရနိုင်မယ့် လွယ်ကူတဲ့ အရင်းအမြစ်တစ်ခုမှ မရှိခဲ့ဘူး။

ဖတ်ချ်က ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ် ပထမအဆင့်မှာပဲ ရှိနေသေးတာမို့ သူ ဖန်တီးသမျှ အရာအားလုံးက သုည ဒသမ သုည သုည တစ် ရာခိုင်နှုန်းပဲ အားဝင်စေမှာလေ။

ကူနို နဲ့ပတ်သက်ပြီးတော့က သူမ လက်သီးတစ်ချက်လောက်တောင် ထိုးနိုင်ပါ့မလားဆိုတာ သူ သံသယဖြစ်မိတယ်။ အတိတ်မေ့ရောဂါကြောင့် သူမရဲ့ ခေါင်းထဲမှာ ရှုပ်ထွေးနေပြီး မျက်လုံးနဲ့ ခန္ဓာကိုယ် လှုပ်ရှားမှု ဟန်ချက်ကလည်း လုံးဝ ကမောက်ကမ ဖြစ်နေတာလေ။ ကိုယ်လုံးကို ဟိုဘက်ဒီဘက် မယိမ်းယိုင်သွားအောင်တောင် သူမ မတ်တပ်မရပ်နိုင်ဘူး။

တခြားရနိုင်တဲ့ တစ်ခုတည်းသော အရင်းအမြစ်ကတော့ နံရံတွေဆီကပဲ။ ဒါပေမဲ့ နံရံတွေကို ဒီလောက် ခိုင်ခံ့နေစေတဲ့ အဓိက စွမ်းအင်အရင်းအမြစ်ဆီ ရောက်ဖို့အတွက် သူက ကျောက်သားကို တူးဖောက်ရမှာဖြစ်ပြီး အဲဒီအထဲက တန်ခိုးစွမ်းရည်ကို စုပ်ယူရလိမ့်မယ်။

ဒါပေမဲ့ ပထမဆုံးအနေနဲ့ သူသာ ဒါကို လုပ်နိုင်ခဲ့မယ်ဆိုရင် နံရံတွေကို ထိုးဖောက်သွားဖို့ ကိစ္စအတွက် သူ စိတ်ပူနေစရာ လုံးဝ လိုမှာမဟုတ်ဘူးလေ။

ဖြေရှင်းနည်း တစ်ခုကတော့ ဘက်ထရီတွေကို သူကိုယ်တိုင် အားသွင်းဖို့ပဲ။

သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းကို ကုန်ခမ်းစေပြီး ဘက်ထရီတွေထဲ သိုလှောင်ကာ သူ့ရဲ့ တန်ခိုးစွမ်းရည်တွေ ပြန်ပြည့်လာမယ့်အချိန်ကို စောင့်ရလိမ့်မယ်။

ဒါပေမဲ့ အဲဒီလိုလုပ်ဖို့က အချိန်လိုတယ်။ အချိန်တော်တော်များများ ယူရလိမ့်မယ်။

'ဟာဘင်ဂျာ... အချိန်ဘယ်လောက် ကြာမယ်လို့ မင်း ထင်လဲ'

| အနည်းဆုံး တစ်ပတ်လောက်တော့ ကြာလိမ့်မယ်... ဒီရဲတိုက်ထဲမှာ ငါတို့ အတော်လေး အထီးကျန်ဆန်ဆန် ပိတ်မိနေတဲ့ အချက်က တန်ခိုးစွမ်းရည်တွေ ပြန်လည်ရရှိဖို့ ပိုပြီး ခက်ခဲစေတာပဲ |

ရိုးရိုးသားသား ပြောရရင် ဒီအချိန်အတိုင်းအတာက သိပ်မဆိုးလှဘူး။ အချိန်အလုံအလောက်သာ ရမယ်ဆိုရင် သူ ထွက်သွားနိုင်တယ်ဆိုတာကို အနည်းဆုံးတော့ သူ သိထားတယ်လေ။

ဒါပေမဲ့ သူက ဒရာဂွန်ဘွန်းတွေအတွက် စိတ်ပူနေခဲ့တာ။ သူတို့ ဘယ်နေရာကို ရောက်သွားလဲဆိုတာ သူ မသိဘူးလေ။ သူ သိသလောက်တော့ သူတို့တွေ လိုဏ်ခေါင်းထဲက တစ်နေရာရာကနေ လွင့်စင်သွားပြီး ကမ္ဘာကြီးရဲ့ တစ်ဖက်ခြမ်းကိုတောင် ရောက်သွားနိုင်တယ်။

သူတို့ကို ကယ်တင်ဖို့အတွက် သူ ဒီကနေ အမြန်ဆုံး ထွက်သွားဖို့ လိုအပ်တယ်။

'ဒါပေမဲ့ လိုအပ်တဲ့ စွမ်းအင်ကို ငါ ဘယ်ကနေ ရနိုင်မှာလဲ'

* * * * * * * *

တစ်ချိန်တည်းမှာပဲ အနီရောင် ချောက်ကြီးဆီမှာတော့...

ရှီနာနဲ့ တခြားဒရာဂွန်ဘွန်းတွေဟာ ဖြတ်သန်းသွားနေတဲ့ အချိန်နဲ့ ဟင်းလင်းပြင် ရေစီးကြောင်းတစ်ခုထဲမှာ ပိတ်မိနေတယ်လို့ ခံစားလိုက်ရပြီး စုတ်ပြတ်နေတဲ့ အဝတ်လျှော်စက်အဟောင်းကြီးတစ်ခုထဲက ညစ်ပတ်နေတဲ့ အဝတ်အစားတွေလိုမျိုး ပတ်ချာလည် လွင့်စင်နေခဲ့တယ်။

သူတို့ရဲ့ ခန္ဓာကိုယ်တွေ ဘယ်လိုအခြေအနေ ရောက်နေလဲဆိုတာကိုတောင် သူတို့ မသိနိုင်တော့ဘူး။ နေရာအနှံ့ အမှောင်ထုကိုသာ သူတို့ မြင်တွေ့နိုင်ခဲ့တယ်။ ပတ်ဝန်းကျင်မှာ အမှီပြုစရာ ဘာမှမရှိတာမို့ သူတို့ရဲ့ သွေးတွေက ခေါင်းကနေ ခြေဖျားအထိ စုပုံနေတယ်လို့ ခံစားနေရပေမဲ့ တစ်နေရာတည်းမှာ ရပ်နေသလိုမျိုး ထင်မှတ်ရစေတယ်။

ရှီနာက အဲဒီအင်အားကို ချက်ချင်း ပြန်လည်ခုခံပြီး သူမရဲ့ ခန္ဓာကိုယ်ကို ငြိမ်အောင် ထိန်းဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူမရဲ့ ပတ်ပတ်လည် နေရာတိုင်းမှာ သက်ရောက်နေတဲ့ အင်အားက တန်ခိုးစွမ်းရည်ရဲ့ အရိပ်အယောင်လေး ပါဝင်နေတာမို့ ဒီတိုက်ခိုက်မှုတွေကို သူမ လုံးဝ ခံစားရနိုင်လွယ်တဲ့ အခြေအနေ ဖြစ်သွားစေခဲ့တယ်။

အန်ချင်စိတ်ကို အတင်းအကျပ် အောင့်အည်းရင်း သူမရဲ့ မောင်နှမတွေကို ရှာဖွေဖို့ အမှောင်ထုထဲကို စူးစိုက်ကြည့်လိုက်တယ်။

သူမ စတင် စိုးရိမ်လာခဲ့ပြီ။

ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ အဝေးဆီကနေ သူတို့အသံတွေကို သူမ ကြားနေရတုန်းပဲ။

"ဟား ဟား ဟား... ငါ တော်တော် မူးနေပြီ" လို့ ဇိုင်ယွန်က တခစ်ခစ် ရယ်မောရင်း ပြောလိုက်တယ်။

"အော့... ငါ လှဲနေချင်တယ်..." လို့ ဂျာကူက ပျို့အန်ရင်း ပြောလိုက်တယ်။

".."

ရှီနာက ဇိုင်ယွန်ကို ဖိနပ်နဲ့ ပစ်ပေါက်ချင်စိတ်တွေ အလိုအလျောက် ဖြစ်ပေါ်လာခဲ့တယ်။ သူတို့တွေ အခုလိုမျိုး အန္တရာယ်များတဲ့ အခြေအနေကို ရောက်နေတာတောင်မှ ဒီကောင်လေးက ပေါ့ပေါ့ဆဆ နေရဲသေးတာလေ။ ဒါက နောက်ပြောင်နေရမယ့် အချိန်မဟုတ်ဘူး။

ယူမီစုနဲ့ပတ်သက်ပြီးတော့လည်း အခုချိန်မှာ ညီမလေး တော်တော်လေး စိုးရိမ်ပူပန်နေလိမ့်မယ်ဆိုတာကို ရှီနာ သိတယ်။ သူတို့ တစ်ယောက်အသံ တစ်ယောက် မကြားရဘူးဆိုရင် သူမ သေချာပေါက် ကြောက်လန့်ပြီး သတိလစ်သွားလောက်ပြီ။

ပြီးတော့ အားလုံးထဲမှာ အကြီးဆုံးဖြစ်တဲ့ ဂျာကူကလည်း ဘာမှ အသုံးမကျဘူးလေ။ သူ အိပ်ရာပေါ်မှာ လှဲမနေဘူးဆိုရင် သူ့ကို လုံးဝ အားကိုးလို့ မရဘူး။

ပုံမှန်အတိုင်းပဲ သူမက ရှေ့ထွက်ပြီး ဦးဆောင်ရတော့မှာပဲ။ သူမ တစ်ယောက်တည်းသာ ဒါကို လုပ်နိုင်တာလေ။

"ငါ့မောင်နှမတွေကို ငါ ကယ်တင်ရမယ်... သခင် မိုက်ကယ်ကိုလည်း ငါ ကယ်တင်ရမယ်"

ရုတ်တရက်ဆိုသလို ထူးဆန်းတဲ့ အင်အားတစ်ခုက သူတို့ အားကိုးရတဲ့သူ၊ ကုမ္ပဏီရဲ့ အဓိကမဏ္ဍိုင်ကြီး ဖြစ်တဲ့ မိုက်ကယ်ကို သူတို့ဆီကနေ ဆွဲခေါ်သွားခဲ့တယ်။

သူမက သူ့နောက်ကို လိုက်မီဖို့ ကြိုးစားခဲ့ပေမဲ့ သယ်ယူပို့ဆောင်ရေး လိုဏ်ခေါင်းထဲကို သူမ ဝင်ရောက်သွားချိန်မှာတော့ သူက အဝေးကြီးကို ရောက်သွားခဲ့ပြီလေ။

မိုက်ကယ် ဆွဲခေါ်ခံလိုက်ရတဲ့ ဂယက်ထဲ သူတို့ပါ ပါသွားခဲ့တာမို့ သူ ဘယ်ကို ရောက်သွားလဲဆိုတာကိုတောင် သူတို့ စိတ်ပူနေဖို့ အချိန်မရှိခဲ့ဘူး။

သူ မရှိတော့တဲ့နောက်မှာ ဒီရှုပ်ထွေးနေတဲ့ အခြေအနေထဲကနေ သူတို့ဘာသာသူတို့ ရုန်းထွက်ရတော့မယ်။

ဒီအတွက် ရှီနာက ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပြီး ရှေ့ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။

သူမ လုပ်မှရမယ်လေ။

သူမရဲ့ ကျောဘက်ကနေ မီသရယ် မှော်ဝင်ပစ္စည်း လေးကို ထုတ်ယူပြီး လက်မောင်းအောက်မှာ ညှပ်ထားလိုက်တယ်။ ပြီးတော့ တခြားလက်တစ်ဖက်ကို သုံးပြီး အောက်ခြေမှာ ကြိုးတစ်ချောင်း ချည်ထားတဲ့ မှော်မြားတစ်စင်းကို ဖန်တီးလိုက်တယ်။

ကြိုးတပ်ထားတဲ့ မြားကို လေးမှာ တပ်ဆင်လိုက်ပြီး ကြိုးကို အနောက်ဆီ ဆွဲတင်ကာ ရှေ့ကို ချိန်ရွယ်လိုက်တယ်။

"အသံပြုကြစမ်း" လို့ သူမက သူတို့ကို ပြောလိုက်တယ်။

"ဘာကိုလဲ" လို့ ဂျာကူက နားမလည်တဲ့ပုံနဲ့ ပြန်ဖြေလိုက်တယ်။

"ဗွီး" လို့ ဇိုင်ယွန်က မျက်နှာကို ပြောင်ချော်ချော် လုပ်ရင်း အသံပြုလိုက်တယ်။

"...ဒီမှာ..." လို့ ယူမီစုက ကျယ်ကျယ်လောင်လောင် ရေရွတ်လိုက်တယ်။

သူမက သူတို့အသံတွေရဲ့ ပဲ့တင်သံတွေကို အသုံးပြုပြီး သူတို့ရဲ့ တိကျတဲ့ နေရာတွေကို တွက်ချက်ကာ သူတို့ရဲ့ အဝတ်အစားတွေဆီ ချိန်ရွယ်လိုက်တယ်။

ဒါက အပြင်ကမ္ဘာမှာဆိုရင် လွယ်ကူတဲ့ ကိစ္စတစ်ခု ဖြစ်ပေမဲ့ ကံမကောင်းစွာနဲ့ပဲ ရှီနာက ကားဘီးတစ်ခုလို ပတ်ချာလည် လိမ့်နေရုံသာမကဘဲ သူမရဲ့ လက်နှစ်ဖက်ကိုကျော်ပြီး ဘာကိုမှ မမြင်ရဘူးလေ။

ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်လျှောက် သူတို့ လွင့်စင်သွားတဲ့ လမ်းကြောင်းတွေသာမက သူမကိုယ်တိုင်ရဲ့ လမ်းကြောင်းကိုပါ ထည့်သွင်းစဉ်းစားရမယ်။

အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် အပေါ်ဘက်ကို အနောက်မြောက် ၄၄ ဒသမ ၂ ဒီဂရီဆီ ချိန်ရွယ်လိုက်တယ်။

သူမရဲ့ ပစ်မှတ်ကို အတိအကျ တွက်ချက်ထားပေမဲ့ ဖိအားတွေကတော့ သူမဆီ သက်ရောက်နေဆဲပဲ။

ကြိုးကို အစွမ်းကုန် တင်းကျပ်အောင် ဆွဲလိုက်ချိန်မှာ လေးတစ်ခုလုံး တုန်ခါနေခဲ့တယ်။

နောက်ဆုံးတော့ ဒိုင်း ခနဲ အသံနဲ့အတူ ကြိုးကို လွှတ်ချလိုက်တယ်။

မြားက အမှောင်ထုထဲ ဖြတ်သန်းပျံသန်းသွားပြီး အမြီးပိုင်းမှာ ချည်နှောင်ထားတဲ့ တောက်ပနေတဲ့ ကြိုးတစ်ချောင်းကိုပဲ ချန်ရစ်ထားခဲ့တယ်။

ဇိုင်ယွန် တစ်ယောက် ပတ်ချာလည် လိမ့်နေစဉ်မှာပဲ ရုတ်တရက် သူ့ရဲ့ ညာဘက်နားထဲကနေ လေချွန်သံလို အသံတစ်ခုကို ကြားလိုက်ရတယ်။

"အိ"

သူ ခေါင်းငုံ့ရှောင်လိုက်ချိန်မှာ မြားက သူ့ရဲ့ ကော်လာကို ဖောက်ထွက်သွားပြီး ကြိုးနဲ့ ရစ်ပတ်မိသွားတယ်။

မြားက ဆက်လက် ပျံသန်းသွားပြီး ကွေ့ဝိုက်ကာ ယူမီစုဆီ ချိန်ရွယ်သွားတယ်။ အစိမ်းရောင် အကြေးခွံတွေ ရှိတဲ့ ဒရာဂွန်ဘွန်းမလေးက မျက်လုံးတွေကို လက်နှစ်ဖက်နဲ့ ဖုံးအုပ်ထားတာမို့ သူမရဲ့ အင်္ကျီအောက်နားစကို မြား ဖောက်ထွက်သွားတာကိုတောင် သတိမထားမိခဲ့ဘူး။

နောက်ဆုံးမှာတော့ မြားက ဂျာကူရဲ့ ကော်လာကို ချိန်ရွယ်ပြီး ပြေးဝင်သွားခဲ့တယ်။

ဒါပေမဲ့ ဟင်းလင်းပြင်ထဲက ရုတ်တရက် အက်ကွဲကြောင်းတစ်ခုကြောင့် အပေါ်ကို ပင့်တင်လိုက်တဲ့ လေစီးကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး မြားက သူ့ခေါင်းပေါ် တစ်မီတာအကွာကနေ ကျော်လွန်သွားခဲ့တယ်။

"ဖမ်းလိုက်" လို့ ရှီနာက အော်ပြောလိုက်တယ်။

ဒါပေမဲ့ ဂျာကူက အပေါ်ကို ခုန်တက်ဖို့ တော်တော်လေး ပျင်းနေတဲ့ပုံပဲ။ သူက ဒီတိုင်း သမ်းဝေလိုက်ပြီး မြားကို သူ့အပေါ်ကနေ ဖြတ်သန်းသွားခွင့် ပြုလိုက်တယ်။

ပြီးတော့ သူ့ရဲ့ ဓားအိမ်ကို ထုတ်ယူလိုက်ပြီး မြားမှာ ချည်ထားတဲ့ ကြိုးပေါ် ချိတ်ဆွဲလိုက်ကာ ယာယီ ဇစ်လိုင်းတစ်ခု ဖန်တီးလိုက်တယ်။

"ဟား... ငါ အဆင်ပြေပါတယ်... အဆင်ပြေပါတယ်" လို့ သူက သမ်းဝေရင်း ပြောလိုက်တယ်။

မြားက သူမဆီ ပြန်ကွေ့လာတာကို မြင်လိုက်ရတဲ့အခါ ရှီနာ ခေါင်းယမ်းလိုက်တယ်။

သူမက မြားကို လက်ဗလာနဲ့ အမြန်ဖမ်းလိုက်ပြီး ကြိုးကို သူမရဲ့ ခါးမှာ ချည်နှောင်လိုက်တယ်။

ပြီးတော့ ရိုးရိုးရှင်းရှင်း ဆွဲယူလိုက်တာနဲ့ ဒရာဂွန်ဘွန်း မောင်နှမတွေကို သူမအနား ပိုနီးကပ်လာအောင် ဆွဲခေါ်လိုက်နိုင်ပြီး နောက်ဆုံးတော့ တစ်ယောက်နဲ့တစ်ယောက် ပြန်မြင်တွေ့နိုင်သွားကြတယ်။

"အစ်မ" လို့ ဇိုင်ယွန်က အားပေးအော်ဟစ်လိုက်တယ်။ "အစ်မက အတော်ဆုံးပဲ"

ဒါပေမဲ့ ရှီနာကတော့ အောင်ပွဲခံမယ့်အစား သက်ပြင်းတစ်ချက် ချလိုက်တယ်။ သူတို့ အန္တရာယ်ကနေ မလွတ်မြောက်သေးဘူးလေ။ "မလှုပ်ကြနဲ့... မြဲမြဲသာ ကိုင်ထားကြ" လို့ သူမက အမိန့်ပေးလိုက်တယ်။

ထို့နောက် ချည်နှောင်ထားတဲ့ ကြိုးကို ပြန်ယူပြီး ရှေ့ကို ချိန်ရွယ်လိုက်တယ်။

သူမရဲ့ အစွမ်းကုန် အင်အားကို သုံးပြီး မြားကို ပစ်လွှတ်လိုက်ကာ မြားရဲ့ အရှိန်နဲ့ သူတို့အားလုံးကို အက်ကွဲကြောင်းရဲ့ ရေစီးကြောင်းထဲကနေ ဆွဲထုတ်သွားစေတယ်။

* * * * * * * *

စာစဉ်(၅၉)

All Chapters