← Chapters

အခန်း ၁၅၄၄

Vol. 108 Ch. 1544

အခန်း ၁၅၄၄

Vol. 108 Ch. 1544

အခန်း ( ၁၅၄၄ ) အထောက်အထားကို ဖော်ထုတ်ပြခြင်း။

ဤအခိုက်အတန့်တွင် ကောင်းကင်ကိုးပါးနှင့် အင်မော်တယ်နယ်မြေ နှစ်ခုစလုံးမှာ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။

ကောင်းကင်ကိုးပါးမှ ဆင်းသက်လာသော သက်ရှိများဖြစ်စေ...၊ အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများဖြစ်စေ... အားလုံးမှာ ကြက်သေသေသွားကြ၏။

မည်သူမျှ မတုံ့ပြန်နိုင်ကြတော့ပေ။

ကောင်းကင်ကိုးပါး၏ အမြင့်ဆုံး တည်ရှိမှု၊ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ယဇ်ဆရာသခင်က အဘယ်ကြောင့် သူ့လူများကို ပြန်ပြီးတိုက်ခိုက်ရသနည်း။

"တကယ်ပဲ ဘာတွေဖြစ်ကုန်တာလဲ"

အင်မော်တယ်ခုံရုံးဘက်တွင်၊ ဇာတ်လမ်းကို စောင့်ကြည့်နေကြသော ဧကရာဇ်များမှာလည်း တည်ငြိမ်စွာ မနေနိုင်ကြတော့ပေ။

သူတို့သည် မူလက ပဉ္စမမြောက် ယဇ်ဆရာသခင် ပေါ်လာသည်နှင့် ကျွင်းမိသားစုမှာ တောင့်ခံနိုင်တော့မည်မဟုတ်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အဘယ်ကြောင့် ကောင်းကင်ကိုးပါးဘက်က အခြေအနေမလှသလို ဖြစ်နေရသနည်း။

ယဇ်ဆရာသခင်ကိုယ်တိုင်က သူတို့ကို သစ္စာဖောက်သွားတာလား။

သို့သော်လည်း ၎င်းမှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။

ဤသည်မှာ သမိုင်းတွင် တစ်ခါမှ မဖြစ်ဖူးသော အရာပင်။

ယဇ်ဆရာသခင် ရာထူးကို ရရှိနိုင်သူများက ကောင်းကင်ကိုးပါးတွင် အထွတ်အထိပ် တည်ရှိမှုများ ဖြစ်ကြသည်။

သူတို့၏ ရည်မှန်းချက်မှာမူ အတူတူ ဖြစ်၏။

အင်မော်တယ်တံခါးကို ဖွင့်လှစ်ရန်နှင့် အင်မော်တယ်နယ်မြေရှိ သက်ရှိအားလုံးကို ယဇ်ပူဇော်ရန်ပင်။

အင်မော်တယ်နယ်မြေဘက်မှ လူများကို မဆိုထားဘိ...

ကောင်းကင်ကိုးပါးဘက်မှ လူများသည်ပင် တုန်လှုပ်နေကြတော့သည်။

မြင့်မြတ်ဝိညာဉ်ဘိုးဘေး၏ ပုံရိပ်က ပြန်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းလှသော မြင်ကွင်းပင်။

သူ့ခန္ဓာကိုယ်မှာ ပုဆိန်ချက်ကြောင့် ထက်ပိုင်းပြတ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

၎င်းက လုံးဝ မပြတ်သွားသေးသော်လည်း ပြတ်လုပြတ်ခင် ဖြစ်နေပြီ။

သူကဲ့သို့ ယဇ်ဆရာသခင်တစ်ဦး... နတ်ဘုရားအဆင့်နီးပါးရှိသော ပုဂ္ဂိုလ်တစ်ဦးမှာ ဤမျှပြင်းထန်သော ဒဏ်ရာများကို ရရှိလိမ့်မည်ဟု စိတ်ကူးကြည့်ရန်ပင် ခက်ခဲသည်။

"မင်း ဘယ်သူလဲ"

မြင့်မြတ်ဝိညာဉ်ဘိုးဘေးမှာ ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

သူ၏ မူလ တည်ငြိမ်အေးစက်သော အမူအရာကို ဆက်လက် မထိန်းသိမ်းနိုင်တော့ပေ။

သူ့အခြေအနေမှာ အလွန်ပင် ဆိုးရွားသည်။

သတ်ဖြတ်ခြင်းသားရဲနတ်ဘုရားမှာမူ ထိခိုက်မှုရှိသော်လည်း မြင့်မြတ်ဝိညာဉ်ဘိုးဘေးထက်တော့ အခြေအနေ ပိုကောင်းပေသည်။

"အဖေ"

လုံရွှမ်ယီက အော်ဟစ်လိုက်သည်။

သူ၏မျက်ဝန်းများမှာ နီရဲနေ၏။

သူ၏ဖခင် ရှေးဟောင်းနဂါးဧကရာဇ်မှာ ဤပုဆိန်ခုတ်ချက် တစ်ချက်တည်းဖြင့် အမှန်တကယ်ပင် သေဆုံးသွားခဲ့ပြီ။

ဟွမ်နျဲ့တောက်နှင့် ကျောက်ဧကရာဇ်လေးတို့မှာလည်း ထိတ်လန့်တုန်လှုပ်နေကြသည်။

သူတို့၏ ဖခင်များမှာ ကံကောင်းထောက်မစွာဖြင့် သေဆုံးခြင်းမရှိခဲ့သော်လည်း အခြေအနေမှာ သိပ်မကောင်းလှပေ။

နှစ်ဦးလုံးမှာ အကြီးအကျယ် ဆုံးရှုံးမှုများ ခံစားလိုက်ရသည်။

"ဘာဖြစ်လို့ ဒီလိုမျိုးတွေ ဖြစ်လာရတာလဲ..."

ဟွမ်နျဲ့တောက်နှင့် ကျောက်ဧကရာဇ်လေးတို့ နှစ်ဦးလုံးမှာ မျက်နှာများ သွေးဆုတ်ဖြူရော်ပြီး မယုံကြည်နိုင်ကြတော့ပေ။

ဤအခိုက်အတန့်တွင် ကောင်းကင်ကိုးပါးမှ သက်ရှိအားလုံးမှာ ကြက်သေသေနေကြသည်။

ယဇ်ဆရာသခင်တစ်ဦးက မိမိလူများကို သစ္စာဖောက်ခြင်းဆိုသည်မှာ လုံးဝ မကြုံစဖူးသော ကိစ္စပင်။

ကျွင်းမိသားစုမှ အကျော်အမော်များမှာလည်း အစပိုင်းတွင် အံ့အားသင့်သွားကြသည်။

သို့သော်လည်း ထို့နောက်မှာတော့ တစ်ခုခုကို တွေးမိသွားသည့်အလား ကျွင်းရှောင်ယောက်ကို လှည့်ကြည့်လိုက်ကြတော့သည်။

သူတို့ ချက်ချင်းပင် နားလည်သွားကြသည်။

"ဟားဟားဟား... ငါ့ကျွင်းမိသားစုရဲ့ ပါရမီရှင် ဖြစ်ထိုက်ပါပေတယ်"

ကျွင်းလင်ရှောင်းမှာ မနေနိုင်တော့ဘဲ အားရပါးရ ရယ်မောလိုက်သည်။

ထိုအချိန်တွင် ကျွင်းရှောင်ယောက်၏ ပုံရိပ်က ပဉ္စမမြောက် ယဇ်ဆရာသခင်၏ ရှေ့တွင် ဆင်းသက်လာသည်။

ဤအခိုက်အတန့်တွင် စစ်မီးများဖြင့် လောင်မြိုက်နေသော ကမ္ဘာကြီးမှာ ထူးထူးဆန်းဆန်း ငြိမ်သက်သွား၏။

ကောင်းကင်ကိုးပါးမှ သက်ရှိများဖြစ်စေ၊ အင်မော်တယ်နယ်မြေမှ ကျင့်ကြံသူများပင် ဖြစ်စေ...

သူတို့အားလုံး၏ အကြည့်များမှာ တစ်နေရာသို့သာ စုပြုံရောက်ရှိနေတော့သည်။

ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ ရပ်နေပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါက ငါ့ရဲ့ ရိုးရှင်းတဲ့ လက်ရာလေးတစ်ခုပါ။ ပဉ္စမမြောက် ယဇ်ဆရာသခင်ပေါ့။ ကောင်းကင်ကိုးပါး တားမြစ်နယ်မြေကလူတွေ... ဒီလက်ဆောင်ကို သဘောကျကြရဲ့လား"

ယခုအခါ ဘာကိုမှ ဖုံးကွယ်ထားရန် မလိုတော့ပေ။

ပဉ္စမမြောက် ယဇ်ဆရာသခင်၏ မျက်နှာပေါ်မှ မြူခိုးများ ပျောက်ကွယ်သွားသည်။

၎င်းမှာ အခြားမဟုတ်ဘဲ ကျွင်းရှောင်ယောက်၏ မျက်နှာပင်။

"ဝုန်း"

ရေတွက်၍မရနိုင်သော သက်ရှိများမှာ တုန်လှုပ်ခြင်း၊ ဝေခွဲမရဖြစ်ခြင်း၊ အံ့ဩခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းများစွာ ဖြစ်သွားကြသည်။

တစ်ချိန်တည်းမှာပင် အင်မော်တယ်နယ်မြေကြီးရှိ သက်ရှိအားလုံးမှာ ကျွင်းရှောင်ယောက်၏ အမည်ကို တိုင်တည်ကာ ဟစ်ကြွေးဂုဏ်ပြုလိုက်ကြ၏။

ကျွင်းရှောင်ယောက်၏ နတ်ဘုရားဓမ္မခန္ဓာမှာ အန္တိမကပ်ဘေးကြီးကို ဖိနှိပ်ခဲ့ကြောင်း သူတို့ သိထားကြသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က ထိုနတ်ဘုရားဓမ္မခန္ဓာကို ပဉ္စမမြောက် ယဇ်ဆရာသခင်အဖြစ် မည်သို့ ပြောင်းလဲခဲ့သည်ကိုမူ မသိနားမလည်ကြပေ။

"ကိုယ်ပွားသက်သက်က တကယ်ပဲ ပဉ္စမမြောက် ယဇ်ဆရာသခင် ဖြစ်လာနိုင်တာလား"

မြင့်မြတ်ဝိညာဉ်ဘိုးဘေးပင်လျှင် မှင်တက်သွားရသည်။

နတ်ဘုရားအဆင့်နှင့် နီးစပ်သော သူကဲ့သို့ ပုဂ္ဂိုလ်မျိုးသည်ပင် ဤကိုယ်ပွား၏ တိုက်ခိုက်မှုကြောင့် အမှန်တကယ် ဒဏ်ရာရသွားခဲ့သေးသည်။

ဤသည်မှာ သူ့ဘဝတွင် အကြီးမားဆုံးသော အရှက်ရခြင်း ဖြစ်သည်။

ဟွမ်နျဲ့တောက်နှင့် ကျောက်ဧကရာဇ်လေးတို့မှာလည်း မိုးကြိုးအစင်းတစ်ရာ ပစ်ခံလိုက်ရသလို ခံစားလိုက်ကြရသည်။

သူတို့၏ ဦးနှောက်မှာ လုံးဝ ဟာလာဟင်းလင်း ဖြစ်သွား၏။

သူတို့သည် ယခင်က ကျွင်းရှောင်ယောက်ကို မိန်းမနောက်မှာ ပုန်းမနေဘဲ စစ်မြေပြင်သို့ ထွက်လာခဲ့ရန် စိန်ခေါ်ခဲ့ကြသည်။

ယခုမူ ကျွင်းရှောင်ယောက်က စစ်မြေပြင်သို့ အမှန်တကယ် ရောက်လာခဲ့ပြီ။

ဒါက နည်းနည်း လွန်မနေဘူးလား။

ယခင်က ဟွမ်နျဲ့တောက်သည် ကျွင်းရှောင်ယောက်နှင့် တစ်ဦးချင်း တိုက်ခိုက်ချင်သည်ဟု မောက်မာစွာ ပြောခဲ့သည်။

သို့သော်လည်း ယခုအခါ မည်သို့တိုက်ခိုက်ရမည်နည်း။

သူ၏ဖခင်ပင်လျှင် ကျွင်းရှောင်ယောက်ကို မယှဉ်နိုင်ဘဲ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့ပြီ။

ကျွင်းရှောင်ယောက်၏ မျက်လုံးထဲတွင် သူက ပုရွက်ဆိတ်များကြားမှ ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။

ဤအခိုက်အတန့်တွင် ကောင်းကင်ကိုးပါးဘက်မှ သက်ရှိအားလုံးမှာ ဒေါသအမျက် ချောင်းချောင်းထွက်ကုန်သည်။

သူတို့အားလုံးသည် ဤလူငယ်လေး ကျွင်းရှောင်ယောက်မှ လှည့်စားခြင်းကို ခံလိုက်ရ၏။

အင်မော်တယ်နယ်မြေဘက်တွင်မူ ပြောနေရန်ပင် မလိုတော့ချေ။

ကျွင်းရှောင်ယောက်သည် သူ့ထံသို့ ယုံကြည်မှုစွမ်းအားများ စုပြုံရောက်ရှိလာသည်ဟု ခံစားလိုက်ရသည်။

"ဒါက အမှန်တရားဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါ့သမီးရဲ့ အမြင်က သိပ်တော့ မဆိုးလှပါဘူး"

တုန်ဟွဧကရာဇ်၏ အစစ်အမှန်ဝိညာဉ်ပင်လျှင် အံ့အားသင့်သွားရသည်။

ကျွင်းရှောင်ယောက်ကို ဤမျှဖုံးကွယ်ထားသူ ဖြစ်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြပေ။

ကျွင်းရှောင်ယောက်က နတ်ဘုရားဓမ္မခန္ဓာ၏ ရှေ့တွင် ရပ်နေပြီး အေးစက်စက်ဖြင့် ပတ်ဝန်းကျင်တွင် ရှိနေသူအားလုံးကို ဝေ့ကြည့်လိုက်သည်။

နောက်ဆုံးတွင် ယဇ်ဆရာသခင်များထံသို့ အကြည့်ရောက်သွား၏။

"မင်းတို့ ယဇ်ဆရာသခင်တွေက ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေကို ကျားကွက်လို သဘောထားပြီး သက်ရှိအားလုံးကို ကျားစေ့တွေအဖြစ် သဘောထားခဲ့ကြတယ်။ ဒီအတွက် မင်းတို့ကိုယ်ကို ကျားကစားသူလို့ ထင်နေကြတာပေါ့"

"ဒါပေမဲ့ မင်းတို့မသိတာက မင်းတို့တို့ကိုယ်တိုင်လည်း အဲဒီကျားစေ့တွေနဲ့ ဘာမှမခြားဘူးဆိုတာပဲ"

မြင့်မြတ်ဝိညာဉ်ဘိုးဘေးက ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။

"မင်း အတင့်ရဲလို့ကွာ။ ဓမ္မခန္ဓာတစ်ခု ရှိနေရုံနဲ့ ငါတို့ရှေ့မှာ မောက်မာခွင့်ရှိတယ်လို့ ထင်နေတာလား"

"မှန်တယ်၊ ပုရွက်ဆိတ်ဆိုတာက ပုရွက်ဆိတ်ပါပဲ။ နည်းလမ်းအချို့ကို သုံးနိုင်ရင်တောင်မှ ကောင်းကင်ကို ဆန့်ကျင်နိုင်မယ်လို့ ထင်နေတာကတော့ ကလေးကလားဆန်လွန်းရာ ကျတယ်"

သတ်ဖြတ်ခြင်းသားရဲနတ်ဘုရားကလည်း အေးစက်သောလေသံဖြင့် ဆိုလိုက်၏။

"ဒါဆိုရင် အင်မော်တယ်နယ်မြေကြီးရဲ့ သက်ရှိအားလုံးက မင်းတို့အပေါ် ထားရှိတဲ့ သွေးကြွေးကလဲ့စားချေမှုကို ကိုယ်တိုင်ကိုယ်ကျခခံစားကြည့်လိုက်ကြပါ"

ကျွင်းရှောင်ယောက် ပြောပြီးသည်နှင့် သူ၏ပုံရိပ်မှာ နတ်ဘုရားဓမ္မခန္ဓာအတွင်းသို့ တိုက်ရိုက် ပေါင်းစပ်သွားတော့သည်။

ဤနတ်ဘုရားဓမ္မခန္ဓာသည် အင်မော်တယ်နယ်မြေရှိ သက်ရှိအားလုံး၏ ယုံကြည်မှုစွမ်းအားကိုသာမကဘဲ သွေးယဇ်ပူဇော်ခြင်း စွမ်းအားအမြောက်အမြားကိုလည်း စုပ်ယူထားသည်။

ထို့ကြောင့်ပင် ဤနတ်ဘုရားဓမ္မခန္ဓာ၏ စွမ်းအားကို အင်မော်တယ်နယ်မြေရှိ သက်ရှိအပေါင်းတို့၏ စွမ်းအားဟု ဆိုနိုင်ပေသည်။

ထိုအတွက်ကြောင့် ဤသည်မှာ ယဇ်ဆရာသခင်များအပေါ် သက်ရှိအပေါင်းတို့၏ သွေးကြွေးကလဲ့စားချေမှုဖြစ်ကြောင်း ကျွင်းရှောင်ယောက်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"ဝုန်း"

နတ်ဘုရားဓမ္မခန္ဓာမှာ တုန်ခါသွားသည်။

ထို့နောက် လွမ်ကုပုဆိန်ကို ကိုင်ဆောင်ကာ ရှေ့သို့ ပြေးထွက်သွား၏။

နတ်ဘုရားဓမ္မခန္ဓာ၏ စွမ်းအားအရ လွမ်ကုပုဆိန်၏ စစ်မှန်သော စွမ်းအားကို ထုတ်ဖော်ရန် လုံလောက်သည်။

ပုဆိန်အလင်းတန်းများမှာ ကြယ်မြစ်များကဲ့သို့ ထွက်ပေါ်လာပြီး အရာအားလုံးကို လွှမ်းခြုံသွားတော့သည်။

တိုက်ပွဲကြီးက တစ်ဖန် စတင်ပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်က ပဉ္စမမြောက် ယဇ်ဆရာသခင် ဖြစ်နေခြင်းမှာ ကောင်းကင်ကိုးပါးအတွက် အမှန်တကယ် သေစေလောက်သော ထိုးနှက်ချက်ပင်။

ယဇ်ဆရာသခင် ငါးဦးစလုံးမှာ အလွန်အမင်း အစွမ်းထက်ကြသူများ ဖြစ်သည်။

ယခုမူ တစ်ဦးမှာ အင်မော်တယ်နယ်မြေဘက်မှ ဖြစ်နေပြီး အင်မော်တယ်နယ်မြေအတွက် တိုက်ခိုက်ပေးနေပြီ။

ယဇ်ဆရာသခင် ငါးဦးအနက် လေးဦးသာ ကျန်တော့သည်။

မြင့်မြတ်ဝိညာဉ်ဘိုးဘေးမှာ ပထမဆုံး ဝိုင်းရံတိုက်ခိုက်ခံရသည်။

ထို့နောက် ထပ်မံ၍ ချောင်းမြောင်းတိုက်ခိုက်ခြင်း ခံလိုက်ရ၏။

သူ၏ လက်ရှိ အခြေအနေမှာ အလွန် ဆိုးရွားသည်။

ယဇ်ဆရာသခင်တစ်ပါးအတွက် ဤကဲ့သို့သော အခြေအနေမျိုးမှာ လွန်စွာ ရှားပါးလှပေသည်။

ယဇ်ဆရာသခင်တစ်ဦး အကြီးအကျယ် ဒဏ်ရာရခဲ့သည့် နောက်ဆုံးအချိန်မှာ အဆုံးမဲ့ဧကရာဇ်နှင့် ပြန်လည်ဝင်စားခြင်းပင်လယ်၏ ယဇ်ဆရာသခင်တို့ တိုက်ခိုက်ခဲ့စဉ်က ဖြစ်သည်။

ယခုအခါ မြင့်မြတ်ဝိညာဉ်ဘိုးဘေးမှာ ထိုမြင်ကွင်းကို တစ်ဖန် ပြန်လည်ရင်ဆိုင်နေရပုံရပေသည်။

ကျွင်းရှောင်ယောက်က အရာအားလုံး၏မိခင်ချီဒယ်စောက်အိုးကို ဆင့်ခေါ်လိုက်သည်။

ထို့နောကမ အပိုင်းပိုင်းကွဲထွက်သွားသော အမှောင်မြင့်မြတ်ဝိညာဉ်၏ အစိတ်အပိုင်းများကို ၎င်းအတွင်းသို့ စုပ်ယူကာ ချေဖျက်စေလိုက်၏။

ထို့နောက် အရာအားလုံး၏မိခင်ချီဒယ်စောက်အိုးကိုပင် အသုံးပြု၍ ကျောက်ဧကရာဇ်၊ အင်မော်တယ်ရှေးဧကရာဇ်နှင့် အခြားသူများကို ဖိနှိပ်လိုက်ပြန်သည်။

သူတို့သည်လည်း အလစ်အငိုက် တိုက်ခိုက်ခံရမှုကြောင့် အကြီးအကျယ် ဒဏ်ရာရနေကြသူများပင်။

ဤအခိုက်တွင်၊ နတ်ဘုရားဓမ္မခန္ဓာ၏ တိုက်ခိုက်မှုကို ထပ်မံရင်ဆိုင်ရသောအခါ ကျောက်ဧကရာဇ်နှင့် အင်မော်တယ်ရှေးဧကရာဇ်တို့ မျက်နှာပျက်သွားကြသည်။

အခြားတစ်ဖက်တွင် နတ်ဘုရားဓမ္မခန္ဓာက လွမ်ကုပုဆိန်ကို ကိုင်ဆောင်ကာ မြင့်မြတ်ဝိညာဉ်ဘိုးဘေးကို တိုက်ခိုက်လိုက်၏။

ဤအခိုက်အတန့်တွင် ကျောက်ဧကရာဇ်နှင့် အခြားသူများကို ဖိနှိပ်ထားရင်း မြင့်မြတ်ဝိညာဉ်ဘိုးဘေးကိုပါ တစ်ပြိုင်နက်တည်း တိုက်ခိုက်နေသည့် ကျွင်းရှောင်ယောက်၏ သတ္တိဗျတ္တိတို့မှာ စိတ်ကူးရန်ပင် ခက်ခဲသည်။

ဟွမ်နျဲ့တောက်နှင့် ကျောက်ဧကရာဇ်လေးတို့မှာမူ ကျောက်ဖြစ်နေကြပြီ။

ယခုအခါ သူတို့က ဟာသတစ်ခုလို ဖြစ်လာသည်။

မဟုတ်သေး... ရယ်စရာ ဟာသတစ်ခုထက်တောင် ပိုပြီး ရယ်စရာကောင်းနေသေးသည်။

သူတို့သည် ယခင်က ကျွင်းရှောင်ယောက်ကို လှောင်ပြောင်ခဲ့ကြသည်။

ယခုတော့ ကျွင်းရှောင်ယောက်က သူတို့၏ ဖခင်များကိုပင် အရေခွံဆုတ်နေကြပြီ။

သူတို့၏ လောကအသိအမြင်များမှာ ပြိုလဲလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

သူတို့ အလွန်အထင်ကြီးပြီး လေးစားခဲ့ရသော ဖခင်များမှာ ယခုအခါ အလွန်သနားစဖွယ် အခြေအနေသို့ ရောက်ရှိနေသည်။

ဤသည်မှာ မယုံနိုင်စရာကောင်းလွန်းသဖြင့် အိပ်မက်တစ်ခုလိုပင် ခံစားနေရတော့သည်။

All Chapters