← Chapters

အခန်း ၃၂၉

Vol. 22 Ch. 329

အခန်း ၃၂၉

Vol. 22 Ch. 329

အခန်း (၃၂၉) - နံပါတ် (၂၄)

အခန်းတစ်ခုလုံး ဆူညံသံများနှင့် စကားပြောဆိုသံများဖြင့် ပြည့်နှက်နေသည်။

အချို့လူများသည် ပိုင်ယို့ဝေ၏ သတိပေးချက်ကို မြင်ဖူးသောကြောင့် သိကြသည်။ အချို့ကမူ မသိသဖြင့် ဘေးပတ်ဝန်းကျင်မှ လူများကို တိုးတိုးလေး မေးမြန်းကြသည်။

"ပါမောက္ခဆောင်းက အချက်အလက်တွေ အများကြီး သိတာပဲ" ပိုင်ယို့ဝေသည် ရှန်မိုကို တိုးတိုးလေး ပြောသည်။ "ကျွန်မ မနေ့ကမှ သတိပေးချက် တင်ခဲ့တာ ဒီနေ့ သူ သိနေပြီ"

ရှန်မိုဘေးတွင် ထိုင်နေသော ရှန်ဖေးသည် သူမ၏ အသံကို ကြားသည်နှင့် ချက်ချင်း ဂုဏ်ယူစွာ ပြောသည်။ "လဲလှယ်ရေး ဧရိယာက လဲလှယ်မှုတိုင်းနဲ့ အရောင်းအဝယ်တိုင်းကို ကျွမ်းကျင်သူ တစ်ဦးက စာရွက်စာတမ်း အဖြစ် စုစည်းပြီး အဲဒီည ၉ နာရီ မတိုင်မီ ပါမောက္ခဆောင်းရဲ့ သုတေသန အခန်းကို တင်ပြရမယ်"

ပိုင်ယို့ဝေသည် သူ့ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ ရှန်မို၏ လက်ကို ဆွဲယူပြီး မျက်မှောင်ကြုတ်ကာ ပြောသည်။ "ရှင့်ရဲ့ ညီဝမ်းကွဲက ဘာလို့ အမြဲတမ်း ဖြတ်ပြောနေရတာလဲ။ ကျွန်မ သူ့ကို စကားပြောနေတာတောင် မဟုတ်ဘူး"

ရှန်ဖေး: "..."

ရှန်မိုသည် ပြုံးပြီး ပြောသည်။ "သူက တော်တော် စိတ်အားထက်သန်တာ"

ပိုင်ယို့ဝေသည် နှုတ်ခမ်း ထော်ပြီးပြန်ဖြေသည်။ "ယောက်ျားလေးတွေက အရမ်း စိတ်အားထက်သန်နေလို့ မဖြစ်ဘူး။ ကောလဟာလ ပြောတတ်တဲ့ လူတွေလို ဖြစ်နေလိမ့်မယ်"

ရှန်ဖေး: "…………"

ထိုအချိန်တွင်တခြား စားပွဲများမှဆူပူသံများ ထွက်ပေါ်လာသည်။

ရှန်ဖေးအစောပိုင်းက မိတ်ဆက်ပေးခဲ့သည့် ထိပ်ပြောင်ပြီး ခန္ဓာကိုယ် တောင့်တင်းသည့် လူကြီးက အော်ပြောသည်။

"တုလဲ မင်းက တူတူပုန်းတမ်း ကစားနည်းကနေ ထွက်လာတဲ့ တစ်ဦးတည်းသော လူပဲ။ လူတိုင်းကို ပြောလိုက်ပါဦး။ တူတူပုန်းတမ်း ကစားနည်းက အတိအကျ ဘာလဲ"

"ဟုတ်တယ်" ထိပ်ပြောင်သော လူကြီးဘေးမှ ပိန်ပိန်ပါးပါး လူငယ်က ဝင်ပြောသည်။ "ကျွန်တော်တို့ ဆုံးဖြတ်ချက်မချခင် အတွင်းမှာဘာတွေ ဖြစ်နေလဲဆိုတာ သိဖို့ လိုတယ်"

သူတို့သည် ဂိမ်းကို စိတ်ဝင်စားလာပုံရသည်။ မဟုတ်ပါက သီးခြား အသေးစိတ် အချက်အလက်များကို မေးမြန်းရန် လိုအပ်မည် မဟုတ်ပေ။

တုလဲသည် သူ၏ မျက်ခွံများကို အနည်းငယ် မြှင့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောသည်။ " ကျွန်တော် အကြိမ် တစ်ရာလောက် ပြောခဲ့ပြီးပြီ။ မကြားဘူးလား။ တူတူပုန်းတမ်း ကစားနည်းက တူတူပုန်းတမ်း ကစားနည်းပါပဲ။ ဂိမ်းထဲမှာ နေ့ဘက် အိပ်ပြီး ညဘက် လူတွေကို သတ်တဲ့ ကြီးမားတဲ့ကြောင်အရုပ်တစ်ရုပ် ရှိတယ်။ ကစားသမားရဲ့တာဝန်က ပုန်းဖို့နေရာ ရှာဖို့ပဲ။ ကြောင်က ခင်ဗျားကို ရှာတွေ့ရင် ခင်ဗျား သေလိမ့်မယ်"

"ဘယ်လို ဖြတ်သန်းရမလဲ" ပိန်ပိန်ပါးပါး လူက သူ့ကို မေးသည်။ "စစ်ဆေးရေးမှူးက စည်းကမ်းတွေကို ကြေညာတုန်းက ဖြတ်သန်းဖို့ အခြေအနေတွေကို မပြောပြခဲ့ဘူးလား"

တုလဲသည် ပြုံးလိုက်သည်။ "အဆင့် ဖြတ်သန်းဖို့ အခြေအနေတွေက... ကြောင်ကို သတ်ဖို့ ဒါမှမဟုတ် မေရီကို သတ်ဖို့ပဲ"

"မေရီ မေရီက ဘယ်သူလဲ"

"မေရီက ကြောင်ရဲ့ ပိုင်ရှင်ပါ။ ကြောင် သေတဲ့အခါ ဒါမှမဟုတ် ကြောင်ရဲ့ ပိုင်ရှင် သေတဲ့အခါမှ တူတူပုန်းတမ်း ကစားနည်းက ပြီးဆုံးနိုင်တယ်"

တုလဲသည် ညင်သာစွာ သက်ပြင်းချသည်။ "ကျွန်တော်တို့ ကြောင်ကိုလည်း မနိုင်၊ မေရီကိုလည်း မနိုင်ခဲ့ဘူး။ ကြောင် နေ့ဘက် အိပ်နေတုန်း မေရီကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြပေမဲ့ မတော်တဆ ကြောင်ကို နိုးသွားစေပြီး ရလဒ်အနေနဲ့ လူတိုင်း သေဆုံးခဲ့ရတယ်။ ကျွန်တော်လည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ဂိမ်းကနေ ထွက်သွားဖို့ ပဟေဠိ အစိတ်အပိုင်းကို အသုံးပြုခဲ့ရတယ်။ ဒါကြောင့် ဂိမ်းကို ဘယ်လို အနိုင်ယူရမယ်ဆိုတာ ကျွန်တော် မသိဘူး"

သူ ပြောပြီးသောအခါ ပတ်ပတ်လည်ရှိ ဆူညံသံများ ပို၍ပင် ကျယ်လာသည်။

လူအုပ်ကကြောင်ကို ဒါမှမဟုတ် မေရီကို ဘယ်လို သတ်ရမလဲဆိုတာ စိတ်အားထက်သန်စွာ ဆွေးနွေးကြသည်။

ရှန်ဖေးသည်လည်း ရှန်မိုကို စိတ်ဝင်တစား မေးသည်။ "မေရီက ရှင်းလင်းဖို့ ပိုလွယ်တာ သေချာတယ်။ ဒါပေမဲ့ မေရီနဲ့ ကြောင်က ခွဲလို့မရအောင် တွဲနေတယ်။ အစ်ကို ကျွန်တော်တို့ ဘာလုပ်သင့်တယ် ထင်လဲ"

"နည်းလမ်းတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ အသုံးဝင်ချင်မှ ဝင်လိမ့်မယ်" ရှန်မိုသည် စိတ်ငြိမ်စွာ ပြောသည်။ "လက်တွေ့ အခြေအနေကို ကိုယ်တိုင် မမြင်ရဘဲ ဆုံးဖြတ်ချက် ချဖို့ ခက်တယ်"

တစ်စုံတစ်ဦးက နေ့အချိန်ကို အသုံးပြုပြီး ကြောင်ကို ထောင်ချောက် ဆင်ဖို့ အကြံပြုသည်။

တစ်စုံတစ်ဦးက ကြောင်နှင့် မေရီကို ခွဲထုတ်ဖို့ နည်းလမ်း ရှာပြီး မေရီကို တိုက်ခိုက်ဖို့ သူတို့ရဲ့ အင်အားကို စုစည်းဖို့ အကြံပြုသည်။

အချို့လူများသည် ကြောင်များတွင် အားနည်းချက်များ ရှိရမည်။ ဥပမာ- သူတို့၏ နှုတ်ခမ်းမွေးများ သို့မဟုတ် အမြီးတို့တွင် ဖြစ်နိုင်သည်ဟု ထောက်ပြသည်။

ထူးဆန်းသော အကြံဉာဏ်များ သို့မဟုတ် စိတ်ကူးယဉ်မှုများ အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် ဖော်ပြကြသည်။

ခြေသံများကချဉ်းကပ်လာသည်။

တံခါးကို စောင့်နေသော ယွီယာချင်သည် ပွဲခန်းမထဲသို့ ဝင်လာသည်။ ချူဟူဝိုက်ကျင်းနှင့် ပါမောက္ခ ဆောင်းရှေ့တွင် ရပ်တန့်ပြီး ဦးညွှတ်ကာ ပြတ်သားစွာ ပြောသည်။

"ဂိမ်း နံပါတ် ၂၄ က ဒီဘက်ကို ရွေ့လာနေပါတယ်။ ဆရာ ကျွန်မတို့ အရေးပေါ် ရွှေ့ပြောင်းရေး စီစဉ်သင့်လား"

ကြောက်မက်ဖွယ်ကောင်းသော နံပါတ် ၂၁ နှင့် နှိုင်းယှဉ်ပါက နံပါတ် ၂၄ သည် လက်တွေ့တွင်မရှိသ‌ ကဲ့သိုပင်မခက်ခဲသောဂိမ်းဖြစ်သည်။

၎င်းစတင် ပေါ်ပေါက်လာသည့် အချိန်မှစ၍ မည်သူမျှ အစပျိုးခြင်း မရှိခဲ့သောကြောင့် မြို့ထဲက လူများသည် ၎င်းကို အလိုလို လျစ်လျူရှုထားလေ့ ရှိပြီး ကျန် ၂၃ ဂိမ်းကိုသာ အမြဲတမ်း သတိရကြသည်။

All Chapters