အခန်း (၂၇၁၁-၂၇၁၂)
Vol. 272 Ch. 2711-2712
အခန်း (၂၇၁၁) - ဒါမှမဟုတ်ရင်တော့ အားလုံးပဲ တပြိုင်နက်တည်း တက်လာကြပါလား
"အော်... မင်းတို့က 'ဝိညာဉ်ပြန်ခေါ်ခြင်း' ပညာရပ်အကြောင်း ပြောနေတာလား "
"စိတ်မကောင်းပါဘူး၊ ဒီနေရာမှာ ဝိညာဉ်ပြန်ခေါ်ခြင်း ပညာရပ်ကို သုံးလို့မရဘူး။"
"မင်းတို့ သိထားပုံမရဘူး၊ ဒီနေရာတစ်ခုလုံးကို 'ဝိညာဉ်တားဆီးခြင်း' ပညာရပ်နဲ့ ဖုံးအုပ်ထားပြီးပြီ။"
"ဒါက 'ဟွာကျိဇိုင်း' ဘုရင်ရဲ့ နည်းလမ်းပဲ၊ ဟီးဟီးဟီး..."
မကောင်းဆိုးဝါးတစ်ပါးက သရော်လှောင်ပြောင်လျက် ရယ်မောလိုက်သည်။ ထိုမကောင်းဆိုးဝါးမှာ ကိုယ်လုံးကိုယ်ထည် ကြီးမားလှပြီး လူတစ်ရပ်စာနီးပါး မြင့်မားကာ ပုပ်သိုးနေသော အသားတုံးများကို စုစည်းထားသကဲ့သို့ ရုပ်ဆိုးအကျည်းတန်လှသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် လက်ပေါင်း ခုနစ်ချောင်း၊ ရှစ်ချောင်းခန့်မှာ အသိစိတ်မဲ့စွာ လှုပ်ရမ်းနေပြီး တစ်ခုခုကို လိုက်လံကုပ်ခြစ်နေကြသည်။ သူ စကားပြောလိုက်သည်နှင့် ပုပ်ဟောင်နေသော အနံ့ဆိုးကြီးမှာ လူများဆီသို့ လှိုင်းလုံးများသဖွယ် ဝင်ရောက်လာသည်။
ရင်ရှန်းရူမှာ ထိုအခြေအနေကြောင့် ချက်ချင်း အံ့အားသင့်ကာ ငိုင်ကျသွားပြီး ကျန်အကြီးအကဲလေးဦးမှာလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အလွန်လေးနက်သည့် အရိပ်အယောင်များဖြင့် စိုးရိမ်လာကြသည်။ စီကုကျိမှာ စိတ်ထဲမှ အသည်းအသန် အော်ဟစ်လိုက်သည်။
"ဝိညာဉ်ပြန်ခေါ်ကြစမ်း "
ထို့နောက် သူ၏ မျက်နှာမှာ ထုံးကဲ့သို့ ဖြူလျော့သွားကာ -
"ဘာမှ ဖြစ်မလာဘူး၊ ဝိညာဉ်ပြန်ခေါ်ခြင်း ပညာရပ်က တကယ်ပဲ အလုပ်မဖြစ်တော့ဘူး "
ဆွေ့ဟွမ်ရွှီတို့၏ မျက်နှာများမှာလည်း တစ်ပြိုင်နက်တည်း ဖြူဖျော့သွားကြသည်။ ယခုအခါ ဝိညာဉ်ပြန်ခေါ်ခြင်း ပညာရပ် အလုပ်မဖြစ်တော့သဖြင့် သူတို့သည် မိမိတို့၏ ရုပ်ခန္ဓာကိုယ်ဆီသို့ ပြန်သွားနိုင်တော့မည် မဟုတ်ပေ။
အရေးအကြီးဆုံးမှာ သူတို့သည် ယခုအချိန်တွင် ဝိညာဉ်ဖြင့် လျှောက်လှမ်းခြင်း အခြေအနေတွင် ရှိနေခြင်းဖြစ်သည်။ ရှူးလုံ ကောင်းကင်အရှင်တို့က အခြေအနေကို သတိပြုမိပြီး သူတို့၏ ရုပ်ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်လျှင်ပင် ဝိညာဉ် အနေဖြင့် သေခြင်းတရားမှ အစားထိုး ကယ်တင်နိုင်မည် မဟုတ်ပေ။
အကယ်၍ သူတို့သာ ထိုနေရာတွင် အပိတ်ခံထားရမည်ဆိုပါက မကောင်းဆိုးဝါးအုပ်စု၏ ညှဉ်းပန်းနှိပ်စက်မှုကို အချိန်ကြာမြင့်စွာ ခံစားကြရလိမ့်မည်။ လူ့လောကဘုံသို့ ပြန်နိုင်မလားဆိုသည်မှာလည်း ခက်ခဲသွားချေပြီ။ သူတို့၏ ယိုင်နဲ့နဲ့ ဖြစ်နေသော ပုံစံကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ မကောင်းဆိုးဝါးများမှာ တဟားဟား ရယ်မောလိုက်ကြသည်။
စီကုကျိက သွားများကို တင်းတင်းစေ့ကာ -
"ဒီနေရာမှာပဲ ကံကြမ္မာ ကုန်ဆုံးရမယ်လို့ လုံးဝ မထင်ထားခဲ့မိဘူး။"
ခဏမျှ ရပ်တန့်လိုက်ပြီးနောက် သူသည် အေးစက်စက် ရယ်မောကာ ဖန့်ချန်ကို တစ်ချက်လှမ်းကြည့်၍ -
"ဖန့်ဘိုးဘေး၊ မင်းနဲ့ ငါ့ရဲ့ အဆုံးသတ်က အတူတူပါပဲ။ မင်း ပြောခဲ့တဲ့အတိုင်း တကယ်ဖြစ်လာတာပဲ၊ အခုတော့ ငါတို့အားလုံးက တူညီတဲ့ ကြိုးတစ်ချောင်းတည်းမှာ ချည်နှောင်ခံထားရတဲ့ ပုရွက်ဆိတ်တွေ ဖြစ်ကုန်ပြီ။"
"မင်းတို့ကတော့ ပုရွက်ဆိတ် ဖြစ်နိုင်ပေမဲ့၊ ငါကတော့ မဟုတ်ဘူး။"
ဖန့်ချန်က ပြန်ပြောသည်။
အကြီးအကဲငါးပါးတို့မှာ စိတ်ထဲမှ မထီမဲ့မြင်ဖြင့် ရယ်မောလိုက်ကြသည်။ ဒီအချိန်ထိတောင် ပါးစပ်က အနိုင်မခံဘူးပေါ့။ ယခုနေရာမှာ ဟင်းလင်းပြင် ကွပ်မျက်သူတွေရဲ့ ပိုင်နက်ဖြစ်ပြီး၊ သူတို့ကို မကောင်းဆိုးဝါးတွေလို့ ခေါ်ကြသည်မှာ သူတို့သည် သဘောကောင်းသူများ မဟုတ်ကြောင်း သိသာနေသည်။ သူတို့နှင့် နှစ်ပေါင်းများစွာ ရန်ငြိုးဖွဲ့လာခဲ့ကြသည့် သူများထံတွင် မည်သို့သော ညှဉ်းပန်းနှိပ်စက်မှုမျိုးကို ခံရမည်ကို မည်သူက သိနိုင်မည်နည်း။
"သတင်းကို ဟွာကျိဇိုင်း ဘုရင်ဆီ အကြောင်းကြားပြီးပြီလား"
"ကြားလိုက်ပြီးပြီ၊ သူကိုယ်တိုင် ဒီနေရာကို လာနေပြီ။"
"ကောင်းပြီ၊ အဲဒီလူကြီး မရောက်ခင်မှာ ဒီခွေးကောင်လေးတွေကို အရင် အနိုင်ကျင့် ကစားဦးမယ်၊ ဟီးဟီး။"
အသားတုံးများဖြင့် စုဖွဲ့ထားသကဲ့သို့သော မကောင်းဆိုးဝါးမှာ ထူးဆန်းစွာ ရယ်မောရင်း ဖန့်ချန်တို့ဆီသို့ လျှောက်လာသည်။
ထိုအချိန်တွင် ချင်းမင် ယင်လောက၊ ဝိညာဉ်စစ်သည်ဌာန၌ -
ရုပ်ခန္ဓာကိုယ်ခြောက်ခု၏ နောက်ကွယ်တွင် ဝိညာဉ်ပြန်ခေါ်ခြင်း အမွှေးတိုင်များမှာ ဆက်လက် ထွန်းညှိနေဆဲ ဖြစ်သည်။ ထိုမီးခိုးငွေ့များသည် တစ်ဖက်တွင် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသကဲ့သို့ ရှိနေသည်။ သို့သော် ထိုအစွန်းတွင်မူ ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ရှူးလုံ ကောင်းကင်အရှင်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာသည်။
"ဝိညာဉ်တားဆီးခြင်း ပညာရပ် "
ထိုစဉ် ပိုင်ဇီယုရှန်းက အပြင်ဘက်မှ ဝင်လာပြီး ထိုစကားလုံးသုံးလုံးကို ကြားလိုက်ရသဖြင့် မျက်နှာအမူအရာ ပျက်သွားသည်။ သူသည် ဝိညာဉ်ပြန်ခေါ်ခြင်း အမွှေးတိုင်၏ အခြေအနေကို အသေးစိတ် စစ်ဆေးလိုက်ရာ အလွန်ပင် စိတ်မကောင်းစရာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"တကယ်ပဲ ဝိညာဉ်တားဆီးခြင်း ပညာရပ်ပဲ။ ငါ့ရဲ့ လက်အောက်ခံ ဝိညာဉ်စစ်သည်တွေကို ခေါ်ပြီး တစ်ခေါက်လောက် သွားကြည့်မှ ဖြစ်တော့မယ်၊ ဒါပေမဲ့ ဒီတစ်ခေါက် အထိအခိုက် ဘယ်လောက်ရှိမလဲ ဆိုတာ မသိရဘူး။"
"သူတို့က အားလုံး ကြိုတင်ပြင်ဆင်ထားတာ။ ဝိညာဉ်စစ်သည်ဌာနက ဒီတစ်ခေါက် သွားရင်တော့ အထိအခိုက် အင်မတန် များပြားလိမ့်မယ်။ မင်းကိုယ်တိုင်တောင် အဲဒီဘက်မှာပဲ ပိတ်မိသွားနိုင်တယ်။"
ရှူးလုံ ကောင်းကင်အရှင်က စကားကို ခဏရပ်လိုက်ပြီးနောက် အလွန်ပင် ကြောက်မတ်ဖွယ်ကောင်းသော လေသံဖြင့် -
"သူတို့ရဲ့ ဒီတစ်ခေါက် ပစ်မှတ်က ဝိညာဉ်စစ်သည်ဌာနပဲ။"
"ရှူးလုံ၊ မင်းဆိုလိုတာက သူတို့ရဲ့ ပစ်မှတ်က ငါပေါ့"
ပိုင်ဇီယုရှန်း၏ မျက်ဝန်းများမှာ တုန်လှုပ်နေသည်။
"ဝိညာဉ်တားဆီးခြင်း ပညာရပ်အထိတောင် အဆင်သင့် ပြင်ထားတာဆိုတော့ လူငယ်လေးအနည်းငယ်အတွက်လောက်တော့ ဖြစ်နိုင်စရာ မရှိဘူး။ (၃၆) ထပ်က လူအိုကြီးတွေတောင် ဝိညာဉ်တားဆီးခြင်း ပညာရပ်ကို သုံးဖို့ဆိုရင် အတူတူ ပူးပေါင်းရမှာဖြစ်ပြီး ကြီးမားတဲ့ ပေးဆပ်မှုတွေ ရှိမှာပဲ။ ယင်ယန် တားမြစ်နယ်မြေလို နေရာမျိုးကို တားဆီးဖို့အတွက် အဲဒီလောက် ပေးဆပ်ရတာက လူငယ်လေးအနည်းငယ်အတွက် ဖြစ်နိုင်ပါ့မလား "
ရှူးလုံ ၏ မျက်နှာမှာလည်း အလွန်မှောင်မည်းနေသည်။
"ဒါဆိုရင်တော့ ငရဲမင်းဆီကို တင်ပြပြီး ငရဲမင်းရဲ့ ဆုံးဖြတ်ချက်ကိုပဲ စောင့်ရတော့မယ်။"
ပိုင်ဇီယုရှန်းသည် လေးနက်စွာဖြင့် အမွှေးတိုင်တစ်တိုင်ကို ယူကာ မီးရှို့လိုက်သည်။ မီးခိုးငွေ့များ လည်ပတ်နေစဉ် အသံသြသြတစ်ခု ထွက်ပေါ်လာသည်။
"ဘာကိစ္စလဲ"
"ငရဲမင်း၊ ယင်ယန် တားမြစ်နယ်မြေကို သွားရောက်တဲ့ သူတော်စင် ခြောက်ဦးဟာ ဝိညာဉ်တားဆီးခြင်း ပညာရပ်ကြောင့် ဝိညာဉ်ပြန်ခေါ်ခြင်း အမွှေးတိုင်တွေ ပြတ်တောက်သွားပါတယ်"
ဟု ပိုင်ဇီယုရှန်းက လျှောက်တင်သည်။
"အဲဒါ သူတို့က မင်းတို့ကို ဆွဲခေါ်ဖို့ ကြိုးစားနေတာပဲ။ ဒါဟာ ငါတို့ ချင်းမင် ယင်လောကကို ထောင်ချောက်ဆင်နေတာပဲ။"
ငရဲမင်း၏ အသံ ထွက်ပေါ်လာသည်။
"ဒါဆိုရင် ငရဲမင်းကို ခွင့်တောင်းချင်တာက..."
"မင်းတို့အနေနဲ့ အဲဒီ လူငယ်လေး ခြောက်ယောက်ကို ယုံကြည်သင့်တယ်။ သူတို့ကိုယ်တိုင် ယင်ယန် တားမြစ်နယ်မြေကို သွားရဲတယ်ဆိုရင် ဒီလို အခြေအနေမျိုးကို ကြိုမတွေးထားဘူးလို့ မင်းတို့ ထင်လို့လား "
မီးခိုးငွေ့များ ပျောက်ကွယ်သွားပြီးနောက် ပိုင်ဇီယုရှန်းနှင့် ရှူးလုံတို့မှာ ငရဲမင်း၏ သဘောထားကို နားလည်သွားကြသည်။
"ဒီလိုဆိုရင်တော့ အချိန်အနည်းငယ် ထပ်စောင့်ရုံပဲ ရှိတော့တယ်။"
ပိုင်ဇီယုရှန်းက တွေးတောလျက် -
"ဖန့်ချန်တို့သာ အချိန်ဆွဲထားနိုင်မယ်ဆိုရင် အောက်က လူအိုကြီးတွေလည်း ဝိညာဉ်တားဆီးခြင်း ပညာရပ်ကို အချိန်အကြာကြီး မသုံးနိုင်ဘူး။ ဝိညာဉ်တားဆီးခြင်း ပညာရပ်သာ ရပ်တန့်သွားရင် သူတို့ ချက်ချင်း ပြန်လာနိုင်မှာပါ။"
"သူတို့ရဲ့ ပစ်မှတ်က ငါတို့ဆိုရင် ငါတို့ မပေါ်လာသရွေ့ သူတို့ ပိုကြီးမားတဲ့ ပေးဆပ်မှုတွေကို မလုပ်ချင်ကြဘူး။"
ရှူးလုံ က စဉ်းစားဟန်ဖြင့် ပြောလိုက်ပြီး ခေါင်းအနည်းငယ် ညိတ်ကာ -
"ဒါဆိုရင်တော့ စောင့်ကြည့်ကြတာပေါ့။"
...
...
ထိုအချိန်တွင် ထိုမကောင်းဆိုးဝါးမှာ သူတို့နှင့် အနီးဆုံးသို့ ရောက်ရှိလာသည်။
သူသည် အရိပ်ခြောက်ခုကို ကြည့်ကာ ပြုံးစစဖြင့် -
"ငါ မင်းတို့ကို မနှိပ်စက်ပါဘူး၊ မင်းတို့ထဲက တစ်ယောက်လောက် ထွက်ပြီး ငါနဲ့ လာတိုက်ပါလား။"
"သေရမှာ ကြောက်လို့ မဟုတ်ဘူး၊ အရှက်ခွဲခံရမှာကို မခံနိုင်ဘူး။"
စီကုကျိက အေးစက်စက် ပြောလိုက်သည်
"သူတို့က ငါတို့ကို အရှက်ခွဲချင်နေတာ၊ တိုက်ကြမယ်"
"စိတ်မပူပါနဲ့၊ ဟွာကျိဇိုင်း ဘုရင် မရောက်ခင်အထိ မင်းတို့ သေမှာ မဟုတ်ပါဘူး။ အရှက်ခွဲတယ်ဆိုတာထက် ကစားတာလို့ပဲ ပြောရမလား။"
ထိုသူက ထူးဆန်းစွာ ရယ်မောသည်။
စီကုကျိ ဒေါသထွက်လွန်းသဖြင့် အင်္ကျီလက်ကို ခေါက်တင်ကာ ပြေးဝင်သွားသည်။
"လာလေ၊ မင်းရဲ့ လက်စွမ်းကို ကြည့်ပါရစေ "
ခဏအကြာတွင် မကောင်းဆိုးဝါးမှာ စီကုကျိ၏ ခေါင်းပေါ်သို့ ခြေတစ်ဖက်ဖြင့် နင်းထားလျက် ကျန်ငါးဦးကို မထီမဲ့မြင်ပြုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"နောက်တစ်ယောက်က ဘယ်သူလဲ"
"ရှန်တူရှင်း၊ မင်းက အသက်ကိုးသက် နဂါးမျိုးနွယ်စုဝင်ပဲ၊ ကျင့်ကြံမှုအဆင့် ဖိနှိပ်ခံထားရပေမဲ့ ရုပ်ခန္ဓာကတော့ သန်မာမှာပါ၊ မင်းသွား..."
ရင်ရှန်းရူ စကားမဆုံးခင်မှာပင် ရှန်တူရှင်းက သူ့ကို စူးစိုက်ကြည့်လိုက်သည်။
"ရုပ်ခန္ဓာက ဘယ်မှာလဲ"
"..."
ရှန်တူရှင်းက နှာခေါင်းရှုံ့လိုက်ပြီး ထိုမကောင်းဆိုးဝါးဆီသို့ တည့်တည့် လျှောက်သွားလိုက်သည်။
"ငါ မင်းနဲ့ လာတိုက်မယ်။"
ရှန်တူရှင်းမှာ တကယ်ပင် အရည်အချင်းရှိသူ ဖြစ်ကာ အစပိုင်းတွင် ထိုမကောင်းဆိုးဝါးနှင့် အပြန်အလှန် တိုက်ခိုက်နိုင်ခဲ့သည်။ ဖန့်ချန်ပင် အနည်းငယ် အံ့အားသင့်သွားသည်။ ဖူချန်ချူး၊ ဆွေ့ဟွမ်ရွှီ၊ ရင်ရှန်းရူတို့၏ မျက်ဝန်းထဲတွင်လည်း လေးစားမှုများ ပေါ်လာသည်။ အနီးနားရှိ မကောင်းဆိုးဝါးများက ထိုမြင်ကွင်းကို မြင်သောအခါ ရယ်မောကာ အော်ဟစ်အားပေးကြသည်။ တိုက်ခိုက်နေသည့် မကောင်းဆိုးဝါးမှာ အရှက်ခွဲခံရသလို ခံစားရသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်ပြီး အခွင့်အရေးကို စောင့်ကာ ရှန်တူရှင်းကို တစ်ချက်တည်းနှင့် လဲကျသွားစေသည်။
သူသည် တစ်ဖက်တွင် စီကုကျိကို နင်းထားပြီး တစ်ဖက်တွင် ရှန်တူရှင်းကို နင်းထားကာ ကျန်လေးဦးကို လက်ညှိုးထိုးလျက် -
"မင်းတို့အားလုံး တပြိုင်နက်တည်း တက်လာကြပါလားကွာ ခွေးသားလေးတို့ရာ "
ကျန်အကြီးအကဲလေးဦးမှာ မျက်နှာပျက်သွားကြသည်။ ဆွေ့ဟွမ်ရွှီသည် အသက်ပြင်းပြင်း ရှူသွင်းကာ ဓားကိုကိုင်၍ ထိုမကောင်းဆိုးဝါးဆီသို့ လျှောက်သွားလိုက်သည်။ သို့သော် လမ်းတစ်ဝက်တွင် နောက်ကျောမှ ကြီးမားသော ဆွဲအားတစ်ခုကြောင့် သူ ပြန်ဆွဲထုတ်ခံလိုက်ရသည်။ ခြေလှမ်းများ ယိုင်နဲ့သွားကာ အရှက်တကွဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"ဖန့်ချန်၊ မင်း ဘာလုပ်တာလဲ"
ဆွေ့ဟွမ်ရွှီက ဒေါသတကြီး အော်ဟစ်သည်။
ဖူချန်ချူးနှင့် ရင်ရှန်းရူတို့လည်း ဖန့်ချန်ကို စူးစိုက်ကြည့်နေကြသည်။
"မင်းတို့က အခု အသုံးမဝင်တဲ့သူတွေ ဖြစ်နေပြီ၊ အပေါ်တက်ပြီး ရှက်စရာမကောင်းအောင်နေပါ။ ငါပဲ ကိုင်တွယ်လိုက်မယ်။ မှတ်ထား၊ မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ငါ ပြန်ယူပေးတာ။ လူ့လောကဘုံကို ပြန်ရောက်ရင် ငါ့ကို ကျေးဇူးဆပ်ရမယ်။"
ဖန့်ချန်က ပြောပြီးသည်နှင့် ဓားကိုကိုင်ကာ မကောင်းဆိုးဝါးဆီသို့ လျှောက်သွားသည်။ ထိုမကောင်းဆိုးဝါးမှာ ထိုစကားကို ကြားပြီး တဟားဟား ရယ်မောလိုက်ကာ စီကုကျိနှင့် ရှန်တူရှင်းကို မြေပြင်ထဲ စိုက်ဝင်သွားအောင် နင်းကာ ဖန့်ချန်ဆီသို့ အရှိန်ပြင်းစွာ ပြေးဝင်လာသည်။
"ခွေးမသား၊ သေစမ်း"
ဖျတ်
ကြီးမားသော ခေါင်းကြီးမှာ ကောင်းကင်သို့ လွင့်စင်သွားသည်။ ဖန့်ချန်သည် ဓားကို သုတ်လိုက်ပြီး စီကုကျိ၏ ခေါင်းပေါ်သို့ ခြေတစ်ဖက် နင်းလိုက်သည်။ စီကုကျိမှာ ခေါင်းပေါ်လာခါနီးမှ ထပ်နင်းခံလိုက်ရသဖြင့် မြေကြီးကို တစ်ခါပြန်စားရပြန်သည်။ ထို့နောက် ဖန့်ချန်သည် ပတ်ဝန်းကျင်ရှိ မကောင်းဆိုးဝါးများကို ကြည့်ကာ ပြုံးလျက် -
"ဒါမှမဟုတ်ရင်တော့ အားလုံးပဲ တပြိုင်နက်တည်း တက်လာကြပါလား။"
အခန်း (၂၇၁၂) - ငရဲမင်းနှင့် တမန်တော်များ
မကောင်းဆိုးဝါး၏ ခေါင်းပြတ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဆိတ်သုဉ်းကာ တိတ်ဆိတ်သွားသည်။
အချိန်အနည်းငယ်မျှ ကြာမြင့်ပြီးနောက်တွင်မှ အနီးနားရှိ မကောင်းဆိုးဝါးများနှင့် ဆွေ့ဟွမ်ရွှီတို့မှာလည်း တဖြည်းဖြည်း သတိဝင်လာကြသည်။
"ဒါ သူ ဘယ်လိုလုပ်လိုက်တာလဲ "
"မဖြစ်နိုင်တာ... သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဖိနှိပ်မခံထားရဘူးလား"
ရင်ရှန်းရူနှင့် ဆွေ့ဟွမ်ရွှီမှာ အံ့အားသင့်တုန်လှုပ်စွာဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။
"အသက်နဲ့ရင်းပြီး တိုက်ဖို့ ပြင်ထားကြ"
ဖူချန်ချူးက ရုတ်တရက် အမိန့်ပေးလိုက်ပြီး သူ၏ အမူအရာမှာ အလွန်လေးနက်နေသည်။ ရင်ရှန်းရူတို့လည်း သတိဝင်လာကာ အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
မကောင်းဆိုးဝါးများကို မကောင်းဆိုးဝါးဟု ခေါ်ဆိုကြရခြင်းမှာ ဝိညာဉ်မျိုးနွယ်စုဝင်များက လူ့လောကဘုံရှိ သက်ရှိများကဲ့သို့ပင် အသိစိတ်ရှိကြသောကြောင့် ဖြစ်သည်။ သို့သော် အချို့သော အခြေအနေများတွင် လူ့လောကဘုံက 'ဟင်းလင်းပြင် ကွပ်မျက်သူများ' ဟု ခေါ်ပြီး ဝိညာဉ်မျိုးနွယ်စုတို့က 'မကောင်းဆိုးဝါး' ဟု ခေါ်သော ထိုသတ္တဝါများသည် အသိစိတ်ကို အလွယ်တကူ ဆုံးရှုံးသွားတတ်ကြသည်။
မှန်သည့်အတိုင်းပင် အနီးနားရှိ မကောင်းဆိုးဝါး ဒါဇင်ပေါင်းများစွာမှာ ရုတ်ရုတ်သဲသဲ ဖြစ်လာကြပြီး မျက်ဝန်းထဲတွင် ဒေါသတို့ တောက်လောင်လျက် ဖန့်ချန်ဆီသို့ အော်ဟစ်ကာ ဝင်ရောက်တိုက်ခိုက်ကြသည်။
ဖန့်ချန်သည် မြေပြင်ကို ခြေဖြင့် ကန်အားယူလိုက်ပြီး နောက်မဆုတ်ဘဲ ရှေ့သို့သာ တိုးဝင်ကာ မကောင်းဆိုးဝါးအုပ်စုအတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ ထိုမကောင်းဆိုးဝါးများ၏ ကိုယ်လုံးကိုယ်ထည်မှာ ပုံမှန်အားဖြင့် အလွန်ကြီးမားပြီး ပုံပျက်ပန်းပျက်နှင့် ထူးဆန်းလှသည်။ သူတို့နှင့် ယှဉ်လိုက်လျှင် ဖန့်ချန်၏ ခန္ဓာကိုယ်မှာ အလွန်သေးငယ်နေသည်။ သို့သော် သူ၏ လှုပ်ရှားမှုများမှာ အလွန်ပင် သွက်လက်လှသည်။
ဓားရောင်ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဝိညာဉ်သွေးများ ပန်းထွက်လျက် ကျန်ရစ်ခဲ့သည်။
ရှန်တူရှင်းမှာ မြေကြီးထဲမှ တွားသွား၍ ထွက်လာပြီး စီကုကျိကို ဆွဲမကာ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တွဲလျက် ဆွေ့ဟွမ်ရွှီတို့ဆီသို့ ပြန်ရောက်လာသည်။ သူတို့သည် မျက်စိရှေ့တွင် ဖြစ်ပျက်နေသည်ကို ယုံကြည်နိုင်ခြင်း မရှိစွာဖြင့် စူးစိုက်ကြည့်နေကြသည်။
"ဒါက ဘာဖြစ်တာလဲ"
ရင်ရှန်းရူက အလိုအလျောက်ပင် မေးလိုက်သည်
"သူ့ရဲ့ ကျင့်ကြံမှုအဆင့်က တကယ်ပဲ ဖိနှိပ်ခံထားရတာလား၊ မခံထားရဘူးလား "
"ဖိနှိပ်ခံထားရပါတယ်။ သူက အစအဆုံးထိ သူ့ရဲ့ ထူးချွန်တဲ့ နည်းစနစ်တွေကိုသာ အသုံးပြုပြီး... ဒီ မကောင်းဆိုးဝါးတွေကို သတ်ဖြတ်နေတာပါ။"
ဆွေ့ဟွမ်ရွှီ၏ အမူအရာမှာ ရှုပ်ထွေးလျက် ရှိသည်။
"ဒါဟာ နည်းစနစ်ရဲ့ အထွတ်အထိပ် ဖြစ်နိုင်တယ်။"
"အဲဒီတော့... အားလုံးကသာ သာမန်လူတွေ ဖြစ်သွားခဲ့ရင်တောင် သူနဲ့ မယှဉ်နိုင်ဘူးပေါ့ "
ရင်ရှန်းရူမှာ မူးဝေသွားသကဲ့သို့ ဖြစ်သွားသည်။ ကျန်အကြီးအကဲများ၏ စိတ်ထဲတွင်လည်း အလွန်အမင်း မသက်မသာ ဖြစ်နေကြသည်။ စီကုကျိက သူ၏ နောက်စေ့ကို ပွတ်သပ်လိုက်ရင်း ခဏလေးကမှ မကောင်းဆိုးဝါး၏ နင်းခြင်းကို ခံရသည်မှာ မပြောပလောက်သော်လည်း ဖန့်ချန်၏ နင်းခြင်းကို ခံလိုက်ရသည်ကို တွေးမိကာ စိတ်ထဲတွင် အလွန် ဒေါသထွက်မိသည်။ သို့သော် ဖန့်ချန်၏ ဓားချက်အောက်တွင် မကောင်းဆိုးဝါးများ ဆက်တိုက် သေဆုံးနေသည်ကို မြင်သောအခါ သူ၏ ဒေါသများမှာ အကြောင်းမဲ့ ပျောက်ကွယ်သွားရသည်။
"တစ်ဖက်လူရဲ့ ဝိညာဉ်ပြန်ခေါ်ခြင်း ပညာရပ်ကို တားဆီးနိုင်တဲ့ နည်းလမ်းက ကြာရှည် ခံမှာ မဟုတ်ဘူး။"
"အကယ်၍ ဖန့်ချန်မှတစ်ဆင့် ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မယ်ဆိုရင် ဒီတစ်ခေါက် ကြိုတင်ပြီး ဝိညာဉ်ပြန်မသွားဘဲ 'ယင်ယန် ဝိညာဉ်မျက်လုံး' ရဲ့ နက်နဲမှုကို ဆက်လက် ရှာဖွေနိုင်မှာပါ။"
ဖူချန်ချူးက တွေးတောလျက် ပြောသည်
"ဆွေ့ဟွမ်ရွှီ၊ သူပြောတာ မှန်တယ်။ ဒီတစ်ခေါက်သာ အန္တရာယ်ကင်းကင်းနဲ့ လူ့လောကကို ပြန်ရောက်ရင် သူ့ကို ကျေးဇူးတင်စကား ဆိုရတော့မယ်။"
"ကျေးဇူးတင်တာက တစ်ပိုင်း၊ ရန်ငြိုးက တစ်ပိုင်းပေါ့။ ငါကတော့ ပြန်ရောက်ရင် အကောင်းဆုံး လေ့ကျင့်ပြီး ဒီဂုဏ်သိက္ခာကို ပြန်ယူမယ်။ တခြားတော့ မပြောတော့ဘူး၊ အနည်းဆုံးတော့ ငါတို့ ကောင်းကင်အရှင် အဆင့်ကို သူ့ထက် အရင် တက်လှမ်းနိုင်မှာပါ။"
"အဲဒီအချိန်ကျရင် ချင်းဟော်ဆွေ့ ကို သတ်ပစ်လိုက်ရင် ဒီကျေးဇူးကို ဆပ်ပြီးသား ဖြစ်သွားမှာပေါ့။"
စီကုကျိက အေးစက်စက် ရယ်မောသည်။
"အဲဒီနည်းနဲ့ ကျေးဇူးဆပ်တာကလည်း သင့်တော်ပါတယ်။"
ဖူချန်ချူးတို့ ခေါင်းအနည်းငယ် ညိတ်ကြသည်။ သူတို့သည် မိမိတို့၏ အဆင့်အတန်းမှာ လူသားမျိုးနွယ်၏ ကောင်းကင်အရှင်များထက် နိမ့်ကျမည်ဟု စိတ်ထဲတွင် လုံးဝ လက်မခံကြပေ။
လက်ဖက်ရည်တစ်ခွက်စာ အချိန်လောက် ကြာသောအခါ -
ဖန့်ချန်သည် သူ၏ ဓားပေါ်မှ အညစ်အကြေးများကို သုတ်လိုက်ပြီး ဓားကို အိမ်ထဲသို့ ပြန်သွင်းလိုက်သည်။ မြေပြင်ပေါ်ရှိ မကောင်းဆိုးဝါး အလောင်းများကို ကြည့်ကာ စိတ်ထဲတွင် အနည်းငယ် နှမြောမိသည်။ အကယ်၍သာ သူ၏ နတ်ဘုရားစွမ်းအားကို သုံးနိုင်သေးပါက ထိုအလောင်းများကို ဝိညာဉ်နှိမ်နင်းခြင်း နတ်ဆိုးမျက်လုံး ထဲသို့ ပေါင်းစပ်နိုင်ပြီး ပိုမို အကျိုးရှိစေမည် ဖြစ်သည်။
"ဖန့်ဘိုးဘေး၊ အခု အမြန်သွားကြရအောင် သူတို့ပြောတာကို ကြားလိုက်ရတယ်၊ ဟွာကျိဇိုင်း ဘုရင်က ဒီနေရာကို လာနေပြီတဲ့။"
ဆွေ့ဟွမ်ရွှီက မြေပြင်ပေါ်ရှိ မကောင်းဆိုးဝါး အလောင်းများကို တစ်ချက်ကြည့်ကာ ရှုပ်ထွေးသော အမူအရာဖြင့် ပြောသည်။
"မင်းတို့ အရင်သွားကြ။"
ဖန့်ချန်သည် လက်ဝါးကာပြလိုက်ပြီး သန့်ရှင်းသော နေရာတစ်ခုတွင် ထိုင်ချလိုက်ကာ ဓားကို ဒူးပေါ်တွင် အလျားလိုက် တင်ထားလိုက်သည်။ ထိုအခါမှသာ အကြီးအကဲငါးပါးမှာ ဖန့်ချန်၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ ရှိနေသည်ကို သတိပြုမိကြသည်။ အဓိက အချက်အချာနေရာ အချို့တွင်မူ အရိုးထိပင် နက်ရှိုင်းသော ဒဏ်ရာများ ရှိနေသည်။ သို့သော် သူတို့ မမြင်လိုက်သည့် အချိန်ကပင် သူသည် သာမန်အတိုင်း ဟန်ဆောင်နေခဲ့၍ မည်သည့်အရိပ်အယောင်မျှ မတွေ့ခဲ့ရပေ။
အကြီးအကဲငါးပါးမှာ စိတ်ထဲမှ အံ့အားသင့်စွာဖြင့် အသက်ရှူမှားသွားကြသည်။
စီကုကျိက သံသယဖြင့် -
"မင်း မသွားဘူးလား နောက်ကနေ ကျန်ခဲ့ပြီး လမ်းပိတ်ပေးမလို့လား ဘာလို့လဲ"
"ဒဏ်ရာရထားရင်လည်း ငါတို့ အတူတူ တွဲသွားလို့ ရပါတယ်။ ငါတို့ကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေမှာ ကြောက်စရာ မလိုပါဘူး။"
ဆွေ့ဟွမ်ရွှီက မျက်မှောင်ကြုတ်လျက် ပြောသည်။
"ငါ အနားယူပြီးရင် တခြားတစ်ဖက်ကို သွားမှာ။ မင်းတို့က ပစ်မှတ်ကြီးလွန်းလို့ ငါ့ကို ဒုက္ခပေးလိမ့်မယ်။"
ဖန့်ချန်က ပြောသည်။
အကြီးအကဲငါးပါးမှာ စိတ်ထဲတွင် မကျေမနပ် ဖြစ်မိသော်လည်း နောက်ပိုင်းတွင် ဖန့်ချန်၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိသွားသဖြင့် တည်ငြိမ်သွားကြသည်။ ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူတို့သည် ဖန့်ချန်ကို ထပ်မံ၍ တိုက်တွန်းပြောဆိုကြသည်။ သို့သော် ဖန့်ချန်က လုံးဝ မသွားလိုသည်ကို မြင်ရသဖြင့်၊ ဆက်လက်နေလျှင် သူတို့ပါ ပိတ်မိသွားမည်ကို စိုးရိမ်ကာ လက်အုပ်ချီနှုတ်ဆက်၍ အလျင်အမြန် ထွက်ခွာသွားကြသည်။
ဖန့်ချန်သည် မျက်လုံးများကို မှိတ်ထားပြီး အသက်ရှူခြင်းကို ချိန်ညှိကာ ခန္ဓာကိုယ်ကို အနားယူသည့် အခြေအနေသို့ ရောက်အောင် ပြုလုပ်လိုက်သည်။ ဤသို့ဖြင့် ဒဏ်ရာများမှာ အနည်းငယ် သက်သာလာပြီး တဖြည်းဖြည်း ပြန်လည် ကုသသွားနိုင်မည် ဖြစ်သည်။
အချိန်ဘယ်လောက်ကြာသွားမှန်း မသိရသောအခါ အနီးနားတွင် ထူထပ်သော ခြေသံများ ပေါ်လာသည်။
"ဖန့်ပင်းအန်း၊ သူက စစ်မှန်တဲ့ ဝိညာဉ်မျိုးနွယ်စုဝင်တွေကို အများကြီး သတ်ပစ်လိုက်တယ်နော်။"
အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ စက္ကူလူရုပ်ကဲ့သို့ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော တည်ရှိမှုတစ်ခုမှာ ဖန့်ချန်ကို အေးစက်စက် ကြည့်နေသည်။ သူ၏ ရှေ့တွင် (၇) နှစ်၊ (၈) နှစ်အရွယ် ကလေးငယ်တစ်ဦး ရပ်နေသည်။ ကလေးငယ်၏ တစ်ဖက်တွင်မူ အနက်ရောင် စက္ကူလူရုပ်နှင့် ဆန့်ကျင်ဘက်ဖြစ်သော အဖြူရောင် စက္ကူလူရုပ်တစ်ဦး ရပ်နေသည်။ မျက်နှာပေါ်ရှိ ပါးနီမှာ ထူးဆန်းသော အရိပ်အယောင်ကို ဆောင်နေသည်။
အနက်ရောင် စက္ကူလူရုပ် စကားပြောသောအခါ အနီးနားရှိ မကောင်းဆိုးဝါးများမှာ ထိုသူကို ကြည့်ကာ ကြောက်ရွံ့ခြင်းများဖြင့် တုန်လှုပ်နေကြသည်။ သူတို့သည် ဤသူနှစ်ဦးမှာ အောက်ဆုံးအလွှာမှ လာသူများဖြစ်ပြီး သူတို့၏ ရည်ရွယ်ချက်မှာ ဟွာကျိဇိုင်း ဘုရင်ကို အနီးကပ် ဝန်ဆောင်မှုပေးရန် ဖြစ်ကြောင်း သိကြသည်။
ဖန့်ချန်သည်လည်း မျက်လုံးကို ဖွင့်လိုက်သည်။ သူသည် ဖန့်ပင်းအန်းဘေးတွင် ရပ်နေသော အဖြူအမည်း စက္ကူလူရုပ် နှစ်ဦးကို မြင်လိုက်ရသောအခါ အနည်းငယ် ငိုင်ကျသွားပြီးနောက် သာမန်အတိုင်း ပြန်ဖြစ်သွားသည်။
"ဒီလိုမျိုး ကိုး။"
"သူတို့က ဘာလို့ ချင်းမင် ယင်လောကမှာ ပြန်မဝင်စားကြတာလဲ"
"အော်... ဝိညာဉ်ပူးကပ်ခြင်း ပညာရပ်ကြောင့် ကိုး..."
ယခင်က အကြောင်းအကျိုး ပိတ်ကာထဲတွင် ဤနှစ်ဦးကို မဖမ်းမိခဲ့သဖြင့် ဖန့်ချန်က အကြောင်းရင်း တစ်ခုခုကြောင့် အကြောင်းအကျိုး ပြတ်တောက်သွားသည်ဟု ထင်မှတ်ပြီး အရေးမစိုက်ခဲ့မိပေ။ တစ်နေ့နေ့တွင် တွေ့ရမည်ဟုသာ ယူဆခဲ့သည်။ ယခုအခြေအနေမှာ သူထင်ထားသည့်အတိုင်းပင် ဖြစ်သော်လည်း အနည်းငယ် ကွဲပြားနေသည်။
"ခွေးသားလေး၊ ငါတို့မျိုးနွယ်စုရဲ့ ဟွာကျိဇိုင်း ဘုရင်ကို မြင်ရင် ဒူးထောက်ပြီး မရှိခိုးဘဲ ဘာလုပ်နေတာလဲ။"
အနီးနားရှိ မကောင်းဆိုးဝါးများက ဖန့်ချန်ကို လှောင်ပြောင်ရယ်မောလျက် ကြည့်သည်။ ဖန့်ချန်သည် ဘာမှ ပြန်မပြောဘဲ သူ၏ ကမ္ဘာထဲတွင်သာ ဆက်လက် ငုပ်လျှိုးနေသည်။
"ဆူညံလှချည်လား။"
"အနက်ရောင်အရှင်၊ အဖြူရောင်အရှင်၊ ခင်ဗျားတို့ ဒီကောင်တွေကို ခေါ်ပြီး ဆုတ်ခွာသွားလိုက်ကြပါ။ ဒီလူကိုတော့ ငါပဲ ကိုင်တွယ်လိုက်မယ်။"
ဖန့်ပင်းအန်း၏ အမူအရာမှာ တည်ငြိမ်အေးဆေးလှသည်။ အနက်ရောင်နှင့် အဖြူရောင် စက္ကူလူရုပ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် အနီးနားရှိ မကောင်းဆိုးဝါးများကို အေးစက်စက် ပြောလိုက်သည်။
"ငါတို့နဲ့ လိုက်ခဲ့။"
သူတို့ လှည့်ထွက်သွားကြသည်။ ထိုမကောင်းဆိုးဝါးများမှာ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ ကျိုကျူးတောင်မှ ဖြစ်စေ၊ လွန်မိုဟိုင်ပင်လယ်မှ ဖြစ်စေ သူတို့အားလုံးမှာ အံ့အားသင့်ကာ ဝေခွဲမရ ဖြစ်နေကြသည်။ သို့သော် သူတို့သည် ထိုသူနှစ်ဦးကို မလွန်ဆန်ရဲသလို၊ ထိုကလေးငယ်ကိုလည်း မလွန်ဆန်ရဲသဖြင့် တိတ်တဆိတ် လိုက်ပါသွားကြသည်။ သူတို့သည် တစ်ခါတစ်ရံ နောက်သို့ လှည့်ကြည့်လျက် ဖန့်ချန်ကို မကျေမနပ် အကြည့်များဖြင့် ကြည့်နေကြသည်။ ဖန့်ချန်သည် သူတို့၏ ဝိညာဉ်မျိုးနွယ်စုဝင်များစွာကို သတ်ပစ်လိုက်သဖြင့် သူတို့မှာ ကိုယ်တိုင် လက်စားချေလိုစိတ်များ ပြင်းပြနေကြသည်။
မကောင်းဆိုးဝါးများ ထွက်ခွာသွားပြီးနောက်မှ ဖန့်ပင်းအန်းသည် ပျော်ရွှင်စွာဖြင့် ဖန့်ချန်ဆီသို့ ပြေးလာသည်။
"အဖေကြီး"
ထို့နောက် သူသည် ဖန့်ချန်၏ ဒူးပေါ်ရှိ ဓားကို ကြည့်၍ -
"ဓားငယ်လေး..."
"ဓားငယ်လေးလည်း ဒီနေရာရဲ့ ဖိနှိပ်မှုကြောင့် အပြင်ကို ခဏထွက်မလာနိုင်သေးဘူး။ ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဒီနေရာကို ဘယ်လိုရောက်လာတာလဲ ယင်ယန် တားမြစ်နယ်မြေဆိုတာ ကမ္ဘာ့အလွှာအပေါ်ပိုင်းကလူတွေ လာလို့မရဘူးလို့ ငါမှတ်မိတယ်။"
ဖန့်ချန်က ပြောသည်။
ဖန့်ပင်းအန်းက ပြုံး၍ -
"ကျွန်တော် မဝင်လာပါဘူး၊ အနက်ရောင်အရှင်နဲ့ အဖြူရောင်အရှင်လည်း မဝင်လာပါဘူး။ ကျွန်တော် တို့ အားလုံးက အပြင်ဘက်ကနေ ဝိညာဉ်တားဆီးခြင်း ပညာရပ်ကို သုံးနေကြတာပါ။"