← Chapters

အခန်း ၂၃၈

Vol. 12 Ch. 238

အခန်း ၂၃၈

Vol. 12 Ch. 238

အပိုင်း(၂၃၈) ဘုရားကျောင်းလား သို့မဟုတ် မိစ္ဆာနယ်မြေလား

ချန်းရီ၏ အမြင်အာရုံထဲတွင်။

မူလက ဘုရားကျောင်း ရှိနေသင့်သော နေရာသည် ယခုအခါတွင်မူ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။

ယခုအခါတွင်မူ အပျက်အစီးပုံကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ချန်းရီ၏ အာရုံခံစားမှုထဲတွင် ထင်ဟပ်နေခဲ့သည်။

ဘုရားကျောင်းသည် မျက်တောင်တစ်ခတ်အတွင်း ပြိုကွဲသွားခဲ့ပြီး ဘုရားကျောင်းကို တည်ဆောက်ထားသော ဆောက်လုပ်ရေးပစ္စည်းများ အားလုံးသည် ၎င်းတို့၏ မူလပုံစံအတိုင်း အပိုင်းပိုင်းအစစ ကွဲထွက်ကာ အရပ်မျက်နှာ အနှံ့အပြားသို့ ပေါက်ကွဲလွင့်စဉ်သွားခဲ့၏။

ဘုရားကျောင်း၏ အတွင်းပိုင်းမှနေ၍ နှိုင်းယှဉ်မရနိုင်လောက်အောင် အလွန်တရာ အစွမ်းထက်လှသော ခွန်အားတစ်ခုက အပြင်ဘက်သို့ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ထိုခွန်အားက ဘုရားကျောင်းကြီးကို ခဏတွင်းချင်းမှာပင် ပေါက်ကွဲထွက်သွားစေခဲ့ခြင်း ဖြစ်သည်။

ဤမျှလောက်သာ ဆိုလျှင် လက်ခံနိုင်စရာ ရှိသေးသော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြီးသည် ဘုရားကျောင်းကို ဖျက်ဆီးရုံမျှဖြင့် ကျေနပ်ရောင့်ရဲနေမည့်ပုံ မပေါ်ပေ။

ဘုရားကျောင်း၏ ပင်မတိုင်ကြီး ဖြစ်သင့်သည့် ထိုတိုင်လုံးကြီးသည် သူ၏ မျက်စိရှေ့မှောက်တွင် ဒုတိယအဆင့် အဖြစ် ထပ်မံ ပြိုကွဲသွားသည်ကို ချန်းရီက ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။

တိုင်လုံးကြီး တစ်ခုလုံးက အမှုန့်အဖြစ် ပြောင်းလဲသွားကာ လေထဲတွင် လွင့်ဝဲပျံ့နှံ့သွားလေ၏။

ထိုတိုင်လုံးကြီး တစ်ခုတည်းသာ မကဘဲ စားပွဲများ၊ ကုလားထိုင်များ၊ ခုံတန်းလျားများနှင့် ဘုရားကျောင်း၏ ကြမ်းခင်းအုတ်ချပ်များပါ ပါဝင်သည်။

အရင်က ဘုရားကျောင်းထဲတွင် ချန်းရီ မြင်တွေ့ခဲ့ဖူးသော ပစ္စည်းအားလုံးပင် ဖြစ်သည်။

အားလုံးသည် ဒုတိယအဆင့်အဖြစ် ထပ်မံ ပြိုကွဲသွားကြပြီး အမှုန့်များအဖြစ် ပြောင်းလဲသွားကာ ဘုရားကျောင်း ပတ်လည်တွင် လွင့်ဝဲနေသော မြူခိုးနယ်မြေတစ်ခုအဖြစ် ဖန်တီးလိုက်ကြသည်။

အစွမ်းပိုင်ရှင် တစ်ယောက်၏ အာရုံခံနိုင်စွမ်းဖြင့် သူ့ခြေအောက်ရှိ နတ်ဆင်ကြီးသည် ဤအချိန်၌ နိုးထလာသကဲ့သို့ ချန်းရီက ခံစားလိုက်ရ၏။

နတ်ဆင်ကြီးသည် မူလကတည်းက ဒဏ္ဍာရီလာ အဆင့်ရှိ ကြောက်မက်ဖွယ် ထူးဆန်းသည့်အရာ တစ်ကောင် ဖြစ်ပေသည်။

နတ်ဆင်ရွာက ဤနေရာတွင် ရွာတစ်ရွာလုံးကို တည်ဆောက်နိုင်ခဲ့ခြင်းမှာ သူတို့၏ ကိုယ်ပိုင် လျှို့ဝှက်ချက် ရှိနေခြင်းကြောင့် ဖြစ်သည်မှာ ထင်ရှားလှသည်။

ချန်းရီက နတ်ဆင်ရွာ၏ လျှို့ဝှက်ချက်ကို စူးစမ်းလေ့လာရန် တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးချေ။

သို့သော် ဤအချိန်လေးအတွင်းမှာပင် ချန်းရီ၏ စိတ်ထဲ၌ ခံစားချက်တစ်ခု ဝင်ရောက်လာခဲ့သည်။

နတ်ဆင်ရွာ၏ လျှို့ဝှက်ချက်ကြီးသည် သူ့မျက်မှောက်တွင် မကြာမီ ပေါ်လွင်ထင်ရှားလာတော့မည်ဟု သူ ခံစားလိုက်ရသည်။

အမှုန့်များ ပါဝင်နေသော မြူခိုးများသည် တဖြည်းဖြည်းချင်း အောက်သို့ ကျဆင်းလာနေသည်။

မျက်စိရှေ့ရှိ မြင်ကွင်းက တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။

ထိုအချိန်တွင် ချန်းရီ တစ်ယောက်တည်းသာ ပါးစပ်အဟောင်းသားနှင့် ကြက်သေသေသွားခဲ့ခြင်း မဟုတ်ပေ။

လူအားလုံးသည် ထိုနေရာမှာပင် ကျောက်ရုပ်ကြီးများအလား ရပ်တန့်သွားကြသည်ဟု ဆိုနိုင်ပေသည်။

ပုံပန်းသွင်ပြင် ပျက်ယွင်းကာ ကြောက်မက်ဖွယ် ကောင်းနေသော ဝိညာဉ်ဆိုးများပင်လျှင် ထိုခဏ၌ ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသကဲ့သို့ ရှိသည်။

၎င်းမှာ နတ်ဆင်ကြီးထံမှ ထွက်ပေါ်လာသော ဖိအားပင် ဖြစ်၏။

အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် နတ်ဆင်ကြီးသည် ဝိညာဉ်ဆိုးများက ရွာကို ဝင်ရောက်တိုက်ခိုက်ခြင်းအပေါ် ယခုအချိန်အထိ မည်သည့် တုံ့ပြန်မှုမျှ မပြသခဲ့ပေ။

သို့သော် ၎င်းသည် နတ်ဆင်ကြီး မသန်မာဘူးဟု ဆိုလိုခြင်း မဟုတ်ချေ။

ထယ်ရှီးက ယောင်ယမ်းနေသော မျက်လုံးများကို ဖွင့်ကာ ဘုရားကျောင်းရှိရာ အရပ်ဆီသို့ လှည့်ကြည့်လိုက်သည်။

သူနှင့် ထိုပိန်လှီနေသော ထူးဆန်းသည့် မိစ္ဆာကောင်တို့ ယခုအချိန်အထိ တိုက်ခိုက်နေခဲ့ရသည်မှာ အလွန်တရာ ပြင်းထန်ကြမ်းတမ်းသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိသာထင်ရှားလှသည်။

သို့သော် ထိုပိန်လှီသော မိစ္ဆာကောင် အနေဖြင့် သူ့ကို သတ်ဖြတ်ရန်မှာလည်း အလွန် ခက်ခဲလှပေသည်။

ပိန်လှီသော မိစ္ဆာကောင်ကလည်း နတ်ဆင်ကြီး၏ ဖိအားကို ခံစားလိုက်ရကာ ခြေလှမ်းများ အနည်းငယ် ရပ်တန့်သွားပြီး ဘုရားကျောင်းရှိရာ အရပ်ဆီသို့ သတိဝီရိယဖြင့် လှမ်းကြည့်လိုက်သည်။

၎င်း၏ မျက်နှာရှိ အနက်ရောင် အင်းကွက် မျက်နှာဖုံးပေါ်မှ အထက်သို့ ကွေးတက်နေသော လခြမ်းပုံ အပြုံးသည် ယခုအချိန်တွင် မူလကလောက် တည်ငြိမ်မှု မရှိတော့ပေ။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သူမ၏ အစွမ်းအစများကို ချန်းရီ မြင်တွေ့စေရန် အပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်သုံးရန် ပြင်ဆင်ရင်း လက်ထဲတွင် ဓားသိုင်းဟန် ပြင်လိုက်သည်။

သို့သော် ယခုအချိန်တွင်မူ ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် သူမ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ဘုရားကျောင်းရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်လေ၏။

သူမ၏ လှပသော မျက်ဝန်းအစုံထဲတွင် နက်ရှိုင်းသော သတိထားမှုများ ကိန်းအောင်းနေသည်။

ဘုရားကျောင်း ရှိရာ နေရာတွင် ကြောက်မက်ဖွယ်ရာ အန္တရာယ်ကြီး တစ်ခု ရှိနေသည်။

ခေါင်းဆောင်ချူက သူ၏ ခန္ဓာကိုယ်ကို လူအုပ်ထဲတွင် တတ်နိုင်သမျှ ပုန်းကွယ်နေစေရန် ကြိုးစားလိုက်သည်။

လမ်းပြသူ တစ်ယောက်အနေဖြင့် သူသည် အငွေ့အသက်များကို ခံစားသိရှိရာတွင် ပို၍ အာရုံခံနိုင်စွမ်း ထက်မြက်လှသည်။

သူသည် နတ်ဆင်ကြီး၏ ထူးဆန်းသော အငွေ့အသက်ကို ခံစားသိရှိရုံသာမက တရားမျှတမှု၊ ကြောက်မက်ဖွယ်ရာကောင်းမှု၊ ယုတ္တိကင်းမဲ့မှု၊ ပုံပန်းပျက်ယွင်းမှုနှင့် ရူးသွပ်မှုများ ပါဝင်နေသည့် စိတ်ဆန္ဒ ဆယ့်ရှစ်ခုကိုပါ ခံစားမိလိုက်သည်။

ထိုအရာများကို အာရုံခံမိရုံမျှဖြင့် ခေါင်းဆောင်ချူမှာ ပြင်းထန်သော သက်သောင့်သက်သာ မရှိမှုကို ခံစားလိုက်ရ၏။

အကယ်၍သာ ဖြစ်နိုင်မည်ဆိုပါက သူသည် ယခုအချိန်တွင် ခပ်ဝေးဝေးသို့သာ ထွက်ပြေးသွားချင်မိသည်။

ပျင်းရိပျင်းတွဲ တာအိုဆရာသည် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက် ကျသွားပြီး သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ကင်းမဲ့ခြင်းနှင့် မှိုင်းညို့နေမှုများက အပြည့်အနှက် နေရာယူထားလေသည်။

သူက ပါးစပ်မှလည်း တီးတိုး ရေရွတ်လိုက်သည်။

"နောက်ဆုံးတော့... နောက်ဆုံးတော့ ဒီအခြေအနေထိ ရောက်လာခဲ့ပြီပေါ့"

အထာကျကျဖြင့် ပွဲထွက်လာခဲ့သော်လည်း သနားစရာကောင်းလောက်အောင် အရိုက်ခံထားရသည့် ဘုန်းကြီးသည် မျက်လုံးများကို မှိတ်ထားကာ တည်ကြည်ခန့်ညားသော မျက်နှာထားဖြင့် ရှိနေပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် လူ့လောက၏ အဖြစ်ဆိုးကြီးကို မြင်တွေ့လိုပုံ မပေါ်ပေ။

စိုက်ပျိုးရေး စခန်းအတွင်း၌။

ပါမောက္ခလျှို၏ လက်များ တုန်ယင်သွားပြီး သူ အမြတ်တနိုး တန်ဖိုးထားရသော အပင်၏ အမြစ်ဥကြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကိုပင် ကောက်ယူရန် သတိမရတော့ချေ။

ပါမောက္ခလျှို၏ ရှေ့ရှိ မရေမတွက်နိုင်သော အပင်နွယ်များဖြင့် ဖွဲ့စည်းထားသည့် ခံတပ်ကြီးတွင်လည်း အပေါက်တစ်ခု ပွင့်သွားခဲ့ပြီး ထိုအပေါက်၏ ဦးတည်ရာမှာ ဘုရားကျောင်းဆီသို့ ဖြစ်သည်။

တစ်ကိုယ်လုံး သွေးများ ပေကျံနေသော တင်းတုံက ပါမောက္ခလျှို၏ နွယ်ပင်ခံတပ်ရှေ့တွင် ယိမ်းထိုးလျက် ဝင်ရောက် ကာကွယ်ပေးထားသည်။

စောစောကပင် ဤမိန်းမငယ်သည် အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုး နှစ်ကောင်၏ တိုက်ခိုက်မှုကို တစ်ယောက်တည်း အင်အားဖြင့် တားဆီးနိုင်ခဲ့ပြီး ပါမောက္ခလျှိုကို ဝင်ရောက်တိုက်ခိုက်ရန် ရည်ရွယ်ထားသော မီးခိုးရောင် ဝိညာဉ်ဆိုး အကောင်ရေ အချို့ကိုလည်း အခွင့်အရေးရခိုက် သတ်ဖြတ်ပစ်နိုင်ခဲ့သည်။

ကံကောင်းသည်မှာ ပါမောက္ခလျှိုက လမ်းပြသူ မဟုတ်သောကြောင့် သူ့တွင်လည်း မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း အနည်းနှင့်အများတော့ ရှိနေသည်။

နွယ်ပင်များကို ထိန်းချုပ်ခြင်းက သူ၏ အစွမ်းများထဲမှ တစ်ခုပင် ဖြစ်၏။

ပါမောက္ခလျှိုသာ ဘေးမှနေ၍ ကူညီပေးခြင်း မရှိခဲ့ပါက တင်းတုံသည် ယခုအချိန်တွင် ပြန်လည် မတ်တတ်ရပ်နိုင်တော့မည် မဟုတ်ချေ။

တင်းတုံက အသက်ကို ပြင်းပြင်းရှူနေပြီး ချွေးများနှင့် ရောနှောနေသော သွေးများက မြေပြင်ပေါ်သို့ တစ်ပေါက်ပေါက် ကျဆင်းလာကာ နေရာအကွက်ငယ်လေး တစ်ခုကို စိုစွတ်သွားစေသည်။

တင်းတုံက ဘုရားကျောင်းရှိရာ အရပ်ဆီသို့ ကြည့်ရင်း ပါးစပ်မှ တီးတိုးရေရွတ်လိုက်သည်။

"ဒါ... နတ်ဆင်ကြီး နိုးလာတာလား"

"ဟူး... နိုးလာတယ်လို့တော့ သတ်မှတ်လို့ မရဘူး... ဒါပေမဲ့... ဒီတစ်ခါ ကိစ္စကတော့ ဒုက္ခရောက်ဖို့ များသွားပြီ"

ပါမောက္ခလျှို၏ လေသံထဲတွင် ဖော်ပြ၍ မရနိုင်လောက်အောင် ဝမ်းနည်းကြေကွဲမှုများ ပါဝင်နေသည်။

တင်းတုံက တိတ်ဆိတ်သွားပြီး ထပ်မမေးတော့ချေ။

အမှုန့်များ ပါဝင်နေသော မြူခိုးများက တဖြည်းဖြည်းချင်း ကျဆင်းလာသည်။

လူတိုင်း၏ ခေါင်းပေါ်တွင် မီးခိုးရောင် ပုဝါပါးလေး တစ်လွှာကို ဖုံးအုပ်ပေးလိုက်သကဲ့သို့ ဖြစ်သွား၏။

ချန်းရီက မျက်လုံးများကို တဖြည်းဖြည်း ပြူးကျယ်လိုက်သည်။ သေချာသည်မှာ သွေးရောင်အလင်းများ တောက်ပနေသော ဘယ်ဘက် မျက်လုံး တစ်လုံးတည်းဖြင့်သာ ဖြစ်သည်။

ချန်းရီ၏ အမြင်အာရုံထဲတွင်။

ဘုရားကျောင်း ရှိရာ အရပ်ဆီ၌... ဆယ့်ရှစ်ပါး... ဆယ့်ရှစ်ယောက်... ဆယ့်ရှစ်ကောင်...

မည်သို့ပင် ဆိုစေကာမူ လူဆယ့်ရှစ်ယောက် ရှိနေသည်။

ထိုလူများအားလုံးတွင် ခန္ဓာကိုယ် အထက်ပိုင်းသာ ရှိကြသည်။

မှန်ပေသည် ထိုသူများ၌ ခန္ဓာကိုယ် အထက်ပိုင်းသာ ရှိသည်။

သူတို့၏ ခန္ဓာကိုယ် အောက်ပိုင်းများသည် သူတို့အောက်ရှိ မီးခိုးရောင် မြေကြီးများနှင့် တစ်ဆက်တည်း တွယ်ဆက်နေကြသည်။

မဟုတ်သေး။

အဲဒါက မီးခိုးရောင် မြေကြီးတွေ မဟုတ်ချေ။

၎င်းက နတ်ဆင်ကြီး၏ အရေခွံပင် ဖြစ်သည်။

မြေသားအလွှာသည် စောစောကတည်းက တည်ရှိမနေခဲ့တော့ချေ။

ဤလူဆယ့်ရှစ်ယောက်နှင့် နတ်ဆင်ကြီးက...

တစ်သားတည်း ဖြစ်နေကြသည်။

၎င်းတို့သည် ဆယ့်ရှစ်ယောက်သော... ထူးဆန်းသောအရာနှင့် ပူးတွဲရှင်သန်သူများပင် ဖြစ်သည်။

သူတို့က နတ်ဆင်ကြီးနှင့် ပူးတွဲရှင်သန်နေကြခြင်း ဖြစ်၏။

အံ့သြစရာ မရှိတော့ပေ။

နတ်ဆင်ကြီး အထဲတွင် ပူဇော်ထားသော ဆယ့်ခုနစ်ပါးသော ဘိုးဘေးများ... မဟုတ်ဘူး... ဆယ့်ရှစ်ပါးသော ဘိုးဘေးများ အားလုံးက ကိုယ်တစ်ပိုင်း ရုပ်တုများ ဖြစ်နေခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။

အံ့သြစရာ မဟုတ်တော့ပေ။

ဘုရားကျောင်းကြီးက ဤမျှလောက် ထူးဆန်းနေခဲ့ခြင်းမှာ အံ့သြစရာ မရှိတော့ချေ။

နတ်ဆင်ရွာက နတ်ဆင်ကြီး၏ ကျောပေါ်တွင် ရွာတည်နိုင်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

သူတို့က ဤမျှ သန်မာပြီး နက်နဲလှသည့် နတ်ဆင်ကြီးကို ထိန်းချုပ်နိုင်ခဲ့ခြင်းမှာလည်း အံ့သြစရာ မရှိတော့ချေ။

ချန်းရီ၏ အမြင်အာရုံ စွမ်းရည်အရ နတ်ဆင်ကြီးနှင့် သူတို့ တွယ်ဆက်နေသော အစိတ်အပိုင်းများတွင် မရေမတွက်နိုင်သော သွေးကြောမျှင်လေးများ ရှိနေသည်ကို အလွန် ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။

ထိုသွေးကြောမျှင်လေးများသည် အနီရင့်ရောင် ရှိပြီး သွေးကြောမျှင်လေးများ အတွင်း၌ ထူးဆန်းသော စွမ်းအင်များ အချိန်ကာလ အပိုင်းအခြားအလိုက် စီးဆင်းလှည့်ပတ်နေသည်။

လူဆယ့်ရှစ်ယောက်။

သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ လူလတ်ပိုင်းများ၊ အမျိုးသားများနှင့် အမျိုးသမီးများပါ ပါဝင်သည်။

အရှေ့ဆုံးတွင် ရှိနေသူမှာ ယခင်က သူမကို ခေါ်ထုတ်သွားပေးရန် ချန်းရီအား တောင်းဆိုခဲ့ဖူးသော အွန်လိုင်းတွင် နာမည်ကြီးသည့် အသံသရုပ်ဆောင် ဆုမန်ရှန်းပင် ဖြစ်သည်။

ယခုအချိန်တွင် ဆုမန်ရှန်းသည် ထိုအနက်ရောင် ကုတ်အင်္ကျီလေးကို ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း ခေါင်းပေါ်ရှိ ဆံပင်များကမူ ပွယောင်းကာ ရှုပ်ပွနေပြီး ပခုံးပေါ်သို့ ဖရိုဖရဲ ကျဆင်းနေလေသည်။

သူမ မျက်နှာပေါ်ရှိ အမူအရာသည်လည်း ယခင်ကလို နူးညံ့သိမ်မွေ့ကာ ဖော်ရွေသော ပုံစံမျိုး မရှိတော့ချေ။

ထိုအစား အလွန်တရာ အငြိုးအတေးကြီးမားပြီး ပုံပန်းပျက်ယွင်းနေလေသည်။

ယခင်က ထိုအဘိုးအိုက ဆုမန်ရှန်းကို ဘိုးဘေးဟု ခေါ်ဝေါ်ခဲ့ခြင်းမှာ အံ့သြစရာ မရှိတော့ပေ။

၎င်းသည်ပင်လျှင် ဘုရားကျောင်းတွင် ပူဇော်ထားသော ဆယ့်ရှစ်ပါးသော ဘိုးဘေးများ၏ အမှန်တရားပင် ဖြစ်သည်။

လူတိုင်း၏ မျက်နှာပေါ်ရှိ အမူအရာများသည် ထိတ်လန့်အံ့သြနေကြ၏။

ချန်းရီတို့ လူစုအတွက်ကတော့ အကြောင်းမဟုတ်ပေ။ မည်သို့ပင်ဆိုစေ ဘုရားကျောင်းက ယာဉ်တန်း၏ ဘုရားကျောင်းမှ မဟုတ်ဘဲ။

ထို့အပြင် သူတို့သည် ယုံကြည်နိုင်ဖွယ် မရှိသော အရာများစွာကို မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။

မြူမြစ်မှ မြွေကြီး၊ ယန်ကျိုး သဲကန္တာရမှ ကောင်းကင်ဝေလငါးနှင့် ရုံမြို့မှ နတ်ကိုးကွယ်သူများပင် ဖြစ်သည်။

မျက်စိရှေ့မှ ဘုရားကျောင်းရှိ ဆယ့်ရှစ်ပါးသော ဘိုးဘေးများသည် သာမန်လူတစ်ယောက်၏ စဉ်းစားတွေးခေါ်နိုင်စွမ်း အတိုင်းအတာထက် ကျော်လွန်နေသော်လည်း...

ချန်းရီတို့ကမူ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။

သို့သော် နတ်ဆင်ရွာမှ ရွာသူရွာသားများကမူ မတည်ငြိမ်နိုင်ကြတော့ချေ။

သူတို့ ရိုသေကိုင်းရှိုင်းစွာ ပူဇော်ခဲ့ကြသည့် ဆယ့်ရှစ်ပါးသော ဘိုးဘေးများက ဆယ့်ရှစ်ကောင်သော သတ္တဝါဆိုးကြီးများ ဖြစ်နေခဲ့သည်။

မှန်ပေသည်။ ဤကဲ့သို့သော ပုံပန်းသွင်ပြင်သည် နတ်ဆင်ရွာမှ ရွာသူရွာသားများ၏ မျက်စိထဲတွင် သတ္တဝါဆိုးကြီးများ မဟုတ်ပါက အဘယ်အရာ ဖြစ်နိုင်ပါမည်နည်း။

"မဖြစ်နိုင်ဘူး... ဒီဘိုးဘေး ဆယ့်ရှစ်ပါးက ဘယ်လိုလုပ်ပြီး သတ္တဝါဆိုးကြီးတွေ ဖြစ်နိုင်မှာလဲ"

"သတ္တဝါဆိုးကြီးတွေ... သူတို့က သတ္တဝါဆိုးကြီးတွေပဲ"

"အဲဒါ ဆုမန်ရှန်းပဲ... သူက ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ"

"အဘိုးချောင်နဲ့ အဒေါ်ကြီးကျန်းတို့လည်း ပါသေးတယ်"

"ရွာသူကြီးက သူတို့ တာဝန်သွားထမ်းဆောင်ရင်း ပျောက်သွားတာလို့ ပြောခဲ့တယ် မဟုတ်လား"

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ခေါင်းကြီးရွာသူကြီး၏ ခန္ဓာကိုယ်သည် ပို၍ပင် ကိုင်းညွတ်သွားသကဲ့သို့ ထင်ရသည်။

ရွာထဲတွင် ဘုရားကျောင်းနှင့် ပတ်သက်သည့် ဒဏ္ဍာရီ ပုံပြင်အမျိုးမျိုး အမြဲတမ်း ရှိနေခဲ့သည်။

သူကိုယ်တိုင် အပါအဝင် ရွာထဲရှိ အစွမ်းပိုင်ရှင် လေးယောက်စလုံးက ဘုရားကျောင်း၏ အမှန်တရားကို သိရှိထားကြသည်။

ဘုရားကျောင်းသည် အမြဲတမ်း ရွာ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်ခဲ့သည်။

ရွာသူရွာသားများ အမှန်တရားကို မြင်တွေ့သွားမည်ကို စိုးရိမ်သောကြောင့် သူကိုယ်တိုင်က ဤနည်းလမ်းကို အသုံးပြုရန် အမြဲတမ်း ဆန့်ကျင်ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

ဆယ့်ရှစ်ပါးသော ဘိုးဘေးများကို ရွာသူရွာသားများက ပူဇော်ကြသည်ဟု ဆိုသော်လည်း...

ပို၍ တိတိကျကျ ပြောရမည် ဆိုလျှင်...

ရွာ၏ အကျဉ်းချထားခြင်းကို ခံနေရခြင်းပင် ဖြစ်သည်။

မည်သည့် သာမန်လူတစ်ယောက်က သတ္တဝါဆိုး တစ်ကောင်နှင့် ပေါင်းစည်းကာ သတ္တဝါဆိုး အသစ်တစ်ကောင်အဖြစ် ပြောင်းလဲသွားရန် ဆန္ဒရှိပါမည်နည်း။

ထို့အပြင် နေရောင်မရသော ဤဘုရားကျောင်းကြီးထဲတွင် တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် နေထိုင်ရဦးမည် ဖြစ်သည်။

အစပိုင်းတွင် တစ်စုံတစ်ယောက်က စွန့်လွှတ်စွန့်စားလိုသော စိတ်ဓာတ်ဖြင့် နတ်ဆင်ကြီးနှင့် ပူးတွဲရှင်သန်ရမည့် ပူးတွဲရှင်သန်ခြင်း လမ်းစဉ် အစွမ်းပိုင်ရှင် အဖြစ်သို့ ရောက်ရှိလာခဲ့သည် ဆိုလျှင်ပင်...

သို့သော် အချိန်ကြာလာသောအခါ...

ဤကဲ့သို့ ပေးဆပ်လိုသော စိတ်ဓာတ်ရှိသူများသည်လည်း နောက်ဆုံးတွင် အမှောင်ထုထဲ၌ တဖြည်းဖြည်းနှင့် စိတ်နေစိတ်ထားများ ပုံပန်းပျက်ယွင်းလာကြတော့သည်။

ပူးတွဲရှင်သန်ခြင်း လမ်းစဉ်၏ အစွမ်းပိုင်ရှင်များသည် အစွမ်းပိုင်ရှင်များ အားလုံးထဲတွင် ထိန်းချုပ်ရန် အခက်ခဲဆုံးသော သူများဖြစ်ကြောင်းကို သိထားရမည် ဖြစ်သည်။

ဤကဲ့သို့သော အစွမ်းပိုင်ရှင်များသည် ထူးဆန်းသည့်အရာများထံမှ ကူးစက်လာသော ရူးသွပ်သည့် အသိစိတ်ကို အချိန်ပြည့် သည်းခံနေကြရသည်။

ပူးတွဲရှင်သန်ခြင်း လမ်းစဉ်မှ အစွမ်းပိုင်ရှင်များသည် အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ ကိုယ်ရည်ကိုယ်သွေးများ ပျက်ယွင်းလာကာ ရူးသွပ်လာကြပြီး နောက်ဆုံးတွင် လူလိုလို တစ္ဆေလိုလို ဖြစ်သွားတတ်ကြောင်းကို ချူချယ်က ပြောခဲ့ဖူးသည်။

ဤလူဆယ့်ရှစ်ယောက်သည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ရပ်၏ ချုပ်ချယ်ထားမှုကြောင့် သူကဲ့သို့သော ရွာသူကြီး၏ အမိန့်ကို နာခံနေသေးခြင်း ဖြစ်သည်။

သို့သော် ဤလူဆယ့်ရှစ်ယောက်စလုံးမှာ ရူးသွပ်နေကြပြီ ဖြစ်သည်။

စိတ်ရောဂါသည်များဟု ဆိုလျှင်လည်း မှားမည် မဟုတ်ပေ။

ဤသည်မှာ စိတ်ရောဂါသည် ဆယ့်ရှစ်ယောက်ပင် ဖြစ်၏။

မရူးသေးသူများ ရှိနေလျှင်ပင် ရူးလုနီးပါး ဖြစ်နေကြပြီ ဖြစ်သည်။

ရွာသူရွာသားများအတွက်မူ ဤသည်မှာ ဘုရားကျောင်း ဖြစ်သည်။

သို့သော် ထိုဆယ့်ရှစ်ယောက်သော ထူးဆန်းသောအရာနှင့် ပူးတွဲရှင်သန်သူများ အတွက်ကမူ ဘုရားကျောင်း ဆိုသည်မှာ မိစ္ဆာနယ်မြေကြီးပင် ဖြစ်တော့သည်။

ဆက်ရန်...

All Chapters