အခန်း ၁၅၅၉
Vol. 109 Ch. 1559
အခန်း ( ၁၅၅၉ ) အိပ်မက်ဧကရာဇ်၏ စတေးခံခြင်း။
စင်စစ်တွင်၊ ကျန်းစန်းယီက သူမ၏စိတ်ကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။
သူမအနေဖြင့် အနောက်ဘက်မှမယ်တော်ဘုရင်မ၏ ဇာတ်လမ်းကို သိရှိခဲ့ရသည့် အခိုက်အတန့်ကတည်းကပင် အရာအားလုံးကို အဆင်သင့်ပြင်ထားခဲ့ခြင်း ဖြစ်၏။
သူဟာ ကျွင်းရှောင်ယောက်ကို ယခုကြုံတွေ့နေရသော ကပ်ဘေးကြီးအား ကျော်လွှားနိုင်ရန် ကူညီပေးနိုင်ရန်အတွက် အရာအားလုံးကို ပေးဆပ်ရန် ဆန္ဒရှိခဲ့ပေသည်။
သူမ ပြုလုပ်ရန်လိုအပ်သည်မှာ သူ၏ ဝင်ပေါက်တစ်ဆယ့်နှစ်ခု အင်မော်တယ်နှလုံးသားကို စတေးရန်သာ ဖြစ်သည်။
ဤအရာက ကျွင်းရှောင်ယောက်ကို ပြီးပြည့်စုံသော မြင့်မြတ်ခန္ဓာ တာအိုသန္ဓေအဖြစ် လုံးဝ အသွင်ပြောင်းလဲသွားစေရန် ကူညီပေးလိမ့်မည်။
ထိုသို့ဖြစ်လာပါက နတ်ဘုရားဓမ္မခန္ဓာ၏ စွမ်းအားမှာလည်း သိသိသာသာ တိုးတက်လာမည်ဖြစ်ပြီး အောင်ပွဲကို ဆုပ်ကိုင်နိုင်ရန် အခွင့်အရေးတစ်ခု ရှိနိုင်သည်။
ထို့ပြင် ဤအရာက ကျွင်းရှောင်ယောက်အတွက် အတိုင်းအဆမဲ့သော အလားအလာများကို ယူဆောင်လာပေးမည်ဖြစ်ပြီး အနာဂတ်တွင် သး အထွတ်အထိပ်သို့ တက်လှမ်းမည့် ခရီးစဉ်အတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မည်။
ဤအတွက်သူမကိုယ်တိုင် မည်သို့ဖြစ်သွားမည်ကိုမူ ကျန်းစန်းယီက လုံးဝ ဂရုမစိုက်ပါ။
"မမစန်းယီ... စိတ်မလိုက်ပါနဲ့၊ ကျွန်တော်တို့ ဒါကို ကျော်ဖြတ်နိုင်ပါတယ်"
ကျွင်းရှောင်ယောက်က အခိုင်အမာ ပြောလိုက်သည်။
ပုံမှန်အားဖြင့် တိတ်ဆိတ်စွာနေသော အဆုံးမဲ့ဧကရာဇ်သည်ပင် ဝင်ပြောလာခဲ့ပေသည်။
"ဝမ်းနည်းစရာ ကံကြမ္မာဆိုးတွေကို ထပ်မဖြစ်ပွားစေရဘူး၊ ဒီလိုမျိုး သံသရာစက်ဝန်းတွေဟာလည်း ဒီလောကမှာ မတည်ရှိသင့်တော့ဘူး"
သူ၏ ရှေ့မှောက်ရှိ မြင်ကွင်းက မဟာဧကရာဇ် အဆုံးမဲ့အား သူ၏စိတ်နှလုံးထဲမှ အဆုံးစွန် ဝမ်းနည်းမှုနှင့် နာကျင်မှုများကို ပြန်လည်အမှတ်စေခဲ့သည်။
၎င်းက သူ၏ ထာဝရနာကျင်မှုနှင့် နောင်တပင်။
သက်ရှည်ခြင်းဧကရာဇ်က ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။
သူက တိုးညှင်းစွာ ရေရွတ်လိုက်၏။
"အို... ဒါက အရင်အတိုင်း တူညီတဲ့ သံသရာစက်ဝန်းတစ်ခု ထပ်ဖြစ်ဦးမှာပါလား"
"လူသားတွေဟာ တကယ်ပဲ စိတ်ဝင်စားဖို့ကောင်းတဲ့ မျိုးစိတ်တစ်ခုပဲ"
သက်ရှည်ခြင်းဧကရာဇ်၏ တည်ငြိမ်အေးစက်ပြီး နတ်ဘုရားကဲ့သို့သော စိတ်နေသဘောထားအရ...
လူတစ်ယောက်မှ အခြားလူတစ်ယောက်အတွက် မိမိ၏ အသက်အပါအဝင် အရာအားလုံးကို မျှော်လင့်ချက်မရှိဘဲ ပေးဆပ်ရန် ဆန္ဒရှိနေသည်ကို လုံးဝ နားမလည်နိုင်ပေ။
သူ၏ အမြင်အရ ဤအရာမှာ လုံးဝ မိုက်မဲခြင်း ဖြစ်သည်။
ကျန်းစန်းယီက ဘာမျှမတုံ့ပြန်တော့ပေ။
သူမ စတင်လှုပ်ရှားရန် ပြင်ဆင်လိုက်သည့် အချိန်မှာပင်...
ရုတ်တရက်၊ စွမ်းအားတစ်ခုက သူ့ကို လွှမ်းခြုံသွားခဲ့ပြီး သူ၏ ဝင်ပေါက်ဆယ့်နှစ်ခု အင်မော်တယ်နှလုံးသား စွမ်းအားကို ဖိနှိပ်ပစ်လိုက်သည်။
ကျန်းစန်းယီလည်း ရပ်တန့်သွားပြီး ကြည့်လိုက်မိ၏။
လှုပ်ရှားမှု ပြုလုပ်လိုက်သူမှာ အခြားမဟုတ်ဘဲ အိပ်မက်ဧကရာဇ်ပင် ဖြစ်သည်။
"အကြီးအကဲ အိပ်မက်ဧကရာဇ်..."
ဤတော့မှ ကျွင်းရှောင်ယောက်လည်း အနည်းငယ် သက်ပြင်းချလိုက်နိုင်လေသည်။
"မင်း အဲဒီလို လုပ်ဖို့မလိုပါဘူး"
အိပ်မက်ဧကရာဇ်က ကျန်းစန်းယီကို စူးစိုက်ကြည့်လိုက်သည်။
သူက ကျန်းစန်းယီ၏ ခန္ဓာကိုယ်ပေါ်တွင် သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးဧကရာဇ်၏ အရိပ်အယောင်အချို့ကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။
သူတို့အားလုံးက လူတစ်ယောက်တည်းအပေါ်တွင် ထိုမျှသစ္စာရှိကြပြီး သူ့အတွက် ဘာမဆိုပြုလုပ်ရန် ဆန္ဒရှိကြသည်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးဧကရာဇ်မှာ လူတစ်ယောက်ကို ဘဝများစွာ တောက်လျှောက် ရှာဖွေနေခဲ့သူ ဖြစ်သည်။
တစ်ဖက်တွင်မူ ကျန်းစန်းယီကလည်း ထိုသူအတွက် မိမိကိုယ်ကို အတ္တကင်းစွာ စတေးရန် ဆန္ဒရှိ၏။
ဤခံစားချက်က အိပ်မက်ဧကရာဇ်ကို ထိခိုက်သွားစေခဲ့ပြီး သူမ၏ အတွင်းစိတ်ထဲတွင် အချို့သော စိတ်ခံစားမှုများ ဖြစ်ပေါ်လာခဲ့ရပေသည်။
"သူက မင်းရဲ့ အဖော်ပြုပေးမှုကို လိုအပ်တာပါ၊ မင်း ဒီလိုမျိုး သေဆုံးသွားလို့မဖြစ်ဘူး"
အိပ်မက်ဧကရာဇ်၏ ထာဝရပြောင်းလဲခြင်းမရှိသော မျက်နှာထက်တွင် ဝေဝါးသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဒါပေမဲ့..."
ကျန်းစန်းယီက တုံ့ဆိုင်းသွား၏။
"ငါ ဒီနေရာကို လာခဲ့တာက သူ ဒီကပ်ဘေးကြီးကို ကျော်ဖြတ်နိုင်အောင် ကူညီပေးဖို့ပါပဲ၊ ဒါမှမဟုတ် တစ်နည်းပြောရရင်..."
"ငါ တည်ရှိနေရခြင်းရဲ့ ရည်ရွယ်ချက်က သူ ဒီကပ်ဘေးကြီးကို ကျော်လွှားနိုင်ဖို့ ကူညီပေးဖို့အတွက်ပဲ"
အိပ်မက်ဧကရာဇ် ထိုသို့ပြောဆိုပြီးနောက် နောက်သို့လှည့်ကာ ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
"အကြီးအကဲ အိပ်မက်ဧကရာဇ်..."
ကျွင်းရှောင်ယောက်က အနည်းငယ် တိတ်ဆိတ်သွားခဲ့သည်။
သူက အိပ်မက်ဧကရာဇ်၏ ဆန္ဒကို သိရှိလိုက်ရသလိုပင်။
"ရှောင်ယောက်... ငါ့နာမည်က နန်ခယ့်မုန့်လို့ ခေါ်တယ်"
နန်ခယ့်မုန့်...
နန်ခယ့်မုန့်ဆိုသူ ဤအမျိုးသမီးမှာ အမြဲတမ်း တစ်ယောက်တည်း နေထိုင်ခဲ့သူ ဖြစ်သည်။
ယခုကဲ့သို့ သူမ၏ အိပ်မက်ထဲမှလူနှင့် တွေ့ဆုံပြီးနောက်မှာတော့ မည်သည့်တွယ်တာမှု သို့မဟုတ် အလိုဆန္ဒများ မကျန်ရှိတော့ပေ။
အိပ်မက်ဧကရာဇ်က ခြေလှမ်းတစ်လှမ်းချင်းစီဖြင့် သက်ရှည်ခြင်းဧကရာဇ်ထံသို့ လျှောက်လှမ်းသွားခဲ့သည်။
သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် ဧကရာဇ်လမ်းစဉ် နိယာမများမှာ လောင်ကျွမ်းနေခဲ့ရ၏။
သူမ၏ အရှိန်အဝါက မြင့်မားလာပြီး ခဏချင်းအတွင်းမှာပင် ထိတ်လန့်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိသွားတော့သည်။
"အလို... မင်းက ကိုယ့်ကိုယ်ကိုယ် စတေးတော့မလို့လား"
သက်ရှည်ခြင်းဧကရာဇ် ပြောလိုက်သည်။ သူက အိပ်မက်ဧကရာဇ်ကို ဤလမ်းကြောင်းအား ရွေးချယ်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
အိပ်မက်ဧကရာဇ်၏ ကျင့်ကြံမှုအဆင့်မှာ လောက၏ အထွတ်အထိပ်တွင် ရပ်တည်နေခြင်းဖြစ်ကြောင်း သိထားကြသင့်သည်။
လူတစ်ယောက်က ပိုမိုမြင့်မားသော နေရာတွင် ရပ်တည်နိုင်လေလေ၊ ကိုယ့်အသက်ကို ပိုမိုတန်ဖိုးထားလေလေဖြစ်ပြီး ကြွေလွင့်ပျက်စီးသွားရန် လုံးဝ ဆန္ဒမရှိကြချေ။
သက်ရှည်ခြင်းဧကရာဇ်သည်လည်း ထိုကဲ့သို့ဖြစ်ပြီး အင်မော်တယ်ဖြစ်မြောက်ရန်ကိုသာ စိတ်နှစ်၍ ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။
သို့သော် အိပ်မက်ဧကရာဇ်ကမူ ဆန့်ကျင်ဘက် ပြုလုပ်ခဲ့ပြီး ဤအခိုက်အတန့်တွင် သူမ ပိုင်ဆိုင်သမျှ အရာအားလုံးကို လောင်ကျွမ်းပစ်ရန် လိုလိုလားလား ရှိနေခဲ့ပြီ။
"မင်း... ဒါက ထိုက်တန်လို့လား"
ဤအခိုက်အတန့်တွင်၊ အိပ်မက်ဧကရာဇ်၏ အတိုင်းအဆမဲ့ စွမ်းအားများကို ခံစားလိုက်ရသောအခါ ပုံမှန်အားဖြင့် တည်ငြိမ်အေးစက်သော သက်ရှည်ခြင်းဧကရာဇ်ပင်လျှင် လေးနက်သော အရိပ်အယောင်တချို့ကို ပြသလာခဲ့သည်။
သူ၏ ကိုယ်ပိုင်စွမ်းအားမှာ ရေတွက်၍မရနိုင်သော ဘဝများစွာမှ အပြစ်တရားများကြောင့် သုံးဆယ်ရာခိုင်နှုန်းခနိ့ ဖိနှိပ်ခြင်းခံထားရသည်။
ထို့ပြင် သူ ယခင်က ခံစားခဲ့ရသော ဒဏ်ရာများလည်း ရှိနေသေးသည်။
ဤအခိုက်အတန့်တွင် အိပ်မက်ဧကရာဇ်က အသက်စွန့်ပြီး တိုက်ခိုက်မည်ဆိုလျှင် သူ့အတွက် အမှန်တကယ်ပင် ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာလိမ့်မည်။
အိပ်မက်ဧကရာဇ်က ဒဏ္ဍာရီလာဧကရာဇ်အဆင့်သို့ မရောက်ရှိသေးသော်လည်း နတ်ဘုရားအဆင့်နှင့် နီးစပ်သော တည်ရှိမှုတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
အကယ်၍ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးက မိမိကိုယ်ကို ဖျက်ဆီးကာ လောင်ကျွမ်းပစ်မည်ဆိုပါက ကောင်းကင်နှင့်မြေပြင်သည် ပျက်စီးသွားမည်ဖြစ်ပြီး သက်ရှိအရာအားလုံး ပျောက်ကွယ်သွားလိမ့်မည်။
ဒဏ္ဍာရီလာဧကရာဇ်များပင်လျှင် အခက်ကြုံနိုင်သည်။
"ဒါက ထိုက်တန်သလား မထိုက်တန်ဘူးလား မေးစရာ မရှိပါဘူး။ ငါက လိုလိုလားလားရှိဖို့ပဲလိုတယ်"
အိပ်မက်ဧကရာဇ်၏ မျက်နှာထက်တွင် ဝေဝါးသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဘဝတစ်ခုပြီးတစ်ခု...
ကောင်းကင်ကိုးပါးရှိ လတစ်စင်းပေါ်တွင် တစ်ယောက်တည်း ရှိနေခဲ့ရသော အထီးကျန်မှု...
လူတစ်ယောက်ကို စောင့်ဆိုင်းရန်၊ သူ့ကို တစ်ကြိမ်မျှ မြင်တွေ့ရန်နှင့် ထို့နောက်တွင် ပျောက်ကွယ်သွားရန်အတွက်သာ ဖြစ်သည်။
ဘဝတစ်ခုစာ အိပ်မက်များမှ နောက်ဆုံးမှာတော့ သူ နိုးထလာခဲ့ပြီ။
သို့ရာတွင် အိပ်မက်ဧကရာဇ် နိုးထလာခဲ့သည့် အခိုက်အတန့်က သူမ ကွယ်ပျောက်သွားခဲ့သည့် အခိုက်အတန့်လည်း ဖြစ်နေသည်။
ဒါက "အိပ်မက်ထဲက အိပ်မက်တစ်ခု"ပင်။
ဤအရာကပက် အိပ်မက်များ၏ စစ်မှန်သော အဓိပ္ပာယ်ပ ဖြစ်တော့သည်။
"ဆရာ... မလုပ်ပါနဲ့"
ရုတ်တရက်၊ ရှိုက်သံနှောသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
လူနှစ်ဦးက ကောင်းကင်ကိုးပါးရှိ လမင်းကြီးပေါ်မှ ပြေးထွက်လာခဲ့ကြ၏။
သူတို့က အခြားသူမဟုတ်ဘဲ နတ်ဆိုးဧကရီလေးနှင့် ရန်ယုမန်တို့ပင် ဖြစ်ကြတော့သည်။
ဤအခိုက်အတန့်တွင် နတ်ဆိုးဧကရီလေး၏ မျက်နှာထက်တွင် မျက်ရည်စများဖြင့် ပြည့်နှက်နေခဲ့သည်။
သူသည် အိပ်မက်ဧကရာဇ်၏ လက်ချောင်းထိပ်ပေါ်တွင် တွယ်ကပ်နေခဲ့ပြီး နှစ်ပေါင်းများစွာတစ်လျှောက် သူမနှင့်အတူ ရှိနေခဲ့သည့် ရှေးဟောင်းဧကရာဇ်လိပ်ပြာ ဖြစ်သည်။
ယခုတော့ သူမ၏ ဆရာ ကွယ်လွန်တော့မည်ကို မြင်တွေ့လိုက်ရချိန်တွင် ရင်ကွဲမတတ် ခံစားနေရတော့သည်။
အိပ်မက်ဧကရာဇ်ကမူ ဘာမျှမပြောတော့ဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။
"အကြီးအကဲ အိပ်မက်ဧကရာဇ်..."
"နန်ခယ့်မုန့်"
ကျွင်းရှောင်ယောက်၏ နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
သူနှင့် အိပ်မက်ဧကရာဇ်တို့အကြားတွင် ဆက်ဆံရေးများစွာ မရှိခဲ့သော်လည်း...
သရဲမျက်နှာဖုံးဝတ် အမျိုးသမီးဧကရာဇ်၏ နောက်ဆုံးလူဝင်စားခြင်းဖြစ်သော ဤအမျိုးသမီးမှာ မည်မျှအထီးကျန်ခဲ့ရသည်ကို သူ သိရှိထားသည်။
သူဟာ ဤလောက၏ အထွတ်အထိပ်တွင် ရပ်တည်နေပုံရသော်လည်း တကယ်တမ်းမှာတော့ သနားစရာကောင်းသော သူတစ်ဦး ဖြစ်၏။
နန်ခယ့်မုန်သည် ကျွင်းရှောင်ယောက်က သူမကို နာမည်တပ်၍ ခေါ်ဆိုလိုက်သည်ကို ကြားလိုက်ရသောအခါ ချိုမြိန်စွာ ပြုံးလိုက်သည်။
နောက်တစ်ခဏတွင်၊ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် တောက်ပသော အလင်းများက လွှမ်းခြုံသွားခဲ့၏။
အဆုံးမဲ့ နိယာမများက ပေါက်ကွဲထွက်လာပြီး အနှိုင်းမဲ့သော စွမ်းအားမျိုးဖြင့် သက်ရှည်ခြင်းဧကရာဇ်ထံသို့ ဝင်ရောက်သွားတော့သည်။
"ဒီလိုလုပ်ရုံနဲ့ အရာအားလုံးကို အဆုံးသတ်နိုင်လိမ့်မယ်လို့ မင်း ထင်နေတာလား။ အိပ်မက်မက်နေလိုက်"
သက်ရှည်ခြင်းဧကရာဇ်သည်လည်း အတိုင်းအဆမဲ့သော အရှိန်အဝါများကို ထုတ်ဖော်ရင်း အိပ်မက်ဧကရာဇ်ကို ရင်ဆိုင်ရန် ဟန်ပြင်လိုက်သည်။
သို့သော် ဤအခိုက်အတန့်တွင်...
နန်ခယ့်မုန့်က တောက်ပသော အလင်းတန်းများနှင့် ခမ်းနားလှသော အိပ်မက်တစ်ခုအဖြစ် အမှန်တကယ် ပြောင်းလဲသွားခဲ့သည်။
ထိုသို့ တောက်ပလှသော အလင်းများကြားတွင်...
အလွန်ဝေဝါးသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပုံရ၏။
ထိုပုံရိပ်က စကြဝဠာ၏ ဗဟိုချက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေလျက် လောက၏ နယ်ပယ်သုံးထောင်လုံးကို လွှမ်းမိုးထားသည်။
သူ၏ ဝေဝါးသော သရဲမျက်နှာမျက်နှာဖုံးအောက်တွင်မူ ကြယ်တာရာကဲ့သို့ မျက်ဝန်းများက သက်ရှည်ခြင်းဧကရာဇ်ကို အေးစက်စွာ စူးစိုက်ကြည့်နေတော့သည်။
"မင်း... မင်းက..."
သက်ရှည်ခြင်းဧကရာဇ်က ရှားရှားပါးပါး တုန်လှုပ်မှုကို ပြသလာခဲ့သည်။
နန်ခဲမုန့်က မိမိကိုယ်ကို လောင်ကျွမ်းပစ်လျက် အရာအားလုံးကို စတေးလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ၎င်းက သရဲမျက်နှာဖုံးဝတ် အမျိုးသမီးဧကရာဇ်၏ သူမ၏ခန္ဓာကိုယ်အတွင်း၌ ချန်ထားရစ်ခဲ့သော အမှတ်အသားတစ်ခုကို အသက်သွင်းပေးလိုက်ခြင်း ဖြစ်၏။
ဤဝေဝါးသော ပုံရိပ်ကြီးက သရဲမျက်နှာဖုံးဝတ် အမျိုးသမီးဧကရာဇ်၏ အမှတ်အသားနှင့် စွမ်းအားများမှ ကျန်ရစ်ခဲ့သော အစိတ်အပိုင်းတစ်ခုပင်။
၎င်းက နန်ခယ့်မုန့် လုံးဝ စတေးခံလိုက်ရသည့် အချိန်တွင်မှသာ ထွက်ပေါ်လာမည် ဖြစ်သည်။
"ဝုန်း"
ဝေဝါးသော်လည်း သွယ်လျပြီး အပြစ်ဆိုဖွယ်မရှိသော ကျောက်စိမ်းလက်တစ်ဖက် ထွက်ပေါ်လာခဲ့သည်။
လက်ဝါးတစ်ချက် ရိုက်ချလိုက်ရုံဖြင့် သက်ရှည်ခြင်းဧကရာဇ်၏ ဒဏ္ဍာရီလာနိယာမများကို ရိုက်ခွဲပစ်လိုက်၏။
"ဝုန်း"
လောကတစ်ခုလုံး တုန်ခါသွားတော့သည်။
"မဟုတ်ဘူး... မင်းက အဲဒီခြေလှမ်းကို အမှန်တကယ် မလှမ်းရသေးဘူးမလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သက်ရှည်ခြင်းဧကရာဇ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ငါက သက်ရှည်ခြင်းဧကရာဇ်... ထာဝရ တည်တံ့ပြီး မသေမျိုးဖြစ်တဲ့ ထာဝရကောင်းကင်ဘုံပဲကွ"
သက်ရှည်ခြင်းဧကရာဇ်က ဒဏ္ဍာရီလာနိယာမများ၏ အစိတ်အပိုင်းအချို့ကို လောင်ကျွမ်းပစ်လိုက်၏။
ယင်းက ကောင်းကင်ကို တုန်ခါသွားစေခဲ့ပြီး ကမ္ဘာသန့်စင်ခြင်းမီးပြင်းဖိုတစ်ခုလုံးပင် ပြိုလဲတော့မည့်ကဲ့သို့ ဖြစ်လာရတော့သည်။
သို့သော်လည်း သရဲမျက်နှာဖုံးဝတ် အမျိုးသမီးဧကရာဇ်က လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရုံဖြင့် သက်ရှည်ခြင်းဧကရာဇ်၏ ဒဏ္ဍာရီလာနိယာမများကို ရိုက်ခွဲပစ်လိုက်သည်။
နန်ခယ့်မုန့်၏ စတေးမှုကြောင့် ထွက်ပေါ်လာသော စွမ်းအင်အားလုံးက ပြယ်ပျက်ခြင်းမရှိဘဲ သက်ရှည်ခြင်းဧကရာဇ်၏ နတ်ဘုရားခန္ဓာပေါ်သို့ တိုက်ရိုက်ကျရောက်သွား၏။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ... သက်ရှည်ခြင်းဧကရာဇ်၏ အရိုးများနှင့် သွေးများက ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ပေါက်ကွဲလွင့်စင်သွားတော့သည်။
"အား..."
အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သံ ထွက်ပေါ်လာခဲ့သည်။
သူက မျက်စိကျိန်းစပ်မတတ် တောက်ပသော ဖျက်ဆီးခြင်း အလင်းတန်းကြီးအတွင်း၌ ဝါးမျိုခြင်းကို ခံလိုက်ရပြီ ဖြစ်တော့သည်။