← Chapters

အခန်း ၁၅၄၃

Vol. 108 Ch. 1543

အခန်း ၁၅၄၃

Vol. 108 Ch. 1543

အခန်း ( ၁၅၄၃ ) တိုက်ကွက်တစ်ခုတည်းဖြင့် အကုန် ချေမှုန်းခြင်း။

ပဉ္စမမြောက် ယဇ်ဆရာသခင်၏ ခန္ဓာကိုယ်မှာ ကြီးမားခန့်ထည်ပြီး တောင်လုံးတမျှ ကြီးမားသည်။

သူ့ခန္ဓာကိုယ်ကို ထူထဲလှသော အပြစ်တရား အငွေ့အသက်များက ဖုံးလွှမ်းထား၏။

သူ၏ ဦးခေါင်းနောက်ဘက်မှာတော့ ရာနှင့်ချီသော အပြစ်တရား နတ်ဆိုးစက်ဝန်းများ လှည့်ပတ်နေကာ အဆုံးမရှိသော ကျိန်စာများနှင့် နာကျည်းမှု အရိပ်အယောင်များ ထုတ်လွှတ်နေပေသည်။

၎င်းမှာ လူသားမျိုးနွယ်အပေါ် သွေးချောင်းစီးသတ်ဖြတ်မှုများ ပြုလုပ်ရန် လောကသို့ ဆင်းသက်လာသော...

လူတိုင်း၏ နှလုံးသားထဲသို့ အကြောက်တရားနှင့် မျှော်လင့်ချက်မဲ့ခြင်းများကို ယူဆောင်လာသည့် ဆိုးယုတ်သော နတ်ဆိုးနတ်ဘုရားကြီးတစ်ဦးနှင့် တူလှသည်။

ပဉ္စမမြောက် ယဇ်ဆရာသခင် ပေါ်လာခြင်းက အင်မော်တယ်နယ်မြေရှိ သက်ရှိအားလုံး၏ ဦးခေါင်းပေါ်သို့ တောင်ကြီးတစ်လုံးဖြင့် ဖိနှိပ်လိုက်သကဲ့သို့ပင်။

၎င်းမှာ အင်မော်တယ်နယ်မြေသို့ ဆင်းသက်လာတော့မည့် ဖျက်ဆီးခြင်း နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့် တူလှသည်။

တုန်ဟွဧကရာဇ်နှင့် အခြားသူများလည်း သူတို့၏ နတ်ဘုရားအာရုံများဖြင့် စူးစမ်းလိုက်ကြ၏။

သို့သော်၊ ပဉ္စမမြောက် ယဇ်ဆရာသခင်၏ အထောက်အထား အစစ်အမှန်ကို သူတို့ အတည်မပြုနိုင်ကြပေ။

"ဒီလူက တော်တော်လေး ဖုံးကွယ်ထားတာပဲ၊ သူက ဘယ်တားမြစ်နယ်မြေကလူ ဖြစ်နိုင်မလဲ"

ဧကရာဇ်ကြွေလွင့် ကောင်းကင်အရှင် အပါအဝင် ယဇ်ဆရာသခင်များ၏ စိတ်ထဲမှာလည်း သံသယအနည်းငယ် ရှိနေသည်။

သို့ရာတွင်၊ သူတို့က အများကြီးတော့ မတွေးမိကြပေ။

သူတို့က ဤပဉ္စမမြောက် ယဇ်ဆရာသခင်ထံမှ သူတို့နှင့် တူညီသော အရှိန်အဝါနှင့် သွေးယဇ်ပူဇော်ခြင်း စွမ်းအားများကို ခံစားနေရသောကြောင့် ဖြစ်သည်။

အကယ်၍ ထိုသို့ဆိုလျှင် သူ၏ရည်မှန်းချက်ကလည်း အင်မော်တယ်တံခါးကိုဖွင့်လှစ်ရန် သက်ရှိအားလုံးကို ယဇ်ပူဇော်ဖို့ ဖြစ်ရမည်။

ရပ်တည်ချက်က တူညီနေသရွေ့ သူတို့ ဘယ်ကလာသလဲဆိုတာ အရေးမကြီးပါ။

"ပဉ္စမမြောက် ယဇ်ဆရာသခင်... မြန်မြန်လုပ်တော့၊ ငါတို့နဲ့ပူးပေါင်းပြီး ဒီပုန်ကန်သူတွေကို ဖိနှိပ်... ကျွင်းမိသားစုကို ဖျက်ဆီးပစ်ကြစို့"

မြင့်မြတ်ဝိညာဉ်ဘိုးဘေးက အော်ဟစ်လိုက်သည်။

ယခုအချိန်တွင် သူ၏ အခြေအနေမှာ အလွန်ဆိုးရွားနေသည်။

ဒဏ်ရာများရထားပြီး အင်အား အနည်းဆုံး ဖြစ်၏။

အကယ်၍ တိုက်ပွဲကို မြန်မြန်အဆုံးမသတ်လျှင် သူ အကြီးအကျယ် ဆုံးရှုံးသွားနိုင်သည်။

ထို့ကြောင့် သူဟာ ပဉ္စမမြောက် ယဇ်ဆရာသခင်ကို မြန်မြန်လှုပ်ရှားရန် တိုက်တွန်းနေရခြင်းပင်။

ပဉ္စမမြောက် ယဇ်ဆရာသခင်က ကွေ့ရှအပျက်အယွင်းမှ ထွက်ပေါ်လာကာ ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ အင်မော်တယ်နယ်မြေကြီးသို့ ဆင်းသက်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက လောကကို လွှမ်းမိုးသွား၏။

ဝေဝါးဝါး သွေးရောင်မြူခိုးများနှင့် အပြစ်တရားစွမ်းအားများ ဖုံးလွှမ်းနေသော ပဉ္စမမြောက် ယဇ်ဆရာသခင်ကို မြင်လိုက်ရသောအခါ...

ဘာကြောင့်မှန်းမသိရသော်လည်း ယွမ်ချယ်၏ မျက်ဝန်းထဲတွင် သံသယအရိပ်အယောင် အနည်းငယ် ပေါ်လာသည်။

ဤအပြစ်တရားစွမ်းအားကို ရင်းနှီးနေသကဲ့သို့ သူမ ခံစားရ၏။

တုန်ဟွဧကရာဇ်၏ နက်ရှိုင်းပြီး နာလည်ရခက်သော မျက်ဝန်းများထဲတွင်ပင် ထူးဆန်းသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။

'ဖြစ်နိုင်မလား...'

တုန်ဟွဧကရာဇ်က တစ်ခုခုကို တွေးမိသွားပုံရပြီး သူကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားရတော့သည်။

ပဉ္စမမြောက် ယဇ်ဆရာသခင်က အင်မော်တယ်နယ်မြေသို့ ဆင်းသက်လာရာ သူ၏အရှိန်အဝါ‌ဖိအားကြောင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်က အက်ကြောင်းများ ပြည့်နှက်သွားခဲ့သည်။

ရွှမ်ထျန်း အင်မော်တယ်နယ်မြေနှင့် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေရှိ သက်ရှိများမှာလည် ကမ္ဘာပျက်တော့မည့်အလား ခံစားလိုက်ကြရ၏။

"ဘာလို့လဲ... ဘာဖြစ်လို့ ဒီလိုမျိုးတွေ ဖြစ်နေရတာလဲ။ ရှင်သန်ဖို့ မျှော်လင့်ချက် ရှိနေပေမဲ့ အခုတော့ ပြန်ပြီး ငြိမ်းသတ်ခံလိုက်ရပြန်ပြီ"

အင်မော်တယ်နယ်မြေမှ ကျင့်ကြံသူ အများအပြားက ဝမ်းနည်းစွာ အော်ဟစ်လိုက်ကြသည်။

ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာခြင်းမှာ အသက်ရှူရပင် ခက်ခဲလောက်အောင် မျှော်လင့်ချက်မဲ့စေပေသည်။

ထိုအခိုက်တွင် မမျှော်လင့်ထားသော ပုံရိပ်တစ်ခုမှာ ဟင်းလင်းပြင် စစ်မြေပြင်ထဲသို့ လှမ်းဝင်လာသည်။

၎င်းမှာ အမှန်တကယ်ပင် ကျွင်းရှောင်ယောက် ဖြစ်၏။

"ရှောင်ယောက်"

ကျန်းစန်းယီနှင့် ကျန်းလော့လီတို့၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။

"လိုက်မလာကြနဲ့"

ကျွင်းရှောင်ယောက်က ပြောဆိုပြီး လက်တစ်ဖက်ကို မြှောက်လိုက်သည်။

"ဝုန်း"

နတ်ဘုရားအလင်းတန်းများက ဝင်းဝင်းလက်လက် ဖြာတက်လာ၏။

ကောင်းကင်နှင့် မြေပြင်ကို ခွင်းပစ်နိုင်လောက်သော ကြီးမားသော ပုဆိန်ကြီးတစ်လက် ပေါ်လာတော့သည်။

၎င်းက လွမ်ကုပုဆိန်ပင် ဖြစ်သည်။

ကျွင်းရှောင်ယောက်က လှုပ်ရှားတော့မည်။

ထိုအခြင်းအရာကို မြင်သောအခါ ဟွမ်နျဲ့တောက်က လှောင်ပြောင်လိုက်သည်။

"ဟားဟားဟား... ကျွင်းရှောင်ယောက်၊ မင်းက မိန်းမတွေနောက်မှာပဲ ပုန်းနေပြီး ဘာမှမလုပ်ရဲဘူးလို့ ငါထင်နေတာ။ အခု ဘာလဲ... ပဉ္စမမြောက် ယဇ်ဆရာသခင်ကို ဦးတိုက်မလို့ ကြံစည်နေတာလား"

ကျောက်ဧကရာဇ်လေးကလည်း အေးစက်စွာ ပြောဆိုလိုက်၏။

"မင်းဆီမှာ လွမ်ကုပုဆိန် ရှိနေတာကိုတောင် ထည့်မပြောနဲ့ဦး။ လွမ်ကုဧကရာဇ် ကိုယ်တိုင် ပြန်ပေါ်လာရင်တောင် ဘာဖြစ်မှာလဲ"

ကျွင်းရှောင်ယောက်ကမူ ဆိတ်ဆိတ်သာနေပြီး မတုံ့ပြန်ပေ။

သူက အားကောင်းသော နိယာမစွမ်းအားများကို လွမ်ကုပုဆိန်ထဲသို့ ထည့်သွင်းကာ ပဉ္စမမြောက် ယဇ်ဆရာသခင်ထံသို့ တိုက်ရိုက် လွှဲခုတ်လိုက်၏။

တစ်ခဏချင်းမှာပင် တောက်ပလှသော ပုဆိန်အလင်းတန်းက ကောင်းကင်နှင့် မြေကြီးကို ခွင်းထွက်သွားတော့သည်။

ထိုပုဆိန်ခုတ်ချက်မှ အင်အားလှိုင်းက လူအများကို အံ့အားသင့်သွားစေခဲ့သည်။

အဓိပတိနယ်ပယ် ခုနစ်ခုမှ ကျင့်ကြံသူများတွင် ဤပုဆိန်ချက်ကို ခံနိုင်ရည်ရှိသူက အနည်းငယ်သာ ရှိလိမ့်မည်။

သို့သော်...

ဤပုဆိန်ခုတ်ချက်၏ စွမ်းအားမှာ ပြင်းထန်သော်လည်း အထွတ်အထိပ်မှ ပုဂ္ဂိုလ်ကြီးများ၏ မျက်လုံးထဲတွင်တော့ ဘာမှမဟုတ်ပေ။

မြင့်မြတ်ဝိညာဉ်ဘိုးဘေးနှင့် သတ်ဖြတ်ခြင်းနတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်များမှာ ကျွင်းရှောင်ယောက်ကို လုံးဝ လျစ်လျူရှုထားကြသည်။

သူတို့က သူ့ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ကြပေ။

အကယ်၍ နှစ်ပေါင်း ထောင်ချီ၊ သောင်းချီ ကြာသွားမည်ဆိုလျှင်ဖြင့် ကျွင်းရှောင်ယောက်က သူတို့၏မျက်လုံးထဲကို ဝင်လာကောင်း ဝင်လာနိုင်သည်။

သို့သော်၊ အခုအချိန်မှာတော့ သူတို့က လုံးဝ ဂရုမစိုက်ပေ။

"ဝုန်း"

ဟင်းလင်းပြင်ကျယ်ကို ခွင်းထွက်သွားသော လွမ်ကုပုဆိန်က ပဉ္စမမြောက် ယဇ်ဆရာသခင်ထံသို့ ကျရောက်သွားသည်။

သို့သော်လည်း ပဉ္စမမြောက် ယဇ်ဆရာသခင်မှာ လက်ကို ဝှေ့ယမ်းလိုက်ရုံမျှဖြင့် လွမ်ကုပုဆိန်ကို အလွယ်တကူ ဖမ်းယူလိုက်၏။

တောက်ပလှသော ပုဆိန်အလင်းများ ပျောက်ကွယ်သွားပြီးနောက် ပဉ္စမမြောက် ယဇ်ဆရာသခင်က ၎င်းကို သူ၏လက်ထဲတွင် ကိုင်ထားလိုက်တော့သည်။

ဤမြင်ကွင်းက ဟွမ်နျဲ့တောက်နှင့် ကျောက်ဧကရာဇ်လေးတို့ကို မျက်ရည်ကျလုနီးပါး ရယ်မောစေခဲ့သည်။

"ကျွင်းရှောင်ယောက်... မင်းက ယဇ်ဆရာသခင်ကို လက်ဆောင်ပေးနေတာလား။ အတော်လေး မိုက်မဲတာပဲ"

ထိုစဥ်၊ ကျွင်းရှောင်ယောက်၏ မျက်နှာထက်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ပေါ်လာသည်။

"မင်းပြောတာ မှန်တယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်၏။

"ဟမ်"

ဟွမ်နျဲ့တောက်နှင့် ကျောက်ဧကရာဇ်တို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။

နောက်အခိုက်တွင်...

လွမ်ကုပုဆိန်ကို ကိုင်ဆောင်ထားသော ပဉ္စမမြောက် ယဇ်ဆရာသခင်က ကြီးမားကျယ်ပြန့်လှသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။

သူ၏ အတိုင်းအဆမရှိသော စွမ်းအားများကို ပုဆိန်ထဲသို့ သွန်းလောင်းလိုက်၏။

လွမ်ကုပုဆိန်သည် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုတောက်ပသော အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး ကြယ်တာရာများ ကြွေကျလာတော့သည်။

အင်မော်တယ်နယ်မြေတစ်ခုလုံးပင် နှစ်ခြမ်းကွဲတော့မည့်အလား ထင်မှတ်ရသည်။

ပဉ္စမမြောက် ယဇ်ဆရာသခင်မှာ လှုပ်ရှားလိုက်ပြီး ပုဆိန်ဖြင့် လွှဲခုတ်လိုက်၏။

သို့သော်လည်း ပုဆိန်သွား လွှဲယမ်းလိုက်သည့် ဘက်မှာ ကျွင်းမိသားစုဘက်သို့ မဟုတ်ပေ။

ထိုအစား...

ကောင်းကင်ကိုးပါး၏ ယဇ်ဆရာသခင်များ ရှိရာဘက်သို့ ဖြစ်သည်။

"ဝုန်း"

၎င်းက မည်မျှအထိ တောက်ပသည်ကို ဖော်ပြရန်ပင် ခက်ခဲသည်။

တောက်ပသော ပုဆိန်အလင်းမှာ မိုင်ပေါင်းသောင်းချီ ရှည်လျားပြီး ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းမိုးသွား၏။

သို့သော်လည်း ထိုနေရာမှာ ကောင်းကင်ကိုးပါး၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များအားလုံး ရှိနေသည့် နေရာ ဖြစ်နေသည်။

မြင့်မြတ်ဝိညာဉ်ဘိုးဘေးကဲ့သို့သော ယဇ်ဆရာသခင်များ အပါအဝင် ကောင်းကင်ကိုးပါးမှ အကျော်အမော်များ၊ အမှောင်မြင့်မြတ်ဝိညာဉ်နှင့် ကျောက်ဧကရာဇ်တို့မှာ ပုဆိန်အလင်းအောက်တွင် ဝါးမျိုခြင်း ခံလိုက်ရတော့သည်။

"အား... အား... အား..."

တောက်ပသော ပုဆိန်အလင်းများကြားမှ မြင့်မြတ်ဝိညာဉ်ဘိုးဘေး၏ မိုးချိန်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့သည်။

သူသည် မူလကတည်းက ဒဏ်ရာရထားပြီးသား ဖြစ်ရာ ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသောအခါ လုံးဝ ခုခံနိုင်ခြင်း မရှိတော့ပေ။

"ပဉ္စမမြောက် ယဇ်ဆရာသခင်... မင်း... မင်းက ဘယ်သူလဲ"

သတ်ဖြတ်ခြင်းသားရဲနတ်ဘုရား၏ ဦးခေါင်းကိုးလုံးလုံးမှာ တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြသည်။

သူသည် မြင့်မြတ်ဝိညာဉ်ဘိုးဘေးထက် အခြေအနေ ပိုကောင်းသော်လည်း ရုတ်တရက် တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရသွားခဲ့၏။

ထို့ထက် ပိုမိုဆိုးရွားစွာ ခံစားလိုက်ရသူများမှာ အမှောင်မြင့်မြတ်ဝိညာဉ်၊ ကျောက်ဧကရာဇ်၊ အင်မော်တယ်ရှေးဧကရာဇ်နှင့် အခြားသူများ ဖြစ်ကြသည်။

သူတို့၏ စွမ်းအားက ယဇ်ဆရာသခင်များ၏ အောက် တစ်ဆင့်နိမ့်ပေသည်။

ဤပုဆိန်ချက် တစ်ချက်တည်းမှာပင် မြင့်မြတ်ဝိညာဉ်အပျက်အယွင်းမှ မဟာမြင့်မြတ်ဝိညာဥ်အားလုံး အသတ်ခံလိုက်ရသည်။

အမှောင်မြင့်မြတ်ဝိညာဉ်သည်လည်း စူးရှသောအသံများနှင့်အတူ အပိုင်းအစပေါင်းများစွာ ကွဲကြေသွား၏။

ကျောက်ဧကရာဇ်က ဟိန်းဟောက်ကာ သူ၏ ကျောက်ဧကရာဇ်လှံပုဆိန်ဖြင့် ခုခံရန် ကြိုးစားလည်။

သူသည် အတော်အတန် သန်မာသော်လည်း တုန်ခါမှုကြောင့် သူ၏ခန္ဓာကိုယ်မှာ အက်ကွဲကြောင်းများ ပေါ်လာတော့သည်။

ကိုးကြိမ် ပြန်လည်ရှင်သန်နိုင်စွမ်းကြောင့် နာမည်ကျော်ကြားသော အင်မော်တယ်ရှေးဧကရာဇ်ပင်လျှင် သွေးအလိမ်းလိမ်းဖြင့် သေလုနီးပါး ဖြစ်သွားခဲ့ရသည်။

ဤတွင် ရှေးဟောင်းနဂါးဧကရာဇ်မှာ အဆိုးဆုံး ဖြစ်ခဲ့ရပေသည်။

ဤတိုက်ခိုက်မှုက သူ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြစ်သွားစေခဲ့သည်။

သူ့တွင် အင်မော်တယ်ရှေးဧကရာဇ်ကဲ့သို့ ပြန်လည်ရှင်သန်နိုင်သော စွမ်းအား မရှိသည့်အတွက် တိုက်ရိုက်ပင် သေဆုံးသွားတော့သည်။

ထို့ပြင် အင်မော်တယ်နှင့် နတ်ဆိုးသူတော်စင်နှစ်ပါး၊ မိစ္ဆာသားရဲဧကရာဇ်လေးပါးနှင့် အခြားသော သက်ရှိများအားလုံးမှာလည်း အတိုင်းအတာတစ်ခုအထိ ထိခိုက်မှုများ ခံစားလိုက်ရပြီး အဆင့်ဆင့်သော ဒဏ်ရာများ ရရှိသွားကြပေသည်။

ပဉ္စမမြောက် ယဇ်ဆရာသခင်က ဤတိုက်ခိုက်မှုတွင် သူ၏စွမ်းအားအပြည့်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

ယင်းက ကောင်းကင်ကိုးပါးရှိ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်အများစုကို လွှမ်းခြုံသွား၏။

ဤပုဆိန်ချက် တစ်ချက်တည်းဖြင့် ကောင်းကင်ကိုးပါး၏ အင်အားမှာ သုံးဆယ်ရာခိုင်နှုန်းခန့် တိုက်ရိုက် အားနည်းသွားခဲ့ပြီဟု ဆိုနိုင်သည်။

အချို့ သေဆုံးကုန်ကြပြီး၊ အချို့မှာလည်း ဒဏ်ရာများ ရကုန်ကြရာ အလွန် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်တော့သည်။

ထို့ပြင်၊ ဤသည်က ပဉ္စမမြောက် ယဇ်ဆရာသခင်၏ ပုဆိန်ခုတ်ချက် တစ်ချက်တည်းသာ ရှိသေးသည်။

"မင်းက ပဉ္စမမြောက် ယဇ်ဆရာသခင် မဟုတ်ဘူးဆိုရင်... မင်း ဘယ်သူလဲ"

အခြားတစ်ဖက်တွင် အိပ်မက်ဧကရာဇ်နှင့် တိုက်ခိုက်နေသော ဧကရာဇ်ကြွေလွင့် ကောင်းကင်အရှင်က အော်ဟစ်လိုက်သည်။

သူသည်လည်း အလွန် အံ့အားသင့်သွားရ၏။

သူတို့၏ ယဇ်ဆရာသခင် ငါးဦးကြားတွင် သစ္စာဖောက်တစ်ဦး ပါဝင်နေခဲ့ပြီ။

All Chapters