← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

အခန်း (၆၄) ပြင်းထန်သောအာနိသင်၊ အရက်ပြင်းဆယ်ပုလင်း

"သူက ဆေးပေးခန်းကို ဝင်မယ်လို့ မင်းကို ဘယ်သူပြောလဲ..."

"မြန်မြန်သွားပြီး ထောက်ခံစာ သွားယူချေ..."

လွီရှန့်လီက စိတ်မရှည်စွာဖြင့် အော်ငေါက်လိုက်သည်။

မုတ်ဆိတ်မွေးနှင့်လူသည် ကမန်းကတန်း ပြေးထွက်သွားပြီး ရှိုးဟောက်အား စူးရဲစွာ စိုက်ကြည့်သွားခဲ့သေး၏။

“ပြဿနာရှာတတ်လိုက်တာ…”

ရှိုးဟောက်သည်လည်း သူခန့်မှန်းချက် မှားယွင်းသွားကြောင်း သိလိုက်သဖြင့် ရှက်ရွံ့စွာဖြင့် ဂိတ်တဲထဲသို့ ပြန်ဝင်သွားလေတော့သည်။

ထောက်ခံစာ ပြန်ရလာသောအခါ လျူအာကျူးက မသေချာမရေရာသောဟန်ဖြင့် မေးလိုက်သည်။

"ညွှန်ကြားရေးမှူး... ကျွန်တော့်မှာက ကျေးလက်အိမ်ထောင်စုစာရင်းပဲရှိတာ... ပြီးတော့ လောလောဆယ် စက်ရုံမှာ အလုပ်မလုပ်ချင်သေးဘူး... အဲဒါ အဆင်ပြေပါ့မလား..."

"စိတ်မပူပါနဲ့... ဒါက လူတွေကို လှည့်စားဖို့သက်သက်ပါ... ငါတို့ အထည်အလိပ်စက်ရုံက ဒီခရိုင်မှာ ဩဇာအာဏာ နည်းနည်းပါးပါး ရှိသေးတယ်လေ... မြင်တဲ့သူတိုင်း လေးစားမှု ပြရမှာပဲ..."

"နောင်တစ်ချိန် မင်းကို တစ်ယောက်ယောက်က အနိုင်ကျင့်လာရင် ဒါလေးကိုထုတ်ပြီး သူတို့ကို ခြောက်လှန့်ဖို့ သုံးလိုက်ပေါ့..."

"တကယ်လို့ မင်းသာ စက်ရုံကို တကယ်ဝင်ချင်တယ်ဆိုရင်တော့ ငါသေချာပေါက် စီစဉ်ပေးမှာပါ..."

လွီရှန့်လီက ပြုံးကာ ပြောလိုက်လေသည်။

"စက်ရုံကို ဝင်ဖို့တော့ ကျွန်တော် မစဉ်းစားတော့ပါဘူး... ဒါပေမဲ့ အလုပ်အကိုင်သက်သေခံကတ်ကိုတော့ ကျွန်တော် ယူထားလိုက်မယ်..."

ထို့နောက် လျူအာကျူးသည် အလုပ်အကိုင်သက်သေခံကတ်ကို ကျေနပ်စွာဖြင့် သိမ်းဆည်းလိုက်သည်။ အထည်အလိပ်စက်ရုံ၏ လုံခြုံရေးဌာနသာမကဘဲ မည်သည့်စက်ရုံ၏ လုံခြုံရေးဌာနမဆို အလွန်ပင် ဩဇာတိက္ကမ ကြီးမားလှပေသည်။

မည်သို့ပင်ဆိုစေကာမူ ဤခေတ်ကာလတွင် လုံခြုံရေးဌာန အများစုသည် လက်နက်ကိုင်ဆောင်ထားကြပြီး အလွန်စည်းလုံးကြပေသည်။ အကယ်၍ ထိုဌာနမှ တစ်စုံတစ်ယောက် အနိုင်ကျင့်ခံရပါက သူတို့အားလုံး စုပေါင်း၍ သွားရောက်တိုက်ခိုက်ကြမည်သာ ဖြစ်လေသည်။

အလုပ်အကိုင်သက်သေခံကတ်ကို ယူပြီးနောက် လျူအာကျူးသည် လွီရှန့်လီက ဆေးထုတ်ကို စိုက်ကြည့်နေပြီး စမ်းသပ်ကြည့်ချင်နေသည်ကို မြင်လိုက်ရ၏။ သူသည် ကျုံးဟွာ စီးကရက်နှစ်လိပ်ကို ထုတ်ယူကာ မီးညှိလိုက်ပြီး တစ်လိပ်ကို ကမ်းပေးရင်း ပြောလိုက်သည်။

"ဆေးသောက်ပြီးတာနဲ့ ဒီစီးကရက်တစ်လိပ်စာ အချိန်အတွင်း ခင်ဗျားရဲ့ အကူအညီပေးမယ့်သူနဲ့အတူ တိတ်ဆိတ်တဲ့နေရာတစ်ခုကို ရှာထားတာ အကောင်းဆုံးပဲနော်..."

လွီရှန့်လီသည် လျူအာကျူးအား သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။ အပြာရောင်ဆေးပြားလေးများ မပေါ်ပေါက်သေးသော ဤခေတ်ကာလတွင် မည်သည့်ဆေးမဆို ဤမျှမြန်ဆန်စွာ အာနိသင်ပြနိုင်မည်ကို သူ ယုံကြည်ရန် ခက်ခဲနေခဲ့ပေသည်။

လျူအာကျူးက ဘာမျှထပ်မပြောတော့ဘဲ လှည့်ထွက်သွားတော့သည်။

သူ ထွက်သွားပြီးနောက် လွီရှန့်လီသည် စပ်စုချင်စိတ်ဖြင့် တစ်လုံးကိုထုတ်ကာ မြည်းစမ်းကြည့်လိုက်လေသည်။

“ဟင်း... အရသာလည်း သိပ်မရှိပါဘူး... မြိုချပြီးတဲ့နောက်မှာတောင် ဘာမှမခံစားရဘူး…”

လွီရှန့်လီသည် သူ စဉ်းစားလွန်သွားသည်ဟုတွေးကာ ပြုံးရင်း ခေါင်းခါလိုက်၏။ ထိုကောင်လေးသည် သူ၏ဆေးကို ရောင်းထွက်စေရန်အတွက်သာ ကြွားလုံးထုတ်နေခြင်းဖြစ်ပြီး သူကတော့ တကယ်ကို ယုံကြည်မိခဲ့ခြင်းပင် ဖြစ်လေသည်။

စီးကရက်ကို ဖွာရှိုက်ရင်း သူသည် လမ်းတစ်လျှောက်ရှိ လူများကို နှုတ်ဆက်ကာ သူ၏ ရုံးခန်းဆီသို့ လမ်းလျှောက်သွားလေသည်။

ရုံးခန်းထဲသို့ ဝင်ရန် တစ်စက္ကန့်အလိုတွင်ပင် စီးကရက်လည်း ကုန်သွားခဲ့သည်။ ရုတ်တရက် အလွန်ပြင်းထန်သော အပူရှိန်တစ်ခုက နေရာလွတ်တစ်ခုမှ ပေါ်ထွက်လာခဲ့၏။ တစ်ချိန်တည်းမှာပင် လွီရှန့်လီသည် အလွန်အမင်း စိတ်လှုပ်ရှားလာတော့သည်။ သူ၏လက်များကို မလှုပ်ရှားရသေးသော်လည်း သူ့ရှေ့ရှိတံခါးမှာ တစ်စုံတစ်ရာ၏ အားပြင်းပြင်း ထုရိုက်ခြင်းကို ခံလိုက်ရလေသည်။

“သောက်ကျိုးနည်း... အဲ့လောက်တောင် စွမ်းတာလား…”

လွီရှန့်လီသည် သူ၏ရုံးခန်းထဲသို့ ခါးကိုကိုင်းကာ ကမန်းကတန်း ပြေးဝင်သွားသည်။ ခေါင်းကိုသာ အပြင်သို့ပြူထွက်ကာ ဘေးရုံးခန်းရှိ လူအား အော်ခေါ်လိုက်သည်။

"ရှောင်ရွှီ... ရှောင်ရွှီ... ဆွေ့ဆွေ့ကို သွားခေါ်ပေးစမ်း... မြန်မြန်လုပ်..."

ဘေးရုံးခန်းရှိ ရှောင်ရွှီက "အိုး" ဟုပြောကာ သူမကိုသွားခေါ်ရန် ပြေးထွက်သွားတော့သည်။

အလုပ်ဝတ်စုံကို ဝတ်ဆင်ထားသော ဆွေ့ဆွေ့သည် နားမလည်နိုင်သော မျက်နှာထားဖြင့် လွီရှန့်လီ၏ ရုံးခန်းတံခါးဝသို့ ပြေးလာခဲ့လေသည်။

"ညွှန်ကြားရေးမှူး... ကျွန်မကို ဘာကိစ္စများ ရှိလို့လဲရှင့်..."

"မကြာသေးခင်က မင်းရဲ့ တွေးခေါ်မှုအသိအမြင် နည်းနည်း ကျဆင်းနေတယ်လို့ ငါ ခံစားရတယ်... အဲဒါကို မြှင့်တင်ပေးဖို့ ငါ ခေါ်လိုက်တာပဲ... ဝင်ခဲ့စမ်း..."

လွီရှန့်လီသည် တံခါးကိုဖွင့်ကာ ဆွေ့ဆွေ့အား အထဲသို့ ဆွဲသွင်းလိုက်လေတော့သည်။

နာရီဝက်ကြာပြီးနောက်။

လွီရှန့်လီသည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ လက်ဖက်ရည်ကို ဖြည်းညင်းစွာ သောက်နေလေသည်။

ဆွေ့ဆွေ့သည် မတ်တတ်ရပ်ကာ အဝတ်အစားဝတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း သူမ၏ခြေထောက်များမှာ ခွေယိုင်သွားပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကျသွားခဲ့၏။ သူမ၏ နီရဲနေသော မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ကျန်ရစ်နေဆဲ ဖြစ်လေသည်။

"ညွှန်ကြားရေးမှူး... ရှင်က ဘာလို့ မြည်းတစ်ကောင်လို ဖြစ်နေရတာလဲ..."

ထိုစကားများသည် စော်ကားသည့် စကားလုံးများဖြစ်သော်လည်း လွီရှန့်လီကိုမူ အလွန်ဂုဏ်ယူဝင့်ကြွားသွားစေခဲ့သည်။

"ပြီးခဲ့တဲ့ အကြိမ်အနည်းငယ်က ငါ မင်းကို ခေါ်တုန်းက မင်းက အလုပ်များတယ်လို့ ပြောရင်ပြော... မဟုတ်ရင်လည်း အဆင်မပြေဘူးလို့ ပြောခဲ့တယ်လေ... အခုကစပြီးရော အဆင်ပြေပြီလား..."

"အဆင်ပြေပါတယ်... အခုအချိန်ကစပြီး အချိန်မရွေး အဆင်ပြေပါတယ်..."

ဆွေ့ဆွေ့သည် လွီရှန့်လီအား ကျေနပ်စွာဖြင့် ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသည်။

လွီရှန့်လီမှာ ပို၍ပင် ဂုဏ်ယူဝင့်ကြွားလာခဲ့ပြီး လျူအာကျူးအပေါ် သူ၏ ယုံကြည်မှုမှာလည်း ပိုမိုကြီးမားလာခဲ့လေတော့သည်။

လျူအာကျူးအား ဆေးပေးခန်းထဲသို့ အမှန်တကယ်ပင် ခေါ်သွင်းသင့်သလားဟု သူ တွေးတောနေမိ၏။ ထိုဆေးပညာစွမ်းရည်များမှာ လုံးဝကို အဆင့်အတန်းမြင့်မားလှပေသည်။

*ဟုတ်တာပေါ့... ပြီးတော့ စက်ရုံမှူးလည်း ရှိသေးတယ်... မကြာသေးခင်က သူ နည်းနည်း အားနည်းနေတယ်လို့ ငါ ကြားထားတယ်... မကြာခင် ငါတို့ ဒုစက်ရုံမှူးကို ရွေးချယ်တော့မှာလေ... အကယ်၍ ကောင်းမွန်တဲ့ ပစ္စည်းတွေကိုသာ သူ့ဆီ ပို့ပေးလိုက်မယ်ဆိုရင် ငါကတော့…*

လွီရှန့်လီသည် တွေးလေတွေးလေ ပို၍ စိတ်လှုပ်ရှားလာလေ ဖြစ်တော့သည်။

"လျူအာကျူး... အိုး လျူအာကျူး... မင်းက တကယ့်ကို ငါ့ရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ... ဆွေ့ဆွေ့... နောက်ကျရင် ငါ ဧည့်ခံဖို့အတွက် ပွင့်ပွင့်လင်းလင်းရှိတဲ့ သူငယ်ချင်းတစ်ယောက်လောက် ရှာပေးထားဦးနော်..."

ဆွေ့ဆွေ့သည် လိမ္မာစွာဖြင့် သဘောတူလိုက်ပြီး သူမ၏ စိတ်ထဲတွင် ပစ်မှတ်တစ်ခုကို စတင်ရွေးချယ်နေလေပြီ။

တစ်ချိန်တည်းမှာပင်။

လျူအာကျူးသည် သူ ပြီးခဲ့သောအကြိမ်က ပစ္စည်းများ ဝယ်ယူခဲ့သည့် ထောက်ပံ့ရေးနှင့်သမဝါယမအသင်းဆီသို့ စက်ဘီးကို တိုက်ရိုက် နင်းလာခဲ့သည်။

ပြီးခဲ့သောအကြိမ်က ထောက်ပံ့ရေးနှင့်သမဝါယမအသင်း၏ ညွှန်ကြားရေးမှူးအား ဂျုံမှုန့်ဖြူ သို့မဟုတ် ဆန်များ ရောက်လာပါက သူ၏အတွက် ချန်ထားပေးရန် သူ ပြောခဲ့ဖူးလေသည်။

ထို့အပြင် ကျုံးဟွာ စီးကရက်နှင့် အရက်ပြင်းများကဲ့သို့သော ပစ္စည်းများကိုလည်း ချန်ထားပေးရန် မှာကြားခဲ့၏။

ထိုညွှန်ကြားရေးမှူးက လျှောက်ထားပေးပြီး ညှိနှိုင်းပေးမည်ဟု ကတိပေးခဲ့သော်လည်း ပစ္စည်းများ ရောက်မရောက်ကိုမူ သူ မသိသေးပေ။

လျူအာကျူး ရောက်ရှိသွားသောအခါ ထောက်ပံ့ရေးနှင့်သမဝါယမအသင်းသို့ ကုန်ပစ္စည်းများ ရောက်ရှိလာချိန်နှင့် အတိအကျ ကြုံကြိုက်သွားသည်။ လူတစ်စုသည် ဂိုဒေါင်ထဲသို့ ကုန်ပစ္စည်းများကို အလုပ်များစွာ သယ်ယူပို့ဆောင်နေကြ၏။

ထောက်ပံ့ရေးနှင့်သမဝါယမအသင်းမှ ညွှန်ကြားရေးမှူးကျိုးသည် လူများ အလုပ်လုပ်နေသည်ကို ကြည့်ရှုနေစဉ် လျူအာကျူးအား မတော်တဆ မြင်တွေ့သွားလေသည်။ သူက ချက်ချင်းပင် ဝမ်းသာအားရဖြင့် ပြေးလာခဲ့သည်။

"ကျူးဇီ... မင်း ရောက်လာတာပဲ..."

ဤနွေးထွေးပြီး ရင်းနှီးသော ခေါ်ဝေါ်သံကို ကြားလိုက်ရသောအခါ လျူအာကျူးသည် စီးကရက်တစ်လိပ်ကို ကမ်းပေးလိုက်သည်။

"ညွှန်ကြားရေးမှူးကျိုး... ခင်ဗျား အလုပ်များနေတယ်ထင်တယ်... ကျွန်တော် ခဏစောင့်နေပါ့မယ်... အနှောင့်အယှက် မပေးတော့ပါဘူး..."

"ဒါက ဘယ်လို စကားမျိုးလဲ... မင်းရောက်လာပြီဆိုတော့ မင်းကို အရင်ဆုံး ဧည့်ခံရမှာပေါ့..."

"မွန်းတည့်တော့မယ်... စားသောက်ဆိုင်မှာ မင်းကို ထမင်းတစ်နပ် ကျွေးရမယ်... လာ လာ သွားကြမယ်..."

ညွှန်ကြားရေးမှူးကျိုးသည် လျူအာကျူးအား နိုင်ငံပိုင်စားသောက်ဆိုင်ဆီသို့ ဆွဲခေါ်သွားသဖြင့် သူမှာ အတော်လေး ဇဝေဇဝါ ဖြစ်သွားခဲ့ရလေသည်။

ပြီးခဲ့သောအကြိမ်က အသား ကျင်းအနည်းငယ် ရောင်းပေးခဲ့သည်ဆိုလျှင်တောင် ဤမျှအထိ ယဉ်ကျေးပျူငှာနေရန် မလိုအပ်ပေမဟုတ်လား။

"နေပါဦး... ညွှန်ကြားရေးမှူးကျိုး... ဘာတွေဖြစ်နေလဲဆိုတာ အရင်ပြောပြသင့်တယ်နော်... အခမဲ့ရတဲ့ နေ့လယ်စာဆိုတာ မရှိဘူးဆိုတာ ကျွန်တော် သိပါတယ်..."

လျူအာကျူးသည် အလျင်အမြန် ရပ်တန့်ကာ ခါးသက်သက် ပြုံးရင်း မေးလိုက်သည်။

လျူအာကျူး၏ ပါးနပ်မှုကို မြင်လိုက်ရသောအခါ ညွှန်ကြားရေးမှူးကျိုးက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

"မင်းကတော့ တကယ့်လူလည်လေးပဲ... တကယ်တော့ ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး... ငါ့ကို အသားနည်းနည်းလောက် ထပ်ရှာပေးလို့ ရမလားလို့ပါ... ငါတို့ခရိုင်မှာ ကုန်တိုက်တစ်ခု ဖွင့်တော့မှာမို့ ငါ အဲဒီကို ပြောင်းရွှေ့ချင်လို့ပါ..."

ကုန်တိုက်တစ်ခုသည် ထောက်ပံ့ရေးနှင့်သမဝါယမအသင်းထက် များစွာ ပိုမိုကြီးမားပြီး အခွင့်အလမ်းများလည်း ပို၍များပြားလေသည်။

မည်သို့ပင်ဆိုစေကာမူ ကောင်းမွန်သော ကုန်ပစ္စည်းများ ရှိလာပါက လူများသည် ကုန်တိုက်သို့ ပို့ဆောင်ရန်သာ သေချာပေါက် ဦးစားပေးကြမည် ဖြစ်လေသည်။

နာရီ၊ အပ်ချုပ်စက်နှင့် စက်ဘီးစသည့် အဝိုင်းသုံးခုအပြင် ရေဒီယိုကဲ့သို့သော ကောင်းမွန်သည့် ပစ္စည်းများကို ဆိုဖွယ်ရာပင် မရှိတော့ပေ။ လူများ ၎င်းတို့ကို ဝယ်ယူလိုသောအခါ သူတို့၏ ပထမဆုံးအတွေးမှာ သေချာပေါက် ကုန်တိုက်ပင်ဖြစ်ပြီး ထို့နောက်မှသာ ထောက်ပံ့ရေးနှင့်သမဝါယမအသင်းကို တွေးတောကြမည် ဖြစ်သည်။

ကုန်တိုက်သည် အဆင့်မြင့် ကုန်ပစ္စည်းများနှင့် ဇိမ်ခံသုံးစွဲမှုများ၏ အဓိပ္ပာယ်တူ စကားလုံးပင် ဖြစ်သည်။ ထိုနေရာတွင် အလုပ်လုပ်ရခြင်းမှာ ဂုဏ်သိက္ခာ၏ သင်္ကေတတစ်ခုပင် ဖြစ်လေတော့သည်။

လျူအာကျူး၏ မျက်လုံးများ အရောင်လက်သွားခဲ့၏။ ဤခရိုင်တွင် ကုန်တိုက်တစ်ခု ရှိလာတော့မည်လား။

*ဒါက သတင်းကောင်းကြီးပဲ…*

အကယ်၍ ထိုနေရာတွင် သူ့လူတစ်ယောက်သာ ရှိနေမည်ဆိုပါက ပို၍ပင် ကောင်းမွန်မည် ဖြစ်လေသည်။

လျူအာကျူးသည်လည်း စိတ်အားထက်သန်လာခဲ့သည်။

"ကျွန်တော်လည်း ဗိုက်ဆာနေတာနဲ့ အတော်ပဲ... သွားပြီး တစ်ခုခုအတူတူ သွားစားကြတာပေါ့..."

ညွှန်ကြားရေးမှူးကျိုး၏ မျက်လုံးများက အရောင်လက်သွားလေသည်။

"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... ဒီနေ့တော့ မင်းကို ကောင်းကောင်းမွန်မွန် ကျွေးရမယ်..."

"ရပါတယ်... ဒါပေမဲ့ ကျွန်တော့်အတွက် ဂျုံမှုန့်ဖြူနဲ့ ဆန် နည်းနည်းလောက် အရင်ဆုံး ဖယ်ထားခိုင်းလိုက်ပါဦး..."

လျူအာကျူးက အလျင်အမြန် ပြောလိုက်လေသည်။

"ပြဿနာမရှိပါဘူး... ကျုံးဟွာစီးကရက်နဲ့ အရက်ပြင်းတွေကတော့ ရဖို့ခက်တယ်... ဒါပေမဲ့ မင်းအတွက် ကောက်နှံတွေကို ဖယ်ထားပေးဖို့တော့ ငါ ဆုံးဖြတ်နိုင်ပါသေးတယ်..."

ညွှန်ကြားရေးမှူးကျိုးသည် သူ၏လူများအား ချက်ချင်းပင် ညွှန်ကြားချက်အနည်းငယ်ပေးပြီးနောက် လျူအာကျူးအား နိုင်ငံပိုင်စားသောက်ဆိုင်သို့ တိုက်ရိုက် ခေါ်ဆောင်သွားလေတော့သည်။

စားသောက်ဆိုင်မှာ မကြီးမားလှဘဲ စားပွဲငါးလုံးသာ ရှိသည်။ ကောင်တာတစ်ခုမှလွဲ၍ ကျန်အရာအားလုံးမှာ စားသောက်ခန်းမတစ်ခုနှင့် တူညီနေပေသည်။

ထိုနေ့အတွက် မီနူးကို နံရံတွင် ချိတ်ဆွဲထား၏။ လူများသည် ကောင်တာသို့သွား၍ ငွေနှင့် ခွဲတမ်းလက်မှတ်များဖြင့် ငွေပေးချေရပြီးနောက် ပြတင်းပေါက်သို့သွားကာ မိမိတို့၏ အစားအစာများကို ကိုယ်တိုင်ယူကြရလေသည်။

မီနူးမှ မှာယူခြင်း သို့မဟုတ် စားပွဲထိုးက အစားအစာ လာချပေးမည်ကို စောင့်ဆိုင်းခြင်းဆိုသည်မှာတော့ နိုင်ငံပိုင်စားသောက်ဆိုင်တစ်ခုအတွက်မူ ထိုအပြုအမူသည် အခမဲ့စားသောက်ခြင်းထက်ပင် ပို၍ စော်ကားသော အပြုအမူတစ်ခုဖြစ်လေသည်။

ညွှန်ကြားရေးမှူးကျိုးသည် စားသောက်ဆိုင်မှ လူများကို သိကျွမ်းလေသည်။ ငွေနှင့် ခွဲတမ်းလက်မှတ်များကို ကမ်းပေးရင်း သူက မကျေမနပ် ညည်းညူလိုက်မိ၏။

"ဘာလို့ ဒီနေ့ သက်သတ်လွတ်ဟင်းတွေချည်းပဲ ရှိနေရတာလဲ... ငါက ဧည့်သည်တစ်ယောက်ကို ထမင်းလာကျွေးတာကွ..."

စားဖိုမှူးကလည်း ယဉ်ကျေးမနေခဲ့ပေ။ ပြတင်းပေါက်တွင် မှီကာ သူ့အား လှောင်ပြောင်လိုက်လေသည်။

"အဘိုးကြီးကျိုး... ခင်ဗျားရဲ့ ဝှေးစေ့တွေကို ဖြတ်လိုက်ပါလား... ခင်ဗျား အရက်နဲ့မြည်းဖို့ အသားဟင်းတစ်ခွက် ငါ ကြော်ပေးပါ့မယ်... ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့ အဲဒီဟာတွေက တွဲလောင်းကျနေပြီး နှောင့်ယှက်နေတာကလွဲရင် ဘာအသုံးမှမဝင်ဘူးလေ..."

ပုံမှန်ဆိုလျှင် ညွှန်ကြားရေးမှူးကျိုးသည် စောစောစီးစီးကပင် ပြန်လည်ပက်ခံနေမည် ဖြစ်သော်လည်း လျူအာကျူး၏ရှေ့တွင် လှောင်ပြောင်ခံရသဖြင့် အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ သူသည် စိတ်မရှည်စွာဖြင့် သတိပေးလိုက်သည်။

"စားဖိုမှူးစုန့်... မင်း နည်းနည်းလောက် လေးလေးနက်နက် နေလို့မရဘူးလား... ငါ့မှာ ဧည့်သည် ပါလာတယ်ကွ..."

"ဧည့်သည်... ဒီကောင်လေးကိုလား... သူက ခင်ဗျားရဲ့သားလား... ဒါမှမဟုတ် ဆွေမျိုးလား..."

စားဖိုမှူးစုန့်သည် လျူအာကျူးအား အထက်အောက် အကဲခတ်ကြည့်လိုက်သော်လည်း အလေးအနက်မထားပေ။

လျူအာကျူးသည် ဤလူမှာ ပါးစပ်သရမ်းရုံသာဖြစ်ကြောင်း မြင်လိုက်သဖြင့် သူ့အား အာရုံမစိုက်တော့ပေ။ ထိုအစား ကောင်တာပေါ်တွင် ပြသထားသော အရက်ပြင်းများကို စိုက်ကြည့်ကာ မေးလိုက်သည်။

"အဲဒီအရက်ပြင်းတွေက ရောင်းတာလား... ခင်ဗျားတို့ဆီမှာ ဘယ်နှပုလင်းရှိလဲ..."

သူသည် ၎င်းကို တောင့်တနေခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ အရင်ဘဝက သူ မသောက်ခဲ့ရသဖြင့် ဤဘဝတွင်မူ သူ၏ တောင့်တမှုကို မည်သို့ပင်ဖြစ်စေ ကျေနပ်အောင် ဖြည့်ဆည်းရမည်သာ ဖြစ်လေသည်။

"ဟိုး... ကောင်လေးက တော်တော် မောက်မာတာပဲ... မင်းက အဲဒီလောက် အရည်အချင်းရှိနေမှတော့ ငါ့ဆိုင်ကိုပါ တစ်ခါတည်း ဝယ်လိုက်ပါလား..."

စားဖိုမှူးစုန့်က လှောင်ပြောင်လိုက်၏။

နိုင်ငံပိုင်စားသောက်ဆိုင်တစ်ခုသည် ပုဂ္ဂလိက ဝယ်ယူခွင့်ကို သေချာပေါက် ခွင့်ပြုမည်မဟုတ်သဖြင့် သူသည် လျူအာကျူးအား တမင်သက်သက် လှောင်ပြောင်နေခြင်း ဖြစ်လေသည်။

ငွေရှင်းကောင်တာမှလူသည် လျူအာကျူးအား လှည့်ပင်မကြည့်ဘဲ ခေါင်းငုံ့ကာ ဆွယ်တာအင်္ကျီကိုသာ ထိုးနေရင်း စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

"တစ်ပုလင်း သုံးယွမ်... ဆယ်ပုလင်း ကျန်သေးတယ်..."

ဤအရက်ပြင်းများအားလုံးမှာ စုပုံနေခဲ့ခြင်း ဖြစ်သည်။ စားသောက်ဆိုင်၏ ညွှန်ကြားရေးမှူးသည် မည်သို့သော စိတ်ကူးပေါက်သွားသည်မသိဘဲ အရက်ပြင်းတစ်သုတ်ကို မရရအောင် ယူလာခဲ့ကာ ၎င်းသည် ဂုဏ်သိက္ခာကို ဆောင်ကြဉ်းပေးလိမ့်မည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း တစ်နှစ်ကြာပြီးနောက် မည်သူကမျှ ၎င်းအတွက် လာရောက်မေးမြန်းခြင်း မရှိခဲ့ပေ။

ဤခရိုင်လေးထဲတွင် မည်သူကများ ပျင်းရိလွန်း၍ ဤနေရာသို့လာကာ အရက်ပြင်းသောက်နေမည်နည်း။

"ကောင်းပြီ... အားလုံးကို ကျွန်တော် ဝယ်မယ်..."

လျူအာကျူးသည် သူ၏ငွေနှင့် ခွဲတမ်းလက်မှတ်များကို ချက်ချင်း ထုတ်ယူလိုက်သည်။ ဤသတိမပြုမိလောက်သည့် စားသောက်ဆိုင်လေးတွင် အရက်ပြင်းများစွာ လက်ကျန်ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

All Chapters