အခန်း ၁၅၅၇
Vol. 109 Ch. 1557
အခန်း ( ၁၅၅၇ ) စွမ်းအား သုံးဆယ်ရာခိုင်နှုန်းကို ဖိနှိပ်ခြင်း။
တိုက်ပွဲက ကောင်းကင်နှင့် မြေကြီး ပျက်စီးလုနီးပါးအထိ ဖြစ်လာခဲ့သည်။
၎င်းက ကမ္ဘာနှစ်ခုလုံးနှင့် သက်ဆိုင်သည့် အသက်လုတိုက်ပွဲတစ်ခု ဖြစ်၏။
အင်မော်တယ်နယ်မြေရှိ သက်ရှိအားလုံးမှာတော့ ဒူးထောက်ပြီး ဆုတောင်းမှုပြုနေကြတော့သည်။
"အသုံးမဝင်ပါဘူး... မင်းတို့ရဲ့ ခုခံမှုက နှံကောင်တစ်ကောင်က ရထားကို တားဖို့ ကြိုးစားနေသလိုမျိုးပဲ..."
သက်ရှည်ခြင်းဧကရာဇ်က အလွန်ကြီးစိုးသည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ မရေတွက်နိုင်သော နတ်အမိန့်ချိန်းကြိုးများ ထွက်ပေါ်လာခဲ့၏။
သူက ကောင်းကင်၏ အနှစ်သာရ၊ စကြဝဠာအတွင်းရှိ အရာအားလုံး၏ အရှင်သခင် ဖြစ်နေသကဲ့သို့ပင်။
စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာပြီးနောက် ကွေ့ရှအပျက်အယွင်း တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရသည်။
ဝူဟူ၏ ခန္ဓာကိုယ်က အက်ကြောင်းများပြည့်ပြီး သွေးချင်းချင်း နီရဲနေပြီ။
ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာ စွမ်းအားသည်လည်း များစွာ နိမ့်ကျသွားခဲ့ရသည်။
သို့သော်၊ ကျွင်းရှောင်ယောက်ကမူ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်နေဆဲပင်။
သူ၏ နောက်ကွယ်တွင် ကောင်းကင်ဘုံကို ထောက်မထားနိုင်သည့်အလား ကြီးမား၍ အဆုံးအစမဲ့သော ဧရာမ သစ်ပင်ကြီးတစ်ပင် ပေါ်ထွက်လာခဲ့သည်။
၎င်းက ကမ္ဘာ့သစ်ပင် ဖြစ်၏။
ကမ္ဘာသစ်ပင်ကို မြူခိုးများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး အပြင်လူများ မြင်တွေ့နိုင်ခြင်း မရှိပေ။
သို့သော်လည်း ၎င်း၏စွမ်းအားက အလွန်အားကောင်းသည်။
ဤသည်မှာ ကျွင်းရှောင်ယောက်အနေဖြင့် ကမ္ဘာသစ်ပင်၏ စွမ်းအားကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခြင်းပင်။
မရေတွက်နိုင်သော ကမ္ဘာကြီးများ ထွက်ပေါ်လာပြီး သက်ရှည်ခြင်းဧကရာဇ်ထံသို့ လိမ့်ဆင်းသွားသည့်အလား ခံစားလိုက်ရသည်။
"မင်းမှာ ဒီလိုမျိုး ထူးဆန်းတဲ့ ရတနာမျိုး ရှိနေသေးတယ်လား"
သက်ရှည်ခြင်းဧကရာဇ်သည် နောက်တစ်ကြိမ် ထပ်မံ၍ အံ့အားသင့်သွားခဲ့ရသည်။
ကမ္ဘာသစ်ပင်...
၎င်းက ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါးပင်လျှင် လောဘတက်ရမည့် ရတနာတစ်ခု ဖြစ်သည်။
ဤလူငယ်လေးတွင် လျှို့ဝှက်ချက်များ ဘယ်လောက်တောင် ရှိနေသေးသနည်း။
"ကမ္ဘာဦးကျမ်း.. နတ်ဘုရားများရဲ့ အကျဉ်းထောင်"
ကမ္ဘာသစ်ပင်၏ စွမ်းအားဖြင့် ကျွင်းရှောင်ယောက်က သူ၏ ကိုယ်ပိုင် နတ်ဘုရားစွမ်းရည်ကို နောက်တစ်ကြိမ် အသက်သွင်းလိုက်သည်။
ချက်ချင်းဆိုသလိုပင်၊ ကောင်းကင်နှင့် မြေပြင်ကြား၌ မရေတွက်နိုင်သော ငရဲဘုံအလွှာများ ပေါ်ထွက်လာခဲ့ပြီး သက်ရှည်ခြင်းဧကရာဇ်ကို ဖိနှိပ်လိုက်၏။
"ထူးကဲလိုက်တဲ့ နည်းလမ်း... ဒါက မင်းကိုယ်တိုင် ဖန်တီးထားတဲ့ နတ်ဘုရားစွမ်းရည်လား"
သက်ရှည်ခြင်းဧကရာဇ်မှာ ထပ်မံ၍ အံ့အားသင့်သွားခဲ့ရ၏။
သူ့ရှေ့မှောက်ရှိ လူငယ်လေးက သူ့ကို တစ်ကြိမ်ပြီးတစ်ကြိမ် အံ့အားသင့်စေခဲ့သည်။
"ဒါပေမဲ့... ငါလို ဧကရာဇ်တစ်ပါးအတွက် ဒါက ဘာအသုံးဝင်မှာလဲ... ငါ့ကို ဘယ်သူက အပြစ်ပေးနိုင်မှာလဲ..."
သက်ရှည်ခြင်းဧကရာဇ်၏ အရှိန်အဝါက တဟုန်ထိုး မြင့်တက်လာသည်။
ငရဲဆယ့်ရှစ်ထပ်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်တော့မည်အလား ဒဏ္ဍာရီလာဧကရာဇ်တစ်ပါး၏ စွမ်းအားများ ထွက်ပေါ်လာခဲ့၏။
ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါးက ကောင်းကင်နှင့် မြေကြီးကိုပင် သူ၏ ခြေဖဝါးအောက်၌ နင်းခြေထားနိုင်သည်။
သာမန်ငရဲဘုံတစ်ခုက သူ၏ရှေ့တွင် ဘာဖြစ်နိုင်မည်နည်း။
"ဪ... တကယ်လား..."
ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
ရုတ်တရက်၊ သက်ရှည်ခြင်းဧကရာဇ်သည် မှောင်မိုက်သော အပြစ်တရားစွမ်းအားများက သူ့ခန္ဓာကိုယ်ကို စတင်၍ စွန်းထင်လာနေကြောင်း ခံစားလိုက်မိ၏။
၎င်းက နတ်ဘုရားများ၏အကျဉ်းထောင်အတွင်း၌ ပါရှိသော ကြီးမားလှသည့် အပြစ်တရား စွမ်းအားပင် ဖြစ်တော့သည်။
"မင်းမှာ ရှိတာ ဒါအကုန်ပဲလား... အပြစ်တရား စွမ်းအားလား... ငါက မရေတွက်နိုင်တဲ့ အပြစ်တရားတွေကို ထမ်းပိုးထားရရင်ကော ဘာဖြစ်လဲ..."
သက်ရှည်ခြင်းဧကရာဇ်က လုံးဝ ဂရုမစိုက်ချေ။
သူ ကျူးလွန်ခဲ့သော သတ်ဖြတ်မှုများမှာ မရေတွက်နိုင်အောင် များပြားလှပြီး သက်ရှိသတ္တဝါအားလုံး၏ အလိုဆန္ဒကို ဆန့်ကျင်ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သူက လုံးဝ ဂရုမစိုက်ချေ။
သူက မည်သူနည်း။
မျက်မှောက်ခေတ်၏ ဒဏ္ဍာရီ...
အဆုံးမဲ့သက်တမ်းဖြင့် သက်ရှည်ခြင်းဧကရာဇ် ဖြစ်သည်။
သက်ရှိသတ္တဝါအားလုံး၏ အပြစ်တရားများက သူ့အတွက် လုံးဝ အရေးမပါချေ။
"ဟုတ်လား... ပုရွက်ဆိတ်တစ်အုပ်ဆိုပေမဲ့ ဆင်တစ်ကောင်ကို အနိုင်ယူနိုင်တယ်ဆိုရင် မင်းယုံမလား"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
နတ်ဘုရား၏ အကျဉ်းထောင်အတွင်းရှိ အပြစ်တရား စွမ်းအားသက်သက်က သက်ရှည်ခြင်းဧကရာဇ်ကို တန်ဖိုးတစ်ခုခု ပေးဆပ်ရစေရန်အတွက် တကယ်ပင် မလုံလောက်ချေ။
သို့သော်လည်း ၎င်းက အစပြုခြင်းမျှသာ ဖြစ်သည်။
၎င်းက ပေါက်ကွဲစေတတ်သော ယမ်းတစ်ထုပ်အတွက် မီးပွားတစ်ခုကဲ့သို့ ဖြစ်၏။
ဤအပြစ်တရား စွမ်းအားမှတစ်ဆင့် သက်ရှည်ခြင်းဧကရာဇ် ကိုယ်တိုင် ကျူးလွန်ခဲ့သော ကြီးမားလှသည့် အပြစ်တရားများကို ဖော်ထုတ်လိုက်ခြင်း ဖြစ်တော့သည်။
သက်ရှည်ခြင်းဧကရာဇ်သည် အမြဲတမ်း ယဇ်ဆရာသခင် ဖြစ်ခဲ့ပြီး သမိုင်းတစ်လျှောက်တွင် မရေတွက်နိုင်သော ကမောက်ကမဖြစ်ခြင်းများကို လှုံ့ဆော်ခဲ့သည်။
ကမောက်ကမဖြစ်ခြင်း ခေတ်အဆက်ဆက်၌ မရေတွက်နိုင်သော သက်ရှိများ၏ နာကျည်းမှုများသည် အပြစ်တရားများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာခဲ့၏။
သို့သော်လည်း သက်ရှည်ခြင်းဧကရာဇ် ကိုယ်တိုင်က ဤအပြစ်တရားများကို ဖိနှိပ်ထားနိုင်လောက်အောင် အစွမ်းထက်လွန်းသည်။
သို့သော်ငြားလည်း ခေတ်အဆက်ဆက်မှ စုဆောင်းလာခဲ့သော ကမောက်ကမဖြစ်ခြင်းများနှင့်အတူ သက်ရှည်ခြင်းဧကရာဇ်၏ အတွင်းပိုင်း၌ ဖုံးကွယ်နေသော အပြစ်တရား စွမ်းအားမှာ စကားလုံးဖြင့် ဖော်ပြ၍မရနိုင်လောက်တော့ပေ။
ဤကဲ့သို့ စုဆောင်းလာခဲ့သော အပြစ်တရားများမှာ ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေခဲ့သည်။
သေးငယ်သော မီးပွားတစ်ခုကပင် ၎င်းကို လုံးဝ ပေါက်ကွဲသွားစေရန် လုံလောက်ပေသည်။
ထို့ပြင် နတ်ဘုရား၏ အကျဉ်းထောင်က ထိုမီးပွားပင် ဖြစ်သည်။
"ဝုန်း"
ကြီးမားသော အပြစ်တရား စွမ်းအားများက နတ်ဘုရား၏ အကျဉ်းထောင်ကို အားဖြည့်ပေးလိုက်သည်။
ရုတ်တရက်၊ သက်ရှည်ခြင်းဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းမှ အနက်ရောင်နှင့် အနီရောင် အပြစ်တရား စွမ်းအားအမြောက်အမြား ပေါက်ကွဲထွက်လာခဲ့၏။
ဤအဆုံးမဲ့သော အပြစ်တရား စွမ်းအားက ပြင်းထန်သော သွေးမြစ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သက်ရှည်ခြင်းဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာတော့သည်။
တစ်ချိန်တည်းမှာပင် မရေတွက်နိုင်သော ကျိန်စာများနှင့် နာကျည်းမှုများက တစ်ကမ္ဘာလုံးတွင် ဟိန်းထွက်လာခဲ့သည်။
"သက်ရှည်ခြင်းဧကရာဇ်... မင်းကို ငါ ကျိန်စာတိုက်တယ်... မင်းကို ငါ မုန်းတယ်... မင်း အသေဆိုးနဲ့သေပါစေ"
"မင်းက ငါတို့ရဲ့ အိမ်တွေကို ဖျက်ဆီးပြီး ငါ့ရဲ့ မိသားစုကို သတ်ခဲ့တယ်... မင်း သက်ရှည်ခြင်းဧကရာဇ်... မင်းက ဆိုးဝါးစွာ သေဆုံးရလိမ့်မယ်... ထာဝရအတွက် မင်းကို ငါ ကျိန်စာတိုက်တယ်..."
"ငါက သရဲတစ္ဆေတစ်ကောင် ဖြစ်သွားရရင်တောင်... အနက်ရှိုင်းဆုံး ငရဲထဲကို ကျရောက်သွားရရင်တောင်မှ မင်း သက်ရှည်ခြင်းဧကရာဇ်ကို ကျိန်စာတိုက်ပြီး မင်းရဲ့ အင်မော်တယ်ဖြစ်မြောက်ရာလမ်းကို ဖြတ်တောက်စ်မယ်..."
အဆုံးမရှိသော ဆိုးယုတ်သောအတွေးများနှင့် အမျိုးမျိုးသော ကျိန်စာများက တောင်ကျရေအလား တဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့သည်။
ယင်းက ကမောက်ကမဖြစ်ခြင်း ခေတ်တစ်ခုတည်းကြောင့် ဖြစ်ပေါ်လာသည့် အပြစ်တရား မဟုတ်ချေ။
၎င်းက ခေတ်အဆက်ဆက် ကမောက်ကမဖြစ်ခြင်းများမှ စုဆောင်းလာခဲ့သော အပြစ်တရားများ ဖြစ်ပြီး ယခုအခါတွင် အားလုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာပြီ ဖြစ်သည်။
ဤကဲ့သို့ နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းသော အပြစ်တရား စွမ်းအားက သာမန်ဧကရာဇ်တစ်ပါး၏ ခန္ဓာကိုယ်အတွင်း၌ ရှိနေမည်ဆိုပါက ထိုဧကရာဇ်ကို ချက်ချင်း သေဆုံးသွားစေလိမ့်မည်။
မြင့်မြတ်ဝိညာဉ် ဘိုးဘေးကဲ့သို့ နတ်ဘုရားအဆင့်နှင့် နီးစပ်သော တည်ရှိမှုများပင်လျှင် ဤစွမ်းအားကို ရရှိမည်ဆိုပါက အကြီးအကျယ် သက်ရောက်မှု ခံရမည် ဖြစ်သည်။
သက်ရှည်ခြင်းဧကရာဇ်၏ အမူအရာက တင်းမာသွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ဤအပြစ်တရားများကို ဖိနှိပ်ရန်အတွက် စွမ်းအင်အလင်းရောင်များကို ထုတ်လွှတ်လိုက်၏။
"ပုရွက်ဆိတ်တွေက ပုရွက်ဆိတ်တွေပါပဲ... သူတို့အားလုံး ပူးပေါင်းရင်တောင်မှ ကောင်းကင်ဘုံရဲ့ စစ်မှန်တဲ့ နဂါးကို ဘယ်တော့မှ ဝါးမြိုနိုင်မှာ မဟုတ်ဘူး..."
သက်ရှည်ခြင်းဧကရာဇ်က ဤထာဝရ အပြစ်တရားကို ဖိနှိပ်ရန်အတွက် စွမ်းအားအမြောက်အမြားကို အသုံးပြုလိုက်ရသည်။
သူ၏ နတ်ဘုရားခန္ဓာက တုန်ခါနေခဲ့၏။
အပြစ်တရား စွမ်းအားများက သူ့ခန္ဓာကိုယ်တွင်းမှ အဆက်မပြတ် ပေါက်ကွဲထွက်နေသော်လည်း နတ်ဘုရားစွမ်းအားများဖြင့် မပြတ်ဖိနှိပ်ခြင်း ခံနေရသည်။
သို့သော်၊ မည်သို့ပင်ဖြစ်စေ... ဤထာဝရ အပြစ်တရား၏ စွမ်းအားက နောက်ဆုံး၌ သက်ရှည်ခြင်းဧကရာဇ်အပေါ် သက်ရောက်သွားခဲ့ပြီ ဖြစ်သည်။
သူ၏ စွမ်းအား အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းခန့်မှာ ဖိနှိပ်ခြင်း ခံလိုက်ရတော့သည်။
"ကောင်းလိုက်တာ... ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့ အစီအစဉ်က အောင်မြင်သွားပြီ..."
သက်ရှည်ခြင်းဧကရာဇ်၏ တုန်ခါနေသော နတ်ဘုရားခန္ဓာကို မြင်လိုက်ရသဖြင့် အင်မော်တယ်နယ်မြေတစ်ခုလုံးတွင် အော်ဟစ်အားပေးသံများ ထွက်ပေါ်လာခဲ့သည်။
သက်ရှည်ခြင်းဧကရာဇ်သည် ကမ္ဘာပေါ်သို့ ပေါ်ထွက်လာသည့် အချိန်မှစ၍ ကမ္ဘာဖျက်ဆီးမည့် နတ်ဘုရားတစ်ပါးကဲ့သို့ ရှိခဲ့သည်။
သူ၏ နတ်ဘုရားစွမ်းအားက အဆုံးအစမဲ့နေခဲ့ပြီး မည်သူမျှ သူ့ကို မတားဆီးနိုင်ခဲ့ချေ။
ယခုအခါတွင်မူ ပထမဆုံးအကြိမ်အဖြစ် သက်ရှည်ခြင်းဧကရာဇ်သည် ဖိနှိပ်ခြင်း ခံခဲ့ရပြီ ဖြစ်သည်။
၎င်းက အင်မော်တယ်နယ်မြေ၏ ကျင့်ကြံသူများအတွက် ကြီးမားသော စိတ်ဓာတ်ခွန်အား တိုးတက်မှုတစ်ခု ဖြစ်တော့သည်။
"အကြီးအကဲ အဆုံးမဲ့၊ အကြီးအကဲ အိပ်ဧကရာဇ်၊ ဝူဟူ... ကျုပ်တို့ အတူတူ တိုက်ခိုက်ကြစို့"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
အမှန်တကယ်တော့ သူ ပြောရန်ပင် မလိုချေ။
လူတိုင်းက သိရှိကြပြီးသား ဖြစ်သည်။
အဆုံးမဲ့ဧကရာဇ်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် နတ်ဘုရားစွမ်းအားများ ပေါက်ကွဲထွက်နေခဲ့သည်။
သူ့လက်တစ်ဖက်တွင် အဆုံးမဲ့ခေါင်းလောင်းကို ကိုင်ဆောင်ထားခဲ့ကာ ကျန်လက်ဝါးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကို စုစည်းနေခဲ့၏။
အဆုံးမရှိသော အလင်းတန်းများက သူ၏ လက်ဖဝါးအတွင်း၌ ဖြာထွက်လာသည်။
၎င်းက အဆုံးမဲ့ဧကရာဇ်နှင့် သက်ဆိုင်သည့် အဆုံးစွန်သော နိယာမဖြစ်ကာ အလွန်အမင်း အားကောင်းပြီး ကောင်းကင်ဘုံကို တုန်ခါသွားစေတော့သည်။
"အစမဟုတ်တဲ့ အစပြုခြင်း၊ အဆုံးသတ်မဟုတ်တဲ့ အဆုံးသတ်၊ ကောင်းကင်နှင့် မြေပြင်ရဲ့ အဆုံး... အရာအားလုံးရဲ့ ပျက်စီးခြင်း..."
အဆုံးမဲ့နိယာမများကို သယ်ဆောင်ထားသည့် တောက်ပလှသော အလင်းရောင်က ပြင်းထန်သော အဟုန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဖြာထွက်လာတော့သည်။
၎င်းက အဆုံးမဲ့ဧကရာဇ်၏ အဆုံးစွန်နိယာမဖြစ်ပြီး အရာအားလုံးကို ပျက်စီးစေကာ နတ်ဘုရားများနှင့် အင်မော်တယ်များကို သတ်ဖြတ်နိုင်သည်။
အိပ်မက်ဧကရာဇ်သည်လည်း သူမ၏ အဆုံးစွန်သော တိုက်ခိုက်မှုကို အသုံးပြုလိုက်သည်။
သူမ၏ နောက်ကွယ်တွင် မြူခိုးများ ပေါ်ထွက်လာခဲ့၏။
ဝေဝါးစွာဖြင့် သရဲမျက်နှာဖုံးဝတ် အမျိုးသမီးဧကရာဇ်၏ ညှို့ဓာတ်ပြင်း၍ ကျော့ရှင်းလှသော ပုံသဏ္ဌာန်က မြူခိုးများကြားမှ ထွက်ပေါ်လာခဲ့ပုံရသည်။
"နှစ်ပေါင်းထောင်ချီ အိပ်မက်ရှည်"
အိပ်မက်ဧကရာဇ်၏ လှုပ်ရှားမှုက ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည့်အလား ထင်ရသည်။
၎င်းက အလွန်အမင်း အစွမ်းထက်သဖြင့် အချိန်မြစ်ကြီးပင်လျှင် ဝေဝါးစွာ ပေါ်ထွက်လာခဲ့ရ၏။
ကျွင်းရှောင်ယောက်သည်လည်း သူ၏ စွမ်းအားအပြည့် ထုတ်ဖော်ပြီး စကြဝဠာ၏ မူလစွမ်းအားကို အသက်သွင်းလိုက်တော့သည်။
ထို့အပြင် ကမ္ဘာသစ်ပင်၏ စွမ်းအားနှင့်အတူ အမျိုးမျိုးသော တိုက်ခိုက်မှု စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။
"ကမ္ဘာဦးကျမ်း... နတ်ဘုရားရဲ့ အလင်းရောင်..."
"ကမ္ဘာဦးကျမ်း... နတ်ဘုရားရဲ့ ပြစ်ဒဏ်..."
"ကမ္ဘာဦကျမ်း... နတ်ဘုရားရဲ့ စတေးခြင်း..."
"ကမ္ဘာဦးအစ... နတ်ဘုရားရဲ့ အကျဉ်းထောင်..."
ထိုအခိုက်အတန့်တွင် ကျွင်းရှောင်ယောက်၏ မူလတာအို နတ်ဘုရားစွမ်းရည် လေးခုစလုံး ထွက်ပေါ်လာခဲ့သည်။
၎င်းက အလွန်ဖြစ်ခဲ၏။
ကျွင်းရှောင်ယောက်သည် မူလတာအို နတ်ဘုရားစွမ်းရည် လေးခုလုံးကို တစ်ပြိုင်နက်တည်း တစ်ခါမျှ အသုံးမပြုခဲ့ဖူးချေ။
ထို့ပြင် လုဖူးကွေ့၏ အသွင်ပြောင်းလဲမှု ဖြစ်သော ကမ္ဘာသန့်စင်ခြင်းမီးပြင်းဖိုသည်လည်း တစ်ချိန်တည်းမှာပင် ဖိနှိပ်ချလိုက်သည်။
ထိုတိုက်ခိုက်မှုများ၏ စွမ်းအား အလွန်အမင်း အားကောင်းသဖြင့် စိတ်ကူးကြည့်ရန် မလွယ်ကူသလို စကားလုံးဖြင့်လည်း ဖော်ပြ၍မရချေ။
ထို့အတူ၊ ဝူဟူကလည်း ဟိန်းဟောက်မာန်သွင်း၍ သူ၏ စွမ်းအားရှိသမျှ ထုတ်ဖော်လိုက်သည်။
သူသည် ရှေးဟောင်းမြင့်မြတ်ခန္ဓာတို့၏ အစွန်းရောက်လက်သီးချက်ကို ထုတ်ဖော်လိုက်ပြီး ကောင်းကင်ကို ပြိုကွဲသွားစေခဲ့၏။
ဤအထွတ်အထိပ် တိုက်ခိုက်လေးခုနှင့် ရင်ဆိုင်ရသော်လည်း...
သက်ရှည်ခြင်းဧကရာဇ်က အမူအရာမပြောင်း ရှိနေသေးသည်။
သူ၏ စွမ်းအား သုံးဆယ်ရာခိုင်နှုန်းကို ဖိနှိပ်ခံထားရချိန်မှာပင် ယုံကြည်မှုအပြည့်ရှိနေဆဲ ဖြစ်သည်။
"ကမ္ဘာ သန့်စင်ခြင်း... ထာဝရကြာပန်း..."
သက်ရှည်ခြင်းဧကရာဇ်က သူ့လက်ကိုမြှောက်လိုက်သည်။ အဆုံးမဲ့ ဒဏ္ဍာရီလာစွမ်းအင်များ စုစည်းလာပြီး နိယာမများ၊ ရွန်းများနှင့် ဆန်းကျယ်သော အရာများက တစ်ခုနှင့်တစ်ခု ရောယှက်သွား၏။
နောက်ဆုံးတွင်၊ ကြည်လင်သော အဖြူရောင် ကြာပန်းအဖြစ် ဖွဲ့စည်းသွားတော့သည်။
သန့်စင်ခြင်းကြာပန်းဆိုသည်မှာ အဘယ်နည်း။
ကမ္ဘာမြေကို သန့်စင်ခြင်းနှင့် သက်ရှိအားလုံးကို ဆေးကြောခြင်း... ၎င်းက သန့်စင်ခြင်းကြာပန်း၏ စစ်မှန်သော အဓိပ္ပာယ်ပင် ဖြစ်သည်။
တစ်ချက်တည်းဖြင့် ကမ္ဘာကြီးကို ဆေးကြောသန့်စင်ပစ်လိုက်ပြီး အရာအားလုံး တည်ရှိမှု ရပ်တန့်သွားစေနိုင်ပေသည်။
မရေမတွက်နိုင်သော မျက်လုံးများ၏ စောင့်ကြည့်မှုအောက်တွင်...
သက်ရှည်ခြင်းဧကရာဇ်၏ ကမ္ဘာသန့်စင်ခြင်းကြာပန်းက ဖြည်းညှင်းစွာ ပွင့်လာပြီး အဆုံးစွန်တိုက်ခိုက်မှုလေးခုနှင့် ထိပ်တိုက် တွေ့ဆုံသွားတော့သည်။