← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း (၁၁၂) အံ့ဖွယ်ရာ

လင်းယုန်က အချိန်ကို တစ်ချက်ကြည့်လိုက်၏။ “အချိန်ကျပြီ....”

​မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင်ပေါင်းများစွာသော ဒရုန်းများက အသင်းတော်ခန်းမ၏ အနောက်ဘက် ခြံဝင်းထဲမှ ပျံတက်သွားကြပြီး ၎င်းတို့၏ အမည်းရောင်ကိုယ်ထည်များက ညအမှောင်ထုထဲတွင် လုံးဝ ပျောက်ကွယ်သွားကြသည်။

​ဤခေတ်မီ နည်းပညာ၏ အံ့ဖွယ် ဖန်တီးမှုများက ပေကျင်းမြို့တော်အထက်တွင် မမြင်ရသော ဧရာမ ကွန်ရက်ကြီးတစ်ခုကဲ့သို့ တိတ်ဆိတ်စွာ ပျံဝဲနေကြလေသည်။

​“ဝုန်း... ”

​နောက်ခဏ၌ နားကွဲမတတ် မိုးခြိမ်းသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး တားမြစ်မြို့တော်၏ ထောင့်မျှော်စင်ပေါ်ရှိ ကြေးခေါင်းလောင်းများကို တချွင်ချွင် မြည်သွားစေခဲ့သည်။

​အိပ်မောကျသွားခါစ လူများက ဆောင်းရာသီ မိုးခြိမ်းသံကြောင့် လန့်နိုးသွားကြပြီး ကလေးအချို့မှာ ထိတ်လန့်တကြား ငိုယိုကြတော့သည်။

​မြို့ငါးမြို့ တပ်စောင့်မှ တပ်ဖွဲ့ဝင်များက သူတို့၏ မီးတိုင်များကို မြှောက်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်ကြသော်လည်း ညကောင်းကင်ယံမှာ တိမ်တစ်အုပ်မျှ မရှိဘဲ ကြည်လင်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

​ရုတ်တရက် ထွက်ပေါ်လာသော မိုးခြိမ်းသံက လူတိုင်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေပြီး မကောင်းသော နိမိတ်လက္ခဏာ တစ်ခုအဖြစ် ခံစားလိုက်ကြရသည်။

​အဆင့်မြင့် အရာရှိကြီးများနှင့် မှူးမတ်များ နေထိုင်ရာ မြို့တော်၏ အတွင်းမြို့တွင် သူတို့၏ စံအိမ်ကြီးများစွာ၌ မီးရောင်များ လင်းထိန်သွားကြလေသည်။

​အမတ်ချုပ်ကြီး ကျိုးယန်ရူ ၏ စံအိမ်....

​ကျိုးယန်ရူသည် မြေခွေးသားမွေးဝတ်ရုံကို ဝတ်ဆင်ထားပြီး စာကြည့်ခန်းထဲမှ ထွက်လာခဲ့သည်။

​ခြံဝင်းထဲရှိ နှင်းများက တောက်ပသော လရောင်ကို ရောင်ပြန်ဟပ်နေပြီး သူ၏ မျက်နှာကို ထူးထူးခြားခြား ရှင်းလင်းစွာ မြင်နေရသည်။

​အမတ်ချုပ်ကြီး၏ မျက်မှောင်များက တွန့်ကွေးနေပြီး သူ၏ နဖူးပေါ်ရှိ အရေးအကြောင်းများက လရောင်အောက်တွင် ပို၍ သိသာထင်ရှားနေလေသည်။

​“ဆောင်းရာသီမှာ မိုးခြိမ်းသံ... မကောင်းတဲ့ နိမိတ်ပဲ”

​သူက တိမ်ကင်းစင်နေသော ညကောင်းကင်ယံကို မော့ကြည့်ရင်း တီးတိုးရေရွတ်လိုက်ချိန်တွင် နားကွဲမတတ် မိုးခြိမ်းသံကြီးတစ်ခုက သူ၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့ပြန်သည်။

​ဤပုံမှန်မဟုတ်သော ကောင်းကင်ဖြစ်စဉ်ကြောင့် သူက အလိုအလျောက်ပင် လက်နွေးအိတ်ကို ပို၍ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိ၏။

​ဒုတိယ အမတ်ချုပ်ကြီး ဝမ်ထီရန် ၏ စံအိမ်....

​ဝမ်ထီရန်သည် သူ၏ စားပွဲတွင် စာရွက်စာတမ်းများကို စစ်ဆေးနေစဉ် နားကွဲမတတ် မိုးခြိမ်းသံကြီးကို ရုတ်တရက် ကြားလိုက်ရ၏။ ထို့ကြောင့် သူ၏ လက်များက အနည်းငယ် တုန်ယင်သွားပြီး လက်ထဲရှိ ဝံပုလွေမွေး စုတ်တံက ရွှမ်စက္ကူပေါ်တွင် အမည်းစက်ကြီး တစ်ခု ပေကျံသွားစေလေသည်။

​“ထူးဆန်းလိုက်တာ...” သူက မတ်တတ်ရပ်လိုက်ပြီး လက်ရန်းပါသော ကုလားထိုင်ကို ဘေးသို့ တွန်းဖယ်ကာ ခြံဝင်းထဲသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်လေသည်။

​မော့ကြည့်လိုက်သောအခါ ကောင်းကင်တွင် တောက်ပသော လမင်းကြီးနှင့် မျက်စိကျိန်းမတတ် နဂါးငွေ့တန်းကို မြင်လိုက်ရပြီး မိုးတိမ်၏ အရိပ်အယောင် တစ်ခုမျှ မရှိချေ။

​“သခင်ကြီး...” အိမ်တော်ထိန်းက သားမွေးအင်္ကျီကို လာပေးရင်း တုန်ယင်စွာဖြင့် ပြောလိုက်၏။ “ဆောင်းရာသီ အလယ်ကြီးမှာ မိုးခြိမ်းတယ်ဆိုတော့...”

​ဝမ်ထီရန်က သူ၏ ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများကို မှေးကြည့်လိုက်ရာ လရောင်အောက်ရှိ အလင်းနှင့် အမှောင်ကြားတွင် သူ၏ မျက်နှာအမူအရာက ပြောင်းလဲနေချေသည်။

​နောက်ထပ် မိုးခြိမ်းသံကြီးတစ်ခု ထပ်မံ ထွက်ပေါ်လာပြီး အမိုးအောက်မှ ရေခဲများ တဖြုတ်ဖြုတ် ပြုတ်ကျလာခဲ့သည်။

​ဝမ်ထီရန် ရုတ်တရက် တုန်ခါသွားပြီး ၎င်းက အရိုးခိုက်မတတ် အအေးဒဏ်ကြောင့်လား သို့မဟုတ် သူ၏ အတွင်းစိတ်မှ ထွက်ပေါ်လာသော စိုးရိမ်ပူပန်မှုကြောင့်လား ဆိုတာ သေချာ မသိတော့ချေ။

​စစ်ရေးဝန်ကြီး ရှန်ယုံမောက်၏ စံအိမ်....

​ည၏ ပထမယံတွင် ရှန်ယုံမောက်ဟာ သူ၏ စာကြည့်ခန်းထဲ၌ အကြံပေးအချို့နှင့်အတူ မြို့တော်ဒေသ၏ ကာကွယ်ရေးအကြောင်းကို ဆွေးနွေးနေခဲ့ကြသည်။

​စားပွဲပေါ်တွင် ဖြန့်ထားသော မြေပုံတွင် တပ်စွဲထားသည့် နေရာအသီးသီးကို အမှတ်အသား ပြုလုပ်ထားပြီး ဖယောင်းတိုင်မီးရောင်ကြောင့် နံရံပေါ်တွင် ကျရောက်နေသော သူ၏ အရိပ်က အထူးသဖြင့် ပင်ပန်းနွမ်းနယ်နေပုံ ပေါ်နေချေသည်။

​“နောက်ပိုင်းကျင်း မြင်းတပ်တွေက...”

​အောက်လူများက သတင်းပို့နေစဉ် ပြတင်းပေါက် မှန်များကို တုန်ခါသွားစေလောက်သည့် နားကွဲမတတ် မိုးခြိမ်းသံကြီးတစ်ခုက အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာလေသည်။

​ရှန်ယုံမောက်က သူ၏ အနီရောင် စုတ်တံကို ရပ်တန့်လိုက်ပြီး ပြတင်းပေါက်ကို မော့ကြည့်လိုက်၏။

​“ထူးဆန်းလိုက်တာ...”

​ပြောရင်းဆိုရင်း သူက မတ်တတ်ရပ်ကာ အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။

​ခြံဝင်းထဲရှိ နှင်းများက လရောင်ကို ရောင်ပြန်ဟပ်နေပြီး မိုးရွာမည့် အရိပ်အယောင် လုံးဝ မတွေ့ရချေ။

​“သခင်ကြီး... ဒါက...” အကြံပေးများက အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ထိုအထဲမှ တစ်ယောက်က တုန်ယင်စွာဖြင့် ပြောလိုက်၏။ “ဆောင်းရာသီမှာ မိုးခြိမ်းတာက သခင်ကြီးအတွက် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လာမယ်ဆိုတဲ့ နိမိတ်ပါ...”

​“ပါးစပ်ကို ဆင်ခြင်စမ်း...”

​ရှန်ယုံမောက်က မျက်မှောင်ကြုတ်လျက် သူ့ကို ပြင်းထန်စွာ တားမြစ်လိုက်၏။

​စံအိမ်သုံးခုနှင့် အရေးကြီးသော အမတ် သုံးဦးတည်းသာ မဟုတ်ချေ။

​မြို့တော်အတွင်းရှိ အဆင့်အတန်း အသီးသီးမှ အရာရှိများက တစ်ပြိုင်နက်တည်း သူတို့၏ အိမ်များမှ ထွက်လာကြပြီး ကောင်းကင်သို့ မော့ကြည့်ကာ ထူးဆန်းသော မြည်ဟည်းသံကို နားထောင်နေခဲ့ကြသည်။

​နန်းတော်- ချန်ချင်း နန်းဆောင်...

​ချုံကျန်းဧကရာဇ်၏ လက်ထဲရှိ အနီရောင် စုတ်တံက အစီရင်ခံစာအထက်တွင် ရပ်တန့်နေပြီး အနီရောင် မှင်တစ်စက်က ယွမ်ချုံဟွမ်ဆိုသည့် စာလုံးသုံးလုံးပေါ်သို့ တိတ်ဆိတ်စွာ ကျဆင်းသွား၏။

​ပြတင်းပေါက် အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသော မိုးခြိမ်းသံကြောင့် သူ မျက်မှောင်ကြုတ်သွားသော်လည်း မျက်နှာအမူအရာကတော့ တည်ငြိမ်နေဆဲပင်။

​“ဝမ်ချန်အန်း... ” ဧကရာဇ်၏ အသံက ထူးထူးခြားခြား တည်ငြိမ်နေလေသည်။ “သွားကြည့်စမ်း”

​ဝမ်ချန်အန်း ပြန်ဖြေရန် ပြင်လိုက်စဉ် နန်းဆောင် အပြင်ဘက်တွင် ရုတ်တရက် ဆူညံပွက်လောရိုက်သံများ ထွက်ပေါ်လာချေသည်။

​ချုံကျန်းဧကရာဇ်က သူ၏ အနီရောင် စုတ်တံကို ဖြည်းညင်းစွာ ချထားလိုက်ပြီး မတ်တတ်ရပ်လိုက်သည့် သူ၏ လှုပ်ရှားမှုများက တည်ငြိမ်ပြီး ဂုဏ်သိက္ခာ ရှိနေခဲ့သည်။

​သူက နန်းဆောင် အပြင်ဘက်သို့ လက်နောက်ပစ်လျက် လျှောက်သွားလိုက်ရာ သူ၏ တောက်ပသော အဝါရောင်နဂါးဝတ်ရုံက လရောင်အောက်တွင် အေးစက်စွာ လင်းလက်နေချေသည်။

​ညကောင်းကင်ယံတွင် ခမ်းနားထည်ဝါသော နန်းတော်ကြီးများနှင့် မျှော်စင်ကြီးများက အံ့မခန်း ထွက်ပေါ်နေခဲ့သည်။

​ကောင်းကျိုးပေးသော အရောင်ခုနစ်မျိုး ပါဝင်သည့် တိမ်တိုက်များကြားတွင် ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော စစ်သူကြီး၏ ပုံရိပ်က ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေလေသည်။

​ချုံကျန်း၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့သွားသော်လည်း သူ၏ ခန္ဓာကိုယ်ကမူ မလှုပ်မယှက် ရှိနေဆဲပင်။

​ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဧကရာဇ်က စကားပြောလိုက်ပြီး သူ၏ အသံက တည်ငြိမ်နေဆဲဖြစ်သည်။ “ကျိုးယန်ရူ... ဝမ်ထီရန်နဲ့ ဝန်ကြီးဌာန ခြောက်ခုက အမတ်တွေကို နန်းတော်ထဲ ချက်ချင်း လာဖို့ အမိန့်တော် ထုတ်ပြန်လိုက်... ”

​ဝမ်ချန်အန်းသည် လက်နောက်ပစ်ထားသော သူ၏သခင် လက်များက လက်သည်းများ အသားထဲ စိုက်ဝင်သွားသည်အထိ တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်ကို သတိပြုမိလိုက်၏။

​သို့သော် ဧကရာဇ်၏ မျက်နှာက မပြောင်းလဲဘဲ ကောင်းကင်မှ ထူးဆန်းသော ဖြစ်စဉ်များကို ရောင်ပြန်ဟပ်နေသည့် သူ၏ ကျဉ်းမြောင်းသော မျက်လုံးများကသာ ဖမ်းဆုပ်၍ မရနိုင်သော အလင်းရောင်ဖြင့် တောက်ပနေခဲ့သည်။

​“တော်ဝင် နက္ခတ်တာရာ လေ့လာရေးဌာနက ညွှန်ကြားရေးမှူးကိုပါ ခေါ်လိုက်..” ချုံကျန်းက ဆက်ပြောလိုက်ပြီး သူ၏ လေသံက မနက်ဖြန် မနက်စာအကြောင်း ဆွေးနွေးနေသကဲ့သို့ တည်ငြိမ်နေလေသည်။ “ဒီကောင်းကင်ဖြစ်စဉ်က ကောင်းကျိုးလား... ဆိုးကျိုးလား ဆိုတာကို ငါကိုယ်တော် မေးချင်တယ်”

​အမတ်ချုပ်ကြီး၏ စံအိမ်....

​“ဒီမိုးခြိမ်းသံက ဘယ်ကနေ ဘယ်လို ရောက်လာမှန်း မသိဘူး”

​စကားပင် မဆုံးသေးမီ ညကောင်းကင်ယံတွင် ခမ်းနားထည်ဝါပြီး တောက်ပသော အလင်းရောင်များ ရုတ်တရက် ထွက်ပေါ်လာချေသည်။

​ရောင်စုံကောင်းကျိုးပေးတိမ်တိုက်များက ဘယ်ကမှန်းမသိ ပေါ်လာပြီး တားမြစ်မြို့တော်အထက်တွင် ဖြည်းညင်းစွာ လည်ပတ်နေခဲ့သည်။

​ကျိုးယန်ရူ၏ သူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့သွားပြီး လက်ထဲရှိ လက်နွေးအိတ်ပင် ပြုတ်ကျမတတ် ဖြစ်သွားရသည်။

​“ဒါ... ဒါက...” သာမန်အချိန်တွင် တည်ငြိမ်လေ့ရှိသော ဝန်ကြီးချုပ်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။

​တိမ်တိုက်များထဲတွင် ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေသော ခမ်းနားထည်ဝါသည့် နန်းတော်ကြီးများနှင့် မျှော်စင်ကြီးများကို သူက ငေးကြည့်နေပြီး အရင်က တစ်ခါမှ မကြုံဖူးသော အကြောက်တရား တစ်ခုက သူ၏ ရင်ထဲတွင် လွှမ်းမိုးလာ၏။

​ဒါက သာမန် ကောင်းကင်ဖြစ်စဉ် မဟုတ်ဘူး... ဒါက ပိုပြီးတော့... ကောင်းကင်ဘုံကနေ နတ်ဘုရားတွေ ကိုယ်ထင်ပြတာနဲ့ တူနေတယ်။

​“မြန်မြန်လုပ်...” ကျိုးယန်ရူက ရုတ်တရက် ကြမ်းတမ်းစွာ အော်ဟစ်လိုက်၏။ “ငါ့ရဲ့ အမတ်ဝတ်စုံ ယူခဲ့။ ပြီးတော့ ဧကရာဇ်မင်းမြတ်က ငါ့ကို ဆင့်ခေါ်ထားခြင်း ရှိမရှိ သွားမေးစမ်း”

​အိမ်တော်ထိန်းက သခင်ဖြစ်သူ ဤမျှ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေသည်ကို တစ်ခါမျှ မမြင်ဖူးသဖြင့် ထိတ်လန့်သွားကာ အထပ်ထပ် ခေါင်းညိတ်လိုက်လေသည်။

​သို့သော် ကျိုးယန်ရူဟာ တဖြည်းဖြည်း ကြီးမားလာသော ကောင်းကျိုးပေး အလင်းရောင်ကြီးကို မော့ကြည့်ရင်း သူ၏ ရင်ထဲမှ လှိုင်းလေထန်နေမှုများကို သတိမထားမိတော့ချေ။

​ဒီထူးဆန်းတဲ့ ဖြစ်စဉ်က ကောင်းချီးပေးတာလား... ဒါမှမဟုတ် ကျိန်စာတစ်ခုလား။

​ဒါကများ... ကောင်းကင်ဘုံက နန်းတွင်းကို သတိပေးတာများလား။

​အေးစက်သော ချွေးသီးတစ်ပေါက်က သူ၏ နားထင်မှနေ၍ စီးကျလာ၏။

​အမတ်ချုပ်ကြီး တစ်ယောက်အနေဖြင့် မင်မင်းဆက် ရင်ဆိုင်နေရသော လက်ရှိ အကျပ်အတည်းကို သူက မည်သူ့ထက်မဆို ပိုသိချေသည်။

​လျောင်တုံးတွင် စစ်ပွဲများ ပြင်းထန်လာနေပြီး နေရာအနှံ့တွင် ဓားပြများ ထောင်းထောင်းထနေကာ နိုင်ငံတော် ဘဏ္ဍာတိုက်ကလည်း ဟာလာဟင်းလင်း ဖြစ်နေပေသည်။

​တကယ်လို့များ ဒီကောင်းကင်ဖြစ်စဉ်က ကောင်းကင်ဘုံက အပြစ်ပေးတာဆိုရင်တော့...

​“သခင်ကြီး...” အိမ်တော်ထိန်းက အမတ်ဝတ်စုံကို ကိုင်ဆောင်လျက် အလျင်စလို ဝင်လာခဲ့သည်။ “နန်းတော်က လူတစ်ယောက် ရောက်လာပြီး ဧကရာဇ်မင်းမြတ်က အမတ်ချုပ်ကြီးကို အစည်းအဝေးအတွက် နန်းတော်ထဲ အရေးပေါ် ဆင့်ခေါ်ထားတယ်လို့ ပြောပါတယ်...”

​ကျိုးယန်ရူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ကာ ထမ်းစင်ထဲသို့ ဝင်လိုက်သည်။

​ထမ်းစင် ကန့်လန့်ကာ ချလိုက်ချိန်တွင် သူက ပို၍ မျက်စိကျိန်းမတတ် တောက်ပလာသော ကောင်းကျိုးပေးတိမ်တိုက်များကို နောက်ဆုံးအကြိမ် လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

​မင်မင်းဆက်ရဲ့ လောကကြီး ပြောင်းလဲတော့မည်လော။

​အတွင်းမြို့တွင် ဤသို့ ဖြစ်နေသကဲ့သို့ အပြင်မြို့တွင်လည်း ထိုနည်းလည်းကောင်းပင်။

​မိုးခြိမ်းသံ ထွက်ပေါ်လာသောအခါ လူအများအပြားက ကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။

​သူတို့ တွေးတောနေဆဲမှာပင် နောက်တစ်စက္ကန့်တွင် ပေါ်လာသော မြင်ကွင်းကြောင့် လူတိုင်း၏ သူငယ်အိမ်များ ကျုံ့သွားပြီး ထိတ်လန့်တကြား ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။

​“ဘုရားရေ...” ညစောင့်တစ်ယောက်က ဒူးထောက်ချလိုက်ရာ သူ၏ သစ်သားခေါက်တုံးက မြေပြင်ပေါ်သို့ ပြုတ်ကျကာ အသံမြည်သွားလေသည်။

​မည်းနက်နေသော ညကောင်းကင်ယံတွင် မျက်စိကျိန်းမတတ် အလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

​ရောင်စုံကောင်းကျိုးပေးတိမ်တိုက်များက တားမြစ်မြို့တော်အထက်တွင် ဖြည်းညင်းစွာ လည်ပတ်နေပြီး တိမ်တိုက်များထဲတွင် ခမ်းနားထည်ဝါသော နန်းတော်ကြီးများနှင့် မျှော်စင်ကြီးများ၏ ပုံသဏ္ဌာန်များကို ဝေဝါးစွာ မြင်နေရပေသည်။

​နားဆင်ရတာ သာယာနာပျော်ဖွယ်ကောင်းသော ကောင်းကင်ဘုံမှ တေးဂီတသံများက ကောင်းကင်မှ ဆင်းသက်လာပြီး ၎င်း၏ တေးသွားက သာမန်လောကနှင့် မတူဘဲ မရေမတွက်နိုင်သော နတ်သမီးလေးများက တိမ်တိုက်များပေါ်တွင် သဟဇာတဖြစ်စွာ သီဆိုနေကြသကဲ့သို့ပင်။

​“ဟိုမှာ ကြည့်... တောင်ပိုင်း ကောင်းကင်တံခါး” မြို့ငါးမြို့တပ်စောင့်မှ ကင်းလှည့်နေသော ညစောင့်အဖွဲ့ တစ်ဖွဲ့က ကောင်းကင်သို့ လက်ညှိုးထိုးပြကာ အာမေဍိတ်သံ ပြုလိုက်ကြ၏။

​ကောင်းကျိုးပေး တိမ်တိုက်များ၏ နက်ရှိုင်းသော နေရာတွင် ရွှေရောင်မုခ်ဦးတစ်ခုက ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေပြီး ဆိုင်းဘုတ်ပေါ်တွင် တောင်ပိုင်း ကောင်းကင်တံခါးဆိုသည့် စာလုံးကြီး သုံးလုံးက တောက်ပစွာ လင်းလက်နေချေသည်။

​ပို၍ ကြက်သီးထဖွယ်ကောင်းသည်မှာ ထိုမုခ်ဦးအောက်တွင် ရွှေရောင်သံချပ်ကာဝတ်ဆင်ထားသော ကောင်းကင်စစ်သားများနှင့် စစ်သူကြီးများက တန်းစီချီတက်နေကြခြင်းပင်။

​လမ်းတစ်ခုပေါ်တွင် လူပေါင်းမရေမတွက်နိုင်အောင် ခြံဝင်းထဲ၌ ဒူးထောက်နေကြပြီး ကောင်းကင်တွင် ပေါ်လာသော အံ့ဖွယ်ရာကို အကြိမ်ကြိမ် ဦးချနေကြ၏။

​“အံ့ဖွယ်ရာပဲ... ဒါက အံ့ဖွယ်ရာပဲ”

​လမ်းထောင့်ရှိ တဲများထဲမှ ဒုက္ခသည်များကလည်း တစ်ယောက်ပြီး တစ်ယောက် တွားသွား ထွက်လာကြခဲ့သည်။ သူတို့က စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားကြသော်လည်း အားလုံးက ညစ်ပေနေသော မျက်နှာများဖြင့် မော့ကြည့်ကာ ကောင်းကင်ရှိ ထူးဆန်းသော မြင်ကွင်းကို ကြောင်တောင်တောင် ငေးကြည့်နေကြ၏။

​ကလေးငယ်ကို ပွေ့ချီထားသော အမျိုးသမီးတစ်ဦးက ရုတ်တရက် ငိုကြွေးလိုက်ပြီး အော်ဟစ်လိုက်လေသည်။ “နတ်ဘုရားတွေ ကိုယ်ထင်ပြပြီ။ နောက်ဆုံးတော့ နတ်ဘုရားတွေက ငါတို့ရဲ့ ဆင်းရဲဒုက္ခတွေကို မြင်သွားကြပြီ...”

အခန်း ၁၁၂ပြီး၏။

All Chapters