← Chapters

အခန်း (၂၇၂၁-၂၇၂၂)

Vol. 273 Ch. 2721-2722

အခန်း (၂၇၂၁-၂၇၂၂)

Vol. 273 Ch. 2721-2722

အခန်း (၂၇၂၁) - တုတ်ဖြင့် ဝိုင်းရိုက်သတ်ခြင်း

​ပျောက်ကွယ်သွားသည့် ယင်ယန် တားမြစ်နယ်မြေ၊ ရေတွင်းတစ်တွင်းမျှသာ ကျန်ရှိတော့သည့် ရေအိုင်ငယ်လေး ​နှင့်အတူ ဘေးပတ်ပတ်လည်တွင် မျက်နှာပြင်များကို မီးခိုးရောင် မြူခိုးများဖြင့် ဖုံးအုပ်ထားသည့် တည်ရှိနေသူများ။

​ဤမြင်ကွင်းအားလုံးမှာ ဆွေ့ဟွမ်ရွှီနှင့် အခြားအကြီးကဲလေးယောက် တို့အတွက်မူကား မည်သို့ပြုမူရမှန်း မသိနိုင်စရာ ဖြစ်နေသည်။

​သူတို့၏ မျက်ဝန်းအစုံတွင် ယုံမှားသံသယများ ပြည့်နှက်နေသည်။ သို့သော် ဖန့်ချန်ကို မြင်လိုက်ရသည့်အခါတွင်မူ မသိစိတ်က သက်ပြင်းချလိုက်မိပြီး ဖန့်ချန်ဘက်သို့ အလျင်အမြန် တိုးကပ်သွားကာ သတိရှိရှိဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။

​"ဖန့်ဘိုးဘေး... ဒီနေရာက ဘယ်နေရာလဲ။"

​"ငါတို့များ မကောင်းဆိုးဝါးရဲ့ ထောင်ချောက်ထဲ ရောက်သွားပြီလား။"

​"ဖန့်သူတော်စင်ဘိုးဘေး"

​"ဖန့်ချန် တစ်ခုခု ဖြစ်နေပြီ "

​ထိုအခါမှသာ သူတို့ အသိပြန်ဝင်လာသည်။ ဖန့်ချန်မှာ လှုပ်ရှား၍ မရသည့်အပြင် စကားပင် ပြော၍ မရတော့ပေ။

​သူတို့၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ လွှမ်းခြုံသွားသည်။

​"ဒီလူတွေက ဘယ်သူတွေလဲ။"

​တစ်ဦးတစ်ယောက်က မေးလိုက်သည်။

​အဖြူရောင်စက္ကူရုပ်က

"ဒီလူတွေက သူတော်ဧကရာဇ် စီမံကိန်းက အကြီးကဲငါးယောက်ပဲ။ တစ်ယောက်ကတော့ စီီကုကျိ ဆိုသူပေါ့၊ သူကတော့ သေဆုံးသွားပြီ၊ ဒီမှာ မရှိတော့ဘူး။"

ဟု ဖြေလိုက်သည်။

​"သူတော်စင်ဧကရာဇ် စီမံကိန်းက အကြီးကဲ ငါးယောက်လား အော်... သတိရပြီ၊ သူတို့ကိုး။"

​"ကြည့်ရတာလည်း ထူးထူးခြားခြား မရှိပါလား၊ ဒါပေမဲ့ သူတို့ရဲ့ အရည်အချင်းကတော့ သာမန် သူတော်စင်တွေထက် နည်းနည်းပိုသာလိမ့်မယ်။"

​တိုးတိုးတိတ်တိတ် စကားပြောသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

​ဆွေ့ဟွမ်ရွှီက အလေးအနက်ထား၍ -

​"လူကြီးမင်းတို့..."

​"မင်းတို့ အရင်ဆုံး ဘေးကို နည်းနည်းဖယ်ပေးကြ၊ မင်းတို့ကိစ္စကို နောက်မှ ပြောကြမယ်။"

​အဖြူရောင်စက္ကူရုပ်က လက်ကို ဝှေ့ယမ်းလိုက်သည်။

​"..."

​အကြီးကဲ လေးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဘာမှဆက်မပြောတော့ဘဲ လက်ရှိအခြေအနေကို အရင်ဆုံး နားလည်အောင် ကြိုးစားရန်သာ ဆုံးဖြတ်လိုက်သည်။

​"လူကြီးမင်းတို့ရေ... တစ်ဖက်ကို လာကူပေးကြပါဦး၊ အဲဒီ ယင်ယန် ဝိညာဉ်မျိုးနွယ်စုရဲ့ ကျန်ရစ်သူက လက်ရည်နည်းနည်း ရှိနေတယ်ဗျ။"

​ငါးမျှားတံကို ကိုင်ထားသူ တစ်ဦးက အော်ဟစ်လိုက်သည်။

​ဆွေ့ဟွမ်ရွှီတို့မှာ သူတို့လက်ထဲရှိ ငါးမျှားတံများကို ကြည့်လိုက်ပြီးနောက် စိတ်ထဲတွင် ယုံမှားသံသယများ ပိုမိုတိုးပွားလာသည်။

​ဒီလူတွေကလည်း ယင်ယန် ဝိညာဉ်မျက်လုံး၏ စွမ်းအားအနှစ်သာရကို ငါးမျှားနေကြတာလား။

​ဒါပေမဲ့ သူတို့ပြောတဲ့ ယင်ယန် ဝိညာဉ်မျိုးနွယ်စုဆိုတာ ဘာကို ဆိုလိုတာလဲ။

​အနီးအနားမှ တည်ရှိနေသူများမှာမူ ကူညီပေးမည့် အရိပ်အယောင်မရှိဘဲ မထီမဲ့မြင်ပြုသည့် အသံများ၊ အနိုင်ကျင့်လိုသည့် ရယ်မောသံများသာ ထွက်ပေါ်လာသည်။

​အဖြူရောင်စက္ကူရုပ်က စိုးရိမ်တကြီး ဖြစ်နေသည့် ဖန့်ပင်းအန်းကို ကြည့်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။

​"ပင်းအန်း... စိတ်မပူပါနဲ့၊ ဒီနေရာက မိစ္ဆာအိုင် သုံးထောင် ပဲ၊ မင်းအဖေ ဘာမှမဖြစ်နိုင်ပါဘူး။"

​"ရှောင်ပိုင်... စကားကို အဲဒီလောက်လည်း အသေအချာ မပြောပါနဲ့ဦး။"

​"ဖန့်ချန် ဘာလို့ မဖြစ်နိုင်ရမှာလဲ။"

​"သူ့ကိစ္စကို ငါတို့ မကူညီဘဲ ထားလိုက်လို့လည်း ရတာပဲ၊ ဘာပဲပြောပြော သူက လူ့လောကကနေ လာတာလေ။"

​"လူ့လောကနဲ့ ငါတို့လမ်းက မတူဘူး၊ ငါကတော့ မကူညီဖို့ပဲ အကြံပေးချင်တယ်။"

​"အရင်တုန်းက သူတို့ ငါတို့ကို သတ်တုန်းက တစ်ချက်လေးတောင် တုံ့ဆိုင်းမသွားခဲ့ဘူးလေ။"

​"လူကြီးမင်းတို့ ဘယ်လိုထင်ကြလဲ ကူညီမလား၊ မကူညီဘူးလား။"

​"မကူညီဘူး၊ မကူညီဘူး။"

​"ဘာလို့ သူ့ကို ကူညီရမှာလဲ။"

​"ဟုတ်တယ်လေ။"

​ခန်းမထဲတွင် အလွန်ဆူညံသွားသည်။

​ဖန့်ပင်းအန်းမှာ ဘာမှန်းမသိတော့ဘဲ ငေးမောနေသည်။

​မိစ္ဆာအိုင် သုံးထောင်၏ သဘောထားက သူထင်ထားသလို မဟုတ်ပါလား။

​ဖန့်ချန်သည် ထိုစကားများကို ကြားရသောအခါ စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။

​ဆွေ့ဟွမ်ရွှီတို့မှာလည်း အဓိက စကားလုံးကို ကြားလိုက်ရသည်။

​"မိစ္ဆာအိုင် သုံးထောင်လား ဒါက ဟင်းလင်းပြင် ကွပ်မျက်သူတွေထဲက အင်အားစုတစ်ခုလား ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ။"

​သူတို့ လေးဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာမှာ ပိုမိုလေးနက်သွားသည်။

​သူတို့တောင် မကြားဖူးဘူးဆိုတော့ ဒီအင်အားစုက အလွန်ထူးခြားတဲ့ အဆင့်အတန်းမှာ ရှိနေတာပဲ။

​ထိုအချိန်တွင် ရေအိုင်ထဲရှိသူက ဒီဘက်မှ ဆူညံသံများကို ကြားရတော့ အလျင်အမြန်ပင် ဝမ်းသာအားရ ပြောလိုက်သည်။

​"လူကြီးမင်းတို့သာ ဒီကိစ္စကို ဝင်မပါပေးရင် ကျွန်တော် ကျေးဇူးတင်မဆုံး ဖြစ်ရမှာပါ။"

​"မင်းကျေးဇူးတင်တာကို ငါတို့က လိုချင်လို့လား။"

​"မင်းတို့ ယင်ယန် ဝိညာဉ်မျိုးနွယ်စုကလည်း ကောင်းတာတစ်ခုမှ ရှိတာ မဟုတ်ဘူး၊ စိတ်ရှုပ်စရာတွေ။"

​တစ်ဖက်လူမှာ ချက်ချင်းပင် ဆဲဆိုမှုများနှင့် ရင်ဆိုင်လိုက်ရသည်။

လူ​အိုကြီးမှာ ထိုမြင်ကွင်းကို မြင်တော့ ချက်ချင်းပင် ပါးစပ်ကို ပိတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ အခြေအနေကို စောင့်ကြည့်နေသည်။

​ထိုစဉ်တွင် ခန်းမ၏ အဓိကနေရာတွင် ထိုင်နေသည့် ပုံရိပ်မှာ ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။

​အနီးအနားမှ ဆူညံသံများမှာ ချက်ချင်းဆိုသလို ငြိမ်ကျသွားသည်။

​"မင်းတို့ ဒီလောက် ဆူညံနေကြတာ၊ ဘာပုံစံပေါက်နေတာလဲ။"

​"ဒီတစ်ခါ ဧည့်သည်လာတုန်းမှာ မင်းတို့ ဒီလိုလုပ်နေတာက ငါ့ရဲ့ မိစ္ဆာအိုင် သုံးထောင်ကို မျက်နှာပျက်စေတာ မဟုတ်ဘူးလား။"

​"ဆရာသခင်... ဆရာသခင်က စိတ်ပျော့လို့ မရဘူးနော်။"

​"လူ့လောကက ကိစ္စကို ငါတို့ ဘာလို့ ဂရုစိုက်ရမှာလဲ။"

​ခဏတာ ငြိမ်သက်သွားပြီးနောက် ထပ်မံ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

​"ငါလုပ်တဲ့အလုပ်ကို မင်းတို့က လာလက်ညှိုးထိုးနေတာလား အရေအတွက် များနေလို့လား။"

​ထိုပုဂ္ဂိုလ်က အေးစက်စွာ ပြောလိုက်သည်။

​အနီးအနားရှိ တည်ရှိနေသူများမှာ ချက်ချင်းပင် ငြိမ်ကျသွားပြီး မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။

​ဆွေ့ဟွမ်ရွှီတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အဆိုပါ ပုံရိပ်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။

​သူက ဆံပင်ဖြူနှင့် လူအိုကြီးတစ်ယောက်ဖြစ်သော်လည်း မျက်နှာတွင် မီးခိုးရောင် မြူခိုးများ ဖုံးလွှမ်းနေသည်။

​သူတို့က သူ့ကို လူအိုကြီးတစ်ယောက်ဟု သတ်မှတ်လိုက်သည်မှာ ဆံပင်ဖြူကြောင့် မဟုတ်ဘဲ အနည်းငယ် ကိုင်းညွတ်နေသော ခန္ဓာကိုယ်ကြောင့် ဖြစ်သည်။

​လူအိုကြီးသည် အနည်းငယ် ညစ်ပေနေသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။

​"သူက ဒီနေရာရဲ့ ခေါင်းဆောင်ပဲ"

​"ကျင့်ကြံခြင်းကတော့ ခန့်မှန်းလို့ မရနိုင်အောင် နက်နဲလိမ့်မယ်၊ ဟင်းလင်းပြင် ကွပ်မျက်သူတွေထဲက အမြင့်မြတ်ဆုံး အဆင့် ဖြစ်နေမလား။"

​"ငါတို့တော့ ပြီးပြီ။"

​ဆွေ့ဟွမ်ရွှီတို့ လေးဦးမှာ ခဏတာ တိုင်ပင်ပြီးနောက် မျှော်လင့်ချက်မဲ့သည့် ကောက်ချက်ကို ဆွဲလိုက်သည်။

​ထိုအချိန်တွင် လူအိုကြီးမှာ ရေအိုင်ရှေ့သို့ ရောက်ရှိသွားသည်။

​"ရှေ့ကလူကြီးမင်း... ကျွန်တော်..."

​ရေအိုင်ထဲမှ အသံတစ်ခု ထွက်လာသည်။

လူ​အိုကြီးကမူ ဂရုမစိုက်ဘဲ လက်ကို အလွယ်တကူ ဆန့်ထုတ်လိုက်ကာ ဟင်းလင်းပြင် အလွှာ (၃၆) ခုတွင် ဖန့်ချန်ကို ငါးမျှားနေသော လူအိုကြီးကို ရေအိုင်ထဲမှ ဆွဲထုတ်လိုက်သည်။

​သူ၏ လက်ထဲတွင် သစ်သားတုတ်တစ်ချောင်း ရုတ်တရက် ပေါ်လာပြီး ရှေ့သို့ တိုးသွားကာ တစ်ချက်ချင်း ရိုက်နှက်လိုက်သည်။

​ဖန့်ပင်းအန်းမှာ ထိုမြင်ကွင်းကို မြင်တော့ သူ၏ သစ်သားတုတ်ကို ထုတ်ယူကာ ပါဝင်လိုက်သည်။

​"ငါ့အဖေကို ငါးမျှားရဲတယ်ပေါ့"

​"သေစမ်း... သေစမ်း... သေစမ်း"

​ခန်းမထဲတွင် အပ်ကျသံပင် မကြားရအောင် ငြိမ်သက်သွားသည်။

​အနီးအနားမှ တည်ရှိနေသူများမှာ ကြည့်နေကြပြီး ဘာမှ မလှုပ်ရှားကြပေ။

​ဆွေ့ဟွမ်ရွှီတို့မှာ တစ်ယောက်ကိုတစ်ယောက် အံ့ဩစွာ ကြည့်လိုက်သည်။

​"အဲဒီ လူအိုကြီးက ဘယ်ကရောက်လာတာလဲ။"

​"ရေအိုင်ထဲကလား။"

​"သူက ဘာလို့ ရေအိုင်ထဲကနေ ရောက်လာတာလဲ၊ ပြီးတော့ ဒီကလေးငယ်က ဘယ်သူလဲ "

​"မသိဘူး..."

​"ဒါတွေက ဘာဖြစ်နေတာလဲ သူတို့က ငါတို့ကို ဖမ်းဖို့ လာတာလား။"

​"မသိဘူး..."

​မကြာမီပင် ရိုက်ချက်ရာပေါင်းများစွာ ကြာပြီးနောက် ​အဆိုပါ ယင်ယန် ဝိညာဉ်မျိုးနွယ်စုဝင်မှာ တုတ်ဖြင့် အဝိုင်းခံရပြီး သေဆုံးသွားကာ ခန္ဓာကိုယ်မှာ တစ်စစီ ပျောက်ကွယ်သွားသည်။

​လူအိုကြီးက လက်ကို အလွယ်တကူ ဆန့်ထုတ်ကာ အတွင်းမှ အနက်ရောင် နဂါး ရှစ်ကောင်ကို ဆွဲထုတ်လိုက်ပြီး ဖန့်ချန်၏ ဦးခေါင်းထိပ်သို့ လက်ဖြင့် ပုတ်ချလိုက်သည်။

​ထိုခဏလေးမှာပင် ဖန့်ချန်မှာ လှုပ်ရှားနိုင်သွားသည်။

​သူသည် မသိစိတ်က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး မေးခွန်းပေါင်းများစွာ မေးမြန်းချင်သော်လည်း ယင်ယန် ဝိညာဉ်မျက်လုံး၏ စွမ်းအားအနှစ်သာရကြောင့် စကားပင် ပြော၍ မရဖြစ်နေသည်။

​"အရင်ဆုံး စုပ်ယူလိုက်။"

လူ​အိုကြီးက အေးစက်စွာ ပြောလိုက်သည်။

​ဖန့်ချန်မှာ ချက်ချင်းပင် အာရုံစိုက်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအနှစ်သာရများကို စုပ်ယူလိုက်သည်။

​"အဲဒါ စွမ်းအားအနှစ်သာရတွေ မဟုတ်လား။"

​"ဟုတ်မယ်၊ အလွန်သိပ်သည်းတယ်၊ အဲဒီထဲက တစ်ခုတည်းကတောင် ငါတို့ နှစ်ပေါင်းများစွာ ငါးမျှားခဲ့တဲ့ စွမ်းအားတွေထက် အဆပေါင်းရာ၊ ထောင်ပေါင်းများစွာ ပိုသာနေတယ်။"

​ဆွေ့ဟွမ်ရွှီတို့ လေးဦးမှာ တိုင်ပင်လိုက်ကြပြီးနောက် ဖန့်ချန်ကို ရှုပ်ထွေးသည့် မျက်ဝန်းဖြင့် ကြည့်လိုက်သည်။

​လူအိုကြီး၏ အမူရာအရ သူတို့၏ လက်ရှိအခြေအနေကို ခန့်မှန်းမိလိုက်သည်။

​ဒီနေရာက တည်ရှိနေသူများမှာ သူတို့ထင်ထားသလိုမျိုး မဟုတ်ဘဲ၊ ဖန့်သူတော်စင်ဘိုးဘေး နှင့် အလွန်နက်နဲစွာ ဆက်စပ်နေပုံ ရသည်။

​ဖန့်ပင်းအန်းမှာ အံ့ဩသွားပြီး ဖန့်ချန်သည် စွမ်းအားကို စုပ်ယူနေခြင်းသာဖြစ်ပြီး ဝိညာဉ်အလုခံရခြင်း မဟုတ်ကြောင်း သေချာသွားမှ သက်ပြင်းချနိုင်တော့သည်။

​"ပင်းအန်း... ဒီကို လာခဲ့၊ ဘိုးဘိုး တစ်ချက်ကြည့်ရအောင်။"

​လူအိုကြီးက ရုတ်တရက် ဖန့်ပင်းအန်းကို ကြည့်ကာ ပြုံးရွှင်စွာ ခေါ်လိုက်သည်။

​ဖန့်ပင်းအန်းမှာ ထိုအသံကို ကြားတော့ လူအိုကြီးဆီသို့ အလျင်အမြန် သွားလိုက်သည်။

​"ဘိုးဘိုး ကူညီပေးလို့ ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် အဖေ ဒီတစ်ခါတော့ အန္တရာယ်ရှိသွားပြီ။"

​"သူ့အဖေလား။"

​ဆွေ့ဟွမ်ရွှီတို့ လေးဦးမှာ ထိတ်လန့်သွားပြီး ဖန့်ချန်ကို အလိုအလျောက် ကြည့်လိုက်သည်။

​ဒီကောင်မှာ သားရှိတယ်၊ ပြီးတော့ ဟင်းလင်းပြင် ကွပ်မျက်သူလား။

​သူတို့တစ်ခုခုကို ရှာတွေ့သွားပြီဟု ခံစားလိုက်ရသည်။

​သို့သော် စိတ်ထဲတွင် ဝမ်းသာမှု မရှိသည့်အပြင် အေးစက်သွားသလိုပင် ခံစားလိုက်ရသည်။

​"ဘိုးဘိုး မကူညီရင်လည်း မင်းအဖေက ဘာမှဖြစ်မှာ မဟုတ်ပါဘူး။

​ဘိုးဘိုး ကူညီတာက မင်းတို့သားအဖ နှစ်ယောက်ကို မြင်ချင်လို့ပဲ။"

လူ​အိုကြီးက ရယ်မောရင်း ဖန့်ပင်းအန်း၏ ဦးခေါင်းကို ပုတ်လိုက်သည်။

​"မင်းရဲ့ တွမ်မူ ဦးလေးက ဘိုးဘိုးအကြောင်း ပြောပြဖူးလား။"

​"မပြောပြဖူးဘူး ထင်တယ်။"

​ဖန့်ပင်းအန်းက မျက်တောင် ခတ်လိုက်သည်။

​လူအိုကြီးက လက်ကို ဝှေ့ယမ်းကာ ရယ်မောလိုက်သည်။

​"ဟေး... ပုန်ကန်တဲ့ တပည့်လေး "

​အခန်း (၂၇၂၂) - ဖြတ်ထုတ်ခံခဲ့ရသော မူလဝိညာဉ်

​“အဘိုး... တွမ်းမူဦးလေးက အဘိုးရဲ့...”

​ဖန့်ပင်းအန်းမှာ အတော်လေး တုန်လှုပ်သွားသည်။

​စစ်မှန်သော ဝိညာဉ်မျိုးနွယ်စု ထဲက မည်သူမဆို မြင်လိုက်သည်နှင့် ရိုရိုသေသေ ဆက်ဆံရုံသာမက အနည်းငယ် ကြောက်ရွံ့ခြင်း၊ ရိုသေလေးစားခြင်းတို့ဖြင့် ကြည့်ရှုရသည့် ထိုတွမ်းမူဦးလေးသည် မိစ္ဆာအိုင် သုံးထောင်မှ ဆင်းသက်လာသူဖြစ်ပြီး၊ ယခု အဘိုးအို၏ တပည့်ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

​“သူကတော့ ပုန်ကန်တဲ့ တပည့်လေး တစ်ယောက်ပါပဲ။ ဒီနှစ်တွေအတွင်းမှာ အဲဒီဘက်မှာပဲ နေပြီး ပြန်မလာတော့တာ၊ သူ ငါ့ကို စိတ်ကောက်နေမှန်း ထင်ရှားနေတာပဲ။

​ဒီလို ပုန်ကန်တဲ့ တပည့်အကြောင်းကိုတော့ မပြောတာပဲ ကောင်းပါတယ်။”

​အဘိုးအိုက လက်ကို ဝှေ့ယမ်းလိုက်သည်။

​“ဆရာသခင်... တွမ်းမူညီလေးက အရင်က နယ်ပယ်တစ်ခုရဲ့ ငရဲမင်း အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတာဆိုတော့ စိတ်သဘောထား နည်းနည်း ပိုမာတာ သဘာဝပါပဲ။ ဆရာသခင် သူ့ကို စိတ်တိုနေတယ်ဆိုရင် ကျွန်တော် သွားပြီး သူ့ကို တစ်ချက်လောက် သွားရိုက်လိုက်ရမလား။”

​“ဟေး... ဒါဆို ကျွန်တော်လည်း လိုက်မယ်။ တွမ်းမူညီလေးနဲ့ လက်ရည်မစမ်းဖြစ်တာ ကြာပြီ၊ သူ့လက်စွမ်းတွေ တိုးတက်လာလားဆိုတာ သွားကြည့်ဦးမယ်။”

​“ဒါဆို အားလုံးပဲ သွားကြတာပေါ့၊ ဆရာသခင်အစား အငြိုးဖြေပေးလိုက်ရအောင်။”

​အနီးအနားတွင် ဆူညံသံများ ထပ်မံ ထွက်ပေါ်လာသည်။

​ဆွေ့ဟွမ်ရွှီတို့ အဖွဲ့မှာမူ ဘာမှ နားမလည်ကြသဖြင့် တည်ငြိမ်နေဟန် ဆောင်ကာ ကြည့်နေရုံသာ တတ်နိုင်ကြသည်။ သို့သော် သူတို့ စိတ်ထဲတွင် "တွမ်းမူ" ဟူသော နာမည်ကို မှတ်သားထားလိုက်ကြသည်။

​ဤလူသည် ယခင်က နယ်ပယ်တစ်ခု၏ ငရဲမင်းဖြစ်ခဲ့ဖူးသူပင်။

​အကြီးကဲ လေးဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အားလုံး၏ မျက်ဝန်းထဲတွင် လေးနက်သော အမူအရာများ ကိုယ်စီ ဖြစ်ပေါ်နေကြသည်။

​ပုရွက်ဆိတ်အသိုက် နယ်မြေ ၏ ငရဲမင်းဆိုလျှင်ပင် ငရဲမင်းအမိန့်တံဆိပ် ကို အနည်းဆုံး ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပေလိမ့်မည်။

​ဖန့်ပင်းအန်းမှာမူ ထိတ်လန့်ဒေါသထွက်ပြီးနောက် ဒေါသအမျက်ချောင်းချောင်းထွက်နေသည့် ခြင်္သေ့ပေါက်စလေးကဲ့သို့၊ အပြောကြီးနေသော ထိုလူများကို စိုက်ကြည့်လိုက်သည်။

​“ခင်ဗျားတို့က ကျွန်တော့်ရဲ့ တွမ်းမူဦးလေးကို မယှဉ်နိုင်ပါဘူး၊ ထပ်ပြီးတော့ မကြွားကြပါနဲ့တော့ ”

​“ဟား... ဒီကောင်လေးက ငါတို့ကို ကြွားတယ်လို့ ပြောနေတာလား။”

​“အဲဒါဆို သူလေးကို တစ်ချက်လောက် သင်ခန်းစာ ပေးလိုက်ရမလား။”

​အနီးအနားမှ တည်ရှိနေသော သူအချို့မှာ လက်သီးလက်မောင်း တန်းနေကြသည်။

​အနက်ရောင်နှင့် အဖြူရောင် စက္ကူရုပ်များက ထိုမြင်ကွင်းကို မြင်သောအခါ ဖန့်ပင်းအန်းဘေးသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး ဝန်းကျင်ရှိ လူများကို ပြုံးပြလျက် -

​“အစ်ကိုကြီး၊ အစ်မကြီးတို့ခင်ဗျာ၊ ကလေးစကားကို အတည်မယူပါနဲ့ဗျာ။”

​“အမည်းလေး ၊ အဖြူလေး... မင်းတို့လည်း တော်တော်လေး စွမ်းလာပြီပေါ့၊ သူ့ဘက်ကနေ ဝင်ပြောရဲတဲ့အထိပဲ။”

​“မင်းတို့ရဲ့ မူလကိုယ်တွေ ပြန်လာရင်တော့ ကောင်းကောင်းကြီး သင်ခန်းစာ ပေးရဦးမယ်၊ ဟွန်း”

​“အော်ဟစ်နေကြတာ တော်ကြပြီလား။”

​အဘိုးအိုက ရုတ်တရက် လက်ကို မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်ရာ အသံအကျယ်ဆုံး အော်ဟစ်နေသူ အချို့မှာ သူ၏ ရှေ့မှောက်သို့ ရောက်လာပြီး ချက်ချင်းပင် ပါးရိုက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

​ထို့နောက် သူတို့ကို မူလနေရာသို့ ပြန်ပစ်ချလိုက်သည်။

​ပါးရိုက်ခံလိုက်ရသော သူတို့မှာ ပါးကို ကိုင်ထားရင်း ခေါင်းငုံ့ကာ မည်သည့်အသံမျှ ထပ်မထွက်ရဲတော့ပေ။

​ဆွေ့ဟွမ်ရွှီတို့မှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်သွားကြပြီး၊ ဤအဘိုးအိုမှာ ဟင်းလင်ူပြင် ကွပ်မျက်သူ လောက၏ ထိပ်တန်း အကြီးအကဲတစ်ယောက် ဖြစ်ရမည်ဟု စိတ်ထဲတွင် အသေအချာ သတ်မှတ်လိုက်ကြသည်။

​မဟုတ်လျှင် ဤနေရာရှိ ဟင်းလင်းပြင် ကွပ်မျက်သူများကို သူ မည်သို့ တားဆီးနိုင်ပါမည်နည်း။

​ထိုအချိန်တွင် ခန်းမဆောင် အပြင်ဘက်မှ လူအချို့ ရုတ်တရက် ပြေးဝင်လာကြသည်။

​သူတို့ထဲမှ တစ်ယောက်မှာ ဖန့်ချန်၏ ရှေ့သို့ အမြန်လျှောက်လာပြီး အသေအချာ စစ်ဆေးကြည့်ရှုပြီးနောက် အေးစက်သောအသံဖြင့် -

​“သူ နောက်ဆုံးတော့ ရောက်လာပြီပဲ။” ဟု ဆိုလိုက်သည်။

​စကားပြောနေရင်းပင် သူမက ဖန့်ချန်ကို ဖမ်းဆုပ်ရန် လက်ကို ဆန့်လိုက်သည်။

​ဖန့်ပင်းအန်းမှာ ထိတ်လန့်ဒေါသထွက်ကာ ချက်ချင်းပင် ရှေ့သို့ တိုး၍ တားဆီးလိုက်သည်။

​“ခင်ဗျားက ဘယ်သူလဲ”

​တစ်ဖက်လူမှာ သူ့ထက် ခေါင်းတစ်လုံးခန့်သာ ပိုမြင့်ပြီး မျက်နှာတွင်လည်း မီးခိုးရောင် မြူများ ဖုံးလွှမ်းနေသဖြင့် ရုပ်ရည်ကို မမြင်ရပေ။

​“ရှောင်တီကျန့် ဒီကောင်လေးကို ခဏလောက် မထိပါနဲ့ဦး၊ သူက‌ ယင်ယန် ဝိညာဉ်မျက်လုံး ကို နားလည်သဘောပေါက်အောင် ကြိုးစားနေတာ၊ အချိန်နှစ်နှစ်၊ သုံးနှစ်လောက်တော့ ကြာလိမ့်မယ်။”

​အဘိုးအိုက ပြုံးလျက် ပြောသည်။

​“ဒါဆိုလည်း ဖြစ်ပါတယ်၊ သူ့အတွက် နှစ်အနည်းငယ် စောင့်ပေးလိုက်မယ်။”

​ယခုအခါ ဖန့်ချန်၏ အပြင်ဘက် လောကအပေါ် အာရုံခံနိုင်စွမ်းမှာ သုညအထိ ကျဆင်းသွားပြီဖြစ်သည်။

​ယင်ယန် ဝိညာဉ်မျက်လုံး ၏ နက်နဲသော စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး အဆက်မပြတ် ပျော်ဝင်နေသည်။

​ထို့နောက် ထိုစွမ်းအားများမှာ သူ၏ အတွင်းကမ္ဘာ ကြယ်ကိုးလုံး ထဲသို့ ပြန့်နှံ့သွားသည်။

​သာမန်လူဆိုလျှင် ဤ ယင်ယန် ဝိညာဉ်မျက်လုံး၏ စွမ်းအားကို စုပ်ယူရန် အတော်လေး ခက်ခဲလိမ့်မည်၊ ကံကောင်းထောက်မစွာပင် ဖန့်ချန်တွင် အတွင်းကမ္ဘာ ကြယ်ကိုးလုံး ရှိနေ၍သာ ဖြစ်သည်။

​အချိန်မည်မျှ ကုန်လွန်သွားမှန်း မသိတော့ပေ။

​ကြယ်ကိုးလုံးအတွင်းတွင် ထူးဆန်းသော သင်္ကေတများ တဖြည်းဖြည်း ပေါ်ပေါက်လာသည်။

​ဖန့်ချန်က ရုတ်တရက် မျက်လုံးများကို ပွင့်လိုက်သည်။ သူ၏ အကြည့်များမှာ ဟင်းလင်းပြင် အလွှာပေါင်းများစွာကို ထိုးဖောက်သွားပြီး အရာရာကို မြင်တွေ့နေရသည်။

​ထိုအချိန်တွင် သူသည် ဝိညာဥ်စစ်သည်ဌာန ထဲရှိ သူ၏ ခန္ဓာကိုယ်နှင့် ဆွေ့ဟွမ်ရွှီတို့၏ ခန္ဓာကိုယ်ကိုပင် မြင်တွေ့လိုက်ရသည်။

​နောက်ဆုံးတွင် သူ၏ အကြည့်များမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ခန်းမဆောင်ထဲမှ မြင်ကွင်းများကို မြင်တွေ့လိုက်ရသည်။

​“ဖန့်ချန် နိုးလာပြီလား၊ အခု အခြေအနေက တော်တော်လေး မကောင်းဘူး။”

​ဆွေ့ဟွမ်ရွှီတို့ လေးဦးမှာ ပထမဆုံး အနေဖြင့် ရှေ့သို့ တိုးလာကြသည်။

​သို့သော် ဖန့်ချန်မှာ သူတို့ကို လုံးဝ အရေးမစိုက်ဘဲ အနည်းငယ် ကိုင်းညွတ်နေသော အဘိုးအို၏ ခန္ဓာကိုယ်ကို ထူးဆန်းသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။

​“အဖေ... အဖေ အရင်က အခြေအနေက တော်တော်လေး အန္တရာယ်များခဲ့တာ၊ ယင်ယန် ဝိညာဉ်မျိုးနွယ် ရဲ့ အကြွင်းအကျန်တွေက အဖေ့ ဝိညာဉ်ကို လုယူဖို့ ကြိုးစားတာကို ဒီဘိုးဘိုးက ကယ်တင်ပေးခဲ့တာ။

​ပြီးတော့ သူက တွမ်းမူဦးလေးရဲ့ ဆရာသခင်တဲ့။”

​ဖန့်ပင်ူအန်းမှာ စကားလုံးများကို တစ်ဆက်တည်း မနားတမ်း ပြောဆိုကာ ဖြစ်ပျက်ခဲ့သမျှကို အမြန်ဆုံး ရှင်းပြလိုက်သည်။

​ဖန့်ချန်၏ မျက်ဝန်းများမှာ ရုတ်တရက် မီးခိုးရောင် ဖြစ်သွားသည်။

​ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ အခြေခံ အမျှင်တန်းလေးများ ဖြစ်သွားသည်။

​အဘိုးအို၏ ပုံသဏ္ဌာန်မှာ သူ၏ မျက်စိရှေ့တွင် တဖြည်းဖြည်း ပေါ်လာသည်။

​ထိုမီးခိုးရောင် မြူများပင်လျှင် ဖန့်ချန်၏ ရှေးဦး နတ်ဘုရားမျက်လုံး ကို မတားဆီးနိုင်တော့ပေ။

​“ယွမ်ဟယ် ဆရာသခင်...”

​ဖန့်ချန်မှာ အံ့အားသင့်လွန်း၍ စကားပင် ဆွံ့အသွားသည်။

​အကယ်၍ ဤသူသည် ယွမ်ဟယ် ဆရာသခင် ဖြစ်နေလျှင်...

​ချင်ဟော်ဆွေ့ လက်ထဲတွင် ရှိနေသူကရော ဘယ်သူနည်း။

​စစချင်း သူ အဘိုးအို၏ အသံကို ကြားလိုက်သည်နှင့် တစ်စုံတစ်ခု လွဲမှားနေသည်ဟု သူ ခံစားခဲ့ရသည်။

​သူ၏ "ရှေးဦး နတ်ဘုရားမျက်လုံး" ကို တစ်စုံတစ်ယောက်က တမင်တကာ ကြားဝင်ဖျက်ဆီးထားပြီး အတုအယောင်ကို မြင်နေရခြင်း မဟုတ်ပါက၊ ယခု သူ့ရှေ့တွင် ရှိနေသူသည် တကယ့် ယွမ်ဟယ် ဆရာသခင် အစစ်အမှန် ဖြစ်နေသည်။

​“ဒီလူက ဖန့်ချန်ရဲ့ ဆရာသခင်လား သူ့ဆရာက ဟင်းလင်ပြင် ကွပ်မျက်သူ တစ်ယောက် ဖြစ်နေတာလား ”

​ရင်ရှန့်ရှုတို့ လေးဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အံ့အားသင့်လျက် ရှိသည်။

​သို့သော် ခန်းမဆောင်ထဲတွင်မူ ကဲ့ရဲ့သံများနှင့် အထင်သေးသော ရယ်သံများ ထွက်ပေါ်လာသည်။

​“မင်း မှားနေပြီ။”

​“မင်းရဲ့ ဆရာသခင်က လူ့လောကမှာ ရှိနေတာ။”

​“ဆွေမျိုးတော်ဖို့ ကြိုးစားမနေပါနဲ့။”

​ဖန့်ချန်မှာ သူတို့ကို လုံးဝ ဂရုမစိုက်ဘဲ သူ့ရှေ့မှ အဘိုးအိုကိုသာ စိုက်ကြည့်နေသည်။

​ထိုစဉ် အရပ်ပုပု လူတစ်ယောက်မှာ ဖန့်ချန်၏ ရှေ့သို့ လျှောက်လာပြီး -

​“ဖန့်ချန်... ယွမ်ဟယ်ဆိုတဲ့ လူအိုကြီးက အခုထိ နေကောင်းသေးရဲ့လား။”

ဟု မေးသည်။

​“မော်ထျန်းတီကျန့် ”

​ဖန့်ချန်၏ မျက်လုံးများတွင် လေးနက်သော အမူအရာ ပေါ်လာသည်။ တစ်ဖက်လူ၏ မျက်နှာပေါ်ရှိ မြူများမှာလည်း သူ၏ "ရှေးဦး နတ်ဘုရားမျက်လုံး" ကို မတားဆီးနိုင်ခဲ့ပေ။

​ယွမ်ဟယ် ၊ မော်ထျန်းတီကျန့် ... သူ စိတ်ရှုပ်ထွေးသွားသည်။

​ဒီနေရာက နက်ရှိုင်းတဲ့ ဟင်းလင်ပြင်မဟုတ်ဘူးလား။

​ဒီမှာရှိတဲ့ ကောင်တွေက ဟင်းလင်းပြင် ကွပ်မျက်သူတွေ မဟုတ်ဘူးလား။

​ဝိညာဉ်မျိုးနွယ်စုတွေ ခေါ်တဲ့ နတ်ဆိုးတွေ၊ စစ်မှန်သော ဝိညာဉ် လို့ ကိုယ့်ကိုယ်ကို ခေါ်တဲ့သူတွေ...

​ဒါပေမဲ့ ဘာကြောင့်...

​“တော်ကြတော့ အားလုံး ပါးစပ်ပိတ်ထားလိုက်ကြတော့။”

​အဘိုးအိုက မျက်နှာကို တင်းထားရင်း ဟိန်းလိုက်ပြီးနောက် ဖန့်ချန်ကို အေးစက်စက် အကြည့်ဖြင့် ကြည့်ကာ -

​“ငါ့နောက်ကို လိုက်ခဲ့။”

ဟု ဆိုပြီး ခန်းမဆောင် အပြင်ဘက်သို့ လမ်းလျှောက်သွားသည်။

​ဖန့်ချန်မှာ ချက်ချင်းပင် နောက်မှ လိုက်သွားလိုက်သည်။

​ဖန့်ပင်းအန်းကလည်း လိုက်သွားရန် ပြင်သော်လည်း စက္ကူရုပ်လေးက တားဆီးလိုက်သည်။

​“သူတို့ကို သွားခွင့်ပြုလိုက်ပါ။ ဆရာသခင်က ဖန့်ချန်ကို ပြောစရာ ရှိလို့ပါ။”

​“ဒါဆို သူမက ဘာလို့ လိုက်သွားတာလဲ...”

​ဖန့်ပင်းအန်းက မော်ထျန်းတီကျန့် ကို ညွှန်ပြ၍ မေးသည်။

​“အင်း... ဖြေရှင်းစရာ ရှိလို့ပေါ့။ မင်းက ကလေးပဲ ရှိသေးတာ၊ အများကြီး မေးမနေပါနဲ့။”

​စက္ကူရုပ်လေးက ဖန့်ပင်းအန်း၏ ခေါင်းကို ပုတ်လိုက်သည်။

​“ကျွန်တော် မေးပါရစေ... ခင်ဗျားတို့ အားလုံးက ဖန့်ချန်နဲ့ ဘာတော်ကြတာလဲ။”

​ဆွေ့ဟွမ်ရွှီက မနေနိုင်တော့ဘဲ တိုးတိုးလေး မေးလိုက်သည်။

​ခန်းမဆောင်ထဲရှိ အေးစက်သော အကြည့်ပေါင်းများစွာက သူတို့အပေါ်သို့ ကျရောက်လာသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ပြန်မဖြေကြပေ။

​……

​……

​ခန်းမပြင်ပသို့ ရောက်သော် အဘိုးအိုက မီးခိုးရောင်ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် ပြုံးကာ -

​“ဒီနေရာက ဘာဖြစ်နေတာလဲဆိုတာကို မင်း သိချင်နေမှာပေါ့။”

​“ငါက မင်းရဲ့ ဆရာသခင် မဟုတ်ဘူး။ ဒါမှမဟုတ် ငါက သူ့ရဲ့ ပြည့်စုံတဲ့ အစိတ်အပိုင်း မဟုတ်ဘူးလို့ ပြောရမလား။”

​“ဆရာသခင် မိန့်တော်မူပါဦး။”

​ဖန့်ချန်မှာ ရိုသေစွာဖြင့် ဂါရဝပြုလိုက်သည်။

​မော်ထျန်းတီကျန့်က ဖန့်ချန်ကို အေးစက်စက် ကြည့်ကာ -

​“ဖန့်ချန်၊ ယွမ်ဟယ်ဆိုတဲ့ လူအိုကြီးက အရင်က ငါ့ကို အကွက်ဆင်ခဲ့တာ၊ ဒီအကြောင်းအတွက်နဲ့ ငါ သူ့ကို တစ်နေ့ကျရင် လက်စားချေဦးမယ်။”

​“မော်ထျန်းတီကျန့် ၊ စကားကို လေးလေးစားစား ပြောပါ။”

​ဖန့်ချန်၏ မျက်နှာမှာ ချက်ချင်းပင် တည်တင်းသွားသည်။

​“နင်”

​မော်ထျန်းတီကျန့် မှာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ရင်ဘတ်မှာ အတက်အကျ မြန်ဆန်လာကာ အတော်လေး ဒေါသထွက်နေပုံ ရသည်။

​“ဖန့်ချန်၊ ယန်ဝိညာဉ် ကို ကျင့်ကြံတဲ့အခါ ပထမဆုံး အဆင့်က ဘာလုပ်ရမလဲဆိုတာ မင်း သိလား။”

​အဘိုးအိုက တည်ငြိမ်စွာဖြင့် မေးလိုက်သည်။

​“မသိပါဘူး...”

​ဖန့်ချန်က ခေါင်းခါပြသည်။

​ယန်ဝိညာဉ်ကို ကျင့်ကြံပုံနှင့် ပတ်သက်၍ သူ ဘာမျှ မသိရှိထားပေ။

​“ယန်ဝိညာဉ်ကို ကျင့်ကြံဖို့ဆိုရင် မူလဝိညာဉ် ကို ဖြတ်ထုတ်ရမယ်။ ငါကတော့ ယွမ်ဟယ်ရဲ့ အဖြတ်ခံလိုက်ရတဲ့ မူလဝိညာဉ်ပဲ။”

​အဘိုးအို၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားပြီး မျက်ဝန်းထဲတွင် အေးစက်သော အရောင်များ တောက်ပနေသည်။

​“ငါ့ရဲ့ တပည့်တွေ အားလုံးကလည်း အဖြတ်ခံလိုက်ရတဲ့ မူလဝိညာဉ်တွေပဲ။ ငါသာ ဒီနေ့ မရှိရင် သူတို့ မင်းကို ဝိုင်းရိုက်ကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ ငါတို့ အားလုံးရဲ့ စိတ်ထဲမှာ ဒေါသတွေ အပြည့် ရှိနေလို့ပဲ။”

​ခဏရပ်လိုက်ပြီးနောက် သူက မော်ထျန်းတီကျန့်ကို တစ်ချက်ကြည့်ကာ -

​“ရှောင်တီကျန့်ကို အရင်က ယွမ်ဟယ်က အကွက်ဆင်ခဲ့တာ၊ သူက မင်းအတွက် မီးခိုးငွေ့တွေကို စုပ်ယူပေးခဲ့ပြီးတဲ့နောက် သူတို့က သူ့ကို မူလဝိညာဉ်ဖြတ်ထုတ်ဖို့ စီစဉ်ခဲ့တာပဲ။ ဒါကြောင့်လည်း သူ ယွမ်ဟယ် ကို လက်စားချေချင်နေတာပေါ့။”

All Chapters