အခန်း ၁၅၅၅
Vol. 109 Ch. 1555
အခန်း ( ၁၅၅၅ ) လမ်းပိတ်နေသူ။
ကျွင်းရှောင်ယောက်နှင့် ဝူဟူတို့နှင့် နှိုင်းယှဉ်ပါက အိပ်မက်ဧကရာဇ်သည် နောက်သို့ ဆုတ်ခွာသွားခဲ့ရသော်လည်း သူမ၏ အခြေအနေမှာ အနည်းငယ် ပိုကောင်းပးသည်။
နောက်ဆုံးတွင်၊ အိပ်မက်ဧကရာဇ်၏ စစ်မှန်သော စွမ်းအားက အလွန်ကြောက်စရာကောင်းပေသည်။
တစ်ဖက်မှာတော့ အဆုံးမဲ့ဧကရာဇ်မှာမူ သက်ရှည်ခြင်းဘီး၏ တိုက်ခိုက်မှုကို ခံယူပြီးနောက်တွင် မည်သည့် ထိခိုက်မှုမျှ မရှိခဲ့ချေ။
သူသည် အထွတ်အထိပ်အခြေအနေတွင် မရှိတော့ဘဲ ရုပ်ပိုင်းဆိုင်ရာ ပြဿနာအချို့ပင် ရှိနေပြီ ဖြစ်သော်လည်း...
နောက်ဆုံးမှာတော့ အနှိုင်းမဲ့ဖြစ်သော မဟာဧကရာဇ်တစ်ပါးအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။
သူ၏ လက်ရှိအခြေအနေဖြင့် သက်ရှည်ခြင်းဧကရာဇ်ကို ဖိနှိပ်ရန်နှင့် ပြင်းထန်စွာ ဒဏ်ရာရရှိစေရန် အလွန်ခက်ခဲလိမ့်မည်။
သို့ရာတွင်၊ သက်ရှည်ခြင်းဧကရာဇ်က သူ့ကို ပြန်လည်ဖိနှိပ်ရန် ဆိုသည်မှာလည်း ခက်ခဲသော အရာတစ်ခုပင် ဖြစ်သည်။
"ဟမ်... မင်းက..."
သက်ရှည်ခြင်းဧကရာဇ်မှာ အမှန်တကယ်ပင် အံ့ဩသွားခဲ့ရသည်။
ကျွင်းရှောင်ယောက်က သူ၏ လက်ညှိုးတိုက်ခိုက်မှုကို ခံယူပြီးနောက်မှာပင် ဘာမှမဖြစ်ခဲ့သကဲ့သို့ ဆက်လက် လှုပ်ရှားနိုင်နေသေးသည်။
ကျွင်းရှောင်ယောက်၏ စစ်မှန်သော ကျင့်ကြံမှုအဆင့်က ဆန်းကျယ်ကောင်းကင်အဓိပတိအဆင့်မျှသာ ရှိသေးသည်။
ဆန်းကျယ်ကောင်းကင်အဓိပတိအဆင့်မျှသာ ရှိသူတစ်ဦးက ဒဏ္ဍာရီလာဧကရာဇ်၏ လက်ညှိုးတစ်ချောင်း တိုက်ခိုက်မှုကို တောင့်ခံနိုင်သည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။
"ဒီတိုက်ပွဲရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ်... ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကတော့ လုံးဝ မကြုံစဖူးတဲ့ အံ့ဖွယ်တစ်ခုကို ဖန်တီးလိုက်ပြီ"
ရေတွက်၍မရနိုင်သော လူများမှာ အံ့အားသင့်စွာဖြင့် သက်ပြင်းချလိုက်ကြသည်။
အကယ်၍ အခြားသူတစ်ဦးဦးဆိုပါက နတ်ဘုရားဓမ္မခန္ဓာကို ပိုင်ဆိုင်ထားလျှင်ပင် သက်ရှည်ခြင်းဧကရာဇ်ကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။
"သက်ရှည်ခြင်းအင်မော်တယ်ကျမ်းလား၊ သက်ရှည်ခြင်းဧကရာဇ်... ဒါက မင်းရဲ့ မွေးရာပါ အင်မော်တယ်ကျမ်းပဲ။ ဒါပေမဲ့ ကံမကောင်းချင်တော့ ငါက အဲဒါကို နားလည်သဘောပေါက်ပြီးသား ဖြစ်နေတယ်"
ကျွင်းရှောင်ယောက်က အေးစက်စွာ လှောင်ပြောင်လိုက်သည်။
သူသည် ယခင်က သက်ရှည်ခြင်းနတ်ဘုရားသားတော်ထံမှ ပြည့်စုံသော သက်ရှည်ခြင်းအင်မော်တယ်ကျမ်းကို ရရှိခဲ့ဖူးသည်။
ထို့နောက် အားလပ်ချိန်များတွင် ကျွင်းရှောင်ယောက်သည် ကံကြမ္မာကျင့်စဉ်ကို လေ့လာနေရုံသာမက...
သက်ရှည်ခြင်းအင်မော်တယ်ကျမ်းကိုလည်း နားလည်သဘောပေါက်အောင် လေ့ကျင့်ခဲ့ပေသည်။
အကြောင်းမှာ၊ သူက နောက်ဆုံးတွင် သက်ရှည်ကျွန်း၏ ပထမဆုံးသော ယဇ်ဆရာသခင်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ကို သိရှိထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူ၏ နည်းလမ်းများကို ကြိုတင်နားလည်ထားပြီး ၎င်းတို့၏ အားနည်းချက်များနှင့် ဟာကွက်များကို ရှာဖွေထားခြင်းမှာ ကျိုးကြောင်းဆီလျော်လှပေသည်။
'ရန်သူ့အကြောင်းနှင့် မိမိကိုယ်တိုင်အကြောင်းကို သိထားပါမှ တိုက်ပွဲတိုင်းကို အောင်နိုင်လိမ့်မည်'ဟူသော ဆိုရိုးတစ်ခုအတိုင်းပင်။
"ဪ... သက်ရှည်ခြင်းအင်မော်တယ်ကျမ်းက မင်းရဲ့လက်ထဲကို အမှန်တကယ် ရောက်သွားလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး၊ ဒါပေမဲ့... အဲဒီလိုဆိုရင်တောင် ဘာဖြစ်လဲ"
သက်ရှည်ခြင်းဧကရာဇ်က ဘာကိုမှဂရုမစိုက်ဘဲ တည်ငြိမ်နေဆဲပင်။
ကျွင်းရှောင်ယောက်နှင့် အခြားသူများလည်း နောက်တစ်ကြိမ် လှုပ်ရှားလိုက်ကြသည်။
သက်ရှည်ခြင်းဧကရာဇ်ကလည်း လှုပ်ရှားလိုက်ပြီး သူသည် သက်ရှည်ခြင်းအင်မော်တယ်ကျမ်းထဲမှ နည်းလမ်းတစ်ခုကို အသုံးပြုလိုက်၏။
သူက သက်ရှည်ခြင်း ကပ်ဘေးခုနစ်ပါးလက်ချောင်းနှင့် နေနဲ့လ ထာဝရရှင်သန်ခြင်း၏တံဆိပ်တော်ကဲ့သို့သော စွမ်းရည်များကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။
သက်ရှည်ခြင်းဧကရာဇ်က တကယ်ကို အင်အားကြီးမားသည်။
ကျွင်းရှောင်ယောက်က သက်ရှည်ခြင်းအင်မော်တယ်ကျမ်းကို လေ့လာထားပြီး ဟာကွက်အချို့ကို ရှာဖွေတွေ့ရှိထားသော်လည်း...
ထိုဟာကွက်များအားလုံးမှာ သက်ရှည်ခြင်းဧကရာဇ်၏ ကျွမ်းကျင်မှုများအောက်တွင် လုံးဝ ပြည့်စုံလုနီးပါး ပြုပြင်ပြောင်းလဲသွားခဲ့ပြီ။
မည်သည့်လှုပ်ရှားမှုမဆို၊ သက်ရှည်ခြင်းဧကရာဇ်က ထုတ်ဖော်လိုက်ချိန်တွင် လုံးဝ ချောမွေ့ပြီး ဟာကွက်မရှိသကဲ့သို့ ဖြစ်သည်။
၎င်းက သက်ရှည်ခြင်းဧကရာဇ်၏ အနှိုင်းမဲ့သော ယုံကြည်မှုပင်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကလည်း စိတ်ပျက်အားလျော့ခြင်းမရှိဘဲ တည်ငြိမ်စွာ ရှိနေခဲ့သည်။
သူသည် သက်ရှည်ခြင်းအင်မော်တယ်ကျမ်း၏ အားနည်းချက်အချို့ကို ဝိညာဉ်အသိဖြင့် ဝူဟူ၊ အိပ်မက်ဧကရာဇ်နှင့် မဟာဧကရာဇ် အဆုံးမဲ့တို့ထံသို့ ပေးပို့လိုက်၏။
ဤသည်ဖြင့် သူတို့လည်း ထိုအားနည်းချက်များကို ရှာဖွေတွေ့ရှိကာ ထိုအားနည်းချက်များဆီသို့သာ ပစ်မှတ်ထား တိုက်ခိုက်နိုင်လိမ့်မည်။
သက်ရှည်ခြင်းဧကရာဇ်မှာ ကျွင်းရှောင်ယောက်နှင့် အခြားသူများ၏ ခုခံမှုက ပိုမိုပြင်းထန်လာကြောင်းကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။
သူက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်လေသည်။
"ပုရွက်ဆိတ်တွေကတော့ ပုရွက်ဆိတ်တွေပါပဲ... ဒီလိုမျိုး ရယ်စရာကောင်းတဲ့ နည်းလမ်းတွေကိုပဲ သုံးတတ်ကြတယ်"
သက်ရှည်ခြင်းဧကရာဇ်က လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။
ထိုအခိုက်အတန့်တွင် နိယာမပေါင်း ရာနှင့်ချီပြီး သူ၏ လက်ဖဝါးရိုက်ချက်အတွင်းမှ ပေါက်ကွဲထွက်လာခဲ့၏။
"ဝုန်း"
အိပ်မက်ဧကရာဇ်နှင့် အခြားသူများမှာ နောက်တစ်ကြိမ် နောက်သို့ အပြင်းအထန် ဆုတ်ခွာသွားခဲ့ရသည်။
ဝူဟူသည်လည်း သွေးများ ထပ်မံအန်ထုတ်လိုက်ရ၏။
ကံကောင်းထောက်မစွာဖြင့် သူဟာ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုမြင့်မားသည်။
ထို့ပြင် ပျက်စီးခြင်းဧကရာဇ်၏ဓမ္မခန္ဓာက စွမ်းအားအများစုကို တောင့်ခံပေးထားသဖြင့် သူ ဆက်လက် ကြံ့ကြံ့ခံနိုင်ခြင်းပင်။
တစ်ချိန်တည်းမှာပင် ကျွင်းရှောင်ယောက်၏ နတ်ဘုရားဓမ္မခန္ဓာ၏ စွမ်းအားများမှာ အလျင်အမြန် ကုန်ဆုံးနေပြီ ဖြစ်သည်။
အဆုံးတွင်၊ ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခုနှင့် တိုက်ခိုက်ရာ၌ သွေးယဇ်ပူဇော်ခြင်းစွမ်းအားနှင့် ယုံကြည်ခြင်းစွမ်းအား ကုန်ဆုံးမှုပမာဏမှာ အလွန်အမင်း ကြီးမားလွန်းသည်။
အချိန်တိုင်းတွင် ကျွင်းရှောင်ယောက်က သူ၏အတွင်းစကြဝဠာထဲရှိ ရွှေရောင်လွှမ်းနေသော ယုံကြည်ခြင်းပင်လယ်ကြီးမှာ သိသိသာသာ လျော့နည်းသွားနေသည်ကို ခံစားနေရသည်။
ကံကောင်းထောက်မစွာဖြင့် ကျွင်းရှောင်ယောက်က သူ၏နတ်ဘုရားဓမ္မခန္ဓာကို အင်မော်တယ်ယဇ်ပလ္လင် ပေါ်တွင် ကြိုတင်ထားရှိခဲ့ပြီး လုံလောက်သော သွေးယဇ်ပူဇော်ခြင်းစွမ်းအားကိုလည်း စုပ်ယူထားစေခဲ့သည်။
"မဟာလမ်းစဉ် သုံးထောင်...၊ သက်ရှည်ခြင်းဧကရာဇ်... မင်းက တကယ်ပဲ ဒီလမ်းစဉ်ကို ရွေးချယ်ခဲ့တာပဲ"
ကျွင်းယောက်ယောက်က အေးစက်စွာ ပြောလိုက်သည်။
သက်ရှည်ခြင်းဧကရာဇ်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... မဟာလမ်းစဥ်သုံးထောင်ပဲ"
"အရင်က ငါဟာ မဟာလမ်းစဉ်သုံးထောင်နဲ့ ကြီးမားတဲ့ အသွင်ပြောင်းလဲမှုဖြစ်စေပြီး အထက်ဘုံကို တက်လှမ်းနိုင်မယ်လို့ ထင်ခဲ့တာ"
"ဒါပေမဲ့... ငါ မှားသွားခဲ့တယ်။ ဒီဧကရာဇ်ရော... လောကမှာရှိတဲ့ ရေတွက်လို့မရတဲ့ သက်ရှိတွေရော မရရှိနိုင်တဲ့ နိယာမတစ်ခု ရှိနေသေးတယ်"
"အဲဒါကတော့ ကံကြမ္မာပဲ"
"ကံကြမ္မာမရှိဘဲနဲ့ လမ်းစဉ်သုံးထောင်ရဲ့ နိယာမတွေဟာ ဘယ်တော့မှ ပြည့်စုံမှာမဟုတ်ဘူး။ အင်မော်တယ်အဆင့်ကို တက်လှမ်းဖို့ဆိုတာကလည်း ထာဝရအိမ်မက်တစ်ခုပဲ ဖြစ်နေလိမ့်မယ်"
"ဒါကို ဒီဧကရာဇ်က လက်မခံနိုင်ဘူး။ ငါက သက်ရှည်ခြင်းဧကရာဇ်ပဲ၊ ဒီအဆင့်မှာပဲ ငါ ထာဝရပိတ်မိနေမှာ မဟုတ်ဘူး"
"ဒါကြောင့် ငါ့ရဲ့ အန္တိမပန်းတိုင်က အင်မော်တယ်တံခါးကို ဖွင့်ဖို့ပဲ"
"အင်မော်တယ်နယ်မြေထဲက သက်ရှိအားလုံးနဲ့ သက်ရှိမှန်သမျှဟာ ငါ့ရဲ့ အင်မော်တယ်လမ်းစဉ်ကို အောင်မြင်ဖို့အတွက် ပူဇော်သက္ကာတွေ ဖြစ်လာရမယ်"
သက်ရှည်ခြင်းဧကရာဇ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
သူက သက်ရှိအားလုံးကို သုတ်သင်ပြီး အင်မော်တယ်တံခါးကို ဖွင့်လှစ်နိုင်ရန် အခိုင်အမာ ဆုံးဖြတ်ထားပြီးပြီ။
ထိုစကားကို ကြားရသောအခါ ကျွင်းရှောင်ယောက်က နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
သက်ရှည်ခြင်းဧကရာဇ်က အင်မော်တယ်ဖြစ်မြောက်ခြင်းကို အလွန်အမင်း စွဲလမ်းနေခြင်းပင်။
သို့သော်လည်း ကံကြမ္မာနိယာမ ကင်းမဲ့နေသဖြင့် မဟာလမ်းစဉ် သုံးထောင်ကို ဖြတ်ကျော်၍ အထက်ဘုံသို့ မတက်လှမ်းနိုင်ခဲ့ပါ။
ထို့ကြောင့် သက်ရှည်ခြင်းဧကရာဇ်ဟာ စိတ်ပျက်ခဲ့ရသည်။
စိတ်ပျက်ရာမှတစ်ဆင့် မျှော်လင့်ချက်မဲ့ခြင်းသို့ ရောက်ရှိသွားခဲ့၏။
နောက်ဆုံးတွင် လူသားဆန်မှုများ လုံးဝ ကွယ်ပျောက်သွားခဲ့ပြီး လူသားတို့၏ စိတ်ခံစားမှုအားလုံးကို ဖယ်ရှားပစ်ခဲ့သည်။
သူက သက်ရှိအားလုံးကို သုတ်သင်ပစ်ရလျှင်ပင် အင်မော်တယ်တံခါးကို မဖြစ်မနေ ဖွင့်ရန်ကြိုးစားတော့မည်။
သို့သော်လည်း ကျွင်းရှောင်ယောက်သာ သိသည်။
သက်ရှည်ခြင်းဧကရာဇ်က မှားယွင်းနေခြင်း ဖြစ်၏။
မဟာလမ်းစဉ်သုံးထောင်က ဖြတ်ကျော်၍မရသော လမ်းတစ်ခု လုံးဝ မဟုတ်ချေ။
သက်ရှည်ခြင်းဧကရာဇ်၏ လမ်းစဉ်ကသာ ပိတ်ဆို့နေခဲ့ခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ကျွင်းရှောင်ယောက်ကိုယ်တိုင်က အင်မော်တယ်ကျင့်စဉ်နှင့် ကံကြမ္မာကျင့်စဉ်ငယ်ကို ရရှိထားပြီး ဖြစ်သည်။
ကံကြမ္မာကျင့်စဉ်ငယ်သည် စစ်မှန်သော ကံကြမ္မာနိယာမများနှင့် နှိုင်းယှဉ်ရန် ဝေးကွာနေသေးသော်လည်း...
အနည်းဆုံးတော့ ၎င်းတွင် ကံကြမ္မာကို အကြမ်းဖျင်း ခံစားနိုင်စွမ်း ရှိစေပြီ။
အကယ်၍ သက်ရှည်ခြင်းဧကရာဇ်သာ ကံကြမ္မာကျင့်စဉ်ငယ်ကို ရရှိခဲ့ပါက ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူ၏ မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာနိုင်ချေ ရှိသည်။
သို့သော်၊ ကျွင်းရှောင်ယောက်က ကံကြမ္မာကျင့်စဉ်ငယ်ကို သက်ရှည်ခြင်းဧကရာဇ်ထံသို့ မည်သည့်အခါမျှ လွှဲပြောင်းပေးမည် မဟုတ်ချေ။
သူဟာ လူသားဆန်မှု ကင်းမဲ့နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်က ကံကြမ္မာကျင့်စဉ်ငယ်ကို ပေးလိုက်လျှင်ပင် နောက်ကြောင်းကို ပြန်လှည့်တော့မည် မဟုတ်ပါ။
ကျွင်းရှောင်ယောက်က ထိုမျှမိုက်မဲသူမဟုတ်ချေ။
အကယ်၍ သူက ကံကြမ္မာကျင့်စဉ်ငယ်ကို သက်ရှည်ခြင်းဧကရာဇ်ထံသို့ အမှန်တကယ် ပေးအပ်လိုက်မည်ဆိုပါက ရလဒ်တစ်ခုသာ ရှိမည်။
သက်ရှည်ခြင်းဧကရာဇ်၏ စွမ်းအားက ပိုမိုသန်မာလာမည်ဖြစ်ပြီး ထို့နောက်တွင် သူ ကျွင်းရှောင်ယောက်၊ မဟာဧကရာဇ် အဆုံးမဲ့နှင့် အခြားသူများကို အပြီးတိုင် သုတ်သင်ချေမှုန်းပစ်လိမ့်မည်။
သူကိုယ်တိုင်ကမူ လမ်းနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း လျှောက်လှမ်းသွားမည် ဖြစ်သည်။
မဟာလမ်းစဉ် သုံးထောင်ကို နားလည်သဘောပေါက်ထားသည့်အပြင် သာမန်လူသားများကို ဆက်လက်သတ်ဖြတ်ကာ အင်မော်တယ်တံခါးကိုလည်း ဖွင့်လှစ်ပေလိမ့်မည်။
အာမခံချက် နှစ်ထပ်ရှိနေသည်ဖြစ်ရာ လမ်းစဉ်တစ်ခုတည်းကိုသာ မည်သည့်အတွက်ကြောင့် ရွေးချယ်ပါမည်နည်း။
ချမ်းသာသူများက ပို၍ ချမ်းသာလိုသကဲ့သို့ပင်။
"မင်း ငါ့ရဲ့ အဆင့်ကို ရောက်လာတဲ့အခါကျရင် ငါ့ရဲ့ခံစားချက်ကို နားလည်နိုင်ပါလိမ့်မယ်"
"ဒါပေမဲ့...၊ ကံမကောင်းချင်တော့ မင်းအတွက် အဲဒါက မဖြစ်နိုင်တော့ဘူး"
သက်ရှည်ခြင်းဧကရာဇ် ပြောလိုက်သည်။
သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ အချိန်နှင့် ဖရိုဖရဲ အငွေ့အသက်များက လေထဲတွင် ပြည့်နှက်သွား၏။
"ဖူး"
ဝူဟူက ပထမဆုံး ဒဏ်ရာရရှိသွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်မှာလည်း အက်ကြောင်းများ ပေါ်လာ၏။
သို့သော်လည်း သူက မြင့်မြတ်ခန္ဓာ၏ ကြံ့ခိုင်သောစွမ်းအားတို့ဖြင့် အတင်းအကျပ် ထိန်းချုပ်ထားလိုက်ရသည်။
နောက်ဆုံးတွင်၊ ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာက ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာ ခြောက်ခုအနက် တစ်ခုမျှသာ ဖြစ်သည်။
၎င်းက မည်မျှပင် သန်မာစေကာမူ ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခု၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်စွမ်း မရှိပေ။
တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်သည်လည်း ပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ရသည်။
နတ်ဘုရားဓမ္မခန္ဓာမှာ ပြင်းထန်စွာ တုန်လှုပ်သွား၏။
သက်ရှည်ခြင်းဧကရာဇ်က အလွန် စွမ်းအားကြီးမားသည်။
သူက အလေးအနက်ထား လှုပ်ရှားလာသည့်အခါ ကောင်းကင်နှင့်မြေပြင်ကို အက်ကွဲစေနိုင်ပြီး အချိန်မြစ်ကိုပင် ဆူပွက်သွားစေနိုင်စွမ်း ရှိပေသည်။