← Chapters

အခန်း ၁၅၅၀

Vol. 108 Ch. 1550

အခန်း ၁၅၅၀

Vol. 108 Ch. 1550

အခန်း ( ၁၅၅၀ ) ပြန်လည်ဝင်စားခြင်းပင်လယ်မှ အထွတ်အထိပ်အရှင် နိုးထလာခြင်း။

ယခုအခါ နယ်ပယ်နှစ်ခု၏ ကံကြမ္မာက ဤပုဂ္ဂိုလ်နှစ်ဦးအပေါ်တွင် မူတည်နေပြီ။

ကောင်းကင်ကိုးပါး၏ ပထမဆုံးသော ယဇ်ဆရာသခင်... သက်ရှည်ခြင်းဧကရာဇ်သည် ပေါ်ထွက်လာသည်နှင့် အင်မော်တယ်နယ်မြေတစ်ခုကို တစ်ချက်တည်းဖြင့် နှစ်ခြမ်းခွဲပစ်ခဲ့သည်။

လက်ဝါးတစ်ချက်ဖြင့်ပင် နယ်မြေတစ်ခုလုံးရှိ သက်ရှိအားလုံးကို သုတ်သင်ပစ်ခဲ့၏။

သူသည် ဖျက်ဆီးခြင်း၏ နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ပင်။

အဆုံးမဲ့ဧကရာဇ်မှာမူ နယ်နိမိတ်ပင်လယ်မှ ပြန်လာခဲ့ခြင်းဖြစ်ပြီး ပို၍ပင် နွမ်းနယ်နေပုံရသည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် အင်မော်တယ်နယ်မြေအတွက် နောက်တစ်ကြိမ် တိုက်ပွဲဝင်နေချိန်၌...

သူ့တကိုယ်လုံးက သူရဲကောင်းဆန်သော စိတ်ဓာတ်များဖြင့် ပြည့်နှက်နေပြီး ကောင်းကင်ကိုးပါးကိုပင် တုန်ခါစေခဲ့ပေသည်။

အဆုံးမဲ့ဧကရာဇ်က အဆုံးမဲ့ခေါင်းတလားကို လက်တွင်ကိုင်ဆောင်ထားသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေရောင်နတ်ဘုရားအလင်းတန်းများဖြင့် ရစ်ပတ်ထား၏။

သူဟာ စစ်မှန်သော မြင့်မြတ်ခန္ဓာ တာအိုသန္ဓေကို ပိုင်ဆိုင်ထားပြီး သမိုင်းတစ်လျှောက်မှ အခြားသူအားလုံးကို ကျော်လွန်ခဲ့သော အတုမဲ့ခန္ဓာမျိုး ဖြစ်သည်။

သူသည် တစ်ချိန်က ပြန်လည်ဝင်စားခြင်းပင်လယ်၏ ပဉ္စမြောက် ယဇ်ဆရာသခင်ကိုပင် အိပ်စက်သွားအောင် ပြုလုပ်နိုင်ခဲ့ပေသည်။

သက်ရှည်ခြင်းဧကရာဇ်ကမူ ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခုဖြစ်ကာ ယဇ်ဆရာသခင် ငါးဦး၏ ခေါင်းဆောင်ဖြစ်သည်။

ဤကိစ္စအားလုံး၏ နောက်ကွယ်မှ တကယ့် ကြိုးကိုင်သူဟုလည်း ဆိုနိုင်ပေသည်။

အခြားသော ယဇ်ဆရာသခင် သုံးဦးမှာမူ အလွန်အစွမ်းထက်ကြသော်လည်း သက်ရှည်ခြင်းဧကရာဇ်နှင့် နှိုင်းယှဉ်လျှင် အခြေခံကျသော ကွာခြားချက် ရှိနေသေးသည်။

အထွတ်အထိပ် အကျော်အမော်နှစ်ဦး ထိပ်တိုက်တွေ့သွားကြသည်။

သေးငယ်သော လှိုင်းတွန့်လေးတစ်ခုကပင် ဟင်းလင်းပြင်ကျယ်ကြီးကို ပြိုကျပျက်စီးစေနိုင်ပေသည်။

ကွေ့ရှအပျက်အယွင်းရှိ ထူးခြားသော လောကစည်းမျဉ်းများပင်လျှင် ဤပုဂ္ဂိုလ်နှစ်ဦး၏ တိုက်ပွဲဒဏ်ကို မခံနိုင်ချေ။

၎င်းက ရေကန်လေးတစ်ခုကဲ့သို့ ဖြစ်ပြီး စစ်မှန်သော နဂါးနှစ်ကောင်၏ တိုက်ခိုက်မှုကို မထိန်းထားနိုင်ပါ။

ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ ကွေ့ရှအပျက်အယွင်း ဖြစ်ခဲ့သည်။

အကယ်၍ အင်မော်တယ်နယ်မြေတွင် ဖြစ်ခဲ့ပါက... မိုင်ပေါင်း သန်းနှင့်ချီသော ကြယ်ကောင်းကင်မှာ ချက်ချင်း ပျက်စီးသွားလိမ့်မည်။

ထိုကဲ့သို့သော တိုက်ပွဲမျိုးက သွေးများကိုပင် ဆူပွက်စေနိုင်ပြီး စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။

"အဆုံးမဲ့... သူ ဘယ်လိုပေါ်လာတာလဲ"

မြင့်မြတ်ဝိညာဉ်ဘိုးဘေးနှင့် အခြားသူများ၏ မျက်နှာမှာ မကောင်းလှပေ။

သက်ရှည်ခြင်းဧကရာဇ် ပေါ်လာချိန်တွင် အခြေအနေမှာ လုံးဝ တည်ငြိမ်သွားပြီဟု သူတို့ ထင်ထားခဲ့ကြသည်။

ယခုတော့ အဆုံးမဲ့ဧကရာဇ် ပြန်လည်ပေါ်ထွက်လာခြင်းကြောင့် အခြေအနေများမှာ မရေမရာ ဖြစ်လာပြန်တော့သည်။

သူတို့၏ အမြင်အရ အဆုံးမဲ့ဧကရာဇ်သည် သက်ရှည်ခြင်းဧကရာဇ်ကို မယှဉ်နိုင်သော်လည်း...

အနည်းဆုံးတော့ သူဟာ အင်မော်တယ်နယ်မြေအတွက် အင်အားသစ်တစ်ခု ဖြစ်လာစေနိုင်သေးသည်။

တစ်ချိန်တည်းမှာပင် အင်မော်တယ်နယ်မြေဘက်တွင် ရေတွက်၍မရနိုင်သော သက်ရှိများက စိုးရိမ်ပူပန်စွာဖြင့် စောင့်ကြည့်နေကြပြီး အဆုံးမဲ့ဧကရာဇ်အတွက် တိတ်တဆိတ် ဆုတောင်းပေးနေကြသည်။

အကယ်၍ အဆုံးမဲ့ဧကရာဇ်ပင် သက်ရှည်ခြင်းဧကရာဇ်ကို မတားနိုင်ပါက အင်မော်တယ်နယ်မြေမှာ အမှန်တကယ် အခြေအနေဆိုးလိမ့်မည်။

အင်မော်တယ်နယ်မြေ ကိုးခုလုံး မပျက်စီးလျှင်ပင်...

အနည်းဆုံးတော့ သက်ရှိ ကိုးဆယ်ရာခိုင်နှုန်းခန့်မှာ သုတ်သင်ခံရမည် ဖြစ်သည်။

၎င်းမှာ စစ်မှန်သော မျိုးသုဉ်းသတ်ဖြတ်မှုကြီးပင်။

ဤမငြိမ်မသက်မှုက သမိုင်းတစ်လျှောက် ကြောက်မက်ဖွယ်အကောင်းဆုံးသော ကပ်ဆိုးကြီးဟု အမှန်တကယ် ခေါ်ဆိုထိုက်သည်။

ဤအတွက် ကျွင်းရှောင်ယောက်သည်လည်း အာရုံစိုက်နေရပေသည်။

သို့သော်လည်း သူဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

အဆုံးမဲ့ဧကရာဇ်သည် အလွန်သန်မာသော အရှိန်အဝါရှိသော်လည်း တစ်ခုခု လိုအပ်နေသကဲ့သို့ သူ အမြဲတမ်း ခံစားနေရသည်။

ကျွင်းရှောင်ယောက်က ထိုကဲ့သို့ ခံစားနိုင်ခြင်းမှာတော့...

သူကိုယ်တိုင်လည်း မြင့်မြတ်ခန္ဓာ တာအိုသန္ဓေကို ပိုင်ဆိုင်ထားပြီး အဆုံးမဲ့ဧကရာဇ်ကျမ်းကို လေ့ကျင့်ထားသောကြောင့် ဖြစ်လိမ့်မည်။

'ဘာလိုဖြစ်တာလဲ... ဆရာကြီး အဆုံးမဲ့က နယ်နိမိတ်ပင်လယ်မှာ တစ်ခုခု ဖြစ်ခဲ့တာလား'

ကျွင်းရှောင်ယောက်က မျက်မှောင်ကြုတ်ကာ ၎င်းမှာ ဖြစ်နိုင်ချေရှိသည်ဟု တွေးလိုက်မိသည်။

နယ်နိမိတ်ပင်လယ်မှာ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ကျယ်ပြောလွန်းသည်။

ဧကရာဇ်များပင်လျှင် ဖြတ်ကျော်ရန် ခက်ခဲပြီး အသက်အန္တရာယ် ရှိနိုင်ပေသည်။

အဆုံးမဲ့ဧကရာဇ်၏ ကမ္ဘာကြီးကို ကယ်တင်လိုသော ဂရုဏာစိတ်နှင့်ဆိုလျှင် ထူးခြားသောအရာတစ်ခုခုနှင့် ကြုံတွေ့ခဲ့ရနိုင်ခြေများသည်။

ကျွင်းရှောင်ယောက်က ထိုသို့ တွေးတောနေစဉ်မှာပင်...

ရုတ်တရက်၊ ကောင်းကင်ယံထက်မှ နောက်ထပ် ထူးဆန်းသော လှုပ်ရှားမှုတစ်ခု ကြားလိုက်ရပြန်သည်။

ထိုအသံမှာ ပြန်လည်ဝင်စားခြင်းပင်လယ်ဘက်မှ လာခြင်း ဖြစ်၏။

အလွန်အစွမ်းထက်သော်လည်း ဖရိုဖရဲဖြစ်နေသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံကို လွှမ်းခြုံသွားတော့သည်။

"ငါတို့မျိုးနွယ်ရဲ့ အထွတ်အထိပ်အရှင် နိုးထလာတော့မယ်"

ပြန်လည်ဝင်စားခြင်းပင်လယ်မှ ဧကရာဇ်များက အံ့ဩဝမ်းသာသွားကြသည်။

ယခင်က သူတို့၏ အထွတ်အထိပ်အရှင်သည် ဤခေတ်တွင် နိုးထလာနိုင်ကြောင်း သူတို့ ခန့်မှန်းခဲ့ကြသော်လည်း အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

သို့သော်လည်း ပြန်လည်ဝင်စားခြင်းပင်လယ်၏ အထွတ်အထိပ်စွမ်းအားမှာ အဘယ်ကြောင့် ယခုမှ လှုပ်ရှားမှု ရှိလာရသနည်း။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ၊ ၎င်းက အဆုံးမဲ့ဧကရာဇ်၏ အရှိန်အဝါကို ခံစားလိုက်ရသောကြောင့် ဖြစ်လိမ့်မည်။

နောက်ဆုံးတွင်၊ အဆုံးမဲ့ဧကရာဇ်က ပြန်လည်ဝင်စားခြင်းပင်လယ်၏ အထွတ်အထိပ်အရှင်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့ပြီး အိပ်ပျော်သွားအောင် ပြုလုပ်ခဲ့သော ရန်သူတော်ကြီးပင် မဟုတ်ပါလား။

အဆုံးမဲ့၏ အရှိန်အဝါကို ခံစားလိုက်ရချိန်တွင် ပင်ကိုယ်ဗီဇအရ ကပ်ငြိနေသော ကလဲ့စားချေလိုစိတ်နှင့် မုန်းတီးမှုများကြောင့် ပြန်လည်နိုးထလာခြင်း ဖြစ်နိုင်သည်။

"ဘာတွေဖြစ်နေတာလဲ... ကောင်းကင်ကိုးပါးမှာ နောက်ထပ် ယဇ်ဆရာသခင်တစ်ဦး ရှိနေသေးတာလား"

ပြန်လည်ဝင်စားခြင်းပင်လယ်မှ ပွင့်ထွက်လာသော ကြောက်မက်ဖွယ် အရှိန်အဝါမှာ သက်ရှည်ခြင်းဧကရာဇ်ကို ယှဉ်နိုင်မလား မသေချာသော်လည်း...

အနည်းဆုံးတော့ မြင့်မြတ်ဝိညာဉ်ဘိုးဘေး အပါအဝင် ယဇ်ဆရာသခင် သုံးဦးထက် မနိမ့်ကျလှပေ။

"အဆုံးမဲ့..."

မုန်းတီးမှုများ ပြည့်နှက်နေသော အသံတစ်သံက ပြန်လည်ဝင်စားခြင်း အလင်းတန်းများနှင့်အတူ ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

သို့သော်လည်း လူတိုင်းကို အံ့ဩသွားစေသည်မှာ...

ထိုအသံမှာ အမျိုးသမီးတစ်ဦး၏ အသံ ဖြစ်နေခြင်းပင်။

"ဝုန်း"

ပြန်လည်ဝင်စားခြင်းပင်လယ်ဘက်မှ ပြန်လည်ဝင်စားခြင်း အလင်းတန်းများက ကောင်းကင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ထိုအလင်းတန်းများကြားမှ ဝေဝါးသော အမျိုးသမီး ပုံရိပ်တစ်ခုက ယိုင်တိယိုင်တိုင်ဖြင့် ထွက်ပေါ်လာ၏။

ထိုအမျိုးသမီး၏ အနက်ရောင် ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး ထူးကဲသော ညှို့ယူဖမ်းစားမှုမျိုး ရှိသည်။

သူမ၏ ဝတ်စုံမှာတော့ ပြန်လည်ဝင်စားခြင်း၏ ခုနစ်ရောင်ခြယ် အလင်းတန်းများဖြင့် ယက်လုပ်ထားပုံရပြီး အလွန်လှပသလို တောက်ပမှုရှိလေသည်။

သူမ၏ ဖြူစင်နုနယ်သော အသားအရေနှင့် အတုမဲ့အလှတရားတို့ကြောင့်လည်း အနှိုင်းမဲ့အလှဘုရင်မတစ်ပါးဟု သတ်မှတ်နိုင်သည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် ထိုအလှဘုရင်မမှာ စိတ်မမှန်သကဲ့သို့ ခြေလှမ်းများ မမှန်ဘဲ ဖြစ်နေပေသည်။

"အဆုံးမဲ့... နင် နောက်ဆုံးတော့ ပေါ်လာပြီပဲ။ ငါ နင့်ကို ကျိန်းသေ အနိုင်ယူမယ်"

ဤလှပသောအမျိုးသမီးမှာ စိတ်နောက်နေသကဲ့သို့ တတွတ်တွတ် ရေရွတ်နေသည်။

သို့သော် ပြန်လည်ဝင်စားခြင်း အလင်းတန်းများ ထွက်ပေါ်နေသော သူမ၏ လှပသော မျက်ဝန်းများကမူ အဆုံးမဲ့ဧကရာဇ်ထံတွင်သာ စိုက်ကြည့်နေတော့သည်။

"ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင် ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ"

စိတ်လွတ်နေပုံရသော ထိုအမျိုးသမီးကို မြင်လိုက်ရသောအခါ ပြန်လည်ဝင်စားခြင်းပင်လယ်မှ ဧကရာဇ်များက မယုံနိုင်သလို အော်ဟစ်လိုက်ကြသည်။

သူတို့ ပြန်လည်ဝင်စားခြင်းပင်လယ်၏ အထွတ်အထိပ်အရှင်... အတိတ်က ပဉ္စမြောက်ယဇ်ဆရာသခင်မှာ အခြားသူမဟုတ်ပေ။

သူတို့ရှေ့မှ အမျိုးသမီး 'ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်'ပင် ဖြစ်သည်။

သူသည် တစ်ချိန်က ယဇ်ဆရာသခင်မတစ်ဦး ဖြစ်ခဲ့သည်။

သို့သော်လည်း ယဇ်ပူဇော်ပွဲ အခမ်းအနားအတွင်း အဆုံးမဲ့ဧကရာဇ်နှင့် တိုက်ခိုက်ခဲ့ရပြီး သူ၏ လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရကာ ထိုအချိန်မှစ၍ အိပ်ပျော်နေခဲ့ရပေသည်။

ပြန်လည်ဝင်စားခြင်းပင်လယ်မှ အကျော်အမော်များက သူမ ပြန်လည်သက်သာလာလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း...

ကလဲ့စားချေရန်သာ စိတ်ထဲရှိသော စိတ်ဖောက်နေသူတစ်ဦးအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

"အင်း၊ ကျုပ်နားလည်ပြီ။ အရှင်မက ပြန်လည်နိုးထာပေမဲ့ သူ့ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုကို ဆုံးရှုံးခဲ့ပုံရတယ်"

ပြန်လည်ဝင်စားခြင်းပင်လယ်မှ ဧကရာဇ်တစ်ပါးက နားလည်သွားဟန်ဖြင့် ပြောလိုက်သည်။

ထိုစဉ်က အဆုံးမဲ့ဧကရာဇ်သည် ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး သူမ၏ အရေးကြီးသော အရာတစ်ခုကို ဆုံးရှုံးစေခဲ့ပုံရသည်။

ထို့ကြောင့် ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်ကို ယခုအချိန်ထိ အိပ်ပျော်နေစေခဲ့ရုံသာမက သူမ၏ စိတ်ဝိညာဉ်ကိုပါ ထိခိုက်စေခဲ့ခြင်းပင်။

"အဆုံးမဲ့... သေစမ်း"

ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်သည် မူလက အနှိုင်းမဲ့မြင့်မြတ်သော အမျိုးသမီးယဇ်ဆရာသခင် တစ်ဦး ဖြစ်သည်။

ယခုမူ သူက ရူးသွပ်နေသူတစ်ဦးကဲ့သို့ ပြုမူနေပြီး အဆုံးမဲ့ဧကရာဇ်ကို ပြေးဝင် တိုက်ခိုက်တော့သည်။

"ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်... မင်းဆီမှာ အရေးကြီးတဲ့ တာအိုသစ်သီးတစ်ခု ပျောက်ဆုံးနေတာပဲ"

သက်ရှည်ခြင်းဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်သည်။

တစ်ယောက်ချင်းဖြစ်စေ၊ နှစ်ယောက်တစ်ယောက် ရင်ဆိုင်ရသည်ဖြစ်စေ... သက်ရှည်ခြင်းဧကရာဇ်က ဂရုမစိုက်ပေ။

သူ၏အဆင့်တွင် တရားမျှတမှုဆိုသည်မှာ အဓိပ္ပာယ်မရှိပါ။

၎င်းက ပုရွက်ဆိတ်များအတွက် စည်းမျဉ်းတစ်ခုမျှသာ ဖြစ်သည်။

"ဝုန်း"

ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်မှာ မည်သည့်ဆင်ခြင်တုံတရားမျှမရှိဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။

အဆုံးမဲ့ဧကရာဇ်မှာ ရုတ်တရက် အထွတ်အထိပ် အကျော်အမော်နှစ်ဦး၏ နှစ်ဖက်ညှပ် တိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။

ဤခြေအနေကို မြင်လိုက်ရသော အင်မော်တယ်နယ်မြေရှိ သက်ရှိအားလုံးမှာ ထိတ်လန့်တုန်လှုပ်လာတော့သည်။

သူတို့အားလုံး မတတ်သာသည့် ခံစားချက်ဖြင့် အံကြိတ်လိုက်ကြသည်။

"ဧကရာဇ်ကြီးကို ကူညီဖို့ ဘယ်သူမှ မရှိတော့ဘူးလား"

"သူက တစ်သက်တာလုံး မငြိမ်မသက်မှုတွေကို နှိမ်နင်းဖို့ ကြိုးစားခဲ့ပြီး သူချစ်တဲ့ အမျိုးသမီးကိုတောင် ဆုံးရှုံးခဲ့ရတယ်။ အခုဆို ဧကရာဇ်ကြီးက သူ့အသက်ကိုပါ စတေးရတော့မှာလား"

သက်ရှိများစွာမှာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြသည်။

သူတို့က ကိုယ်တိုင်သွားရမှာကို မကြောက်ပေ။

သို့သော်လည်း ဤတိုက်ပွဲအတွင်းသို့ သူတို့က လုံးဝ ချဉ်းကပ်၍ပင် မရနိုင်ပါ။

မိုင်ပေါင်း ထောင်ချီအကွာမှပင် တိုက်ပွဲ၏ တုန်ခါမှုလှိုင်း‌ကြောင့် သူတို့ သေဆုံးသွားနိုင်သည်။

"ငါ သွားမယ်"

တုန်ဟွဧကရာဇ်၏ အစစ်အမှန်ဝိညာဉ်မှာ ထွက်ခွာရန် ပြင်လိုက်သည်။

ထိုအခိုက်အတန့်တွင် မြင့်မြတ်ဝိညာဉ်ဘိုးဘေး၊ သတ်ဖြတ်ခြင်းကောင်းကင်နတ်ဘုရားနှင့် ဧကရာဇ်ကြွေလွင့် ကောင်းကင်အရှင်တို့က အင်မော်တယ်နယ်မြေမှ အကျော်အမော်များကို ချက်ချင်း ပိတ်ဆို့ဟန့်တားလိုက်ကြ၏။

"ငါပြောခဲ့ပါတယ်... အဆုံးမဲ့ကိုယ်တိုင် ရောက်လာရင်တောင် ဒီခေတ်ရဲ့ မငြိမ်မသက်မှုကို မတားဆီးနိုင်ဘူးလို့...၊ အခုဆိုရင် သူကိုယ်တိုင်ပါ ဒီထဲမှာ မြှုပ်နှံခံရတော့မယ်"

မြင့်မြတ်ဝိညာဉ်ဘိုးဘေးက လှောင်ပြောင်လိုက်သည်။

အဆုံးမဲ့ဧကရာဇ် ကျဆုံးသွားပြီးနောက် အင်မော်တယ်နယ်မြေမှာ အမှောင်ထုထဲသို့ ကျရောက်သွားမည်ဖြစ်ကာ ကယ်တင်ရန် နည်းလမ်း ရှိတော့မည်မဟုတ်ပေ။

ဤမြင်ကွင်းကို မြင်ရသောအခါ အင်မော်တယ်နယ်မြေရှိ သက်ရှိအားလုံးက ဝမ်းနည်းပူဆွေးမှုကို ခံစားလိုက်ရသည်။

သို့သော်လည်း အဆုံးမဲ့ဧကရာဇ်က ခေတ်အဆက်ဆက်ကို တုန်ခါစေသော စိတ်ဓာတ်နှင့် ကမ္ဘာပေါ်တွင် အတုမဲ့သော စွမ်းရည်ရှိကြောင်း ဝန်ခံကြရလိမ့်မည်။

ကျွင်းရှောင်ယောက်၏ အမြင်အရ အဆုံးမဲ့ဧကရာဇ်တွင် ပြဿနာတစ်ခုခု ရှိနေသော်လည်း...

အထွတ်အထိပ် အကျော်အမော်နှစ်ဦးကိုတော့ ခေတ္တမျှ ခုခံထားနိုင်သေးသည်။

မွေးရာပါ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေမှာ ကမ္ဘာပေါ်တွင် အမှန်တကယ် အနှိုင်းမဲ့ကြောင်း ဆိုရမည် ဖြစ်သည်။

ထိုစဉ် ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်မှာ ရုတ်တရက် ရူးသွပ်စွာ အော်ဟစ်လိုက်ပြန်သည်။

"မလုံလောက်ဘူး... ငါ့ရဲ့စွမ်းအားတွေက မလုံလောက်ဘူး။ ငါ့ရဲ့ တာအိုသစ်သီး ဘယ်မှာလဲ... ပြန်လာစမ်း"

ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်က စူးရှစွာ အော်ဟစ်လိုက်သည်။

သူမ၏ ခန္ဓာကိုယ်မှ အလင်းတန်းပေါင်းများစွာ ထွက်ပေါ်လာ၏။

သူမ၏ ရင်ဘတ်အလယ်မှ ဖန်သားပြင်ကဲ့သို့ တောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး ကောင်းကင်နှင့် မြေပြင် တစ်ခုကို လွှမ်းခြုံသွားတော့သည်။

ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်၏ နှလုံးသားနေရာတွင် ဟာလာဟင်းလင်း ဖြစ်နေသည်ကို ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။

ဤသည်မှာ ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင် စိတ်လွတ်ကာ ရူးသွပ်နေရခြင်း၏ အကြောင်းရင်းပင်။

သူမ၏ နှလုံးသားနှင့် သူမ၏ စိတ်ဝိညာဉ်ကို ဆုံးရှုံးခဲ့ရခြင်း ဖြစ်‌သည်။

ထိုစဉ်က အဆုံးမဲ့ဧကရာဇ်သည် သူမကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး သူမ၏ တာအိုသစ်သီးကို ခန္ဓာကိုယ်ထဲမှ တိုက်ရိုက် ရိုက်ထုတ်ခဲ့ရာ မည်သည့်နေရာသို့ ရောက်ရှိသွားမှန်း မသိရတော့ပေ။

၎င်းက ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်ကို အိပ်ပျော်သွားစေခဲ့သော အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

ယခုမူ ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်က သူမ၏ တာအိုသစ်သီးကို ပြန်လည်ရယူရန် ကြိုးစားနေပြီ။

တာအိုသစ်သီး ပြန်လည်ရောက်ရှိလာသည်နှင့် သူမ၏ စွမ်းအားများ ပြန်လည်ပြည့်ဝလာမည်မှာ သေချာသည်။

လူတိုင်း စိုးရိမ်တကြီး ဖြစ်နေစဉ်...

သေးငယ်၍ လှပသော ပုံရိပ်ကလေးတစ်ခုက ရုတ်တရက် အလင်းတန်းများဖြင့် လွှမ်းခြုံခံလိုက်ရသည်။

သူသည် ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်ရှိရာသို့ ပျံသန်းသွား၏။

ထိုသူကား 'ရှောင်ချမ်ရွယ်'ပင် ဖြစ်တော့သည်။

All Chapters