အခန်း ၃၉၈
Vol. 40 Ch. 398
အခန်း (၃၉၈) ကောင်းကင်ဘုံ၏ အချစ်တော်
လီချင်းချိုး၏ မေးခွန်းကို ရင်ဆိုင်ရချိန်တွင် ထိုအမျိုးသား၏ မျက်နှာထား မှိုင်းညှို့သွားပြီး…
"ဘာလဲ… ဒီလူက မင်းနဲ့ ပတ်သက်နေတာလား" ဟု အသံနက်ဖြင့် မေးလိုက်သည်။ သူသည် ယန်တောက်ကျုံး၏ စိတ်ကူးယဉ် အိပ်မက်ထဲတွင် လီချင်းချိုးကို မတွေ့ခဲ့ရသလို ယွမ်လီနှင့် ယင်ကျင်းရှင်းကိုသာ မြင်ခဲ့ရသဖြင့် လီချင်းချိုးက ယန်တောက်ကျုံးနှင့် ပတ်သက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
လီချင်းချိုးက ထိုအမျိုးသား၏ ပခုံးကို အားဖြင့် ဆုပ်ကိုင်လိုက်ပြီး….
"သူက ငါ့တပည့်ပဲ… အဲဒါက အရေးကြီးတယ်လို့ မင်း ထင်သလား" ဟု ဆိုလိုက်သည်။
လူသားတစ္ဆေနတ်ဘုရား ကံကြမ္မာကို ပိုင်ဆိုင်ထားသူ ဖြစ်သည့် လီချင်းချိုး၏ လက်ဝါးချက်က ဝိညာဉ်ကို တိုက်ရိုက် ဆုပ်ကိုင်နိုင်ပြီး မလှုပ်မယှက် ဖြစ်သွားစေနိုင်သည်။ ထိုအမျိုးသားက လက်နက်ဝိညာဉ် ဖြစ်သော်လည်း မူလ အနှစ်သာရကတော့ ဝိညာဉ်တစ်ခုပင် ဖြစ်သည်။ လူသားစင်စစ်၏ဝိညာဉ် မဟုတ်ဘဲ မွေးဖွားပြီးနောက် ဖြစ်ပေါ်လာသော ဝိညာဉ်သာ ဖြစ်သည်။
ထိုအမျိုးသားက လီချင်းချိုး၏ စကားကို ကြားပြီးနောက် တည်ငြိမ်နေသည်။ သူသည် လီချင်းချိုးကို စောင်းကြည့်၍…
"လူငယ်လေး… မင်းရဲ့ စွမ်းအားက အမှန်တကယ်ပဲ အံ့ဩဖို့ကောင်းတယ်…ဒါပေမဲ့ လူသားဧကရာဇ် ခေါင်းလောင်းထဲမှာ ငါ့ကို တိုက်ခိုက်ချင်တာ သေချာရဲ့လား… မင်း လူသားဧကရာဇ် ခေါင်းလောင်းရဲ့ စွမ်းအားအကြောင်း ဘာမှ မသိဘူးနဲ့တူတယ်"
ဝုန်းးးးး
ထိုစဉ် ခေါင်းလောင်းအတွင်းရှိ ကမ္ဘာကြီးတခုလုံး တုန်ခါသွားပြီး အပြာရောင် ကောင်းကင်ယံတွင် မိုးကြိုးများ ပေါ်ပေါက်လာကာ ကောင်းကင်တစ်ခုလုံး ကွဲအက်သွားတော့မည့်အလား ထင်ရသည်။
လီချင်းချိုးက မျက်နှာအမူအရာ မပျက်ဘဲ….
"အကယ်၍သာ မင်းက လူသားဧကရာဇ် ခေါင်းလောင်းရဲ့ စွမ်းအားကို တကယ် ထိန်းချုပ်နိုင်ရင် မင်း အဲဒါကို ပိုင်ဆိုင်ပြီးသား ဖြစ်မှာပေါ့.. ဘာလို့ ဒီနေ့အထိ စောင့်နေရမှာလဲ" ဟု ပြန်ပြောလိုက်သည်။ထိုအခါ ထိုအမျိုးသား၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
လီချင်းချိုးက ရုတ်တရက် အားသုံး၍ သူ့ကို ဆွဲမကာ အပြင်သို့ အတင်းအကျပ် ပစ်ထုတ်လိုက်သည်။
ထိုအမျိုးသားခင်မျာ ထိုကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို မည်သို့မျှ မခုခံနိုင်ပေ။ သူ့ ပတ်ဝန်းကျင်တခုလုံး လည်ပတ်နေပြီး စိတ်ဝိညာဉ်ပင် ပြိုကွဲတော့မည့်အလား ခံစားလိုက်ရသည်။ သူ သတိပြန်ဝင်လာချိန်တွင် ခေါင်းလောင်း၏ အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယွမ်လီ၊ ယင်ကျင်းရှင်း၊ ကျိုးလင်ဟွမ်းနှင့် ဖန်းပိုမိုတို့က သူ့ကို သတိကြီးစွာဖြင့် စိုက်ကြည့်နေကြသည်။ သူကတော့ ထိုလေးဦးကို ဂရုမစိုက်ဘဲ ခေါင်းလောင်းအတွင်းသို့သာ စူးစိုက်ကြည့်နေသည်။ သူ့ မျက်နှာထားက အလွန် မကျေမနပ် ဖြစ်နေသော်လည်း ခေါင်းလောင်းထဲသို့ အလျင်စလို ပြန်မဝင်တော့ပေ။
ခေါင်းလောင်းအတွင်းရှိ ကမ္ဘာထဲ၌….
လီချင်းချိုး ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်ပြီး ယန်တောက်ကျုံးထံသို့ စီးဆင်းလာသော ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို ကြည့်ကာ ပြုံးလိုက်မိသည်။
ဘယ်လောက်တောင် ကြာသွားပြီလဲ…
သူ ဤနေ့ကို စောင့်မျှော်ခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ ကိုယ်ပိုင် စွမ်းအားကို တိုးတက်စေသည့်အပြင် ပါရမီရှင်များကို ပြုစုပျိုးထောင်ပေးပြီး သူတို့ အောင်မြင်လာမည့် အချိန်ကို စောင့်စားရသည်မှာ လီချင်းချိုး၏ ဝါသနာပင်။
ယန်တောက်ကျုံးက ယခင်က ကျင့်ကြံရေး မပြုလုပ်ခဲ့သော်လည်း လီချင်းချိုးက လိုအပ်သော အရင်းအမြစ်များအားလုံးကို ထောက်ပံ့ပေးထားသည်။ဟွမ်ယွမ်ကျမ်းစာကို ကြိုတင်ပေးထားခဲ့ခြင်းကလည်း ဤနေ့အတွက်ပင် ဖြစ်သည်။ သူ ခန့်မှန်းထားသည့်အတိုင်း ယန်တောက်ကျုံးက ကျင့်ကြံခြင်း မပြုလုပ်ဘူးဟု ဆိုသော်လည်း အမှန်တကယ်တွင် အခြေခံသဘောတရားများကို ကောင်းစွာ မှတ်သားထားပြီးဖြစ်သည်။ ယန်တောက်ကျုံးတယောက် မသိစိတ်ဖြင့် ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံနေသည်ကို မြင်ရသောအခါ လီချင်းချိုး အလွန်ကျေနပ်သွားသည်။
ကံမကောင်းသည်မှာ သူ့အဖို့ ကံကြမ္မာတစ်ခုကို ထပ်မံရွေးချယ်ရန် အခွင့်အရေး မရှိတော့ပေ။ လက်နက်ဝိညာဉ်က ယန်တောက်ကျုံးကို "လောကီနယ်မြေထဲမှ မသေမျိုးခန္ဓာကိုယ်" ဟု ခေါ်ဆိုခဲ့သည်။ ဤ မသေမျိုးခန္ဓာကိုယ်နှင့် ရှေးဟောင်း သန့်စင်သော ခန္ဓာကိုယ်တို့၏ ကွာခြားချက်ကို သူ မသိရှိပေ။
လီချင်းချိုး ခန့်မှန်းသည်မှာ မသေမျိုးခန္ဓာကိုယ်က ဝိညာဉ်စွမ်းအင်ကို စုပ်ယူ၍ ကျင့်ကြံခြင်းနှင့် ဆိုင်ပြီး သန့်စင်သော ခန္ဓာကိုယ်ကတာ် ခွန်အားနှင့် သက်ဆိုင်လိမ့်မည်ဟု ထင်သည်။
ယင်ကျင်းရှင်း၏ အစွန်းရောက် ယန်စွမ်းအင်များကလည်း ခန္ဓာကိုယ်တွင်းမှပင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယန်တောက်ကျုံးကို ကာကွယ်ပေးနေစဉ်အတွင်း လီချင်းချိုးက ထိုအမျိုးသား ထပ်မံ၍ တိုက်ခိုက်လာမည်ကိုလည်း စောင့်ကြည့်နေသည်။
ထိုအမျိုးသားက ခေါင်းလောင်းအပြင်ဘက်တွင် ခဏမျှ ပျံသန်းနေပြီးနောက် ခေါင်းလောင်းအတွင်းသို့ ပြန်လည် ဝင်ရောက်သွားကာ ခြံဝင်းအတွင်း၌ ပေါ်လာသည်။
လီချင်းချိုး သူ့ကို ကြည့်လိုက်သောအခါ သူက….
"ငါမရှိရင် မင်း လူသားဧကရာဇ် ခေါင်းလောင်းကို မရနိုင်ဘူး…မင်းရဲ့ စွမ်းအားက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို လိုချင်စိတ် ပျောက်သွားအောင် လုပ်နိုင်လောက်ပါပြီ" ဟု ရှင်းပြလိုက်သည်။
သူသည် လောဘကြီးသူ မဟုတ်ပေ။ ကောင်းကင်၏ ဆန္ဒအတိုင်း လိုက်နာသူ ဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာအတွင်း မသေမျိုးခန္ဓာကိုယ်ကို မတွေ့ခဲ့ရသဖြင့် ခဏတာ လောဘစိတ် ဝင်သွားခြင်း ဖြစ်သည်။မှားမှန်း သိလိုက်ရသောအခါ ဆက်လက်၍ မပြုလုပ်တော့ပေ။ အကယ်၍ သူသာ အရာအားလုံးကို ဂရုမစိုက်ဘဲ လီချင်းချိုးကို တားဆီးရန် ကြိုးစားခဲ့ပါက နှစ်ရာပေါင်းများစွာ ကျင့်ကြံထားသမျှ ဆုံးရှုံးသွားလိမ့်မည်ဖြစ်သဖြင့် ထိုသို့ မိုက်မဲသော အလုပ်မျိုး မလုပ်တော့ပေ။
"သူ စစ်ဆေးမှုကို အောင်မြင်သွားပြီလား" ဟု လီချင်းချိုး မေးလိုက်သည်။
ထိုအမျိုးသားက ခေါင်းညိတ်၍….
"လောကီနယ်မြေထဲက မသေမျိုးခန္ဓာကိုယ်ဆိုတာ လောကကြီးရဲ့ အမွေအနှစ်အားလုံးနဲ့ ထိုက်တန်ပါတယ်" ဟု ပြန်ဖြေသည်။
ထိုအခါ လီချင်းချိုး၏ စိတ်ခံစားမှု ကောင်းမွန်သွားပြီး ထိုအမျိုးသားအပေါ် ထားရှိသည့် ရန်ငြိုးများလည်း လျော့ပါးသွားသည်။ အဓိက အကြောင်းရင်းမှာ လီချင်းချိုး သူ့ကို ဖျက်ဆီးပစ်၍ မရနိုင်သောကြောင့် ဖြစ်သည်။ လက်နက်နှင့် လက်နက်ဝိညာဉ် တစ်သားတည်း ဖြစ်နေသဖြင့် သူ ပျက်စီးသွားလျှင်လည်း ပြန်လည် မွေးဖွားလာမည် ဖြစ်သည်။
လီချင်းချိုး မေးမြန်းစရာ မလိုခင်မှာပင် ထိုအမျိုးသားက သူ့ကိုယ်သူ စတင် မိတ်ဆက်ခဲ့သည်။ လီချင်းချိုး ခန့်မှန်းထားသည့်အတိုင်း သူသည် လူသားဧကရာဇ် ခေါင်းလောင်း၏ ဝိညာဉ်မဟုတ်ဘဲ စစ်နတ်ဘုရား နန်းတော်၏ ဝိညာဉ်ပင် ဖြစ်သည်။ သူသည် ဝိညာဉ်မဖြစ်မီက ဖန်းဇီကျုံး အမည်ရှိ စစ်နတ်ဘုရား၏ ဗျူဟာမှူးတစ်ဦး ဖြစ်ခဲ့သည်။ သူသည် မိမိ၏ ဝိညာဉ်ကို နန်းတော်၏ ဝိညာဉ်သစ်နှင့် ပေါင်းစပ်လိုက်ခြင်းဖြင့် တစ်မျိုးတစ်ဖုံသော မသေမျိုးဘဝသို့ ရောက်ရှိသွားပြီး စစ်နတ်ဘုရား နန်းတော်အတွက် ဆက်ခံသူကို ရှာဖွေနေခြင်း ဖြစ်သည်။
စစ်နတ်ဘုရား၏ မြေအောက်နန်းတော်တွင် ထူးခြားသော ပညာရပ်များနှင့် ရတနာများစွာ ရှိနေသည်။ လူသားဧကရာဇ် ခေါင်းလောင်းမှာ ၎င်းတို့ထဲမှ တစ်ခုသာ ဖြစ်ပြီး အရေးအကြီးဆုံး အမွေအနှစ်ဟူ၍ပင် မဆိုနိုင်ပေ။ ၎င်းမှာ ထိပ်တန်း အမွေအနှစ် သုံးခုထဲတွင်သာ ပါဝင်သည်။ စစ်နတ်ဘုရား နန်းတော် မြေအောက်သို့ ရောက်ရှိသွားချိန်မှစ၍ မည်မျှကြာမြင့်သွားသည်ကို ဖန်းဇီကျုံးပင် မမှတ်မိတော့ပေ။
နှစ်ပေါင်းများစွာအတွင်း အခွင့်အရေး လိုက်ရှာသူများစွာ လာရောက်ခဲ့ကြသော်လည်း မည်သူမျှ စစ်နတ်ဘုရား နန်းတော်ကို မထိန်းချုပ်နိုင်ခဲ့ကြပေ။ ဖန်းဇီကျုံး၏ အဆိုအရ လီချင်းချိုးပင်လျှင် မရနိုင်ဟု ဆိုသည်။ စစ်နတ်ဘုရား နန်းတော်ကို ရရှိရန်မှာ စစ်နတ်ဘုရား၏ ကျန်ရှိနေသော ဝိညာဉ်ကို အနိုင်ယူရမည် ဖြစ်သည်။
ထိုအရာမှာ ဝိညာဉ်သုံးပါးပင်လယ်နယ်ပယ်ရှိသူများအတွက် မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ လီချင်းချိုးကလည်း အဆင့်နှစ်ဆင့်ခန့် ကျော်လွန်၍ တိုက်ခိုက်ရန် မိုက်ရူးဆန်စွာ ကြိုးစားမည်မဟုတ်ပေ။ သူ့ ရည်ရွယ်ချက်က လူသားဧကရာဇ် ခေါင်းလောင်းကို ယူ၍ ထွက်ခွာရန်သာ ဖြစ်သည်။
ဝုန်းးးးး
ထိုစဉ် ကောင်းကင်တွင် မိုးခြိမ်းသံများ ပေါ်ပေါက်လာပြီး နတ်ဘုရားစွမ်းအားများက ခြံဝင်းတခုလုံးကို လွှမ်းခြုံသွားသည်။ ယန်တောက်ကျုံးတယောက် ကျင့်ကြံခြင်း ခရီးကို စတင်လိုက်သည်နှင့် ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်ရတော့မည်။
ဤမြင်ကွင်းက လီချင်းချိုးကို စိတ်လှုပ်ရှားစေသော်လည်း မမျှော်လင့်ဘဲ မိုးခြိမ်းသံများ ရုတ်တရက် ရပ်တန့်သွားကာ မိုးတိမ်များလည်း အလျင်အမြန် ပျောက်ကွယ်သွားသည်။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို တွေ့လိုက်ရသလို ပျောက်ကွယ်သွားခြင်းဖြစ်သည်။
"မသေမျိုးခန္ဓာကိုယ်ဆိုတာ ကောင်းကင်တာအိုရဲ့ရဲ့ အချစ်တော်ပဲ… ကောင်းကင်အတိဒုက္ခတောင် သူ့ကို မတားရဲဘူး ဒါတင်မကဘူး…သူက နောက်တစ်ခါ ဘယ်တော့မှ ကောင်းကင်အတိဒုက္ခနဲ့ ကြုံရတော့မှာ မဟုတ်ဘူး…သူက မသေမျိုး ဖြစ်လာဖို့ ကံကြမ္မာ ပါလာသူပဲ" ဟု ဖန်းဇီကျုံးက လျှို့ဝှက်ချက်ပြည့်နေသာ လေသံဖြင့်ရေရွတ်လ်ိုက်သည်။
"မသေမျိုးဖြစ်ဖို့… လောကကြီးမှာ တကယ်ပဲ မသေမျိုး ဖြစ်နိုင်တဲ့သူ ရှိလို့လား… မသေမျိုးတွေက လောကီနယ်မြေကို စွန့်ခွာသွားတာလား" ဟု လီချင်းချိုး မေးလိုက်သည်။
"ဟုတ်တာပေါ့… မသေမျိုး ဖြစ်လာခြင်းက သာမန်လူတွေရဲ့ အဆုံးစွန် ပန်းတိုင်ပဲ.. ဘယ်ကို သွားလဲဆိုတာတော့ ငါလည်း မသိဘူး" ဟု ဆိုရင်း ဖန်းဇီကျုံး သက်ပြင်းချလိုက်သည်။
"ရှေးခေတ် စစ်နတ်ဘုရားတောင် မသေမျိုး မဖြစ်ခဲ့ဘူးလား…"
"မဖြစ်ခဲ့ဘူး…အဲဒီခေတ်က စစ်နတ်ဘုရားက မင်းတို့အတွက်တော့ နတ်ဘုရားတစ်ပါးလို ဖြစ်ပေမဲ့ အဲဒီခေတ်မှာ သူ့ထက် ပိုပြီး ထွန်းတောက်တဲ့သူတွေ ရှိသေးတယ်… တစ်ခါက ငါ နတ်ဘုရားတစ်ပါး လောကထဲ လမ်းလျှောက်နေတာ မြင်ဖူးတယ်… ဘယ်သူမှအနိုင်မယူနိုင်တဲ့ အစွမ်းအစနဲ့ပေါ့" ဟု ဖန်းဇီကျုံးက အတိတ်ကို အောက်မေ့ရင်း ပြောပြနေသည်။
လီချင်းချိုး ထိုခေတ်အခါကို စိတ်ဝင်စားသွားသည်။ ရှေးခေတ် လူသားမျိုးနွယ်က ရက်စက်ကြမ်းကြုတ်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ယခုခေတ်ထက် ပိုမို ဖွံ့ဖြိုးတိုးတက်ပုံရသည်။
ဖန်းဇီကျုံးကတော့ စစ်နတ်ဘုရားအကြောင်းထက် လောကီနယ်မြေမှ မသေမျိုးခန္ဓာကိုယ် အကြောင်းကိုသာ အသားပေး ပြောပြနေသည်။ တစ်ချိန်တည်းမှာပင် လီချင်းချိုး၏ ခန္ဓာကိုယ်ထဲတွင် ရှိသော အစွန်းရောက် ယန်စွမ်းအင်ကိုပါ စူးစမ်းနေသည်။
"မင်းရဲ့ တပည့်နှစ်ယောက်က မင်းရဲ့ သွေးသားအရင်းအချာတွေ မဟုတ်ကြဘူး မဟုတ်လား" ဟု ဖန်းဇီကျုံး မေးလိုက်သောအခါ လီချင်းချိုး အနည်းငယ် တုန်လှုပ်သွားသည်။
သူသည် သူ့တပည့်နှင့် တူညီသော ခန္ဓာကိုယ် ပိုင်ဆိုင်ထားကြောင်း မရှင်းပြနိုင်ပေ။
"သူတို့က ငါ့မျက်လုံးထဲမှာတော့ ငါ့ရဲ့ ကိုယ်ပိုင် သားသမီးတွေနဲ့ ဘာမှ မခြားနားပါဘူး"
ထိုအဖြေစကားကိုကြားတော့ ဖန်းဇီကျုံးက ခေါင်းညိတ်လိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။
အချိန်များ ကုန်လွန်သွားရင်း တစ်နာရီခန့် ကြာမြင့်သွားသည်။
ရွှေရောင်နန်းတော်ထဲသို့ လူများ စတင် ဝင်ရောက်လာကြသဖြင့် ဖန်းပိုမိုနှင့် ကျိုးလင်ဟွမ်းတို့ အပြင်ဘက်ကို လှည့်ကြည့်လိုက်ရာ ထျန်းချင်း မသေမျိုးဂိုဏ်းမှ ကျန်းဟုန်းမင်နှင့် တပည့်များ ရောက်ရှိလာသည်။
"သူတို့က ငါ့ဂိုဏ်းသားတွေပဲ.. စိတ်မပူနဲ့" ဟု ကျိုးလင်ဟွမ်းက ပြောသော်လည်း ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ကတော့ သတိမလျော့ဘဲ စောင့်ကြည့်နေဆဲပင်။
"လီပိုင် ဘယ်မှာလဲ" ဟု ဖန်းရွှမ်က မေးလိုက်သည်။
"သူ ခေါင်းလောင်းထဲမှာ..နင်တို့ ဘယ်လို ဝင်လာတာလဲ" ဟု ကျိုးလင်ဟွမ်းက ပြန်မေးသည်။
"အခြေအနေတွေ ပြောင်းသွားပြီ၊ တခြားဂိုဏ်းတွေက လူတွေ သတင်းပေးလိုက်လို့ပဲ"
ကျန်းဟုန်းမင်၏ ထိုစကားကို ကြားသောအခါ ကျိုးလင်ဟွမ်း၏ မျက်နှာထား ပျက်ယွင်းသွားသည်။
ဖန်းပိုမိုက…
"ရှက်စရာကောင်းလိုက်တာ…ဂိုဏ်းချုပ်က သူတို့ကို အသက်ချမ်းသာပေးလိုက်တာကိုတောင် ကျေးဇူးမသိဘဲ အကူအညီ တောင်းနေကြတာလား" ဟု ဆဲရေးလိုက်သည်။
"ဂိုဏ်းချုပ်…"
ကျန်းဟုန်းမင်လည်း ဖန်းပိုမို၏ စကားကြောင့် အံ့ဩသွားသည်။
ကျိုးလင်ဟွမ်းက…
"အခု ဘာလုပ်ဖို့ စီစဉ်ထားလဲ"
"စစ်နတ်ဘုရား ဓားအမှတ်တံဆိပ် ပေါ်လာကတည်းက ဂိုဏ်းပေါင်းစုံက နန်းတော်ကို ရောက်လာကြတယ်.. ရန်ငြိုးတွေကို အပြင်ကို မသယ်ဆောင်ရဘူးလို့ စည်းကမ်းချက် ထုတ်ထားတယ်. ဒါကြောင့် ငါ တခြားဂိုဏ်းတွေကို မကြောက်ဘူး" ဟု ကျန်းဟုန်းမင်က ဆိုသည်။
"ဒါဆိုရင် လီပိုင်ကို ကူညီဖို့ စိတ်ကူးရှိလား" ဟု ကျိုးလင်ဟွမ်းက မေးတော့…
"သူက ငါ့အသက်ကို ချမ်းသာပေးခဲ့တာ… ငါ သူ့ကို ကျေးဇူးဆပ်ရမယ်.. ပြီးတော့ သူ့ကို ကူညီတာက မင်းကို ကူညီတာနဲ့ အတူတူပဲ" ဟု ကျန်းဟုန်းမင်က တည်ငြိမ်စွာ ဖြေလိုက်သည်။
အခြား တပည့်များကလည်း သူ့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြသည်။
ဖန်းပိုမိုက.
"ငါ့အစ်ကိုကြီးတွေရော ထွက်သွားကြပြီလား"
"မင်းရဲ့ ဂိုဏ်းချုပ်အတွက် အကြီးဆုံး ပြိုင်ဘက်က ကျူထျန်းဂိုဏ်းပဲ"
ထိုစဉ် လူသားဧကရာဇ် ခေါင်းလောင်း တုန်ခါသွားသဖြင့် လူတိုင်း လှည့်ကြည့်လိုက်ကြသည်။ ခေါင်းလောင်းအတွင်းရှိ ခြံဝင်းထဲတွင် ယန်တောက်ကျုံး လေထဲတွင် ထိုင်နေပြီး သူ့ခန္ဓာကိုယ်တခုလုံး အရောင်ခုနစ်မျိုးဖြင့် တောက်ပနေသည်။ ဝိညာဉ်စွမ်းအင်များကလည်း မုန်တိုင်းတစ်ခုကဲ့သို့ သူ့ ခန္ဓာကိုယ်ထဲသို့ စီးဝင်နေသည်။
လီချင်းချိုးက ယန်တောက်ကျုံးကို လေးစားစွာဖြင့် ကြည့်နေမိသည်။ သူသည် ကျင့်ကြံခြင်းကို စတင်လိုက်သည်မှာ တစ်နာရီခန့်သာ ရှိသေးသော်လည်း မူလအားဖြည့်နယ်ပယ်အဆင့် ၃ သို့ ရောက်ရှိသွားပြီ ဖြစ်သည့်အပြင် ဆက်လက်၍ တိုးတက်နေဦးမည် ဖြစ်သည်။