← Chapters

အခန်း ၁၅၂၂

Vol. 106 Ch. 1522

အခန်း ၁၅၂၂

Vol. 106 Ch. 1522

အခန်း ( ၁၅၂၂ ) သွေးအေးသော အသျှင်ဘိုးဘေးနန်းတော်။

အသျှင်ဘိုးဘေးနန်းတော်သည် ရှေးဟောင်းဘိုးဘေးဂြိုလ်တစ်ခု၏ အထက်တွင် တည်ရှိပြီး အလွန်တရာ ခန့်ညားထည်ဝါသည်။

၎င်းက အင်မော်တယ်နယ်မြေကြီးရှိ အသျှင်ခန္ဓာမျိုးရိုး၏ နယ်မြေပင်။

ကောင်းကင်အသျှင်ခန္ဓာနှင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာ နှစ်ခုစလုံးတို့မှာ ပြိုင်ဘက်ကင်းသော တာအိုခန္ဓာအမျိုးအစားများ ဖြစ်ကြသည်။

အမှောင်ထု ကပ်ဘေးလှိုင်းကို ရင်ဆိုင်ရချိန်တွင် အသျှင်ဘိုးဘေးနန်းတော်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိသင့်ပေသည်။

ထို့ကြောင့် အချို့သော ကျင့်ကြံသူများက အသျှင်ဘိုးဘေးနန်းတော်၏ ကာကွယ်မှုကို ရရှိရန်အတွက် ဘိုးဘေးနန်းတော်သို့ ခိုလှုံရန် ရောက်ရှိလာကြသည်။

သို့သော်...

"ဒီနယ်နိမိတ်ကို ဘယ်သူမှ ကျော်ဖြတ်ခွင့်မရှိဘူး"

ခမ်းနားသောအရှိန်အဝါဖြင့် ပုံရိပ်အချို့ ပေါ်ထွက်လာကြသည်။ သူတို့၏ အရှိန်အဝါအရ ဧကရာဇ်တစ်ပိုင်းအဆင့်တွင် ရှိကြ၏။

သူတို့က အသျှင်ဘိုးဘေးနန်းတော်မှ အကျော်အမော်များပင်။

အသျှင်ဘိုးဘေးနန်းတော်တွင် လူတိုင်းက သွေးသန့်စင်သော အသျှင်ခန္ဓာများ မဟုတ်ကြပါ။

သူတို့က အသျှင်ခန္ဓာ၏ သွေးမျိုးဆက်အချို့ကိုသာ ပိုင်ဆိုင်ထားကြသည်။

မျက်မှောက်ခေတ်တွင် သွေးသန့်စင်သော အသျှင်ခန္ဓာက လုံယောက်အာ တစ်ဦးတည်းသာ ရှိပေသည်။

သို့သော်လည်း လုံယောက်အာမှာ အခြေခံအားဖြင့် ထိုက်ရွှီရှေးနဂါးမျိုးနွယ်စုဝင် ဖြစ်သည်။

ယခုအချိန်...

ဤဧကရာဇ်တစ်ပိုင်းများထဲတွင် ပြင်းထန်သော အရှိန်အဝါနှင့် ကြောက်မက်ဖွယ် မျက်လုံးအကြည့်များရှိသည့် ဧကရာဇ်တစ်ပိုင်းတစ်ဦး ပါဝင်သည်။

သူက ပါဇွင်းဆိုသူပင်။

ယခင်က သူသည် ကျွင်းရှောင်ယောက်ကို ပစ်မှတ်ထားခဲ့ဖူးသော်လည်း ကျွင်းမိသားစု၏ သတ္တမဘိုးဘေး ကျွင်းထိုက်အ၏ တားဆီးခြင်းကို ခံခဲ့ရသည်။

"ကျွန်တော်တို့ကို လမ်းဖွင့်ပေးဖို့ တောင်းပန်ပါတယ်"

နတ်ဖန်ဆင်းခြင်း အဓိပတိတစ်ဦးက တောင်းပန်လိုက်သည်။

သူက သူ့မိသားစုကိုပါ ခေါ်ဆောင်ပြီး ရောက်ရှိလာခြင်း ဖြစ်ပေသည်။

"ထွက်သွားစမ်း... ငါတို့ အသျှင်ဘိုးဘေးနန်းတော်က မင်းတို့အတွက် ပုန်းခိုကျင်း မဟုတ်ဘူး"

ပါဇွင်းက အေးစက်စက်ဖြင့် တစ်ချက်ဝေ့ကြည့်ပြီး ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ... ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ဘာပဲပြောပြော သူတို့ကလည်း အင်မော်တယ်နယ်မြေရဲ့ အုပ်စိုးရှင်တွေပဲဟာ"

"ဟုတ်တယ်... မြင့်မြတ်ခန္ဓာမျိုးရိုးကို ကြည့်... အတိတ်က ခေတ်အဆက်ဆက်မှာ ကပ်ဘေးတွေကို တားဆီးဖို့အတွက် ကြီးကျယ်တဲ့ အနစ်နာခံမှုတွေ ပြုလုပ်ခဲ့ကြတယ်။ ခင်ဗျားတို့ အသျှင်မျိုးရိုးက မြင့်မြတ်ခန္ဓာမျိုးရိုးလို ကပ်ဘေးတွေကို မငြိမ်းစေနိုင်ရင်တောင် အနည်းဆုံးတော့ ခိုလှုံရာတစ်ခု ပေးသင့်တယ် မဟုတ်လား"

နေရာရှိ အချို့သော ကျင့်ကြံသူများက ပြောလိုက်ကြသည်။

"ဟမ်"

ပါဇွင်း အပါအဝင် ဧကရာဇ်တစ်ပိုင်းအချို့၏ မျက်လုံးများက အေးစက်သွား၏။

သူတို့ လက်မခံနိုင်ဆုံးအရာမှာ မြင့်မြတ်ခန္ဓာမျိုးရိုးနှင့် နှိုင်းယှဉ်ခံရခြင်းပင်။

ထိုအခိုက်အတန့်တွင်...

"ဝုန်း"

ရှေးဟောင်းဘိုးဘေးဂြိုလ်တစ်ခုလုံး တုန်ခါသွားသည်။

အလွန်တရာ ခမ်းနားပြီး အားကောင်းသော အရှိန်အဝါတစ်ခုက နှစ်ခြိုက်စွာ အိပ်ပျော်နေရာမှ နိုးထလာသကဲ့သို့ ပေါ်ထွက်လာ၏။

ခဏချင်းအတွင်းမှာပင်၊ နေနှင့်လ လှုပ်ခတ်သွားပြီး ကောင်းကင်နှင့် မြေပြင်က မှောင်မိုက်သွားကာ မရေမတွက်နိုင်သော ကြယ်များ ကြွေလွင့်ကုန်တော့သည်။

"ဒါ ဘယ်လိုဖြစ်တာလဲ"

ရောက်ရှိနေသော ကျင့်ကြံသူများစွာမှာ တားမြစ်နယ်မြေမှ ဧကရာဇ်များ ရောက်လာပြီဟု ထင်မှတ်ကာ ထိတ်လန့်သွားကြသည်။

"ဒီအရှိန်အဝါက... အသျှင်ဘိုးဘေးပဲ"

ပါဇွင်းနှင့် အခြားသူများ၏ မျက်လုံးများမှာမူ ဝင်းလက်သွား၏။

"ဝုန်း"

နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ...

အလွန်တရာ အားကောင်းပြီး ကြောက်စရာကောင်းသော ပုံရိပ်ကြီးတစ်ခုက ရှေးဟောင်းဘိုးဘေးဂြိုလ်၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာတော့သည်။

သူ၏ ပခုံးနှစ်ဖက်က နေ၊ လ၊ ကြယ်တာရာများနှင့် နှိုင်းယှဉ်နိုင်လောက်အောင် ကြီးမားသည်။

သူ၏ မျက်လုံးအကြည့်များမှာမူ ကောင်းကင်ယံကို ဖောက်ထွက်သွား၏။

အသျှင်ဘိုးဘေးနန်းတော်၏ အခြေခံအုတ်မြစ်ဖြစ်သော အသျှင်ဘိုးဘေး ပေါ်ထွက်လာခဲ့ပြီ။

ထိုကဲ့သို့ ကြီးစိုးသည့် အရှိန်အဝါကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲသည်။

သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပြင်းထန်သော ဖိအားများက အရပ်မျက်နှာအနှံ့သို့ ဖြာထွက်လာတော့သည်။

"အသျှင်ဘိုးဘေးကို ဂါရဝပြုပါတယ်"

အသျှင်ဘိုးဘေးနန်းတော်တစ်ခုလုံးရှိ မျိုးနွယ်ဝင်များက စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။

ပါဇွင်းနှင့် အခြားသူများလည်း ဒူးထောက်လိုက်ကြ၏။

ထွက်ပြေးလာကြသော အင်မော်တယ်နယ်မြေမှ သတ္တဝါများမှာတော့ အသျှင်ဘိုးဘေးကို မြင်သောအခါ မျက်နှာတွင် ဝမ်းသာမှုများ ပေါ်လာကြတော့သည်။

"အသျှင်ဘိုးဘေးကို တွေ့ခွင့်ရပြီဟေ့။ အသျှင်ဘိုးဘေး... ကျွန်တော်တို့ကို ကာကွယ်ပေးပါ"

"အသျှင်ဘိုးဘေးက တုနှိုင်းမမီဘူး၊ တားမြစ်နယ်မြေက ဧကရာဇ်တွေကို ကျိန်းသေပေါက် တားဆီးနိုင်မှာပဲ"

သန်းပေါင်းများစွာသော ကျင့်ကြံသူများက တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြသည်။

သို့သော်...

အသျှင်ဘိုးဘေး၏ မျက်နှာမှာ ဝေဝါးဝါး အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသဖြင့် သူ၏ အမူအရာကို မမြင်နိုင်ချေ။

နောက်တစ်ခဏတွင်...

"ဝုန်း"

အသျှင်ဘိုးဘေးက ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ သူ၏ ဧရာမ လက်ဝါးကြီးကို ပေါ့ပေါ့ပါးပါး ဆန့်ထုတ်ကာ ရိုက်ချလိုက်သည်။

"ဝုန်း..."

ရောက်ရှိနေသော အင်မော်တယ်နယ်မြေမှ သတ္တဝါ သန်းပေါင်းများစွာမှာ ဤလက်ဝါးအောက်တွင် သွေးမြူများအဖြစ် ပြောင်းလဲသွားတော့သည်။

"ဒါက..."

ပါဇွင်းနှင့် အခြားသူများပင်လျှင် အံ့ဩမင်သက်သွားကြသည်။

"ကိုယ်ကျင့်တရားအကြောင်းပြောပြီး ငါတို့ အသျှင်ခန္ဓာမျိုးနွယ်ကို မြင့်မြတ်ခန္ဓာမျိုးနွယ်က ငတုံးတွေလို သူတို့ကို ကာကွယ်ခိုင်းနေကြတာလား"

"မကာကွယ်ပေးရင် သွေးအေးတယ်... ကိုယ်ကျင့်တရား ပျက်ယွင်းတယ်ပေါ့"

"ဒီလို ငတုံးတွေ သေကုန်ကြတာ စိတ်မကောင်းစရာမရှိဘူး"

"မြင့်မြတ်ခန္ဓာမျိုးရိုးက ဒီလိုမျိုး မသိနားမလည်တဲ့ ပုရွက်ဆိတ်တွေအတွက် မျိုးဆက်တစ်ခုပြီးတစ်ခု အနစ်နာခံခဲ့တာ တကယ်ကို ရယ်စရာကောင်းတယ်"

အသျှင်ဘိုးဘေး၏ လေသံက အေးစက်နေပြီး မည်သည့် ခံစားချက်မျှ မပါဝင်ချေ။

သူ၏ စိတ်နေစိတ်ထားမှာ တားမြစ်နယ်မြေမှ ဧကရာဇ်များနှင့် ထပ်တူပင် ဖြစ်သည်။

"မှန်တယ်... အသျှင်ဘိုးဘေးပြောတာ အမှန်ပါပဲ"

ပါဇွင်းနှင့် အခြားသူများက ချက်ချင်း ထောက်ခံလိုက်ကြသည်။

"အင်မော်တယ်ဖြစ်နိုင်မဲ့တံခါးက ဒီခေတ်မှာ ပွင့်လာတော့မယ်။ ဒါ ငါ့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ"

အသျှင်ဘိုးဘေး၏ မျက်လုံးများက ရက်စက်မှု၊ အေးစက်မှုများဖြင့် အရောင်လက်နေသည်။

ထို့နောက်တွင် သူက ကြယ်တာရာများစွာကို ဖြတ်ကျော်ကာ တစ်လှမ်း လှမ်းလိုက်ပြီး လက်ဝါးဖြင့် ရိုက်ချလိုက်၏။

ကြယ်စက်ဝိုင်းတစ်ခုလုံး တိုက်ရိုက် ပြိုလဲသွားပြီး သက်ရှိအားလုံး ကျဆုံးကုန်တော့သည်။

ချက်ချင်းဆိုသလိုပင်၊ အသျှင်ဘိုးဘေးက သတ္တဝါအားလုံး၏ အသက်ဓာတ် အနှစ်သာရများနှင့် နာကြည်းမှု အငွေ့အသက်များ အင်မော်တယ်ယဇ်ပလ္လင်ဆီသို့ စီးဝင်သွားသည်ကို ခံစားလိုက်ရသည်။

"တကယ့်ကို သာယာတဲ့ အရသာပဲ၊ တားမြစ်နယ်မြေက ဧကရာဇ်တွေက ကပ်ဘေးလှိုင်းတွေကို ပုံမှန်ပြုလုပ်နေကြတာ အံ့ဩစရာ မရှိတော့ပါဘူး"

အသျှင်ဘိုးဘေးက သက်ပြင်းချလိုက်သည်။

ထို့နောက် ထိတ်လန့်ဖွယ် သတင်းတစ်ခုက ပျံ့နှံ့သွားခဲ့သည်။

အသျှင်ဘိုးဘေးနန်းတော်မှ အသျှင်ဘိုးဘေးသည်လည်း တိုက်ပွဲထဲသို့ ဝင်ရောက်လာခဲ့၏။

သို့သော်... တားမြစ်နယ်မြေမှ ဧကရာဇ်များကို တားဆီးရန်တော့ မဟုတ်ချေ။

တားမြစ်နယ်မြေမှ ဧကရာဇ်များကဲ့သို့ပင် အင်မော်တယ်နယ်မြေအပေါ် ရက်စက်ကြမ်းကြုတ်သော သွေးစွန်းသည့် သုတ်သင်မှုကို စတင်ခဲ့ခြင်း ဖြစ်သည်။

"ဒါ... ‌ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက ငါတို့ အင်မော်တယ်နယ်မြေရဲ့ အုပ်စိုးရှင်တစ်ပါး မဟုတ်ဘူးလား"

"ဘာအုပ်စိုးရှင်လဲ၊ သူက တကယ့် တိရစ္ဆာန်ပဲ"

ထိုသတင်းကို ကြားလိုက်ရသော၊ အင်မော်တယ်နယ်မြေကြီးမှ လူအပေါင်းက ဒေါသတကြီးဖြင့် ဆဲဆိုကြတော့သည်။

မူလကပင် အသျှင်ခန္ဓာမျိုးရိုးမှာ မြင့်မြတ်ခန္ဓာကိုယ်မျိုးရိုးနှင့် နှိုင်းယှဉ်လျှင် ဂုဏ်သတင်း မကောင်းလှချေ။

ယခုကဲ့သို့ အခြေအနေမျိုးတွင် အသျှင်ဘိုးဘေးက သန့်စင်ခြင်းလုပ်ငန်းစဉ်တွင် ပါဝင်လာခြင်းမှာ အင်မော်တယ်နယ်မြေအတွက် ပို၍ပင် ဆိုးရွားသွားစေသည်။

ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေအနက် တစ်ခုဖြစ်သော လော့ထျန်း အင်မော်တယ်နယ်မြေတွင်...

လော့ထျန်း အင်မော်တယ်နယ်မြေ၏ တစ်ဝက်နီးပါးမှာ ပြာပုံအတိ ဖြစ်လုနီးပါး ဖြစ်နေသည်။

သို့သော်လည်း ယောက်ချီမြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ပြောင်းရွှေ့သွားကြပြီးပြီ။

သို့ရာတွင်၊ တားမြစ်နယ်မြေမှ ဧကရာဇ်တစ်ပါးက ဤနေရာတွင် သွေးစွန်းသော သုတ်သင်မှုများကို ပြုလုပ်နေခဲ့ဆဲ ဖြစ်သည်။

သူက အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူမှ ဧကရာဇ်တစ်ပါးပင်။

တစ်နေရာတွင်...

ထိုဧကရာဇ်က ရုတ်တရက် ခြေလှမ်းများကို ရပ်လိုက်သည်။

သူက ကြည့်လိုက်ရာ အဝေးတစ်နေရာတွင် ခါးကုန်းကုန်းဖြင့် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့၏။

၎င်းမှာ အိုမင်းရင့်ရော်နေသော မျက်နှာနှင့် အဘိုးအိုတစ်ဦး ဖြစ်သည်။

သူ့မျက်နှာတစ်ခုလုံးက အရေးအကြောင်းများဖြင့် ပြည့်နေပြီး ခါးကလည်း ကိုင်းနေကာ မီးစာကုန်ဆီခန်း‌ဖြစ်သော လူအိုတစ်ဦးကဲ့သို့ပင်။

"ဟမ်"

အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူမှ ဧကရာဇ်က သူ့ကို ကြည့်လိုက်ပြီးနောက် လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံးလိုက်သည်။

"ဧကရာဇ်တစ်ပါးပဲ၊ ဒါပေမဲ့ နာတာရှည်ရောဂါ ခံစားနေရပြီး မီးစာကုန်ဆီခန်းလုနီး ဖြစ်နေပြီ"

"မင်းလို တည်ရှိမှုမျိုးက အသက်ဘေးကင်းဖို့အတွက် ထောင့်တစ်နေရာမှာ သေချာ ပုန်းမနေဘဲ ငါ့ရှေ့မှာ ပေါ်လာရဲတယ်ပေါ့"

ထိုဧကရာဇ်၏ လေသံက ကပျက်ကချော် နိုင်လှသည်။

သူသည် အဆင့်မြင့်ဧကရာဇ် မဟုတ်ဘဲ သာမန်ဧကရာဇ်တစ်ပါးသာ ဖြစ်သော်လည်း...

သေလုနီးပါးဖြစ်နေသော ဤဧကရာဇ်အိုကြီးကို ရင်ဆိုင်ရာမှာတော့ သူဟာ အလွန်ပင် တည်ငြိမ်နေသေးသည်။

ထို့ပြင် ဧကရာဇ်တစ်ပါးကို သတ်ဖြတ်ခြင်းမှ ရရှိမည့် အောင်မြင်မှုရမှတ်မှာ သာမန် သတ္တဝါများ သန်းပေါင်းများစွာကို သတ်ဖြတ်ခြင်းထက်ပင် ပို၍ များပြားသည်။

ထို့ကြောင့် သူဟာ ကံဇာတာတက်နေသည်ဟုပင် ထင်နေတော့သည်။

သူ့စကားကို ကြားသောအခါ ရောဂါဝေဒနာ ခံစားနေရသော ဧကရာဇ်အိုကြီးက ပြုံးလိုက်သည်။

"ပုန်းနေဖို့လား၊ ဟုတ်ပါတယ်... ငါလည်း ပုန်းနေချင်တာပေါ့"

"ငါက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေမှာ ပုန်းအောင်းနေပြီး ကျွင်းမိသားစုရဲ့ ကာကွယ်မှုကို ခံယူလို့ ရတယ်"

"ဒါပေမဲ့..."

"ငါ ပုန်းမနေနိုင်ဘူး"

"ကလေးတွေရဲ့ ငိုသံ... အကူအညီမဲ့နေတဲ့ အော်ညည်းသံတွေကို ငါ ကြားနေရတယ်"

"အဖေက သားကိုပြန်ပို့ရတဲ့ နာကျင်မှုတွေ..."

"လောကကြီးကို မသိမမြင်သေးတဲ့ လူမမယ်ကလေးတွေလည်း အင်မော်တယ်တံခါးအတွက် ပူဇော်သက္ကာပစ္စည်းတွေ ဖြစ်သွားရတော့မယ်"

"ဟုတ်ပါတယ်... မင်းတို့ တားမြစ်နယ်မြေက ဧကရာဇ်တွေရဲ့ မျက်လုံးထဲမှာတော့ သူတို့ဟာ အင်မတန်သေးနုပ်တဲ့ ပုရွက်ဆိတ်တွေ ဖြစ်ကောင်းဖြစ်နိုင်တယ်"

"ဒါပေမဲ့... ငါ့ရဲ့မျက်လုံးထဲမှာတော့ သူတို့ တစ်ဦးချင်းစီက ကိုယ်ပိုင်တန်ဖိုးရှိတဲ့ သက်ရှိတွေပဲ"

"လူသားတစ်ယောက်ဟာ ပုရွက်ဆိတ်တစ်ကောင်လို နိမ့်ကျစွာ မွေးဖွားလာနိုင်ပေမဲ့ နတ်ဘုရားတစ်ပါးလို မြင့်မြတ်ပြီး လှပနိုင်ပါတယ်"

ဧကရာဇ်အိုကြီးမှာ အင်မော်တယ်နယ်မြေကြီးမှ သတ္တဝါအားလုံးကို မကယ်တင်နိုင်သည့်အတွက် နှလုံးကြေကွဲဟန်ဖြင့် ပြောလိုက်သည်။

"အဘိုးကြီး... ဒီလောက် စကားတွေအများကြီး ပြောနေရအောင် မင်းက ဘယ်သူလဲ"

အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူမှ ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။

"ငါလား..."

ဧကရာဇ်အိုကြီးက သူ့ကိုယ်သူ လက်ညှိုးညွှန်လိုက်သည်။

ထို့နောက် သူက ဖြည်းညှင်းစွာ ပြောလိုက်လေသည်။

"ငါ့နာမည်က ပိုင်သို့ပါ"

All Chapters