← Chapters

အခန်း (၂၇၂၃-၂၇၂၄)

Vol. 273 Ch. 2723-2724

အခန်း (၂၇၂၃-၂၇၂၄)

Vol. 273 Ch. 2723-2724

​အခန်း (၂၇၂၃) - ဝိညာဉ်သုံးပါး

​မော်ထျန်းတီကျန့်မှာ ကြားလေလေ ဒေါသထွက်လေလေဖြစ်ကာ ဖန့်ချန်ကို သွားစွယ်များပင် ပေါ်သည်အထိ စိုက်ကြည့်နေသည်။

​သို့သော် ဖန့်ချန်၏ အာရုံမှာ ထိုနေရာတွင် မရှိတော့ပေ။

​သူ၏ ရှေ့တွင်ရှိနေသော အဘိုးအို၏ စကားများကြောင့် သူ အလွန်တုန်လှုပ်သွားရသည်။

​သူ၏ ဦးနှောက်ထဲတွင် အတွေးပေါင်းစုံမှာ လှိုင်းထန်နေသည်။

​“ဆရာသခင်... ကျွန်တော် နည်းနည်း မရှင်းတာလေး ရှိလို့...”

​ဖန့်ချန်က တိုးတိုးလေး ပြောလိုက်သည်။

​“မင်း ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ။”

​ယွမ်ဟယ်က တည်ငြိမ်စွာဖြင့် မေးသည်။

​“ဆရာသခင်။”

​ဖန့်ချန်၏ စိတ်ထဲတွင် လေးလံနေသော ဝန်တစ်ခု ကျသွားသလို ခံစားလိုက်ရပြီး အပြုံးဖြင့် ပြောလိုက်သည်။

​“ဆရာသခင်ရဲ့ အခုအခြေအနေကြောင့် ကျွန်တော့်ကို လက်ခံမှာ မဟုတ်ဘူးလို့ ထင်နေတာပါ။”

​“ဟွန်း”

​ယွမ်ဟယ်က နှာခေါင်းရှုံ့ကာ -

​“မင်း ခုနက ဘာတွေ မရှင်းတာလဲ၊ အကုန်လုံးကို တစ်ခါတည်း မေးလိုက်တော့။

​မင်းတို့ ဒီနေရာမှာ ကြာကြာနေလို့ မရဘူး၊ ငါတို့ရဲ့ မိစ္ဆာအိုင် သုံးထောင် မှာလည်း လုပ်စရာကိစ္စတွေ အများကြီး ရှိသေးတယ်။

​မင်းတို့ကို ဧည့်ခံဖို့ အချိန်မရှိဘူး။”

​“ဆရာသခင်... ယင်လောက က ဝိညာဉ်မျိုးနွယ်စုတွေက ဒီနေရာက စစ်မှန်သော ဝိညာဉ်မျိုးနွယ်စုတွေကို နတ်ဆိုးတွေလို့ ခေါ်ကြပါတယ်။”

​“လူသားတွေကတော့ စစ်မှန်သော ဝိညာဉ်မျိုးနွယ်စုတွေကို ဟင်းလင်းပြင် ကွပ်မျက်သူတွေလို့ ခေါ်ကြပါတယ်။”

​“ဒါပေမဲ့ ဆရာသခင်ကတော့ စစ်မှန်သော ဝိညာဉ်မျိုးနွယ်စုတွေဟာ ဖြတ်ထုတ်ခံလိုက်ရတဲ့ မူလဝိညာဉ်တွေလို့ ပြောခဲ့တာပါ...”

​“ဒီဆက်စပ်မှုတွေက တော်တော်လေး ရှုပ်ထွေးနေတာပါ။”

​ဖန့်ချန်က လက်နှစ်ဖက်ကို ယှက်ကာ -

​“တပည့် တစ်ခဏချင်းနဲ့ နားမလည်နိုင်ဖြစ်နေတာပါ၊ စစ်မှန်သော ဝိညာဉ်မျိုးနွယ်စုဆိုတာ တကယ်တမ်း ဘယ်လိုအရာမျိုးလဲ၊ ဝိညာဉ်မျိုးနွယ်စုနဲ့ ဘာကွာခြားတာလဲဆိုတာကို သိချင်ပါတယ်။”

​“မင်း ဝိညာဉ်သုံးပါး အကြောင်း သိလား။”

​ယွမ်ဟယ်၏ မျက်နှာမှာ အမူအရာ ကင်းမဲ့နေသည်။

​“သက်ရှိအားလုံးမှာ ဝိညာဉ်သုံးပါး ရှိကြတယ်။ ယန်ဝိညာဉ်က မူလဝိညာဉ်ကို ဖြတ်ထုတ်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့ ဝိညာဉ်နဲ့ စိတ်ဓာတ်ကိုပါ ဖြတ်ထုတ်လိုက်တာပဲ၊ ဝိညာဉ်သုံးပါးထဲမှာ တစ်ပါးပဲ ကျန်တော့တယ်။”

​“သက်ရှိသေဆုံးသွားတဲ့အခါ ယန်ဝိညာဉ် ပျောက်ကွယ်သွားပြီး ကျန်ရှိတဲ့ ဝိညာဉ်နဲ့ မူလဝိညာဉ် ကတော့ မင်း ယင်လောက အလွှာ ၁၈ ထပ်မှာ တွေ့ခဲ့တဲ့ ဝိညာဉ်မျိုးနွယ်စုတွေပဲ။ သူတို့မှာ ဝိညာဉ်သုံးပါးထဲက နှစ်ပါး ကျန်တော့တယ်။”

​“သူတို့က ပြန်လည်ဝင်စားလို့ရပြီး ယန်ဝိညာဉ်ကို ပြန်ဖြည့်တင်းလိုက်ရင် လူ့လောကမှာ ပြန်ဖြစ်လာနိုင်တယ်။”

​“ဒါပေမဲ့ ဝိညာဉ်မျိုးနွယ်စုတွေ သေဆုံးသွားရင်တော့ မူလဝိညာဉ်ပဲ ကျန်တော့တယ်။ ဒီနေရာကို ရောက်လာရင်တော့ သူတို့ခေါ်တဲ့ နတ်ဆိုးတွေ၊ လူ့လောကခေါ်တဲ့ ဟင်းလင်းပြင် ကွပ်မျက်သူတွေ၊ ငါတို့ခေါ်တဲ့ စစ်မှန်သော ဝိညာဉ်မျိုးနွယ်စုတွေ ဖြစ်လာတာပေါ့။”

​“ဘာလို့လဲဆိုတော့ ငါတို့မှာ မူလဝိညာဉ်ပဲ ကျန်တော့လို့ပဲ။ ဝိညာဉ်သုံးပါးထဲက တစ်ပါးပဲ ကျန်တော့တာလေ။”

​“ဒါကြောင့် ယန်ဝိညာဉ်က မူလဝိညာဉ်ကို ဖြတ်ထုတ်လိုက်တာပဲဖြစ်ဖြစ်၊ ဝိညာဉ်မျိုးနွယ်စုသေပြီး မူလဝိညာဉ် ဖြစ်လာတာပဲဖြစ်ဖြစ်၊ ငါတို့ အားလုံးက အတူတူပါပဲ။”

​“မင်း ဒါကို ဆက်စပ်မှု သုံးမျိုးလို့ သတ်မှတ်နိုင်ပါတယ်။ ယန်ဝိညာဉ်ပြီးရင် ဝိညာဉ်နဲ့ စိတ်ဝိညာဉ်၊ ဝိညာဉ်နဲ့ စိတ်ဝိညာဥ် ပြီးရင် မူလဝိညာဉ်ပဲ။”

​“မင်းလိုမျိုး ဝိညာဉ်သုံးပါးစလုံး ပြည့်စုံနေမှသာ လူ့လောကမှာ သွားလာနိုင်တာ။”

​“ဒီ မူလဝိညာဉ်အကြောင်း ပြောရရင်တော့... တခြားနည်းနဲ့ ရှင်းပြလို့ရတယ်။ မူလဝိညာဉ်ဆိုတာ အစွန်းရောက်တဲ့ အမုန်းတရားတွေကို စုစည်းထားတာပဲ။ သက်ရှိမှာ ယန်ဝိညာဉ်လည်း မရှိ၊ ဝိညာဉ်လည်း မရှိတော့တဲ့အခါ အမုန်းတရားတွေ စုစည်းထားတဲ့ မူလဝိညာဉ်ပဲ ကျန်တော့တယ်။”

​“ဒါကြောင့်လည်း ယင်လောက က ဝိညာဉ်မျိုးနွယ်စုတွေက ငါတို့ကို နတ်ဆိုးတွေလို့ ခေါ်တာပေါ့။ ငါကတော့ ဒီအသုံးအနှုန်းကို မှန်တယ်လို့တောင် ထင်တယ်။ ငါတို့ထဲမှာ တကယ်ကို လူကောင်းဆိုတာ မရှိသလောက်ပါပဲ။”

​ဤသို့ပြောပြီးနောက် ယွမ်ဟယ်မှာ မနေနိုင်ဘဲ ရယ်မောလိုက်သည်။

​သို့သော် ထိုရယ်သံထဲရှိ အေးစက်စက် အငြိုးအတေးများကြောင့် ဖန့်ချန်မှာ ခေါင်းထဲမှသည် ခြေဖျားထိ တဆတ်ဆတ် တုန်ရီသွားရသည်။

​သူသည် မကောင်းဆိုးဝါးများကို မကြောက်သော်လည်း၊ ယခင်က သူ မြင်ဖူးသည့် ကြင်နာတတ်သော ယွမ်ဟယ် ဆရာသခင်နှင့် ယခုမြင်နေရသည့် အခြေအနေမှာ ကွာခြားလွန်းလှသဖြင့် စိတ်ထဲတွင် မသက်မသာ ဖြစ်သွားသည်။

​“ဘာလဲ၊ ငါ မင်းကို စားလိုက်မှာ ကြောက်နေတာလား။”

​ယွမ်ဟယ်က ဖန့်ချန်၏ စိတ်ခံစားမှု ပြောင်းလဲသွားသည်ကို ရိပ်မိပြီးနောက် နောက်ပြောင်သည့်အလား ပြောလိုက်သည်။

​“ဆရာသခင်ဟာ အစွန်းရောက်တဲ့ အမုန်းတရားတွေနဲ့ ပြည့်နေရင်တောင် မကောင်းဆိုးဝါးတော့ မဟုတ်ပါဘူး။”

​ဖန့်ချန် သက်ပြင်းချလိုက်ပြီး -

​“ကျွန်တော် ဆရာသခင်ရဲ့ စားတာကို မကြောက်ပါဘူး၊ ဆရာသခင်က ကျွန်တော့်ကို မမှတ်မိမှာကိုပဲ ကြောက်တာပါ။ ဒါပေမဲ့ ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ရင် ကျွန်တော် ပူပန်လွန်းနေတာပဲ၊ ဆရာသခင်နဲ့ အစ်ကိုကြီး၊ အစ်မကြီးတွေက ကျွန်တော့်ကို ချစ်ခင်ဆဲပါပဲ။”

​ယွမ်ဟယ်မှာ အံ့အားသင့်သွားပုံရပြီး ဖန့်ချန်ကို စကားတစ်ခွန်းမျှ မပြောဘဲ ကြာမြင့်စွာ စိုက်ကြည့်နေသည်။

​နောက်ဆုံးတွင် သူသည် တစ်ကိုယ်တည်း ရေရွတ်သလို -

​“တကယ်ကိုပဲ တာအိုသုံးထောင် ဂိုဏ်း ရဲ့ အရည်အချင်းရှိတဲ့ ပျိုးပင်လေးပဲ။ ကံမကောင်းတာက မင်းမှာ တခြားပိုင်ဆိုင်မှုတွေ ရှိနေတာပဲ။”

​ဖန့်ချန်၏ မျက်ဝန်းထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အသက်ရှူသံတစ်ချို့ တုန်ခါသွားသည်။

​ဖန့်ချန်ကိုယ်တိုင်ပင် မရိပ်မိလိုက်ချေ။

​သို့သော် ယွမ်ဟယ်ကမူ ချက်ချင်း ရိပ်မိသွားပြီး မျက်နှာတွင် အပြုံးဖျော့ဖျော့လေးဖြင့် -

​“ဖန့်ချန်၊ မင်း ငါ့ကို ဆရာသခင်လို့ ခေါ်ပြီးတော့ အမုန်းတရားတွေ ပြည့်နေတဲ့ ငါတို့လို နတ်ဆိုးတွေကို အမုန်းမပွားဘဲ ကြင်နာစွာ ဆက်ဆံတဲ့အတွက် ငါတို့ကြားက ဆရာတပည့်ဆိုတဲ့ ဂုဏ်ပုဒ်ကို သတ်မှတ်လိုက်ပြီ။”

​“နောက်နေ့ မင်း သေဆုံးလို့ ဒီနေရာကို ရောက်လာရင် ဆရာသခင်က မင်းကို စောင့်ရှောက်မယ်၊ မင်းရဲ့ အစ်ကိုကြီး၊ အစ်မကြီး ထောင်ပေါင်းများစွာကလည်း မင်းကို စောင့်ရှောက်လိမ့်မယ်။”

​“ဆရာသခင်”

​မော်ထျန်းတီကျန့်က ယွမ်ဟယ်ကို ကြည့်လိုက်သည်။

​“ရှောင်တီကျန့်၊ မင်းကိစ္စနဲ့ သူနဲ့ ဘာမှ မဆိုင်တော့ဘူး၊ သူ့အပေါ်မှာ မုန်းတီးစိတ် မထားပါနဲ့တော့။ ဒီထက်ပိုပြီး မင်းက အရင်က ငရဲမိဖုရားအမိန့်တံဆိပ် ကိုတောင် ရထားတာပဲ၊ တွက်ကြည့်ရင် သူက မင်းရဲ့ ‌ယောကျာ်းတောင် ဖြစ်နေဦးမယ်။”

​ယွမ်ဟယ်က မော်ထျန်းတီကျန့်၏ ခေါင်းကို ပုတ်လိုက်သည်။

​“လူ့လောကမှာ ယွမ်ဟယ်က သူ့ကို ချစ်တယ်၊ ဒီနေရာမှာ ဆရာသခင်က မင်းကို ချစ်တယ်၊ မင်း ဘာမှ မရှုံးဘူး။”

​“ဟုတ်ကဲ့၊ ဆရာသခင်။”

​မော်ထျန်းတီကျန့်၏ မျက်ဝန်းထဲမှ ဒေါသများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စိတ်ခံစားမှုများ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

​ဖန့်ချန် စိတ်ထဲတွင် ဝမ်းသာသွားပြီး အရေးကြီးသော ကိစ္စတစ်ခုကို သတိရကာ ချက်ချင်း မေးလိုက်သည်။

​“ဆရာသခင်၊ တွမ်းမူအစ်ကိုကတော့...”

​“မင်းက နယ်မြေကိုးခု ငရဲမင်းခန်းမမှာ သူ့ကို မတွေ့ခဲ့ဘူးလား။”

​ယွမ်ဟယ်က ပြုံးလျက် ပြောသည်။

​“သူက ယွမ်ဟယ်ကို စိတ်ကောက်နေတာ၊ ယွမ်ဟယ်ကပဲ ဒီလမ်းကြောင်းကို ရွေးခိုင်းခဲ့တာကိုး။”

​“ဒါပေမဲ့ ငါကလည်း ယွမ်ဟယ်ရဲ့ အဖြတ်ခံလိုက်ရတဲ့ မူလဝိညာဉ်ပဲလေ၊ ဒါကြောင့် သူ ငါ့ကို စိတ်ကောက်တာက သဘာဝပဲ။”

​“မင်း သူ့နဲ့ မတွေ့တာပဲ ကောင်းပါတယ်။ သူက ခေါင်းမာလွန်းတဲ့သူ၊ ယွမ်ဟယ်သာ သူ့ကို အောက်ကို မလွှတ်လိုက်ရင် သူ နောက်ဆုံးတော့ ပြန်လည်ဝင်စားဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်တော့ဘူး။”

​စကားပြောပြီးနောက် ယွမ်ဟယ်က ခေါင်းကို ခါယမ်းလိုက်သည်။

​ဖန့်ချန် အခုမှ အားလုံးကို နားလည်သွားသည်။ ဖန့်ပင်းအန်း ပြောသော တွမ်းမူဦးလေးမှာ ယဲ့ နတ်ဘုရားနောက်ပိုင်း မျိုးဆက်ဖြစ်သည့် ငရဲမင်းပင် ဖြစ်သည်။ တကယ်ကိုပဲ သူ၏ အစ်ကို ဖြစ်နေသည်။

​“ဒါပေမဲ့ ဆရာသခင်၊ တာအိုသုံးထောင် ဂိုဏ်းက ကျင့်ကြံသူတွေအားလုံးက ယန်နတ်ဘုရားလမ်းကြောင်းကိုပဲ လျှောက်ခဲ့ကြတာလား။”

​“ဝိညာဉ်သုံးပါးထဲက တစ်ပါးပဲ ကျန်တော့တာက ယန်ဝိညာဉ်အတွက်ရော၊ မူလဝိညာဉ်အတွက်ရော ဘယ်ကောင်းပါ့မလဲ...”

​ဖန့်ချန်မှာ ထိုအချက်ကို နားမလည်နိုင်ပေ။ ယန်ဝိညာဉ်လမ်းကြောင်းက အစွမ်းထက်ရုံနဲ့ ကိုယ့်ရဲ့ မူလဝိညာဉ်နဲ့ ဝိညာဉ်ကို စွန့်လွှတ်ရဲတာလား။

​သူဆိုလျှင်တော့ စွန့်လွှတ်ရဲမည် မဟုတ်ပေ။

​“ငါတို့က အဲဒီလို မလုပ်လို့ မရတဲ့ အကြောင်းရင်းတွေ ရှိလို့ပဲ။”

​ယွမ်ဟယ်က တည်ငြိမ်စွာ ပြောသည်။

​ရုတ်တရက် အနီးအနားရှိ ဟင်းလင်းပြင်တွင် လှည့်ပတ်နေသော ဝဲဂယက်တစ်ခု ပေါ်လာသည်။

​ယွမ်ဟယ်နှင့် မော်ထျန်းတီကျန့်တို့က ထိုဝဲဂယက်ဘက်ကို တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။

​ဖန့်ချန်လည်း ထိုဝဲဂယက်ကို စိတ်ဝင်တစား ကြည့်နေမိသည်။

​ထိုဝဲဂယက်မှာ ကြယ်တာရာများထက် ပိုမိုကြီးမားပြီး မည်သည့်သဲလွန်စမှမရှိဘဲ ရုတ်တရက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

​နောက်တစ်စက္ကန့်တွင် ဝဲဂယက်ထဲမှ မျက်လုံးတစ်လုံး ပေါ်လာပြီး ဘေးဘီကို ဝေ့ဝဲကြည့်ရှုနေသည်။

​“ဒါက ဘာကြီးလဲ”

​ဖန့်ချန်မှာ အအေးဓာတ်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

​ထိုမျက်လုံး၏ အကြည့်မှာ သူ ယခင်က မြင်ဖူးသည့် ကောင်းကင်အရှင် များထက်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

​“မင်းကို ပြောစရာရှိတာ ပြောပြီးပြီ၊ မင်းတို့ ပြန်ချိန်တန်ပြီ။”

​“လူ့လောကမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ ငါတို့ လက်တံတွေက အဲဒီအထိ မရောက်နိုင်သလို၊ အချိန်လည်း မရှိဘူး။”

​ယွမ်ဟယ်က ထိုဝဲဂယက်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေသည်။

​စကားပြောပြီးနောက် သူသည် ဖန့်ချန်နှင့် မော်ထျန်းတီကျန့်ကို ခေါ်ဆောင်ကာ ခန်းမဆောင်ထဲသို့ ပြန်ဝင်သွားသည်။

​ထိုအချိန်အတွင်း ဖန့်ချန်က ထိုမျက်လုံးအကြောင်း မေးမြန်းခဲ့သော်လည်း ယွမ်ဟယ်မှာ စကားတစ်ခွန်းမျှ မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။

​ခန်းမဆောင်ထဲရှိ လေထုမှာလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်ကို ဖန့်ချန် ရိပ်မိလိုက်သည်။

​သူ၏ တာအိုသုံးထောင်ဂိုဏ်းမှ အစ်ကိုကြီး၊ အစ်မကြီးများ၏ မျက်နှာများမှာ ကြောက်မက်ဖွယ် ဖြစ်လာကြသည်။

​“ခွေးကောင်တွေ ရောက်လာပြီ၊ သူ့ကို သတ်ပြီး နေရာပြောင်းကြမယ် ”

​ယွမ်ဟယ်က အေးစက်စက် အမိန့်ပေးလိုက်သည်။

​တစ်ခဏချင်းမှာပင် သတ်ဖြတ်လိုသော အငြိုးအတေးများ လေထဲတွင် ထွက်ပေါ်လာသည်။

​စက္ကူရုပ်လေးများပင်လျှင် သတ်ဖြတ်လိုသော အငြိုးများဖြင့် ပြည့်နှက်နေသည်။

​ဖန့်ပင်းအန်းမှာ ဘာတွေဖြစ်နေမှန်း မသိသော်လည်း ဆွေ့ဟွမ်ရွှီတို့မှာ ထိုသတ်ဖြတ်လိုသည့် အငြိုးကြောင့် ကြောက်ရွံ့နေကြသည်။

​သို့သော် နောက်တစ်စက္ကန့်တွင် သူတို့သည် ကောင်းကင်ကြီး လည်ပတ်နေသကဲ့သို့ ခံစားလိုက်ရပြီး ဤနေရာမှ ဆွဲထုတ်ခံလိုက်ရသည်။

​ဖန့်ချန် နောက်ဆုံး မြင်လိုက်ရသည့် မြင်ကွင်းမှာ သူတို့၏ ပုံရိပ်များက အနက်ရောင် ငွေ့တန်းများအဖြစ် ပြောင်းလဲကာ ယွမ်ဟယ်၏ ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းဖြင့် စီးဝင်သွားခြင်းပင် ဖြစ်သည်။

​အရပ်ပုပုနှင့် အဘိုးအိုမှာ ချက်ချင်းပင် ခန်းမဆောင်ကို ဖောက်ထွက်သွားပြီး ကြီးမားလှသော နတ်ဘုရားတစ်ပါးအသွင် ပြောင်းလဲကာ ဝဲဂယက်ထဲမှ မျက်လုံးကို ဖမ်းဆုပ်လိုက်သည်။

​……

​……

​ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။

​ရေကန်ထဲတွင် ယခင်ကအတိုင်း ရေများ ရှိနေသေးသော်လည်း၊ ထူးခြားသည်မှာ ယခင်ကရှိခဲ့သည့် နက်နဲသော စွမ်းအားများမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

​ဒီနေရာကတော့ ယင်ယန် တားမြစ်နယ်မြေ ပင် ဖြစ်သည်။

​“ပြန်ရောက်လာပြီပေါ့...”

​ဖန့်ချန်မှာ စကားမပြောဘဲ တိတ်ဆိတ်နေမိသည်။

​အခန်း (၂၇၂၄) - မင်းကို ဆုံးမရမလား၊ ကလေးစုတ်

​“အဖေ၊ ခုနက ဘာတွေ ဖြစ်သွားတာလဲ။”

​ဖန့်ပင်းအန်း၏ မျက်ဝန်းထဲတွင် ထိတ်လန့်ရိပ်များ ဖြတ်ပြေးသွားသည်။

​“အဘိုးက အရမ်းကို ကြောက်စရာကောင်းတဲ့ ပုံစံမျိုး ဖြစ်သွားသလိုပဲ...”

​“ဘာမှ မဖြစ်ပါဘူး၊ ဆရာသခင်တို့ စီမံနိုင်လောက်ပါပြီ။”

​ဖန့်ချန်က နှစ်သိမ့်လိုက်သည်။

​သို့သော် သူ၏ စိတ်ထဲတွင်မူ ခုနက မြင်ကွင်းကိုသာ ပြန်လည် မြင်ယောင်နေမိသည်။

​ထိုဝဲဂယက်ထဲက မျက်လုံးမှာ မည်သည့်အရာ ဖြစ်မည်နည်း။

​“သူက ယွမ်ဟယ် ဆရာသခင်တို့ကို လိုက်ရှာနေတာလား။”

​“ဆရာသခင်ရဲ့ စကားတွေနဲ့ တုံ့ပြန်မှုတွေကို ကြည့်ရရင် အဲဒီမျက်လုံးပိုင်ရှင်ကို သတ်ပစ်ဖို့က ဆရာသခင်အတွက် ခက်ခဲမှာ မဟုတ်ဘူး။”

​“ဒီမျက်လုံးပိုင်ရှင်ဟာ တခြားအင်အားစုတစ်ခုက တာအိုသုံးထောင်ဂိုဏ်း ရဲ့ တည်နေရာကို ရှာဖွေဖို့ စေလွှတ်လိုက်တာ ဖြစ်ဖို့ များတယ်။”

​“အဲဒီအနောက်က အင်အားစုကိုတော့ ဆရာသခင်တို့တောင် ရင်ဆိုင်ဖို့ ခက်ခဲပုံရတယ်၊ မဟုတ်ရင် နေရာရွှေ့ပြောင်းရမယ်လို့ ပြောစရာ အကြောင်းမရှိဘူး...”

​ဖန့်ချန်မှာ စိတ်ထဲမှပင် တုန်လှုပ်ချောက်ချားစွာ သက်ပြင်းရှိုက်လိုက်သည်။

တာအို​သုံးထောင်ဂိုဏ်း ရဲ့ အခြေအနေမှာလည်း သိပ်မကောင်းလှပုံရသည်။

​သို့သော် ထိုအဆင့်အထိမြင့်မားသော ကိစ္စမျိုးမှာ ယခုသူနှင့်တော့ ပတ်သက်စရာ ဘာမျှမရှိတော့ပေ။

​“ပင်းအန်း၊ ခုနက ငါ့ကို တိုက်ခိုက်ပြီး ဝိညာဉ်ကို လုယူဖို့ ကြိုးစားခဲ့တဲ့ ယင်ယန် ဝိညာဉ်မျိုးနွယ်စုရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်ရှိမယ်လို့ ထင်လဲ။”

​ဖန့်ချန်က ထပ်မံ မေးလိုက်သည်။

​“ကျွန်တော့်ထက်တော့ မနိမ့်ပါဘူး။”

​ဖန့်ပင်းအန်းက ပြောသည်။

​“ဒါဆို ယွမ်ဟယ် ဆရာသခင်ကတော့ အသာလေး ရိုက်သတ်သွားတာပဲ။ ယွမ်ဟယ် ဆရာသခင်ရဲ့ ကျင့်ကြံဆင့်က မဟာကောင်းကင်အရှင် နဲ့ တူညီနေတာလား၊ ဒါမှမဟုတ် သူတော်စင်ဧကရာဇ် နဲ့ နီးစပ်နေတာလား၊ ဒါမှမဟုတ် သူကိုယ်တိုင်က သူတော်စင်ဧကရာဇ် အဆင့်ပဲလား။”

​ဖန့်ချန်မှာ စိတ်ထဲမှပင် နှိုင်းယှဉ်နေမိသည်။

​သာမန် သူတော်စင်တစ်ယောက်ဆိုလျှင် ဤမျှ ရဲတင်းသော ခန့်မှန်းချက်မျိုး လုပ်ရဲမည် မဟုတ်ပေ။

​သို့သော် သူသည် ကန့်သက်ချက်ကျော်လွန်ခြင်း တောင် တွင် ရှေးခေတ်ဂိုဏ်းများ၏ ခေတ်ကို မြင်ဖူးခဲ့သည်။

​ထိုခေတ်ကာလတွင် သူတော်စင်ဧကရာဇ် များမှာ ရှားပါးလှသည် မဟုတ်၊ အမှန်တကယ်တွင် အရေအတွက် အတော်များများ ရှိခဲ့သည်။

​“ငါ့ခန့်မှန်းချက်သာ မှန်ရင် ဟင်းလင်းပြင်အလွှာ ၃၆ ထပ် ရဲ့ ရှုပ်ထွေးမှုနဲ့ အန္တရာယ်က ငါထင်ထားတာထက် အဆပေါင်းများစွာ ပိုများနေမှာပဲ။”

​ထိုအကြောင်းကို တွေးမိသည်နှင့် ဖန့်ချန်က ပတ်ဝန်းကျင်ကို ချက်ချင်း လှည့်ပတ် ကြည့်လိုက်သည်။

​“အမည်းလေးနဲ့ အဖြူလေးတို့ရဲ့ အရိုးပုံစံတွေ ပြန်မလာသေးဘူးလား။”

​“ဟုတ်သားပဲ၊ အဖြူလေးတို့ ပြန်မလာသေးဘူး၊ အဲဒီဘက်မှာပဲ ကျန်ခဲ့တာ ဖြစ်မယ်...”

​ဖန့်ပင်းအန်းမှာ အခုမှ သတိထားမိတော့သည်။

​ခဏမျှ တုံ့ဆိုင်းပြီးနောက် သူ၏ အကြည့်များ ရွေ့လျားသွားကာ ထူးဆန်းသော လေသံဖြင့် -

​“အဖေ တွမ်းမူဦးလေး အမြန်လာနေပုံပဲ၊ အဖေ သူနဲ့ မတွေ့ချင်ဘူးလား။”

​ဖန့်ချန်မှာ ယွမ်ဟယ်၏ သတိပေးချက်ကို ပြန်သတိရသွားပြီး -

​“ခဏတော့ မတွေ့သေးဘူး ၊ နောက်မှ အခွင့်အရေးရှိရင်ပဲ တွေ့တော့မယ်။”

​သူသည် ဤနေရာကို ရောက်ပြီးနောက် ဝိညာဥ်ပြန်လည် ခေါ်ယူခြင်း အတတ် နှင့် ဆက်သွယ်မှု ပြန်လည်ရရှိသွားပြီ ဖြစ်သဖြင့် အချိန်မရွေး ထွက်ခွာနိုင်ပြီ ဖြစ်သည်။

​သို့သော် မထွက်ခွာမီ အနည်းငယ် အဆင်မပြေသော ကိစ္စတစ်ခု ရှိသေးသည်။

​……

​……

​ခြေသံများကို ကြားလိုက်ရသဖြင့် ဆွေ့ဟွမ်ရွှီတို့ လေးဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဖန့်ချန်နှင့် ဖန့်ချန် လက်ထဲတွင် ဆွဲထားသော ကလေးငယ်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

​အကြီးကဲလေးဦး၏ အကြည့်များမှာ လေးနက်နေကြသည်။

​ဤတစ်ခါတွင် သူတို့သည် ယင်ယန် ဝိညာဉ်မျက်လုံး ကို နားမလည်ရုံသာမက၊ တော်တော်လေး အရေးကြီးသော လျှို့ဝှက်ချက်တစ်ခုကိုပါ သိသွားသလို ဖြစ်နေသည်။

​အဓိကအချက်မှာ ထိုကိစ္စကို သိခြင်းက သူတို့အတွက် အကျိုးမရှိရုံသာမကဘဲ အသက်အန္တရာယ်ပါ ကြုံတွေ့ရနိုင်သည်...။

​“ဖန့် သူတော်စင်ဘိုးဘေး ၊ မင်းရဲ့ လျှို့ဝှက်ချက်တချို့ကို ငါတို့ မတော်တဆ သိသွားမိပေမဲ့ ဒါကလည်း ငါတို့အပြစ် မဟုတ်ပါဘူး။”

​“ဒီနေရာမှာ ငါတို့ကို သတ်လိုက်ရင်လည်း ငါတို့မှာ အသက်အစားထိုးနိုင်တဲ့ ကံကြမ္မာ အကာအကွယ် ရှိတယ်ဆိုတာ မင်း သိမှာပါ...”

​ဆွေ့ဟွမ်ရွှီက သက်ပြင်းချလိုက်သည်။

​ရှန်တူရှင်း၊ ဖူချန်းချူးနှင့် ရင်ရှန့်ရှုတို့ကလည်း ဖန့်ချန်ကို သတိကြီးစွာဖြင့် စိုက်ကြည့်နေကြသည်။

​သူတို့သည် ဖန့်ချန် နတ်ဆိုးများကို သတ်ဖြတ်နေသည်ကို မြင်ဖူးထားသည်။

​ယခုကဲ့သို့သော ပတ်ဝန်းကျင်တွင် သူတို့ လေးဦး ပေါင်းတိုက်ခိုက်လျှင်ပင် ဖန့်ချန် လက်ထဲက ဓားကို တားဆီးနိုင်မည် မဟုတ်ဟု သူတို့ ခံယူထားသည်။

​“ခုချိန်မှာ ‘စိတ်ဝိညာဥ် ဖြတ်တောက်ခြင်း နတ်ဘုရားအတတ်’ ကိုသာ သုံးနိုင်ရင် ကောင်းမှာပဲ။”

​ဖန့်ချန်၏ စိတ်ထဲမှ အတွေးတစ်ခု ဖြတ်ပြေးသွားပြီးနောက် အကြီးကဲလေးဦးကို ပြုံးလျက် -

​“မင်းတို့ လေးယောက်၊ မင်းတို့ ငါ့ကို ကျေးဇူးကြွေး တစ်ခု တင်ထားတယ်ဆိုတာ မှတ်မိသေးတယ် မဟုတ်လား။”

​“မှတ်မိပါတယ်။”

​အကြီးကဲလေးဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ခေါင်းညိတ်လိုက်ကြသည်။ အကြွေးကို ငြင်းဆန်မည် မဟုတ်ပေ။

​“ဒီကျေးဇူးကြွေးကို သုံးပြီးတော့ ပါးစပ်ပိတ်ထားဖို့ တောင်းဆိုရင် ရမလား။”

​ဖန့်ချန်က ပြုံးလျက် -

​“ဒီနေရာမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတချို့က လူ့လောကမှာ ပျံ့နှံ့သွားရင်တောင် ငါ့ကို ဘာမှ ထိခိုက်မှာ မဟုတ်ပါဘူး။”

​“ဒါပေမဲ့ ငါ့ကို လူအများကြီးက ယင်လောက အောက်ဘက်အထိ လမ်းကြောင်းတွေ ပိုင်ထားတယ်လို့ သိသွားတာကို မကြိုက်ဘူး။”

​“မဟုတ်ရင် တစ်ယောက်ယောက်က အကူအညီ လာတောင်းရင် ငါက ငြင်းဖို့ ခက်ခဲနေလိမ့်မယ်လေ၊ အဲဒါ တော်တော် အလုပ်ရှုပ်တယ် မဟုတ်လား။”

​"အဲဒီလိုလည်း ရှိတာပေါ့။”

​“ဒါဆို မင်းတို့ နားလည်ပြီလား။”

​“စိတ်ချပါ၊ ဒီကိစ္စကို ငါတို့ အပြင်မှာ ဘယ်သူ့ကိုမှ မပြောဘူး၊ အဲဒါက ငါတို့အတွက်လည်း အကျိုးမရှိပါဘူး။”

​အကြီးကဲလေးဦးက ကတိပေးလိုက်ကြသည်။

​သိပ်တော့ စိတ်မချရသေးဘူး။

​ဖန့်ချန် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

​သာမန်ဆိုလျှင် သူတို့ ပါးစပ်ပိတ်ဖို့အတွက် သတ်ပစ်လိုက်မှာ ဖြစ်သော်လည်း၊ ယခုမူ ဓားကို ဆွဲထုတ်ပြီးသား ဖြစ်နေသည်။

​ဒီနေရာက ကိစ္စတွေကို အပြင်မှာ ပျံ့နှံ့သွားရင် သူ့ကို တိုက်ခိုက်မယ့် သူတွေက ပိုပြီး တွေးတောလာကြလိမ့်မည်။

​ထိုအခါ သူ ရင်ဆိုင်ရမည့် ဖိအားက ပိုများလာပြီး အလုပ်ပိုရှုပ်လာလိမ့်မည်။

​ဖန့်ချန် ဆိုတဲ့လူမှာ ယင်လောက အောက်ဘက်မှာပါ နောက်ခံရှိတယ်လို့ သိသွားရင် သူ အေးဆေး နေရတော့မှာ မဟုတ်ပေ။

​ဟော်ဆွေ့မျိုးနွယ်စု နှင့် သူတို့အနောက်က အင်အားစုတွေက ဆက်ပြီး တိုက်ခိုက်လာလျှင်လည်း ပိုပြီး လျှို့ဝှက်စွာ လုပ်ဆောင်လာကြလိမ့်မည်။

​အဲဒါ မကောင်းဘူး။

​သို့သော် ဒီအဘိုးကြီး လေးယောက်ကတော့ ပြသသင့်သည့် သဘောထားကို ပြသထားကြသည်။

​“အဖေ စိုးရိမ်နေရင် သူတို့ကို ဒီနေရာမှာပဲ ထားခဲ့ဖို့ ကျွန်တော် စီစဉ်ပေးလို့ ရပါတယ်။ ဒါဆို သတင်းက ပေါက်ကြားသွားမှာ မဟုတ်ဘူး။”

​ဖန့်ပင်းအန်းက အကြံပေးသည်။

​ဆွေ့ဟွမ်ရွှီ လေးဦး၏ ကိုယ်မှ စွမ်းအားများမှာ အနည်းငယ် လှုပ်ရှားသွားသည်။

​“ပင်းအန်း၊ သူတို့က ဝိညာဥ်ပြန်လည်ခေါ်ယူခြင်း အတတ် နဲ့ ပြန်သွားနိုင်ရဲ့သားနဲ့ ငါ့ကို စောင့်နေကြတာ၊ စေတနာ အပြည့်ရှိတာကို ငါတို့ မျက်ကွယ်ပြုလို့ မဖြစ်ဘူးလေ။”

​ဖန့်ချန်က ဖန့်ပင်းအန်း၏ ခေါင်းကို ပုတ်လိုက်သည်။

​ဖန့်ပင်းအန်းကလည်း “အော်” ဟု ဆိုလိုက်သည်။

​‌ဆွေ့ဟွမ်ရွှီတို့ လေးဦးမှာလည်း အနည်းငယ် ပြုံးလျက် -

​“ဖန့် သူတော်စင်ဘိုးဘေး သဘောပေါက်တာ ဝမ်းသာပါတယ်။ ဒီကိစ္စက တကယ်ကိုပဲ အရေးကြီးတာမို့လို့ ဖန့် သူတော်စင်ဘိုးဘေး နဲ့ အတူတူ သဘောတူညီချက်တစ်ခု ရယူပြီးမှ ပြန်လည်နိုးထခြင်းအတတ် ကို သုံးပြီး ပြန်သွားကြတာပေါ့။”

​“အဲဒါ...”

​ဖန့်ချန် စကားကို ခဏ ရပ်လိုက်သည်။

​သူ၏ မျက်ဝန်းထဲတွင် မြူခိုးများ တောက်ပလာသည်။

​ထို့နောက် ပတ်ဝန်းကျင်ရှိ အချိန်ကာလမှာ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။

​သူ၏ မျက်လုံးရှေ့တွင် ရုပ်ရည်လှပသော အမျိုးသမီး တစ်ယောက် ပေါ်လာသည်။

​“မင်း...”

​ဖန့်ပင်းအန်းမှာ အံ့အားသင့်သွားသည်။

​“မင်းက ဒီအတတ်ကို ခုခံနိုင်တာပဲ၊ ဒါကြောင့်လည်း...”

​ကျီရှန် က ဖန့်ပင်းအန်းကို ပြုံးလျက် ကြည့်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်သည်။

​“စကားမပြောနဲ့နော်။”

​“ဟုတ်ကဲ့။”

​ဖန့်ပင်းအန်းမှာ မသိစိတ်အတိုင်း ခေါင်းညိတ်လိုက်သော်လည်း သူ၏ မျက်ဝန်းထဲတွင်မူ အံ့အားသင့်မှုများ ကျန်ရှိနေသည်။

​ထို့နောက် ကျီရှန်သည် အကြီးကဲလေးဦးထံသို့ သွားရောက်ကာ သူတို့၏ နဖူးကြားကို တစ်ချက်ချင်း ပုတ်လိုက်ပြီးနောက် ဖန့်ပင်းအန်း ရှေ့တွင် ထိုင်ချလိုက်သည်။

​“ပင်းအန်း၊ ဒီနေ့ကိစ္စက ငါတို့နှစ်ယောက်ရဲ့ လျှို့ဝှက်ချက်ပဲ။ တစ်နေ့နေ့မှာ မင်းက ဒီအကြောင်းကို မင်းအဖေကို ပြောပြဖို့ လိုအပ်တယ်လို့ ခံစားရရင် ပြောပြလိုက်ပါ။”

​“ဒါပေမဲ့ အခုတော့ လျှို့ဝှက်ထားရမယ်။”

​“ ကျွန်တော် အခုပဲ အဖေ့ကို ပြောပြချင်နေတာ။”

​ဖန့်ပင်းအန်းက ငြိမ်သက်နေသော ဖန့်ချန်ကို တစ်ချက်ကြည့်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် -

​“ကျွန်တော် လုပ်လို့ မရဘူး ဖြစ်နေတယ်။”

​“သိရင်ပြီးရော၊ အစ်မမှာ မင်းကို ဆုံးမဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်။”

​ကျီရှန်က လက်သီးကို ဆုပ်၍ ဖန့်ပင်းအန်း ရှေ့တွင် ဝေ့ယမ်းပြလိုက်သည်။

​“လိမ္မာနော်၊ လျှို့ဝှက်ထားရမယ်။”

​ထို့နောက် သူမသည် ထရပ်လိုက်ပြီး ဖန့်ချန်၏ မျက်လုံးထဲတွင် ပြန်လည် ပျောက်ကွယ်သွားသည်။

​“အဖေ့ရဲ့ မျက်လုံးထဲမှာ အစ်မကြီး တစ်ယောက် ရှိနေတာပဲ၊ နည်းလမ်းတွေကလည်း မညံ့လှဘူး။”

​“အဘိုးက အဖေ့ကို သူကိုယ်တိုင် မတိုက်ခိုက်ရင်တောင် ဘာမှ မဖြစ်ဘူးလို့ ပြောခဲ့တာ အကြောင်းရှိတာပဲ။”

​“ဒါပေမဲ့ ဒီကိစ္စကို အဖေက သိပုံမရဘူး။”

​ဖန့်ပင်းအန်း တွေးနေစဉ် ဖန့်ချန် နိုးထလာသည်ကို မြင်လိုက်ရသဖြင့် စကားပြောရန် ပြင်လိုက်သည်။

​သို့သော် ပါးစပ်ကို ဟလိုက်သည့်အချိန်တွင် သူ၏ အသိစိတ်မှာ ရုတ်တရက် ဝေဝါးသွားသည်။

​“ကလေးစုတ်၊ မင်းကို ဆုံးမရမလား။”

​သူ၏ နားထဲတွင် ရှင်းလင်းမှု မရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။

All Chapters