အခန်း ၁၅၃၈
Vol. 107 Ch. 1538
အခန်း ( ၁၅၃၈ ) တုကူးဓားနတ်ဘုရား လောကသို့ ပြန်လည်ရောက်ရှိခြင်း။
ရွှမ်ထျန်းအင်မော်တယ်နယ်မြေဘက်တွင် တိုက်ပွဲကြီးမှာ အရှိန်အဟုန် အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ဖူး"
ကျွင်းလင်ရှောင်းနှင့် အနီရောင်လီလီပန်းလေးများ၏မိခင်တို့သည် နောက်သို့ တစ်ဖန်ဆုတ်ခွာသွားကြရ၏။
သူတို့၏ နှုတ်ခမ်းထောင့်များမှ သွေးစအချို့ စီးကျလာတော့သည်။
"ချီးပဲ၊ ငါ့ကျွင်းမိသားစုက ဘယ်တုန်းကမှ ဒီလောက်အထိ ဖိနှိပ်ခံခဲ့ရဖူးတာ မဟုတ်ဘူး..."
ကျွင်းလင်ရှောင်း၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ ယှက်သန်းနေသည်။
အနီရောင်လီလီပန်းလေးများ၏မိခင်မှာမူ ထူးကဲစွာ လှပသော်လည်း အေးစက်ခက်ထန်သော မျက်နှာထားဖြင့် မည်သည့်ခံစားချက်မျှ မရှိပေ။
သူ၏ အမြင်အရ ဤတိုက်ပွဲတွင် သူမအနေဖြင့် ပါဝင်ပတ်သက်ရန် အမှန်တကယ် မလိုအပ်ပါ။
နောက်ဆုံးတွင် သူကိုယ်တိုင်က အင်မော်တယ်နယ်မြေကြီးမှ သက်ရှိတစ်ဦး မဟုတ်ပေ။
သူမ လှုပ်ရှားရခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်မှာ ကျွင်းရှောင်ယောက်ကြောင့်သာ ဖြစ်သည်။
'တကယ်လို့ မမျှော်လင့်ထားတဲ့ အန္တရာယ်တစ်ခုခု ဖြစ်လာရင် ငါ မင်းကို ခေါ်သွားမယ်'
ထိုအချိန်တွင် နတ်ဘုရားအသိစိတ်တစ်ခုက ကျွင်းရှောင်ယောက်ထံသို့ ရောက်ရှိလာသည်။
၎င်းမှာ အနီရောင်လီလီပန်းလေးများ၏မိခင်က ပေးပို့လိုက်ခြင်းပင်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ခေါင်းကို အသာအယာခါယမ်းကာ အသိစိတ် ပြန်လည်ပေးပို့လိုက်သည်။
'မလိုပါဘူး၊ တကယ်လို့ မမျှော်လင့်တာတစ်ခုခု ဖြစ်လာခဲ့ရင် ကျွန်တော်က ကျွင်းမိသားစု၊ ကျွင်းဧကရာဇ်ခုံရုံးတို့နဲ့အတူ အတူသေပြီး အတူရှင်သန်မယ်။ ခင်ဗျားကတော့ ထွက်သွားလို့ရပါတယ်'
'မင်း...'
အနီရောင်လီလီပန်းလေးများမိခင်၏ လှပသော မျက်ခုံးအစုံက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ဒေါသအရိပ်အယောင်အချို့ ပေါ်လာခဲ့၏။
'ဒီအခြေအနေမှာ မင်းအနေနဲ့ ဘာမှမလုပ်နိုင်ဘူး'
သူက ပြောပြန်သည်။
'ကျွန်တော် ဘာမှမလုပ်နိုင်တာ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့... ကျွန်တော့်အဖေ တစ်ခါက ပြောဖူးတာ ရှိတယ်...'
'ယောက်ျားတစ်ယောက်ဟာ ကိုယ့်ရဲ့ကံကြမ္မာကို သူကိုယ်တိုင် တည်ဆောက်ရပြီး ဘဝမှာ ဘာနောင်တမှ မရှိစေရဘူးတဲ့'
'ကျွန်တော် ကျွင်းရှောင်ယောက်က ကောင်းကင်နဲ့ မြေပြင်ရှေ့မှာ ဂုဏ်သိက္ခာတည်စေဖို့ မကြိုးစားလိုပါဘူး။ ဒါပေမဲ့ ကိုယ့်နှလုံးသားမှာတော့ အရှက်ကင်းမဲ့ဖို့ မရှိစေရဘူး'
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်၏။
အနီရောင်လီလီပန်းလေးများ၏မိခင်မှာ ခဏမျှ မှင်တက်သွားမိသည်။
သူက လှပသော မျက်ဝန်းများဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်မိလေသည်။
ဝတ်စုံဖြူနှင့် ထိုလူငယ်၏ ပုံရိပ်ကို ကြည့်ရင်း သူမ၏ နှလုံးသားမှာ ပထမဆုံးအကြိမ်အဖြစ် အနည်းငယ် လှုပ်ခတ်သွားရသည်။
သူမ၏ စိတ်ထဲတွင် အိပ်မက်ဆန်သော မြင်ကွင်းတစ်ခု ပေါ်လာပုံရ၏။
ကလေးမလေးတစ်ယောက်က မျက်နှာဖုံးလေးတစ်ခုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း သူမရှေ့တွင် ရပ်နေသည့် ဝတ်စုံဖြူဝတ် ပုံရိပ်ကို အားကိုးတကြီး ကြည့်နေသည်။
ထိုပုံရိပ်မှာ သူမကို ကမ္ဘာလေးတစ်ခုအတွင်း ကာကွယ်မှုပေးခဲ့သူ ဖြစ်ပေသည်။
ယခုအခါ ကျွင်းရှောင်ယောက်၏ ပုံရိပ်က ထိုပုံရိပ်နှင့် ထပ်တူကျနေသကဲ့သို့ ထင်ရသည်။
'ငါလည်း ထွက်မသွားတော့ဘူး'
သူက ပြန်ပြောလိုက်လေသည်။
ကျွင်းရှောင်ယောက်လည်း ပြုံးလိုက်သည်။
ထိုစဉ်...
ရုတ်တရက်၊ ကောင်းကင်ယံမှ ကြီးမားသော အရှိန်အဝါတစ်ခု ထပ်မံပေါက်ကွဲထွက်ပေါ်လာပြီး အင်မော်တယ်နယ်မြေကြီးကို လွှမ်းမိုးသွားသည်။
"ဘုရားရေ... နောက်ထပ် အမြင့်ဆုံး ပညာရှင်တစ်ယောက် ထပ်ပေါ်လာပြန်ပြီလား"
"ဘာလို့လဲ၊ ဘာဖြစ်လို့ ဒီလိုတွေ ဖြစ်နေရတာလဲ"
ထိုထိတ်လန့်ဖွယ် အရှိန်အဝါကို ခံစားမိသောအခါ အင်မော်တယ်နယ်မြေမှ အားကိုးရာမဲ့နေသော သက်ရှိများက အမှောင်ထုထဲသို့ အပြီးတိုင် နစ်မြုပ်သွားရသကဲ့သို့ ခံစားလိုက်ရသည်။
ယဇ်ဆရာသခင် သုံးဦး ဆင်းသက်လာခြင်းကပင် အင်မော်တယ်နယ်မြေကို အစိတ်စိတ်အမွှာမွှာ ပျက်စီးစေလုနီးပါး ဖြစ်နေပြီ။
အကယ်၍ နောက်ထပ်တစ်ဦး ထပ်ပေါ်လာပါက၊ မည်သည့်မျှော်လင့်ချက်မျှ ရှိတော့မည် မဟုတ်ပေ။
"ဒါက သက်ရှည်ခြင်းကျွန်းရဲ့ ပထမဆုံး ယဇ်ဆရာသခင်လား။ မဟုတ်သေးဘူး... ဒီအရှိန်အဝါက ဓားစွမ်းအင်ပဲ"
ကျွင်းရှောင်ယောက်က ထိုအရှိန်အဝါကို ဂရုတစိုက် ခံစားကြည့်လိုက်သည်။
အစပိုင်းတွင် သူက အလွန်လျှို့ဝှက်ပြီး အစွမ်းထက်သော ပထမဆုံး ယဇ်ဆရာသခင် ပေါ်လာသည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ဂရုတစိုက် ခံစားကြည့်ပြီးနောက်တွင်မူ ၎င်းမှာ ဓားစွမ်းအင်ဖြစ်ကြောင်း သိလိုက်ရ၏။
ထို့ပြင် ထိုလမ်းကြောင်းမှာ ဓားသင်္ချိုင်းဆီမှ ဖြစ်တော့သည်။
"ဒါက တကယ်ပဲ..."
ကျွင်းရှောင်ယောက်က ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။
"ဝုန်း..."
ကောင်းကင်ကိုးပါး၏ ဓားသင်္ချိုင်းတွင် ကြီးမားလှသော ဓားစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။
ထို့နောက် အနှိုင်းမဲ့ ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။
ထိုပုံရိပ်က ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး၊ ဓားသဏ္ဍာန် မျက်ခုံးများနှင့် ကြယ်တာရာမျက်ဝန်းများကို ပိုင်ဆိုင်ထားကာ တစ်လောကလုံးက ရိုသေလေးစားရမည့် အရှိန်အဝါမျိုး ရှိသည်။
"ဓား လာစမ်း....."
ထိုပုံရိပ်က ကောင်းကင်ကို တုန်ဟည်းသွားစေမည့် အသံကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
ထိုအခါ ဓားသင်္ချိုင်းအတွင်းရှိ ကောင်းကင်ဓားတောင်ထိပ်က ပြင်းထန်စွာ တုန်ခါသွား၏။
၎င်းကို ချည်နှောင်ထားသော ထူထဲသည့် သံကြိုးများမှာ ချက်ချင်း ပြတ်တောက်သွားသည်။
ထို့နောက် ကောင်းကင်ဓားမှယ ကောင်းကင်သို့ ပျံတက်သွားပြီး ထိုသူ၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။
"ဓားတစ်လက်က ဘဝတစ်လျှောက်လုံးရဲ့ အမုန်းတရားတွေကို ငြိမ်သက်စေတယ်၊ ဒီဓားက အထီးကျန်ခြင်းကို မြည်တမ်းနေတယ်"
ရဲ့ကူချန်...
မဟုတ်သေး...
ဤအခိုက်အတန့်တွင် တုကူးဓားနတ်ဘုရားက လူ့လောကသို့ ပြန်လည်ရောက်ရှိလာသည်ဟု ဆိုရမည်။
ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရုံဖြင့် ဓားအလင်းတန်းမှာ ကြီးမားသော မြစ်ကြီးတစ်စင်းအလား ကောင်းကင်ယံမှ ဆင်းသက်လာပြီး မြင့်မြတ်ဝိညာဉ်ဘိုးဘေးထံသို့ တိုက်ရိုက်ကျရောက်သွားတော့သည်။
"ဒါ... မင်းပဲ၊ တုကူးဓားနတ်ဘုရား"
မြင့်မြတ်ဝိညာဉ်ဘိုးဘေး၏ အမူအရာမှာပင် အနည်းငယ် ပြောင်းလဲသွားသည်။
သူသည် ထိုပြင်းထန်သော ဓားအလင်းကို တားဆီးရန် သူ၏ မြင့်မြတ်ဝိညာဉ်ဝတ်ရုံကို အသုံးပြုလိုက်ရ၏။
တုကူးဓားနတ်ဘုရားက ကောင်းကင်ဓားကို ကိုင်စွဲကာ ကောင်းကင်ကိုးပါးထက်မှ ခြေတစ်လှမ်းချင်း ဆင်းသက်လာခဲ့သည်။
သူ၏ ဆံပင်များမှာ တဖျတ်ဖျတ်လွင့်နေပြီး မျက်နှာထားက တင်းမာပြတ်သားသည်။
အရပ်အမောင်းမှာလည်း မြင့်မားပြီး အရှိန်အဝါကြီးပေသည်။
သူ့တစ်ကိုယ်လုံးမှ စူးရှသော ဓားဆန္ဒများ ထွက်ပေါ်နေပြီး ကောင်းကင်ဘုံကိုပင် ဖြတ်တောက်နိုင်သော နတ်ဘုရားဓားတစ်လက်ကဲ့သို့ ဖြစ်သည်။
"ယဇ်ဆရာသခင်ဆိုတာ ဒီလောကမှာ မတည်ရှိသင့်ဘူးလို့ ငါ ပြောခဲ့ဖူးတယ်"
တုကူးဓားနတ်ဘုရားက တည်ကြည်သော လေသံဖြင့် ဆိုလိုက်သည်။
သူ၏ မျက်ဝန်းများတွင် ကောင်းကင်ကို ထိုးခွဲနိုင်သော ဓားအလင်းများ လက်ခနဲ ဖြစ်သွား၏။
မြင့်မြတ်ဝိညာဉ်ဘိုးဘေးက သူ့အား စူးစိုက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"တုကူးဓားနတ်ဘုရား... မင်းက တကယ်ကို မကျွတ်မလွတ်နိုင်တဲ့ သရဲတစ်ကောင်ပဲ။ အရင်တုန်းကလည်း မင်း ငါတို့ကို တားဖို့ ကြိုးစားခဲ့ဖူးတယ်... ဒါပေမဲ့ အဲဒါက ရထားကိုတားဆီးချင်တဲ့ ကျားတစ်ကောင်လို အချည်းနှီးဖြစ်ခဲ့ရတယ် မဟုတ်လား"
"အရင်တုန်းက မင်းရဲ့ အကောင်းဆုံး အခြေအနေမှာတောင် အမှောင်ထု ကပ်ဘေးကို မတားနိုင်ခဲ့တာ၊ အခုလို အားနည်းနေတဲ့ အခြေအနေမှာတော့ ပြောမနေနဲ့တော့"
မြင့်မြတ်ဝိညာဉ်ဘိုးဘေး၏ ကျင့်စဉ်အဆင့်အရ တစ်ချက်ကြည့်ရုံဖြင့် အမှန်တရားကို သိမြင်နိုင်သည်။
လက်ရှိ တုကူးဓားနတ်ဘုရားမှာ အစစ်အမှန် တုကူးဓားနတ်ဘုရား မဟုတ်ပေ။
၎င်းမှာ သူ၏ ဝိညာဉ်အစိတ်အပိုင်းတစ်ခုဖြစ်သော ရဲ့ကူချန်က တုကူးဓားနတ်ဘုရား၏ ကြွင်းကျန်သောခန္ဓာကိုယ်နှင့် ပေါင်းစပ်ကာ လောကသို့ ပြန်လည်ပေါ်ထွက်လာခြင်း ဖြစ်သည်။
ကောင်းကင်ဓားကို ကိုင်စွဲထားသော တုကူးဓားနတ်ဘုရား မှာ ဤအခိုက်အတန့်တွင် အလွန်အစွမ်းထက်နေဆဲ ဖြစ်သော်လည်း...
သူ၏ အထွတ်အထိပ်ကာလနှင့်တော့ မနှိုင်းယှဉ်နိုင်သည်မှာ ထင်ရှားပေသည်။
သို့သော်လည်း သူက မပြည့်စုံသော အခြေအနေတွင် ရှိနေလျှင်ပင် အရေးပါသော အင်အားစုတစ်ခု ဖြစ်သည်။
"ပထမအကြိမ်မှာ ငါ မင်းတို့ကို တားဝံ့ခဲ့မှတော့ ဒုတိယအကြိမ်မှာလည်း တားဝံ့တယ်"
တုကူးဓားနတ်ဘုရား လက်ထဲမှ ဓားမှာ တုန်ခါသွားသည်။
ဓားစွမ်းအင်မှာ မိုင်ပေါင်း သုံးသောင်းအထိ ရှည်လျားသွားပြီး ဓားအလင်းတစ်ခုက တိုက်ကြီးဆယ့်ကိုးခုကို အေးခဲသွားစေခဲ့၏။
ကောင်းကင်နှင့် မြေကြီးမှာလည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသကဲ့သို့ပင်။
မျှော်လင့်ချက် ကင်းမဲ့နေသော အင်မော်တယ်နယ်မြေမှ သက်ရှိများမှာ ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။
"တားမြစ်နယ်မြေက ထွက်လာတဲ့ အဲဒီ အကျော်အမော်က ဟိုလူတွေနဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူးထင်တယ်"
"သူက ကျုပ်တို့ အင်မော်တယ်နယ်မြေဘက်ကလား"
"ဒီလိုလူမျိုး ရှိနေတာကို ကျုပ်တို့ ဘာဖြစ်လို့ မသိခဲ့ရတာလဲ"
အင်မော်တယ်နယ်မြေမှ သက်ရှိများအားလုံး အလွန်အံ့သြနေကြတော့သည်။
တုကူးဓားနတ်ဘုရားမှာ အင်မော်တယ်နယ်မြေတွင်သာမက၊ ကောင်းကင်ကိုးပါးတွင်ပင် ကာလရှည်ကြာစွာ နာမည်ပျောက်နေခဲ့ရသူ ဖြစ်သည်။
ယဇ်ဆရာသခင်များကို သူ ပြန်လည်တော်လှန်ခဲ့ကြောင်း သိရှိသူ အလွန်နည်းပါး၏။
သူက တကယ်ကို နာမည်မရှိသော သူရဲကောင်းတစ်ဦးပင်။
သို့သော်လည်း သူသည် မည်သည့်နောင်တမှ မရှိခဲ့ပေ။
"တုကူးဓားနတ်ဘုရား... တကယ်ကို စစ်မှန်တဲ့ သူရဲကောင်းတစ်ယောက်ပဲ"
ကျွင်းလင်ရှောင်းပင် ချီးကျူးလိုက်မိသည်။
တုကူးဓားနတ်ဘုရား တိုက်ပွဲအတွင်းသို့ ရောက်ရှိလာခြင်းကြောင့် အခြေအနေမှာ ချက်ချင်း ပြောင်းလဲသွားသည်။
သို့သော် မပြီးသေးပေ...
ခွန်းလွန်းတောင်ဘက်မှ နောက်ထပ် ပုံရိပ်တစ်ခု ပေါ်လာပြန်သည်။
ထိုသူမှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဆွတ်နေသည့် အဘိုးအိုတစ်ဦး ဖြစ်သည်။
သူသည်လည်း မြင့်မြတ်ဝိညာဉ်ဘိုးဘေး ကို ဆန့်ကျင်ရန် ရွှမ်ထျန်းအင်မော်တယ်နယ်မြေ သို့ ဆင်းသက်လာခဲ့၏။
"ဟမ်၊ ခွန်းလွန်းကောင်းကင်အရှင်... မင်းလည်း လှုပ်ရှားတော့မလို့လား"
မြင့်မြတ်ဝိညာဉ်ဘိုးဘေး၏ အမူအရာမှာ တစ်ဖန် ပြောင်းလဲသွားပြန်သည်။
တုကူးဓားနတ်ဘုရား ပေါ်လာခြင်းကပင် မမျှော်လင့်ထားသော ကိစ္စဖြစ်နေပြီ။
ယခုက နောက်ထပ် အပြောင်းအလဲတစ်ခု ထပ်ပေါ်လာခြင်း ဖြစ်သည်။
"ခင်ဗျားတို့ရဲ့ ကျွင်းမိသားစုက ကျုပ်တို့ ခွန်းလွန်းမျိုးနွယ်အပေါ် ကျေးဇူးရှိခဲ့ဖူးတယ်။ အခုအချိန်မှာ အဲဒီကျေးဇူးကို ပြန်ဆပ်ဖို့ ရောက်လာတာပါ"
ခွန်းလွန်းကောင်းကင်အရှင်မှာ ခွန်းလွန်းမျိုးနွယ်၏ ရှေးဘိုးဘေး ဖြစ်ပြီး သူ၏စွမ်းအားက အလွန်ပင် ကြီးမားကာ ခန့်မှန်းရခက်သည်။
"ကျေးဇူးတင်ပါတယ်"
ကျွင်းလင်းရှောင်းက အသိအမှတ်ပြုကာ လက်ယှက်ပြပြလိုက်လေသည်။
"ယဉ်ကျေးစရာ မလိုပါဘူး။ ကျွင်းမိသားစုရဲ့ အဲဒီပုဂ္ဂိုလ်တွေသာ ရှိနေမယ်ဆိုရင် ကျုပ်လက်ပါပြီး ကူညီဖို့တောင် လိုမှာ မဟုတ်ဘူး"
ခွန်းလွန်းကောင်းကင်အရှင်က အသာအယာ ပြုံးရင်း ပြောလိုက်သည်။
"ကောင်းတယ်... ကောင်းတယ်...၊ တုကူးဓားနတ်ဘုရားနဲ့ ခွန်းလွန်းကောင်းကင်အရှင်... မင်းတိုလောက်နဲ့ အခြေအနေကို ပြောင်းလဲနိုင်မယ်လို့ ထင်နေတာလား"
မြင့်မြတ်ဝိညာဉ်ဘိုးဘေးက မကျေမနပ်ဖြစ်နေသော လေသံဖြင့် ဆိုလိုက်သည်။
သူ၏ နားလည်မှုနှင့် စိတ်အခြေအနေအရ ကြောက်ရွံ့ခြင်းကို ခံစားရန် မဖြစ်နိုင်ပေ။
သို့သော်လည်း ယခုအချိန်တွင် သူ ဒေါသထွက်နေခြင်းမှာ အခြေအနေများသည် သူ၏ မျှော်လင့်ချက်ထက် ကျော်လွန်လာနေခြင်းကြောင့် ဖြစ်သည်။
နတ်ဘုရားအဆင့်နှင့် နီးစပ်သူများမှာ အမှန်တကယ်ပင် အစွမ်းထက်ကြသည်။
သို့သော်လည်း အစွမ်းအထက်ဆုံးသူတွင်ပင် ကန့်သတ်ချက် ရှိ၏။
ခွန်းလွန်းကောင်းကင်အရှင်နှင့် တုကူးဓားနတ်ဘုရား တို့က နတ်ဘုရားအဆင့်နှင့် နီးစပ်သူများထက် များစွာ အားနည်းသည် မဟုတ်ပေ။
"လာကြစမ်းပါ... ငါက ကောင်းကင်ကိုးပါးရဲ့ အလေးချိန်ကို ထမ်းပိုးထားရပြီး လက်တစ်ဖက်နဲ့ အင်မော်တယ်တံခါးကို မယူထားရရင်တောင်မှ အင်မော်တယ်နယ်မြေတစ်ခုလုံးကို သုတ်သင်ပစ်နိုင်ပြီး ဒီလောကမှာ ပြိုင်ဘက်ကင်းနေတုန်းပဲ"
မြင့်မြတ်ဝိညာဉ်ဘိုးဘေး၏ စကားသံမှာ အရှိန်အဝါကြီးမားသည်။
သူသည် မြင့်မြတ်ဝိညာဉ် ဝတ်ရုံကို ဝတ်ဆင်ကာ မြင့်မြတ်ဝိညာဉ်ကောင်းကင်တောင်ဝှေးကို ကိုင်စွဲထားပြီး အရှိန်အဝါက တစ်လောကလုံးကို တုန်ခါစေ၏။
ထိုအခိုက်မှာပင် လျှို့ဝှက်ဆန်းကြယ်ပြီး အတိုင်းအဆမဲ့ အားကောင်းသည့် အရှိန်အဝါတစ်ခု ထပ်မံ နိုးထလာကာ ပေါ်ထွက်လာတော့မည့်အလား ဖြစ်လာသည်။
"နောက်တစ်ယောက်လာပြန်ပြီလား"
အစောပိုင်းက ရဲရင့်ပြတ်သားမှုများဖြင့် ပြည့်နှက်နေသော မြင့်မြတ်ဝိညာဉ်ဘိုးဘေးမှာပင် ယခုအခါ မျက်လုံးထောင့်မှ လှုပ်ခတ်သွားရတော့သည်။