← Chapters

အခန်း ၉၆

Vol. 10 Ch. 96

အခန်း ၉၆

Vol. 10 Ch. 96

အခန်း (၉၆) ဝယ်ယူခြင်း

​[ချင်လုံ] - အေးလေ... အရင်က အဲဒီဂရုမှာ တချို့လူတွေက ဒါကို တကယ်ယုံကြတယ်ဆိုတာ ငါ မယုံနိုင်ဘူး... ငါပဲ အရမ်း အလေးအနက်ထားလွန်းနေတာလားလို့တောင် တွေးမိတယ်...

(NT- မူရင်းမှာကလေ ငိုနေတဲ့ Emj အဲ့လိုလေးတွေပါတယ် ဒါပေမဲ့ ကျွန်တော်က မထည့်တော့ဘူးနော် ရှုပ်နေမှာဆိုးလို့)

​[ချင်လုံ] - ငါ့အကဲဖြတ်မှုက မှန်နေတာပဲ....

​[D တက္ကသိုလ်] - ဒီအကြောင်းအရာကို ငါ ရင်းနှီးပါတယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ တိုရင်မှာ ဆက်စပ်ဗီဒီယိုတစ်ခု တွေ့လိုက်သေးတယ်... e-sports အသိုင်းအဝိုင်းဆီ ဒီလောက်မြန်မြန် ပြန့်လာမယ်လို့ မထင်ထားဘူး....

​ထိုအချိန်မှာပင်။

​[ကောရွှိုက် (ပရော်ဖက်ရှင်နယ် အိုင်ဒီ - ဂေါ့ဒ်ကော)] - တကယ်ပဲ....

​ရိုးရှင်းသော စကားလုံးနှစ်လုံးက ဂရုတစ်ခုလုံးကို ချက်ချင်း ပေါက်ကွဲသွားစေခဲ့သည်။

​[အဖွဲ့ဝင် က] - ဟာ ကောရှန်...

​[အဖွဲ့ဝင် ခ] - ဒါ ကောရွှိုက် ကိုယ်တိုင်လား....

​[အဖွဲ့ဝင် ဂ] - နေပါဦး... ကောရှန်က တကယ်ပဲလို့ ပြောတာ ဘာသဘောလဲ...

​ချင်လုံ ကြက်သေ သေသွားလေသည်။

​နှစ်ပေါင်းများစွာ အရိပ်ထဲတွင် ပုန်းကွယ်နေခဲ့သော e-sports အသိုင်းအဝိုင်းမှ ဤဂန္ထဝင်ပုဂ္ဂိုလ်ကြီးက ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူ ဘယ်သောအခါမှ မမျှော်လင့်ထားသလို တစ်ဖက်လူက ချန်မော့ဘက်မှ ဝင်ပြောပေးလိမ့်မည်ဟုလည်း သူ ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။

​ကောရွှိုက်သည် e-sports အသိုင်းအဝိုင်းတွင် ထူးခြားသော နေရာတစ်ခုရှိကြောင်း သိထားရန် အရေးကြီးပေသည်။

​လောင်ယင်းနှင့် Dတို့ နှစ်ဦးစလုံးက နာမည်ကြီး ကစားသမားများ ဖြစ်ကြသော်လည်း ကောရွှိုက်နှင့် ယှဉ်လျှင် ဘာမှမဟုတ်ချေ။

​မည်သို့ပင်ဖြစ်စေ ကောရွှိုက်က ချမ်းသာသော မိသားစုမှ ဆင်းသက်လာပြီး ထူးခြားသည့် ရုပ်ရည်သွင်ပြင် ရှိရုံသာမက ထိပ်တန်း ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးလည်း ဖြစ်သည်။ ဤများပြားလှသော ဂုဏ်ပုဒ်များက သူ့ကို ထိပ်တန်းကစားသမားများ စုဝေးရာ အသိုင်းအဝိုင်းတွင် ပိရမစ်၏ ထိပ်ဆုံး၌ ရပ်တည်နေစေလေသည်။

​[ချင်လုံ] - ကောရှန်... ခင်ဗျား နောက်နေတာ ဖြစ်ရမယ်...

​[ကောရွှိုက် (ပရော်ဖက်ရှင်နယ် အိုင်ဒီ - ဂေါ့ဒ်ကော)] - ငါ နောက်နေတာ မဟုတ်ဘူး....

​ဂရုချတ်မှာ ချက်ချင်း တိတ်ဆိတ်သွားချေသည်။

​စက္ကန့်အနည်းငယ်အကြာတွင် မက်ဆေ့ချ်များက မျက်နှာပြင်တစ်ခုလုံး ဖုံးလွှမ်းသွားခဲ့သည်။

​[အဖွဲ့ဝင် ဂ] - ကောရှန် ကိုယ်တိုင် ပြောလာမှတော့ ဘယ်လိုလုပ် အတုဖြစ်နိုင်တော့မှာလဲ....

​[အဖွဲ့ဝင် ဃ] - ကောရှန်... ခင်ဗျားရော ပါဝင်ခဲ့တာလား...

​[အဖွဲ့ဝင် စ] - တကယ်ကြီးလား... ကောရှန်၊ ခင်ဗျား တကယ်ရော ပါဝင်ခဲ့တာလား...

​ချင်လုံ လုံးဝ ဆွံ့အသွားရသည်။

​သူ မူလက ပြဿနာရှာရန်နှင့် ချန်မော့ကို အရှက်ခွဲရန် ရည်ရွယ်ခဲ့ပြီး သူ၏ဒေါသကို ဖြေဖျောက်ရန်အတွက် ဟီးရိုးများ၏ တိုက်ပွဲဂရုတွင် စခရင်ရှော့များကို တင်ခဲ့ခြင်းဖြစ်၏။ သို့သော် မထင်မှတ်ဘဲ ၎င်းက ချန်မော့၏ စကားများကို ပို၍ ယုံကြည်နိုင်ဖွယ် ဖြစ်သွားစေလေသည်။

​မက်ဆေ့ချ်များကို ပြန်စာပို့ပြီးနောက် ကောရွှိုက်က သူတို့၏ မေးခွန်းများကို လုံးဝ မဖြေတော့ဘဲ အော့ဖ်လိုင်းသို့ ချက်ချင်း ထွက်သွားလိုက်သည်။

​ကောရွှိုက်နှင့် အဆက်အသွယ်ရှိသော လုပ်ငန်းတွင်းရှိ လူများစွာက ဂရုထဲမှ မက်ဆေ့ချ်ကို မြင်ပြီးနောက် အခြေအနေကို မေးမြန်းရန် သီးသန့်စာများ ပို့လာကြ၏။

​ကောရွှိုက်က သူနှင့် ရင်းနှီးသူအချို့၏ မက်ဆေ့ချ်များကိုသာ ရွေးချယ်ပြီး ပြန်စာပို့လိုက်ရာ ပါဝင်သော အကြောင်းအရာမှာ အားလုံး တူညီနေပေသည်။

​[အတည်ပြောနေတာ... မင်းဘာသာ စမ်းကြည့်လိုက်... ပြီးရင် သိလာလိမ့်မယ်။]

​ကောရွှိုက်၏ ပြန်စာကို မြင်လိုက်ရသော e-sports ပရိုကစားသမားများအားလုံး ကြက်သေ သေသွားကြရသည်။

​ဟန်ကျိုးရှိ မြို့ပြရွာများမှ အငှားအိမ်ရာ.....

​မိုးလင်းလာသည်နှင့်အမျှ ကျဉ်းမြောင်းသော အငှားအခန်းလေးထဲတွင် တရုတ်တိုင်းရင်းဆေး၏ ခါးသက်သက် အနံ့များ ပြည့်နှံ့နေချေသည်။

​လီကျန်းကော်သည် ခုတင်ပေါ်ရှိ သူ၏ မိခင်အိုကြီးကို နောက်ဆုံး ဆန်ပြုတ်တစ်လုပ် ဂရုတစိုက် ခွံ့ကျွေးလိုက်ပြီး သူ၏ဇနီးဖြစ်သူ ဝမ်ရှို့ဖန်ကမူ မရပ်မနား ချောင်းဆိုးနေသော သူတို့၏ သားလေးကို စောင်ခြုံပေးလိုက်သည်။

​“ဆေးသောက်ပြီးပြီလား....” လီကျန်းကော်က တိုးညင်းသောအသံဖြင့် မေးလိုက်၏။

​“သောက်ပြီးပြီ” ဝမ်ရှို့ဖန် သက်ပြင်းချလိုက်လေသည်။ “ဒီလအတွက် ဆေးဖိုးက လာပြန်ပြီ...”

​သူမ စကားမဆုံးမီ တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

​လင်မယားနှစ်ယောက် အချင်းချင်း ကြည့်လိုက်ကြ၏။

​'ဒီအချိန်ကြီး ဘယ်သူများ လာပါလိမ့်...'

​ဝမ်ရှို့ဖန်က လက်ကိုသုတ်လိုက်ပြီး ဆေးလွင့်နေသော သစ်သားတံခါးကို ဖွင့်လိုက်လေသည်။

​သပ်ရပ်သော ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးက တံခါးအပြင်ဘက်တွင် ရပ်နေပြီး သူတို့တစ်ဦးစီတွင် လက်ဆွဲအိတ် တစ်လုံးစီ ပါကြသည်။

​“တောင်းပန်ပါတယ်... ခင်ဗျားတို့က လီကျန်းမိသားစုကလား” ဦးဆောင်လာသော အမျိုးသားက ယဉ်ကျေးစွာ မေးလိုက်၏။

​“ဟုတ်ပါတယ်... ဟုတ်ပါတယ်” ဝမ်ရှို့ဖန်က သူမ၏ အရောင်ကျနေသော အင်္ကျီစွန်းကို အနေခက်စွာ ဆုပ်ကိုင်လိုက်လေသည်။

​အိမ်ထဲသို့ ဝင်လာပြီးနောက် ထိုအမျိုးသားနှစ်ဦးက သူတို့၏ ရည်ရွယ်ချက်ကို တိုက်ရိုက် ပြောပြလေသည်။ “မစ္စတာလီ... ခင်ဗျား ပြီးခဲ့တဲ့ခရီးစဉ်ကနေ ယူလာခဲ့တဲ့ အမှတ်တရပစ္စည်းကို ကျွန်တော်တို့ ဝယ်ချင်လို့ပါ...”

​လီကျန်းကော် ကြောင်အမ်းသွားရသည်။ “ဘာ အမှတ်တရပစ္စည်းလဲ...”

​“အဲဒါက...” အမျိုးသားက အသံကို နှိမ့်လိုက်၏။ “ချင်မင်းဆက်ကနေ ခင်ဗျား ယူလာခဲ့တဲ့ အဝတ်အစားပါ...”

​လီကျန်းကော်၏ မျက်လုံးသူငယ်အိမ် ကျုံ့သွားပြီး နံရံထောင့်ဆီသို့ မသိစိတ်ဖြင့် ကြည့်လိုက်မိ၏။

​ထို ညစ်ထေးထေး မီးခိုးရောင် အဝတ်ကြမ်းအင်္ကျီက ဗီရိုဟောင်းပေါ်တွင် တွန့်ကြေစွာ တင်ထားလျက်ရှိပေသည်။

​သူ ပြန်ရောက်လာပြီးနောက် ၎င်းကို ထိုနေရာတွင် ပေါ့ပေါ့ပါးပါးပင် တင်ထားခဲ့ခြင်း ဖြစ်၏။ သူ၏ဇနီးပင်လျှင် အလွန်ဟောင်းနွမ်းနေပြီဟု ထင်ကာ လျှော်ဖွပ်ရန် မယူခဲ့ချေ။

​ချင်မင်းဆက်မှ ယူလာခဲ့ခြင်း ဖြစ်သောကြောင့်သာ လီကျန်းကော်က ၎င်းကို မလွှင့်ပစ်ဘဲ သိမ်းထားခဲ့ခြင်း ဖြစ်သည်။

​“ခင်ဗျား...” လီကျန်းကော်၏ လည်စေ့က လှုပ်ရှားသွားရသည်။ “ခင်ဗျား ဘယ်လိုသိတာလဲ”

​အမျိုးသားက အနည်းငယ် ပြုံးလိုက်သော်လည်း သူ၏မေးခွန်းကို မဖြေချေ။ ယင်းအစား သူ၏ လက်ဆွဲအိတ်ထဲမှ ချက်လက်မှတ်တစ်ခုကို ထုတ်ယူလိုက်၏။ “ငါးသိန်းပါ... ငွေသားနဲ့ ပေးချေလည်း ရပါတယ်”

​ဝမ်ရှို့ဖန်၏ လက်ထဲမှ အဝတ်စုတ်က ဘုတ်ကနဲ မြေကြီးပေါ်သို့ ကျသွားရသည်။

​ခုတင်ပေါ်ရှိ ကလေးလေးမှာ လန့်နိုးသွားပြီး အားနည်းစွာဖြင့် နှစ်ခါခန့် ချောင်းဆိုးလိုက်၏။

​လီကျန်းကော်သည် နာမကျန်းဖြစ်နေသော သူ၏သားနှင့် မိခင်အိုကြီးကို နောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ညစ်ပတ်စုတ်ပြတ်နေသော ချင်မင်းဆက်မှ အဝတ်အစားကို ကြည့်လိုက်ရာ ကမ္ဘာကြီးက ရယ်စရာကောင်းလောက်အောင် အဓိပ္ပာယ်မဲ့နေသည်ဟု ရုတ်တရက် ခံစားလိုက်ရပေသည်။

​“မစ္စတာလီ... ရောင်းဖို့ ဆန္ဒရှိလား” အမျိုးသားက စိတ်ရှည်စွာ မေးလိုက်၏။

​“ရောင်းမယ်... သေချာပေါက် ရောင်းမှာပေါ့” လီကျန်းကော်သည် ကြောင်အမ်းနေရာမှ သတိဝင်လာပြီး တစ်ဖက်လူ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်သည်။

​ဝမ်ရှို့ဖန်ကလည်း အလျင်အမြန် ဝင်ပြောလေသည်။ “ဟုတ်ကဲ့.. ဟုတ်ကဲ့.. ကျွန်မတို့ ရောင်းပါမယ်”

​ဝတ်စုံပြည့်နှင့် အမျိုးသားက အနည်းငယ် ပြုံးလိုက်ပြီး ချက်လက်မှတ်ကို ကမ်းပေးမည် ပြုစဉ် လီကျန်းကော်က ခဏတာ တုံ့ဆိုင်းသွားလေသည်။ “ပိုက်ဆံကို တိုက်ရိုက် လွှဲပေးလို့... လွှဲပေးလို့ ရမလား။ အလီပေးကနေလည်း ရပါတယ်”

​တစ်ဖက်လူမှာ ကြိုတင်ပြင်ဆင်ထားပြီးပုံရကာ ဖုန်းကို အသင့်ထုတ်လိုက်ပြီး ပြောလေသည်။ “ပြဿနာ မရှိပါဘူး..”

​စက္ကန့်အနည်းငယ်အကြာတွင် ဒင်ဟူသော အသံ ထွက်ပေါ်လာခဲ့သည်။

​[အလီပေးမှတစ်ဆင့် ယွမ် ၅ သိန်း လက်ခံရရှိပါသည်]

​စက်ရုပ်ဆန်ဆန် အမျိုးသမီးအသံက ကျဉ်းမြောင်းသော အငှားအခန်းလေးထဲတွင် ပဲ့တင်ထပ်သွားပြီး လင်မယားနှစ်ယောက်ကို ကြက်သေ သေသွားစေချေသည်။

​ထိုအမျိုးသားနှစ်ဦး စုတ်ပြတ်နေသော အဝတ်အစားကို ယူ၍ ထွက်သွားပြီးနောက် တံခါးပိတ်ထားသည်မှာ အတော်ကြာသည့်တိုင်အောင် ဝမ်ရှို့ဖန်သည် မလှုပ်မယှက် ရပ်နေဆဲပင်။

​“ဖြန်း...”

​သူမ ရုတ်တရက် လက်ကိုမြှောက်ပြီး ကိုယ့်ပါးကိုယ် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။

​“ဟ... မင်း ဘာလုပ်တာလဲ..” လီကျန်းကော် လန့်သွားရသည်။

​“နာတယ်... တကယ် နာတယ်” ဝမ်ရှို့ဖန်က သူမ၏မျက်နှာကို အုပ်လိုက်ပြီး မျက်ရည်များ စီးကျလာခဲ့သည်။ “ဒါ အိပ်မက်မဟုတ်ဘူး... တကယ် အိပ်မက် မဟုတ်ဘူး”

​သူမက သားဖြစ်သူဆီ ပြေးသွားပြီး သူ၏ သေးသွယ်ပိန်လှီနေသော ခန္ဓာကိုယ်လေးကို တင်းကျပ်စွာ ဖက်ထားကာ ငိုလိုက် ရယ်လိုက်ဖြင့် ပြောလေသည်။ “မျှော်လင့်ချက် ရှိလာပြီ.... ငါ့သားလေး ကယ်တင်ခံရပြီ... သူ ဆေးရုံကြီးကို သွားလို့ရပြီ”

​လီကျန်းကော်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်ဝလာပြီး သူ၏ ဇနီးနှင့် ကလေးကို သွားရောက် ပွေ့ဖက်ထားလိုက်ချေသည်။

​ဝမ်ရှို့ဖန်က ရှိုက်ငိုရင်း မော့ကြည့်လိုက်ပြီး သူမ၏ အသံက ဆို့နင့်နေခဲ့သည်။ “ကျန်းကော်... ကျွန်မကို ခွင့်လွှတ်ပါ။ အရင်က ကျွန်မ မညည်းညူခဲ့သင့်ဘူး... ငွေဖြုန်းတယ်လို့ မပြောခဲ့သင့်ဘူး”

​သူမ၏ ခင်ပွန်း ထိုချင်မင်းဆက် ခရီးစဉ်မှ ပြန်ရောက်လာကတည်းက ကတိပေးထားသော ယွမ်တစ်သိန်းကို မရှာနိုင်ခဲ့သည့်အပြင် ယွမ်တစ်ထောင်ပါ ဆုံးရှုံးခဲ့ရသည်။

​ဤယွမ် တစ်ထောင်က သူတို့မိသားစု၏ တစ်လစာ နေထိုင်စရိတ်ထက်ပင် ပိုများပေသည်။

​သူမ တွေးလေလေ ပို၍ ဝမ်းနည်းလေလေ ဖြစ်ရ၏။ ဈေးကို ဖြတ်သွားတိုင်း သူမ ဝယ်ဖို့ မတတ်နိုင်သော ငါးနှင့် အသားများကို မြင်ရသည့်အခါ ထိုငွေစက္ကူ အထပ်လိုက်ကြီး လွင့်ပျံသွားသည့် မြင်ကွင်းက သူမ၏ မျက်စိရှေ့တွင် ပေါ်လာပြီး ရင်ကွဲမတတ် ခံစားရပေသည်။

​လီကျန်းကော်က ခေါင်းခါလိုက်ပြီး သူ၏ ကြမ်းတမ်းသော လက်များက ဇနီးဖြစ်သူ၏ မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်လေသည်။ “ရပါတယ်... အခု အရာအားလုံး ပြီးသွားပါပြီလေ မိန်းမရဲ့...”

​ပြတင်းပေါက် အပြင်ဘက်တွင် မိုးလင်းနေပြီ ဖြစ်သည်။

​ပါးလွှာသော လိုက်ကာများကြားမှ နေရောင်ခြည်က ဖြာကျလာပြီး လူနာကုတင်ပေါ်ရှိ ကလေး၏ မျက်နှာပေါ်သို့ ကျရောက်နေခဲ့သည်။

​ကောင်လေး၏ ဖြူရော်နေသော ပါးပြင်ပေါ်တွင် သွေးရောင်လေးများ လွှမ်းလာသကဲ့သို့ ရှိပေသည်။

​ငါးသိန်း....

​စုတ်ပြတ်နေသော အဝတ်အစားတစ်ထည်ကို ယွမ် ၅ သိန်းဖြင့် လဲလှယ်လိုက်ခြင်းဖြစ်ပြီး ၎င်းက သူတို့ မိသားစု ခြောက်ယောက်၏ မျှော်လင့်ချက်များ၊ အထူးသဖြင့် သူတို့ သားလေး၏ မျှော်လင့်ချက်များကို ကိုယ်စားပြုပေသည်။

​လီကျန်းကော် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖုန်းကို ကောက်ကိုင်ကာ အချိန်အတော်ကြာ ဆက်သွယ်ခြင်း မပြုခဲ့သော နံပါတ်တစ်ခုကို ရှာလိုက်၏။

​[ဒါရိုက်တာကျန်း... ကျေးဇူးတင်ပါတယ်]

​ဖုန်ချန် မြို့ပြရွာ....

​ဒေါက် ဒေါက် ဒေါက် ဒေါက်....

​အလောတကြီး တံခါးခေါက်သံက ချန်မော့ကို အိပ်ရာမှ နိုးသွားစေခဲ့သည်။

​သူ အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လိုက်ရာ အပြင်ဘက်တွင် လင်းနေပြီဖြစ်၏။ ကုတင်ဘေး စားပွဲပေါ်ရှိ နာရီကို တစ်ချက်ကြည့်လိုက်ရာ ၁၀း၂၃ နာရီ။

​ညဉ့်နက်သည်အထိ နေလေ့ရှိသူများအတွက် ၁၀း၃၀ နာရီဆိုသည်မှာ အလွန်စောနေသေးချေသည်။

​“မနက်အစောကြီး ဘယ်သူပါလိမ့်” သူက ရေရွတ်လိုက်ပြီး တီရှပ်တစ်ထည်ကို ကောက်စွပ်ကာ ဖိနပ်စီး၍ တံခါးဖွင့်ရန် သွားလိုက်လေသည်။

​တံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ချန်မော့ ချက်ချင်း အိပ်ချင်စိတ်များ ပျောက်သွားရသည်။

​သပ်ရပ်သော ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးက တံခါးအပြင်ဘက်တွင် ရပ်နေကြသည်။ တစ်ဦးမှာ အသက် လေးဆယ်ခန့်ရှိပြီး သပ်ရပ်စွာ ဖီးသင်ထားသော ဆံပင်ပုံစံရှိကာ လက်ကောက်ဝတ်တွင် မသိမသာ ဇိမ်ခံနာရီတစ်လုံးကို ပတ်ထားလေသည်။

​အခြားတစ်ဦးမှာ အသက်ပိုငယ်ပြီး ဆန်းပြားသော လက်ဆွဲအိတ်တစ်လုံးကို ကိုင်ထားကာ မျက်မှန်နောက်ကွယ်မှ သူ၏ အကြည့်များက စူးရှပြီး တည်ငြိမ်နေခဲ့သည်။

အခန်း ၉၆ပြီး၏။

All Chapters