← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

အခန်း (၉၉) မင်မင်းဆက်အတွက် အကြိုပြင်ဆင်ခြင်း

​[ဝူကျဲ] - ငါသာ ဒါတွေထဲက တစ်ခုလောက်ကို ရောင်းလိုက်ရရင် အချိန်အတော်ကြာတဲ့အထိ ပျော်နေရမှာပဲ... ငါ့အဘိုးကြီးရဲ့ လက်အောက်မှာလည်း နေစရာ မလိုတော့ဘူး။

​[ဖုန်းရီမင်] - အခု ငါတို့အားလုံးက လမ်းလျှောက်နေတဲ့ သန်းကြွယ်သူဌေးတွေ ဖြစ်နေပြီ မဟုတ်ဘူးလား။

​ဖုန်းရီမင် ဒီစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ပထမနှင့် ဒုတိယအဖွဲ့မှ အဖွဲ့ဝင်များ၏ တိုက်ခိုက်ခြင်းကို ချက်ချင်း ခံလိုက်ရလေသည်။

​[ကျန်းထောင်] - သွားစမ်းပါ... မင်းတို့ကမှ ဟုတ်တာ... ကျေးဇူးပြုပြီး ငါတို့ကို လာမဆွဲသွင်းပါနဲ့။

​[ကျန်းထောင်] - ငါ့ဘဝက အရမ်း သနားစရာကောင်းတာပဲ... ငါ့မှာ သနားစရာကောင်းတဲ့ စုတ်ပြတ်နေတဲ့ အဝတ်အစား တစ်ထည်ပဲ ရှိတယ်။ ဝါး...

​[ရှီရှောင်ယွီ] - @ကန်ချန် @ဝူကျဲ၊ နင်တို့ကို မုန်းတယ်....

​[ဝူရှောင်ရှီ] - ငါလည်း တစ်ခုလောက် လိုချင်တယ်...

​[လီလင်း] - သခင်လေးချောင်... မင်းတို့တွေ သခင်ကြီး ကျူလုံဆီက လက်မှတ် တောင်းခဲ့ကြသေးလား။ အဲဒီလက်မှတ်သာ ရှိရင် ဧကရာဇ် ချီးမြှင့်တဲ့ ဘယ်အရာထက်မဆို ပိုတန်ဖိုးရှိတယ်။

​[ချောင်ဝမ်ပေါ်] - ဟာ... ငါ အဲဒါကို လုံးဝ မေ့သွားတာပဲ။ အား.. နစ်နာလိုက်တာကွာ... အဲဒီတုန်းက ကျူလုံဆီကနေ လက်မှတ်ထိုးခိုင်းဖို့ ငါ ဘာလို့ မတွေးမိခဲ့တာပါလိမ့်။

​[ချောင်ဝမ်ပေါ်] - [ရင်ဘတ်ကိုထုပြီး ခြေဆောင့်နေသည့်ပုံ အီမိုဂျီ]

​[အူဂျာ] - ငါလည်း မပျော်ဘူး။ လက်မှတ်တောင်းဖို့တောင် မေ့သွားတယ်။

​[ဖုန်းရီမင်] - အဲဒါ ကျူလုံရဲ့ လက်မှတ်နော်... ငါ အဲဒီလို လုံးဝ မမျှော်လင့်ထားခဲ့ဘူး။ ငါ လက်လွတ်သွားပြီလို့ ခံစားရတယ်ကွာ...

​[ကျန်းထောင်] - ကျူလုံပေးတဲ့ လက်မှတ်တွေကို မင်းတို့ ရောင်းမှာလား....

​[ချောင်ဝမ်ပေါ်] - မရောင်းဘူး... ငါက ဘယ်လိုလုပ် ရောင်းနိုင်မှာလဲ.... ဒါက ကျူလုံရဲ့ လက်မှတ်လေ။

​[ကန်ချန်] - ဟုတ်တယ်... ဟုတ်တယ်... ငါတို့က အိမ်မှာ သေချာ သိမ်းထားပြီး ကိုးကွယ်ထားမှာ... မိသားစု အမွေအနှစ်အနေနဲ့ မျိုးဆက်အလိုက် လက်ဆင့်ကမ်းသွားမှာ။

​ပထမနှင့် ဒုတိယအဖွဲ့မှ အဖွဲ့ဝင်များက ထိုသခင်လေး လေးယောက် နောင်တရပြီး ရင်ဘတ်ကိုထုကာ ခြေဆောင့်နေကြသည်ကို မြင်သောအခါ များစွာ စိတ်သက်သာရာ ရသွားကြ၏။

​ချောင်ဝမ်ပေါ်က ဂရုချတ်ထဲတွင် အရူးအမူး တက်လာနေသော မက်ဆေ့ချ်များကို ကြည့်ပြီးနောက် ဖခင်ဖြစ်သူဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။ “အဖေ... သခင်ကြီးကျူလုံဆီက လက်မှတ်တောင် မတောင်းခဲ့ရဘူး။ ကျွန်တော်သာ ကျူလုံရဲ့ လက်မှတ်ကို ရခဲ့ရင် အဲဒါက မိသားစု အမွေအနှစ် ဖြစ်လာမှာ”

​သူ၏ နာကျင်ပြီး နောင်တရနေသော မျက်နှာအမူအရာကို မြင်သောအခါ ချောင်ရန်ကျိက စိတ်ရှုပ်စွာဖြင့် ပြောလိုက်၏။ “တော်ပါတော့... မင်း ဆုလာဘ်တွေ အများကြီး ရခဲ့ပြီးပြီပဲ... ရောင့်ရဲသင့်နေပြီ။ လူတွေက ဘယ်တော့မှ မကျေနပ်နိုင်ကြဘူး... အဲဒီအပေါ်မှာ အရမ်းကြီး တွယ်တာမနေနဲ့”

​ဟန်ကျိုးရှိ ဆေးရုံတစ်ရုံ...

​ကျန်းယဲ့ ဆေးရုံထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ဖုန်းက မရပ်မနား တုန်ခါနေတော့သည်။

​သူက ဖုန်းမျက်နှာပြင်ကို ဖွင့်လိုက်ရာ ၉၉ ကျော်နေသော ဂရုမက်ဆေ့ချ်များက ချက်ချင်း ဖုံးလွှမ်းသွားချေသည်။

​ချင်မင်းဆက် ခရီးသွားအဖွဲ့ဂရုထဲတွင် လူတစ်စုက သူ့ကို အရူးအမူး တဂ် တွဲခေါ်နေကြလေသည်။

​[ကျန်းထောင်] - @ဒါရိုက်တာ ကျန်းယဲ့.... နောက်ထပ် ချင်မင်းဆက် ခရီးစဉ်ကို ဘယ်တော့ လုပ်မှာလဲ....

​[ကန်ချန်] - @ကျန်းယဲ့၊ ငါ သခင်ကြီး ကျူလုံဆီ သွားပြီး သူရဲ့ လက်မှတ်ကို ယူချင်တယ်...

​[ဝူကျဲ] - @ကျန်းယဲ့... ဒုတိယအကြိမ် ကြည့်ရှုခွင့်လေး တောင်းဆိုချင်ပါတယ်... ဈေးနှစ်ဆတောင် ပေးနိုင်တယ်...

​မက်ဆေ့ချ်များက အလွန်မြန်ဆန်စွာ တက်လာသဖြင့် ကျန်းယဲ့မှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည်။

​သူက နားထင်ကို ပွတ်လိုက်ပြီး လက်တစ်ဖက်ဖြင့် ပြန်စာ ရိုက်လိုက်၏။

​[ကျန်းယဲ့] - @ချင်မင်းဆက် ဂရုမှ အားလုံးပဲ... နောက်ထပ် အသိပေးချက်ကို စောင့်ပေးကြပါ။

​စနစ်က အရင်က တစ်ကျော့ပြန်လာမည်ဟု ပြောခဲ့သော်လည်း ဘယ်တော့လဲဆိုသည်ကို အတိအကျ မပြောခဲ့ပေ။

​အခု သူ့ကို လာမေးလျှင်လည်း သူ ကိုယ်တိုင်လည်း မသိချေ။

​[ကျန်းယဲ့] - အားလုံးကို ပြောပြစရာ သတင်းတစ်ခု ရှိတယ်... ရှုခင်းသာ နေရာအသစ်တစ်ခု ဖွင့်တော့မယ်။

​ထိုသတင်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဂရုထဲရှိ စိတ်ခံစားမှုများက ချက်ချင်း ပြောင်းလဲသွားကြသည်။

​[ကန်ချန်] - ဒါရိုက်တာကျန်း... ဒါရိုက်တာကျန်း... နောက်ခရီးစဉ်အတွက် ငါတို့ ဘယ်ကို သွားကြမလဲ။

​[လီကျွင်း] - ရှုခင်းသာ နေရာအသစ်တစ်ခု ထပ်တွေ့ပြန်ပြီပေါ့၊ ငါ မစောင့်နိုင်တော့ဘူး....

​[ကျန်းမင်ဟွေ့] - ဒါရိုက်တာကျန်း... ဒီတစ်ခေါက် ငါတို့ ဘယ်သွားကြမလဲ။

​[ရှီရှောင်ယွီ] - ဒီတစ်ခေါက် ဟန်မင်းဆက်ကို သွားမှာလား။ ငါ ဟော်ချွီပင်းကို တွေ့ချင်တယ်... ပြီးတော့ ဝံပုလွေဂူကို ချိတ်ပိတ်တဲ့ မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြည့်ချင်တယ်။

​[ကျန်းခိုက်] - ငါလည်း အတူတူပဲ....

​[ချောင်ဝမ်ပေါ်] - +၁..

​ကျန်းယဲ့က သူတို့ကို ဆက်ပြီး စိတ်လှုပ်ရှားအောင် မလုပ်ချင်တော့သဖြင့် တိုက်ရိုက်ပင် ရိုက်ထည့်လိုက်၏။

​[ကျန်းယဲ့] - နောက်တစ်မှတ်တိုင်... မင်မင်းဆက်။

​ထိုသတင်းက ပို၍ပင် ပြင်းထန်သော ပို့စ်တင်ခြင်း ရူးသွပ်မှုကို ဖြစ်ပေါ်စေခဲ့လေသည်။

​[ဖန်ကောင်းချန်] - ဟာ... မင်မင်းဆက်...

​[ဖန်ကောင်းချန်] - ပန်းကန်လုံး တစ်လုံးနဲ့ စတင်ခဲ့တဲ့ ဘိုးဘေးကြီးကို ငါ သွားကြည့်ချင်တယ်ကွ...

​[ရှီရှောင်ယွီ] - အား... ဧကရာဇ်က နိုင်ငံရဲ့ ဂိတ်တံခါးကို စောင့်ရှောက်ပြီး ရှင်ဘုရင်က တိုင်းပြည်အတွက် အသေခံတယ်ဆိုတဲ့ မင်မင်းဆက်လား....

​[ရှီရှောင်ယွီ] - ငါ ယွီချန်ကို သွားကယ်မယ်...

​[လီလင်း] - @ကျန်းယဲ့၊ အချိန်ကာလကို အတိအကျ ပြောပြလို့ရမလား။ ယုံလဲ့ စွယ်စုံကျမ်း ပထမဆုံး ပြီးစီးသွားတဲ့ အချိန်ကို ငါ ကြည့်ချင်လို့....

​[ကျန်းဟွိုင်မင်] - @ကျန်းယဲ့ ဘယ်တော့ အရောင်းဖွင့်မှာလဲ။

​[ကျန်းယဲ့] - ဒီတစ်ခေါက် မင်မင်းဆက် ခရီးသွားအဖွဲ့က ၁၆၃၀ ခုနှစ် (ချုံကျန်း ဧကရာဇ် နန်းသက် တတိယနှစ်) က မြို့တော်ကို နှစ်ရက်ကြာ ခရီးစဉ် သွားရမှာပါ။

​[ကျန်းယဲ့] - အထူးသတိပေးချက်။ မင်မင်းဆက် နှောင်းပိုင်း အခြေအနေက လှိုင်းထန်နေပြီး အန္တရာယ်ရှိနိုင်ခြေက အရင်ခရီးစဉ်တွေထက် အများကြီး ပိုများပါတယ်။

​[ကျန်းယဲ့] - ကျေးဇူးပြုပြီး ဒီအချက်ကို သေချာ စဉ်းစားကြပါ။

​သို့သော်လည်း ကျန်းယဲ့၏ သတိပေးချက်က သူတို့၏ မျက်လုံးထဲတွင် အရေးစိုက်စရာ မဟုတ်ခဲ့ချေ။

​[ကျန်းထောင်] - အန္တရာယ်ရှိတာ မရှိတာ အရေးမကြီးဘူး...

​[ကျန်းထောင်] - လမ်းလျှောက်နေရင်းနဲ့တောင် ကားတိုက်ခံရနိုင်သေးတာပဲ... အချိန်ခရီးသွားတာက ဘယ်လိုလုပ် အန္တရာယ် နည်းနည်းပါးပါး မရှိဘဲ နေမှာလဲ။

​[ကန်ချန်] - ဟုတ်တယ်....

​[ကန်ချန်] - ချုံကျန်းဧကရာဇ်ကို လူကိုယ်တိုင် တွေ့ရနိုင်တာနဲ့ ယှဉ်ရင် ဒီအန္တရာယ်က ဘာမို့လို့လဲ။

​[ကန်ချန်] - နောက်ဆုံး ဧကရာဇ်လေ.... သူရဲ့ လက်မှတ်ကို ယူဖို့ အခွင့်အရေးများ ရှိမလား မသိဘူး...

​[ဝူကျဲ] - @ကျန်းယဲ့၊ ဘယ်လို သီးသန့် အန္တရာယ်တွေ ပါဝင်နေလို့လဲ။

​[အူဂျာ] - ငါတို့ ကြိုတင် ပြင်ဆင်နိုင်အောင် ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားရအောင်။

​ကျန်းယဲ့က ဂရုချတ်ထဲရှိ တုံ့ပြန်မှုများကို ကြည့်ပြီး ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ကာ ဆက်လက် စာရိုက်လိုက်သည်။

​[ကျန်းယဲ့] - အဓိက အန္တရာယ် သုံးခု ရှိတယ်။

​[ကျန်းယဲ့] - ၁။ အဲဒီအချိန်က ကပ်ရောဂါ ရှိနေနိုင်တယ်။

​[ကျန်းယဲ့] - ၂။ နှောင်းကျင်း မင်းဆက်က သူလျှိုလုပ်ငန်းတွေမှာ မကြာခဏ လှုပ်ရှားလေ့ရှိတယ်။

​[ကျန်းယဲ့] - ၃။ ရွှေ့ပြောင်းအခြေချသူတွေရဲ့ အဓိကရုဏ်းတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်။

​[ဖုန်းရီမင်] - ကပ်ရောဂါ....

​[ဖုန်းရီမင်] - ဒါ လွယ်ပါတယ်... ပဋိဇီဝဆေး တစ်ဖာ ယူသွားလိုက်မယ်...

​[ရှီရှောင်ယွီ] - ဘုရားရေ... ကပ်ရောဂါလား။ ငါက သမိုင်း သိပ်မကျွမ်းကျင်တော့ အခုမှ ပထမဆုံး ကြားဖူးတာပဲ။

​[ကျန်းခိုက်] - ဒီတစ်ခေါက်က အရင် မင်းဆက်နှစ်ခုထက် တကယ်ကို ပိုအန္တရာယ်များမယ့်ပုံပဲ...

​[ချောင်ဝမ်ပေါ်] - @ကျန်းယဲ့

​[ချောင်ဝမ်ပေါ်] - ဒီတစ်ခေါက် နေရာဘယ်လောက် ရနိုင်မလဲ။ ကုန်ကျစရိတ်က ဘယ်လောက်လဲ။

​[ကျန်းယဲ့] - နေရာ ၁၀ နေရာ ရနိုင်ပါတယ်.... တစ်ယောက်ကို ယွမ် ၄၀၀၀ ပါ။

​ဂရုထဲရှိ လူများက ဖြစ်လာနိုင်သော အန္တရာယ်ကို ဂရုစိုက်ပုံမပေါ်သည်ကို မြင်သောအခါ ကျန်းယဲ့ ပြုံးလိုက်၏။ အရာအားလုံးက သူ မျှော်လင့်ထားသည့်အတိုင်း အတိအကျပင်။

​အချိန်ခရီးသွားခြင်းကို တွေ့ကြုံဖူးသူ တစ်ယောက်ကို ဤအန္တရာယ်များက ဟန့်တားနိုင်မည် မဟုတ်ချေ။

​ကျန်းယဲ့က မျက်နှာလိုက်ခြင်းမရှိဘဲ အဆိုပါ သတင်းကို ထန်မင်းဆက် ခရီးသွားအဖွဲ့ ဂရုထဲတွင်လည်း ကြေညာခဲ့၏။

​သူက အတူတူပင် ပြောခဲ့ပြီး တူညီသော သတိပေးချက်ကို ပေးခဲ့သော်လည်း ဂရုနှစ်ခုလုံးရှိ လူများက လုံးဝ ဂရုမစိုက်ကြချေ။

​ဖြစ်လာနိုင်သော အန္တရာယ်ကဲ့သို့ အသေးအဖွဲ ကိစ္စများကို စိုးရိမ်မည့်အစား ဒီတစ်ခေါက် နေရာတစ်နေရာ ရနိုင်ရန်အတွက် လူတိုင်းက ဂရုချတ်ထဲတွင် ဆုတောင်းနေကြတော့သည်။

​ကျန်းယဲ့ အိမ်ပြန်ရောက်ပြီးနောက် ခရီးသွားအေဂျင်စီ တံခါးကိုပိတ်ကာ ဒုတိယထပ်သို့ တိုက်ရိုက် တက်သွားခဲ့သည်။

​မနက်ဖြန် အရောင်းစတင်ချိန်နှင့် အချိန်ကိုက် ဖြစ်စေရန် မင်မင်းဆက်မှ အထောက်အထားတချို့ကို ရှာဖွေပြီး ဗီဒီယိုတည်းဖြတ်ကာ တိုရင်တွင် ယနေ့ည တင်ရန် သူ စီစဉ်ထားလေသည်။

​သူက လူစိတ်ဝင်စားမှု ရစေရန် တိတ်ဆိတ်စွာ ကြိုးစားအားထုတ်နေပြီး စက်ဝိုင်းတစ်ခုတွင် တစ်စုံတစ်ခုက ကြီးမားသော ဆူညံပွက်လောရိုက်မှုကြီး ဖြစ်ပေါ်စေခဲ့သည်ကို သတိမထားမိခဲ့ချေ။

​ဤဇာတ်လမ်းက လူမှုကွန်ရက်ပေါ်တွင် ကောရွှိုက် ပေါ်လာခြင်းမှ စတင်ခဲ့ခြင်းပင်။

​အိုင်ဒီ အီးစပေါ့ အဋ္ဌမညီတော်အမည်ရှိ ပါပါရာဇီ တစ်ဦးက အထွတ်အထိပ် ဘုန်းအသရေ ဖလှယ်ရေးဂရု တွင် တိတ်တဆိတ် ပုန်းအောင်းနေခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစားသမားများ၏ ကိုယ်ရေးကိုယ်တာ ဘဝများကို တူးဆွခြင်းဖြင့် အသွားအလာ ရယူလေ့ရှိသည်။

​ပြိုင်ပွဲဝင်များနှင့် ပတ်သက်သည့် အတင်းအဖျင်းတချို့ကို သိနိုင်ရန် မျှော်လင့်ချက်ဖြင့် သူက အကျင့်ပါနေသောကြောင့် စခရင်ကို ရိုက်ကူးနေခြင်းသာ ဖြစ်သော်လည်း ကောရွှိုက်၏ မှတ်ချက်များကို မတော်တဆ ရိုက်ကူးမိသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

​“ဟာ... ဒါက သတင်းကြီးပဲ” သူက စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်၏။

​အစပိုင်း စိတ်လှုပ်ရှားမှု ပြီးသွားပြီးနောက် ရုတ်တရက် ပြန်တည်ငြိမ်သွားလေသည်။

​သူက များသောအားဖြင့် အချက်အလက်များကို လျှို့ဝှက်စွာ ဖော်ထုတ်လေ့ရှိပြီး သူ၏ လျှို့ဝှက်ချက်များကို သဲလွန်စလေးတောင် မပေါက်ကြားစေရန် ဘယ်တုန်းကမှ မဝံ့ရဲခဲ့ပေ။

​ဒါပေမယ့် ဒီတစ်ခါက ကောရှန်နဲ့ ပတ်သက်နေတယ်။ အထောက်အထား မပြနိုင်ရင် ကောရှန်ရဲ့ အမျိုးသမီးနဲ့ အမျိုးသား ပရိသတ်တွေက သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ကြလိမ့်မည်။

​သို့သော်လည်း အကယ်၍ သူကိုယ်တိုင်က ဂရုထဲမှ စခရင်ရှော့များနှင့် စခရင်ရိုက်ကူးမှုများကို မျှဝေမည်ဆိုလျှင် သူ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ထုတ်ခံရနိုင်သည့် အန္တရာယ်ရှိလေသည်။

​အီးစပေါ့ ညီတော်သည် သူ၏စိတ်ထဲတွင် အားသာချက် အားနည်းချက်များကို ချိန်ဆကြည့်လိုက်ပြီး နောက်ဆုံးတွင် ကြီးမားသော လှုပ်ရှားမှုတစ်ခုအတွက် ပြင်ဆင်ရန် အံကြိတ်လိုက်၏။

အခန်း ၉၉ပြီး၏။

All Chapters