← Chapters

အခန်း ၈၃

Vol. 9 Ch. 83

အခန်း ၈၃

Vol. 9 Ch. 83

အခန်း (၈၃) ကားပေါ်တွင် စုဝေးကြခြင်း

​ဒါရိုက်တာကျန်း၏ အော်ဟစ်သံက အလွန်အားပါပြီး စိတ်လှုပ်ရှားဖွယ်ကောင်းလှကာ နက်ရှိုင်းစွာ ပဲ့တင်ထပ်သွားခဲ့သည်။

​ကျန်းယဲ့ တစ်ချက်တုန်လှုပ်သွားပြီး ထိုသူ့ကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်၏။

​သူ၏ရှေ့ရှိ ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားက အနည်းငယ်ရင်းနှီးနေသယောင်ရှိသော်လည်း ဤလူကို တစ်ခါမှမမြင်ဖူးကြောင်း ကျန်းယဲ့ သေချာပေါက်သိနေပေသည်။

​“ခင်ဗျားက ဘယ်သူလဲ..” ကျန်းယဲ့က မေးလိုက်၏။

​ချောင်ရန်ကျိက မတ်တပ်ရပ်ကာ ရှေ့တိုးပြီး ကျန်းယဲ့နှင့် လက်ဆွဲနှုတ်ဆက်ချင်နေခဲ့သည်။ သို့သော် ကျန်းယဲ့က ၎င်းကိုမြင်လျှင် အမြန်တားလိုက်ပြီး “ခင်ဗျား နေရာမှာပဲ ထိုင်နေလို့ရပါတယ်..” ဟု ပြောလိုက်လေသည်။

​ထိုစကားကိုကြားသောအခါ ချောင်ရန်ကျိက လိမ်မာစွာဖြင့် ပြန်ထိုင်လိုက်သော်လည်း သူ၏စိတ်အားထက်သန်မှုကတော့ လျော့ကျမသွားချေ။

​“ဒါရိုက်တာကျန်း... ကျွန်တော်က ချောင်ဝမ်ပေါ်ရဲ့ အဖေပါ။ ချောင်ဝမ်ပေါ် ခင်ဗျားနဲ့အတူ ချင်မင်းဆက်ကို သွားကတည်းက ကျွန်တော် အဲဒီအကြောင်းကိုပဲ တွေးနေခဲ့တာ။ ဒီတစ်ခါတော့ ခင်ဗျားရဲ့ ခရီးသွားကားပေါ်ကို နောက်ဆုံးတော့ စီးခွင့်ရပြီပဲ။ ဟားဟားဟား.. ကျွန်တော် တကယ်ကံကောင်းတာပဲ”

​ချောင်ရန်ကျိက ကားပေါ်ရှိ အခြားသူများကို လုံးဝဂရုမစိုက်ဘဲ ပျော်ရွှင်စွာ ပြောနေချေသည်။

​ကျန်ကိုးယောက်မှာ အံ့အားသင့်မှုမှ သတိပြန်လည်လာကြပြီး ချောင်ရန်ကျိ၏ စကားများကို တိတ်ဆိတ်စွာ နားထောင်ရင်း ၎င်းတို့၏ အဓိပ္ပာယ်ကို သေချာစွာ တွေးတောနေခဲ့ကြသည်။

​ကျန်းယဲ့က အနည်းငယ်ပြုံးလိုက်ပြီး “ဒါဆို ဦးလေးချောင်ကိုး... ဒါကြောင့်မလို့ ကျွန်တော့်အတွက် ရင်းနှီးပြီး ခင်မင်စရာကောင်းနေတာကိုး...”

​“ခွင့်လွှတ်ပါ...” အေးစက်သော မိန်းမသံတစ်ခုက သူတို့၏စကားဝိုင်းကို ဖြတ်ပြောလိုက်လေသည်။

​ကျန်းယဲ့၏ အကြည့်က ချန်နယ်အမှတ်တံဆိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အေးတိအေးစက်နိုင်သော်လည်း မွန်မြတ်လှပသော အငွေ့အသက်များ ထွက်ပေါ်နေသည့် အမျိုးသမီးချောလေးထံ ကျရောက်သွားခဲ့သည်။

​စုရှောင်ရှောင်၏ မျက်နှာအမူအရာက အေးစက်တည်တင်းနေပြီး တည်ငြိမ်သော အသံဖြင့် “အခု အခြေအနေက ဘာလဲဆိုတာ ကျွန်မကို ပြောပြနိုင်မလား” ဟု ပြောလိုက်သည်။

​ကျန်းယဲ့က ကားမိုက်ခရိုဖုန်းကို တည်ငြိမ်စွာ ကောက်ကိုင်လိုက်ပြီး သူ၏ကြည်လင်သောအသံက ကားထဲတွင် ပဲ့တင်ထပ်သွားချေသည်။ “အေဒီ ၇၈၉ ခုနှစ်က အန်းရှီးအစောင့်ရှောက်နယ်မြေဆီကို နေ့ချင်းပြန်ခရီးစဉ်အတွက် အောင်မြင်စွာ အနိုင်ရရှိသွားကြတဲ့သူတွေအားလုံးကို ဂုဏ်ပြုပါတယ်။ ကျွန်တော် တင်ထားတဲ့ ဗီဒီယိုကို ခင်ဗျားတို့အားလုံး မြင်ဖူးကြမှာပါ”

​သူက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောသည်။ “အဲဒီမြင်ကွင်းထဲက ပုံရိပ်တိုင်းက အစစ်အမှန်တွေပါပဲ”

​ကားအတွင်းဝယ် အသက်ရှုသံပြင်းပြင်းများ ထွက်ပေါ်လာလေသည်။

​“ခင်ဗျားတို့အားလုံးမှာ မေးခွန်းတွေ အများကြီးရှိနေမယ်ဆိုတာ ကျွန်တော် သိပါတယ်” ကျန်းယဲ့၏ အကြည့်က လူအုပ်ကြီး၏ အံ့အားသင့်ကာ မသေချာမရေရာဖြစ်နေသော မျက်နှာများကို ဝေ့ကြည့်လိုက်၏။ “အဖြေကို မကြာခင် သိရတော့မှာပါ...”

​“ကျွန်တော့်မှာ မေးခွန်းတစ်ခုရှိတယ်” လျိုဟောက်က သူ၏ ရွှေရောင်ကိုင်းမျက်မှန်ကို ပင့်တင်လိုက်၏။ “ခင်ဗျားဆိုလိုတာက.... သမိုင်းမှာ အနောက်ဘက်ဒေသတွေကို တစ်ယောက်တည်း ကာကွယ်ခဲ့တဲ့ အန်းရှီးတပ်မတော်ကို ကျွန်တော်တို့ တကယ်ပဲ ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်နိုင်မှာလား”

​“ဟုတ်ပါတယ်” ကျန်းယဲ့က ခေါင်းညိတ်လိုက်၏။

​ကျိုးမေ့ရှားက “ဒါက မယုံနိုင်စရာပဲ” ဟု ရေရွတ်လိုက်လေသည်။

​သူမဘေးတွင် ရပ်နေသော ချီခယ်ခယ်ကလည်း အသည်းအသန် ခေါင်းညိတ်လိုက်ပြီး သူမ၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ တလက်လက်တောက်ပနေခဲ့သည်။ “အိပ်မက်တစ်ခုလိုပဲ”

​ချောင်ရန်ကျိကတော့ တစ်ချိန်လုံး တည်ငြိမ်နေခဲ့ပြီး သူ၏ တည်ငြိမ်မှုထဲတွင် စိတ်လှုပ်ရှားမှုများ ရောယှက်နေလေသည်။ သူက အေးဆေးစွာ ပြုံးလိုက်ပြီး ပြော၏။ “ခင်ဗျားတို့အားလုံး နိုင်ငံရဲ့ နေရာအနှံ့အပြားကနေ မျက်တောင်တစ်ခတ်အတွင်း ဒီကို ရောက်လာကြတယ်ဆိုတဲ့ အချက်ကကိုပဲ အံ့ဖွယ်တစ်ခုဖြစ်နေပါပြီ။ ဒါကိုကြည့်ရင် အချိန်ခရီးသွားတာကို သံသယဖြစ်စရာ ဘာရှိတော့လို့လဲ...”

​အားလုံး တိတ်ဆိတ်သွားကြရသည်။

​လွန်ခဲ့သည့် ခဏလေးကမှ သူတို့အားလုံး ကိုယ့်အိမ်ကိုယ် ရောက်နေခဲ့ကြသည်ကို သူတို့ ကောင်းကောင်းသိကြသည်။ သို့သော် ယခုတော့ ဤလျှို့ဝှက်ဆန်းကြယ်သော ကားပေါ်တွင် ထူးဆန်းစွာ စုဝေးရောက်ရှိနေကြ၏။

​ထို့အပြင် ကားပေါ်ရှိ လူအရေအတွက်မှာ ရရှိနိုင်သော ခရီးသွားနေရာ ဆယ်နေရာနှင့် ကွက်တိကိုက်ညီနေလေသည်။

​လီကျန့်ကော်နှင့် ကျောက်ရှောင်ဟူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ နှစ်ယောက်စလုံးက စစ်သားများဖြစ်ကြပြီး အံ့အားသင့်နေကြသော်လည်း အပြင်ပန်းတွင်တော့ တည်ငြိမ်နေခဲ့ကြသည်။

​လီကျန့်ကော်က မျက်လုံးများကို အနည်းငယ်ကျဉ်းလိုက်ပြီး သူ့အားပေးအပ်ထားသော တာဝန်ကို ပြန်လည်သတိရလိုက်ကာ ရုတ်တရက် နားလည်သွားချေသည်။

​‘အထက်လူကြီးတွေက ဒီခရီးစဉ်ရဲ့ အစစ်အမှန်ဖြစ်တည်မှုကို သိနေနှင့်ပြီးသားပဲ။ ဒါကြောင့်မို့လို့ သူတို့ကို နေရာရအောင် လုဝယ်ခိုင်းနေခဲ့တာကိုး...’

​“ငါတို့ ကံကောင်းတယ်ထင်တယ်” လီကျန့်ကော်က လေသံတိုးတိုးဖြင့် ပြောလိုက်၏။ သူ၏အသံတွင် ရှားရှားပါးပါး စိတ်လှုပ်ရှားမှုအရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။

​ကျောက်ရှောင်ဟူ၏ တင်းမာနေသော ပခုံးများ အနည်းငယ် လျော့ကျသွားပြီး သူ၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွားရသည်။ “တပ်ရင်းမှူးလေး... ကျွန်တော်တို့ တကယ့် အန်းရှီးတပ်မတော်နဲ့ တွေ့ရတော့မှာလား”

​လီကျန့်ကော်က နက်ရှိုင်းသော အကြည့်ဖြင့် ခေါင်းညိတ်လိုက်၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ က အန်းရှီးတပ်မတော်ပေါ့... ”

​သူတို့နှစ်ယောက်စလုံး ထပ်ပြီး ဘာမှမပြောကြတော့သော်လည်း တစ်ယောက်၏မျက်လုံးထဲတွင် အခြားတစ်ယောက်က တူညီသော အံ့အားသင့်မှုနှင့် မျှော်လင့်ချက်များကို မြင်တွေ့နေရလေသည်။

​အခြားတစ်ဖက်တွင်တော့ လီလီချန်က သူ၏မျက်မှန်ကို ဖြည်းညင်းစွာ ချွတ်လိုက်ပြီး ရင်ထဲမှ ဗြောင်းဆန်နေမှုများကို ငြိမ်ကျသွားစေရန် သူ၏အင်္ကျီလက်မောင်းဖြင့် မျက်မှန်မှန်ဘီလူးများကို ညင်သာစွာ သုတ်လိုက်၏။

​သူ၏ဖခင် ဖုန်းထဲတွင် ပြောခဲ့သော ပြတ်သားသည့်လေသံ... ဗီဒီယိုထဲမှ အသေးစိတ်အချက်အလက်များနှင့် သူ၏ဖခင် လှည့်စားခံရပြီဟု သူ အစပိုင်းက သံသယဝင်ခဲ့ပုံများကို ပြန်လည်သတိရလိုက်သည်။

​“ဒါဆို တကယ်ကြီး အစစ်ပဲပေါ့...” သူ၏ လက်ချောင်းထိပ်လေးများ အနည်းငယ် တုန်ယင်နေလျက် တိုးတိုးလေး ရေရွတ်လိုက်၏။

​ရှေးဟောင်းသုတေသန ပါမောက္ခတစ်ဦးအနေဖြင့် သမိုင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရခြင်းက ဘာကိုဆိုလိုသလဲဆိုတာကို သူက အခြားသူများထက် ပိုသိချေသည်။

​စာရွက်စာတမ်းများတွင်သာ တည်ရှိနေသော မှတ်တမ်းများ၊ ယခုတိုင် ငြင်းခုံနေကြဆဲဖြစ်သော ပညာရပ်ပိုင်းဆိုင်ရာ လျှို့ဝှက်ချက်များ၊ အချိန်ရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော ရှေးဟောင်းမြို့တော်များနှင့် တပ်မတော်များ။

​သူက ဒါတွေကို ကိုယ်တိုင်ကိုယ်ကျ မျက်စိဖြင့် မြင်တွေ့ရတော့မည် ဖြစ်သည်မဟုတ်လော။

​နောက်ခဏ၌ တားဆီးမရနိုင်သော စိတ်လှုပ်ရှားမှုလှိုင်းလုံးကြီးတစ်ခုက သူ၏ရင်ထဲတွင် လွှမ်းမိုးသွားခဲ့သည်။ သူ၏ သွေးကြောများထဲတွင် သွေးများ စီးဆင်းနေသည့် အသံကိုပင် သူဟာ ကြားနေရသလိုပင်။

​ကောရွှိုက်က သူ၏ထိုင်ခုံတွင် မှီထိုင်လိုက်ပြီး သူ၏ ရှည်လျားသွယ်လျသော လက်ချောင်းများက ဒူးကို မသိမသာ ခေါက်နေခဲ့သည်။

​အီးစပေါ့ အသိုင်းအဝိုင်းတွင် ထိပ်တန်းကစားသမားတစ်ဦးအနေဖြင့် သူ၏ တုံ့ပြန်မှုအမြန်နှုန်းနှင့် ဆုံးဖြတ်ချက်များက အမြဲတမ်း တိကျမှန်ကန်ခဲ့သည်။

​“ငါ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ” သူက တိုးတိုးလေး ရယ်မောလိုက်ပြီး ခေါင်းရမ်းလိုက်၏။ သူ၏ မျက်လုံးများက ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုများဖြင့် တလက်လက် တောက်ပနေချေသည်။

​လျိုဟောက်ကတော့ သွေးများဆူပွက်မတတ် စိတ်လှုပ်ရှားနေခဲ့သည်။ ဌာနမှူးကျောက်၏ ညွှန်ကြားချက်များကို ဖြည့်ဆည်းပေးရန်သာ ကြိုးစားခဲ့ရင်း သူ ဒီလောက် ကံကောင်းပြီး နေရာလုနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။

​ယခုတော့ သူက လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ က အနောက်ဘက်ဒေသများကို သူ၏ ကိုယ်ပိုင်မျက်စိဖြင့် မြင်တွေ့ချင်နေပြီဖြစ်သည်။

​‘ဒွန်းဟွမ်အကယ်ဒမီရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ရတာ ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းလိုက်သလဲ’

​‘လွန်ခဲ့တဲ့ နှစ် ၁၂၀၀ က နံရံဆေးရေးပန်းချီတွေကို ငါမြင်ခဲ့ရတယ်ဆိုတာကိုသာ ပြတိုက်မှူး သိသွားရင် သူ မနာလိုဖြစ်ပြီး အရူးအမူး ဖြစ်သွားလိမ့်မယ်’

​ထိုမြင်ကွင်းကို တွေးကြည့်လိုက်ရုံဖြင့် လျိုဟောက်ကို ပို၍ပင် စိတ်လှုပ်ရှားသွားရသည်။ သူက ထိန်းမရသိမ်းမရ တုန်ယင်လာကာ လက်သီးများကို ဆုပ်ထားလိုက်မိ၏။

​‘ဝါးဟားဟားး... ငါက သိပ်ကို ကံကောင်းတဲ့လူပဲ’

​ကားအတွင်းရှိ လေထုက အံ့အားသင့်မှုမှနေ၍ စိတ်လှုပ်ရှားမှုဆီသို့ တဖြည်းဖြည်း ပြောင်းလဲသွားချိန်တွင် ရုတ်တရက် ငိုကြွေးသံတစ်ခု ထွက်ပေါ်လာချေသည်။

​“ကျစ်... ငါ့ရဲ့ နောက်ဆုံး ယွမ်နှစ်ထောင်လေး ပါသွားပြီကွ”

​ချန်မိုက သူ၏ထိုင်ခုံမှ ရုတ်တရက် ခုန်ထလိုက်ပြီး သူ၏မျက်နှာတွင် ဝမ်းနည်းပူဆွေးမှုများ အပြည့်ဖြစ်နေလေသည်။

​သူ ဒီတစ်ကြိမ် လိမ်မခံရသော်လည်း သူ၏ပိုက်ဆံများအားလုံး ကုန်သွားခဲ့ပြီဖြစ်၏။

​နောက်ဆုံးကျန်သော ယွမ်နှစ်ထောင်က ဒီလိုနဲ့ပဲ ပျောက်ကွယ်သွားခဲ့ပြီပေါ့။

​လူတိုင်းက သူ့ကို လှည့်ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာများက အမျိုးမျိုး ကွဲပြားနေကြလေသည်။

​ယင်းကိုကြားသောအခါ စုရှောင်ရှောင်က မျက်လုံးများကို မော့ကာ သူ့ကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ပြီး “ဒီလို အခွင့်အရေးမျိုးကို ပိုက်ဆံနဲ့ ဝယ်လို့ရမယ် ထင်နေတာလား..”

​လီလီချန်က မျက်မှန်ကို ပင့်တင်လိုက်ပြီး ညင်သာစွာ ဖြည့်ပြောလိုက်၏။ “အချိန်ခရီးသွားတာရဲ့ တန်ဖိုးက ပိုက်ဆံနဲ့တိုင်းတာလို့ရတာထက် အများကြီး ပိုကျော်လွန်ပါတယ်။ သမိုင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရတာက ပညာရှင်များစွာ အိပ်မက်မက်ရတဲ့ အရာတစ်ခုပါ...”

​“ကျွန်တော့်သားနဲ့ သူ့သူငယ်ချင်းတွေဆို ပိုက်ဆံအများကြီး အကုန်ခံတာတောင် နေရာတစ်နေရာ မရခဲ့ဘူး” ချောင်ရန်ကျိက ရယ်မောကာ ကြားဖြတ်ပြောလိုက်၏။

​ချန်မော့က ခေါင်းကိုကုတ်လိုက်ပြီး သူ၏နားရွက်များက နီရဲသွားရသည်။ “ဒီသဘောတရားကို ကျွန်တော် နားလည်ပါတယ်...”

​သူ၏အသံက တဖြည်းဖြည်း တိုးဝင်သွားလေသည်။ “ဒါပေမဲ့ ကျွန်တော့်ကတ်ထဲမှာ ခြောက်ပြားပဲ ကျန်တော့တာဗျ....”

​ကားထဲတွင် ခဏတာ တိတ်ဆိတ်သွားချေသည်။

​“ဖူး.... ” ချီခယ်ခယ်က အသံထွက်ကာ မရယ်ဘဲ မနေနိုင်တော့ချေ။ ချန်မော့က သူမကို ကြည့်နေသည်ကို မြင်သောအခါ သူမက အမြန် လက်ကာပြလိုက်ပြီး “ရှင် ဆင်းရဲတာကို ရယ်နေတာ မဟုတ်ပါဘူး...”

​သူမ၏မျက်လုံးများက တလက်လက် တောက်ပနေခဲ့သည်။ “ကျွန်မ ဆိုလိုတာက ရှင် ခူချာကနေ ပန်းကန်ဖြစ်ဖြစ် ဇလုံဖြစ်ဖြစ် တစ်ခုခု ပြန်ယူလာရင် အဲဒါက ရှေးဟောင်းပစ္စည်း ဖြစ်မသွားဘူးလား။ အဲဒါဆို သန်းနဲ့ချီပြီး အလွယ်လေး ရောင်းလို့ရမှာလေ...”

​ချန်မော့၏ မျက်လုံးများ ချက်ချင်း အရောင်လင်းသွား၏။ “ဟုတ်သားပဲ.. အဲဒါကို ငါ ဘာလို့ မတွေးမိပါလိမ့်..”

​“သီအိုရီအရ ပြောရရင်တော့...” လီလီချန်က ရုတ်တရက် ကြားဖြတ်ပြောလိုက်၏။ သူ၏ ပညာရှင်အသိစိတ်က အမှားပြင်ပေးရန် လှုံ့ဆော်နေလေသည်။ “သမိုင်းဝင် နှစ်ကာလ ကြာညောင်းမှု ဖြစ်စဉ်ကို မဖြတ်သန်းရသေးတဲ့ ပစ္စည်းတွေကို ရှေးဟောင်းပစ္စည်းအဖြစ် သတ်မှတ်ဖို့ ခက်ခဲတယ်။ ဒါက ခေတ်ပေါ်ပန်းကန်လုံးတစ်လုံးကို မြေကြီးထဲ မြှုပ်ထားသလိုပါပဲ။ ပြန်တူးဖော်ရင်တောင် အဲဒါက ယဉ်ကျေးမှုအမွေအနှစ် ဖြစ်လာမှာ မဟုတ်ဘူး..”

​ထိုစကားကြောင့် ချန်မော့မှာ ချက်ချင်းပင် လေလျှော့သွားသလို ဖြစ်သွားပြီး ပခုံးများ ကျသွားခဲ့သည်။ “ဒါဆိုရင်တော့ ပြန်ရောက်ရင် ငါ ငတ်တော့မှာပဲ...”

​“ညီလေး...” ချောင်ရန်ကျိက ရုတ်တရက် ပြောလိုက်သည်။ “မင်း ပြန်ယူလာတဲ့ ပစ္စည်းတွေကို ဈေးကွက်ပေါက်ဈေးနဲ့ ငါဝယ်မယ်။ ဒီအံ့သြစရာကောင်းတဲ့ ခရီးစဉ်ရဲ့ အမှတ်တရပစ္စည်းတစ်ခုအနေနဲ့ သဘောထားလိုက်ပါ...”

​အေးစက်ပြီး ချဉ်းကပ်ရခက်သည့် အသွင်အပြင် ရှိနေသော်လည်း ဟောင်ကောင်ဖျော်ဖြေရေးလောကမှ အမျိုးသမီးငယ်လေး စုရှောင်ရှောင်က အံ့သြစရာကောင်းလောက်အောင် ဝင်ပြောလာပြန်သည်။ “ကျွန်မဆီကိုလည်း ရောင်းလို့ရပါတယ်...”

​ကောရွှိုက်က အနည်းငယ် ရှက်ရွံ့နေပုံရသော ချန်မော့ကို ကြည့်ကာ ပြောလိုက်၏။ “မင်း စိတ်မဆိုးဘူးဆိုရင် ငါ့ဆီကိုလည်း ရောင်းလို့ရတယ်...”

​လူတိုင်းက သူ့ကို ကြင်နာသော အပြုံးများဖြင့် ကြည့်နေခဲ့ကြသည်။

​ချန်မော့မှာ သူ၏နားရွက်ကို ကုတ်ကာ လိုက်ရယ်နေသော်လည်း သူ၏မျက်လုံးများက အနည်းငယ် နီရဲနေချေသည်။

​ထိုအခိုက်အတန့်တွင် သူ သုံးလိုက်ရသော ယွမ်နှစ်ထောင်က... တကယ်တော့ တော်တော်လေး တန်ပါတယ်ဟု ရုတ်တရက် ခံစားလိုက်ရ၏။

အခန်း ၈၃ပြီး၏။

All Chapters