← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း (၁၈၃) - သေတ္တာဖွင့်ခြင်း (၁)

ကျန်းဟူလောက၏ကောလာဟလများအရ ထျန်းကျီးအမိန့်တော်ပြားကို ကိုင်ဆောင်ထားသူသည် ထျန်းကျီးတောင်ကြားသို့ ဝင်ရောက်နိုင်သည်ဟု သိရပေ၏။

ထိုနေရာ၌ ထျန်းကျီးရသေ့၏ စုဆောင်းမှုအားလုံးကို ရရှိနိုင်ပြီး ၎င်းတို့ထဲတွင် ဆန်းကြယ်သောရတနာများ၊ နတ်မင်းလက်နက်များနှင့် အမျိုးမျိုးသောသိုင်းပညာကျမ်းစာများ ပါဝင်လေသည်။

ဤကောလာဟလများ မည်သည့်နေရာမှ စတင်ပျံ့နှံ့လာသည်ကို ခေတ္တဘေးဖယ်ထားဦးတော့။ ဝမ်ဖူစန်းသည် ချူချင်းအား သူတို့ ထျန်းကျီးအမိန့်တော်ပြားကိုရရှိထားသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သော်လည်း ထျန်းကျီးတောင်ကြားကိုမူ လုံးဝရှာမတွေ့ခဲ့ကြောင်း ပြောပြဖူး၏။

သို့သော် ယခုအခါ ထျန်းရှင်းတောင်ခြေ၌ ထျန်းကျီးပိုက်ကွန်အင်းကွက်တည်ရှိနေချေပြီ။

ထိုစဉ်က ဝမ်ထျန်းဟန်သည် ထျန်းရှင်းတောင်၌ လော့ချန်အိမ်တော်ကိုတည်ထောင်ခဲ့ခြင်းမှာ ဤနေရာတွင် ရန်ထျန်းကြယ်တာရာကာကွယ်ရေးကျင့်စဉ်ကို နားလည်သဘောပေါက်ခဲ့သောကြောင့်ပင် ဟုတ်ပါသလော။

သို့မဟုတ် ထျန်းကျီးတောင်ကြားသည် ထျန်းရှင်းတောင်ခြေ၌ တည်ရှိနေကြောင်းကို ထိုစဉ်ကတည်းက သူသိရှိနေခဲ့၍လော။

သူကိုယ်တိုင်သာ ရှာမတွေ့ခဲ့ဘဲ နောင်လာနောက်သားများလည်း နှစ်ပေါင်းများစွာတိုင်အောင် ရှာမတွေ့ခဲ့ကြခြင်း ဖြစ်ပေမည်လော။

ဤဖြစ်နိုင်ခြေက ချူချင်းကို အနည်းငယ် စိတ်လှုပ်ရှားသွားစေ၏။

နှစ်ပေါင်းများစွာရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့သောနေရာတစ်ခုသည် အမှန်တကယ်တော့ ခြေဖဝါးအောက်တည့်တည့်တွင် ရှိနေခြင်းပင်။

အကယ်၍...

ယခုလော့ချန်အိမ်တော်တစ်ခုလုံး၌ စုဝေးနေကြသောကျန်းဟူလောကသားများ ဤအကြောင်းကိုသိရှိသွားကြလျှင် မည်သို့ဖြစ်မည်နည်း။

လော့ချန်အိမ်တော်ကို ချက်ချင်းပင် စီးနင်းတိုက်ခိုက်ပြီး ဤနေရာသို့ အလုအယက်တိုးဝှေ့ဝင်ရောက်လာကြပေလိမ့်မည်။

လက်ရှိအချိန်တွင် ဤအကြောင်းအရာကို လူသိနည်းလေ ကောင်းလေပင်။

ချူချင်းသည် ယခင်က ကွယ်ကွယ်ဝှက်ဝှက်ကြံစည်နေသူက ထျန်းကျီးတောင်ကြားတည်နေရာကို လူသိရှင်ကြားထုတ်ဖော်လိမ့်မည်ဟု ခန့်မှန်းခဲ့သော်လည်း။

ထိုနေ့ရက်သည် မည်သည့်အချိန်တွင် ရောက်ရှိလာမည်ကို မသိရသေးချေ။ ယခုအခါ အခွင့်အရေးကိုလက်ဦးမှုရယူနိုင်မည်ဖြစ်ရာ မိမိအတွက် အားသာချက်ကိုတတ်နိုင်သမျှ ဆုပ်ကိုင်ထားရမည်သာ။

အမှန်တကယ်တော့...

ဤအရာအားလုံးမှာ ခန့်မှန်းချက်သာ ရှိသေး၏။

ဤအင်းကွက်ကိုဖြိုခွဲပြီးမှသာ အရာအားလုံးက အမှန်တရားပေါ်လွင်လာပေလိမ့်မည်။

စီယဲ့သည် ချူချင်း၏စကားကိုကြားသောအခါ မျက်လုံးများထဲ၌ လေးနက်တည်ကြည်သော အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။

သူသည် ချူချင်းအား ဦးညွှတ်ဂါရဝပြုပြီးနောက် ထျယ်ချူချင်နှင့်အတူ အင်းကွက်ကို စတင်လေ့လာတော့၏။

ဝမ်ရိုကမူ ချူချင်း၏အနားသို့ လျှောက်လှမ်းလာခဲ့သည်။

နှစ်ယောက်သားမျက်လုံးချင်းဆုံမိစဉ် ချူချင်းကပြုံးလိုက်၏။

"ငါ မှတ်မိတာ မမှားဘူးဆိုရင်... ငါ လော့ချန်အိမ်တော်ကို ဒီနေ့မှရောက်တာ မဟုတ်လား..."

"ဘာလို့ ရက်အတော်ကြာကြာနေခဲ့ပြီးသလို ခံစားနေရတာလဲ..."

"နေ့လယ်ကမှ ရောက်တာ..."

ဝမ်ရိုက တိုးညင်းစွာပြောလိုက်သည်။

အမှန်တကယ်ပင် မွန်းတည့်ချိန်ကမှရောက်ရှိခဲ့ခြင်း ဖြစ်ပေသည်။ ရောက်ရောက်ချင်း ဝမ်ဖူစန်းနှင့်ရှင်းလင်းခဲ့ရပြီးနောက် ထျယ်ချူချင်နှင့်သိကျွမ်းခဲ့ကာ သူတောင်းစားနောက်သို့ လိုက်လံစုံစမ်းသော်လည်း မအောင်မြင်ခဲ့ဘဲ မတော်တဆလမ်းပျောက်နေသည့် ထျယ်ချူချင်ကို ကယ်တင်နိုင်ခဲ့လေသည်။

ပြန်ရောက်လာသောအခါ ယွီလုံသူခိုးအိုကြီး အိမ်တော်သို့ကျူးကျော်ဝင်ရောက်လာသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး ကြယ်ကြည့်စင်မြင့်သို့သွားရောက်ကာ ထိုဟန်ဆောင်ကောင်းသောမိန်းကလေးနှင့် ချောင်ချိုးဖူတို့ကိုတွေ့ဆုံခဲ့ရပြန်၏။

ထို့နောက်ပြန်လာချိန်တွင် ထျယ်ချူချင်နှင့်ဝမ်ရိုတို့ ပြန်ပေးဆွဲခံလိုက်ရကြောင်း တွေ့ရှိခဲ့ရလေသည်။

ဤသို့ဖြင့် အဖြစ်အပျက်များက တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပေါ်နေခဲ့ရာ ချူချင်းအားအသက်ရှူရန်ပင် အခွင့်အရေး လုံးဝမပေးခဲ့ချေ။

ယွီလုံသူခိုးအိုကြီးကိုသတ်ဖြတ်ပြီးနောက် သေတ္တာဖွင့်ရန်ပင် အချိန်မရခဲ့ပေ။

သူသည် နေရာတစ်ခုရှာကာ ထိုင်ချလိုက်ပြီး ဤနေရာသည် အတော်အတန်လုံခြုံသည်ဟု ခံစားမိလေသည်။

သူမော့ကြည့်လိုက်ရာ ထျယ်ချူချင်နှင့်စီယဲ့တို့သည် အလွန်အာရုံစိုက်နေကြသော်လည်း ဤအင်းကွက်ကို မည်သည့်အချိန်တွင် ဖြိုခွဲနိုင်မည်ကိုမူ ခန့်မှန်းရခက်လှပေသည်။

"ငါ့ကို လူကြည့်ပေးထားလို့ရလား..."

ချူချင်းက ခေတ္တမျှတုံ့ဆိုင်းသွားပြီးနောက် ဝမ်ရိုအား ပြောလိုက်သည်။

သူသည် ယခုအခါစွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်၏။

အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ထိုအမည်မသိသူတောင်းစားသည် သူ့ကို ဖိအားအနည်းငယ်ပေးနေခဲ့လေသည်။

ဤအခြေအနေမျိုးတွင် သေတ္တာကိုအမြန်ဆုံးဖွင့်၍ သိုင်းပညာသစ်များရရှိရန် ဆန္ဒရှိနေပေသည်။

၎င်းက မိမိကိုယ်ကိုယုံကြည်မှု တိုးပွားစေရန်လည်း ဖြစ်ပေသည်။

လက်ရှိအခြေအနေတွင် သေတ္တာဖွင့်ခြင်းမှာ အကောင်းဆုံးရွေးချယ်မှု မဟုတ်သော်လည်း ဤအင်းကွက်ကိုဖြိုခွဲပြီးသည်နှင့် ထိုအဘိုးအိုသူတောင်းစားနှင့် ရင်ဆိုင်ရနိုင်ချေရှိပေသည်။

ထိုမတိုင်မီ မိမိ၏စွမ်းအားကို အနည်းငယ်မြှင့်တင်ထားနိုင်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။

"ကောင်းပြီ... တကယ်လို့ အန္တရာယ်တစ်ခုခုရှိလာရင်... ကျွန်မကိုကျော်ဖြတ်နိုင်မှ အစ်ကို့ဆီရောက်လိမ့်မယ်..."

ဝမ်ရိုကမူ တုံ့ဆိုင်းမှုမရှိဘဲ တိုက်ရိုက်ခေါင်းညိတ်လိုက်သည်။

"တကယ်တမ်းတော့ အဲ့ဒီအဆင့်အထိရောက်မှာ မဟုတ်ပါဘူး..."

ချူချင်းက ဆွံ့အသွားပြီးနောက် ခေါင်းကို ညင်သာစွာခါယမ်းလိုက်၏။

ဤတစ်ကြိမ်သေတ္တာဖွင့်ရာ၌ အတွင်းအားကျင့်စဉ်တစ်ခု ထပ်မံထွက်ပေါ်လာမှသာ လိုအပ်ပေလိမ့်မည်။

မဟုတ်ပါက ပြဿနာတစ်ခုခုရှိလျှင်ပင် သူသည် ချက်ချင်းထရပ်၍ တိုက်ခိုက်နိုင်စွမ်းရှိပေသည်။

ဝမ်ရိုက ဆက်မပြောတော့ဘဲ ကျောခိုင်း၍စောင့်ကြပ်ပေးလိုက်လေသည်။

ချူချင်းသည် ကျောက်နံရံကိုမှီ၍ စနစ်ကိုခေါ်ယူလိုက်၏။

[မဖွင့်ရသေးသော သိုင်းပညာရတနာသေတ္တာ တစ်လုံး ရှိသည်။ ဖွင့်ရန် ဆန္ဒရှိပါသလား။]

ဤကဲ့သို့အခြေအနေမျိုးတွင် လက်ဆေးရန်လည်း မဖြစ်နိုင်တော့ရာ ချူချင်းက သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်၏။

"ဖွင့်လိုက်တော့..."

[အောင်မြင်စွာ ဖွင့်လှစ်ပြီးပါပြီ။ ရရှိသော လက်ဝါးသိုင်း -ဆယ့်ရှစ်ချက် နဂါးနှိမ်နှင်းလက်ဝါးသိုင်း]

ချူချင်းက ချက်ချင်းပင်မော့ကြည့်လိုက်ရာ မျက်လုံးများထဲ၌ တောက်ပသောအရောင်အဝါတစ်ခု ဖြတ်ပြေးသွားလေသည်။

'လက်မဆေးရင်လည်း ကောင်းတာမရဘူးလို့ မပြောနိုင်ပါလား...'

နောက်တစ်စက္ကန့်တွင် လှုပ်ရှားမှုများနှင့် ကျင့်စဉ်လမ်းညွှန်ချက်များက သူ၏ဦးနှောက်ထဲသို့ တရိပ်ရိပ်ဝင်ရောက်လာလေသည်။

နွေးထွေးသော ခံစားချက်တစ်ခုက လက်ဝါးနှစ်ဖက်မှစတင်ကာ လက်မောင်း၊ ခါးနှင့် ခြေထောက်နှစ်ဖက်လုံးသို့ စီးဆင်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို လှည့်ပတ်သွားလေသည်။

သို့သော် ယခုအခါ ချူချင်း၏သိုင်းပညာသည် ယခင်ကထက် များစွာသာလွန်နေပြီဖြစ်ရာ ဤစနစ်၏ခန္ဓာကိုယ် ပြုပြင်ပြောင်းလဲမှုသည် ယခင်ကကဲ့သို့ အချိန်အနည်းငယ် စောင့်ဆိုင်းရန်မလိုတော့ဘဲ ဤထူးခြားသောခံစားချက်သည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့၏။

ချူချင်းမျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် ဤလက်ဝါးသိုင်းကို အလုံးစုံတတ်မြောက်သွားချေပြီ။

ရှေ့တွင်ထိုင်နေသော ဝမ်ရိုကိုကြည့်ရင်း ချူချင်းက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်မိလေသည်။

မကြာသေးမီက ဝမ်ရိုအား မိမိကိုစောင့်ရှောက်ပေးရန် အလေးအနက်တောင်းဆိုခဲ့သော်လည်း သူ၏မျက်လုံးများကို တစ်ချက်မှိတ်၊ တစ်ချက်ပြန်ဖွင့်လိုက်ရုံမျှဖြင့် အရာအားလုံးပြီးဆုံးသွားခဲ့ချေပြီ။

ဖြစ်စဉ်တစ်ခုလုံးသည် လေလည်လိုက်သည်ထက်ပင် ပို၍မြန်ဆန်နေသေး၏။

ထို့ကြောင့် စောင့်ကြပ်ခြင်းဟူသောစကားလုံးမှာ အဓိပ္ပာယ်မရှိသကဲ့သို့ဖြစ်သွားရလေသည်။

သို့ဖြစ်ရာ ချူချင်းသည် ချက်ချင်းထမရပ်တော့ဘဲ ဝမ်ရိုအား အနည်းငယ် ပို၍စောင့်ကြပ်စေရန် ဤနေရာ၌ပင် ခေတ္တအနားယူဟန်ဆောင်နေလိုက်၏။ ဝမ်ရိုအား အလဟဿအပင်ပန်းခံလိုက်ရသည်ဟု မထင်စေရန်လည်း ဖြစ်ပေသည်။

သို့သော် ဤအတွေးဝင်လာရုံမျှရှိသေး၊ ဝမ်ရိုလှည့်ကြည့်လာသည်ကို တွေ့လိုက်ရလေသည်။

မျက်လုံးချင်းဆုံမိသွားသောကြောင့် ချူချင်းက မျက်တောင်တခတ်ခတ်ဖြင့် ဘာပြောရမှန်းမသိဖြစ်သွား၏။

"မစရသေးဘူးလား..."

"ကျွန်မ အာရုံခံမိသလောက်... ရှင့်ရဲ့အတွင်းအားစီးဆင်းမှုက ဘာမှမပြောင်းလဲသေးဘူး..."

"မင်း ဒါကိုတောင်အာရုံခံမိတယ် ဟုတ်လား..."

"မင်း အာရုံခံမိတဲ့အနံ့က...ဘာလဲ..."

ဝမ်ရိုသည် အနည်းငယ် အကျပ်ရိုက်သွားဟန်ဖြင့် နှုတ်ခမ်းကိုလှုပ်ရှားလိုက်သော်လည်း ခေတ္တမျှစကားမဆိုနိုင်ဘဲ ရှိနေလေသည်။

"မင်းပြောရခက်ရင်... မပြောလည်းရပါတယ်..."

ချူချင်းက လက်ကို ညင်သာစွာဝှေ့ယမ်းလိုက်၏။

"ရှင်နဲ့ ဘယ်လိုပြောပြရမလဲ မသိလို့ပါ..."

"ကျွန်မ အာရုံခံမိတာက... အနံ့လည်းဟုတ်တယ်... အနံ့လည်းမဟုတ်ဘူး..."

"အဓိကသော့ချက်က အတွင်းအားအပေါ်မှာရှိတာ..."

"ကျွန်မက တစ်ယောက်ယောက်ရဲ့အတွင်းအား အဆင့်အတန်းကို အနံ့လိုမျိုး အတိအကျခန့်မှန်းနိုင်တယ်... ပြီးတော့ အဲ့ဒီလူရဲ့အတွင်းအားစီးဆင်းမှု ပြောင်းလဲသွားတဲ့ပုံစံကိုလည်း အာရုံခံနိုင်တယ်..."

ဝမ်ရိုကမူ ခေါင်းခါပြလိုက်၏။

ချူချင်းသည် ဤစကားကိုကြားသောအခါ မျက်နှာပျက်သွားပြီး ဝမ်ရို၏ပါးစပ်ကို ချက်ချင်းပင် လှမ်းပိတ်လိုက်လေသည်။

ဝမ်ရိုက မျက်လုံးများကိုပင့်ကြည့်လိုက်ပြီး ချူချင်းက သူမ၏ပါးစပ်ကို ပိတ်ထားသည်ကိုခွင့်ပြုလျက် တိတ်ဆိတ်စွာစိုက်ကြည့်နေ၏။

"ဒီကိစ္စကို... တခြားလူတွေကိုပြောဖူးလား..."

ချူချင်းက အသံကိုတိုးညှစ်၍ မေးလိုက်၏။

"ဖေဖေနဲ့ရှင်ကလွဲရင်... ဘယ်သူမှမသိပါဘူး..."

ဝမ်ရိုက တိုးညင်းစွာ ပြောလိုက်၏။

သို့သော် သူမသည် ချူချင်း၏လက်နှင့် အလွန်နီးကပ်နေသဖြင့် စကားပြောဆိုရာတွင် ထွက်ပေါ်လာသော အသက်ရှူသံများသည် ချူချင်း၏လက်ဖဝါးထဲသို့ အလုံးစုံရိုက်ခတ်သွားလေသည်။

၎င်းက ချူချင်း၏လက်ဖဝါးကို ယားကျိကျိဖြစ်စေသဖြင့် သူသည် လက်ကို အမြန်ဆုံးပြန်လည်ရုပ်သိမ်းလိုက်ပြီး လေးနက်စွာပြောလိုက်၏။

"ဒီအကြောင်းကို... တခြားဘယ်သူ့ကိုမှ လုံးဝမပြောနဲ့တော့..."

All Chapters