← Chapters

အခန်း ၁၅၄၉

Vol. 108 Ch. 1549

အခန်း ၁၅၄၉

Vol. 108 Ch. 1549

အခန်း ( ၁၅၄၉ ) အဆုံးမဲ့ဧကရာဇ် ပြန်ရောက်လာပြီ။

ကျယ်လောင်သော ခေါင်းလောင်းသံများက ကောင်းကင်ကိုးပါးနှင့် အင်မော်တယ်နယ်မြေ တစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။

၎င်းသည် တစ်ချိန်က အလွန်ကြီးမြတ်ပြီး အမြင့်ဆုံးသော တည်ရှိမှုတစ်ခုကို ပင့်ဖိတ်နေသကဲ့သို့ပင်။

ထိုပုဂ္ဂိုလ်ကို အင်မော်တယ်နယ်မြေရှိ ဝိညာဉ်အားလုံးက ရိုသေလေးစားကြပြီး အစောင့်အရှောက်နတ်ဘုရားအဖြစ် မှတ်ယူထားကြသည်။

သူကား အဆုံးမဲ့ဧကရာဇ်ပင် ဖြစ်တော့သည်။

ခေါင်းလောင်းသံကို ကြားလိုက်ရချိန်တွင် သက်ရှည်ခြင်းဧကရာဇ်၏ ထိုးနှက်ရန် ပြင်နေသော လက်ညှိုးမှာ ရုတ်တရက် တုံ့ဆိုင်းသွားသည်။

အဆုံးမဲ့ခေါင်းလောင်းဘက်သို့ လှည့်ကြည့်လိုက်ရာ သူ့မျက်ဝန်းများထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု ဝေ့သီသွား၏။

"မင်းရဲ့သခင်က ဒီမှာတောင် မရှိဘဲနဲ့ မင်းက အင်မော်တယ်တံခါးကို ဖိနှိပ်နိုင်မယ်လို့ ထင်နေတာလား"

ပြောဆိုပြီးသည်နှင့် သက်ရှည်ခြင်းဧကရာဇ်က အဆုံးမဲ့ခေါင်းလောင်းကို လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်တော့သည်။

"ဒေါင်"

ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေသော အသံကြီး ထွက်ပေါ်လာသည်။

အဆုံးမဲ့ခေါင်းလောင်းထံမှ အတိုင်းအဆမရှိသော နတ်ဘုရားအလင်းတန်းများ ပွင့်ထွက်လာပြီး အရာအားလုံးကို ဝါးမြိုတော့မည့်အလား အရှိန်အဟုန်ဖြင့် စီးဆင်းလာ၏။

သက်ရှည်ခြင်းဧကရာဇ်မှာမူ တစ်လျှောက်လုံး တည်ငြိမ်သောအမူအရာဖြင့် ရှိနေသည်။

သူသည် အဆုံးမဲ့ခေါင်းလောင်းကို တိုက်ရိုက်ရိုက်ခွဲဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် ထပ်ခါတလဲလဲ တိုက်ခိုက်နေ၏။

ဤသည်မှာ အင်မော်တယ်အဆင့် လက်နက်တစ်ခုဖြစ်ကြောင်း သိထားကြသင့်သည်။

ဧကရာဇ်လက်နက်များကိုပင် ဖျက်ဆီးရန် အလွန်ခက်ခဲနေပြီ။

ထို့ထက်၊ ဤအရာမှာ စစ်မှန်သော အင်မော်တယ်အဆင့်လက်နက် ဖြစ်သည်။

သို့သော်လည်း သက်ရှည်ခြင်းဧကရာဇ်ကမူ အဆုံးမဲ့ခေါင်းလောင်းကို ရိုက်ခွဲရန်သာ ဇွဲနပဲဖြင့် ကြိုးစားနေဆဲပင်။

သူ ရိုက်ထုတ်လိုက်သည့် အကြိမ်တိုင်းတွင် ဟင်းလင်းပြင်ကို ပြိုကွဲစေသော အသံလှိုင်းများ ထွက်ပေါ်လာရသည်။

အဆုံးမဲ့ခေါင်းလောင်းသည်လည်း ပြင်းထန်စွာ ပြန်လည်ခုခံနေပြီး ၎င်းအတွင်းမှ ဝေဝါးသော ပုံရိပ်တစ်ခုပင် ထွက်ပေါ်လာ၏။

၎င်းက အဆုံးမဲ့ခေါင်းလောင်း၏ လက်နက်ဝိညာဉ်ပင်။

သူဟာ ရှိသမျှစွမ်းအားဖြင့် ခုခံနေခြင်း ဖြစ်သည်။

တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာသော ခေါင်းလောင်းသံများက ကောင်းကင်နှင့် မြေပြင်ကြားတွင် ပဲ့တင်ထပ်လျက် ရှိ၏။

အင်မော်တယ်နယ်မြေရှိ ရေတွက်၍မရနိုင်သော သက်ရှိများလည်း ထိုအသံကို ကြားရသောအခါ ဒူးထောက်လိုက်ကြပြီး မျက်ရည်များ စီးကျလာကြတော့သည်။

"အဆုံးမဲ့ မဟာဧကရာဇ် အရှင်... ကျေးဇူးပြုပြီး ပြန်လာပြီး အင်မော်တယ်နယ်မြေက ပြည်သူတွေကို ကယ်တင်ပေးပါ"

"အဆုံးမဲ့ဧကရာဇ်... အင်မော်တယ်နယ်မြေက အရှင့်ကို လိုအပ်နေပါပြီ"

နှစ်ခြမ်းကွဲသွားသော ချင်းထျန်း အင်မော်တယ်တယ်နယ်မြေတွင် အသက်ရှင်ကျန်ရစ်သူ အနည်းငယ် ရှိနေသည်။

သူတို့၏ရှေ့တွင် ချစ်သူများ၊ ဆွေမျိုးများ၊ သားသမီးများနှင့် မိဘများ၏ ရုပ်အလောင်းများ ရှိနေ၏။

ခေါင်းလောင်းသံကို ကြားပြီးနောက်...

သူတို့သည်လည်း ကောင်းကင်ကို မော့ကြည့်ကာ ရင်နင့်ဖွယ်ရာ ငိုကြွေးရင်း အော်ဟစ်လိုက်ကြတော့သည်။

"အဆုံးမဲ့ဧကရာဇ်အရှင်... ကျေးဇူးပြုပြီး ပြန်လာပေးပါ"

"ဒီမငြိမ်မသက်မှုတွေကို ရပ်တန့်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ ရှိသမျှ အားလုံးကို ပေးဆပ်ဖို့ အသင့်ပါပဲ"

ဤအခိုက်အတန့်တွင် ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေတစ်ခုလုံးရှိ ရေတွက်မရသော သက်ရှိများက မြေပြင်ပေါ်တွင် ဒူးထောက်ကာ အဆုံးမဲ့ဧကရာဇ် ပြန်လာရန် တောင်းပန်လိုက်ကြသည်။

အဆုံးမဲ့ဧကရာဇ် သေဆုံးခြင်းမရှိသေးကြောင်း သူတို့ သိထားကြ၏။

ပြီးခဲ့သည့်အကြိမ်က မငြိမ်မသက်မှုများကို အဆုံးမဲ့ဧကရာဇ်က နှိမ်နင်းပေးခဲ့သည်။

ထို့နောက် သူ၏ချစ်သူ အနောက်ပိုင်း မယ်ဘက်ဘုရင်မကို ရေခဲခေါင်းတလားထဲတွင်ထည့်ကာ ကျောမှာပိုး၍ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်လေသည်။

သို့သော်လည်း အင်မော်တယ်နယ်မြေရှိ ဝိညာဉ်အားလုံးကမူ အဆုံးမဲ့ဧကရာဇ်က သေဆုံးခြင်းမရှိဘဲ အသက်ရှင်နေဆဲဖြစ်ကြောင်း ယုံကြည်ထားကြသည်။

ရေတွက်၍မရနိုင်သော သက်ရှိတို့၏ ဆုတောင်းသံများက ကြီးမားလှသော စိတ်စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ ပြန့်နှံ့သွားတော့သည်။

ထိုစိတ်စွမ်းအားကို ခံစားလိုက်ရသည့်အလား သက်ရှည်ခြင်းဧကရာဇ်၏ တည်ငြိမ်သော မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ... မင်းတို့ ပုရွက်ဆိတ်တွေက သူတစ်ပါးလာကယ်တာကိုပဲ တောင်းပန်ပြီး စောင့်နေတတ်ကြတယ်။ ဒီလိုဆိုမှတော့ ဒီဧကရာဇ်က မင်းတို့ရဲ့ အတုအယောင် မျှော်လင့်ချက်ကို ကိုယ်တိုင် ရိုက်ခွဲဖျက်ဆီးပေးလိုက်မယ်"

ပြောပြီးသည်နှင့် သက်ရှည်ခြင်းဧကရာဇ်က လက်ကို မြှောက်လိုက်သည်။

သက်ရှည်ခြင်းဘီးက လှိမ့်တက်သွားပြီးနောက် အဆုံးမဲ့ခေါင်းလောင်းထံသို့ ဝင်ဆောင့်လိုက်၏။

ဤတိုက်ခိုက်မှုက ဟင်းလင်းပြင်ကို ချက်ချင်း ထိုးဖောက်သွားပြီး အဆုံးမဲ့ခေါင်းလောင်းကို အမှန်တကယ် ရိုက်ခွဲရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အချိန်ကာလမှာ ရပ်တန့်သွားပုံရသည်။

ကောင်းကင်နှင့် မြေပြင်ကြားရှိ အရာအားလုံး၊ သက်ရှိအားလုံးနှင့် ဝိညာဉ်အားလုံးက ဤမြင်ကွင်းကို ကြည့်နေကြ၏။

အကယ်၍ အဆုံးမဲ့ခေါင်းလောင်းသာ အမှန်တကယ် ကွဲကြေသွားပါက သူတို့၏ ယုံကြည်မှုတစ်ခု ပြိုလဲသွားလိမ့်မည်။

သို့သော် ထိုအချိန်တွင်...

ကျွင်းရှောင်ယောက်က သူ၏နှလုံးသားထဲတွင် တုန်ခါမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

သူ၏အကြည့်မှာ နယ်နိမိတ်ပင်လယ်ရှိရာဘက်သို့ အလိုအလျောက် လှည့်ကြည့်မိသွား၏။

ဟင်းလင်းပြင်ထဲတွင် ဝေဝါးသော လှိုင်းတွန့်တစ်ခု ပြန့်နှံ့သွားပုံရသည်။

"သူ... ရောက်လာပြီ..."

ကျွင်းရှောင်ယောက်က အလိုအလျောက် ရေရွတ်လိုက်မိလေသည်။

အဆုံးမဲ့ဧကရာဇ်က နောက်ဆုံးတွင် နယ်နိမိတ်ပင်လယ်ကမ္ဘာသို့ သွားခဲ့ကြောင်း ကျွင်းရှောင်ယောက်တစ်ဦးတည်းသာ သိထားသည်။

အကြောင်းမှာ ယခင်က သူသည် နယ်နိမိတ်မဲ့ကောင်းကင်နယ်မြေမှတစ်ဆင့် ဆည်ကမ္ဘာသို့ လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်ကို ရှာဖွေရန် သွားခဲ့စဉ်တွင်...

မမျှော်လင့်ဘဲ အဆုံးမဲ့ဧကရာဇ်၏ ကျမ်းစာကို ရရှိခဲ့သလို အဆုံးမဲ့ဧကရာဇ် ချန်ထားခဲ့သော ခြေရာကိုလည်း မြင်တွေ့ခဲ့ရသည်။

ထိုစဉ်က သူသည် ရေခဲခေါင်းတလားရှေ့တွင် ဒူးထောက်ကာ ငိုကြွေးနေခဲ့၏။

ထိုအချိန်က အဆုံးမဲ့ဧကရာဇ်သည် နောက်ဆုံးတွင် နယ်နိမိတ်ပင်လယ်သို့ သွားခဲ့ပြီဖြစ်ကြောင်း ကျွင်းရှောင်ယောက် သိခဲ့ရပေသည်။

ဤအခိုက်အတန့်တွင် ကျွင်းရှောင်ယောက်က ထိုရင်းနှီးသော အငွေ့အသက်ကို ခံစားလိုက်ရသည်။

အကြောင်းမှာ သူနှင့် အဆုံးမဲ့ဧကရာဇ် နှစ်ဦးစလုံးကမြင့်မြတ်ခန္ဓာ တာအိုသန္ဓေ ပိုင်ရှင်များ ဖြစ်ကြသောကြောင့်ပင်။

ထိုအချိန်တွင် သက်ရှည်ခြင်းဧကရာဇ်က အဆုံးမဲ့ခေါင်းလောင်းပေါ်သို့ ကျရောက်တော့မည့် သက်ရှည်ခြင်းဘီးကို အသက်သွင်းလိုက်သည်။

"အဆုံးမဲ့... ငါက မင်းပြန်လာပြီး ငါနဲ့တိုက်ခိုက်မှာကို မျှော်လင့်နေမိတယ်။ ဒါပေမဲ့... မင်းကိုယ်တိုင် ရောက်လာရင်တောင်မှ ဒီဧကရာဇ်က အင်မော်တယ်တံခါးဖွင့်တာကို မတားနိုင်ဘူး"

သူက စကားပြောပြီးသည်နှင့် သက်ရှည်ခြင်းဘီးက အဆုံးမဲ့ခေါင်းလောင်းကို ရိုက်ချလိုက်သည်။

ထိုစဉ်...

"ဟုတ်လား"

အနည်းငယ် အက်ရှရှနိုင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအခိုက်အတန့်တွင် ကမ္ဘာကြီးတစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့၏။

အနည်းငယ် ကြမ်းတမ်းပြီး အချိန်ကာလ၏ တိုက်စားမှုဒဏ်ရာများဖြင့် ပြည့်နှက်နေသော လက်တစ်ဖက်က အဆုံးမဲ့ခေါင်းလောင်းပေါ်သို့ ညင်သာစွာ တင်လိုက်သည်။

အနှိုင်းမဲ့ တောက်ပသော မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ၏ စွမ်းအားများမှာလည်း အဆုံးမဲ့ခေါင်းလောင်းအတွင်းသို့ ချက်ချင်း စီးဝင်သွားတော့သည်။

"ဒေါင်"

ခေါင်းလောင်းမြည်သံတစ်ချက် မြည်ဟည်းလာပြီး ကောင်းကင်တစ်ခုလုံး တုန်ခါသွားသည်။

ထိုခေါင်းလောင်းသံသည် ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်သွားပြီး အရပ်မျက်နှာ ရှစ်ခွင်လုံးကို သန့်စင်ပေးလိုက်၏။

ဤအခိုက်အတန့်တွင် မျက်လုံးမှိတ်၍ ဆုတောင်းနေကြသော သက်ရှိအားလုံးမှာ မျက်လုံးများ ဖွင့်ကြည့်လိုက်ကြပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြတော့သည်။

မရေမတွက်နိုင်သော အကြည့်များက ကောင်းကင်ယံသို့ ကျရောက်သွားကြသည်။

တားမြစ်နယ်မြေဘက်မှ ယဇ်ဆရာသခင်ဖြစ်စေ၊ အင်မော်တယ်နယ်မြေဘက်မှ အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်စေ...

ထိုအခိုက်အတန့်တွင် လူတိုင်းက ၎င်းဆီသို့ ပြိုင်တူ ကြည့်လိုက်ကြ၏။

အလင်းတန်းများ လွှမ်းခြုံထားသော ပုံရိပ်တစ်ခုက နောက်ဆုံးတွင် ဟင်းလင်းပြင် အလွှာပေါင်းများစွာကို ထိုးဖောက်ဝင်ရောက်လာတောါသည်။

ခြေတစ်ဖက်က ကောင်းကင်ကိုးပါး အပျက်အစီးများအတွင်းသို့ လှမ်းဝင်လိုက်ပြီး ကျန်လက်တစ်ဖက်ကမူ အဆုံးမဲ့ခေါင်းလောင်းပေါ်တွင် တင်ထားလိုက်သည်။

ချက်ချင်းပင်....

"ဒေါင်"

ထိတ်လန့်ဖွယ်ကောင်းအောင် နိယာမများက မြေပြင်အနှံ့သို့ ပြန့်နှံ့သွားပြီး ဧရာမလှိုင်းလုံးကြီးများကို လွင့်လာတော့သည်။

သက်ရှည်ခြင်းဘီးမှာလည်း အမှန်တကယ်ပင် လွင့်ထွက်သွားခဲ့ရသည်။

"အဆုံးမဲ့"

သက်ရှည်ခြင်းဧကရာဇ်က အေးစက်စွာ ရေရွတ်လိုက်သည်။

အဆုံးမဲ့ခေါင်းလောင်း၏ နောက်ကွယ်မှ ထိုပုံရိပ်က တောက်ပသော အလင်းတန်းများကြားမှ ထွက်ပေါ်လာသည်။

သူ၏ မီးခိုးရောင် ဆံပင်များက လေထဲတွင် ဝေ့ဝဲနေ၏။

သူ၏မျက်ဝန်းများတွင်မူ အချိန်ကာလ၏ အတက်အကျများ ပြည့်နှက်နေသည်။

သူသည် မုတ်ဆိတ်ရှည်များရှိပြီး သူ၏မျက်နှာမှာလည်း ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်တို့ ပေါ်နေလေသည်။

အကယ်၍သာ ဤအခိုက်အတန့်တွင် အဆုံးမဲ့ခေါင်းလောင်း၏ နောက်ကွယ်၌ ပေါ်မလာခဲ့လျှင်...

လူတိုင်းက သူ့ကို လောကအလယ်တွင် လမ်းပျောက်နေသော သက်လတ်ပိုင်းအရွယ် အရူးအမျိုးသားတစ်ဦးဟု ထင်မှတ်ကြမည်မှာ သေချာသည်။

သို့သော် ယခုမူ အဆုံးမဲ့ခေါင်းလောင်းနောက်တွင် ရပ်နေသော သူ့ပုံရိပ်က ရွှေရောင် မြင့်မြတ်ခန္ဓာတာမိုသန္ဓေ စွမ်းအားများဖြင့် ထွန်းလင်းတောက်ပနေခဲ့ပြီ။

ထိုစွမ်းအားက ကောင်းကင်နှင့် မြေပြင်ကို တုန်ခါစေပြီး စကြဝဠာကြီးကိုပါ တုန်လှုပ်စေသည်။

ဤနတ်ဘုရားဆန်သော စွမ်းအားက သူ၏ လောကဓံ၏ ရိုက်ခတ်မှုဒဏ်ရာများဖြင့် နွမ်းနယ်နေသော အခြေအနေနှင့် လုံးဝ မတူပေ။

သူကား အခြားသူမဟုတ်ဘဲ အဆုံးမဲ့ဧကရာဇ်ပင် ဖြစ်သည်။

"အရှင်"

"အဆုံးမဲ့မဟာဧကရာဇ် အရှင်"

အင်မော်တယ်နယ်မြေရှိ သက်ရှိအားလုံးမှာ ပထမဦးစွာ မှင်တက်သွားကြပြီးနောက် ရုတ်တရက် ရူးသွပ်မတတ် အော်ဟစ်လိုက်ကြသည်။

ခေတ်တစ်ခု၏ ဒဏ္ဍာရီ...

အင်မော်တယ်နယ်မြေ၏ အစောင့်အရှောက် ဖြစ်သော အဆုံးမဲ့ဧကရာဇ် ပြန်လာခဲ့ပြီ။

ဤသည်မှာ မည်မျှ စိတ်လှုပ်ရှားစရာကောင်းပြီး အားတက်စရာကောင်းသည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲသည်။

မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းလာခဲ့သော ဒဏ္ဍာရီတစ်ခုသည် ယခုအခါ သူတို့၏ မျက်စိရှေ့မှောက်တွင် အသက်ဝင်လာခဲ့ပြီ။

သူသည် ယခင်ကကဲ့သို့ ခန့်ညားထည်ဝါပြီး အတုမဲ့သော အရှိန်အဝါများ ရှိမနေတော့ပေ။

ယခုအခါ သူက အနည်းငယ် နွမ်းနယ်ပြီး အားနည်းနေသလိုပင် ထင်ရသည်။

သို့သော်လည်း ကောင်းကင်ဘုံကို တုန်ခါစေပြီး ကောင်းကင်ကိုးပါးကို ခြောက်ခြားစေသော ထိုအံ့မခန်းစွမ်းအားကိုမူ ဖုံးကွယ်၍ မရနိုင်ချေ။

သူ၏နောက်ကျောမှာတောါ ရေခဲခေါင်းတစ်ခုကို ကျောပိုးထားသည်။

၎င်းမှာ အနောက်ပိုင်း မယ်တော်ဘုရင်မ လဲလျောင်းအနားယူရာ ရေခဲခေါင်းတလားပင်။

"သက်ရှည်ခြင်းဧကရာဇ်... ငါဒီမှာ ရှိနေသရွေ့ မင်းကို အင်မော်တယ်နယ်မြေမှာ ဒီလောက် ရိုင်းစိုင်းခွင့် မပေးနိုင်ဘူး"

အဆုံးမဲ့ဧကရာဇ်၏ အသံမှာ အနည်းငယ် အက်ရှရှ ဖြစ်နေသည်။

သူသည် လောကဓံ ရိုက်ခတ်မှုဒဏ်များဖြင့် နွမ်းနယ်နေပုံရသော်လည်း သူ၏ ထူးကဲသော စွမ်းအားနှင့် အနှိုင်းမဲ့ သူရဲကောင်းဆန်မှုမှာ ရှိနေသေးသည်။

"အဆုံးမဲ့... မင်း အိုမင်းသွားပြီပဲ။ မင်းရဲ့နှလုံးသားက သေဆုံးနေတာ ကြာပြီ မဟုတ်လား။ မင်းက တစ်သက်တာလုံး မငြိမ်မသက်မှုတွေကို နှိမ်နင်းခဲ့ပေမဲ့ အခုတော့ အရာရာကို ပြောင်းလဲဖို့ မင်းမှာ စွမ်းအားမရှိတော့ဘူး"

အဆုံးမဲ့ဧကရာဇ် ပြန်လည်ပေါ်ထွက်လာသည့်တိုင်အောင် သက်ရှည်ခြင်းဧကရာဇ်၏ အမူအရာမှာ များစွာ ပြောင်းလဲခြင်း မရှိပေ။

အဆုံးမဲ့ဧကရာဇ်သည်လည်း စကားများများ မပြောတော့ပါ။

သူက လက်ဝါးကို မြှောက်လိုက်ရာ အဆုံးမဲ့ခေါင်းလောင်းက သူ၏ တိုက်ခိုက်မှုနောက်သို့ ချက်ချင်း လိုက်ပါသွားတော့သည်။

ကျွင်းရှောင်ယောက်၏ ခန့်မှန်းမှာက မှန်ကန်ခဲ့သည်။

ဤအဆုံးမဲ့ခေါင်းလောင်းက အမှန်တကယ် နှိုးစက်တစ်ခုကဲ့သို့ပင်။

အင်မော်တယ်တံခါး ပေါ်လာသည့်အခါတွင် အသံမြည်လာခြင်းဖြစ်ပြီး အခြားသော မငြိမ်မသက်မှု ခေတ်တစ်ခု စတင်တော့မည်ဖြစ်ကြောင်း အဆုံးမဲ့ဧကရာဇ်ကို သတိပေးခြင်း ဖြစ်သည်။

အဆုံးမဲ့ဧကရာဇ်၏ အစစ်အမှန်ခန္ဓာ ပေါ်ထွက်လာခြင်းက အင်မော်တယ်နယ်မြေအတွက် ကြီးမားသော မျှော်လင့်ချက်တစ်ခု ဖြစ်လာစေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

အဆုံးမဲ့ဧကရာဇ်နှင့် သက်ရှည်ခြင်းဧကရာဇ်တို့၏ တိုက်ပွဲသည် အင်မော်တယ်နယ်မြေရှိ သက်ရှိအားလုံး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။

All Chapters