အခန်း ၁၅၂၈
Vol. 106 Ch. 1528
အခန်း ( ၁၅၂၈ ) စွမ်းအားကြီးသော အနီရောင်လီလီပန်းလေးများ၏မိခင်။
ထိုကျောက်စိမ်းကဲ့သို့ ဖြူစင်ဝင်းပနေသော လက်ကလေးမှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းသည်။
သာမန်အားဖြင့်ဆိုလျှင် ဤကျောက်စိမ်းလက်ကလေးမှာ အလွန်ပင် နူးညံ့သိမ်မွေ့ရလိမ့်မည်။
သို့သော်လည်း ယခုအခါတွင်မူ ၎င်းက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို သယ်ဆောင်လာပြီး အရာအားလုံးကို ဖိနှိပ်လိုက်ပြီ ဖြစ်သည်။
လက်ဝါးတစ်ချက်တည်းဖြင့် အမြင့်ဆုံးဧကရာဇ် သုံးပါးကို ဖိနှိပ်လိုက်ခြင်းမှာ မည်သို့သော သတ္တိမျိုးဖြစ်သနည်း။
နဂါးဧကရာဇ်၊ အင်မော်တယ်ရှေးဧကရာဇ်၊ ကျောက်ဧကရာဇ်...
သူတို့ထဲမှ မည်သူမဆို တစ်ချိန်က အင်မော်တယ်နယ်မြေ၏ ခေတ်တစ်ခုကို စိုးမိုးခဲ့သော အကျော်အမော်များ ဖြစ်ကြသည်။
သာမန်ဧကရာဇ်များမှာ သူတို့ကို ရင်ဆိုင်ရန်ပင် အရည်အချင်း မရှိချေ။
သို့သော်လည်း ယခုအခါ ဤကျောက်စိမ်းလက်ကလေးက အမြင့်ဆုံး အကျော်အမော် သုံးပါးလုံးကို တစ်ပြိုင်တည်း ဖိနှိပ်နေပြီ ဖြစ်သည်။
၎င်းက လူတိုင်းကို အသက်ရှူမှားလောက်အောင် တုန်လှုပ်သွားစေခဲ့ပေသည်။
ရွှမ်ထျန်း အင်မော်တယ်နယ်မြေရှိ သန်းပေါင်းများစွာသော သတ္တဝါတို့လည်း ဤမြင်ကွင်းကို ကြည့်ပြီး အံ့ဩတုန်လှုပ်သွားကြသည်။
"ဝုန်း"
စကြာဝဠာကြီး ပျက်စီးတော့မည်ကဲ့သို့ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
"ဒုန်း... ဒုန်း... ဒုန်း..."
ကျောက်ဧကရာဇ်၊ အင်မော်တယ်ရှေးဧကရာဇ်နှင့် နဂါးဧကရာဇ်တို့ သုံးဦးလုံးမှာ နောက်သို့ လွင့်စင်သွားကြ၏။
"အထွတ်အထိပ် ဧကရာဇ်"
ကျောက်ဧကရာဇ်က အော်ဟစ်လိုက်သည်။
သူ၏ မျက်လုံးများအတွင်းမှ အေးစက်သော အလင်းတန်းများ ဖျတ်ခနဲ ပေါ်လာ၏။
ဟင်းလင်းပြင်အတွင်း၌ အနီရောင် လီလီပန်းများက ပျက်စီးနေသော စကြာဝဠာအတွင်း လွင့်ပျံ့နေကြသည်။
ဤမြင်ကွင်းက အလွန်ပင် လှပလွန်းလှပေသည်။
စကြာဝဠာ ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာမှ လှပသော အမျိုးသမီးတစ်ဦး ဆင်းသက်လာခဲ့သည်။
အနက်ရောင် ဝတ်စုံဖြင့် သူမ၏ သွယ်လျသော ခန္ဓာကိုယ်ကို လွှမ်းခြုံထား၏။
သူမ၏ မျက်နှာသွင်ပြင်က အနှိုင်းမဲ့စွာ လှပသည်ဟု ဆိုနိုင်သည်။
သူ၏ မျက်ခုံးနှစ်ခုကြားမှာတော့ အနီရောင် လီလီပန်းအမှတ်အသားလေးတစ်ခု ရှိနေပြီး ၎င်းက သူ့ကို ပိုမို လျှို့ဝှက်ဆန်းကြယ်ကာ ထူးခြားစေသည်။
ဤလှပသော အမျိုးသမီးက အခြားမဟုတ်ဘဲ အနီရောင်လီလီပန်းလေးများ၏မိခင်သည်ပင်။
တစ်ခါက သူသည် ကျွင်းရှောင်ယောက်၊ ကျွင်းဝူဟွေတို့နှင့်အတူ အန္တိမကပ်ဘေးကြီးကို အတူတူ တိုက်ခိုက်ခဲ့ဖူးသည်။
"အနီရောင်လီလီပန်းလေးများရဲ့မိခင်... သူက အန္တိမကပ်ဘေးကြီးကိုတောင် ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့သူပဲ"
နဂါးဧကရာဇ်နှင့် အင်မော်တယ်ရှေးဧကရာဇ်တို့၏ မျက်နှာတွင် လေးနက်သော အမူအရာများ ပေါ်လာသည်။
သူတို့နှင့် အနီရောင်လီလီပန်းလေးများ၏မိခင်မှာ ဧကရာဇ်အဆင့်ချင်း တူညီကြသော်လည်း...
ဧကရာဇ်အဆင့်အတွင်း၌ပင် အင်အား ကွာခြားချက်များ ရှိကြသည်။
အနည်းဆုံးတော့ ယခုအချိန်တွင် အနီရောင်လီလီပန်းလေးများ၏မိခင်က သူတို့ကို အလွန်အမင်း အန္တရာယ်ရှိသော ခံစားချက်ကို ပေးစွမ်းနေသေးသည်။
သူက အလွန်အမင်း စွမ်းအားကြီးသော အမျိုးသမီးတစ်ဦး ဖြစ်သည်။
ယခုအချိန်တွင် အနီရောင်လီလီပန်းလေးများ၏မိခင်က ဟင်းလင်းပြင်အတွင်းမှ လျှောက်လှမ်းလာခဲ့သည်။
သူ့ကို ဝေဝါးသော အငွေ့အသက်များဖြင့် ဖုံးလွှမ်းထား၏။
သူမ၏ ဆံနွယ်များက လွင့်ပျံ့နေပြီး ကျောက်စိမ်းကဲ့သို့ ဖြူစင်သော ခြေတံများမှာ သွယ်လျသည်။
သူမ၏ အလှက လောကတစ်ခွင်မှာ အနှိုင်းမဲ့ပေသည်။
"သူ့ကို တိုက်ခိုက်ရဲတယ်ဆိုတော့... မင်းတို့ သေချင်နေကြတာပဲ"
အနီရောင်လီလီပန်းလေးများမိခင်၏ လေသံမှာ အေးစက်နေသည်။
ပြင်းထန်သော သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပါဝင်နေ၏။
သူသည် စက်စက်ယိုအောင် လှပသကဲ့သို့ မာနလည်း ကြီးမားသည်။
သူက ကျောက်ဧကရာဇ်တို့ သုံးဦးလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရုံသာမက သူတို့ကိုပင် သတ်ချင်နေသေးသည်။
"ဟမ်"
ဟွမ်နျဲ့တောက်၊ ကျောက်ဧကရာဇ်လေးနှင့် အခြားသူများက ဤမြင်ကွင်းကို မြင်သည့်အခါ မျက်နှာပျက်သွားကြသည်။
တစ်ချိန်တည်းမှာပင် သူတို့၏ ရင်ထဲတွင် ပြင်းထန်သော မနာလိုစိတ်များလည်း ဖြစ်ပေါ်လာ၏။
အနှီကျွင်းရှောင်ယောက်က အဘယ်ကြောင့် အမျိုးသမီးကံ ဤမျှ ကောင်းနေရသနည်း။
ဤမျှ လှပပြီး သန်မာသော အမျိုးသမီးတစ်ဦးက သူ့အတွက် ကာကွယ်ပေးသူ နတ်ဘုရားမအဖြစ် ရပ်တည်ပေးနေသည်။
အရင်က အင်မော်တယ်နယ်မြေကြီး ဒုက္ခရောက်ပြီး သွေးချောင်းစီးနေစဉ်က အနီရောင်လီလီပန်းလေးများ၏မိခင်မှာ အရှိန်အဝါတစ်ခုပင် မထုတ်ခဲ့ချေ။
ယခု ကျွင်းရှောင်ယောက် အန္တရာယ်ရှိသည်နှင့် တပြိုင်နက် သူက တိုက်ရိုက် ဆင်းသက်လာခဲ့သည်။
သူ့အတွက်တော့ အင်မော်တယ်နယ်မြေ တစ်ခုလုံး ပျက်စီးသွားလျှင်သော်မှ သူမနှင့် မသက်ဆိုင်သလိုပင်။
ကျွင်းရှောင်ယောက် တစ်ယောက်လောက်ကိုပင် အရေးမပါပါ။
ကျွင်းဧကရာဇ်ခုံရုံးမှ လူများအပါအဝင် ရွှမ်ထျန်း အင်မော်တယ်နယ်မြေ တစ်ခုလုံးမှာတော့ အနီရောင်လီလီပန်းလေးများ၏မိခင် ပေါ်လာသည်ကို မြင်ရသည့်အခါမှ သက်ပြင်းချနိုင်ကြတော့သည်။
'မိန်းမကြမ်းကြီး ပြန်ပေါ်လာပြန်ပြီ'
လူသတ်ဘုရင်မှာ ခေါင်းကို ပုလိုက်သည်။
သူက ကြောက်ရွံ့စိတ်များ ရှိနေသေးသည်။
အနီရောင်လီလီပန်းလေးများ၏မိခင်က သူ့အား လက်ဝါးတစ်ချက်တည်းဖြင့် ဖိနှိပ်ခဲ့သည်ကို သူ မေ့မရနိုင်သေးပါ။
"ကိုကိုရှောင်ယောက်... ဒီ ထမင်းပျော့(အမျိုးသမီးအပေါ် မှီခိုစားသောက်ခြင်း)က အရသာ ရှိရဲ့လား"
ဘေးနားမှ ကျန်းလော့လီက ရွှတ်နောက်နောက်ဖြင့် မေးလိုက်သည်။
"အဟွတ်... အဟွတ်... ဘယ်လိုထမင်းပျော့လဲ၊ မသိဘူး"
ကျွင်းရှောင်ယောက်က မသိဟန်ဖြင့် ချောင်းဟန့်လိုက်လေသည်။
သူက အင်အားကြီးမားသော ကျွင်းဧကရာဇ်ခုံရုံး၏ အရှင်သခင် ဖြစ်သည်။
အဘယ်ကြောင့် အမျိုးသမီးကို မှီခိုနေသူ ဖြစ်နိုင်ပါမည်နည်း။
အခြေအနေအရသာ ဖြစ်လိမ့်မည်။
"ရှောင်ယောက်... အစ်မတော့ တကယ်ပဲ သူ့ကို အားကျမိတယ်"
ကျန်းစန်းယီက တိုးတိုးလေး ပြောလိုက်သည်။
"ဟင်"
ကျွင်းရှောင်ယောက်က လှည့်ကြည့်လိုက်၏။
"အရင်က သူဟာ မင်းရဲ့ဘေးနားမှာ ရပ်ပြီး အန္တိမကပ်ဘေးကြီးကို အတူတူ တိုက်နိုင်ခဲ့တယ်။ အခုလည်း မင်းရဲ့ ရှေ့မှာ ရပ်ပြီး အန္တရာယ်အားလုံးကို ရှင့်ကိုယ်စား တားဆီးပေးနိုင်တယ်လေ"
"တကယ်လို့ အစ်မမှာသာ အဲဒီလို ခွန်အားမျိုး ရှိမယ်ဆိုရင် မင်းကို ကာကွယ်ပေးနိုင်မှာ"
ကျန်းစန်းယီက ဆိုသည်။
"မမစန်းယီကလည်း အများကြီး မတွေးပါနဲ့။ နောင်ကျရင် ကျွန်တော်ကပဲ မမကို ကာကွယ်ပေးမှာပါ"
ကျွင်းရှောင်ယောက်က အသာအယာ ပြုံးပြလိုက်သည်။
ထို့နောက် သူသည် တိုက်ပွဲ အခြေအနေကို ပြန်ကြည့်လိုက်၏။
ထို့ကြောင့် ကျန်းစန်းယီ၏ မျက်လုံးများအတွင်းမှ ခိုင်မာသော ဆုံးဖြတ်ချက် အရိပ်အယောင်ကို သူ သတိမထားမိလိုက်တော့ပေ။
သူ့တွင် ကျွင်းရှောင်ယောက်ကို ကာကွယ်ရန် လုံလောက်သော ခွန်အား မရှိသော်လည်း...
အနည်းဆုံးတော့ ကျွင်းရှောင်ယောက်ကို ကူညီနိုင်မည့် နည်းလမ်းတစ်ခု ရှိသည်။
ပေးဆပ်ရမည့် တန်ကြေးကိုတော့... သူ ဂရုမစိုက်တော့ပေ။
ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်က တိုက်ပွဲကို ကြည့်ရင်း အနီရောင်လီလီပန်းလေးများ၏မိခင်ကိုလည်း ကြည့်နေသည်။
သူက စိတ်ထဲမှနေ၍ အနီရောင်လီလီပန်းလေးများ၏မိခင်ကို အိပ်မက်ကမ္ဘာမှ အိပ်မက်ဧကရာဇ်နှင့် မသိစိတ်က နှိုင်းယှဉ်နေမိ၏။
အကြောင်းမှာ သူတို့နှစ်ဦးလုံးက သရဲမျက်နှာဖုံးဖြင့်ဧကရီနှင့် ဆက်စပ်နေသောကြောင့်ပင်။
ဤသို့ နှိုင်းယှဉ်လိုက်သည့်အခါ ကျွင်းရှောင်ယောက်က အိပ်မက်ဧကရာဇ်၏ ခွန်အားမှာ ပိုမို လျှို့ဝှက်ဆန်းကြယ်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်မည်ဟု ခံစားလိုက်ရသည်။
'အိပ်မက်ဧကရာဇ်က ဧကရာဇ်အဆင့်ရဲ့ အမြင့်ဆုံးနယ်ပယ်ကို ကျော်လွန်သွားတာပဲလား'
ကျွင်းရှောင်ယောက်၏ မျက်လုံးများမှာ တွေးတောဆင်ခြင်မှုများဖြင့် ပြည့်နေသည်။
သို့သော်လည်း သူသည် အိပ်မက်ဧကရာဇ်နှင့် အလွန်အမင်း ရင်းနှီးသည်တော့ မဟုတ်ချေ။
အိပ်မက်ဧကရာဇ်သည်လည်း နီရောင်လီလီပန်းလေးများ၏မိခင်ကဲ့သို့ သူ့အပေါ် ထူးခြားသော ခံစားချက် ရှိမည်လားဆိုသည်ကို သူ မသိပါ။
သို့ရာတွင်၊ ၎င်းက အရေးမကြီးပေ။
ကျွင်းရှောင်ယောက်က အမျိုးသမီးများကို အမြဲမှီခိုရန် စိတ်မကူးထားချေ။
သူ့မှာလည်း ကိုယ်ပိုင် အစီအစဉ်များ ရှိသည်။
သို့ရာတွင်၊ ထိုအစီအစဉ်အတွက် သူ၏ နတ်ဘုရားဓမ္မခန္ဓာမှာ သွေးယဇ်ပူဇော်မှုစွမ်းအင်များကို လုံလောက်စွာ စုပ်ယူနိုင်ရန် စောင့်ဆိုင်းရဦးမည်။
"အနီရောင်လီလီပန်းမိခင်... မင်းက တကယ်ပဲ ဒီကောင်လေးကို ကာကွယ်ချင်တာလား"
အင်မော်တယ်ရှေးဧကရာဇ်၏ မျက်နှာက လေးနက်နေသည်။
အမှန်အတိုင်း ပြောရလျှင်၊ သူတစ်ယောက်တည်း အနီရောင်လီလီပန်းလေးများ၏မိခင်ကို ရင်ဆိုင်ရမည်ဆိုပါက အခြေအနေ မကောင်းလှချေ။
"သူ့ကို ထိတဲ့သူက ငါ့ရဲ့ ရန်သူပဲ"
အနီရောင်လီလီပန်းလေးများမိခင်၏ အသံမှာ နတ်ဂီတသံကဲ့သို့ သာယာသော်လည်း အလွန်ပင် အေးစက်ကာ သတ်ဖြတ်လိုသော ဆန္ဒများ ပါဝင်နေသည်။
"အဟက်... ဟားဟားဟား..."
ထိုအချိန်တွင် ကျောက်ဧကရာဇ်က ရယ်မောလိုက်သည်။
သူသည် အနီရောင်လီလီပန်းလေးများ၏မိခင်ကို တစ်ချက်ကြည့်ပြီးနောက် ကျွင်းရှောင်ယောက်ကို လှမ်းကြည့်လိုက်၏။
"မျိုးဆက်သစ်လေး... မင်းက တကယ်ပဲ သူ ရှိနေရုံနဲ့ အေးအေးဆေးဆေး နေနိုင်မယ်လို့ ထင်နေတာလား"
"ဒါဆိုရင်တော့ မင်း မှားသွားပြီ။ ဆန့်ကျင်ဘက်အနေနဲ့ သူ လှုပ်ရှားလိုက်တာက ပိုကြီးမားတဲ့ ဘေးဒုက္ခတွေ ရောက်လာဖို့ကို မြန်ဆန်စေရုံပဲ ရှိမယ်"
"စဉ်းစားကြည့်လိုက်စမ်း... တကယ်လို့ အင်မော်တယ်နယ်မြေကြီးမှာ အထွတ်အထိပ်ဧကရာဇ်ရဲ့ အရှိန်အဝါ ရှိနေမယ်ဆိုရင် ကောင်းကင်ကိုးပါး တားမြစ်နယ်မြေက ဘာလုပ်မလဲ"
ကျောက်ဧကရာဇ်၏ စကား ဆုံးသွားသည်နှင့် တစ်ပြိုင်နက်...
"ဝုန်း"
ကောင်းကင်ကိုးပါး တားမြစ်နယ်မြေတွင် နောက်ထပ် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာပြန်သည်။
ပိုမို ကြီးမားသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာ၏။
၎င်းမှာ သာမန် တားမြစ်နယ်မြေများမှ ဧကရာဇ်များထက် များစွာ သာလွန်သော အရှိန်အဝါပင် ဖြစ်သည်။
တားမြစ်နယ်မြေမှ တကယ့် အကျော်အမော်ကြီး ပေါ်လာပြီ။
"ဝုန်း"
သားရဲဂူဘက်မှ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်လေးခု တစ်ပြိုင်တည်း ပေါ်လာသည်။
သားရဲပုံရိပ် လေးခုမှာ ကောင်းကင်ယံကို တုန်ခါစေသော အရှိန်အဝါများ ရှိနေကြ၏။
သူတို့က အခြားသူမဟုတ်...
ရှေးဟောင်းမိစ္ဆာသားရဲမျိုးနွယ်စု လေးခု၏ အမြင့်ဆုံး ဘိုးဘေးများပင် ဖြစ်တော့သည်။
တောက်ထျဲဧကရာဇ်၊ ဟွင်းသွမ်းဧကရာဇ်၊ တောက်ဝူဧကရာဇ်နှင့် ချုံးချီဧကရာဇ်။
ရှေးဦးဧကရာဇ်အဆင့်ရှိ မိစ္ဆာသားရဲကြီး လေးပါး ပေါ်လာပြီ ဖြစ်သည်။
"အင်မော်တယ်နယ်မြေကြီးမှာ အထွတ်အထိပ်ဧကရာဇ် အရှိန်အဝါ ရှိနေတယ်ပေါ့၊ မင်းက ဒီခေတ်ရဲ့ ကပ်ဘေးလှိုင်းတွေကို တားဆီးချင်တာလား"
"သွားကြည့်ကြရအောင်... အထွတ်အထိပ်ဧကရာဇ်မပြောနဲ့၊ ဒီခေတ်ရဲ့ ကပ်ဘေးလှိုင်းကို အဆုံးမဲ့ဧကရာဇ် ရောက်လာရင်တောင် မတားဆီးနိုင်ဘူး"
အခြားတစ်ဖက်၊ အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူမှလည်း အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ နှစ်ခု ပေါ်ထွက်လာသည်။
ထို့နောက် ပုံရိပ်နှစ်ခု ပေါ်လာ၏။
တစ်ဦးက အနက်ရောင် ဝတ်ဆင်ထားပြီး တစ်ဦးက အဖြူရောင် ဝတ်ဆင်ထားသည်။
သူတို့မှာ အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူ၏ အမြင့်ဆုံး တည်ရှိမှုများဖြစ်သော အင်မော်တယ်နတ်ဆိုး သူတော်စင်နှစ်ပါးပင်။
ပို၍ ထူးခြားသည်မှာ သူတို့ နှစ်ဦးတွင် တစ်ဦးက အင်မော်တယ်ခန္ဓာကိုယ်ရှိပြီး အခြားတစ်ဦးမှာ နတ်ဆိုးခန္ဓာကိုယ်ရှိခြင်းပင် ဖြစ်သည်။
"အင်မော်တယ်နတ်ဆိုး သူတော်စင်နှစ်ပါး... ခင်ဗျားတို့လည်း လှုပ်ရှားတော့မှာလား"
တောက်ထျဲဧကရာဇ်က မေးလိုက်သည်။
"ဒီခေတ်ရဲ့ ကပ်ဘေးလှိုင်းတွေက တရားဝင် စတင်တော့မယ်လေ။ ယဇ်ဆရာသခင်တွေ ဆင်းသက်လာဖို့အတွက် ကျုပ်တို့က မီးလေး နည်းနည်း ထပ်လောင်းပေးရုံပါပဲ"
သူတော်စင်နှစ်ပါးထဲမှ တစ်ဦးက ပြောလိုက်၏။
အင်မော်တယ်နတ်ဆိုး သူတော်စင်နှစ်ပါး၊ သားရဲဂူမှ မိစ္ဆာသားရဲ ဧကရာဇ်လေးပါး...
သူတို့အားလုံး၏ ခွန်အားက ဧကရာဇ်အဆင့်တွင် အထွတ်အထိပ် တည်ရှိမှုများ ဖြစ်ကြသည်။
သို့သော် ထိုကဲ့သို့သော တည်ရှိမှုမျိုးသည်ပင်လျှင် ယဇ်ဆရာသခင် မဟုတ်ကြသေးချေ။
ဤအထွတ်အထိပ် ဧကရာဇ်များနှင့် ယခင်က တားမြစ်နယ်မြေ ဧကရာဇ်များမှာ အမြည်းမျှသာ ရှိသေးသည်။
အဓိက ယဇ်ဆရာသခင်ငါးဦး ပေါ်လာသည့်အခါမှသာ အင်မော်တယ်နယ်မြေကြီး၏ တကယ့် အဆုံးသတ် ရောက်ရှိလာမည် ဖြစ်သည်။