← Chapters

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း (၂၂၀) စစ်မြေပြင်သို့ ရောက်ရှိခြင်း

​မှောင်မိုက်နေသော အချိန်ဥမင်လိုဏ်ခေါင်းထဲတွင် ငွေဖြူရောင် ခရီးသွားဘတ်စ်ကားကြီးက တိတ်ဆိတ်စွာ ခရီးနှင်နေပြီး ပုံပျက်နေသော ကြယ်ရောင်များက ပြတင်းပေါက်မှတစ်ဆင့် ရံဖန်ရံခါ ဖြတ်ပြေးသွားကြ၏။

​ရုတ်တရက် မျက်စိကျိန်းမတတ် ရွှေရောင် အလင်းတန်းတစ်ခုက ကား၏ ရှေ့ဘက်မှ ထွက်ပေါ်လာပြီး ကျန်းယဲ့၏ ပုံရိပ်က တဖြည်းဖြည်း ထင်ရှားလာလေသည်။

​ထို့နောက် သူက ကား၏ ရှေ့ဆုံးတွင် ရပ်ကာ အသစ်မွမ်းမံထားသော အတွင်းပိုင်းကို ဝေ့ကြည့်လိုက်၏။

​ထိုင်ခုံအရေအတွက်မှာ မူလ နှစ်ဆယ့်နှစ်ခုံမှ ငါးဆယ့်ငါးခုံအထိ တိုးချဲ့ထားခဲ့သည်။ မျက်နှာကြက်ပေါ်တွင် အသစ်တပ်ဆင်ထားသော LED မီးရောင်များက နူးညံ့သော အလင်းရောင်ကို ဖြာကျစေပြီး အခန်းတစ်ခုလုံးကို လင်းထိန်ကာ နွေးထွေးသွားစေပြီး လေထုကပင် လန်းဆန်းသော အငွေ့အသက်များဖြင့် ပြည့်နှက်နေချေသည်။

​“နောက်ဆုံးတော့ အဆင့်မြှင့်တင်ပြီးသွားပြီပဲ...” ကျန်းယဲ့က အသစ်စက်စက် ခရီးသွားဘတ်စ်ကားကြီးကို ကြည့်ကာ ကျေနပ်စွာ ပြောလိုက်၏။

​ထိုအချိန်မှာပင်...

​“ရွှစ်....”

​အဖြူရောင် အလင်းတန်း ငါးဆယ်က တစ်ပြိုင်နက်တည်း တောက်ပလာရာ လူတွေ မျက်လုံးပင် ဖွင့်မရအောင် စူးရှလှပေသည်။

​အလင်းရောင် မှေးမှိန်သွားသောအခါ အရပ်ရှည်ရှည် ပုံရိပ် ငါးဆယ်က သပ်ရပ်သော အတန်းများဖြင့် ထိုင်နေကြပြီ ဖြစ်သည်။

​သို့သော် ခရီးသွားအသစ်များတွင် အမြဲတွေ့ရလေ့ရှိသော အံ့သြတုန်လှုပ်သည့် တုံ့ပြန်မှုမျိုး လုံးဝ မရှိသလို အပို စကားပြောသံများလည်း မရှိချေ။

​ထက်မြက်သော မျက်လုံးအစုံ ငါးဆယ်က မှိန်ဖျော့နေသော ကားအတွင်းခန်းထဲတွင် ကြယ်များလို တောက်ပနေပြီး သူတို့၏ တိုက်ခိုက်ရေးဝတ်စုံများ အောက်ရှိ ကြွက်သားများက တင်းမာနေကာ သူတို့၏ အသက်ရှူနှုန်းပင်လျှင် နည်းဗျူဟာမြောက် အကြိမ်အရေအတွက်ကို ထိန်းသိမ်းထားခဲ့ကြသည်။

​ကျန်းယဲ့က ခပ်ဖွဖွ ပြုံးလိုက်ရာ သူ၏ မျက်လုံးများထဲတွင် လေးစားမှုနှင့် အသိအမှတ်ပြုမှုများ ပြည့်နှက်နေ၏။

​ဤသည်မှာ သူ ဦးဆောင်ခဲ့ဖူးသမျှ ခရီးသွားအဖွဲ့များထဲတွင် အကျွမ်းကျင်ဆုံးအဖွဲ့ ဖြစ်ပေလိမ့်မည်။

​ကျန်းယဲ့၏ အကြည့်က မရင်းနှီးသော မျက်နှာ ငါးဆယ်အပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် ဝေ့ကြည့်လိုက်ပြီး သူက ခပ်ဖွဖွ ပြုံးကာ ပြောလိုက်၏။ “ဒီအချိန်ခရီးသွားခရီးစဉ်ကို လာရောက်ကြတဲ့ အားလုံးကို ကြိုဆိုပါတယ်။ ကျွန်တော်က ခင်ဗျားတို့ရဲ့ ဧည့်လမ်းညွှန်ကျန်းယဲ့ပါ...”

​သူ၏ အသံက မကျယ်လောင်သော်လည်း လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားခဲ့သည်။ “ထုံးစံအတိုင်း အားလုံးပဲ ကိုယ့်ကိုယ်ကိုယ် အရင် မိတ်ဆက်ကြတာပေါ့....”

​ပထမတန်းမှ ပခုံးကျယ်ကျယ်နှင့် အမျိုးသား တစ်ယောက် မတ်တပ်ရပ်လိုက်ရာ သူ၏ ကိုယ်နေဟန်ထားက ထင်းရှူးပင်လို ဖြောင့်မတ်နေချေသည်။ “နဂါးကြေးခွံအထူးတပ်ဖွဲ့... အဖွဲ့ခေါင်းဆောင်ရဲ့ လျှို့ဝှက်ကုဒ်နာမည်က နဂါးပြာပါ....”

​သူ့နောက်ရှိ အဖွဲ့ဝင်ကိုးယောက်က တစ်ယောက်ပြီး တစ်ယောက် မတ်တပ်ရပ်လာကြပြီး သူတို့၏ အသံများက ပြတ်သားကာ ရှင်းလင်းနေခဲ့သည်။

​“ချွန်ထက်သော အစွန်း”

​“တောင်တန်းများ”

​“ရှီယင်း”

​...

​ထို့နောက် ချက်ချင်းဆိုသလိုပင် ဒုတိယအဖွဲ့က မတ်တပ်ရပ်လာခဲ့သည်။

​အဖွဲ့ကို ဦးဆောင်လာသော အမျိုးသမီး အရာရှိမှာ သပ်ရပ်သော ဆံပင်တိုနှင့် ထက်မြက်သော မျက်လုံးများ ရှိလေသည်။ “ငှက်နီအဖွဲ့... ကျွန်မက အဖွဲ့ခေါင်းဆောင် အမွေးနီ’ (Red Feather/Akabane) ပါ”

( NT- Red Featherဆိုတော့ အမွှေးနီလို့ ချလိုက်ပြီးနော်.......)

​သူမ၏ အဖွဲ့ဝင်များကလည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာ၏။

​“မီးပွား”

​“စီးဆင်းနေသော မီးလျှံ”

​“မိုးကြိုး....”

​...

​တတိယအဖွဲ့မှာ နည်းဗျူဟာမြောက် မျက်မှန်များကို အပြည့်အစုံ တပ်ဆင်ထားကြသည်။ အဖွဲ့ခေါင်းဆောင်၏ အသံက ဩရှရှ ဖြစ်နေချေသည်။ “သံချပ်ကာနက်အဖွဲ့... ကုဒ်နာမည်က သံတံတိုင်းပါ”

​“ဒိုင်းလွှားလေး”

​“ခံတပ်မြို့တော်”

​“အသဲကွဲသံမဏိ”

​...

(NT- ကြိုက်လား သံမဏိတော့ သံမဏိပဲ အသဲကွဲတာတော့ မခံနိုင်ဘူး.....)

​စတုတ္ထအဖွဲ့၏ အဖွဲ့ဝင်များမှာ ပိန်သွယ်ပြီး အသံလုံးဝ မထွက်သလောက် ရွေ့လျားသွားလာကြသည်။

​အဖွဲ့ခေါင်းဆောင်က ခေါင်းကို အနည်းငယ် ညိတ်လိုက်၏။ “ဓားနက်အဖွဲ့.... ကုဒ်နာမည်က အရိပ်ပါ”

​“တိတ်ဆိတ်ခြင်း” [ ဝေးကွာခြင်း......]

​“ရုတ်တရက် အလင်းရောင်”

​“ပိုးသားကို ဆုတ်ဖြဲခြင်း”

​...

​နောက်ဆုံးအဖွဲ့ ထရပ်လိုက်ချိန်တွင် ကားအတွင်းခန်း၏ အပူချိန်မှာ အနည်းငယ် ကျဆင်းသွားသလို ခံစားလိုက်ရလေသည်။

​အဖွဲ့ခေါင်းဆောင်၏ မျက်နှာက တင်းမာနေပြီး သူ၏ အသံက သံမဏိလို မာကျောနေခဲ့သည်။ “အစွန်းအေးအဖွဲ့.... ကုဒ်နာမည် နှင်းခဲဓားပါ”

​“ဆောင်းရာသီ ရောက်ပြီ....”

​“နှင်းပွင့်များ....”

​“အထီးကျန် ဝံပုလွေ.....”

​...

​အဖွဲ့အားလုံး၏ ကိုယ်ပိုင် မိတ်ဆက်မှုများကို နားထောင်ပြီးနောက် ကျန်းယဲ့က ကားထဲရှိ ပြတ်သားသော မျက်နှာတိုင်းကို ဖြည်းညှင်းစွာ ဝေ့ကြည့်လိုက်ပြီး ဩရှရှ အသံဖြင့် ပြောလိုက်၏။ “ငါတို့ သွားမယ့်နေရာက ဘာကိုဆိုလိုတယ်ဆိုတာကို မင်းတို့ အားလုံး ကောင်းကောင်း သိကြမယ်ဆိုတာ သေချာပါတယ်....”

​သူက ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် ဆက်ပြော၏။ “၁၉၃၇ ခုနှစ်... ယဉ်ကျေးမှု တော်လှန်ရေးဆိုတာ အသက်ရှူလိုက်တိုင်းတောင် သွေးနံ့ထွက်နေတဲ့ နေရာတစ်ခုပဲ။ ဒီခရီးစဉ်ရဲ့အန္တရာယ်တွေက မင်းတို့ စိတ်ကူးထားတာထက် အများကြီး ပိုများတယ်ဆိုတာကို ငါ သတိပေးရလိမ့်မယ်။ ခြေတစ်လှမ်း မှားလိုက်တာနဲ့...”

​“ဒါရိုက်တာကျန်း....” နဂါးပြာက ရုတ်တရက် မတ်တပ်ရပ်ပြီး သူ့ကို စကားဖြတ်ပြောလိုက်ရာ သူ၏ လင်းယုန်လို ထက်မြက်သော မျက်လုံးများက ကျန်းယဲ့ကို တိုက်ရိုက် စိုက်ကြည့်နေချေသည်။ “ကျွန်တော်တို့အတွက် ခင်ဗျား စိတ်ပူစရာ မလိုပါဘူး။ ဒီမစ်ရှင်ကို လက်ခံရရှိတဲ့ နေ့ကတည်းက ကျွန်တော်တို့ရဲ့ တာဝန်က ဘာလဲဆိုတာကို ကျွန်တော်တို့ သိပြီးသားပါ....”

​အမွေးနီက မတ်တပ်ရပ်ကာ သူမ၏ သပ်ရပ်သော ဆံပင်တိုလေးကို ပြသရန် စစ်ဦးထုပ်ကို ချွတ်လိုက်ပြီး ပြောလေသည်။ “အန္တရာယ်လား။ သေချာတာပေါ့ ကျွန်မတို့ ကြောက်တာပေါ့။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ လေ့ကျင့်မှုတွေ ရထားတဲ့ ကျွန်မတို့တောင် ကြောက်နေတယ်ဆိုရင် လက်နက်မပါတဲ့ အရပ်သားတွေကရော... အခြေခံလေ့ကျင့်မှုပဲ ရထားတဲ့ စစ်သားငယ်လေးတွေကရော.... သူတို့ ဘယ်လောက်တောင် ကြောက်နေကြမလဲ....”

​သံတံတိုင်းကလည်း မတ်တပ်ရပ်လိုက်ပြီး သူ၏ အသံက ဩရှရှ ဖြစ်နေခဲ့သည်။ “ဒီတစ်ခေါက် ကျွန်တော်တို့ အသက်ရှင်လျက် ပြန်ထွက်လာဖို့ မရည်ရွယ်ထားပါဘူး....”

​ထိုစကားများက လေးလံသော တူတစ်လက်လို လူတိုင်း၏ နှလုံးသားကို ရိုက်ခတ်သွားခဲ့သည်။

​“ကျွန်တော်တို့ အသက်ရှင်လျက် ပြန်မသွားဖို့ ဆုံးဖြတ်ထားပြီးသားပါ.....” လူငါးဆယ်၏ အသံက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာရာ ကားပြတင်းပေါက်များပင် အနည်းငယ် တုန်ခါသွားလေသည်။

​နှင်းခဲဓားက နောက်ဆုံးမှ မတ်တပ်ရပ်လိုက်၏။ သူက ကျန်းယဲ့အနားသို့ လျှောက်သွားကာ ထိုနေရာတွင် ရပ်လိုက်ပြီး လေးနက်သော မျက်လုံးများဖြင့် စစ်သားအလေးပြုခြင်းဖြင့် ရုတ်တရက် လက်ကို မြှောက်လိုက်၏။ “ဒါရိုက်တာကျန်း... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ခင်ဗျားရဲ့ အသက်က ကျွန်တော်တို့ အားလုံးရဲ့ အသက်ပေါင်းထားတာထက် ပိုတန်ဖိုးရှိပါတယ်.....”

​မထွက်ခွာမီ သူတို့အားလုံး လျှို့ဝှက် အမိန့်တစ်ခုကို လက်ခံရရှိခဲ့ကြ၏။

​‘ဘယ်လို တန်ဖိုးမျိုး ပေးရပေးရ ကျန်းယဲ့ကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိစေဖို့ သေချာအောင် လုပ်ပါ။ တပ်ဖွဲ့ တစ်ခုလုံးပျက်စီးသွားရင်တောင်မှ သူ့ကို ခေတ်သစ်ကမ္ဘာဆီ အသက်ရှင်လျက် ပြန်ခေါ်လာရမယ်....’

​ကျန်းယဲ့က သူတို့၏ ရည်ရွယ်ချက်အတွက် သေရန် အသင့်ဖြစ်နေသော ဤစစ်သားများကို ကြည့်ကာ သူ၏ လည်ချောင်းထဲတွင် တစ်ဆို့သွားရသည်။

​ပြတင်းပေါက် အပြင်ဘက်မှ ကားခေါင်မိုးပေါ်သို့ ဖြာကျနေသော နေရောင်ခြည်က သူတို့၏ မျက်နှာများပေါ်သို့ ကျရောက်နေပြီး သူတို့၏ ပြတ်သားသော အမူအရာများကို ပိုမို ထင်ရှားစေလေသည်။

​နောက်ဆုံးတွင် သူက စကားတစ်ခွန်းသာ ပြောနိုင်တော့၏။ “ကောင်းပြီ....”

​ထိုအချိန်မှာပင် မျက်စိကျိန်းမတတ် ဖြူစင်သော အလင်းတန်းတစ်ခုက ရေတံခွန်တစ်ခုလို ကျဆင်းလာပြီး ဘတ်စ်ကားတစ်စီးလုံးကို လုံးဝ ဖုံးလွှမ်းသွား၏။

​အလင်းရောင်က အလွန် ပြင်းထန်လွန်းသဖြင့် ထိတွေ့နိုင်လုမတတ် ဖြစ်နေပြီး ကားထဲရှိ လူတိုင်းက အလိုအလျောက် မျက်လုံးများကို မှိတ်ထားလိုက်ကြရသည်။

​မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်း မှေးမှိန်သွားပြီးနောက် လူတိုင်းက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ကြလေသည်။

​မီးခိုးငွေ့များက နှာခေါင်းထဲသို့ ဝင်ရောက်လာပြီး မီးလောင်ထားသော မြေကြီးနံ့နှင့်အတူ ပြင်းထန်သော သွေးနံ့များ ရောနှောကာ အာရုံများကို ရိုက်ခတ်လာခဲ့သည်။

​ကောင်းကင်မှာ သေနတ်ပစ်ခတ်မှုများကြောင့် အနီရင့်ရောင်လွှမ်းနေပြီး ပြာများက အမည်းရောင် နှင်းပွင့်များလို ကျဆင်းနေ၏။

​ပြိုကျနေသော အိမ်အောက်တွင် ဖြူဖျော့နေသော လက်တစ်ဖက်က အပျက်အစီးများကြားမှ ဆန့်ထွက်နေပြီး ၎င်း၏ လက်ချောင်းငါးချောင်းက တောင့်တင်းစွာ ဖြန့်ကားနေကာ နောက်ဆုံးအချိန်တွင် တစ်စုံတစ်ခုကို ဆုပ်ကိုင်ရန် ကြိုးစားနေသည့်အလားပင်။

​အဝေးမရောက်တရောက်တွင် မီးကျွမ်းနေသော ခန္ဓာကိုယ်တစ်ဝက်က ကျိုးကျနေသော ဒိုင်းယားတန်းတစ်ခုမှ တွဲလောင်းကျနေပြီး ၎င်း၏ အတွင်းကလီစာများမှာ ပေါက်ထွက်နေကာ လေထဲတွင် လွင့်ခါနေသော စုတ်ပြဲနေသည့် အဝတ်စများသာ ကျန်ရှိတော့ချေသည်။

​“သတိထား....” နဂါးပြာက အော်ဟစ်လိုက်ပြီး လူငါးဆယ်က ချက်ချင်း လူစုခွဲကာ နည်းဗျူဟာမြောက် ပုံစံတစ်ခုကို ဖွဲ့စည်းလိုက်ကြ၏။

​သေနတ်မောင်းတင်သံများက မြေပြင်တစ်ခွင် ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ ဓားတစ်လက်လို ထက်မြက်သော မျက်လုံးများက ပျက်စီးနေသော ရှုခင်းကို ဝေ့ကြည့်လိုက်ကြသည်။

​ကျန်းယဲ့က မတ်တပ်ရပ်နေပြီး သူ၏ ဘွတ်ဖိနပ် အောက်ခြေများက စေးကပ်နေသော သွေးများနှင့် ရွှံ့များထဲသို့ နစ်ဝင်နေခဲ့သည်။

​ထို့အပြင် သူ၏ ခြေရင်းတွင် ကလေးတစ်ယောက် လဲကျနေလေသည်။ တစ်ချိန်က ကလေးတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယခုအခါ မီးကျွမ်းနေသော ခေါင်းတစ်ဝက်သာ ကျန်ရစ်တော့ပြီး ၎င်း၏ လွတ်ဟာနေသော မျက်လုံးအိမ်များက ကောင်းကင်ကို စိုက်ကြည့်နေခဲ့သည်။

​အဝေးတစ်နေရာတွင် အလောင်းပုံများက စည်းစနစ်မကျဘဲ ပုံထားလျက် ရှိ၏။ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကျောင်းဝတ်စုံ ဝတ်ဆင်ထားသော ဆယ်ကျော်သက်များ.....

​သူတို့၏ သွေးများက အနီရင့်ရောင် စမ်းချောင်းများအဖြစ် စီးဆင်းနေပြီး အက်ကွဲနေသော မြေပြင်တစ်လျှောက် ကွေ့ကောက်သွားနေခဲ့သည်။

​အမွေးနီ၏ အသက်ရှူသံက ရုတ်တရက် ပြင်းထန်လာပြီး သူမ၏ ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေရသည်။

​သူမက လက်သီးများကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး သူမ၏ အတွင်းမှ လျှံတက်လာသော လူသတ်ချင်စိတ်ကို ထိန်းချုပ်လိုက်လေသည်။

​သံတံတိုင်း၏ လက်သီးများက အက်ကွဲသံမြည်သည်အထိ တင်းကျပ်စွာ ဆုပ်ထား၏။

​လေပြင်းက အပျက်အစီးများကို ဖြတ်သန်းသွားစဉ် ဝူခနဲ မြည်ဟည်းသွားပြီး မီးကျွမ်းနေသော စာရွက်အချို့ကို သယ်ဆောင်သွားခဲ့သည်။

​စုတ်ပြဲနေသော ကျောင်းသုံးစာအုပ် စာမျက်နှာ တစ်ရွက်ပေါ်တွင် တရုတ်စာပေဆိုသည့် စကားလုံးများနှင့် သွေးများ စွန်းထင်းနေသော ကဗျာတစ်ဝက်ကို ဝိုးတဝါး မြင်တွေ့နိုင်သေးလေသည်။

တောင်တန်းတွေနဲ့ မြစ်တွေက ပျက်စီးသွားပြီ..... လေကလည်း အမွေးနုလေးတွေကို လွင့်ခါစေတယ်...

​နှင်းခဲဓားက ဒူးတစ်ဖက် ထောက်ကာ ရုတ်တရက် ထိုင်ချလိုက်ပြီး မီးကျွမ်းနေသော မြေကြီးပေါ်မှ သော့ချိတ်လေးတစ်ခုကို ကောက်ယူလိုက်၏။

​ငွေရောင်သော့ချိတ်လေးမှာ ပုံပျက်နေသော်လည်း ငြိမ်းချမ်းရေးနှင့် ပျော်ရွှင်မှုဆိုသည့် စာလုံးလေးလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရဆဲပင်။

​သူက သော့ချိတ်လေးကို မူလနေရာတွင် တိတ်ဆိတ်စွာ ပြန်ထားလိုက်ပြီး မတ်တပ်ရပ်လိုက်ချိန်တွင် သူ၏ မျက်လုံးများက ပြတ်သားသော အေးစက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

​“ဒိုင်း...”

​အဝေးမှ ဟိုတစ်ချက် ဒီတစ်ချက် သေနတ်သံများ ထွက်ပေါ်လာပြီး နားကွဲမတတ် "ဘာကာ" ဟု အော်ဟစ်သံများနှင့် ရောနှောနေ၏။

​အရိပ်က အပျက်အစီးများ၏ အမြင့်တစ်နေရာတွင် ဝပ်နေပြီး စနိုက်ပါ မှန်ပြောင်း အနောက်မှ သူ၏ မျက်လုံးများက အေးစက်နေ၏။ “ဆယ်နာရီ တည့်တည့်မှာ ဂျပန်တပ်ဖွဲ့ တစ်ဖွဲ့.... လူဆယ့်နှစ်ယောက်”

​သူ၏အသံက နားကြပ်မှတစ်ဆင့် လူတိုင်းဆီသို့ ရောက်လာခဲ့သည်။ “သူတို့က အရပ်သား သုံးယောက်ကို လိုက်ဖမ်းနေတာ....”

​စကားဆုံးသည်နှင့် ပုံရိပ်ငါးဆယ်က အသံတိတ် သေမင်းတမန်များလို မျက်စိတစ်မှိတ်အတွင်း လူစုခွဲသွားလိုက်ကြသည်။

​နဂါးပြာ၏ သေနတ်ပြောင်းက ပစ်မှတ်ကို အရင်ဆုံး ချိန်ရွယ်လိုက်လေသည်။

​ဓားတစ်လက်ကို ကိုင်ဆောင်ထားသော ဂျပန်အရာရှိ တစ်ယောက်က ထွက်ပြေးနေသော လူလတ်ပိုင်း တစ်ယောက်ကို ချိန်ရွယ်ကာ သွားဖြဲ၍ ရယ်မောနေ၏။

​“ရွှစ်....”

အခန်း ၂၂၀ပြီး၏။

All Chapters