← Chapters

အခန်း (၂၇၂၉-၂၇၃၀)

Vol. 273 Ch. 2729-2730

အခန်း (၂၇၂၉-၂၇၃၀)

Vol. 273 Ch. 2729-2730

​

အခန်း (၂၇၂၉) - ယင်ချဲ့ မဟာကောင်းကင်အရှင်

​နောက်ထပ် ရက်အနည်းငယ် ကြာပြီးနောက် ဖန့်ချန်တို့ အဖွဲ့သည် အကြောင်းကြားစာ ရရှိသည်နှင့် အတွင်းကမ္ဘာဝင်ပေါက် ရှေ့သို့ အသီးသီး ရောက်ရှိလာကြသည်။

​ရှူလုံ မဟာကောင်းကင်အရှင်မှာ ထွက်ပေါ်မလာသေးသော်လည်း အတွင်းကမ္ဘာဝင်ပေါက် ပြင်ပရှိ မြင်ကွင်းမှာမှု ဝါးတားတား အရိပ်အယောင်များ ပေါ်ထွက်နေပြီ ဖြစ်သည်။

​“အဲဒါကတော့ ရှေးဟောင်း အတွင်းကမ္ဘာ တားမြစ်နယ်မြေ ဖြစ်တဲ့ ‘ရှဲ့ကျစ်ရုံးတော်’ ပဲ။”

​“ငါ နဲ့ ရှန်တူရှင်းတို့ သူတော်စင်ဧကရာဇ် စီမံကိန်းကို တင်ပြတုန်းက ဒီအတွင်းကမ္ဘာ တားမြစ်နယ်မြေကို ပိလော့ အဆင့်မြင့် မဟာမိတ်ဘက်က ပိတ်ပင်ထားပြီးသားပါ။”

​“သူ စတင် ပေါ်ပေါက်လာတုန်းက မဟာကောင်းကင်အရှင် အချို့ရဲ့ ပျောက်ဆုံးမှုနဲ့ ပတ်သက် ဆက်နွှယ်နေခဲ့တယ်။”

​ဆွေ့ဟွမ်ရွှီသည် အပြင်ဘက်ရှိ ဝါးတားတား အရိပ်အယောင်ကို ကြည့်ရင်း ရှုပ်ထွေးသော အမူအရာဖြင့် ပြောသည်။

​ထိုနေရာရှိ သူတော်စင်များမှာ ထိုစကားကို ကြားလိုက်ရသော်လည်း စိတ်ထဲတွင် သတိထားမှု အနည်းငယ် တိုးပွားလာကြသည်။

​မဟာကောင်းကင်အရှင်များပင် ပျောက်ဆုံးသွားရအောင်ထိ ဆက်နွှယ်နေခဲ့သောကြောင့် ထိုအတွင်းကမ္ဘာ တားမြစ်နယ်မြေမှာ အလွန်ပင် ထူးဆန်းလွန်းလှသည်။

​သူတို့သည် ယခုအချိန်တွင် အတွင်းကမ္ဘာနယ်မြေ တစ်ခုလုံးကို ပြန်လည် ပုံဖော်ပြီးဖြစ်သည့်အပြင် နောက်ထပ် အတွင်းကမ္ဘာနယ်မြေ တစ်ခုကိုလည်း ထပ်မံ ပုံဖော်ထားနိုင်ပြီ ဖြစ်သည်။

​အခြေခံ ကျင့်စဉ်အဆင့် တိုးတက်လာခြင်း မရှိသေးသော်လည်း ယခင်ကထက် စွမ်းအားမှာ ပိုမို ကြံ့ခိုင်လာခဲ့သည်။

​သို့သော်လည်း ဤကဲ့သို့သော နေရာမျိုးကိုတော့ အထင်မသေးရဲကြပေ။

​“အဲဒီအချိန်က ပျောက်ဆုံးသွားတဲ့ မဟာကောင်းကင်အရှင်တွေ တကယ်ပဲ အသက်ရှင်သေးလား၊ ဒါမှမဟုတ် သေဆုံးသွားပြီလား၊ ဘယ်ကို ရောက်သွားတာလဲ ဆိုတာကို ဘယ်သူမှ မစုံစမ်းခဲ့ဘူးလား။”

​စကားပြောလိုက်သူမှာ တန်လင် ပညာသင်ကျောင်းတော်မှ သူတော်စင် တစ်ဦး ဖြစ်သည်။

​ကျင့်စဉ်အဆင့်မှာ ဆွေ့ဟွမ်ရွှီတို့နှင့် တူညီပြီး ကမ္ဘာတည်ဆောင်ခြင်း အဆင့် နောက်ဆုံးပိုင်းတွင် တည်ရှိသည်။

​ယခု လက်ရှိ ကောင်းကင်ငါးပါး ၊ နေမင်းခုနှစ်ပါးအခန်းကဏ္ဍတွင်လည်း ထိပ်တန်း အဆင့်စာရင်းဝင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

​“ဘယ်သူက မစုံစမ်းဘဲ နေပါ့မလဲ။”

​ဆွေ့ဟွမ်ရွှီက တည်ငြိမ်စွာပင် -

​“ဒီကိစ္စကို စုံစမ်းဖို့အတွက် မဟာကောင်းကင်အရှင် နှစ်ပါး ထပ်ပြီးတော့တောင် အသက်ပေးလိုက်ရတယ်။ အဲဒီနောက်ပိုင်းကစပြီး ရှဲ့ကျစ်ရုံးတော် ကို ပိတ်ပင်ထားလိုက်ရတာပဲ။”

​မဟာကောင်းကင်အရှင် နှစ်ပါး ထပ်ပြီးတော့တောင် အသက်ပေးလိုက်ရတယ် ဟုတ်လား။

​သူတော်စင်များ၏ စိတ်ထဲတွင် မသိမသာပင် အသက်ရှူမှားသွားကြသည်။

​“နောက်ပိုင်းမှာ မထင်မှတ်ဘဲ ကောင်ူကင် ငါးပါးက ရှေးဟောင်း စာအုပ်တစ်အုပ်ကို ရလိုက်တယ်။ အဲဒီစာအုပ်ကနေ ဆန်းနယဲ့အဆင့် အကြောင်းကို မတော်တဆ သိလိုက်ရတယ်။”

​“အဲဒီနောက်ပိုင်းမှာတော့ သဲလွန်စတွေကို ဆက်စပ်ကြည့်လိုက်တဲ့အခါမှ အသုံးဝင်တဲ့ အချက်အလက် တချို့ကို ရလာတာပါ။”

​“ဒီအတွင်းကမ္ဘာ တားမြစ်နယ်မြေတွေကို ဝင်ဖို့ဆိုရင် အရင်ဆုံး ဆန်းနယဲ့အဆင့် ဆိုတဲ့ ဘွဲ့တံဆိပ် ရှိရမယ်။”

​“ဒါက ဝင်ပေါက်တစ်ခုရဲ့ စည်းကမ်းပဲ။ လူတွေကပဲ သတ်မှတ်ထားတာလား၊ ဒါမှမဟုတ် သဘာဝအလျောက် ဖြစ်ပေါ်လာတာလား ဆိုတာတော့ အခုထိ မသိရသေးဘူး။”

​ဆွေ့ဟွမ်ရွှီ ပြောပြီးနောက် ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။

​“ဖန့်သူတော်စင်ဘိုးဘေး၊ မင်းက ကျဲနယဲ့အဆင့် အစောပိုင်း ဘွဲ့တံဆိပ် ပိုင်ရှင်မို့လို့ ဒီ ရှဲ့ကျစ်ရုံးတော် ထဲကို ဝင်သွားရင် ငါတို့ထက် ပိုကောင်းတဲ့ ကံကြမ္မာတွေ ကြုံရနိုင်သလို၊ ငါတို့ထက် ပိုပြီး အန္တရာယ်များတဲ့ အခြေအနေတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။”

​ဝမ်ချုံစန်းတို့၏ အမူအရာမှာ အနည်းငယ် လေးနက်သွားသည်။

​“ဒီအရာတွေကိုတော့ ဝင်သွားမှပဲ သိရမှာပေါ့။ ငါကတော့ ဒီ ရှဲ့ကျစ်ရုံးတော်ထဲမှာ ငါတို့ကို သိမြင်နားလည်စေမယ့် ဘယ်လို အစွမ်းမျိုးတွေ ရှိမလဲ ဆိုတာကို တော်တော်လေး စိတ်ဝင်စားနေမိတယ်။”

​“နတ်ဘုရားစွမ်းအားတွေ မရှိရင်တောင် ဒိန်းရွှမ်သီးတွေ၊ စင်ကြယ်သော ဗောဓိသီးတွေ ရှာတွေ့ရင်လည်း ကောင်းတာပဲ။”

​“တကယ်လို့ ငါတို့ လိုအပ်တဲ့ ယွမ်ရွှီရေ၊ မရဏသားရဲသွေး၊ ကောင်းကင်မီးတောက်သီးတွေများ ရနိုင်မလား။”

​ဖန့်ချန်က ရယ်မောလျက် ပြောသည်။

​သူ၏ ပေါ့ပါးသော အမူအရာကို မြင်လိုက်ရသောအခါ သူတော်စင်များ၏ တင်းမာနေသော စိတ်အခြေအနေမှာလည်း အနည်းငယ် လျော့ကျသွားသည်။

​ရရှိနိုင်မည့် အကျိုးကျေးဇူးများကို တွေးမိသောအခါ စိတ်ထဲတွင် စိတ်အားထက်သန်မှုများ တောက်လောင်လာကြသည်။

​ယခု လက်ရှိ ကောင်းကင်ငါးပါး ကာလအတွင်းတွင် ထိုရတနာများသည် ထိပ်တန်း အဆင့်ဝင် ရတနာများ ဖြစ်နေဆဲဖြစ်ပြီး တန်ဖိုးမှာ အလွန်ကြီးမားသည်။ ၎င်းတို့ကို အတွင်းကမ္ဘာ ကျောက်တုံးများနှင့် လဲလှယ်၍ သူတို့၏ ကျင့်စဉ်အတွက် အထောက်အကူ ရယူနိုင်သည်။

​“ရှူလုံ၊ ဒီရောက်ပြီဆိုတော့ ငါ့ဆီ လာပြီး ဧည့်ခံပါဦးလား။”

​“ဘယ်လိုပဲဖြစ်ဖြစ် ငါကလည်း ပိလော့ ရဲ့ အိမ်ရှင်တစ်ယောက်ပဲလေ။”

​ရုတ်တရက် အဝေးတွင် အတွင်းကမ္ဘာနယ်မြေ ဝင်ပေါက်တစ်ခု ပေါ်လာသည်။ ဝါးတားတား ဖြစ်နေသော်လည်း ထိုအသံမှာမူ သူတော်စင်များ၏ နားထဲတွင် အလွန်ပင် ရှင်းလင်းစွာ ကြားလိုက်ရသည်။

​ဖန့်ချန်တို့ ဘာမှ မလုပ်ဆောင်ရသေးခင်မှာပင် မျက်စိတစ်မှိတ်အတွင်း၌ ရှူလုံ မဟာကောင်းကင်အရှင်မှာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေပြီး ဝင်ပေါက်ပြင်ပရှိ ဟင်းလင်းပြင်ကို အေးဆေးစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

​“ယင်ချဲ့၊ နောက်ထပ် သုံးယောက်က မရောက်သေးဘူးလား။”

​“မရောက်သေးဘူး။”

​“ကောင်းပြီ။”

​ရှူလုံ မဟာကောင်းကင်အရှင်က ခေါင်းညိတ်လိုက်ပြီးနောက် အတွင်းကမ္ဘာဝင်ပေါက်ကို ဖွင့်လိုက်သည်။

​ခဏချင်းမှာပင် သူတော်စင်များမှာ သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ စွမ်းအားတစ်ခု ဖြန့်ကျက်လာသည်ကို ခံစားလိုက်ရသည်။

​“ဒါကတော့ ဒီနေရာက ဟင်းလင်းပြင်ရဲ့ ကြိတ်ချေမှုဒဏ်ကနေ မင်းတို့ကို ကာကွယ်ပေးဖို့ပါ။”

​“ငါ့နောက်ကို လိုက်ခဲ့။”

​သူတော်စင်များမှာ ရှူလုံ မဟာကောင်းကင်အရှင်၏ နောက်သို့ အလျင်အမြန် လိုက်ပါသွားကြသည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် အဝေးရှိ အတွင်းကမ္ဘာနယ်မြေထဲသို့ ရောက်ရှိသွားကြသည်။

​ခန္ဓာကိုယ်သွယ်လျသော အမျိုးသမီး တစ်ဦးမှာ စောင့်ဆိုင်းနေသည်မှာ ကြာပြီဖြစ်ဟန်ဖြင့် ရှူလုံ မဟာကောင်းကင်အရှင်ကို ပြုံးရွှင်စွာ ကြည့်ရင်း စကားစမြည် စတင်ပြောဆိုလာသည်။

​စကားပြောပုံမှာ ရင်းနှီးကျွမ်းဝင်မှုများ ပြည့်နှက်နေပြီး နှစ်ပေါင်းများစွာကတည်းက သိကျွမ်းနေကြမှန်း သိသာသည်။

​“အဲဒါက ယင်ချဲ့ မဟာကောင်းကင်အရှင်ပဲ၊ ပိလော့ ယင်လောက က ဝိညာဉ်မျိုးနွယ်စုရဲ့ ပုဂ္ဂိုလ်ကြီးပေါ့။”

​ထိုက်ဟောင်ဟွမ်းယောင် က ဖန့်ချန်ကို တစ်ချက်ကြည့်ပြီး စကားသံလွှင့်ကာ ပြောသည်။

​ဝိညာဉ်မျိုးနွယ်စု ပြန်ဖြစ်တာလား။

​ဖန့်ချန်၏ စိတ်ထဲတွင် ရုတ်တရက် သဘောပေါက်သွားသည်။ ဤနေရာမှာ ၁၇ ထပ် ဟင်းလင်းပြင် ဖြစ်နေ၍ သာမန် မဟာကောင်းကင်အရှင်မျိုးဆိုလျှင် ရောက်လာဖို့ပင် လွယ်ကူမည် မဟုတ်ပေ။

​ယင်ချဲ့ မဟာကောင်းကင်အရှင်၏ နောက်တွင်လည်း ရင်းနှီးသော မျက်နှာများ ဖြစ်သည့် သူတော်စင် အုပ်စုတစ်စု ရပ်နေကြသည်။

​အကြီးကဲငါးပါးထဲမှ တစ်ဦးဖြစ်သော ရင်ရှန့်ရူ။

​သူတော်စင်ဘိုးဘေး စီမံကိန်း မှ ဖန်လီပန်၊ ဖန်ရုကမ်၊ ဖန်ရွှေ ၊ ရင်တန့် တို့ ဖြစ်ကြသည်။

​“ဖန့်သူတော်စင်ဘိုးဘေး၊ ဒီတစ်ခေါက် ရှဲ့ကျစ်ရုံးတော်က မလွယ်ဘူးနော်။ ဝင်သွားရင် ကျွန်တော့်ကို ဂရုစိုက်ပေးဦး။”

​ဖန််််ရွှေ က အနားသို့ ကပ်လာပြီး ပြုံးစစဖြင့် ပြောသည်။

​နှစ်ဖက်စလုံးမှ ရင်းနှီးပြီးသား သူတော်စင်များမှာလည်း ဤအခွင့်အရေးကို အသုံးချ၍ အတိတ်က အကြောင်းအရာများကို ပြောဆိုကြပြီး အတွင်းကမ္ဘာနယ်မြေကို ပုံဖော်ခြင်းနှင့် ပတ်သက်၍ မေးမြန်းကြသည်။

​ဖန့်ချန်က ဖန််််‌ေရွှကို အဓိပ္ပာယ်ပါသော အပြုံးဖြင့် ကြည့်လိုက်သည်။

​“ကြားရတာတော့ မင်းနဲ့ ရှန်ထင်ဖန်း တို့ ပေါင်းစပ်သွားပြီဆို၊ မင်းတို့နှစ်ယောက်က လမ်းစဉ်တူ ပါရမီဖက်တွေ ဖြစ်သွားပြီလား။”

​“အဲဒီလိုပေါ့ဗျာ။ အရင်တုန်းကတော့ ကျွန်တော်တို့ လမ်းကြောင်း မတူခဲ့ပေမယ့် အခုတော့ အားလုံးက ဝိညာဉ်မျိုးနွယ်စုတွေ ဖြစ်သွားကြပြီဆိုတော့ အတူတူ တွဲလုပ်ကြတာပေါ့။”

​ဖန်််ရွှေက နောက်သို့ လှည့်ကာ အော်ပြောလိုက်သည်။

​“မင်းက ဘာလို့ ဟိုနားမှာ ငုတ်တုတ်ကြီး ရပ်နေတာလဲ။”

​ရှန်ထင်ဖန်းမှာ အခက်အခဲရှိစွာပင် အနားသို့ ရောက်လာပြီး တည်ငြိမ်သောအမူအရာဖြင့် -

​“ဖန့်သူတော်စင်ဘိုးဘေး၊ ပြန်တွေ့ကြပြန်ပြီနော်။”

​ဖန့်ချန် စိတ်ထဲတွင် သဘောပေါက်သွားသည်။ ဤသူနှစ်ဦးမှာ ဝိညာဉ်မျိုးနွယ်စု ဖြစ်သွားကြပြီ ဖြစ်ရာ ယင်ချဲ့ မဟာကောင်းကင်အရှင် ကိုယ်တိုင် ယင်လောကသို့ သွားရောက် ခေါ်ဆောင်လာခြင်း ဖြစ်ပေလိမ့်မည်။

​“မင်းရဲ့ အသံနေအသံထားက ဘာဖြစ်တာလဲ။ စိတ်ထဲမှာ မကျေနပ်သေးလို့လား။”

​ဖန်််ရွှေက မျက်မှောင်ကြုတ်သည်။

​ရှန်ထင်ဖန်၏ အမူအရာ ပြောင်းလဲသွားပြီးနောက် ခေါင်းငုံ့လျက် -

​“ဖန့်သူတော်စင်ဘိုးဘေး၊ အရင်တုန်းက ကျွန်မ လွန်လွန်ကျူးကျူး ပြောမိတာတွေအတွက် တောင်းပန်ပါတယ်။”

​“ကိစ္စမရှိပါဘူး၊ ကိုယ့်လူအချင်းချင်းပဲဟာကို။”

​ဖန့်ချန်က ရယ်မောလျက် ပြောသည်။

​ရှန်ထင်ဖန်းမှာ ဖန့်ချန်၏ အပြုအမူကို မြင်သောအခါ စိတ်အေးသွားပြီး စကားပြောသည့် လေသံမှာလည်း သဘာဝအတိုင်း ပြန်ဖြစ်သွားသည်။ သို့သော်လည်း စကားပြောရာတွင်မူ အသက်ကြီးသော ဘိုးဘေးတစ်ယောက်၏ မာနကို အနည်းငယ် ပေါ်လွင်နေဆဲ ဖြစ်သည်။

​မကြာမီမှာပင် င်ရှန့်ရူမှာ ဆွေ့ဟွမ်ရွှီနှင့်အတူ လျှောက်လာပြီး ဖန့်ချန်နှင့် ရင်းနှီးစွာ စကားပြောဆိုကြသည်။

​ကျန်းထန်းဝမ်ခန်းမ အဖွဲ့ဝင်များက ထိုမြင်ကွင်းကို မြင်သောအခါ အံ့ဩသွားကြသည်။

​“ဖန့်သူတော်စင်ဘိုးဘေး၊ ငါတို့ ဒီတစ်ခါတော့ တရားမျှတစွာ ယှဉ်ပြိုင်ရအောင်။”

​“ဟုတ်တာပေါ့၊ တရားမျှတစွာပဲ ယှဉ်ပြိုင်ကြမယ်။”

​နှစ်ဖက်စလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။

​ရှန်ထင်ဖန်းက အလိုအလျောက်ပင် ဖန်််ရွှေကို ကြည့်လိုက်သည်။

​“သူတို့တွေ ဘာဖြစ်သွားတာလဲ။”

​“မသိဘူး။ အရိုက်ခံရလို့ ကြောက်သွားတာများလား။”

​ဖန်််ရွှေက မေးစေ့ကို ပွတ်သပ်သည်။

​“မဖြစ်နိုင်ပါဘူး။ အကြီးကဲငါးပါးက အမြဲတမ်း ပျော့ညံ့တာကို မကြိုက်ဘဲ မာကျောတာကိုပဲ ကြိုက်တဲ့သူတွေပါ။”

​ရှန်ထင်ဖန်းက ခေါင်းခါလျက် -

​“သူတို့ကို တကယ်သတ်ပစ်မယ်ဆိုရင်တောင် သူတို့က အသနားခံမှာ မဟုတ်ဘူး။ ဖန့်သူတော်စင်ဘိုးဘေးကများ သူတို့ကို စကားကောင်းတွေ ပြောပေးလိုက်လို့လား…”

​“ဒါတော့ မဖြစ်နိုင်ဘူး။”

​ဖန်််ရွှေက ဟိုဘက်ကို တစ်ချက်ကြည့်ပြီး တိုးတိုးလေး ပြောသည်။

​“ဖန့်သူတော်စင်ဘိုးဘေးက ဘယ်လိုလုပ် စကားကောင်း ပြောမှာလဲ။ သူကလည်း ပျော့တာကို မကြိုက်တဲ့သူပဲ။”

​သူတို့နှစ်ဦးစလုံးမှာ အလွန်ပင် သိချင်စိတ် ဖြစ်နေကြသည်။ နှစ်ဖက်စလုံးမှာ မာကျောသော စိတ်ဓာတ်ရှိသူများ ဖြစ်ကြလျက်နှင့် ယခုအခါတွင်မူ အရင်ကဲ့သို့ ရေနှင့်မီးလို မဟုတ်တော့ဘဲ ပိုမို ပြေလည်နေသည်မှာ အဘယ်ကြောင့်နည်း။

​ဤအချိန်တွင် ယင်ချဲ့ မဟာကောင်းကင်အရှင်က လက်ယပ်ခေါ်လိုက်ပြီး ဖန့်ချန်တို့ သုံးဦးကို ခေါ်သွားသည်။

​ထိုနေရာရှိ သူတော်စင်များမှာ ဤမြင်ကွင်းကို မြင်ပြီး သက်ပြင်းချမိကြသည်။

​ဤမြင်ကွင်းမှာ ယခုလက်ရှိ လူငယ်မျိုးဆက်ကို အဆင့်မြင့် ပုဂ္ဂိုလ်များက အလေးထားပြီး အရေးတယူ ရှိကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။

​ထိုသို့သော အရေးပါမှုမျိုးကို ရရှိသူမှာ သူတို့အနည်းငယ်သာ ရှိသည်။

​ထိုက်ဟောင်ဟွမ်းယောင်၊ ဆွေ့ရှင်းကျီး ကဲ့သို့သော အသက်ကြီး ဘိုးဘေးများပင်လျှင် ထိုအဆင့်ထိ မရောက်သေးပေ။

​အခန်း (၂၇၃၀) - ရဲဝံ့စွာ ခန့်မှန်းပြီး ဂရုတစိုက် သက်သေရှာခြင်း

​“ဖန့်ချန်၊ ဒီတစ်ယောက်ကတော့ ပိလော့ အဆင့်မြင့် မဟာမိတ် အဖွဲ့ရဲ့ ယင်ချဲ့ မဟာကောင်းကင်အရှင်ပဲ။ သူက ဝိညာဉ်မျိုးနွယ်စုကနေ ဆင်းသက်လာပြီး ပိလော့ အဆင့်မြင့် မဟာမိတ် အဖွဲ့ရဲ့ ကြီးကြပ်ရေးဌာန၊ ရာဇဝတ်ရေးရာဌာနမှာ တာဝန်ထမ်းဆောင်နေတယ်။ ရာဇဝတ်ရေးရာဌာနရဲ့ အကြီးအကဲ ပုဂ္ဂိုလ်ကြီးပေါ့။”

​ရှူလုံ မဟာကောင်းကင်အရှင်က တည်ငြိမ်စွာဖြင့် မိတ်ဆက်ပေးသည်။

​ဖန့်ချန်လည်း ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် လေးစားစွာ အရိုအသေပြုလိုက်သည်။

​“နောက်ဆုံးမျိုးဆက် ဖန့်ချန်၊ ယင်ချဲ့ အကြီးအကဲကို အရိုအသေပြုပါတယ်။”

​“မင်းရဲ့နာမည်ကို ငါ အစောကြီးကတည်းက သိထားပြီးသားပါ။ အရင်ကလည်း မင်းကို အဝေးကနေ အနည်းငယ် မြင်ဖူးခဲ့ပေမယ့် ဒီတစ်ခေါက်တော့ တကယ်တမ်း မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်ခဲ့ပြီပေါ့။”

​ယင်ချဲ့ မဟာကောင်းကင်အရှင်က ပြုံးလျက် -

​“ယင်လောက တားမြစ်နယ်မြေမှာတုန်းက မင်းက အခွင့်အရေးကို အသုံးချပြီး သူများဒုက္ခကို ထပ်ဆင့် ဒုက္ခပေးတာမျိုး မလုပ်ခဲ့ဘူးလို့ ယင်ရှန့်ရူဆီက ကြားသိခဲ့ရတယ်။ တော်တော် ကောင်းပါတယ်။”

​ဖန့်ချန် ပြုံးပြလိုက်ပြီး ဘာမျှ ပြန်မပြောတော့ပေ။

​ယင်ချဲ့ မဟာကောင်းကင်အရှင်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။

​“ဒီတစ်ခါ မင်းတို့ ရှဲ့ကျစ်ရုံးတော် ထဲကို ဝင်ကြမှာက ကောင်းကင်ငါးပါး မှာ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနား တစ်ခုပါပဲ။ ယင်လောက တားမြစ်နယ်မြေထဲ ဝင်တာနဲ့ မတူဘူး၊ အဲဒီအချိန်ကျရင် ဒီနေရာကို လာကြည့်ရှုမယ့် မဟာကောင်းကင်အရှင်တွေက ရေတွက်လို့ မရအောင် များပြားလိမ့်မယ်။”

​“ဒါကြောင့် ရှဲ့ကျစ်ရုံးတော်ထဲမှာ ဘယ်သူကများ အကွက်ဆင်နေမလဲ ဆိုတာကို စိုးရိမ်စရာ မလိုပါဘူး။ အဓိကကတော့ အတွင်းထဲမှာ အန္တရာယ်တစ်ခုခု ကြုံလာရင် တစ်ယောက်နဲ့တစ်ယောက် ကူညီစောင့်ရှောက်ကြဖို့ပဲ။”

​“မင်းတို့ဘက်မှာက ရှေးဟောင်း သူတော်စင်ဧကရာဇ် စီမံကိန်းက အကြီးကဲငါးပါးတွေ ရှိသလို၊ နောက်ဘက်မှာလည်း သူတော်စင်ဘိုးဘေး စီမံကိန်းက ဖန့်သူတော်စင်ဘိုးဘေး ရှိနေတယ်။ ဂုဏ်ရည်ရှိတဲ့သူတွေ ဖြစ်နေကြပြီဆိုတော့ ထမ်းဆောင်ရမယ့် တာဝန်ကိုလည်း ထမ်းဆောင်ကြရမယ်။ အောက်ခြေက သူတော်စင်တွေကို ဘယ်မဟာမိတ်အဖွဲ့ကပဲ ဖြစ်ဖြစ်၊ အားလုံးကို ဂရုစိုက်ပေးကြပါ။”

​ယင်ချဲ့ မဟာကောင်းကင်အရှင်က သူတို့ကို ခေါ်လိုက်တာက ဒီကိစ္စကို အထူးတလည် မှာကြားချင်လို့မှန်း ဖန့်ချန် မမျှော်လင့်ထားမိပေ။ ထိုစကားကို ကြားသောအခါ ခေါင်းညိတ်၍ -

​“သဘာဝကျပါတယ်၊ အဲဒီအတိုင်း လုပ်ဆောင်ပါ့မယ်။”

​ယင်ရှန့်ရူ နှင့် ဆွေ့ဟွမ်ရွှီ တို့ကလည်း ခေါင်းညိတ်၍ သဘောတူကြောင်း ပြသလိုက်ကြသည်။

(ရင်ကို ယင်လို့ ပြောင်းမယ်နော်)

​“ဒါဆိုရင် အဆင်ပြေပြီ။ ငါစိုးရိမ်တာက မင်းတို့ရဲ့ ကျန်းထန်းဝမ် ခန်းမ နဲ့ သူတော်စင်ဘိုးဘေး စီမံကိန်းတို့ အထဲမှာ ရန်ဖြစ်ကြမှာကိုပါ။ ဒါက ကောင်းကင်ငါးပါးရဲ့ နောက်ဆက်တွဲ စီမံကိန်းအတွက် ဘာကောင်းကျိုးမှ မရှိပါဘူး။”

​“ရှဲ့ကျစ်ရုံးတော်ဆိုတာ ငါတို့လို မဟာကောင်းကင်အရှင်တွေအတွက်တောင် တော်တော်လေး လျှို့ဝှက်ဆန်းကြယ်နေဆဲပါ။ ကံဆိုးတာက ငါတို့ရဲ့ ကျင့်စဉ်အဆင့်က မြင့်လွန်းနေတော့ နိဗ္ဗာန်တားမြစ်နယ်မြေကို သွားပြီး ဆန်းနယဲ့အဆင့် ဘွဲ့တံဆိပ် ရယူဖို့ မဖြစ်နိုင်တော့ဘူး။”

​“ဒါကြောင့် မင်းတို့လို လူငယ်လေးတွေကိုပဲ ငါတို့အစား သွားရောက် စူးစမ်းပေးဖို့ လွှတ်ရတာပါ။ တကယ်လို့ ကောင်းတဲ့ အရာတွေကို ယူဆောင်လာနိုင်မယ်ဆိုရင် ကောင်းကင်ငါးပါးကလည်း ဆုလာဘ်ပေးဖို့ ဝန်မလေးပါဘူး။”

​မှာကြားစရာရှိသည်များကို ပြောပြီးနောက် ယင်ချဲ့ မဟာကောင်းကင်အရှင်က ဖန့်ချန်တို့ကို ပြန်ခိုင်းလိုက်ပြီး သူကိုယ်တိုင်မှာမူ ရှူလုံ မဟာကောင်းကင်အရှင်နှင့် တိုးတိုးတိတ်တိတ် စကားပြောနေကြသည်။ သူတို့နှစ်ဦးစလုံးသည် အသံလွှင့်ကာ ပြောခြင်း မဟုတ်သော်လည်း အသံများမှာမူ တစ်စုံတစ်ခုသော စွမ်းအားဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဝါးတားတား ဖြစ်နေသည်။

​“ငါ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ကိစ္စတစ်ခုကို စူးစမ်းမိထားတယ်။”

​ဝမ်ချုံစန်းက ဖန့်ချန်ကို မျက်စိတစ်ချက်မှိတ်ပြပြီး အနားသို့ ခေါ်ကာ တိုးတိုးလေး ပြောသည်။

​စကားပြောရင်း ပတ်ဝန်းကျင်ကို တစ်ချက် စကင်ဖတ်လိုက်သည်။

“ချင်ဟော်ဆွေ့ ရဲ့ လက်အောက်မှာ တပည့်ငယ် တစ်ယောက် ပေါ်လာတယ်ဆိုတာ မင်းသိလား၊ ဟိုဘက်က လူတွေကတော့ သူ့ကို ဘိုးဘေးငယ် လို့ ခေါ်ကြတယ်။”

​“ကြားဖူးပါတယ်။”

​ဖန့်ချန် ခေါင်းညိတ်သည်။

“သူ ဒီတစ်ခေါက် မပါလာဘူး။”

​“ဒီတစ်ခေါက် မပါလာတာတင် မကဘူး၊ သူ နိဗ္ဗာန်တားမြစ်နယ်မြေ ကိုတောင် တစ်ခါမှ မသွားဖူးဘူး။”

​“ငါသိသလောက်ဆိုရင် သူ့ရဲ့ စွမ်းရည်က မညံ့ဘူး။ နေမင်းခုနစ်ပါး ခန်းမထဲမှာ ထားလိုက်ရင်တောင် ဆွေ့ထျန်းဝမ် တို့ထက် မညံ့တဲ့အပြင် ပိုတောင် သာလွန်နိုင်သေးတယ်။”

​“ဒီလောက် စွမ်းအားရှိတဲ့သူက ရုတ်တရက် ပေါ်လာပြီးမှ နိဗ္ဗာန်တားမြစ်နယ်မြေကို မသွားတာ ဘာသဘောလဲ။”

​ဝမ်ချုံစန်း၏ မျက်လုံးများမှာ အနည်းငယ် မှေးကျဉ်းသွားသည်။

​“မင်းရဲ့ အမြင်ကို ပြောပြပါဦး။”

​ဖန့်ချန်က စဉ်းစားဟန်ဖြင့် ပြောသည်။

​ဝမ်ချုံစန်း -

“ငါ့မှာ သံသယတစ်ခု ရှိတယ်။ သူက ဆန်းနယဲ့အဆင့် ဘွဲ့တံဆိပ် ရပြီးသား ဖြစ်နိုင်တယ်။”

​“တကယ်လို့ သူက ဆန်းနယဲ့အဆင့် ရထားပြီးသားဆိုရင် နိဗ္ဗာန်တားမြစ်နယ်မြေကို သွားတာနဲ့ ချက်ချင်း ပေါက်ကြားသွားလိမ့်မယ်။”

​“ကောင်းကင်ငါးပါးက မဟာကောင်းကင်အရှင်တွေ ဒီကိစ္စကို သိသွားရင် ဘာဖြစ်လာမလဲ ဆိုတာ မင်းလည်း ခန့်မှန်းနိုင်မှာပါ။”

​“ရှောင်ဝမ်၊ မင်းရဲ့ ဒီခန့်မှန်းချက်က တော်တော်လေး ရဲဝံ့လွန်းတယ်။ ဒါပေမဲ့ ရဲဝံ့စွာ ခန့်မှန်းပြီး ဂရုတစိုက် သက်သေရှာရမှာပဲလေ။”

​ဖန့်ချန် အနည်းငယ် အံ့အားသင့်သွားပြီးနောက် တည်ငြိမ်စွာ စဉ်းစားလိုက်သည်။

​“ဒီခန့်မှန်းချက်မှာ ဖြစ်နိုင်ခြေ အတိုင်းအတာတစ်ခု ရှိတယ်။ ဒါ့အပြင် သူ့ကို နိဗ္ဗာန်တားမြစ်နယ်မြေ မသွားနိုင်အောင် တခြား အကြောင်းရင်းတွေလည်း ရှိနေနိုင်တယ်။”

​“ဘယ်လိုပဲဖြစ်ဖြစ် ချင်ဟော်ဆွေ့ ရဲ့ နည်းလမ်းတွေက မရိုးရှင်းဘူး။”

​“အရင်တုန်းကဆို သူ့နောက်ကွယ်မှာ ဘယ်သူ ရှိလဲဆိုတာ ငါတို့ ဘယ်လိုမှ ရှာမတွေ့ခဲ့ဘူး။”

​“အခု မင်းရဲ့ အဆင့်အတန်းကလည်း မနိမ့်တော့ဘူး၊ မဟာကောင်းကင်အရှင်တွေနဲ့လည်း ထိတွေ့ခွင့် ရနေပြီဆိုတော့ အခွင့်ရရင် မေးကြည့်သင့်တယ်။”

​ဝမ်ချုံစန်းက သတိပေးသည်။

​“အဖြစ်နိုင်ဆုံးကတော့ ယန်တန်းနွယ်ဝင်တွေပဲ ဖြစ်လိမ့်မယ်။ စီရင်ချက် ခန်းမထဲမှာ ဆွေ့ထျန်းရှန်း ဆိုတဲ့ မဟာကောင်းကင်အရှင် တစ်ပါးရှိတယ်။ သူက မဟာကောင်းကင်အရှင် ဒုတိယအဆင့်မှာ ရှိမယ်။ သူက ချင်ဟော်ဆွေ့ နောက်ကွယ်က အားကိုးရာတွေထဲက တစ်ယောက် ဖြစ်ဖို့ အလားအလာ အများဆုံးပဲ။”

​ဖန့်ချန်က တွေးတောနေသည်။

“ဒါပေမဲ့ ဒီကိစ္စက ယန်တန်းမျိုးနွယ်ဝင်တွေနဲ့ ဆက်စပ်နေတယ်။ ငါတို့ရဲ့ လက်ရှိ စွမ်းအားနဲ့ဆိုရင်တော့ ချင်ဟော်ဆွေ့ ကို ဘာမှ လုပ်လို့ မရသေးဘူး။”

​“အဲဒါလည်း ဟုတ်တာပါပဲ။ ဒီအဆင့်ကို ရောက်လာပြီဆိုရင်တော့ အားသာချက်ကပဲ အရာရာကို ဆုံးဖြတ်မှာပေါ့။”

​ဝမ်ချုံစန်း ခေါင်းညိတ်သည်။

“ကိုယ့်ရဲ့ အခြေခံ စွမ်းအားကို မြှင့်တင်မှပဲ ဆက်ပြီး ယှဉ်ပြိုင်နိုင်မှာ။ အခု လောလောဆယ် ချင် ဟော်ဆွေ့ဘက်က ငါတို့ကို ဘာမှ လုပ်လို့ မရသေးတဲ့ အချိန်ဟာ အခွင့်အရေးပဲ။ ငါတို့ရဲ့ အခြေခံတွေကို မြှင့်တင်ဖို့ အခွင့်အရေးပေါ့။”

​စကားရပ်ပြီးနောက် -

“ခုနက ငါပြောတာက မင်းကို သတိပေးတာပါ။ နောက်ကျရင် အဲဒီ ဘိုးဘေးငယ် နဲ့ တွေ့ရင် သတိထားပါ။ ငါသူ့ကို အမြင်မကြည်ဘူး။”

​“မင်းအခုလို ပြောမှပဲ ငါသူ့ကို သေချာ စုံစမ်းရတော့မယ်။”

​ဖန့်ချန်၏ ဦးနှောက်ထဲတွင် လျှပ်စီးကြောင်းတစ်ခု ဖြတ်ပြေးသွားသကဲ့သို့ ခံစားလိုက်ရသည်။

​“မင်းက စစ်ဆေးရေးဌာနက သူတော်စင်ပဲ၊ ဒါမျိုးကို စုံစမ်းရတာ မင်းအတွက် လွယ်ပါတယ်။ မင်းပဲ စီမံလိုက်ပါ။”

​ဝမ်ချုံစန်း ပြောပြီးနောက် ချန်အင်းရွှယ် လျှောက်လာသည်ကို မြင်တော့ ဟန်ဆောင်ပြီး သမ်းဝေလိုက်ကာ ချန်ညီမလေးကို နှုတ်ဆက်ပြီး ထွက်သွားတော့သည်။

​“နံပါတ်ကိုး၊ မင်းတို့နှစ်ယောက် ဒီနားမှာ ဘာတွေ တိုးတိုးတိတ်တိတ် ပြောနေကြတာလဲ။ ငါလည်း ကိုယ့်လူပဲဆိုတာ မမေ့နဲ့ဦး၊ ငါ့ကို မပြောပြနိုင်တဲ့ ကိစ္စ ဘာရှိလို့လဲ။”

​ချန်အင်းရွှယ်က ဝမ်ချုံစန်း ထွက်သွားသည့် နောက်ကျောကို ကြည့်ကာ မကျေမနပ် ဖြစ်နေသည်။

​“တတိယ အစ်မတော်၊ ကျွန်တော် အခုဆိုရင် လက်တစ်ချောင်းတည်းနဲ့ အစ်မကို မလှုပ်နိုင်အောင် ဖိနှိပ်ထားလို့ ရနေပြီ။ ပြောပြလည်း အလကားပဲ၊ အစ်မသာ ကျင့်စဉ်ကို ပိုကောင်းအောင် ကျင့်ပါ။”

​ဖန့်ချန်က သက်ပြင်းချကာ ပြောသည်။

​“နှစ်ပေါင်း (၃၀) စည်းစိမ်၊ နှစ်ပေါင်း (၃၀) ဆင်းရဲ စောင့်ကြည့်နေ ”

​ချန်အင်းရွှယ် စကားမပြောနိုင်အောင် ဖြစ်သွားပြီးနောက် လက်သီးကို ဝှေ့ယမ်းကာ စကားတစ်ခွန်း ပစ်ချပြီး ထွက်သွားတော့သည်။

​နောက်ထပ် နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် လင်ယောင် အဆင့်မြင့် မဟာမိတ်၊ လင်ချုံ အဆင့်မြင့် မဟာမိတ်၊ ရှန်းချုံ အဆင့်မြင့် မဟာမိတ် တို့မှ မဟာကောင်းကင်အရှင်များအားလုံး ရောက်ရှိလာကြသည်။

​သူတို့သည် မိမိတို့ လက်အောက်ရှိ သူတော်စင်များကို ခေါ်ဆောင်လာကြပြီး အားလုံးမှာ ကောင်းကင်ငါးပါးတွင် အတွင်းကမ္ဘာနယ်မြေ တစ်ခုလုံးကို ပြည့်စုံအောင် ပုံဖော်ထားနိုင်သည့် ထိပ်တန်းပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။

​ထိုသူတော်စင်များအချင်းချင်းမှာလည်း အတော်လေး ရင်းနှီးနေကြပြီ ဖြစ်သည်။ နိဗ္ဗာန်တားမြစ်နယ်မြေ ကို တစ်ခါထက်မက သွားရောက်ဖူးကြသည်။ ထို့ကြောင့် ရောက်သည်နှင့် အုပ်စုလိုက် ပုံစံမျိုးစုံ ဖြစ်ပေါ်လာကြသည်။

​သူတော်စင်ဘိုးဘေး စီမံကိန်း မှ သူတော်စင်များမှာ သူတို့အချင်းချင်း နီးကပ်စွာ နေကြသည်။

​ကျန်းထန်းဝမ် ခန်းမ မှ သူတော်စင်များမှာလည်း သူတို့အချင်းချင်း ပိုမို နီးကပ်ကြသည်။

​ကြားထဲတွင် ဘက်မလိုက်သော သူတော်စင်များလည်း ရှိသေးသည်။ သူတို့ကတော့ နှစ်ဖက်စလုံးနှင့် အဆင်ပြေအောင် နေကြသည်။

​ခြုံပြောရလျှင်တော့ ရှဲ့ကျစ်ရုံးတော် ကို ဝင်ရောက်မည့် ဒီတစ်ခေါက် အခြေအနေမှာ ပထမဆုံးအကြိမ် နိဗ္ဗာန်တားမြစ်နယ်မြေ ကို သွားတုန်းကထက် ပိုမို ကောင်းမွန်သော လေထု ရှိနေသည်။

​လင်ယောင် ဘက်မှ လူများသာ ချင်းမင် ဘက်ကို ရန်လိုနေဆဲ ဖြစ်သော်လည်း မဟာကောင်းကင်အရှင်များ ရှိနေခြင်းကြောင့် ရန်ပွဲများ မဖြစ်ပွားကြပေ။ တစ်ယောက်ကိုတစ်ယောက် မျက်လုံးပြူးပြီး ကြည့်နေရုံသာ ဖြစ်သည်။

​အကြီးကဲငါးပါး စုဝေးပြီးနောက် သူတို့လက်အောက်ရှိ ဘိုးဘေးများနှင့်အတူ ဖန့်ချန်ဘက်နှင့် တရားဝင် တွေ့ဆုံမှု တစ်ခု ပြုလုပ်ခဲ့သည်။

​ရှဲ့ကျစ်ရုံးတော် ထဲဝင်လျှင် တရားမျှတစွာ ယှဉ်ပြိုင်ရန်၊ သူများဒုက္ခကို အခွင့်ကောင်းမယူရန်၊ တစ်ယောက်ကိုတစ်ယောက် မတိုက်ခိုက်ရန် သဘောတူညီမှု ရယူခဲ့ကြသည်။

​နှစ်ဖက်စလုံး သဘောတူညီမှု ရရှိသွားသောအခါ သူတော်စင်များ၏ စိတ်ထဲတွင် သက်ပြင်းချလိုက်နိုင်ကြသည်။ သူတို့က ရှဲ့ကျစ်ရုံးတော် ၏ အန္တရာယ်ကို မကြောက်ကြသော်လည်း ကျန်းထန်းဝမ် ခန်းမ နှင့် သူတော်စင်ဘိုးဘေး စီမံကိန်း ရန်ဖြစ်ကြပြီး သူတို့ပါ ထိခိုက်မှာကိုသာ ကြောက်နေကြခြင်း ဖြစ်သည်။

​“ဖန့်သူတော်စင်ဘိုးဘေး၊ လင်ယောင် ယင်လောက က အဲဒီ မဟာကောင်းကင်အရှင်ရဲ့ နာမည်ကို မင်းသိလား။”

​စီီကုကျိ က ရုတ်တရက် စကားသံလွှင့်ကာ မေးသည်။

​“ဘာနာမည်လဲ။”

​ဖန့်ချန်က စီီကုကျိကို တစ်ချက်ကြည့်သည်။

​စီီကုကျိ -

“သူ့နာမည်က ယဲ့။”

​ယဲ့ တဲ့လား။

​ယဲ့ထျန်းကူ နှင့် ပတ်သက်နေသလား။

​ဖန့်ချန်သည် ထိုမဟာကောင်းကင်အရှင်ကို ကြည့်လိုက်ရာ သူကလည်း ဖန့်ချန်ကို ပြန်ကြည့်ကာ သဘောကောင်းစွာဖြင့် ပြုံးပြပြီး ခေါင်းညိတ် ပြလိုက်သည်။

​ဖန့်ချန်လည်း လက်အုပ်ချီ အရိုအသေ ပြလိုက်သည်။

​“လူစုံသွားပြီ။ ရှဲ့ကျစ်ရုံးတော် ရဲ့ ချိတ်ပိတ်မှု ပွင့်သွားတာနဲ့ မင်းတို့ထဲကို ဝင်ပြီး စူးစမ်းနိုင်ပြီ။”

​ယင်ချဲ့ မဟာကောင်းကင်အရှင်က ရယ်မောလျက် ပြောပြီးနောက် ရှိနေသော မဟာကောင်းကင်အရှင် လေးပါးနှင့်အတူ အတွင်းကမ္ဘာဝင်ပေါက် အပြင်ဘက်သို့ ထွက်သွားကြသည်။

​တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်ထဲတွင် အတွင်းကမ္ဘာနယ်မြေများ ဆက်တိုက် ပေါ်ထွက်လာသည်။

​သို့သော်လည်း ထိုအတွင်းကမ္ဘာနယ်မြေများ၏ အငွေ့အသက်မှာ လူသား သူတော်စင်များနှင့် အနည်းငယ် ကွဲပြားခြားနားနေသည်။

​“အားလုံးက ယင်လောက က မဟာကောင်းကင်အရှင်တွေပဲ။”

​ဖန့်ချန်၏ မျက်လုံးထဲတွင် အလေးအနက် ရှိသော အမူအရာ ပေါ်လာသည်။

All Chapters