အခန်း ၁၉၇
Vol. 20 Ch. 197
အခန်း (၁၉၇) - အမဲလိုက်ကွင်း
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် ၁၅၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]
ကလဲ့စားချေအမှတ် မည်မျှနည်းပါးသည်ကို လင်းဖန်မြင်လိုက်ရသောအခါ သူ၏စိတ်ကူးကို ပြောင်းလဲလိုက်လေသည်။
သူသည် အခန်းပြင်သို့ထွက်လိုက်ရာ လုပ်ကြံသတ်ဖြတ်သူများက ဓားများကို ဆွဲထုတ်လိုက်ကြသည်။
လုပ်ကြံသတ်ဖြတ်သူများ အံ့အားသင့်သွားစေရန် လင်းဖန်သည် ချက်ချင်းပင်လှည့်၍ အခန်းထဲသို့ ပြန်ပြေးဝင်သွားလေသည်။
“နိုးတော့... မင်းအသက်ကိုရန်ရှာမယ့် လုပ်ကြံသတ်ဖြတ်သူတွေရောက်လာပြီ... ငါလည်း သူတို့ကို မယှဉ်နိုင်ဘူး...”
သူသည် ကောဟယ်ရုကို လှုပ်နှိုးလိုက်သည်။
ဟိုမင်သည် လင်းဖန်၏စကားကို ကြားလိုက်ရသဖြင့် သူ၏ လှုပ်ရှားမှုကို လျင်မြန်စွာ ရပ်တန့်လိုက်လေသည်။
သူသည် လင်းဖန် တစ်ခုခု ကြံစည်နေသည်ကို သိရှိနေသောကြောင့်ပင်။
ကောဟယ်ရုသည် အိပ်ချင်မူးတူးဖြစ်နေပြီး ဖြစ်ပျက်နေသည်တို့ကို မသိသေးချေ။ သို့သော် သူ၏ရှေ့တည့်တည့်ရှိ ကုတင်ပေါ်သို့ ဓားတစ်စင်း စိုက်ဝင်လာသောအခါမှသာ အခြေအနေကို သဘောပေါက်သွားတော့သည်။
“လုပ်ကြံသတ်ဖြတ်သူတွေ ဟုတ်လား...”
သူသည် ချက်ချင်းပင်နိုးကြားသွားပြီး ထွက်ပြေးရန် ကြိုးစားလေတော့သည်။
“တစ်ခုခု လုပ်ပါဦး...”
သူသည် လက်လှမ်းမီရာပစ္စည်းများကို လုပ်ကြံသတ်ဖြတ်သူထံသို့ပစ်ပေါက်ရင်း လင်းဖန်ကို အော်ဟစ်လိုက်သည်။
သို့သော် လင်းဖန်သည် လုပ်ကြံသတ်ဖြတ်သူများ၏ ဓားချက်များကို ရှောင်တိမ်းရန်သာ အလုပ်ရှုပ်နေပေသည်။
“ဒါက အရမ်းအန္တရာယ်များတယ်... ငါတို့ သဘောတူထားတဲ့အထဲမှာ ဒါမျိုးမပါဘူး... တစ်ယောက်ယောက်က မင်းအသက်ကို ရန်ရှာနေတယ်ဆိုတာ မင်း ငါတို့ကို မပြောခဲ့ဘူးလေ...”
သူသည် မြေပြင်မှ ဝေ့ဝိုက်ဝင်ရောက်လာသော ဓားချက်ကိုခုန်ရှောင်ရင်း ပြောလိုက်သည်။
ဒုန်း…
လုပ်ကြံသတ်ဖြတ်သူတစ်ဦးသည် ကောဟယ်ရုကို ထိုးသတ်ရန်ကြိုးစားလိုက်ရာ ဓားသွားသည် သူ၏ဘေးရှိ သစ်သားတိုင်ထဲသို့ စိုက်ဝင်သွားလေသည်။
ထက်မြက်လှသောဓားသွားကြောင့် ပြတ်တောက်သွားသည့် ကောဟယ်ရု၏ ဆံပင်အချို့သည် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ လွင့်ပျံကျလာသည်။
သေဘေးနှင့်ရင်ဆိုင်နေရသော ကောဟယ်ရုသည် လင်းဖန်နှင့် ဟိုမင်တို့ကို ဆွဲဆောင်ရန် ကြိုးစားလိုက်လေသည်။
“ငါ တောင်းပန်ပါတယ်... မင်းတို့ကိုမပြောဘဲ ဖုံးကွယ်ထားခဲ့မိတာ ငါ့အမှားပါ... မင်းတို့သာ သူတို့ကို သတ်ပေးနိုင်ရင် မင်းတို့ လိုချင်တဲ့ ဆေးလုံးမှန်သမျှကို အလကား ပေးပါ့မယ်...”
ကောဟယ်ရု၏စကားကို ကြားလိုက်ရသောအခါ လင်းဖန်သည် စက္ကန့်ပိုင်းအတွင်းမှာပင် လုပ်ကြံသတ်ဖြတ်သူ သုံးဦးကို သုတ်သင်လိုက်ပြီး တစ်ဦးကိုသာ အသက်ချမ်းသာပေးထားလိုက်သည်။
[ဒင်... ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို အောင်မြင်စွာ သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]
[ကလဲ့စားချေအမှတ် + ၁၀၀]
[လက်ရှိ ကလဲ့စားချေအမှတ် - ၃၀၀]
အမှန်တကယ်တွင် ထိုလုပ်ကြံသတ်ဖြတ်သူများသည် သူ၏ ဆယ်ဦးအုပ်ချုပ်သူစွမ်းရည်အောက်တွင် ရှိနေခဲ့ခြင်းဖြစ်ချေသည်။
သူသည် ကောဟယ်ရုကို အမှန်အတိုင်းဝန်ခံစေပြီး အပြန်အလှန်အကျိုးအမြတ်တစ်ခုခု ကမ်းလှမ်းလာစေရန်သာ စောင့်ဆိုင်းနေခဲ့ခြင်းပင်။
လင်းဖန်သည် မြေပြင်ပေါ်တွင် အသက်ရှင်လျက်လဲလျောင်းနေသည့် တစ်ဦးတည်းသော လုပ်ကြံသတ်ဖြတ်သူကိုစိုက်ကြည့်ရင်း ဆောင့်ကြောင့်ထိုင်ကာ ကောဟယ်ရုကို မေးလိုက်သည်။
“ကဲ... ဒါက ဘာတွေဖြစ်နေတာလဲ...”
ကော်ဟယ်ရုက ပြန်ဖြေလိုက်သည်။
“ငါက ဆေးဖော်စပ်ရေးတောင်ထွတ်ရဲ့ ကုန်ပစ္စည်းထောက်ပံ့သူစာရင်းကနေ လျန်မိသားစုကိုဖယ်ထုတ်ဖို့ ကြိုးစားခဲ့တာ...”
“ဒါက သူတို့ကို ဒေါသထွက်စေခဲ့တာသေချာတယ်... ဒါကြောင့် သူတို့က ငါ့ကို ဖယ်ရှားပစ်ဖို့ ကြိုးစားနေကြတာပဲ... ဆေးတောင်ထွတ်က တခြားအကြီးအကဲတချို့ရဲ့အကူအညီလည်း ပါဝင်နိုင်တယ်...”
“ငါ့ရဲ့ပါရမီတွေက အမြဲတမ်း ဒီလို မနာလိုမှုတွေကို ဆွဲဆောင်နေတတ်တာပဲ...”
လင်းဖန်က မျက်လုံးကို လှန်လိုက်ရင်း ပြောလိုက်သည်။
“မင်းရဲ့ ပါရမီက ရန်သူတွေဖန်တီးတဲ့နေရာမှာ ပိုပြီး ထူးချွန်နေတယ်လို့ ငါ စတင်တွေးမိလာပြီ...”
ဟိုမင်သည်လည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ရုံမှတစ်ပါး မတတ်နိုင်တော့ချေ။
ကောဟယ်ရုသည် ပြန်လည်ငြင်းဆန်ရန် ပြင်လိုက်သော်လည်း နောက်ဆုံးကျန်ရစ်သည့် လုပ်ကြံသတ်ဖြတ်သူက သူ့အား စိုက်ကြည့်နေသည်ကိုမြင်သောအခါ စကားစကို ရပ်တန့်လိုက်လေသည်။
“မင်း...”
လင်းဖန်သည် သူ၏အာရုံကို လွှဲပြောင်းလိုက်ပြီး ကျန်ရှိနေသော လုပ်ကြံသတ်ဖြတ်သူကို မေးလိုက်သည်။
“မင်းတို့ကိုပဲ စေလွှတ်လိုက်တာလား...”
လုပ်ကြံသတ်ဖြတ်သူက ပြန်ပြောလိုက်သည်။
“ငါ့ကို အခုပဲ သတ်လိုက်တော့... ငါ ဘာတစ်ခွန်းမှ ပြောမှာမဟုတ်ဘူး...”
လင်းဖန်က ပြုံးစိစိဖြင့် ပြောလိုက်သည်။
“ဟွန်း... အရမ်းသတ္တိရှိတာပဲ... မင်းကိုသတ်မယ့်အစား မင်း သွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ် သွားခွင့်ပေးလိုက်မယ်...”
ထိုစကားကို ကြားလိုက်ရသောအခါ လုပ်ကြံသတ်ဖြတ်သူသည် သူ၏နားကိုပင် မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။
“ဘာ...”
သို့သော် လင်းဖန်သည် သူ့ကို ဆွဲထူပေးလိုက်ပြီး ကိုယ်ပေါ်ရှိ ဖုန်မှုန့်များကိုခါပေးကာ အခန်းပြင်သို့ လမ်းပြခေါ်ဆောင်သွားလေသည်။
လုပ်ကြံသတ်ဖြတ်သူသည် ခဏမျှတုံ့ဆိုင်းသွားပြီးနောက် လှည့်၍ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။
ကောဟယ်ရုသည် လင်းဖန်၏ လုပ်ရပ်ကို နားမလည်နိုင် ဖြစ်နေချေသည်။
“မင်း သူ့ကို ဘာလို့ လွှတ်ပေးလိုက်တာလဲ...”
လင်းဖန်က ပခုံးနှစ်ဖက်ကို ပင့်ပြရင်း ပြောလိုက်သည်။
“သူသာ အရူးတစ်ယောက်ဖြစ်နေမယ်ဆိုရင် ငါ့ကို တခြားလုပ်ကြံသတ်ဖြတ်သူတွေ ရှိတဲ့နေရာဆီ လမ်းပြပေးလိမ့်မယ်... တစ်ခါတလေကျရင် ငါတို့က လောင်းကြေးထပ်ကြည့်ရတာပေါ့...”
ထို့နောက် သူသည် ဟိုမင်ဘက်သို့လှည့်ကာ ကောဟယ်ရုကို ညွှန်ပြရင်း ပြောလိုက်သည်။
“ငါ လုပ်ကြံသတ်ဖြတ်သူနောက်ကို ခြေရာခံနေတုန်း မင်း ဒီမှာနေပြီး သူ့ကို ကာကွယ်ပေးထားလိုက်...”
ဟိုမင်က ခေါင်းညိတ်လိုက်ရာ လင်းဖန်သည် လုပ်ကြံသတ်ဖြတ်သူထွက်ပြေးသွားသော လမ်းကြောင်းအတိုင်း အခန်းပြင်သို့ ပြေးထွက်သွားလေတော့သည်။
လုပ်ကြံသတ်ဖြတ်သူသည် အဝေးသို့မရောက်သေးဘဲ လင်းဖန်ကလည်း သူ့နောက်မှ ကပ်လျက် လိုက်ပါသွားသည်။
လုပ်ကြံသတ်ဖြတ်သူသည် တုံ့ဆိုင်းနေပြီး အကောင်းဆုံးနည်းလမ်းအား စဉ်းစားနေပုံရသည်ကို သူ မြင်တွေ့နေရပေသည်။
လုပ်ကြံသတ်ဖြတ်သူသည် ခြေရာခံရမည့်အန္တရာယ်ကို ရင်ဆိုင်ပြီး မိမိတို့၏ ပုန်းခိုရာနေရာသို့ ပြန်သွားရမည်လော သို့မဟုတ် အသက်ဘေးကိုရင်ဆိုင်ပြီး ထွက်ပြေးရမည်လောဟူ၍ ဝေခွဲမရ ဖြစ်နေချေသည်။
လုပ်ကြံသတ်ဖြတ်သူအဖွဲ့သည် ငွေယူပြီး တာဝန်မှထွက်ပြေးသွားသူများကို လွယ်လွယ်နှင့် ခွင့်လွှတ်လေ့မရှိပေ။
မည်သည့်ရွေးချယ်မှုမဆို လွယ်ကူလှသည်မဟုတ်သော်လည်း နောက်ဆုံးတွင် သူသည် ပုန်းခိုရာနေရာသို့ ပြန်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
သူ ပြန်သွားပါက ကျန်ရှိသော လုပ်ကြံသတ်ဖြတ်သူများနှင့်အတူ ပြန်လည်တိုက်ခိုက်နိုင်မည့်အခွင့်အရေး ပိုမိုရှိပေလိမ့်မည်။
ထွက်ပြေးသွားပြီးနောက် လင်းဖန်မှ သူ့အား အဘယ်ကြောင့် မတိုက်ခိုက်ဘဲ လွှတ်ပေးလိုက်ရသနည်းဟူသည်ကို ရှင်းပြနေရသည်ထက် ပို၍ ကောင်းမွန်လှပေသည်။
မည်သူကမျှ သူ့ကို လွယ်လွယ်နှင့် ယုံကြည်ကြမည် မဟုတ်ချေ။
လင်းဖန်သည် သူ့ကို လွှတ်ပေးလိုက်စဉ်က အဘယ်ကြောင့် ထိုမျှ ယုံကြည်ချက်ရှိနေရသနည်းဟူသည်ကို ယခုမှသာ သူ သဘောပေါက်သွားတော့သည်။
ဆုံးဖြတ်ချက်ချပြီးနောက် လုပ်ကြံသတ်ဖြတ်သူသည် တတ်နိုင်သမျှ အမြန်ဆုံးပြေးသွားပြီး နောက်ဆုံးတွင် ဆေးပင်မြို့လေး၏အစွန်ရှိ ကြီးမားသော အိမ်တော်ကြီးတစ်ခုသို့ ရောက်ရှိသွားလေသည်။
လင်းဖန်သည် သူ၏ နောက်ကွယ်မှ ကပ်လျက် လိုက်ပါလာခဲ့ပြီးနောက် အရိပ်များထဲမှ ထွက်ပေါ်လာသညိ။
သူ၏ အမဲလိုက်ကွင်းစွမ်းရည်ကို စမ်းသပ်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်သည်ဟု လင်းဖန် တွေးလိုက်မိလေသည်။
သူသည် အိမ်တော်၏ ထောင့်တစ်နေရာသို့ လျှောက်သွားပြီး အမှတ်အသား ပြုလုပ်လိုက်သည်။
သူ၏ မျက်စိရှေ့တွင် တောက်ပသော အနီရောင်အမှတ်အသားတစ်ခု ထွက်ပေါ်လာလေသည်။
သူသည် ဆက်လက်၍ ကျန်ရှိသော ထောင့်သုံးခုကိုလည်း ထိုနည်းတူစွာပင် ပြုလုပ်လိုက်သည်။
နောက်ဆုံးထောင့်ကို အမှတ်အသားပြုပြီးသွားသောအခါ အိမ်တော်၏ သုံးဖက်မြင်ပုံရိပ်တစ်ခုသည် သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာတော့သည်။
လင်းဖန်သည် အိမ်တော်အတွင်း၌ ဖြစ်ပျက်နေသည်တို့ကို မြင်တွေ့နိုင်စွမ်း ရှိသွားပေပြီ။
လုပ်ကြံသတ်ဖြတ်သူများ မည်သည့်နေရာတွင် ရှိနေကြသည်ကို သူ အားလုံး မြင်တွေ့နေရသည်။
ထို့ပြင် သူတို့ လုပ်နေကြသည့်အရာများနှင့် မည်သည့်အကြောင်းအရာများအား ပြောဆိုနေကြသည်ကိုလည်း သူ သိရှိနိုင်လေသည်။
လင်းဖန်သည် စမ်းသပ်သည့်အနေဖြင့် ဆီမီးခွက်တစ်ခု ငြိမ်းသွားသည်ဟု စိတ်ထဲမှ ပုံဖော်ကြည့်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ထိုဆီမီးခွက်သည် အမှန်တကယ်ပင် ငြိမ်းသွားတော့သည်။
သူသည် အမှတ်အသားပြုထားသော အမဲလိုက်ကွင်းအတွင်း၌ ဖန်ဆင်းရှင်တစ်ပါးကဲ့သို့ ဖြစ်နေချေပြီ။
ထို့နောက် လင်းဖန်သည် အိမ်တော်ထဲသို့ တိုက်ရိုက် လျှောက်ဝင်သွားလေသည်။
သူသည် တံခါးကိုပင် ခေါက်ရန်မလိုဘဲ စိတ်ကူးအတိုင်း တံခါးသည် အလိုအလျောက် ပွင့်သွားလေသည်။
သူ၏ ရုတ်တရက် ဝင်ရောက်လာမှုကြောင့် လုပ်ကြံသတ်ဖြတ်သူများ အံ့အားသင့်သွားကြလေသည်။
လုပ်ကြံသတ်ဖြတ်သူများ၏ ခေါင်းဆောင်သည် မတ်တတ်ရပ်လိုက်ပြီး လင်းဖန်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
“မင်းက ဘယ်သူလဲ... မင်းကို ဘယ်သူက အထဲပေးဝင်လိုက်တာလဲ...”
ထိုသူတို့အနက် မည်သူမျှ တုံ့ပြန်ရန်အချိန်မရမီမှာပင် အခန်းထဲရှိ ဆီမီးခွက်များသည် မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီး မီးများ စတင်တောက်လောင်လာတော့သည်။
လင်းဖန်နှင့်အနီးဆုံးရှိ လုပ်ကြံသတ်ဖြတ်သူများသည် ဓားများကိုဆွဲထုတ်ကာ သူ့ထံသို့ ပြေးဝင်လာကြသညိ။
ဒုန်း…
၎င်းတို့အနက် အချို့သည် မြေပြင်ပေါ်ရှိဆီများကို နင်းမိပြီး ချော်လဲသွားကြလေသည်။
“သေစမ်း...”