← Chapters

အခန်း ၃၁၉

Vol. 22 Ch. 319

အခန်း ၃၁၉

Vol. 22 Ch. 319

အခန်း ၃၁၉ မသေရုံတမယ်

"ပစ္စည်းတွေနဲ့ အသုံးပြုပြီးသား ပဟေဠိ အပိုင်းအစတွေ လဲလှယ်တယ်။" ဆူးမန်သည် ကြောင်သွားသည်။ "...ဘာလို့လဲ။"

ဒီ ပဟေဠိ အပိုင်းအစများကို ဘာကြောင့် လဲလှယ်ရသနည်း။

အစ်ကိုရန်က အဘယ်ကြောင့် ဒီအကြောင်းကို ပြန်ပြောလာရသနည်း။

ရန်ချင်ဝမ်သည် မျက်လုံးကို ချလိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောသည်။ "ပထမတော့ သူ စနောက်နေတာလို့ ငါ ထင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဝင်္ကပါ က ပဟေဠိ အပိုင်းအစတွေ ထုတ်ပေးနိုင်တယ်ဆိုတာက လွဲပြီး ငါတို့ ဘာမှ မသိဘူး။ ပဟေဠိမှာ အပိုင်းအစ ဘယ်လောက်တောင် ပါလဲဆိုတာတောင် မသိတာ ဘယ်လိုလုပ် အကုန် စုဆောင်းနိုင်မှာလဲ။"

သို့သော် သူမသည် လုပ်နိုင်ရုံသာမက အဖိုးတန်သော ပစ္စည်းများနှင့်ပါ လဲလှယ်သည်အထိ လုပ်ခဲ့သည်။

သူက စကားပြောနေစဉ် ခေါင်းမော့ကာ အနားရှိ လူများကို မျက်လုံးဖြင့် ဝေ့ကြည့်သည်။

"နောက်ပိုင်းကျတော့ သူက ပဟေဠိ အပိုင်းအစတွေ အကုန် စုဆောင်းချင်တာ မဟုတ်ဘူးဆိုတာ ငါ သိခဲ့ရတယ်။"

ဆူးမန်က မျက်မှောင်ကြုတ်သည်။ "ဒါဆို သူ ဘာလုပ်မလို့လဲ။"

"ဒါက ပန်းတိုင်တစ်ခုပါ။" ရန်ချင်ဝမ်က ပြန်ဖြေသည်။ "သူ့ပတ်ဝန်းကျင်က လူတွေကို စုစည်းပေးနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကို ယူဆောင်လာပေးနိုင်တဲ့ ပန်းတိုင်တစ်ခု။"

ဆူးမန်သည် သူ့ကို ကြည့်လိုက်ရာ နားလည်သလိုလို ရှိသော်လည်း လုံလုံလောက်လောက် မသိသေးဘူးဟု ခံစားရသည်။

ရန်ချင်ဝမ်က ပြောသည်။ "တန်ဖိုးရှိတဲ့ ပန်းတိုင်တစ်ခုက လူတစ်ဦးရဲ့ စိတ်ထဲမှာ ကြီးမားတဲ့ လှုံ့ဆော်မှုကို ဖန်တီးပေးနိုင်တယ်။ ဒီ လှုံ့ဆော်မှု ရှိနေသရွေ့ အနာဂတ်မှာ လမ်းပေါ်မှာ သေသွားရင်တောင် နောင်တ ရမှာ မဟုတ်ဘူး။"

ဒီမှာ နေခြင်းသည် အထက်အရာရှိများ ပေးအပ်သော တာဝန်များကို နေ့စဉ် ပြီးအောင်လုပ်ရုံနှင့် အဖွဲ့အစည်းက ပေးထား‌သည့် ဂိမ်းများကို စည်းမျဉ်းအတိုင်း ပြီးမြောက်အောင် လုပ်ရုံပင်။

လက်ရှိ အခြေအနေက မည်သို့မျှ ပြောင်းလဲမှာ မဟုတ်ပေ။

အရုပ် မေးခွန်း၏ အဖြေကို ဘယ်တော့မှ ရနိုင်မည် မဟုတ်ပေ။

"အစ်ကိုရန်။ ဒီမှာ နေရင်းလည်း အဖြေကို ရှာနိုင်ပါသေးတယ်! မျှော်လင့်ချက် ရှိပါသေးတယ်!" ဆူးမန်က မနေနိုင်ဘဲ ပြောသည်။ "ပါမောက္ခဆောင်းရဲ့ သုတေသနအဖွဲ့က အရုပ် ဂိမ်းနဲ့ ပတ်သက်တဲ့ သုတေသနကို ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး!"

"အဲဒါ သူတို့ပဲ။ ငါတို့ မဟုတ်ဘူး။" ရန်ချင်ဝမ်က သူမကို တည်ငြိမ်စွာ ကြည့်သည်။ "ဒီမှာ နေတာက အဖြေရှာဖို့ မဟုတ်ဘူး။ အဖြေကို စောင့်ဆိုင်းဖို့ပဲ။ ဆူးမန်။ ငါနဲ့ လုအန်းက ထိုင်စောင့်ပြီး သေရတာကို မကြိုက်ဘူးဆိုတာ မင်း နားလည်သင့်တယ်။"

ဆူးမန်၏ မျက်လုံးများ နီရဲလာသည်။ "ဒါပေမဲ့... အပြင်မှာ ရှင်သန်ဖို့ အခွင့်အလမ်းက တကယ်ကို နည်းပါတယ်..."

"တကယ်တော့... ကျွန်မတို့ အခုက တကယ် အသက်ရှင်နေတာ မဟုတ်ပါဘူး။" ကျူရှူးက တိုးတိုးလေး ရေရွတ်သည်။

ဆူးမန်သည် သူမကို ကြည့်သည်။

ကျူရှူးက ပြောသည်။ "ကျွန်မတို့ မသေရုံတမယ်ပါ။"

လူတိုင်း တိတ်ဆိတ်သွားသည်။

ခဏအကြာတွင် ရန်ချင်ဝမ်သည် ညင်သာစွာ ပြုံးပြီး ပြောသည်။ "လူတွေက သူတို့ရဲ့ သိလိုစိတ်နဲ့ စွန့်စားလိုစိတ်ကို ဘယ်တော့မှ ပြောင်းလဲလို့ မရဘူး။ ကမ္ဘာကြီး ဒီလို ဖြစ်လာမှတော့ ငါတို့ရဲ့ ဆန္ဒအတိုင်း နေထိုင်သင့်တယ်။ ဒါမှ သေတဲ့အခါ နောင်တရမှာ မဟုတ်ဘူး။ ဆူးမန်။ ငါ့ကို ထပ်ပြီး စည်းရုံးဖို့ မလိုတော့ပါဘူး။"

ဆူးမန်သည် သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ပြီး ခေါင်းငုံ့ကာ တိတ်ဆိတ်နေသည်။

လုအန်းသည် ကိုယ့်ကိုကိုယ် ပြန်လှောင်ပြောင်သည့်သဘောဖြင့် ရယ်မောသည်။ "ပဟေဠိ အပိုင်းအစတွေ စုဆောင်းရမယ်မှန်း သိခဲ့ရင် အဲဒီတုန်းက အဲဒီကောင်မလေးနဲ့ လောင်းကစား မလုပ်ခဲ့သင့်ဘူး။ ဟူး။ အခု ပဟေဠိ အပိုင်းအစ ငါးခု လိုနေပြီ!"

ရန်ချင်ဝမ်က ပြုံးပြီး သူ့ဘေးက ကျူရှူးကို လှည့်ကြည့်သည်။ "မင်း မကြောက်ဘူးလား။ မင်း ငါတို့ နှစ်ယောက်နဲ့ လိုက်ဖို့ နည်းနည်း ခက်နိုင်တယ်။"

ကျူရှူးသည် ခေါင်းကို ညင်သာစွာ ခါသည်။ "ကျွန်မဒုက္ခပေးတာကို ဂရုမစိုက်တဲ့အတွက်ကိုပဲ ဝမ်းသာပါတယ်။"

သူတို့ စိတ်ဆုံးဖြတ်ပြီးပြီဆိုသည်ကို သိသောအခါ ဆူးမန်သည် ပို၍ပင် စိတ်ဓာတ်ကျသွားသည်။

သူတို့သည် လမ်းတစ်လျှောက်လုံး အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သေခြင်းတရားမှ လွတ်မြောက်ခဲ့ကြသည်။ တစ်ခါတစ်ရံ ပဋိပက္ခများ။ စကားများမှုများ ရှိခဲ့သော်လည်း သူတို့၏ ခင်မင်ရင်းနှီးမှုက ထူးခြားသည်။ သူမ တတ်နိုင်လျှင် လမ်းခွဲချင်စိတ် လုံးဝ မရှိပေ။

သို့သော် ဝမ်းနည်းစရာသည်

ကောင်းသော အရာအားလုံးက အဆုံးသတ်ရမည်။

...

ညသည် ကျရောက်လာသည်။

ညရောက်သော်လည်း အပူချိန်သည် မကျဆင်းပေ။ လေထုက ဆက်လက် စိုစွတ်ပြီး ပူအိုက်နေသောကြောင့် လူများသည် ချွေးသံရွှဲကာ စေးကပ်၍ မသက်မသာ ခံစားရသည်။

ပိုင်ယို့ဝေသည် ပိတ်ထားသော ဧည့်ခန်းထဲတွင် ထိုင်နေပြီး ယုန်အရုပ်ကို ပွေ့ဖက်ထားသည်။

ဆရာချန်း၊ တန်ရှောင်နှင့် ပန်းရှောင်ရှင်းတို့သည် အရုပ်အိမ် ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသော်လည်း သူမသည် အိပ်မပျော်နိုင်ဘဲ အရုပ်အိမ် ထဲမှ ထွက်လာကာ ရှန်မို ပြန်လာသည့်အခါ သူမကို ရှာမတွေ့မှာကို စိုးရိမ်နေသည်။

ရှန်မိုသည် ပြန်မလာသေးပေ။

ဘေးအိမ်များသို့ ဧည့်သည် အုပ်စုများစွာ ရောက်လာခဲ့ကြသည်။‌

ထိုအထဲမှ တစ်ဦးက ပို၍ သတိကြီးသောကြောင့် အခန်း ၁၀၂ တွင် မည်သူမျှ မတွေ့ရပြီးနောက် အခန်း ၁၀၁ တံခါးကို အတင်းဖျက်၍ ဖွင့်ခဲ့သည်။

အသံကို ကြားပြီးနောက် ပိုင်ယို့ဝေသည် အရုပ်အိမ် ထဲသို့ ဝင်သွားခဲ့သည်။ ထိုသူသည် သုံးခန်းတွဲ တိုက်ခန်း တစ်ခုလုံးကို ရှာဖွေသော်လည်း ဘာမှ မတွေ့ဘဲ စိတ်ပျက်စွာ ထွက်ခွာသွားခဲ့သည်။

ပူပြင်းသော ရာသီဥတုက ပိုင်ယို့ဝေကို ငိုက်မျဉ်းပြီး ပျင်းရိစေကာ သူမ၏ လက်ချောင်းများကိုပင် လှုပ်ရှားရန် ပျင်းရိစေခဲ့သောကြောင့် ထိုသူ ကျေးဇူးတင်သင့်သည်။ ထို့ကြောင့် သူ့ကို ချမ်းသာပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံး၌ မနက် သုံးနာရီတွင် ရှန်မိုသည် ပြန်လာခဲ့သည်။

All Chapters