← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အခန်း (၅၅) ရှုခင်းသာနေရာများ ပြောင်းလဲခြင်း

​ကျန်းယဲ့၏ အကြောင်းပြန်မှုက ပထမတပ်ဖွဲ့နှင့် ဒုတိယတပ်ဖွဲ့မှ အဖွဲ့ဝင်များကို စိတ်လှုပ်ရှားစေရုံသာမက တတိယတပ်ဖွဲ့မှ အဖွဲ့ဝင်များကိုပါ အလွန်ဝမ်းသာသွားစေခဲ့သည်။

​ဘယ်သူက ချင်မင်းဆက်ကို မကြာခဏ သွားရတာကို ညည်းညူနေမည်နည်း။

​ကျန်းထောင် : [အား... အစ်ကိုကျန်း.. ခင်ဗျားက ကျွန်တော့်ရဲ့ အစ်ကိုအရင်းပဲ...]

​ကျန်းမင်ဟွေ့ : [တကယ်လား။ အရမ်းကောင်းတာပဲ... ပြီးခဲ့တဲ့ ချင်မင်းဆက် ခရီးစဉ်တုန်းက အချိန်တွေ အလဟဿဖြစ်ခဲ့တာ အရမ်းနှမြောဖို့ကောင်းတယ်။ တစ်ချိန်လုံး ထောင်ကျနေခဲ့ရတာ...]

​လီကျန့်ကော် : [တောင်းပန်ပါတယ်... ကျွန်တော် လူတိုင်းကို ဒီကိစ္စထဲ ဆွဲသွင်းမိသလို ဖြစ်သွားတယ်]

​ဖန်ကောင်းချန် : [အစ်ကိုကျန်း... အစ်ကိုကျန်း...နောက်တစ်ခါ အဖွဲ့နဲ့ဝယ်တာ ဘယ်တော့လဲ]

​လီလင် : [ဟုတ်တယ်...ဟုတ်တယ်...ကျွန်တော် မစောင့်နိုင်တော့ဘူး။ ကျွန်တော်လည်း ကျူလုံရဲ့ လက်ကို ကိုင်ချင်တယ်...]

​ကျန့်ချန် : [ငါက လက်မကိုင်ချင်ဘူး... အစ်ကိုကျန့်ကို ဖက်ချင်တာ]

​ရှီရှောင်ယွီ : [နမ်းလို့ရမလား... တစ်ခါလောက်ပဲလေ.....]

​...

​ကျန်းယဲ့မှာ သူတို့ ပို့နေသော အရှိန်အဟုန်ကို အမီလိုက်နိုင်ရန် မှတ်ချက်များကို လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သောအရှိန်ဖြင့် ဖတ်နေခဲ့ရသည်။

​သူတို့၏ ဇွဲကောင်းကောင်းဖြင့် မေးနေသော မေးခွန်းများကို ရင်ဆိုင်ရချိန်တွင် ကျန်းယဲ့က စကားလုံးအချို့ကို တည်ငြိမ်စွာ ရိုက်ထည့်လိုက်၏။

​ကျန်းယဲ့ : [အချိန်ကတော့ မသတ်မှတ်ရသေးပါဘူး။ အဖွဲ့နဲ့ဝယ်ယူမှု စတင်တာနဲ့ ခင်ဗျားတို့ကို အကြောင်းကြားပေးပါ့မယ်...]

​စာပြန်ပြီးနောက် ကျန်းယဲ့က အချိန်ကို လှမ်းကြည့်လိုက်၏။ ည ၁၀ နာရီ ၃၀ မိနစ်။

​‘နောက်ကျနေပြီ... အိပ်ချိန်ရောက်ပြီ.... ငါ့အသက်က ပိုအရေးကြီးတယ်...’

​ဘာပဲဖြစ်ဖြစ် သူ၏ ခန္ဓာကိုယ်က ညဉ့်နက်သည်အထိ နေရန် မခံနိုင်ချေ။

​‘ညဉ့်နက်တဲ့အထိ နေတာက သက်တမ်းတိုစေတယ်...’

​ကျန်းယဲ့က ကွန်ပျူတာကိုပိတ်ပြီး အိပ်တော့မည့်ဆဲဆဲတွင် ကျန်းခိုင်က သူ့ကို Tagတွဲလိုက်သည်။

​ကျန်းခိုင် : [ဒါရိုက်တာကျန်း... အပေါ်မှာ အနီရောင်စာအိတ်တွေ ရှိတယ်... မြန်မြန်သွားလုယူလိုက်]

​ထိုအခါမှ တတိယတပ်ဖွဲ့မှ ချမ်းသာသော အဖွဲ့ဝင်များက အနီရောင်စာအိတ်များကို တစ်သုတ်ပြီးတစ်သုတ် ပေးပို့ထားကြောင်း ကျန်းယဲ့ သတိထားမိသွားလိာက်၏။

​လူတစ်ဦးလျှင် ၂၃ ယောက် ကန့်သတ်ချက် သတ်မှတ်ထားလေသည်။ ထို့ကြောင့် အနီရောင်စာအိတ် ပို့သူကို ဖယ်လိုက်လျှင် အဖွဲ့ထဲရှိ အခြားသူတိုင်း တစ်ခုစီ ရကြမည်ဖြစ်သည်။

​အနီရောင်စာအိတ်ကဲ့သို့သော အရာကောင်းမျိုး ရှိနေသဖြင့် ကျန်းယဲ့က အပေါ်သို့ အလျင်အမြန် ပွတ်ဆွဲလိုက်လေသည်။ ထို့နောက် အားစိုက်ထုတ်ကာ ခဏကြာ ပွတ်ဆွဲပြီးနောက်နောက်ဆုံးတွင် အနီရောင်စာအိတ်ကို သူ မြင်တွေ့သွားခဲ့သည်။

​ကျန်းယဲ့က ပထမဆုံး အနီရောင်စာအိတ်ကို အစဉ်လိုက် ဖွင့်လိုက်၏။

​“သောက်ရမ်းမိုက်တာပဲ... ၆၅၈”

​ကျန်းယဲ့မှာ အံ့အားသင့်သွားရသည်။

​နောက်ထပ် အနီရောင်စာအိတ်တစ်ခုကို နှိပ်လိုက်ရာ ၂၁၁ ပေါ်လာလေသည်။

​နောက်ထပ် အနီရောင်စာအိတ်တစ်ခုကို ထပ်နှိပ်လိုက်ရာတွင် ဒီတစ်ကြိမ်မှာတော့ ၇၀၂ ထွက်လာခဲ့သည်။

​အနီရောင်စာအိတ်များကို တစ်ခုပြီးတစ်ခု ဖွင့်လိုက်တိုင်း ငွေပမာဏ အမြောက်အမြားကြောင့် ကျန်းယဲ့မှာ မျက်စိကျိန်းမတတ် ဖြစ်သွားခဲ့ရသည်။

​‘သူတို့က ဘယ်လောက်တောင် ကြီးမားတဲ့ အနီရောင်စာအိတ်တွေကို ပေးလိုက်ကြတာလဲဟ..’

​ထို့ကြောင့် ဝီချက်၏ အနီရောင်စာအိတ်များအတွက် ယွမ် ၂၀၀ကန့်သတ်ချက်ဆိုသည်မှာ သာမန်လူများ၏ ပိုက်ဆံအိတ်များကို ကာကွယ်ရန် စဉ်းစားဆင်ခြင်ပေးထားသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။

(NT- ပုံမှန် ဝီချက်appမှာ တစ်ခါပေးရင် ယွမ်၂၀၀ပဲပေးလို့ရပါတယ် အခုappက အပြိုင်ကမ္ဘာက appဖြစ်တဲ့အတွက် အဲ့ဒီ ၂၀၀ဆိုတဲ့ ကန့်သတ်ချက်မရှိပါ...ပြီးတော့ ယွမ်၂၀၀ပဲပေးလို့ရတယ်ဆိုတာက ပိုက်ဆံမရှိတဲ့သူတွေက တစ်ခြားပိုက်ဆံရှိတဲ့သူတွေကို လိိုက်တုပြီး အလွန်အကျွံ့ပေးမှာဆိုးလို့ ကန့်သတ်ထားတဲ့သဘပါ)

​အနီရောင်စာအိတ် အားလုံးကို လက်ခံရရှိပြီးနောက် ကျန်းယဲ့က သူ၏ လက်ကျန်ငွေထဲရှိ အပို ယွမ်သုံးထောင်ကို ကြည့်ကာ ဖုန်းကို ပျော်ရွှင်စွာ ပိတ်ပြီး အိပ်ရာဝင်လိုက်၏။

​မနက် ၆ နာရီ ၃၀ မိနစ်တွင် ကျန်းယဲ့က ပုံမှန်အတိုင်း ရပ်ကွက်ထဲတွင် ပြေးကာ လမ်းတစ်လျှောက်တွင် ပြေးလိုက် လမ်းလျှောက်လိုက် လုပ်နေလေသည်။ သူက နံနက်စာဆိုင်သို့ ရောက်သောအခါ သူ စကားမပြောရသေးမီ ဆိုင်ပိုင်ရှင်က အရင် စကားစလိုက်၏။

​“ရှောင်ယဲ့... ပုံမှန်အတိုင်းပဲလား။ တို့ဟူးပေါက်စီလေးလုံးနဲ့ ဆားနယ်တို့ဟူး တစ်ပန်းကန်ပဲလား”

​“ဟုတ်တယ်...”

​ထို့နောက် ကျန်းယဲ့က ခုံလွတ်တစ်ခုကို ရှာပြီး ထိုင်လိုက်၏။ ဆိုင်ရှင်အမျိုးသမီးက ပေါင်းအိုးထဲမှ တို့ဟူးပေါက်စီလေးလုံးကို အလျင်အမြန် ယူကာ ကျန်းယဲ့ ရှေ့တွင် ချပေးလိုက်ပြီး ဆိုင်ရှင်က တစ်ဖက်တွင် တို့ဟူးပူတင်းကို လာချပေးလေသည်။

ကျန်းယဲ့က တတိယမြောက် ပေါက်စီကို စားနေစဉ် ရုတ်တရက် စနစ်၏ အသိပေးသံကို ရုတ်တရက် ကြားလိုက်ရသည်။

​[ဒင်... အေဒီ ၇၈၉ ခုနှစ် ထန်မင်းဆက် အန်းရှီး အစောင့်အရှောက်ခံနယ်မြေသို့ နေ့တစ်ပိုင်းခရီးစဉ်အတွက် နန်ဟူဟင်းသီးဟင်းရွက်ဈေးမှ ခရီးသည် ငါးဦးကို ကျေးဇူးပြု၍ စုဆောင်းပါ။ စျေးနှုန်း- တစ်ဦးလျှင် ယွမ် ၁၀၀၀။ မှတ်ချက်- ခရီးသည်များက နန်ဟူ ဟင်းသီးဟင်းရွက်ဈေးမှ ဆိုင်ခန်းပိုင်ရှင်များ ဖြစ်ရမည်။ စုဆောင်းရမည့်ကာလ- ၁၂ နာရီ။ ငါးမိနစ်အတွင်း အချိန်စမှတ်ပါမည်။]

​[တာဝန်ဆုလာဘ်- အသက် ၇ ရက်၊ အပိုဆုငွေ ယွမ် ၁၀၀,၀၀၀]

​အရင်သုံးကြိမ်၏ ပုံစံအရ နောက်ထပ်အဖွဲ့လိုက်ဝယ်ယူမှုက အနည်းဆုံး သုံးရက်ခန့် ကြာမှသာ စတင်လိမ့်မည်... ထိုအချိန်ကျမှ ဆူညံသံများက သူ့ကို စတင် အနှောင့်အယှက်ပေးလိမ့်မည်ဟု ကျန်းယဲ့က မူလက ထင်ထားခဲ့လေသည်။

​ရလဒ်အနေဖြင့် ဤတစ်ကြိမ်တွင် တာဝန်က မနက်စောစောစီးစီး ထွက်ပေါ်လာပြီး ခရီးသွားဆွဲဆောင်မှု နေရာများကလည်း ပြောင်းလဲသွား၏။

​ချင်မင်းဆက်မှ ထန်မင်းဆက်သို့ တစ်ဟုန်ထိုး ခုန်တက်သွားခြင်းပင်။

​ကျန်းယဲ့၏ သမိုင်းဗဟုသုတမှာ သိပ်မကြီးမားသော်လည်း အေဒီ ၇၈၉ ခုနှစ်ဆိုသည်မှာ အန်းလုရှန် ပုန်ကန်မှု နောက်ပိုင်းဖြစ်ကြောင်း သိပေသည်။ အန်းလုရှန် ပုန်ကန်မှုအတွင်း တိဘက်အင်ပါယာက အခွင့်အရေးယူကာ လုံယို နှင့် ဟဲရှီး စင်္ကြံလမ်းကို သိမ်းပိုက်ခဲ့ပြီး အန်းရှီး၊ ပေ့ထင် နှင့် အလယ်ပိုင်းလွင်ပြင်တို့ကို ဖြတ်တောက်ကာ အနောက်ဘက် ဒေသများကို သီးခြားနယ်မြေအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

​၂၉၈ နှစ် သက်တမ်းရှိသော ထန်မင်းဆက် သမိုင်းတွင် အင်ပါယာ၏ အမြင့်မားဆုံးသော ဂုဏ်ကျက်သရေကို မည်သည့် တပ်မတော်က ချီးမြှင့်နိုင်ခဲ့သနည်း။

​လီရှီမင် အာဏာရရန် ကူညီပေးခဲ့သော ရွှမ်ကျား တပ်မတော်ဟု အချို့က ပြောကောင်းပြောကြလိမ့်မည်။

​ထန်မင်းဆက် နှောင်းပိုင်းကာလအတွင်း နယ်စပ်ကို စောင့်ကြပ်ခဲ့သော ရှန်ချယ်တပ်မတော်ဟု အချို့က ပြောကောင်းပြောကြလိမ့်မည်။

​သို့သော် အနောက်ဘက်ဒေသများကို နှစ်ပေါင်းလေးဆယ်ကျော် စောင့်ကြပ်ခဲ့ပြီး ဆံဖြူသည်အထိ ထန်ဓားကို သေသည့်တိုင်အောင် ကိုင်စွဲထားခဲ့သော အန်းရှီးတပ်မတော်သည်သာ ထိုဂုဏ်ကျက်သရေနှင့် ထိုက်တန်သည်ဟု ကျန်းယဲ့ ခံစားရလေသည်။

အခန်း ၅၅ပြီး၏။

All Chapters