← Chapters

အခန်း ၃၇၀

Vol. 37 Ch. 370

အခန်း ၃၇၀

Vol. 37 Ch. 370

အခန်း (၃၇၀) ရုတ်တရက် ကြီးပွားသွားခြင်း

​နက်ရှိုင်းလှသည့် သတ္တုတွင်းကြီးထဲ၌ သတ္တုတူးသည့် ချွင်... ချွင်...ဆိုသည့်အသံများက အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။

ကျန်းယဲ့နှင့် သူ့အဖွဲ့က အချိန်အတော်ကြာ ပြင်းပြင်းထန်ထန် တူးဖော်ခဲ့ကြရာ သူတို့၏ အဝတ်အစားများမှာ ချွေးများဖြင့် ရွှဲနှစ်နေပြီး လက်မောင်းများပင် နာကျင်ကိုက်ခဲလာကြရသည်။

သို့သော် သူတို့ကို စိတ်ပျက်သွားစေသည်မှာ မည်သူတစ်ဦးတစ်ယောက်ကမျှ ကြယ်တာရာအမြုတေကျောက် တစ်တုံးကိုမျှ မတူးနိုင်ခဲ့ခြင်းပင်။

​ကျန်းယဲ့ ပေးထားသည့် စွမ်းဆောင်ရည်မြင့် ပေါက်တူးများကို အသုံးပြုနေရသော်ငြားလည်း ပြင်းထန်လှသည့် ကာယလုပ်အားကြောင့် လူများစွာမှာ ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်၏။

​တန်ကျင်းပင်းက ပထမဆုံး အရှုံးပေးလိုက်သူဖြစ်ပြီး ဘုန်းဆိုသည့် အသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြိုကျသွားကာ အမောတကော အသက်ရှူနေရသည်။ သူက မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်ပြီး သံသယအနည်းငယ်ဖြင့် မေးလိုက်၏။ "ဒါရိုက်တာကျန်း... ဒီနေရာမှာ တကယ်ရော သတ္တုထွက်နိုင်ချေ ရှိရဲ့လား..."

​ကျန်းယဲ့က သူ၏ ပေါက်တူးကို ချထားလိုက်ပြီး '

စနစ်မျက်နှာပြင်ကို ထပ်ဖွင့်လိုက်ပြန်သည်။

​မြေပုံပေါ်ရှိ သတ္တုရိုင်းသိပ်သည်းဆ မြင့်မားကြောင်း ကိုယ်စားပြုထားသည့် အနီရောင်အစက်လေးများက သူတို့ လက်ရှိရောက်နေသည့် နေရာနှင့် လုံးဝနီးပါး ထပ်တူကျနေပြီး အမှားအယွင်း လုံးဝမရှိသလောက်ပင်။

​သူက သေချာပေါက် ခေါင်းညိတ်လိုက်ပြီး "ရှိတာပေါ့... ပြီးတော့ ဒါက ကြီးမားတဲ့ အခွင့်အရေးကြီးပဲ။ ငါ့ကိုယုံ... ငါတို့ နည်းနည်းလောက် ဆက်တောင့်ခံပြီး ဒီဦးတည်ချက်အတိုင်း ပိုနက်နက်လေး တူးကြည့်လိုက်မယ်ဆိုရင် ငါတို့ ချက်ချင်းကို ချမ်းသာသွားနိုင်တယ်..."

​လျိုကွမ်ရွှီက လူတိုင်းကို စိတ်အေးသွားစေရန် ဝင်ပြောလိုက်လေသည်။ "ငါတို့ ဒါရိုက်တာကျန်းကို ယုံရမယ်လေ။ ဒါရိုက်တာကျန်းက ဘယ်တုန်းကများ ငါတို့ကို လမ်းမှားခေါ်သွားဖူးလို့လဲ။ သူ ရှိတယ်ပြောရင် သေချာပေါက် ရှိမှာပဲ..."

​ယင်းကို ကြားသောအခါ ကြမ်းပြင်ပေါ်တွင် နားနေကြသည့် လူများမှာ စိတ်ဓာတ်ကျနေမှုများ ပျောက်ကွယ်သွားပြီး စိတ်အားထက်သန်မှုများ ပြန်လည်ရရှိလာကြသည်။ သူတို့က ပြန်ထကာ ပေါက်တူးများကို ကိုင်ဆောင်ပြီး ကျောက်နံရံကို ဆက်လက်ထုခွဲကြလေတော့သည်။

​ဒီတစ်ကြိမ်တွင်တော့ သူတို့က ပို၍ပင် သေချာစွာ တူးဖော်ကြသည်။

​ရုတ်တရက် ချွင်ဆိုသည့် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက အနည်းငယ် ကြည်လင်ပြတ်သားနေချေသည်။

​ဝူကွေ့လီက သူ၏ရှေ့ရှိ သာမန်အမည်းရောင်ကျောက်တုံးဟု ထင်ရသောအရာ၏ ထောင့်တစ်နေရာကို ပေါက်တူးဖြင့် တစ်ချက်တည်း ထုခွဲလိုက်ခြင်းပင်။ ကျောက်စများ လွင့်စင်သွားသည်နှင့်အတူ နက်ရှိုင်းပြီး စစ်မှန်သော အပြာရောင်အလင်းတန်းတစ်ခုက ကျောက်တုံးထဲမှ ထိုးဖောက် ထွက်ပေါ်လာခဲ့သည်။

​ဝူကွေ့လီ ခေတ္တမျှ မှင်တက်သွားပြီးနောက် ပျော်ရွှင်စွာ အော်ဟစ်လိုက်တော့သည်။ "ငါ တွေ့ပြီ... ငါ တွေ့ပြီဟေ့... အဲဒါ ကြယ်တာရာ အမြုတေကျောက်ပဲကွ.. "

​ထိုအော်ဟစ်သံကြောင့် လူတိုင်းက သူတို့ လုပ်နေသည်များကို ရပ်တန့်လိုက်ကြပြီး အပြေးအလွှား ရောက်လာကြ၏။

​သေချာပေါက်ပင် ပြိုကျသွားသည့် ကျောက်နံရံအတွင်း၌ လက်သီးဆုပ်ခန့် အရွယ်အစားရှိပြီး နက်ရှိုင်းသည့် အပြာရင့်ရောင်ရှိကာ မျက်နှာပြင်မှ အလင်းရောင်များ တလက်လက် တောက်နေသည့် သတ္တုရိုင်းတုံးလေးတစ်ခုက ထိုနေရာ၌ တိတ်ဆိတ်စွာ မြုပ်နှံနေပြီး ဆွဲဆောင်မှုရှိလှသည့် အလင်းဝန်းတစ်ခုကို ထုတ်လွှတ်နေချေသည်။

​"ဘုရားရေ... တကယ်ပဲ ကြယ်တာရာ အမြုတေကျောက်ပဲ.."

​"ဒါက စွမ်းအင်အရင်းအမြစ်အဖြစ် သုံးလို့ရတဲ့ ကျောက်တုံးလား။ တကယ်ကို လှပလွန်းတယ်...."

​"ဒီအလင်းရောင်က ကြယ်တွေလင်းနေတဲ့ ကောင်းကင်ကြီးလိုပဲ..."

​ရလဒ်ကို အတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ ပင်ပန်းနွမ်းနယ်မှုများက ကြီးမားလှသည့် စိတ်လှုပ်ရှားမှုများဖြင့် အစားထိုးသွားကာ သူတို့၏ စိတ်အားထက်သန်မှုကလည်း ယခင်က တစ်ခါမှ မရှိဖူးလောက်အောင် မြင့်တက်သွားကြသည်။

​ဝူကွေ့လီ၏ အောင်မြင်သော အစပြုမှုနှင့်အတူ သတင်းကောင်းများက တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာချေသည်။

​မကြာမီမှာပင် မလှမ်းမကမ်းရှိ ကွမ်ယုထံမှလည်း တိုးညင်းသည့် အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာ၏။ သူက ကျောက်ပြားတစ်ခုကို သတိထားကာ ခွာချလိုက်ရာ အောက်ဘက်၌ အနည်းငယ် သေးငယ်သော်လည်း တူညီစွာ တောက်ပနေသည့် ကြယ်တာရာအမြုတေကျောက် တစ်တုံး ရှိနေသည်ကို တွေ့လိုက်ရ၏။

​"ငါလည်း တစ်တုံး တွေ့ပြီဟေ့..."

​ထို့နောက် ခလုတ်တစ်ခုကို ဖွင့်လိုက်သည့်အလား သတ္တုတွင်း၏ နေရာအသီးသီးမှ အောင်ပွဲခံ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

​"ငါ့ဆီမှာလည်း တွေ့ပြီ..."

​"ဟားဟား... ငါလည်း တစ်တုံး တူးမိပြီကွ..."

​"ဟက်... ငါလည်း နောက်မကျပါဘူး... တစ်တုံး တွေ့ထားပြီ..."

​သတ္တုတွင်းတစ်ခုလုံးက ရိတ်သိမ်းရရှိမှု၏ ပျော်ရွှင်မှုများဖြင့် ချက်ချင်း လွှမ်းခြုံသွားတော့သည်။ လူတိုင်းက သူတို့၏ ပေါက်တူးများကို ပိုမိုပြင်းထန်စွာ ခုတ်ထွင်းကြပြီး ကြယ်တာရာအမြုတေကျောက် အသစ်များကိုလည်း အဆက်မပြတ် တူးဖော်ရရှိနေကြ၏။

​သို့သော်ငြားလည်း ဤမျှ စည်ကားသက်ဝင်နေသည့် မြင်ကွင်းကြားထဲ၌ ကျန်းယဲ့ တစ်ယောက်တည်းသာ ဘာအကျိုးအမြတ်မှ မရရှိသေးချေ။

​သူ့အဖွဲ့သားများထံမှ ရံဖန်ရံခါ ထွက်ပေါ်လာသည့် အံ့သြဝမ်းသာ အော်ဟစ်သံများကို နားထောင်ရင်း သူတို့က တစ္ဆေတစ်ကောင်ကဲ့သို့ အပြာရောင် လင်းလက်နေသည့် ကြယ်တာရာအမြုတေကျောက်များကို ကျောက်လွှာများကြားမှ အဆက်မပြတ် တူးဖော်နေကြသည်ကို ကြည့်နေရင်းဖြင့် လက်ချည်းသက်သက် ဖြစ်နေသေးသည့် ကျန်းယဲ့မှာ မည်သည့် စိတ်မရှည်မှု အရိပ်အယောင်မျှ မပြခဲ့ချေ။

​သူက မူလစည်းချက်အတိုင်းသာ ထိန်းသိမ်းထားပြီး ပေါက်တူးကို ဖြည်းညင်းစွာနှင့် သေချာစွာ ရွယ်ကာ သာမန်ဟု ထင်ရသည့် အမည်းရောင် ကျောက်နံရံဆီသို့ တိကျစွာဖြင့် တစ်ချက်ပြီးတစ်ချက် ထုခွဲနေလိညက်သည်။

​နောက်ခဏ၌ ပေါက်တူးတစ်ချက် ကျသွားသည်နှင့် မျက်နှာသစ်ဇလုံ အရွယ်အစားခန့်ရှိသော အမည်းရောင်ကျောက်တုံးကြီးတစ်ခုက ကျိုးပဲ့ ထွက်ကျလာ၏။ ယင်း ပြုတ်ကျသွားမှုက ခလုတ်တစ်ခုကို ရုတ်တရက် ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားပြီး ၎င်း၏ ပတ်ဝန်းကျင်ရှိ သာမန်ကျောက်တုံးကြီးများစွာကိုပါ တစ်ပြိုင်နက်တည်း ကွာကျသွားစေလေသည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် ယခင်က တွေ့ခဲ့ရသည့် မည်သည့် ကြယ်တာရာအမြုတေကျောက်ထက်မဆို ပိုမိုပြင်းထန်ပြီး စစ်မှန်လှသည့် နက်ရှိုင်းသော အပြာရောင်အလင်းတန်းကြီးက ပြိုကျသွားသည့် ကျောက်နံရံအနောက်မှ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

​ထိုအလင်းရောင်က အလွန်တရာစူးရှလွန်းလှသဖြင့် မီးမောင်းများ၏ အလင်းရောင်အောက်၌ ပေါ်ထွက်လာသည့် သတ္တုရိုင်းနံရံကြီးတစ်ခုလုံးက ရေတွက်၍မရနိုင်လောက်အောင် တောက်ပပြီး စူးရှလှသည့် အပြာရောင်အလင်းဝန်းများကို ရောင်ပြန်ဟပ်နေကာ ကျောက်နံရံထဲ၌ သေးငယ်သော ကြယ်တာရာ ကောင်းကင်ယံတစ်ခုကို မြုပ်နှံထားသကဲ့သို့ ဖြစ်နေချေသည်။

​ချက်ချင်းပင် နက်ရှိုင်းသည့် အပြာရောင်အလင်းတန်းကြီးက ဒီရေတစ်ခုလို ပြန့်နှံ့သွားကာ သတ္တုတွင်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး မူလက မှိန်ပျပျဖြစ်နေသည့် နေရာကြီးကို အိပ်မက်ဆန်ဆန် အပြာရောင် နန်းတော်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။

​ရုတ်တရက် ထွက်ပေါ်လာကာ အရာအားလုံးကို လွှမ်းခြုံသွားသည့် ထိုအလင်းရောင်က ကျန်းယဲ့ သတိပေးစရာပင် မလိုဘဲ ဂူထဲရှိ လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့၏။

​"ဟင်..."

​"ဘာအလင်းရောင်ကြီးလဲ..."

​"ဟိုမှာ..."

​သူတို့အလုပ်တွင် နစ်မြုပ်နေကြသည့် ခရီးသွားများက လုပ်လက်စများကို ရပ်တန့်လိုက်ကြပြီး တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြရာ အလင်းရောင်ထွက်ပေါ်လာရာ အရင်းအမြစ်ကို ကြည့်ကာ သူတို့၏ မျက်လုံးများက အံ့သြမှုကြောင့် ပြူးကျယ်သွားကြရသည်။

​ကျောက်နံရံတစ်ခုလုံး နီးပါးကို ဖုံးလွှမ်းနေပြီး သိပ်သည်းစွာ စုပြုံနေသည့် အရည်အသွေးမြင့် အပြာရင့်ရောင် ကြယ်တာရာအမြုတေကျောက်များဆီသို့ သူတို့၏ အကြည့်များ ရောက်သွားသောအခါ လူတိုင်းမှာ အလွန်အမင်း အံ့အားသင့်သွားကြပြီး ပါးစပ်များမှာ အိုပုံစံ ဟသွားကာ မျက်လုံးများမှာလည်း အံ့သြမှုကြောင့် ပြူးကျယ်သွားကြရတော့သည်။

​ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သတ္တုတွင်းထဲမှ အံ့သြတုန်လှုပ်ဖွယ် ရေရွတ်သံများ ထွက်ပေါ်လာလေသည်။

​"ဘုရားရေ... သေစမ်း.."

​"မယုံနိုင်စရာပဲ... ဒါက အရမ်းကို လွန်လွန်းနေပြီ.."

​"ဘုရားသခင်... နံရံတစ်ခုလုံးမှာ အပြည့်ပဲဟ..."

​"ဒါရိုက်တာကျန်း... ခင်ဗျားက ကြယ်တာရာ အမြုတေကျောက်တွေရဲ့ ဌာနချုပ်ကိုများ သွားမွှေလိုက်တာလား..."

​"ငါတို့ ချမ်းသာပြီ...တကယ်ကြီးကို ချမ်းသာသွားပြီဟေ့.."

​အာမေဍိတ်သံများ၊ အော်ဟစ်သံများနှင့် စိတ်လှုပ်ရှားဖွယ် အော်သံများက ရောယှက်သွားပြီး လူတိုင်းက အချင်းချင်း ဆက်စပ်နေသည့် ကြယ်တာရာအမြုတေကျောက် သတ္တုရိုင်းများကြောင့် မှင်တက်အံ့သြနေကြသည်။

​ကျန်းယဲ့၏ ရိတ်သိမ်းရရှိမှုနှင့် နှိုင်းယှဉ်လိုက်လျှင် သူတို့ စောစောက တူးဖော်ရရှိခဲ့သည့် ဟိုတစ်စဒီတစ်စ သတ္တုရိုင်းအနည်းငယ်မှာ ရွှေတွင်းကြီးတစ်ခုကို ရှာတွေ့သည့် ကမ်းခြေမှ ကျောက်စရစ်ခဲလေးများကဲ့သို့သာ ဖြစ်နေချေတော့သည်။

​သူ့ရှေ့ရှိ စူးရှတောက်ပနေသော အပြာရောင် သတ္တုတွင်း နံရံကြီးကို ကြည့်ကာ ကျန်းယဲ့က နောက်ဆုံးတွင် ကျေနပ်စွာ ပြုံးလိုက်၏။

​ထို့နောက် သူက အနည်းငယ် နာကျင်နေသည့် လက်မောင်းများကို ညင်သာစွာ လှုပ်ခါလိုက်ပြီး မှင်တက်နေသည့် လူအုပ်ကြီးကို ပြုံးကာ ပြောလိုက်၏။ "မင်းတို့အားလုံး ဘာရပ်ကြည့်နေကြတာလဲ။ လာကူကြလေ.... ဒီနေ့ ငါတို့ရဲ့ ရည်မှန်းချက်က... ဒီနေရာကို ပြောင်သလင်းခါသွားအောင် တူးဖို့ပဲ..."

​ကျန်းယဲ့ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူတို့က ဗိုက်ဆာနေသည့် ဝံပုလွေများကဲ့သို့ ဟိန်းဟောက်ကာ ပြေးလာကြပြီး သူတို့၏ စွမ်းဆောင်ရည်မြင့် ပေါက်တူးများကို ဝှေ့ယမ်းလျက် ပေါ်ထွက်နေသည့် ကြယ်တာရာအမြုတေကျောက် သတ္တုရိုင်းနံရံကြီးကို အသည်းအသန် စတင်ခုတ်ထွင်းလိုက်ကြသည်။

​"ဂရုစိုက်ကြဦး... မကွဲသွားစေနဲ့..."

​"ဘေးဘက်ကနေ ခွာထုတ်... တစ်တုံးလုံးအတိုင်း တူးထုတ်နိုင်ရင် တန်ဖိုးပိုမြင့်တယ်..."

​"ဖယ်ဦး... ဒီမှာ အက်ကွဲကြောင်း တစ်ခုရှိတယ်ထင်တယ်..."

​အစပိုင်းတွင် သူတို့၏ရှေ့ရှိ နံရံကြီးက အံ့အားသင့်စရာ အရာအားလုံးဟု သူတို့ ထင်မှတ်ထားခဲ့ကြသည်။ ဤဧရာမ ကြယ်တာရာအမြုတေကျောက် သတ္တုရိုင်းကြီးကို အတူတကွ တူးဖော်နိုင်သမျှ ကာလပတ်လုံး ယင်းက လူတိုင်းအတွက် တာဝန်ကို ကျော်လွန်ရန် လုံလောက်ရုံသာမက ကြီးမားသည့် စည်းစိမ်တစ်ခုကိုပင် ဖန်တီးပေးနိုင်မည် ဖြစ်၏။

​သို့သော်ငြားလည်း သူတို့က သတ္တုကြော၏ အစွန်အဖျားတစ်လျှောက် သတိထား၍ တူးဖော်ကာ သာမန်ကျောက်တုံးများကို တစ်တုံးပြီးတစ်တုံး ခွာချလိုက်သည့်အခါ ပိုမို၍ ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းကြီးတစ်ခုက သူတို့ရှေ့၌ တဖြည်းဖြည်း ပေါ်လွင်လာခဲ့ချေသည်။

​ဤအံ့မခန်းဖြစ်နေပြီဖြစ်သော ကြယ်တာရာအမြုတေကျောက်သတ္တုရိုင်းနံရံကြီး၏ အနောက်ဘက်၌ ကျောက်လွှာများက ကြက်သွန်နီ အခွံနွှာလိုက်သကဲ့သို့ ကွာကျသွားပြီး ပိုမိုကြီးမားကာ သိပ်သည်းပြီး အရည်အသွေး ပိုမိုမြင့်မားပုံရသည့် နက်ရှိုင်းသော အပြာရောင် သတ္တုရိုင်းကြောကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။

​ယင်း၏ အလင်းရောင်က ယခင်ကထက် ပိုမိုနက်ရှိုင်းကာ စူးရှတောက်ပနေပြီး မြေအောက်နက်နက်၌ အိပ်စက်နေသည့် ဧရာမ အပြာရောင် နဂါးကြီးတစ်ကောင်နှင့်ပင် တူနေချေတော့သည်။

​"ဘုရားရေ... အနောက်မှာ အများကြီး ကျန်သေးတယ်..."

​"ဘယ်လောက်... ဘယ်လောက်တောင် ကြီးမားနေတာလဲ.."

​"မယုံနိုင်စရာပဲ.. ဒီမှာ အကုန်လုံး ဆက်နေတာပဲ... နေရာတိုင်းမှာ ရှိနေတယ်..."

​ဤရှာဖွေတွေ့ရှိမှုက လူတိုင်း၏ အသက်ရှူနှုန်းကို မြန်ဆန် ပြင်းထန်လာစေခဲ့သည်။

​ဒါက သတ္တုရိုင်းတစ်တုံးတည်း မဟုတ်တော့ဘဲ သတ္တုကြောကြီး တစ်ခုလုံးကို ရှာတွေ့လိုက်ခြင်းပင်။

အခန်း ၂၇၀ပြီး၏။

All Chapters