← Chapters

အခန်း ၁၅၂၇

Vol. 106 Ch. 1527

အခန်း ၁၅၂၇

Vol. 106 Ch. 1527

အခန်း ( ၁၅၂၇ ) ကျွင်းဧကရာဇ်ခုံရုံးကို ဖျက်ဆီးချင်ကြတာလား။

ကျောက်ဧကရာဇ်က သန်မာထွားကျိုင်းသော ခန္ဓာကိုယ်ဖြင့် ကျောက်သားချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။

သူ့လက်ထဲတွင် သွေးစွန်းနေသော လှံပုဆိန်ကြီးကို ကိုင်ဆောင်ထား၏။

၎င်းမှာ သူ၏ မွေးရာပါ အဖော်မွန်လက်နက်ဖြစ်သော ကျောက်ဧကရာဇ်လှံပုဆိန်ပင် ဖြစ်သည်။

သူ၏ နံဘေးတွင်မူ သူနှင့် အလွန်ဆင်တူသော လူငယ်တစ်ဦး ရှိနေသည်။

၎င်းမှာ ကျောက်ဧကရာဇ်လေးပင်။

သူသည် ရှန်းလင်၏ ရှေးဦးသင်္ချိုင်းဂူ တိုက်ပွဲအတွင်း၌ ကျွင်းရှောင်ယောက်၏ ပြင်းထန်သော တိုက်ခိုက်မှုကို အများဆုံးခံခဲ့ရသူ ဖြစ်သည်။

အကယ်၍ ကျောက်ဧကရာဇ်ချပ်ဝတ်တန်ဆာသာ မရှိခဲ့ပါက၊ သူသည် ထိုစဉ်ကတည်းက အသက်ပျောက်နေလောက်ပြီ။

ယခုတော့ သူ၏ဖခင် ကျောက်ဧကရာဇ်၏ ပြုစုစောင့်ရှောက်မှုကြောင့် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။

"အဖေ... ကျွန်တော် အဲဒီ ကျွင်းရှောင်ယောက်ကို အသေလိုချင်တယ်"

ကျောက်ဧကရာဇ်လေး၏ မျက်နှာထက်တွင် နက်ရှိုင်းသော နာကျည်းမှုများ ရှိနေသည်။

ကျွင်းရှောင်ယောက် ပေးအပ်ခဲ့သော အရှက်ကွဲမှုများကို သူ ဘယ်သောအခါမှ မေ့လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း သူကိုယ်တိုင် ကျွင်းရှောင်ယောက်ကို ရင်မဆိုင်နိုင်သည့်အတွက် အဖေအားကိုး ပုဆိန်ရိုးလုပ်နေခြင်း ဖြစ်သည်။

"ကျွင်းမိသားစုက ဒီခေတ်မှာ သွေးစွန်းရဖို့ ကံပါလာပြီးသားပဲ"

ကျောက်ဧကရာဇ်၏ မျက်လုံးများက အေးစက်နေသည်။

သူသည် အင်မော်တယ် ကျောက်သန္ဓေမှ ပြောင်းလဲလာသူဖြစ်ပြီး သူ၏ ကျင့်စဉ်အဆင့်က မယုံကြည်နိုင်လောက်အောင် မြင့်မားသည်။

အကယ်၍ ဤဘဝတွင် သူသာ အင်မော်တယ် အနှစ်သာရများ ပိုမိုရရှိပါက သို့မဟုတ် အင်မော်တယ်တံခါးကို လှမ်းတက်နိုင်ပါက ပိုမြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ရန် အလားအလာ အရှိဆုံးသူပင်။

"သူတို့ မကြာခင် ပေါ်လာကြတော့မယ်"

ကျောက်ဧကရာဇ်က အခြားသော တားမြစ်နယ်မြေများကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။

သူက ခြေလှမ်းလှမ်းလိုက်တိုင်း ဟင်းလင်းပြင်မှာ အက်ကွဲသွားရ၏။

သူက ကျောက်ဧကရာဇ်လေးကို ခေါ်ဆောင်ကာ ကျွင်းရှောင်ယောက် ရှိနေသည့် ရွှမ်ထျန်း အင်မော်တယ်နယ်မြေဆီသို့ တိုက်ရိုက် ဦးတည်လိုက်တော့သည်။

တစ်ဖက်တွင်၊ ‌ဒါကို ခံစားမိ‌သော အင်မော်တယ်ရှေး‌ဧကရာဇ်က အနည်းငယ် အံ့အားသင့်သွားသည်။

"နောက်ဆုံးတော့ ကျွင်းမိသားစုကို စိန်ခေါ်တော့မှာပေါ့။ ဒါဆိုရင် ငါ့ကိုပါ ထည့်တွက်လိုက်ပါ"

အင်မော်တယ်ရှေးဧကရာဇ်က ရယ်မောလိုက်သည်။

"ငါလည်း ပါမယ်"

နဂါးဧကရာဇ်သည်လည်း ရောက်ရှိလာပြီး အင်မော်တယ်ရှေးဧကရာဇ်နှင့် ပူးပေါင်းလိုက်၏။

"ငါ့ရဲ့ နဂါးဘုရင်နန်းတော်မှာလည်း ကျွင်းမိသားစုနဲ့ ရှင်းစရာ ရန်ကြွေးတွေ အများကြီး ရှိသေးတယ်"

နဂါးဧကရာဇ်က ဦးခေါင်းတွင် နဂါးဦးချို နှစ်ခုပါရှိပြီး ရွှေရောင်နဂါးမျက်လုံး အစုံဖြင့် ခန့်ညားသူ ဖြစ်သည်။

သို့သော်လည်း ယခုအခါ သူ၏ မျက်လုံးများက‌ အေးစက်နေပေသည်။

"မိတ်ဆွေ လုံထိန်... အတူတူ သွားကြရင် ပိုမကောင်းဘူးလား"

အင်မော်တယ်ရှေးဧကရာဇ်က ပြုံးလိုက်သည်။

"အကောင်းဆုံးပေါ့"

နဂါးဧကရာဇ်က ခေါင်းညိတ်လိုက်၏။

ရှေးဟောင်းဧကရာဇ် နှစ်ပါးက အတူတူ လှုပ်ရှားရန် ဆုံးဖြတ်လိုက်ကြသည်။

လုံရွှမ်ယီနှင့် ဟွမ်နျဲတောက်တို့သည်လည်း သူတို့၏ ဖခင်များနောက်မှ အနီးကပ် လိုက်ပါလာကြတော့သည်။

"ကောင်းတယ်၊ ကျွင်းရှောင်ယောက်... မင်း အခု ရယ်နိုင်သေးမလား ကြည့်ရသေးတာပေါ့"

ဟွမ်နျဲ့တောက်က လှောင်ပြောင်လိုက်သည်။

ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်မှ မျှော်လင့်ချက်ကင်းမဲ့နေသော ပုံစံကို သူ အမြန်ဆုံး မြင်တွေ့ချင်နေပြီ။

‌အင်မော်တယ်ရှေးဧကရာဇ်၊ နဂါးဧကရာဇ်နှင့် ကျောက်ဧကရာဇ်...

ဤအမြင့်ဆုံးသော အကျော်အမော် သုံးပါးက ရွှမ်ထျန်း အင်မော်တယ်နယ်မြေဆီသို့ အတူတကွ ချီတက်လာကြသည်။

၎င်းက တကယ်ကို တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်ပင်။

"ဒါ ဘယ်လို အခြေအနေလဲ။ ဒီရှေးဟောင်းဧကရာဇ်တွေက ကပ်ဘေးကို တားဆီးဖို့အတွက် တားမြစ်နယ်မြေက ဧကရာဇ်တွေကို တိုက်ခိုက်ဖို့ အစား... ဒီမြေမှာနေ ဒီရေကိုသောက်ပြီး ကိုယ့်ဘက်ကိုပြန်တွန်းလှန်ဖို့ လုပ်နေကြတာလား"

"ဘာလို့ ဒီလို ဖြစ်ရတာလဲ၊ မိုးကောင်းကင်က ငါတို့ အင်မော်တယ်နယ်မြေက သတ္တဝါတွေကို ဒီလောက်အထိ ဒုက္ခရောက်စေချင်တာလား"

ကျင့်ကြံသူအချို့မှာ မနေနိုင်ဘဲ အော်ဟစ်လိုက်ကြသည်။

အကယ်၍ ဤဧကရာဇ်များသာ တားမြစ်နယ်မြေမှ ဧကရာဇ်များကို ရင်ဆိုင်မည်ဆိုပါက အနည်းငယ်တော့ တားဆီးနိုင်လိမ့်မည်။

နောက်ဆုံးတွင်၊ သူတို့၏ ခွန်အားမှာ သာမန်ဧကရာဇ်များထက် ပိုမိုသန်မာကြသည်။

အင်မော်တယ်ရှေးဧကရာဇ်က မသေနိုင်သော စွမ်းအားမျိုးရှိပြီး နိဗ္ဗာန်မှတဆင့် ပြန်လည်မွေးဖွားနိုင်သည်။

ကျောက်ဧကရာဇ်မှာမူ သာမန်ဧကရာဇ်များထက် များစွာ စွမ်းအားကြီး၏။

သို့သော်လည်း ယခုအခါ သူတို့က ကျွင်းဧကရာဇ်ခုံရုံးနှင့် ကျွင်းရှောင်ယောက်ကို ပစ်မှတ်ထားနေကြပြီ။

၎င်းမှာ အလွန် ဒေါသထွက်စရာ ကောင်းသည်။

ရွှမ်ထျန်း အင်မော်တယ်နယ်မြေရှိ သတ္တဝါအားလုံးသည်လည်း ကြီးမားသော ဖိအားကို ခံစားနေကြရတော့သည်။

'ကျွဲနှစ်ကောင်ခတ်သည့်ကြား မြေစာပင် မခံနိုင်'သကဲ့သို့ပင်။

ကျွင်းရှောင်ယောက်သည် ကျွင်းဧကရာဇ်ခုံရုံး၏ အပြင်ဘက် လေထဲတွင် ရပ်နေပြီး အဝေးမှလာနေသော တုန်ခါမှုများကို ကြည့်နေသည်။

ကျန်းစန်းယီနှင့် ကျန်းလော့လီတို့မှာလည်း သူ့ဘေးတွင် ရှိနေကြ၏။

ချီရှောင်ထျန်းနှင့် လူသတ်ဘုရင်တို့လည်း ပေါ်လာကြသည်။

ရှေးဟောင်းအင်မော်တယ်ခုံရုံးမှ စစ်သူကြီးလေးဦးနှင့် ဘုရင်ဖုဖုန်း အစရှိသော ဧကရာဇ်တစ်ပိုင်းနယ်ပယ် အကျော်အမော်များလည်း ရှိနေကြသေးသည်။

သို့သော်လည်း ဤအခြေအနေအောက်တွင် ချီရှောင်ထျန်းနှင့် လူသတ်ဘုရင်ပင်လျှင် ကြီးမားသော ဖိအားကို ခံစားနေကြရသည်။

ကျောက်ဧကရာဇ်တို့၏ ခွန်အားမှာ သာမန်ဧကရာဇ်များနှင့် မတူချေ။

ကျောက်ဧကရာဇ် တစ်ဦးတည်းနှင့်ပင် သူတို့နှစ်ဦးလုံးကို ရင်ဆိုင်နိုင်သည်။

ကျန်ရှိသော ဧကရာဇ်တစ်ပိုင်းများ အားလုံး ပေါင်းလျှင်ပင် ရှေးဟောင်းဧကရာဇ် နှစ်ပါးကို ယှဉ်နိုင်မည်မဟုတ်ချေ။

သို့သော်လည်း ကျွင်းဧကရာဇ်ခုံရုံးရှိ လူများက ဖိအားကို ခံစားသည့်တိုင် မည်သူမှ မျှော်လင့်ချက် မကင်းမဲ့ကြပါ။

အကြောင်းမှာ သူတို့က တစ်ယောက်တည်း တိုက်ပွဲဝင်နေရခြင်း မဟုတ်ကြောင်း သိထားကြသောကြောင့်ပင်။

"မစိုးရိမ်ကြနဲ့၊ အဆင်ပြေမှာပါ၊ ကျုပ်တို့ရဲ့ ခုံရုံးအရှင် နတ်ဘုရားသားတော်ကို ယုံကြည်ရမယ်"

"ဟုတ်တယ်၊ ကျွင်းဧကရာဇ်ခုံရုံးက မတားနိုင်ရင်တောင် ကျွင်းမိသားစု ရှိသေးတာပဲ။ နတ်ဘုရားသားတော် ရှိနေသရွေ့ အရာအားလုံးက ပြဿနာ မဟုတ်ဘူး"

ရွှမ်ထျန်း အင်မော်တယ်နယ်မြေမှ သတ္တဝါများစွာက ကျွင်းရှောင်ယောက်အပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိနေကြသည်။

"ဝုန်း"

ဤအခိုက်အတန့်တွင် ကောင်းကင်ယံက ပြောင်းလဲသွားသည်ကို လူတိုင်း ခံစားလိုက်ရသည်။

တိမ်တိုက်များစွာ လွင့်စင်သွားသည်။

အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ခြေထောက်ကြီးတစ်ဖက်က ရွှမ်ထျန်း အင်မော်တယ်နယ်မြေကို နင်းချလာပြီး အရာအားလုံးကို ခြေတစ်ဖက်တည်းဖြင့် ဖျက်ဆီးပစ်တော့မည်ကဲ့သို့ပင်။

၎င်းမှာ မည်မျှ မောက်မာသနည်း။

"ရိုင်းစိုင်းလိုက်လေ"

ချီရှောင်ထျန်းက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ပြီး လက်ဝါးကို မြှောက်ကာ ထိုခြေထောက်ကြီးကို ခုခံလိုက်သည်။

ဧကရာဇ်တစ်ပါး၏ ကြီးမားသော စွမ်းအားများ ပေါက်ကွဲထွက်လာ၏။

"ဝုန်း"

ဂြိုလ်တစ်စင်း ပေါက်ကွဲသွားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများ ပတ်ဝန်းကျင်သို့ ဖြာထွက်လာတော့သည်။

ဟင်းလင်းပြင်က ပြိုကွဲသွားပြီး ကောင်းကင်ယံတစ်ခုလုံးတွင် ကြယ်တစ်လုံးမှ မကျန်တော့ချေ။

"ဒုန်း..."

ချီရှောင်ထျန်းမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

သူ့မျက်နှာမှာလည်း တည်ကြည်နေ၏။

သူက ထိုတိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သော်လည်း နောက်ဆက်တွဲလှိုင်းများကြောင့် လူပေါင်းသိန်းချီမှာ ခဏချင်းအတွင်း သေဆုံးသွားခဲ့ရတော့သည်။

"ကျောက်ဧကရာဇ်"

ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ အသာအယာ ပြောလိုက်သည်။

ပျက်စီးနေသော ဟင်းလင်းပြင်အတွင်းမှ ပုံရိပ်နှစ်ခု ပေါ်လာသည်။

၎င်းမှာ ကျောက်ဧကရာဇ်နှင့် ကျောက်ဧကရာဇ်လေးတို့ ဖြစ်၏။

ထိုအချိန်မှာပင် အခြားတစ်ဖက်မှ နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး မိုင်ပေါင်းသိန်းချီသော နယ်မြေကြီးကို တုန်ခါသွားစေသည်။

နဂါးဧကရာဇ်နှင့် လုံရွှမ်ယီ ပေါ်လာကြပြီ။

ထို့ပြင် ဟင်းလင်းပြင်ကို လောင်ကျွမ်းစေသော အမှောင်မီးတောက်များလည်း ရှိနေသည်။

အင်မော်တယ်ရှေးဧကရာဇ်နှင့် ဟွမ်နျဲ့တောက်တို့လည်း ရောက်ရှိလာကြသည်။

ဖခင်နှစ်ဦးနှင့် သားတော်နှစ်ဦး။

အမြင့်ဆုံး အကျော်အမော် သုံးဦးက ရွှမ်ထျန်း အင်မော်တယ်နယ်မြေကြီးသို့ အတူတကွ ရောက်ရှိလာကြပြီ ဖြစ်သည်။

"ကျွင်းရှောင်ယောက်... မင်း ငါ့ကို ပေးခဲ့တဲ့ အရှက်ရမှုနဲ့ နာကျည်းမှုတွေဟာ ဒီနေ့တော့ အဆုံးသတ်ရလိမ့်မယ်"

ကျောက်ဧကရာဇ်လေး၏ မျက်နှာတွင် အစွန်းကုန် မုန်းတီးမှုများ ရှိနေသည်။

ကျွင်းရှောင်ယောက်က သူ ကျိန်းသေပေါက် ဖယ်ရှားပစ်ရမည့် နတ်ဆိုးတစ်ဦး ဖြစ်နေသည်မှာ ကြာခဲ့ပြီ။

"ဟုတ်တယ် ကျွင်းရှောင်ယောက်... မင်းရဲ့ ခေတ်က ကုန်ဆုံးတော့မယ်"

"မင်းကို ကျွင်းမိသားစုက ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ထင်နေတုန်းလား။ အခု ကျွင်းမိသားစုဟာ သူတို့ကိုယ်တိုင် ရင်ဆိုင်ရမယ့် ဘေးဒုက္ခကို ဘယ်လိုဖြေရှင်းရမလဲဆိုတာပဲ စဉ်းစားနေသင့်တယ်"

ဟွမ်နျဲတောက်က လှောင်ပြောင်လိုက်သည်။

သူ၏ဖခင်မှာ သူ့ဘေးတွင် ရှိနေသောကြောင့်လည်း ဘာကိုမှ မကြောက်တော့ဘဲ မောက်မာနေခြင်း ဖြစ်သည်။

ကျောက်ဧကရာဇ်လေးနှင့် ဟွမ်နျဲတောက်တို့က ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်မှ မျှော်လင့်ချက်ကင်းမဲ့သော ပုံစံကို မြင်ချင်နေကြပြီ။

သို့သော်လည်း နောက်အခိုက်တွင် ကျွင်းရှောင်ယောက်၏ ရယ်မောသံကို သူတို့ ကြားလိုက်ရသည်။

"ဟားဟားဟား... ကျောက်ဧကရာဇ်လေးနဲ့ ဟွမ်နျဲတောက်...၊ မင်းတို့ကတော့ တုံးလိုက်တာ... ဒါပေမဲ့ မင်းတို့ရဲ့ အဖေတွေကလည်း မင်းတို့လိုပဲ တုံးအတယ်တဲ့လား"

"တကယ်လို့ သူတို့သာ ငါ့ရဲ့ ကျွင်းမိသားစုကို လွယ်လွယ်နဲ့ ဖျက်ဆီးနိုင်မယ်လို့ တကယ်ထင်ရင်... အခုချိန်မှာ သူတို့ ကျွင်းဧကရာဇ်ခုံရုံးကို လာမှာ မဟုတ်ဘူး။ ကျွင်းမိသားစုကိုပဲ တိုက်ရိုက်သွားမှာပေါ့"

"ငါ တစ်ခုလောက် မေးပါရစေ... ကျောက်ဧကရာဇ်ကို အခုထက် သတ္တိ အဆတစ်ရာလောက် ပေးရင်တောင် ငါ့ရဲ့ ကျွင်းမိသားစုဆီ သွားရဲပါ့မလား"

ကျွင်းရှောင်ယောက်က အင်္ကျီလက်စကို ခါယမ်းကာ ကျောက်ဧကရာဇ်ကို စိုက်ကြည့်လိုက်၏။

"မျိုးဆက်သစ်လေး... မင်းက တကယ်ကို နှုတ်သီးကောင်းလျှာပါး ရှိတာပဲ"

ကျောက်ဧကရာဇ်က ထိုစကားကို ကြားသောအခါ မျက်လုံးကိုမှေးစင်းပြီး ကြည့်လိုက်သည်။

ဟုတ်သည်၊ သူ့ခွန်အားမှာ အလွန်ပင် သန်မာပြီး သာမန်ဧကရာဇ်များထက် များစွာ သာလွန်သည်။

သို့သော်လည်း သူ့ကို ယခုထက် သတ္တိအဆတစ်ရာ ပေးလျှင်ပင် ကျွင်းမိသားစုဆီ သွားသတ်ရန် အမှန်တကယ်ပင် မဝံ့ရဲချေ။

အကယ်၍ ထိပ်တန်း အကြီးအကဲ တစ်ယောက်ယောက် သို့မဟုတ် အဓိက ယဇ်ဆရာသခင် တစ်ယောက်က ဦးဆောင်မှသာ ကျွင်းမိသားစုနှင့် ယှဉ်ရန် အရည်အချင်း ရှိပေလိမ့်မည်။

"ဟမ့်... ဘာပဲဖြစ်ဖြစ် ဒီနေ့ ငါ ကျွင်းဧကရာဇ်ခုံရုံးကို ဖျက်ဆီးပစ်မယ်"

ကျောက်ဧကရာဇ်လေးက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ပြောလိုက်သည်။

ကျောက်ဧကရာဇ်၊ အင်မော်တယ်ဧကရာဇ်နှင့် နဂါးဧကရာဇ်တို့က ကျွင်းဧကရာဇ်ခုံရုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။

အမြင့်ဆုံးသော အကျော်အမော်သုံးဦးက ပူးပေါင်းလိုက်သည့်အခါ ရွှမ်ထျန်း အင်မော်တယ်နယ်မြေ တစ်ခုလုံးပင် ပြိုလဲတော့မည့်အလား ထင်ရသည်။

ချီရှောင်ထျန်း၊ လူသတ်ဘုရင်နှင့် အခြားသူများကလည်း ဒေါသတကြီး မာန်သွင်းကာ တုံ့ပြန်ရန် ပြင်လိုက်ကြ၏။

သူတို့က ဧကရာဇ်ကြီးများ ဖြစ်ကြသော်လည်း ကျောက်ဧကရာဇ်တို့ သုံးဦးနှင့် ယှဉ်လျှင် သိသိသာသာ ကွာခြားလှသည်။

ဤသို့ အကျပ်အတည်းဖြစ်နေသော အချိန်တွင်...

ဟင်းလင်းပြင်အတွင်း၌ ရုတ်တရက် အနီရောင် လီလီပန်းများ ရုတ်တရက် ပေါ်ထွက်လာသည်။

"ဟင်"

ကျောက်ဧကရာဇ် သုံးဦးမှာ ရုတ်တရက် အန္တရာယ်တစ်ခုကို ခံစားလိုက်ကြရ၏။

စကြာဝဠာ၏ အနက်ရှိုင်းဆုံးနေရာမှ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနူးညံ့သော လက်ကလေးတစ်ဖက်က ရိုက်ချလာသည်။

ထို့နောက် ထိတ်လန့်ဖွယ်ကောင်းသော လက်ဝါးပုံရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။

၎င်းမှာ လက်ဝါးတစ်ချက်တည်းနှင့် ကျောက်ဧကရာဇ်၊ အင်မော်တယ်ရှေးဧကရာဇ်နှင့် နဂါးဧကရာဇ်တို့ သုံးဦးလုံးကို တစ်ပြိုင်တည်း ဖိနှိပ်လိုက်ခြင်း ဖြစ်တော့သည်။

All Chapters