← Chapters

အခန်း ၃၉၉

Vol. 40 Ch. 399

အခန်း ၃၉၉

Vol. 40 Ch. 399

အခန်း (၃၉၉) - လောကီနယ်မြေထဲမှ မသေမျိုး

​"အရာရာတိုင်းဟာ ပြန်လည်ဝင်စားတဲ့ စက်ဝန်းသစ်ထဲမှာ ရှိနေတော့မယ့်ပုံပဲ။"

​အရောင်ခုနစ်မျိုးဖြင့် တောက်ပနေသော ယန်တောက်ကျုံးကို ကြည့်ရင်း ဖန်းဇီကျုံးက စိတ်ရင်းအမှန်ဖြင့် သက်ပြင်းချလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် မနာလိုမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

​လီချင်းချိုး၏ အကြည့်များကလည်း ယန်တောက်ကျုံးထံတွင်သာ ရှိနေပြီး သူက အခွင့်အရေးကို အသုံးချကာ…

"ပြန်လည်ဝင်စားတဲ့ စက်ဝန်းသစ် ဆိုတာ ဘာကို ပြောတာလဲ" ဟု မေးမြန်းလိုက်သည်။

​ယန်တောက်ကျုံးသည် ယခုနှစ်တွင် အသက် ၆၅ နှစ် ရှိပြီဖြစ်သည်။ နုပျိုဆေးကို သောက်သုံးထားသော်လည်း သူ့ အသွင်အပြင်က အနည်းငယ် အိုမင်းလာပြီ ဖြစ်သည်။ လီချင်းချိုး သူ့ကို မြင်တိုင်း စိတ်မကောင်း ဖြစ်မိသည်။ သိုင်းပညာသည် ကျင့်ကြံခြင်းလမ်းစဉ်ထက် မညံ့ဖျင်းသော်လည်း ချင်းရှောင်ဂိုဏ်း၏ သိုင်းပညာများကတော့ ကျင့်ကြံခြင်းနှင့် ယှဉ်လျှင် အလှမ်းဝေးကွာလွန်းသည်။ ယန်တောက်ကျုံးတစ်သက်တာတွင် ကျင့်ကြံခြင်း မပြုလုပ်နိုင်တော့မည်ကို အမြဲတမ်း စိတ်မကောင်း ဖြစ်နေခဲ့သည်။

​"မင်း ခွန်အားကြီးမားလာတဲ့အခါ အရာအားလုံးဟာ ပြန်လည်ဝင်စားတဲ့ စက်ဝန်းတစ်ခုထဲမှာပဲ ရှိနေတယ်ဆိုတာ နားလည်လာလိမ့်မယ်.." ဟု ဖန်းဇီကျုံးက လေးနက်ပြီး ခန့်မှန်းရခက်သော အမူအရာဖြင့် ဖြေလိုက်သည်။

လီချင်းချိုး လက်ကို မြှောက်လိုက်သည့်အခါ ဖန်းဇီကျုံး ထိတ်လန့်သွားပြီး ချက်ချင်းပင် ဘေးသို့ ခုန်ရှောင်သွားတော့သည်။

နှစ်ဦးသား တွေးတောနေစဉ်အတွင်း ယန်တောက်ကျုံး၏ အသိစိတ်က ထိုအိပ်မက်ကဲ့သို့သော အခြေအနေထဲတွင် ရှိနေဆဲဖြစ်သည်။ သူသည် ကျင့်ကြံသူတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာများနှင့် တိုက်ခိုက်နေရသည်။ တိုက်ပွဲအတွင်း၌ ကျင့်ကြံခြင်း၊ မူလစွမ်းအင်နှင့် သဘာဝလောကအကြောင်းကို ပိုမိုနက်ရှိုင်းစွာ နားလည်လာသည်။ ဤသည်မှာ နာကျင်မှုနှင့် ဒုက္ခများကိုပင် မေ့ပျောက်စေလောက်အောင် အံ့ဩဖွယ်ကောင်းသော အခြေအနေ ဖြစ်သည်။

​စောင့်ဆိုင်းနေစဉ်အတွင်း လီချင်းချိုးက စနစ်ကိုဆင့်ခေါ်၍ ယန်တောက်ကျုံး၏ ပုံစံကို Refresh လုပ်လိုက်သည်။

နောက်ထပ် နှစ်နာရီခန့် ကြာမြင့်သွားပြီးနောက် လီချင်းချိုး၏ မျက်စိရှေ့၌ စာတိုတစ်ခု ပေါ်လာသည်။

​【ချင်းရှောင်ဂိုဏ်း တပည့်တစ်ဦးက ကောင်းကင်တာအို၏ ကံကြမ္မာကို ရရှိပြီး လောကီနယ်မြေထဲမှ မသေမျိုးတစ်ဦး ဖြစ်လာသည့်အတွက် ဂိုဏ်း၏ ကံကြမ္မာ တိုးတက်လာခဲ့သည်။ သင်သည် နတ်ဘုရားစွမ်းအား အမွေအနှစ်ကို ဆုလာဘ်အဖြစ် ရရှိလိုက်သည်။】

​အောင်မြင်သွားပြီ!

ယန်တောက်ကျုံး၏ ကိုယ်ရေးအချက်အလက်ကို ပြန်ဖွင့်ကြည့်လိုက်ရာ သူ့မျက်လုံးများ တောက်ပသွားသည်။

​【အမည် - ယန်တောက်ကျုံး】

【အသက် - ၆၅ နှစ်】

【သစ္စာစောင့်သိမှု - ၉၁/၉၈】

【ကျင့်ကြံရေး ပါရမီ - ထူးကဲသော】

【နားလည်နိုင်စွမ်း - လူသားမျိုးနွယ်၏ ဒဏ္ဍာရီ】

【ကံကြမ္မာ - လောကီနယ်မြေထဲမှ မသေမျိုး၊ ပြီးပြည့်စုံသော မသေမျိုးခန္ဓာကိုယ်၊ အတွေးတချက် မသေမျိုး သိုင်းပညာ】

​【လောကီနယ်မြေထဲမှ မသေမျိုး - မသေမျိုးလမ်းစဉ်တွင် ကျင့်ကြံမှု မြင့်မားလာသည်နှင့်အမျှ မသေမျိုးအရှိန်အဝါကို ဖန်တီးနိုင်ပြီး တိုက်ပွဲအတွင်း ရန်သူကို ဖိနှိပ်နိုင်သည်။ ရန်သူများလေ ပိုမို သန်မာလေဖြစ်သည်။】

【ပြီးပြည့်စုံသော မသေမျိုးခန္ဓာကိုယ် - ကျင့်ကြံရေး နည်းလမ်းတိုင်းကို လွယ်ကူစွာ ကျွမ်းကျင်နိုင်ပြီး သာမန်လူတို့ထက်သာလွန်သော နားလည်နိုင်စွမ်း ရှိသည်။ ကျင့်ကြံရာတွင် အားနည်းချက် မရှိ】

【မသေမျိုးအတွေးအခေါ် (အသက်ဝင်ပြီ) - ဘဝတစ်သက်တာတွင် ကံကြမ္မာကို တစ်ကြိမ် ပြောင်းလဲခွင့် ရှိသည်။ သိုင်းပညာကို စွန့်လွှတ်၍ ကျင့်ကြံခြင်းလမ်းသို့ ရောက်သောအခါ စစ်နတ်ဘုရားနှင့် မသေမျိုးခန္ဓာကိုယ် ပုံစံများ အသွင်ပြောင်းလဲသွားမည်။】

​အလွန် အံ့ဩဖွယ်ကောင်းသော အချက်အလက်များပင်!

ကျင့်ကြံရေး ပါရမီနှင့် နားလည်နိုင်စွမ်းအရ ဆိုလျှင် သူသည် ယင်ကျင်းရှင်းထက်ပင် ပိုမို သန်မာနေသည်။ ၎င်းအပြင် လောကီနယ်မြေထဲမှ မသေမျိုးကံကြမ္မာနှင့် ပြီးပြည့်စုံသော မသေမျိုးခန္ဓာကံကြမ္မာတို့လို ကံကြမ္မာများက သူ့ကို ပိုမို ထူးခြားစေသည်။

​ဤစစ်နတ်ဘုရား နန်းတော်ခရီးစဉ်မှ လီချင်းချိုး၏ အကြီးမားဆုံးသော ရလဒ်မှာ လူသားဧကရာဇ် ခေါင်းလောင်း သို့မဟုတ် အခြားရတနာများ မဟုတ်ဘဲ ယန်တောက်ကျုံး နိုးထလာခြင်းပင် ဖြစ်သည်ဟု မည်သူက ခန့်မှန်းနိုင်မည်နည်။

လီချင်းချိုး အလွန် စိတ်လှုပ်ရှားနေပြီး ထိုစာမျက်နှာကို ကြည့်လေလေ စိတ်သက်သာရာ ရလေလေပင်။

​ယန်တောက်ကျုံး သိုင်းဂိုဏ်းချုပ်အဖြစ် တာဝန်ယူခဲ့စဉ် နှစ်များတစ်လျှောက် အလုပ်ကြိုးစားခဲ့သော်လည်း ကျင့်ကြံခြင်း မရှိသဖြင့် သူ့အပေါ် မကျေနပ်ချက်များစွာ ရှိခဲ့သည်။ အဆင့်မြင့် အရာရှိအချို့ကပင် လီချင်းချိုးထံ ချဉ်းကပ်၍ ယန်တောက်ကျုံးကို ရာထူးမှ ဖယ်ရှားပေးရန် တောင်းဆိုခဲ့ဖူးသော်လည်း လီချင်းချိုးက ထိုတောင်းဆိုမှုများကို ပယ်ချခဲ့သည်။

​ယခုအခါ ယန်တောက်ကျုံးက နောက်ဆုံးတွင် သူ့ကို ဂုဏ်ယူစေနိုင်ပြီဖြစ်သည်။

​လွန်ခဲ့သော နှစ်ပေါင်းများစွာက ယန်တောက်ကျုံးအကြောင်း လီချင်းချိုး ပြန်သတိရမိသည်။ တျန်းရွှမ်တောင်၏ မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ချင်းရှောင်ဂိုဏ်းသို့ ရောက်လာချိန်တွင်မူ သူ့ကို တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အလုပ်ခိုင်းစေသည်ဟု သူ ညည်းတွားခဲ့ဖူးသည်။ ထိုအချက်ကြောင့် လီချင်းချိုး သူ့ကို ပြန်လွှတ်ပေးသင့်မသင့် တွေဝေမိခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ယန်တောက်ကျုံးဘက်က ညည်းတွားခြင်း မရှိတော့သဖြင့် သူသည်လည်း အတင်းအကျပ် မေးမြန်းခြင်း မပြုခဲ့တော့ပေ။

​အတိတ်က အမှတ်တရများ မျက်စိရှေ့တွင် ပြန်လည် မြင်ယောင်လာပြီး လီချင်းချိုး၏စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားတော့သည်။

ယခုအချိန်တွင် ယန်တောက်ကျုံး၏ ကျင့်ကြံမှုအဆင့်က မူလအားဖြည့်နယ်ပယ် အဆင့် ၇ သို့ ရောက်ရှိသွားပြီဖြစ်ပြီး တိုးတက်လာသည့် နှုန်းထားလည်း ပို၍ ပို၍ မြန်ဆန်လာသည်။

​ဤအခြေအနေကို ကြည့်ရလျှင် သူသည် တစ်ရက်အတွင်းမှာပင် ဝိညာဉ်အာရုံအဆင့်သို့ ရောက်ရှိရန် ရည်ရွယ်ထားသည့်အလားပင်။

​ရုတ်တရက်…

​ယန်တောက်ကျုံး ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ အမောတကော အသက်ရှူနေပြီး နဖူးတွင်လည်း ချွေးစေးများ စီးကျနေသည်။ သို့သော် သူ့အကြည့်က လီချင်းချိုးထံသို့ ရောက်သွားသောအခါ အံ့အားသင့်ကာ မှင်သက်သွားသည်။

"ဂိုဏ်းချုပ်... ဘာတွေ ဖြစ်ကုန်တာလဲ"

​ယန်တောက်ကျုံး၏ လေသံက အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း လီချင်းချိုးကို မြင်လိုက်ရသည်နှင့် ချက်ချင်း ငြိမ်သက်သွားသည်။

​ယခင်က သူ ကြုံတွေ့ခဲ့ရသမျှက အိပ်မက်ဆိုးတစ်ခုသာ ဖြစ်ကြောင်း သိလိုက်ရသည်။

​သူ အမြဲတမ်း တစ်စုံတစ်ခုကို မေ့လျော့နေသည်ဟု ခံစားခဲ့ရကြောင်း ရုတ်တရက် သတိပြုမိသွားပြီး ယခုတော့ နားလည်သွားပြီဖြစ်သည်။

​အဲဒါကတော့ အဲဒီ အိပ်မက်ဆိုးထဲမှာ ဂိုဏ်းချုပ် မပါဝင်ခဲ့ခြင်းပင်..

​သူ့စိတ်ထဲတွင် ဂိုဏ်းချုပ်က အနိုင်ယူ၍မရနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး လီချင်းချိုး ရှုံးနိမ့်သွားလိမ့်မည်ဟု သူ လုံးဝ စိတ်ကူးမယဉ်နိုင်ပေ။

​လီချင်းချိုးက သူ့ကို ကြည့်၍ ပြုံးလိုက်ပြီး…

"စိတ်မလှုပ်ရှားပါနဲ့…ဒီအခွင့်အရေးကို အရင်ဆုံး အမိအရ ဆုပ်ကိုင်လိုက်ပါ" ဟု ဆိုသည်။

​ယန်တောက်ကျုံး အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် လေးနက်စွာ ခေါင်းညိတ်လိုက်ကာ သူ့ခန္ဓာကိုယ်တွင်းရှိ အတွင်းစွမ်းအင်များကို ဆက်လက် လည်ပတ်စေလိုက်သည်။

​"ပထမအဆင့် စိတ်စွမ်းအား ကျင့်စဉ်က မင်းကို အနှောင့်အယှက် ဖြစ်စေခဲ့ပြီ.. ဂရုစိုက်ပြီး နားထောင်…"

​လီချင်းချိုးက အသံလွှင့်နည်းပညာ အသုံးပြု၍ ဟွမ်ယွမ်ကျမ်းစာကို သင်ကြားပေးလိုက်သည်။

​ယန်တောက်ကျုံး တစ်ခဏမျှ အံ့အားသင့်သွားသော်လည်း အာရုံစူးစိုက်၍ နားထောင်လိုက်သည်။

​ဖန်းဇီကျုံးကဘေးမှနေ၍ ဟိုဟိုဒီဒီ ကြည့်ကာ တစ်ခါတစ်ရံ လက်ချောင်းများဖြင့် တွက်ချက်နေသည်။

​ယန်တောက်ကျုံး၏ ကံကြမ္မာက ကောင်းကင်တွင် ပျံသန်းနေသော နဂါးတစ်ကောင်ကဲ့သို့ တားဆီးမရနိုင်အောင် မြင့်မားလာမည်ကို သူ ကြိုတင်မြင်တွေ့နိုင်သော်လည်း လီချင်းချိုး၏ ကံကြမ္မာကို လုံးဝ တွက်ချက်၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ ၎င်းမှာ လီချင်းချိုးဆိုသူ ဤလောကတွင် လုံးဝ တည်ရှိမနေသကဲ့သို့ပင်။

​ဤအချက်က လီချင်းချိုးအပေါ် သူ့ကို ပို၍ စိတ်ဝင်စားသွားစေသည်။

​လီချင်းချိုး အလွန်မြန်ဆန်စွာ ပြောဆိုသင်ကြားပေးခဲ့ပြီး အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်းမှာပင် ဟွမ်ယွမ်ကျမ်းစာ၏ ဝိညာဉ်အားဖြည့်နယ်ပယ်အဆင့်တိုင်း၏ ကျင့်ကြံရေးနည်းလမ်းများအားလုံးကို ယန်တောက်ကျုံးထံ သင်ကြားပေးလိုက်သည်။

ယန်တောက်ကျုံးဘက်က ထပ်ပြောပြရန် မတောင်းဆိုခြင်းကြောင့် သူ အားလုံးကို အလွတ်ကျက်မှတ်ပြီးသွားပြီဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေသည်။

"ဒီဖြစ်စဉ်အတွင်းမှာ မင်း လူသားဧကရာဇ် ခေါင်းလောင်းရဲ့ ကံကြမ္မာနဲ့ ပေါင်းစပ်လို့ရတယ်" ဟု ဖန်းဇီကျုံးက ယန်တောက်ကျုံးကို ကြည့်ရင်း ပြုံး၍ ပြောလိုက်သည်။

ထိုအခါ ယန်တောက်ကျုံး မျက်လုံးများကို ဖွင့်လိုက်ပြီး အံ့ဩစွာဖြင့်… "လူသားဧကရာဇ် ခေါင်းလောင်းလား" ဟု မေးလေသည်။

​"ဟုတ်တယ်၊ မင်းက လူသားဧကရာဇ် ခေါင်းလောင်းရဲ့ ဆက်ခံသူ ဖြစ်လာလိမ့်မယ်… အမှန်တော့ အဲဒီ စစ်ဆေးမှုဆိုတာ ငါလုပ်ထားတဲ့ ဟန်ဆောင်မှုသက်သက်ပဲ…စွမ်းအင်နဲ့ ပေါင်းစပ်နိုင်သူတိုင်း ဒီခေါင်းလောင်းရဲ့ ဆက်ခံသူ ဖြစ်လာနိုင်တယ်…အခု မင်း ခေါင်းလောင်းကနေ ဝိညာဉ်စွမ်းအင်တွေ အများကြီး စုပ်ယူထားပြီးပြီဆိုတော့ ပေါင်းစပ်နိုင်တဲ့ အခြေအနေမှာ ရှိနေပြီ"

​ဖန်းဇီကျုံးက ယပ်တောင်ကို ဝှေ့ယမ်းရင်း အခြားလက်တစ်ဖက်ဖြင့် မုတ်ဆိတ်ကို ပွတ်သပ်ကာ ပြုံးနေသည်။

​ယန်တောက်ကျုံးက မျက်မှောင်ကြုတ်၍…

"ဒါဆိုရင် လူသားဧကရာဇ် ခေါင်းလောင်းကို ကျွန်တော်တို့ ဂိုဏ်းချုပ်ကိုပဲ ပေးသင့်တာပေါ့… ကျွန်တော်က လူသားဧကရာဇ်ဆိုတဲ့ ဘွဲ့နဲ့ မထိုက်တန်ပါဘူး…ကျွန်တော်တို့ ဂိုဏ်းချုပ်မှာပဲ လူသားဧကရာဇ်တစ်ပါးရဲ့ စိတ်သဘောထား ရှိတာပါ" ဟု လေးနက်စွာ ပြောလိုက်သည်။

​ဖန်းဇီကျုံး အံ့ဩသွားသည်။ ထိုသူက ရုတ်တရက် သူ့ကို အခွင့်အရေးယူ၍ ချီးကျူးစကား ပြောလာမည်ဟု မထင်မှတ်ထားခဲ့ပေ။ သို့သော် ၎င်းတို့မှာ ယန်တောက်ကျုံး၏ စိတ်ရင်းအမှန်ပင် ဖြစ်သည်။ ယန်တောက်ကျုံး ချင်းရှောင်ဂိုဏ်းတွင် ကြာရှည်စွာ နေထိုင်နိုင်ခဲ့ခြင်းမှာ လီချင်းချိုး၏ စိတ်သဘောထားကြောင့်ပင်။

လီချင်းချိုး အုပ်ချုပ်နေသည့် ခေတ်တွင် ယခင် တာ့လီမင်းဆက်ထက် ပြည်သူတို့ ပိုမို သာယာဝပြောလာခဲ့သည်။ ချင်းရှောင်ဂိုဏ်းသည်လည်း နယ်မြေကိုးခုနှင့် မြောက်ပိုင်းနယ်စပ်တို့ကြားက ပဋိပက္ခကို ဖြေရှင်းပေးခဲ့သည်။ သူကိုယ်တိုင် တောင်အောက်သို့ ဆင်းခဲ့ဖူးသဖြင့် ပြည်သူတို့၏ ဘဝ တိုးတက်လာသည်ကို မြင်တွေ့ခဲ့ရသည်။ ချင်းရှောင်ဂိုဏ်းမှာ မိမိလူမျိုးကို အမြတ်မထုတ်ဘဲ အပြင်ဘက်သို့သာ ချဲ့ထွင်နေသည်။ လီချင်းချိုးကို အာဏာရှင်ဆန်သည်ဟု ပြောကြသော်လည်း ယန်တောက်ကျုံးအမြင်တွင်မူ ထိုမျှသော အာဏာရှင်ဆန်မှုမျိုး လိုအပ်သည်ဟု မြင်သည်။

ထို့ကြောင့်ပင် လီချင်းချိုးသည်သာ ဧကရာဇ်ဟူသော ဘွဲ့နှင့် ထိုက်တန်သည်ဟု ခံယူထားခြင်းဖြစ်သည်။ သူသည် ပြည်သူကို ချစ်မြတ်နိုးပြီး စွမ်းအားလည်း ကြီးမားလှသည်။

​ဖန်းဇီကျုံးက မျက်မှောင်ကြုတ်၍…

"မင်း ဘာကို ငြင်းပယ်နေမှန်း သိရဲ့လား.. လူသားဧကရာဇ် ခေါင်းလောင်းရဲ့ စွမ်းအားက ဘယ်လောကီလက်နက်နဲ့မှ မယှဉ်နိုင်ဘူး.. ပြီးတော့ ဒီခေါင်းလောင်းမှာ သူ့ရဲ့ ကိုယ်ပိုင် ကံကြမ္မာ ပါလာတာမို့ မင်းရဲ့ ကျင့်ကြံရေးလမ်းကြောင်းကို အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်"

​"ဒါဆိုရင် ပိုတောင် ပေးသင့်သေးတာပေါ့…ကျွန်တော်တို့ ဂိုဏ်းချုပ်ကိုပဲ ပေးလိုက်ပါ" ဟု ယန်တောက်ကျုံးက လေးလေးနက်နက် ပြန်ပြောလိုက်သည်။

သူသည် မိမိ၏ ပြောင်းလဲမှုများကို ခံစားမိသော်လည်း ဂိုဏ်းချုပ်နှင့် ယှဉ်လျှင် အလှမ်းဝေးကွာနေသေးသည်ဟု ခံယူထားသည်။ သူ့အနာဂတ်ထက် ချင်းရှောင်ဂိုဏ်း၏ အနာဂတ်က လီချင်းချိုးနှင့် သက်ဆိုင်သည်။ လီချင်းချိုး အောင်မြင်လေလေ ဂိုဏ်းသားအားလုံး အကျိုးခံစားရလေလေပင်။

​ဖန်းဇီကျုံး အလွန်ဒေါသထွက်သွားသည်။ သူသည် လီချင်းချိုး၏ ကံကြမ္မာကို မတွက်ချက်နိုင်သော်လည်း လီချင်းချိုး၏ စွမ်းဆောင်ရည်က သူထင်ထားသည်ထက် ပိုမိုကြီးမားနေပြီး သူကိုယ်တိုင်ကလည်း လီချင်းချိုးကို မနှစ်မြို့ပေ။ အကယ်၍ လီချင်းချိုးသာ ဆက်ခံသူ ဖြစ်သွားပါက နောင်တွင် မကြာခဏ ထိတွေ့ရဦးမည်ဖြစ်ပြီး လီချင်းချိုး၏ အလွယ်တကူ လက်သီးဖြင့် ထိုးတတ်သည့် အလေ့အကျင့်ကို သူ မခံစားလိုပေ။

လီချင်းချိုးဆိုသူက လူသတ်သမား မဟုတ်သော်လည်း လက်သွက်လွန်းလှသည်။ ရိုင်းစိုင်းပြီး မဆင်မခြင်နိုင်လွန်းသည်။

​"လူသားဧကရာဇ် ခေါင်းလောင်းရဲ့ အမွေအနှစ်က မင်းဆီကနေပဲ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." ဖန်းဇီကျုံး အော်ပြောရန် ပြင်လိုက်စဉ်…

​ဖပ်….

​လီချင်းချိုး၏ လက်ျာလက်က ဖန်းဇီကျုံး၏ ပခုံးပေါ်သို့ ရုတ်တရက် ကျရောက်လာသည်။ ဖန်းဇီကျုံး အလွန်တုန်လှုပ်သွားပြီး နှလုံးခုန်သံများ မြန်ဆန်လာသည်။ သူသည် လီချင်းချိုးကို ဆူပူရန် လှည့်ကြည့်လိုက်သော်လည်း လီချင်းချိုး၏ အကြည့်ကို မြင်လိုက်ရသည့်အခါ နောက်ဆုတ်သွားသည်။ ဝိညာဉ် ပျက်စီးသွားမည်ကို မကြောက်သော်လည်း လီချင်းချိုး၏ လက်ချက်ဖြင့် အရိုက်ခံရခြင်းက အလွန် ရှက်စရာ ကောင်းလှသည်။

"သရဲတစ္ဆေနဲ့ တူလိုက်တာ" ဟု ဖန်းဇီကျုံး အတွင်းစိတ်တွင် ဆဲရေးလိုက်သော်လည်း လီချင်းချိုး၏ လှုပ်ရှားမှုများက အမှန်တကယ်ပင် ကျွမ်းကျင်လှကြောင်း ဝန်ခံရပေမည်။

​လီချင်းချိုးက ဖန်းဇီကျုံးကို ဖိနှိပ်ထားပြီး ယန်တောက်ကျုံးကို ကြည့်ကာ…

"ငါ့အကြောင်း မတွေးနဲ့.. မင်းရဲ့ အခွင့်အရေးက မင်းရဲ့ အခွင့်အရေးပဲ" ဟု ဆိုလေသည်။

​ယန်တောက်ကျုံးက လီချင်းချိုးကို ကြည့်၍…

"ဂိုဏ်းချုပ်.. ဂိုဏ်းချုပ် ဒီရောက်နေတာက ကျွန်တော် အန္တရာယ်ရှိလို့ပဲ မဟုတ်လား… ဂိုဏ်းချုပ်သာ မရှိရင် ကျွန်တော် ဒီအခွင့်အရေးကို ဘယ်ရနိုင်ပါ့မလဲ… ပြီးတော့ ကျွန်တော် အခု အခြေအနေနဲ့တင် ကျေနပ်ပါပြီ… အများကြီး နားလည်လာသလို အံ့ဩဖွယ် ကံကြမ္မာကိုလည်း ရခဲ့ပါပြီ"

​ထိုစကားကို ကြားသောအခါ ဖန်းဇီကျုံး၏ ဒေါသများ လျော့ပါးသွားပြီး ရှက်စိတ်များ ဝင်လာသည်။ ယန်တောက်ကျုံး ပြောတာ မှန်ကြောင်း သဘောပေါက်သွားသည်။ လီချင်းချိုးသာ မရှိပါက ဤအခွင့်အရေးက ယန်တောက်ကျုံးအတွက် ဖြစ်လာမည် မဟုတ်သလို သူလည်း သေဆုံးသွားပေလိမ့်မည်။ ယန်တောက်ကျုံး၏ ဆုံးဖြတ်ချက်ကို မြင်သောအခါ လီချင်းချိုး အကျပ်ရိုက်သွားသည်။

​ဒေါင်….

ထိုစဉ် ​ခေါင်းလောင်းသံ တစ်ချက် ရုတ်တရက် ထွက်ပေါ်လာသဖြင့် လီချင်းချိုး၊ ဖန်းဇီကျုံးနှင့် ယန်တောက်ကျုံးတို့ တုန်ခါသွားကြသည်။ ဖန်းဇီကျုံးက မျက်လုံးများ ပြူးကျယ်၍…

"ဒါက... သူက သူ့ဘာသာသူ အသံထွက်လာတာလား" ဟု အံ့ဩတကြီး မေးလိုက်သည်။

လီချင်းချိုးလည်း နားမလည်စွာဖြင့် သူတို့နှစ်ဦးကို ကြည့်နေသည်။

​ထိုအချိန်တွင် ကောင်းကင်မှ ရွှေရောင်အလင်းတန်းတစ်ခု ကျရောက်လာပြီး လီချင်းချိုး၏ ကိုယ်ပေါ်သို့ ထိတွေ့သွားသည်။ လီချင်းချိုးမှာ ရှောင်တိမ်းချိန် မရလိုက်ပေ။ သူ စိုးရိမ်သွားသော်လည်း ထိုရွှေရောင်အလင်းက သူ့ကို နွေးထွေးမှု ပေးစွမ်းပြီး စွမ်းအင်နှင့် ခွန်အားများကိုပင် ပြန်လည် ပြည့်ဖြိုးလာစေသည်။

​

All Chapters