← Chapters

အခန်း ၁၅၂၄

Vol. 106 Ch. 1524

အခန်း ၁၅၂၄

Vol. 106 Ch. 1524

အခန်း ( ၁၅၂၄ ) ဧကရာဇ် ပိုင်သို့ ကျဆုံးခြင်း။

အသျှင်ဘိုးဘေး၏ စကားများကို ကြားရသောအခါ ဧကရာဇ် ပိုင်သို့၏ မျက်လုံးများမှ ဒေါသများက မီးတောင်ကဲ့သို့ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာသည်။

"မင်း အင်မော်တယ်နယ်မြေကြီးရဲ့ ရာစုနှစ်ပေါင်းများစွာတိုင်အောင် စွန့်ပစ်ခြင်း ခံရမှာကို မကြောက်ဘူးလား"

ထိုစကားကို ကြားသောအခါ အသျှင်ဘိုးဘေးက ရုတ်တရက် ကောင်းကင်ကိုမော့၍ ကျယ်လောင်စွာ ရယ်မောလိုက်၏။

"ဟားဟားဟား... ရယ်စရာကောင်းလိုက်တာ"

"နိုင်တဲ့သူက ဘုရင်၊ ရှုံးတဲ့သူက သူပုန်ပဲ"

"ငါသာ အင်မော်တယ်လမ်းစဉ်ရဲ့ အနှစ်သာရကို ရရှိနိုင်ရင် ဒါမှမဟုတ် အင်မော်တယ်တံခါးကို လှမ်းတက်နိုင်ဖို့အတွက်ဆိုရင်... နောက်မျိုးဆက်တွေ ဘာပဲပြောပြော ငါ ဂရုမစိုက်ဘူး"

အသျှင်ဘိုးဘေးက အလွန်မာနကြီးသည်။ သူ၏ အာဏာရှင်ဆန်ပြီး ရက်စက်ကြမ်းကြုတ်သော စရိုက်က သူ့အရိုးထဲမှာပင် အမြစ်တွယ်နေခဲ့ပြီ။

သူ့လမ်းစဉ် အောင်မြင်မှုအတွက်ဆိုလျှင် အခြားသူများ မည်သို့ပင်ဖြစ်စေ၊ သူ ဂရုမစိုက်ပါ။

"မင်း... ဆေးမမီတော့ဘူး"

ပိုင်သို့၏ လေသံက ဒေါသကြောင့် အနည်းငယ် တုန်ယင်နေသည်။

"အဘိုးကြီး ပိုင်သို့... မင်းရဲ့ အခု အခြေအနေနဲ့ဆိုရင် ငါ့ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ပါဘူး"

"မင်းက တားမြစ်နယ်မြေက ဧကရာဇ်ကို အသက်စွန့်တိုက်ခဲ့တဲ့အတွက် မင်းကို တွယ်ကပ်မနေတော့ဘူး။ သွားလိုက်တော့"

အသျှင်ဘိုးဘေးက အေးစက်စွာ ပြောလိုက်သည်။

သူက ဧကရာဇ်ပိုင်သို့ကို စိတ်ရင်းမှန်ဖြင့် လွှတ်ပေးချင်သည်တော့ မဟုတ်ချေ။

နောက်ဆုံးတွင်၊ ဧကရာဇ်တစ်ပါးကို ယဇ်ပူဇော်နိုင်ပါက ရရှိမည့် အကျိုးကျေးဇူးမှာ အလွန်ကြီးမားသည်။

သို့သော်လည်း ပိုင်သို့၏ အဆင့်အတန်းက အလွန်ပင် ထိရှလွယ်သည်။

သူသည် အင်မော်တယ်နယ်မြေကြီးအတွက် ကြီးကျယ်သော ကောင်းကျိုးများကို ပြုလုပ်ခဲ့သူ ဖြစ်၏။

အကယ်၍ သူသာ ဧကရာဇ်ပိုင်သို့ကို အမှန်တကယ် သတ်ဖြတ်လိုက်မည်ဆိုလျှင်...

၎င်းမှာ နာမည်ဆိုးဖြင့် ကျန်ရစ်ရုံတင် မဟုတ်ဘဲ နောင်အနာဂတ် အင်မော်တယ်နယ်မြေတွင် သူ ရှင်သန်ရန် ခက်ခဲသွားလိမ့်မည်။

သို့သော်...

ဧကရာဇ်ပိုင်သို့မှာမူ ထိုနေရာ၌ပင် မလှုပ်မယှက် ရပ်နေဆဲ ဖြစ်သည်။

"အဘိုးကြီး ပိုင်သို့... ငါ မင်းကို နောက်ဆုံး အခွင့်အရေး ပေးနေတာနော်"

အသျှင်ဘိုးဘေး၏ မျက်လုံးများက အေးစက်သွားသည်။

ဧကရာဇ်ပိုင်သို့က ဘာမှ ထပ်မပြောတော့ချေ။

သူက အသျှင်ဘိုးဘေးဆီသို့ တစ်လှမ်းချင်း လှမ်းသွားသည်။

သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူ့အရှိန်အဝါမှာ ပိုမို အားကောင်းလာ၏။

မူလက ကိုင်းနေသော ကျောပြင်မှာ ဖြည်းဖြည်းချင်း ဆန့်ထွက်လာသည်။

မူလက အိုမင်းနေသော မျက်နှာမှာလည်း သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပြန်လည် နုပျိုလာတော့သည်။

နောက်ဆုံးခြေလှမ်း...

ခုနစ်လှမ်းအတိ လှမ်းပြီးချိန်၌ ဧကရာဇ် ပိုင်သို့က သူ၏ ငယ်ရွယ်စဉ် အထွတ်အထိပ် အချိန်ကာလသို့ ပြန်လည် ရောက်ရှိသွားပုံရသည်။

သူ့မျက်နှာသွင်ပြင်မှာ ‌ဂရုတစိုက် ထုဆစ်ထားသကဲ့သို့ရှိပြီး မျက်ခုံးများက ဖြောင့်တန်း၍ ရဲရင့်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။

သူက ကျန်ရှိနေသော သူ၏ ဧကရာဇ်အခြေခံအုတ်မြစ်ကို အကုန်အစင် လောင်ကျွမ်းပစ်လိုက်ပြီ။

၎င်းမှာ အသက်နှင့်ရင်းသော တိုက်ပွဲတစ်ခု စတင်တော့မည့် အဓိပ္ပာယ် ဖြစ်သည်။

"အသျှင်ဘိုးဘေး... ငါ့မှာ ခွန်အား အနည်းငယ် ကျန်နေသရွေ့ မင်းကို နောက်ထပ် လူသတ်မှုတွေ ကျူးလွန်ခွင့် မပြုဘူး"

ယခုအခါ ဧကရာဇ်ပိုင်သို့၏ အရှိန်အဝါက ကြောက်ခမန်းလိလိ ဖြစ်သည်။

"ကောင်းတယ်... သိပ်ကောင်းတယ်...၊ မင်းက 'ဇိကုပ်လို့ နတ်ပြည်တင်၊ မြင့်တယ်လို့ ခုန်ချ'ဆိုတာလို ဖြစ်နေပြီ။ ဒီလိုဆိုမှတော့..."

အသျှင်ဘိုးဘေးက အသံနက်ကြီးဖြင့် အော်လိုက်သည်။

သူ၏ ဘေးပတ်ပတ်လည်တွင် အသျှင်ခန္ဓာ ရူပါရုံကိုးခုက ပေါ်ထွက်လာပြီး စကြာဝဠာတစ်ခုလုံး တုန်ခါသွား၏။

တိုက်ပွဲစတင်ပြီ။

သတ်ဖြတ်လိုသော အငွေ့အသက်များက ကောင်းကင်ကိုပင် တုန်လှုပ်စေသည်။

ဧကရာဇ် အခြေခံအုတ်မြစ်ကို လောင်ကျွမ်းထားသော ဧကရာဇ် ပိုင်သို့နှင့် အသျှင်ခန္ဓာကြားမှ တိုက်ပွဲကြီး စတင်လာတော့သည်။

၎င်းကို အဝေးတစ်နေရာမှ လူအချို့လည်း ခံစားမိလိုက်ကြသည်။

"ဒါက ဧကရာဇ် ပိုင်သို့ပဲ၊ သူက တားမြစ်နယ်မြေက ဧကရာဇ်တစ်ပါးကို သတ်လိုက်တဲ့အပြင် အခု သတ်ဖြတ်မှုတွေ လုပ်နေတဲ့ အသျှင်ခန္ဓာကို တားဆီးနေပြန်ပြီ"

"ဧကရာဇ်ကြီးကို ကူညီနိုင်သူ မရှိကြတော့ဘူးလား။ သူက မီးစာကုန်ဆီခန်းနေတဲ့ အဘိုးအို တစ်ယောက်ဖြစ်နေပြီ"

အချို့သော ကျင့်ကြံသူများမှာ မထိန်းနိုင်ဘဲ ငိုကြွေးကုန်ကြသည်။

ထိုနေရာမှ တိုက်ပွဲမှာ မြေကမ္ဘာကို တုန်လှုပ်စေပြီး ဟင်းလင်းပြင်ကို ပြိုကွဲစေနိုင်သည်။

သို့သော် ကျင့်ကြံသူအားလုံး၏ ရင်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ရှိနေကြသည်။

များစွာ မကြာလိုက်ပါ...

ကောင်းကင်နှင့် မြေကြီးကြား၌ ရုတ်တရက် သွေးမိုးများ ရွာသွန်းလာသည်။

ဝမ်းနည်းကြေကွဲစွာ ငိုကြွေးသံများ ထွက်ပေါ်လာ၏။

၎င်းမှာ သစ္စာရှိပြီး ဖြောင့်မတ်သော သူရဲကောင်းတစ်ဦးကို ဝိညာဉ်အပေါင်းက ငိုကြွေးကာ ပို့ဆောင်ပေးနေသည့်အတိုင်းပင်။

"ဒါက... ဧကရာဇ်တစ်ပါး ကျဆုံးခြင်းရဲ့ နိမိတ်ပဲ..."

"မဟုတ်ဘူး... မဖြစ်နိုင်ဘူး၊ ဧကရာဇ်ကြီး..."

ဝေးလံသော နေရာမှ ကျင့်ကြံသူများက ကြီးစွာသော ဝမ်းနည်းပူဆွေးမှုကို ခံစားလိုက်ရသည်။

တိုက်ပွဲနေရာရှိ ပျက်စီးနေသော ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာတွင်...

ဧကရာဇ် ပိုင်သို့၏ ခန္ဓာကိုယ်က အက်ကြောင်းများ ပြည့်နှက်ပြီး သွေးများရွှဲစိုနေသည်။

သူ့ရုပ်သွင်မှာ နုပျိုနေဆဲဖြစ်သော်လည်း...

သူ၏ မျက်လုံးများအတွင်းမှ အသက်ရှင်သန်မှု မီးတောက်များမှာမူ ဖြည်းဖြည်းချင်း ငြိမ်းသတ်စပြုလာခဲ့ပြီ။

"ပိုင်သို့... မင်း ဘာဖြစ်လို့ ဒီလို လုပ်နေရတာလဲ"

"အရင်ကတည်းက မင်းဟာ ငါ့ကိုယှဉ်နိုင်တာ မဟုတ်ဘူး။ ဒါ့အပြင် မင်းရဲ့ အခြေခံအုတ်မြစ်ကိုလည်း ထိခိုက်စေပြီး တားမြစ်နယ်မြေက ဧကရာဇ်ကို သတ်ခဲ့သေးတယ်"

"ဒီပုံစံမျိုးနဲ့ ငါ့ဆီကိုလာတာက ကိုယ့်သေတွင်းကို ကိုယ်တူးတာပဲ"

အခြားတစ်ဖက်တွင် အသျှင်ဘိုးဘေးက ခံစားချက်မရှိသော မျက်နှာအမူအရာဖြင့် ရပ်နေသည်။

သူ့ခန္ဓာကိုယ်တွင် ကြီးကြီးမားမား ဒဏ်ရာမရှိဘဲ သွေးများဖြင့် ဖုံးလွှမ်းနေသော ဧကရာဇ်ပိုင်သို့နှင့်ယှဥ်လျှင် သိသိသာသာ ကွာခြားလှပေသည်။

ဧကရာဇ်ပိုင်သို့က သွေးများ အန်နေရသည်။

သူ့ဘဝက လမ်းဆုံးသို့ ရောက်ခါနီးအချိန်တွင် သူ ပြုံးလိုက်လေသည်။

"သေခြင်းတရားဆိုတာက ကောင်းကင်တောင်တစ်လုံးထက် လေးလံနိုင်သလို ငှက်မွေးတစ်ချောင်းထက်လည်း ပေါ့ပါးနိုင်ပါတယ်"

"ဒီအဘိုးကြီးက ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်မြင့်မြတ်သူလို့ တစ်ခါမှ မထင်ခဲ့ဘူး။ အဆုံးမဲ့ဧကရာဇ်၊ လွမ်ကုဧကရာဇ်နဲ့ ကြီးမားတဲ့အောင်မြင်မှု မြင့်မြတ်ခန္ဓာတို့လို တည်ရှိမှုတွေနဲ့ နှိုင်းယှဉ်ဖို့ဆိုရင် ပိုတောင် မဖြစ်နိုင်သေးတယ်၊ ဒါပေမဲ့..."

ဧကရာဇ်ပိုင်သို့၏ မျက်လုံးများမှ အံ့ဩဖွယ်ရာ နတ်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။

"အင်မော်တယ်နယ်မြေကြီးအတွက် အသက်စွန့်ရတာကို ငါ လုံးဝ နောင်တမရဘူး"

ဧကရာဇ် ပိုင်သို့က သူ့ခန္ဓာကိုယ်ကို အပြည့်အဝ လောင်ကျွမ်းပစ်လိုက်သည်။

နောက်ဆုံးတွင် ပေတစ်ထောင်ရှည်သော မြှားတစ်စင်းအဖြစ် ပြောင်းလဲသွား၏။

၎င်းမှာ သူ၏ အသက်ဖြင့် နောက်ဆုံးပစ်ခတ်လိုက်သော မြှားတစ်စင်းပင် ဖြစ်တော့သည်။

မြှားဖြတ်သန်းသွားပြီးနောက် ‌ကမ္ဘာကြီးက ခြောက်သွေ့သွားခဲ့ပုံရသည်။

သွေးများ ဖြာရဲသွား၏။

အသျှင်ဘိုးဘေး၏ ပုံရိပ်က လျင်မြန်စွာ နောက်ဆုတ်သွားသော်လည်း သူ့ရင်ဘတ်တွင် ကြောက်မက်ဖွယ်ကောင်းသော ထုတ်ချင်းခတ် ဒဏ်ရာတစ်ခု ပေါ်လာတော့သည်။

ဤမြှားချက်က အလွန်ကြောက်စရာကောင်းပြီး သူ၏ အခြေခံအုတ်မြစ်ကိုပင် ထိခိုက်စေခဲ့သည်။

"ချီးတဲ့မှပဲ"

အသျှင်ဘိုးဘေး၏ မျက်နှာက သုန်မှုန်သွားသည်။

သေလုနီးပါး ဖြစ်နေသော ဧကရာဇ်တစ်ပါးက သူ့ကို ဤမျှအထိ ထိခိုက်အောင် လုပ်နိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

"ဟင်း... ဧကရာဇ် ပိုင်သို့၊ မင်းက ခေတ်အဆက်ဆက်က မြင့်မြတ်ခန္ဓာတွေလိုပဲ တကယ်ကို အပြစ်ကင်းစင်တာပဲ၊ ငါ မင်းကို မှတ်ထားလိုက်ပါပြီ"

အသျှင်ဘိုးဘေးလည်း သက်ပြင်းချလိုက်ပြီး ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ သူ၏ သွေးစွန်းသော သုတ်သင်မှုများကို ဆက်လက် ပြုလုပ်ရန် ထွက်ခွာသွားတော့သည်။

ဧကရာဇ် ပိုင်သို့ ကျဆုံးသွားသည့် အချိန်မှာပင်...

ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေဘက်မှ စင်မြင့်ပေါ်တွင် ရှိနေသော ကျွင်းရှောင်ယောက်မှာ...

ရုတ်တရက်၊ သူ၏ နှလုံးသားက တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ့အမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။

"ရှောင်ယောက်... ဘာဖြစ်လို့လဲ"

ကျန်းစန်းယီနှင့် ကျန်းလော့လီတို့က ချက်ချင်း မေးလိုက်ကြသည်။

ကျွင်းရှောင်ယောက်က ဘာမှပြန်မပြောဘဲ ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

သွေးမိုးများ စတင်ရွာသွန်းလာသည်။

ကောင်းကင်နှင့် မြေပြင်ကြားတွင် ဝမ်းနည်းပူဆွေးမှု သံစဥ်များ ပျံ့နှံ့လာ၏။

"ဒါက ဧကရာဇ်တစ်ပါး ကျဆုံးခြင်းရဲ့ နိမိတ်ပဲ...၊ ဧကရာဇ်ကြီးတစ်ပါး ကျဆုံးသွားပြီ။ ဒါက ဘယ်သူလဲ"

ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေတွင် ခိုလှုံနေကြသော ကျင့်ကြံသူများစွာက သံသယများဖြင့် ပြည့်နှက်သွားကြသည်။

"မဟုတ်မှလွဲ... ဒါက..."

ကျွင်းရှောင်ယောက်၏ စိတ်ထဲမှာ ရုတ်တရက် တုန်ခါသွား၏။

ဤအခိုက်အတန့်တွင် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေ၏ အပြင်ဘက်မှ ကျင့်ကြံသူ အများအပြား ရောက်ရှိလာကြတော့သည်။

"နတ်ဘုရားသားတော်... ကျေးဇူးပြုပြီး ဧကရာဇ် ပိုင်သို့ကို ကယ်တင်ပေးပါဦး"

"ကျုပ်တို့ရဲ့ လော့ထျန်း အင်မော်တယ်နယ်မြေကြီးကို ကယ်တင်ဖို့အတွက် သူက တားမြစ်နယ်မြေက ဧကရာဇ်တစ်ပါးကို တိုက်ခိုက်သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီနောက် ဒီကိုမလိုက်လာဘဲ သူ ထွက်သွားတယ်"

ကျင့်ကြံသူများက မျက်ရည်များဖြင့် ရောက်ရှိလာကြသည်။

ယခု မြင်တွေ့နေရသော ဧကရာဇ်တစ်ပါး ကျဆုံးခြင်း၏ နိမိတ်ပုံရိပ်မှာ သတ်ဖြတ်ခြင်း ခံလိုက်ရသော တားမြစ်နယ်မြေမှ ဧကရာဇ်ထံမှ ဖြစ်မည်ဟု သူတို့ ထင်မှတ်နေကြသည်။

သို့သော်လည်း နောက်ထပ် ထိတ်လန့်ဖွယ် သတင်းတစ်ခု ရောက်ရှိလာပြန်သည်။

ဧကရာဇ် ပိုင်သို့ ကျဆုံးသွားခဲ့ပြီ။

၎င်းမှာ တားမြစ်နယ်မြေမှ ဧကရာဇ်ကြောင့် မဟုတ်ဘဲ အသျှင်ဘိုးဘေးကြောင့် ဖြစ်သည်။

"ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ... ဆရာကြီး ပိုင်သို့..."

ဤသတင်းကို ကြားလိုက်ရသည့်အခါ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေ တစ်ခုလုံးရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး မယုံကြည်နိုင် ဖြစ်သွားကြသည်။

ကျွင်းရှောင်ယောက်သည်လည်း တုန်လှုပ်သွားခဲ့၏။

သူသည် ဧကရာဇ်ပိုင်သို့နှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်မှုမရှိသော်လည်း...

ထိုအဘိုးအိုကို သူ အလွန် လေးစားသည်။

သူသည် အလွန်ဖြောင့်မတ်ပြီး အင်မော်တယ်နယ်မြေကြီးအတွက် အမြဲစိတ်နှစ်ထားသူပင်။

တိုင်းတပါးနှင့် စစ်ပွဲ စတင်ချိန်တွင်လည်း ဧကရာဇ် ပိုင်သို့က ပထမဆုံး ပေါ်ထွက်လာခဲ့သော ဧကရာဇ်ကြီး ဖြစ်သည်။

ယခု ကပ်ဘေးအတွင်း၌လည်း သူသည် ပထမဆုံး လှုပ်ရှားခဲ့သူ ဖြစ်၏။

ယခုအခါ သူက အင်မော်တယ်နယ်မြေကြီးအတွက် အသက်ပေးသွားခဲ့ပြီ။

"ဧကရာဇ် ပိုင်သို့... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ"

"ဘာလို့လဲ... ဘာဖြစ်လို့ ကောင်းကင်ဘုံက ဒီလောက်တောင် ရက်စက်ရတာလဲ။ အသျှင်ဘိုးဘေးလို တိရစ္ဆာန်မျိုးကိုကျတော့ ဘာဖြစ်လို့ ဒီလောက်ထိ သောင်းကျန်းခွင့် ပေးထားရတာလဲ"

"ဒီခေတ်မှာ ကပ်ဘေးတွေကို တားဆီးနိုင်မဲ့သူ မရှိကြတော့ဘူးလား"

မရေမတွက်နိုင်သော လူများမှာ ဧကရာဇ်ကြီး ပိုင်သို့အတွက် ဝမ်းနည်းမျက်ရည်ကျခဲ့ကြသည်။

သူက အမှန်တကယ် မှတ်သားထိုက်သော အဘိုးအို တစ်ဦးပင်။

သူ့ခွန်အားက ဧကရာဇ်အဆင့် အကျော်အမော်များကြားတွင် အလွန်သန်မာခြင်း မရှိပေ။

အဆုံးမဲ့ဧကရာဇ်၊ လွမ်ကုဧကရာဇ်တို့ကဲ့သို့ အမြင့်ဆုံး တည်ရှိမှုများနှင့် နှိုင်းယှဉ်၍လည်း မရနိုင်ပါ။

သို့သော်လည်း ယခုအခါ သတင်းကြားရသူတိုင်းက ဧကရာဇ်ပိုင်သို့ကို အဆုံးမဲ့ဧကရာဇ်၊ လွမ်ကုဧကရာဇ်တို့နှင့် တစ်တန်းထဲ ထားလိုက်ကြပြီ ဖြစ်သည်။

သူရဲကောင်းတစ်ဦး ဖြစ်လာမှတော့ အနိမ့်အမြင့် ခွဲခြားနေရန် မလိုတော့ပေ။

ထိုသတင်းကို ကြားလိုက်ရပြီးနောက် ကျွင်းရှောင်ယောက်လည်း တိတ်ဆိတ်သွားခဲ့သည်။

သူက သူရဲကောင်းတစ်ဦး ဖြစ်ရန် ဘယ်သောအခါမှ မရည်ရွယ်ခဲ့ချေ။

သို့သော်လည်း ဧကရာဇ် ပိုင်သို့၏ သေဆုံးမှုက သူ့နှလုံးသားကို နာကျင်စေခဲ့သည်။

ကျွင်းရှောင်ယောက်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ကျန်းစန်းယီ၊ ကျန်းလော့လီ၊ ကျန်းရို့၊ ကျွင်းကျန်းထျန်းနှင့် အခြားသော ဆွေမျိုးသားချင်းများကို ကြည့်လိုက်၏။

သူက ခိုင်မာပြတ်သော လေသံဖြင့် ပြောလိုက်တော့သည်။

"အားလုံးပဲ... ကျွန်တော် ကျွင်းဧကရာဇ်ခုံရုံးကို သွားတော့မယ်"

All Chapters