အခန်း ၁၅၃၁
Vol. 107 Ch. 1531
အခန်း ( ၁၅၃၁ ) ရှေးဟောင်းအင်မော်တယ်ခုံရုံးနှင့် တားမြစ်နယ်မြေ။
အရှေ့အရပ်မှ ကျစ်ဝေဧကရာဇ်။
တောင်ဘက်အရပ်မှ ကုံးချန်ဧကရာဇ်။
အနောက်ဘက်အရပ်မှ ယွမ်ရှန့်ဧကရာဇ်။
မြောက်ဘက်အရပ်မှ ဟော်တုဧကရာဇ်။
အစွမ်းထက်သော အရှိန်အဝါလေးခု ပေါ်ထွက်လာကြသည်။
ထို့နောက် အဆုံးမရှိသော ဟင်းလင်းပြင်ကို ခြေလှမ်းတစ်လှမ်းတည်းဖြင့် ဖြတ်ကျော်ကာ ရွှမ်ထျန်း အင်မော်တယ်နယ်မြေဆီသို့ လျှောက်လှမ်းသွား၏။
ထိုမျှသာမကဘဲ အင်မော်တယ်နယ်မြေကြီး၏ နေရာတိုင်းတွင်လည်း အစွမ်းထက်သော ဧကရာဇ် အရှိန်အဝါများ ပေါ်ထွက်လာနေသည်။
ဤအရှိန်အဝါများက ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ နန်းဆောင်လေးခုမှ အုပ်ချုပ်သူများကဲ့သို့ မသန်မာသော်လည်း...
ကောင်းကင်ကိုးပါး တားမြစ်နယ်မြေမှ ဧကရာဇ်များစွာနှင့် ယှဉ်ပြိုင်နိုင်သေးသည်။
သို့သော်လည်း ဤအရှိန်အဝါများက များပြားလှသည်တော့ မဟုတ်ပေ။
ဧကရာဇ် ဒါဇင်ပေါင်းများစွာ ရှိရန်မှာ မဖြစ်နိုင်ပါ။
ရှေးဟောင်းအင်မော်တယ်ခုံရုံးက မည်မျှပင် ဘုန်းတန်ခိုး ကြီးမားခဲ့စေခဲ့ကာမူ...
ဤမျှများပြားသော ဧကရာဇ်များကို ချန်ထားရစ်ရန်မှာ မဖြစ်နိုင်ပါချေ။
သို့ရာတွင်၊ အရေအတွက် မများသော်လည်း တားမြစ်နယ်မြေမှ ဧကရာဇ်အချို့ကို တားဆီးရန်အတွက် လုံလောက်သည်။
"ဟင်... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
"ဒါက ရှေးဟောင်းအင်မော်တယ်ခုံရုံးရဲ့ အင်အားစုတွေပဲ၊ ဒါပေမဲ့ သူတို့လည်း ဒီသုတ်သင်မှုကို တားနိုင်မှာ မဟုတ်ဘူး"
ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ အင်အားစုများ ပေါ်လာသည်ကို သိရှိသွားသော ကောင်းကင်ကိုးပါး တားမြစ်နယ်မြေဘက်မှ ဧကရာဇ်များ၏ မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။
သို့သော်လည်း သူတို့က ဤသုတ်သင်မှုကြီးကို မလွဲမသွေ ဆက်လက်လုပ်ဆောင်ရမည်။
"ဝုန်း"
မကြာမီမှာပင်၊ တားမြစ်နယ်မြေမှ ဧကရာဇ်များနှင့် ရှေးဟောင်းအင်မော်တယ်ခုံရုံးမှ ဧကရာဇ်များကြားမှ တိုက်ပွဲကြီး စတင်တော့သည်။
အင်မော်တယ်နယ်မြေတစ်ခုလုံးရှိ သတ္တဝါများစွာမှာ စိတ်လှုပ်ရှားသွားကြသည်။
သူတို့ ကယ်တင်ခြင်းခံရပြီ။
"ကောင်းလိုက်တာ၊ ရှေးဟောင်းအင်မော်တယ်ခုံရုံးက လှုပ်ရှားလာပြီ"
"အားလုံးပဲ... ပြန်လည်တိုက်စစ်ဆင်ဖို့ ခရုသင်းသံ စတော့မယ်၊ ဒီခေတ်ရဲ့ ကပ်ဘေးတွေကို ပြန်လည်တိုက်ဖျက်နိုင်တော့မယ်"
အင်မော်တယ်နယ်မြေ ကိုးခုလုံးတွင် ကျင့်ကြံသူများစွာက ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများမှာလည်း ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ကောင်းကင်သို့ မော့၍ ဟိန်းဟောက်လိုက်ကြ၏။
ရှေးဟောင်းအင်မော်တယ်ခုံရုံးမှ အကျော်အမော်များ ပေါ်လာခြင်းက အင်မော်တယ်နယ်မြေအတွက် အားဆေးကြီးတစ်ခွက် သောက်လိုက်ရသလိုပင်။
"နောက်ထပ်သာ အုပ်စိုးရှင် အင်အားစုကြီးတစ်ခုက ဦးဆောင်ပေးမယ်ဆိုရင်..."
ဧကရာဇ်တစ်ပိုင်း တစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။
ရှေးဟောင်းအင်မော်တယ်ခုံရုံးမှ အကျော်အမော်များက ပေါ်ထွက်လာကြပြီ။
သူတို့နှင့် အင်မော်တယ်နယ်မြေကြီးရှိ အခြား အုပ်စိုးရှင် အင်အားစုများ ပူးပေါင်းလိုက်ပါက...
သမိုင်းတွင် အကြီးမားဆုံးသော ကပ်ဘေးလှိုင်းကြီးကို တိုက်ဖျက်ရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။
ကျင့်ကြံသူအချို့က ထိုသို့ မျှော်လင့်နေကြစဉ်...
ဟွင်းထျန်း အင်မော်တယ်နယ်မြေကြီးရှိ အဓိပတိအင်မော်တယ်ခုံရုံးတွင်မူ၊ ဖူရှီမျိုးရိုးနှင့် ရှင်းထျန်းမျိုးရိုးမှ အကျော်အမော်များက အံ့အားသင့်နေကြရသည်။
ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ ကျားအဆောင်များက ပေါင်းစည်းသွားကာ ရှေးခေတ်ဟောင်းမှ အကျော်အမော်များကို နိုးထစေလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။
"တကယ်ဆိုရင် ဒီအင်အားတွေဟာ ကျုပ်တို့ အင်မော်တယ်ခုံရုံးအတွက် ဖြစ်ရမှာ၊ ဒါပေမဲ့ အဲဒီ ကျွင်းရှောင်ယောက်ကြောင့်ပဲ... တောက်"
ဖူရှီမျိုးရိုးမှ ဧကရာဇ်တစ်ပါးက ဒေါသတကြီး ပြောလိုက်သည်။
ကျွင်းရှောင်ယောက်သာ မရှိပါက ဤအင်အားများကို သူတို့ အဓိပတိအင်မော်တယ်ခုံရုံးက အသုံးချနိုင်လိမ့်မည်။
သို့သော်လည်း ယခုအခါ ဤအင်အားများကို သူတို့ မထိန်းချုပ်နိုင်တော့ပေ။
ဧကရာဇ်၏ သွေးမျိုးဆက်ပါသော ယွမ်ချယ်သည်သာ ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ အစစ်အမှန် ဆက်ခံသူ ဖြစ်သည်။
'အခု ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ၊ လှုပ်ရှားကြမှာလား'
ရှင်းထျန်းအင်မော်တယ်မျိုးရိုးမှ ဧကရာဇ်တစ်ပါးက ဝိညာဉ်အသိဖြင့် ဆက်သွယ်လိုက်သည်။
ရှေးဟောင်းအင်မော်တယ်ခုံရုံးမှ အကျော်အမော်များအားလုံး ပေါ်လာပြီဖြစ်ရာ...
သူတို့ အင်မော်တယ်ခုံရုံးက ဆက်လက် ငြိမ်နေမည်ဆိုလျှင် မကောင်းတတ်တော့ပေ။
"ဟမ့်... ခင်ဗျားတို့က တော်တော် ဉာဏ်နည်းတာပဲ၊ ဒီရွှေခေတ်ရဲ့ ကပ်ဘေးလှိုင်းက သမိုင်းမှာ အသန်မာဆုံးဆိုတာ လူတိုင်း သိကြတယ်။ ဒါက ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ ငြိမ်သက်သွားမှာလဲ"
"ကောင်းကင်ကိုးပါး တားမြစ်နယ်မြေရဲ့ အသန်မာဆုံးဖြစ်တဲ့ ယဇ်ဆရာသခင်တွေတောင် တစ်ယောက်မှ မပေါ်လာသေးဘူး"
"သူတို့ ပေါ်လာတဲ့အခါမှ တကယ့်တိုက်ပွဲကြီး စလိမ့်မယ်။ ဒီအချိန်မှာ ရှေးဟောင်းအင်မော်တယ်ခုံရုံးကလည်း တားဆီးနိုင်မှာ မဟုတ်ဘူး"
"နောက်ပြီး ရှေးဟောင်းအင်မော်တယ်ခုံရုံးက ယွမ်ချယ်ရဲ့ စကားကိုပဲ နားထောင်တာ၊ ယွမ်ချယ်ကလည်း ကျွင်းရှောင်ယောက်ဘက်ကိုပဲ ပါနေတယ်"
"တကယ်လို့ ရှေးဟောင်းအင်မော်တယ်ခုံရုံးရဲ့ အင်အားတွေကို ကျုပ်တို့ အဓိပတိအင်မော်တယ်ခုံရုံးအတွက် အသုံးမချနိုင်ဘူးဆိုရင်... သူတို့ ပျက်စီးသွားတာကမှ ပိုကောင်းဦးမယ်"
ဖူရှီမျိုးရိုးမှ ဧကရာဇ်တစ်ပါးက အေးစက်စွာ ပြောလိုက်သည်။
ထိုစကားကြောင့် အခြားမျိုးရိုးများမှ အကျော်အမော်များမှာ နှုတ်ဆိတ်သွားကြသည်။
မမှားပေ၊ ရှေးဟောင်းအင်မော်တယ်ခုံရုံးက ယွမ်ချယ်၏ အမိန့်အောက်တွင် ရှိသည်။
ယွမ်ချယ်ကိုယ်တိုင်ကမူ ကျွင်းရှောင်ယောက်နှင့် ပတ်သက်မှုရှိ၏။
အကယ်၍ ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ အင်အားများကို ကျွင်းရှောင်ယောက်က ထိန်းချုပ်သွားမည်ဆိုလျှင် သူတို့အတွက် အကျိုးမရှိချေ။
ထို့ကြောင့် ၎င်းတို့ကို တားမြစ်နယ်မြေ၏ လက်ထဲတွင် ပျက်စီးသွားစေရန် လွှတ်ထားခြင်းက ပိုကောင်းပေလိမ့်မည်။
"ရှေးဟောင်းအင်မော်တယ်ခုံရုံးက လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ပြိုလဲခဲ့ပြီးပြီ။ သူတို့ ဆက်ပြီး ရှိမနေသင့်တော့ဘူး...၊ ဒီခေတ်ရဲ့ ကပ်ဘေးလှိုင်းမှာ သူတို့ကို အပြီးအပိုင် မြှုပ်နှံလိုက်ကြရအောင်ပါ"
"ငါတို့က ဝင်စွက်ဖက်စရာ မလိုဘူး"
ဖူရှီမျိုးရိုး၏ ဘိုးဘေးမြေ၊ အနက်ရှိုင်းဆုံးနေရာမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံကို ကြားရသောအခါ ဧကရာဇ်များအားလုံး တုန်လှုပ်သွားကြ၏။
"သူပဲ... ဖူရှီမျိုးရိုးက အဲဒီတစ်ယောက် အခုထိ အသက်ရှင်နေသေးတယ်"
ဤအသံမှာ ဖူရှီမျိးရိုးမှ လာခြင်း ဖြစ်သည်။
အင်မော်တယ်နယ်မြေကို တစ်ချိန်က အုပ်စိုးခဲ့သော အင်အားစုကြီးဖြစ်သည့်အားလျော်စွာ...
အင်မော်တယ်ခုံရုံး၏ အခြေခံအုတ်မြစ်က အလွန်နက်ရှိုင်းနေသေးသည်။
သူတို့သာ အမှန်တကယ် လှုပ်ရှားမည်ဆိုပါက တားမြစ်နယ်မြေနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိတန်ရာသည်။
သို့သော်လည်း သူတို့က ရှေးဟောင်းအင်မော်တယ်ခုံရုံးနှင့် တားမြစ်နယ်မြေတို့ကိုသာ အချင်းချင်း တိုက်ခိုက်စေရန် ရွေးချယ်လိုက်ကြပေသည်။
နောက်ဆုံးတွင် နှစ်ဖက်စလုံး ထိခိုက်နစ်နာသွားပါက၊ အဓိပတိအင်မော်တယ်ခုံရုံးအတွက် အကောင်းဆုံး ဖြစ်သည်။
တကယ်တမ်းမှာလည်း ထိုကဲ့သို့ပင်။
ရှေးဟောင်းအင်မော်တယ်ခုံရုံးမှ နန်းဆောင်လေးခုမှ အုပ်ချုပ်သူများ ရောက်ရှိလာသော်လည်း...
တားမြစ်နယ်မြေဘက်မှ အကျော်အမော်များက အံ့အားသင့်ရုံသာရှိပြီး စိုးရိမ်ခြင်း မရှိကြချေ။
"အိုးဟိုး... ဒါက ရှေးဟောင်းအင်မော်တယ်ခုံရုံးလား။ ကံမကောင်းချင်တော့ မင်းတို့က မိုးနဲ့မြေကို ပေါင်းစည်းခဲ့တဲ့ ရှေးဟောင်းအင်မော်တယ်ခုံရုံး မဟုတ်တော့ဘူး"
"တကယ်လို့ မင်းတို့ရဲ့ အင်မော်တယ်ခုံရုံးရဲ့ ခေါင်းဆောင်ကြီးတွေ ရှိနေသေးမယ်ဆိုရင်တော့ ငါတို့တင်မကဘူး၊ ယဇ်ဆရာသခင်တွေတောင်မှ သတိထားလိမ့်မယ်"
"နှမြောစရာက... အခု လေလွင့်နေတဲ့ တောကြောင်လေးတွေလောက်ပဲ ကျန်တော့တယ်"
သားရဲဂူမှ မိစ္ဆာသားရဲဧကရာဇ်လေးပါးအနက် တစ်ဦးဖြစ်သည့် တောက်ထျဲဧကရာဇ်က အေးစက်စွာ လှောင်ပြောင်လိုက်သည်။
"သူတို့နဲ့ စကားအများကြီး ပြောနေစရာမလိုပါဘူး။ တစ်ယောက်ချင်းစီ ရှင်းပစ်ကြစို့"
ချုံးချီဧကရာဇ်က ပြောလိုက်၏။
"ဝုန်း"
သားရဲဂူမှ မိစ္ဆာသားရဲဧကရာဇ်လေးပါးနှင့် ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ အုပ်ချုပ်သူ လေးပါးတို့ကြား ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု စတင်လာတော့သည်။
၎င်းက တကယ်ကို ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများမှာတော့ မပြောင်းလဲသေးဘဲ လေးနက်နေဆဲပင်။
ရှေးဟောင်းအင်မော်တယ်ခုံရုံးမှ အုပ်ချုပ်သူလေးဦး၏ အကူအညီ ရှိနေသော်လည်း ဤမျှများပြားသော တားမြစ်နယ်မြေမှ အကျော်အမော်များကို တားဆီးရန် မလုံလောက်သေးပါ။
အင်မော်တယ်နတ်ဆိုး သူတော်စင်နှစ်ပါးနှင့် အခြားသော တားမြစ်နယ်မြေမှ အကျော်အမော်များက အနီရောင်လီလီပန်းလေးများ၏မိခင်၊ ရှန်းအောင်ဘုရင်နှင့် နတ်ဆိုးနတ်ဘုရား အဘိုးအိုတို့အပေါ် ဖိအားများစွာ ပေးနေဆဲ ဖြစ်သည်။
နောက်ဆုံးမှာတော့ အရေအတွက်ချင်းယှဉ်လျှင် တားမြစ်နယ်မြေမှ အကျော်အမော်များက သူတို့ထက် များစွာ သာလွန်ပေသည်။
"ဒီအင်အားလောက်နဲ့ မလုံလောက်သေးဘူး။ တကယ့် အုပ်ချုပ်သူ အင်အားစုကြီးတစ်ခုက ဦးဆောင်ပေးဖို့ လိုတယ်"
"အဓိပတိအင်မော်တယ်ခုံရုံးကတော့ အခုထိ မလှုပ်ရှားသေးဘူး။ သူတို့က တောင်ပေါ်ကနေ ကျားနှစ်ကောင် သတ်တာကို ထိုင်ကြည့်နေတဲ့ ပုံစံပဲ။ ရှေးဟောင်းအင်မော်တယ်ခုံရုံးနဲ့ တားမြစ်နယ်မြေထဲကကောင်တွေ တိုက်ခိုက်နေတာကို ကြည့်နေတာ"
"ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ရှေးဟောင်းအင်မော်တယ်ခုံရုံးက အုပ်ချုပ်သူလေးဦးကလွဲရင် ကျန်တဲ့သူတွေ အကုန် သေရလိမ့်မယ်"
ကျွင်းရှောင်ယောက်မှာ အနည်းငယ်ပင် မျက်မှောင်ကြုတ်စ ပြုလာသည်။
သူ ထင်ထားသည့်အတိုင်းပင်...
ဟင်းလင်းပြင်အတွင်း၌ ဧကရာဇ်တစ်ပါး ကျဆုံးသွားသည့် လက္ခဏာဖြစ်သော "သွေးမိုး" များ ရွာကျလာသည်။
ရှေးဟောင်းအင်မော်တယ်ခုံရုံးမှ နိုးထလာသော ဧကရာဇ်တစ်ပါးမှာ တားမြစ်နယ်မြေမှ အဆင့်တူ ဧကရာဇ်သုံးပါး၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့ရပြီ။
ဤကဲ့သို့သော မြင်ကွင်းများက အင်မော်တယ်နယ်မြေကြီး၏ နေရာအနှံ့တွင် ဖြစ်ပေါ်နေခဲ့သည်။
အရေအတွက် ကွာခြားချက်မှာ ကြီးမားလွန်း၏။
ရှေးဟောင်းအင်မော်တယ်ခုံရုံးမှ နိုးထလာသော အကျော်အမော် အရေအတွက်က ဆယ်ဂဏန်းပင် မပြည့်ချေ။
သို့သော်လည်း တားမြစ်နယ်မြေမှ ဆင်းသက်လာသော ဧကရာဇ်များက ဒါဇင်နှင့်ချီ၍ ရှိနေသည်။
ဤကွာဟမှုက ကြီးမားလွန်းပေသည်။
ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ ဧကရာဇ်တစ်ပိုင်းနှင့် အခြား စစ်သည်တော်များမှာလည်း ဤကဲ့သို့သော ဘေးဒုက္ခကြီးတွင် များစွာ အထောက်အကူ မပြုနိုင်ချေ။
"ဒါ ဘယ်လိုဖြစ်တာလဲ၊ ဘာဖြစ်လို့ အဓိပတိအင်မော်တယ်ခုံရုံးက မလှုပ်ရှားတာလဲ"
"အင်မော်တယ်ခုံရုံးက အင်မော်တယ်နယ်မြေရဲ့ အစစ်အမှန် အုပ်ချုပ်သူ... အင်မော်တယ်နယ်မြေကြီးရဲ့ ကာကွယ်သူလို့ သိထားကြတာ မဟုတ်ဘူးလား။ အခု ဘာဖြစ်လို့ မလှုက်ရှားရတာလဲ"
အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် ကျင့်ကြံသူများ၏ အော်ဟစ်သံများနှင့် ဧကရာဇ်တစ်ပိုင်းများ၏ ဟိန်းဟောက်သံများ ပြည့်နှက်နေသည်။
ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေကို တစ်ချိန်က အုပ်စိုးခဲ့သော အဓိပတိအင်မော်တယ်ခုံရုံးက ယခုအခါတွင်မူ အေးစက်စွာဖြင့် လျစ်လျူရှုထားခဲ့ကြပြီ။
"အင်မော်တယ်ခုံရုံးက တကယ်ပဲ ဒီလောက်အထိ အတ္တကြီးပြီး အတွင်းမှာလှိုက်စားနေကြပြီလား"
ယွမ်ချယ်သည်လည်း အလွန် ဒေါသထွက်နေသည်။
သူက ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ အကျော်အမော်များကို ဆင့်ခေါ်ကာ အင်မော်တယ်နယ်မြေကြီးအတွက် တိုက်ခိုက်ခိုင်းနေသော်လည်း...
လက်ရှိ အင်မော်တယ်ခုံရုံးမှာမူ နောက်ဆုတ်နေခဲ့သည် မဟုတ်လော။
ကျွင်းရှောင်ယောက်သာ အတွေးများဖြင့် ငြိမ်နေသည်။
ယခင်က သူသည် ကျွင်းမိသားစုကို တားမြစ်နယ်မြေများအကြောင်းနှင့် ကျွင်းမိသားစုကို တိုက်ခိုက်လာနိုင်သည့် အခြေအနေများအကြောင်း ပြောပြထားပြီး ဖြစ်သည်။
ထို့ကြောင့် ကျွင်းမိသားစုအနေဖြင့် တားမြစ်နယ်မြေများ သူတို့ကို တိုက်ခိုက်လာမည်ကို သိထားပြီး ဖြစ်ရမည်။
သို့သော်လည်း ကျွင်းမိသားစုက ယခုအချိန်ထိ မလှုပ်ရှားသေးချေ။
သူတို့က တစ်ခုခုကို စောင့်နေပုံရသည်။
'ဒါဆိုရင်... ဖြစ်နိုင်တာက...'
ကျွင်းရှောင်ယောက်က တစ်ခုခုကို ရုတ်တရက် တွေးမိသွား၏။
ဤအခိုက်အတန့်တွင် ကောင်းကင်ယံအပြင်ဘက်မှ မိုင်ပေါင်းသောင်းချီ ရှည်လျားသော ဓားစွမ်းအင်လှိုင်းတစ်ခုသည် ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ရွှမ်ထျန်း အင်မော်တယ်နယ်မြေကြီးဆီသို့ ဖြတ်သန်းလာတော့သည်။