ကျန်းယဲ့ဟာ ကျရှုံးနေတဲ့ ခရီးသွားအေဂျင်စီတစ်ခုကို အမွေဆက်ခံရရှိခဲ့ပြီး ခရီးသွားလမ်းညွှန်တစ်ဦး ဖြစ်လာခဲ့၏။ သို့သော် သူ ခရီးသွားများကို ခေါ်ဆောင်သွားသည့် နေရာများမှာ အလွန်ပင် ထူးခြားကာ ဆန်းကြယ်နေချေသည်။ အခြားသူများက ခရီးသွားများကို 4A နှင့် 5A အဆင့်ရှိ ရှုခင်းသာနေရာများသို့ ခေါ်ဆောင်သွားကြချိန်မှာ သူကတော့ လူတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ခန့်က ချင်မင်းဆက်...... လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာခန့်က မင်မင်းဆက် ကာလတွေကို ခေါ်သွားခဲ့သည်။ ဒါ့အပြင် ဖုတ်ကောင်တွေ ပြည့်နှက်နေသည့် ကမ္ဘာပျက်နေ့လွန် စွန့်ပစ်မြေရိုင်းလောက..... လူတွေဟာ ဓားပျံစီးကာ သွားလာနေကြသည့် အင်မော်တယ် ကျင့်ကြံခြင်းလောက စတဲ့ နေရာတွေကို ခေါ်သွားနေချေသည်။ ကျန်းယဲ့- “လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်က ချင်မင်းဆက်ဆီ ခရီးသွားချင်ပါသလား” ခရီးသွား- “စောင်ရူးပဲ...” အဲဒီကို ရောက်သွားပြီးတဲ့နောက်မှာတော့... ခရီးသွား- “သောက်ကျိုးနည်း... သောက်ကျိုးနည်း... သောက်ကျိုးနည်း...” [ဒင်.... ချင်မင်းဆက်ဆီ တစ်ရက်တာ ခရီးစဉ်ကို ကျေးဇူးပြု၍ စီစဉ်ပေးပါ] [ဒင်... စွန့်ပစ်မြေရိုင်းလောကဆီ ခုနစ်ရက်တာ ခရီးစဉ်ကို ကျေးဇူးပြု၍ စီစဉ်ပေးပါ] [ဒင်.... ရွှမ်ဝူကုန်းမြေတိုက်ဆီ သုံးရက်တာ ခရီးစဉ်ကို ကျေးဇူးပြု၍ စီစဉ်ပေးပါ] ... ချင်မင်းဆက် ရှုခင်းသာဧရိယာသို့ ခရီးထွက်ခြင်း။ ခရီးသွား- “အား... ငါ ဇူလုံနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ရတယ်။ ဒီလတော့ ငါ့လက်ကို မဆေးတော့ဘူးကွ...” စွန့်ပစ်မြေရိုင်းလောကရဲ့ ရှုခင်းသာဧရိယာသို့ ခရီးထွက်ခြင်း။ ခရီးသွား- “ကယ်ကြပါဦးဗျ... ဖုတ်ကောင်က ငါ့ဖင်ကို ကိုက်နေပြီ” အင်မော်တယ် ကျင့်ကြံခြင်းလောကရဲ့ ရှုခင်းသာဧရိယာသို့ ခရီးထွက်ခြင်း။ ခရီးသွား- “ငါ့ကို မတားကြနဲ့.... ငါ အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံချင်တယ်... ငါ ထာဝရ အသက်ရှင်ချင်တယ်...” ရှေးဟောင်းသုတေသန အသိုင်းအဝိုင်းမှာ အငြင်းပွားစရာတစ်ခုခု ပေါ်လာတိုင်း... ရှေးဟောင်းသုတေသန ပရော်ဖက်ဆာ- “မြန်မြန်... ဒါရိုက်တာကျန်းကို သွားရှာကြစမ်း...” အင်မော်တယ်ကျင့်ကြံခြင်းလောကဆီ ခရီးသွားခွင့်နေရာကို လုယူဖို့အတွက် သက်ကြီးရွယ်အို သူဌေးကြီးတွေ တစ်ယောက်ပြီးတစ်ယောက် ရူးသွပ်လာကြချေသည်။ “ငါ တစ်ဘီလီယံ ပေးမယ်” “ငါ နှစ်ဘီလီယံ ပေးမယ်” “ငါ ဆယ်ဘီလီယံ ပေးမယ်” ... ထိုသို့နှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ ခရီးသွားများဟာ နေရာရဖို့အတွက် အလုအယက် ဖြစ်နေခဲ့ကြရပေသည်...။

