← Chapters

အခန်း ၁၅၅၄

Vol. 109 Ch. 1554

အခန်း ၁၅၅၄

Vol. 109 Ch. 1554

အခန်း ( ၁၅၅၄ ) တိုက်ပွဲစတင်ပြီ။

"ငါ မှားသွားတာလား"

သက်ရှည်ခြင်းဧကရာဇ်က အနည်းငယ် အံ့ဩသွားပုံရသည်။

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "ခေတ်တစ်ခေတ်ဆိုတာ သိပ်ကို ရှည်လျားလွန်းပါတယ်... နှစ်ပေါင်းတစ်သောင်း..."

"ငါ့ကို နှစ်ပေါင်းတစ်သောင်းပဲ အချိန်ပေ... ဒဏ္ဍာရီဆိုတာ ငါ့ခြေဖဝါးအောက်မှာ ရောက်နေစေရမယ်"

ရိုးရှင်းသော စကားတစ်ခွန်းဖြစ်သော်လည်း ၎င်းက သက်ရှိသန်းပေါင်းများစွာကို ဆွံ့အသွားစေခဲ့သည်။

နှစ်ပေါင်းတစ်သောင်း ကုန်လွန်ပြီးနောက်... ဒဏ္ဍာရီဆိုသည်မှာ သူ၏ခြေဖဝါးအောက်တွင် ရောက်နေရမည်။

၎င်းက ဘာကို ဆိုလိုသနည်း။

ကျွင်းရှောင်ယောက်က နှစ်ပေါင်းတစ်သောင်းအကြာတွင် အင်မော်တယ်အဆင့်သို့ ရောက်ရှိရန် ရည်မှန်းထားခြင်း ဖြစ်မည်လော။

ကျွင်းရှောင်ယောက်၏ စိတ်ဓာတ်ခိုင်မာမှုနှင့် ယုံကြည်မှုတို့မှာ ဖော်ပြရန်ပင် ခက်ခဲသည်။

နှစ်ပေါင်းတစ်သောင်းအတွင်းမှာတင် ဒဏ္ဍာရီကို မိမိ၏ခြေဖဝါးအောက်တွင် ထားနိုင်မည်ဟု မည်သူပြောရဲပါသနည်း။

မည်သူမျှ မပြောရဲချေ။

သက်ရှည်ခြင်းဧကရာဇ်က ကျွင်းရှောင်ယောက်ကို ခေတ်တစ်ခေတ်အတွင်း ဒဏ္ဍာရီအဆင့်သို့ ရောက်ရှိနိုင်သည်ဟု ပြောခဲ့ခြင်းကပင် သူ့အပေါ် အကြွင်းမဲ့ အထင်ကြီး လေးစားခြင်းဖြစ်ကြောင်း သိထားသင့်သည်။

သက်ရှည်ခြင်းဧကရာဇ်၏ အမြင်တွင် အလွန်ထူးခြားဆန်းပြားသော တည်ရှိမှုမျိုးပင်လျှင် ခေတ်တစ်ခေတ်အတွင်း ဒဏ္ဍာရီအဆင့်သို့ ရောက်ရှိရန် မလွယ်ပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်ကမူ ဤအရာကို နှစ်ပေါင်းတစ်သောင်းအတွင်း အောင်မြင်နိုင်သည်ဟု ဆိုလာသည်။

ထို့ပြင် သူက ဒဏ္ဍာရီကို သူ့ခြေဖဝါးအောက်တွင် နင်းခြေထားဦးမည်။

ထိုသို့ပြုလုပ်ရန် အင်မော်တယ်များသာ တတ်နိုင်သည်။

သို့သော်လည်း နှစ်ပေါင်းတစ်သောင်းဆိုသည်ကတော့...

မြင့်မြတ်ဝိညာဉ်ဘိုးဘေးနှင့် အခြားသူများပင်လျှင် ခေတ်တစ်ခုပြီးတစ်ခု ဖြတ်သန်းခဲ့ရပြီးနောက်မှ နတ်ဘုရားနှင့်နီးစပ်သောအဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုအဆင့်တွင် ပိတ်မိနေပြီး ဖောက်ထွက်ရန် ခက်ခဲနေသေးသည်။

သူတို့က အင်မော်တယ်တံခါးကို ဖွင့်လှစ်ရန် အလွန်စိတ်အားထက်သန်နေကြခြင်းမှာလည်း ထိုအတွက်ကြောင့်သာ ဖြစ်သည်။

သူတို့က ခြေတစ်လှမ်းဖြင့် အင်မော်တယ်အဆင့်သို့ တက်လှမ်းရန် မျှော်လင့်မထားကြချေ။

သို့သော်လည်း လုံလောက်သော အင်မော်တယ်အနှစ်သာရကို ရရှိနိုင်မည်ဆိုပါက...

သူတို့အား ဖောက်ထွက်စေပြီး ဒဏ္ဍာရီလာအဆင့်ကို ရရှိစေရန် ကူညီပေးနိုင်ဆဲ ဖြစ်သည်။

"မောက်မာလိုက်တာ"

မြင့်မြတ်ဝိညာဉ်ဘိုးဘေးနှင့် အခြားသူများက အော်ဟစ်လိုက်ကြသည်။

ကျွင်းရှောင်ယောက်၏ စကားများက သူတို့ကို စော်ကားလိုက်သလိုပင်။

သူတို့သည်ပင် ခေတ်များစွာကို ကုန်လွန်ခဲ့ပြီးသည့်တိုင် ဒဏ္ဍာရီအဆင့်သို့ မရောက်ရှိသေးပါ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က နှစ်ပေါင်းတစ်သောင်းအတွင်း အင်မော်တယ်ဖြစ်ချင်နေသည်။

၎င်းက သူတို့၏မျက်နှာကို ရိုက်နှက်လိုက်ခြင်း မဟုတ်ပါလား။

အကယ်၍ ကျွင်းရှောင်ယောက်က အမှန်တကယ် အောင်မြင်သွားလျှင် သူတို့ ဤမျက်နှာများဖြင့် မည်သို့ ရှင်သန်ရဦးတော့မည်နည်း။

သူတို့က ကြွားဝါတတ်သူများစွာကို မြင်ဖူးသည်။

သို့သော်လည်း ၎င်းက မယုံနိုင်လောက်အောင် ကြီးမားလှသော ကြွားဝါမှုပင် ဖြစ်တော့သည်။

ကောင်းကင်ကိုးပါး၏ ကွေ့ရှအပျက်အယွင်း၌...

သက်ရှည်ခြင်းဧကရာဇ်မှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်၏။

"ဒါက တကယ်ကို လူငယ်တစ်ယောက်ရဲ့ စိတ်ဓာတ်ပြင်းထန်မှုမျိုးပေပဲ...၊ ဒါပေမဲ့... ငါက မင်းကို အဲဒီအချိန်အထိ အသက်ရှင်ခွင့် ပေးထားမှာမို့လား"

ထိုစကားလုံးများကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ကမ္ဘာကြီးတစ်ခုလုံး၏ အပူချိန်မှာ ချက်ချင်းပင် ရေခဲမှတ်အောက်သို့ ကျဆင်းသွားသည့်အလား ခံစားလိုက်ရသည်။

ဒဏ္ဍာရီလာဧကရာဇ်၏ သတ်ဖြတ်လိုစိတ်က ကမ္ဘာမြေကို အေးစက်လှသော လေထုဖြင့် လွှမ်းမိုးသွားစေခဲ့ပြီ။

"ဝုန်း"

ကျွင်းရှောင်ယောက်က မတုံ့ပြန်နိုင်မီမှာပင်...

အိပ်မက်ဧကရာဇ်က အတိုင်းအဆမဲ့သော သတ်ဖြတ်လိုစိတ်များကို ထုတ်ဖော်လိုက်သည်။

သူမ၏ အနက်ရောင်ဆံနွယ်များမှာ လွတ်လပ်စွာ မျောလွင့်နေပြီး လှပသော မျက်နှာလေးမှာလည်း ရေခဲတမျှ အေးစက်သွား၏။

"နင် သူ့ကို ထိရဲရင်... ငါနင့်ကိုသတ်မယ်"

သက်ရှည်ခြင်းဧကရာဇ်က ဘာမျှထပ်မပြောတော့ချေ။ သူက လက်ဖဝါးကို မြှောက်ကာ ဖျက်ဆီးနိုင်စွမ်းအပြည့်ဖြင့် တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။

တိုက်ပွဲက စတင်ချေပြီ။

အဆုံးမဲ့ဧကရာဇ်မှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိနေသော်လည်း...

သူသည် တစ်ချိန်က အနှိုင်းမဲ့ဖြစ်ခဲ့ပြီး မြင့်မြတ်ခန္ဓာတာအိုသန္ဓေကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ယခုအခါတွင် သူက သက်ရှည်ခြင်းဧကရာဇ်ကို ဆန့်ကျင်တိုက်ခိုက်ရာ၌ အရေးပါသော အင်အားတစ်ခု ဖြစ်နေသေးသည်။

အိပ်မက်ဧကရာဇ်ကမူ သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးဧကရာဇ်၏ ကိုယ်ပွားသက်သက်သာ ဖြစ်သော်လည်း သူမ၏ အစွမ်းမှာ အလွန်ပင် မြင့်မားသည်။

သူသည် အိပ်မက်လမ်းစဉ်၏ အနှစ်သာရ ဖြစ်၏။

သူ့ကို ကောင်းကင်ကိုးပါးတွင် အကြမ်းဆုံး ပုဂ္ဂိုလ်အဖြစ် လူသိများကြသည်။

သူမ တစ်ယောက်တည်းက တားမြစ်နယ်မြေတစ်ခုကဲ့သို့ ဖြစ်နေကာ အခြားတားမြစ်နယ်မြေများကိုပင် အလွန်သတိထားစေနိုင်ခဲ့ပေသည်။

ဝူဟူမှာမူ ဤကဲ့သို့သော တိုက်ပွဲမြေပြင်တွင် ပါဝင်ရန် အရည်အချင်း မပြည့်မီသေးချေ။

သို့သော်လည်း ပျက်စီးခြင်းဧကရာဇ်၏ဓမ္မခန္ဓာက သူ့အား ဤစွမ်းအားကို ပေးအပ်ထားခဲ့သည်။

ပျက်စီးခြင်းဧကရာဇ်သည် သမိုင်းတွင် အစွမ်းထက်ဆုံးသော ရှေးဟောင်းမြင့်မြတ်ခန္ဓာဖြစ်ပြီး ခေတ်များစွာကို လွှမ်းမိုးခဲ့ကာ ပျက်စီးခြင်းရှေးနန်းတော်ကို တည်ထောင်သူ ဖြစ်သည်။

သူ ချန်ထားခဲ့သော ဓမ္မခန္ဓာမှာ မြင့်မြတ်ခန္ဓာ ခြောက်ခုအနက် တစ်ခုသာ ဖြစ်သော်လည်း၊ အနှိုင်းမဲ့စွမ်းအားများ ရှိနေသေးသည်။

သူ၏ လှုပ်ရှားမှု တိုင်းတွင် ကောင်းကင်နှင့်မြေပြင်က တုန်ခါဆင်းရသည်။

၎င်းမှာလည်း အစွမ်းထက်ဆုံးနှင့် အသန်မာဆုံးသော အင်အားတစ်ခုပင်။

ကျွင်းရှောင်ယောက်ကလည်း လှုပ်ရှားလိုက်သည်။

သွေးယဇ်ပူဇော်ခြင်းစွမ်းအားနှင့် ယုံကြည်ခြင်းစွမ်းအားများ ပေါက်ကွဲထွက်လာပြီးနောက် သူ၏ နတ်ဘုရားဓမ္မခန္ဓာမှာ အထွတ်အထိပ်သို့ ရောက်ရှိခဲ့၏။

သူက လွမ်ကုပုဆိန်ဖြင့် ခုတ်ပိုင်းလိုက်ရာ ပုဆိန်သွားက အတိုင်းအဆမဲ့သော ဟင်းလင်းပြင်ကို ဖြတ်တောက်ပြီး ထိတ်လန့်ဖွယ်ရာ အက်ကွဲကြောင်းကြီးတစ်ခုကို ဖြစ်ပေါ်လာစေသည်။

၎င်းက ခေတ်များစွာတွင် တွေ့ရခဲသော ဒဏ္ဍာရီအဆင့် တိုက်ပွဲကြီးတစ်ခု ဖြစ်တော့သည်။

"ဒဏ္ဍာရီရဲ့ ရှေ့မှောက်မှာ... အရာအားလုံးဟာ အရေးမပါပေဘူး"

သက်ရှည်ခြင်းဧကရာဇ်က ကောင်းကင်ယံနှင့် လောကတစ်ခုလုံးကို တုန်ခါစေနိုင်သော အရှိန်အဝါမျိုးဖြင့် ပြောလိုက်သည်။

၎င်းမှာ ဒဏ္ဍာရီလာဧကရာဇ်တစ်ပါး၏ အရှိန်အဝါ... ကောင်းကင်ကိုးပါး၏ အမြင့်ဆုံး ယဇ်ဆရာသခင်တစ်ပါ၏ အကြွင်းမဲ့ ယုံကြည်မှုပင်။

သူ၏ မျက်ဝန်းထဲတွင် သက်ရှိအားလုံးမှာ သာမန်သတ္တဝါများသာ ဖြစ်ကြသည်။

အင်မော်တယ်ဖြစ်လာရန်ကသာ သူ၏ တစ်ခုတည်းသော စွဲလမ်းမှုပင်။

ဤအကြောင်းပြချက်ကြောင့် သူဟာ တစ်ကမ္ဘာလုံးကို ရန်သူအဖြစ် သတ်မှတ်ရန်နှင့် အရာအားလုံးကို သွေးချောင်းစီး သတ်ဖြတ်ရန် ဆန္ဒရှိနေခဲ့သည်။

သက်ရှည်ခြင်းဧကရာဇ်က အလွန်ရက်စက်ပြီး ကြီးစိုးသူတစ်ဦးပင်။

သူကသာ တစ်ကမ္ဘာလုံးကို သစ္စာဖောက်ရင် ဖောက်မည်...

ကမ္ဘာကြီးက သူ့ကို ဆန့်ကျင်တာကိုတော့ ခွင့်မပြုနိုင်ပေ။

အဆုံးမဲ့ဧကရာဇ်က အဆုံးမဲ့တံဆိပ်တော်ကို ထုတ်ဖော်လိုက်သည်။

ထိုတံဆိပ်တော် ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ကောင်းကင်နှင့်မြေပြင် ပြိုလဲပျက်စီးသွားခဲ့ရ၏။

၎င်းက ကျွင်းရှောင်ယောက် ထုတ်ဖော်ခဲ့ဖူးသော အဆုံးမဲ့တံဆိပ်တော်၏ စွမ်းအားနှင့်ယှဥ်လျှင် မိုးနှင့်မြေပမာ ကွာခြားလွန်းလှသည်။

ဤသည်မှာ ကျွင်းရှောင်ယောက်က အားနည်းလွန်း၍မဟုတ်ဘဲ အဆုံးမဲ့ဧကရာဇ်၏ စွမ်းအားက အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းလွန်းနေသောကြောင့်ပင်။

သက်ရှည်ခြင်းဧကရာဇ်က လက်ကို မြှောက်လိုက်ရာ သက်ရှည်ခြင်းဘီးက လည်ပတ်သွားခဲ့သည်။

၎င်းကအရာအားလုံးကို အချိန်နှင့် ဟင်းလင်းပြင်အတွင်းသို့ ဝါးမြိုပစ်တော့မည့်အလား ထင်မှတ်ရပြီး အဆုံးမဲ့ဧကရာဇ်ကို တိုက်ခိုက်လိုက်၏။

ကျွင်းရှောင်ယောက်၊ အိပ်မက်ဧကရာဇ်နှင့် ဝူဟူတို့သည်လည်း တိုက်ခိုက်ကြတော့သည်။

ကျွင်းရှောင်ယောက်က နတ်ဘုရားဓမ္မခန္ဓာဖြင့် လွမ်ကုပုဆိန်ကို ကိုင်ဆောင်ကာ ကောင်းကင်နှင့်မြေပြင်ကို ခွဲထုတ်ပစ်လိုက်သည်။

ကျန်လက်တစ်ဖက်ဖြင့် လမ်းစဉ်ခြောက်ပါး၏ အလင်းတန်းများ စီးဆင်းစေလျက် လမ်းစဉ်ခြောက်သွယ် ပြန်လည်ဝင်စားခြင်းလက်သီး ထုတ်ဖော်လိုက်၏။

လမ်းစဉ်ခြောက်သွယ် ပြန်လည်ဝင်စားခြင်းလက်သီးသည် ကျင့်စဉ်အဆင့် မြင့်မားလာသည်နှင့်အမျှ တိုက်ခိုက်နိုင်စွမ်းမှာလည်း ပို၍ တိုးတက်လာနိုင်သည်။

ဤအခိုက်အတန့်တွင် သူ၏နတ်ဘုရားဓမ္မခန္ဓာဖြင့် လမ်းစဉ်ခြောက်သွယ် ပြန်လည်ဝင်စားခြင်းလက်သီးကို ထုတ်ဖော်လိုက်ရာ ၎င်း၏စွမ်းအားက မိုးပြိုသကဲ့သို့ အသံမျိုး ထွက်ပေါ်လာတော့သည်။

လမ်းစဉ်ခြောက်သွယ် ပြန်လည်ဝင်စားခြင်း ပုံရိပ်များက လက်သီးချက်မှ ထွက်ပေါ်လာပြီး သက်ရှည်ခြင်းဧကရာဇ်ကို ပြန်လည်ဝင်စားခြင်းသံသရာအတွင်း ပိတ်လှောင်ရန် ကြိုးစားလိုက်ကြသည်။

"နှစ်ပေါင်းထောင်ချီတဲ့ အိပ်မက်ရှည်"

အိပ်မက်ဧကရာဇ်ကလည်း လှုပ်ရှားလိုက်သည်။

ကြယ်တာရာမြစ်ကြီးက ပြောင်းပြန်စီးဆင်းသွားပြီး အချိန်နှင့် ဟင်းလင်းပြင်တို့မှာ ဝေဝါးသွားပုံရ၏။

၎င်းမှာ အတိုင်းအဆမဲ့သော စိတ်ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေသည့် အထွတ်အထိပ် အိပ်မက်လမ်းစဉ်ပင်။

အိပ်မက်ဧကရာဇ်၏ ဝိညာဉ်အဆင့်က ထာဝရသဲအဆင့်ကို ကျော်လွန်ပြီး အနည်းဆုံး ဗလာနယ်ကပ်ဘေးအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

ထိုအဆင့် ရှေးဦးဝိညာဉ်မှာ အလွန်ပင် မြင့်မားသောအဆင့်သို့ ရောက်ရှိနေပြီ။

ဧကရာဇ်အများစုသည်ပင် ထိုအဆင့်သို့ ရောက်ရှိရန် ခက်သည်။

အိပ်မက်ဧကရာဇ်၏ ဤလှုပ်ရှားမှုက အင်မော်တယ်နယ်မြေအများစုရှိ သက်ရှိသန်းပေါင်းများစွာကို စိတ်ကူးယဉ်အိပ်မက်ကမ္ဘာတစ်ခုအတွင်းသို့ ချက်ချင်း နစ်မြုပ်သွားစေနိုင်ပေသည်။

ဝူဟူ၏ တိုက်ခိုက်မှုမှာတော့ အလွန်ရိုးရှင်းပြီး မည်သည့် ထူးခြားမှုမျှ မပါဝင်ချေ။

ရွှေရောင်လက်သီးတစ်လုံးက အရာအားလုံးကို ထိုးဖောက်ဖျက်ဆီးပစ်နိုင်သည်။

၎င်းမှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ စစ်မှန်သော အနှစ်သာရပင်။

သူ၏ လက်သီးနှစ်ဖက်ဖြင့် စကြာဝဠာအတွင်း အနှိုင်းမဲ့နိုင်သည်။

မြင့်မြတ်ဝိညာဉ်ဘိုးဘေးနှင့် ယဇ်ဆရာသခင်များပင် ဤမြင်ကွင်းကို မြင်သောအခါ မျက်လုံးများ အနည်းငယ် ပြာဝေသွားရသည်။

အကယ်၍ သူတို့သာ ထိုအခြေအနေတွင် ရှိနေပြီး ထိုသုံးဦး၏ တိုက်ခိုက်မှုကို ခံယူရမည်ဆိုပါက ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားလိမ့်မည်။

သက်ရှည်ခြင်းဧကရာဇ်ကမူ အေးစက်သော နတ်ဘုရားကဲ့သို့ မျက်ဝန်းများဖြင့် ကောင်းကင်နှင့်မြေပြင်ကို ငုံ့မိုးကြည့်ရှုလိုက်သည်။

တစ်ဖက်လူသုံးဦး၏ စွမ်းအားကြီးမားသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရချိန်တွင် သူက လက်ညှိုးတစ်ချက်သာ ညွှန်ပြလိုက်၏။

၎င်းက သက်ရှည်ခြင်းအင်မော်တယ်ကျမ်းမှ သက်ရှည်ခြင်း ကပ်ဘေးခုနစ်ပါး လက်ညှိုးပင်။

သက်ရှည်ခြင်းဧကရာဇ်သားတော်လည်း ဤနည်းလမ်းကို အသုံးပြုခဲ့ဖူးသည်။

သို့သော်လည်း သက်ရှည်ခြင်းဧကရာဇ်ကိုယ်တိုင် ထုတ်ဖော်သောအခါ အစွမ်းထက်လွန်းသဖြင့် လက်ညှိုးတစ်ချောင်းတည်းဖြင့်ပင် စကြဝဠာကို ဖျက်ဆီးပစ်နိုင်ပုံရပေသည်။

တစ်ချိန်တည်းမှာပင်၊ ထိတ်လန့်ဖွယ်ရာ စိတ်ဝိညာဉ်စွမ်းအားတစ်ခုက လေထုထဲတွင် ပျံ့နှံ့သွားပြီး လူသားတို့၏ စိတ်ခံစားမှု ခုနစ်ပါးနှင့် လောဘခြောက်ပါးကို နှိုးဆွလိုက်၏။

ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ အတွေးများခြင်း၊ ကြောက်ရွံ့ခြင်း၊ အံ့ဩခြင်း၊ တုန်လှုပ်ခြင်း...

သက်ရှည်ခြင်းဧကရာဇ်က တည်ငြိမ်ပြီးခံစားချက် ကင်းမဲ့သူဖြစ်သော်လည်း ဤစိတ်ခံစားမှု ခုနစ်ပါးကို လက်ညှိုးတစ်ချောင်းတည်းဖြင့် ဖော်ပြနိုင်စွမ်း ရှိနေခဲ့သေးသည်။

"ဝုန်း"

အပျက်အစီးနယ်မြေမှာ နောက်တစ်ကြိမ် အပိုင်းပိုင်းအစစ ကွဲအက်သွားခဲ့ရပြီး ပျက်စီးခြင်းသို့ နစ်မြုပ်တော့မည့်အလား ထင်ရသည်။

ထိုကဲ့သို့သော ထိပ်တိုက်တွေ့ဆုံမှုအတွင်း...

ကျွင်းရှောင်ယောက်နှင့် ဝူဟူတို့က နောက်သို့ အပြင်းအထန် ဆုတ်ခွာသွားခဲ့ရသည်။

နတ်ဘုရားဓမ္မခန္ဓာနှင့် ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာတို့မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ရ၏။

နောက်ဆုံးတွင် သူတို့က ဓမ္မခန္ဓာ၏ စွမ်းအားအပေါ်တွင်သာ မှီခိုနေရခြင်း ဖြစ်သည်။

ဝူဟူက သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရတော့သည်။

ကျွင်းရှောင်ယောက်မှာမူ သူ၏ခန္ဓာကိုယ်အတွင်းရှိ မေယုကမ္ဘာ သုံးသောင်းစလုံးက ချက်ချင်း ကွဲကြေသွားခဲ့သည်။

သူ၏ရင်ဘတ်ထဲတွင် ပြင်းထန်‌စွာ အောင့်သွားခဲ့၏။

ယင်းကြောင့် တစ်ခါမျှ မသုံးဖူးသလောက်ဖြစ်သော အင်မော်တယ်နတ်ဘုရားကျင့်စဉ်ကို ချက်ချင်း အသက်သွင်းလိုက်ရသည်။

၎င်းမှာ ကောင်းကင်ကျမ်း ကိုးအုပ်အနက်မှ ရှင်သန်ခြင်းကျမ်းထဲမှ ကုသခြင်းနည်းလမ်းတစ်ခုပင်။

ထိုအခါမှ ကျွင်းရှောင်ယောက်မှာ ပြန်လည်သက်သာလာပြီး သွေးအန်ခြင်းကို တားဆီးနိုင်ခဲ့သည်။

သူက တိတ်ဆိတ်စွာ သက်ပြင်းချလိုက်မိလေသည်။

ဒါတောင်မှ နတ်ဘုရားဓမ္မခန္ဓာမှာ စွမ်းအား၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းကို ခုခံရန် ကူညီပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

မဟုတ်ပါက သူသည် သက်ရှည်ခြင်းဧကရာဇ်၏ လက်ညှိုးတစ်ချောင်းကိုပင် အမှန်တကယ် တောင့်ခံနိုင်မည် မဟုတ်ချေ။

ဒဏ္ဍာရီလာဧကရာဇ်တစ်ပါးက မယုံနိုင်လောက်အောင် စွမ်းအားကြီးလွန်းသည်။

All Chapters