← Chapters

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း (၁၁၅) အောင်မြင်မှုအတွက် ပထမဆုံး ခြေလှမ်း

​ချုံကျန်းဧကရာဇ်က တွန့်ဆုတ်ခြင်း အလျဉ်းမရှိဘဲ အသင်းတော်ခန်းမထဲသို့ ခြေချလိုက်သည့် အခိုက်အတန့်တွင် ကျန်းယဲ့နှင့် သူ၏ အဖွဲ့အပေါ်၌ ဖိစီးနေသော ဝန်ထုပ်ဝန်ပိုးကြီးက နောက်ဆုံးတော့ ပြုတ်ကျသွားချေပြီ။

​သူတို့က အချင်းချင်း နားလည်မှုရှိသော အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

​ဒီလောင်းကြေးကြီးတဲ့ ပွဲကို သူတို့ အနိုင်ရသွားပေပြီ။

​တကယ်လို့ ချုံကျန်းက လောင်းကစား လုပ်နေတာဆိုရင် သူတို့ရော တန်းတူ လောင်းကြေးထပ်နေတာ မဟုတ်ဘူးလား။

​လင်းယုန်က တင်းကျပ်စွာ ဆုပ်ထားသော သူ၏ လက်သီးကို တိတ်ဆိတ်စွာ ဖြေလျှော့လိုက်ရာ သူ၏ လက်ဖဝါးများက ချွေးများဖြင့် စိုစွတ်နေပြီဖြစ်သည်။

​တင်းကောင်းနှင့် သူ၏ အဖော် သုံးယောက်ကလည်း ဆက်လက် သတိထားနေဆဲ ဖြစ်သော်လည်း သူတို့၏ တင်းမာနေသော ကြွက်သားများကမူ အနည်းငယ် ပြေလျော့သွားသည်ကို သိသာစွာ မြင်တွေ့နိုင်လေသည်။

​တကယ်လို့ ဒီဧကရာဇ်က မသိနိုင်တဲ့ နေရာကို တစ်ယောက်တည်း ဝင်လာဖို့တောင် ရဲစွမ်းသတ္တိ မရှိဘူးဆိုရင် သူတို့ရဲ့အကူအညီနဲ့တောင်မှ မင်မင်းဆက် ကျဆင်းမှုကို ပြန်လည် နာလန်ထူဖို့ ခက်ခဲလိမ့်မယ်လို့ သူတို့အားလုံးက တွေးနေခဲ့ကြ၏။

​“အရှင်မင်းမြတ်... ကျေးဇူးပြုပြီး ကျွန်တော်မျိုး နောက်ကို လိုက်ခဲ့ပါ” ကျန်းယဲ့၏ အသံက ဆန်းကြယ်နေဆဲ ဖြစ်သော်လည်း သူ၏ လေသံက အနည်းငယ် နူးညံ့သွားချေသည်။

​ချုံကျန်းဧကရာဇ်က တည်ငြိမ်အောင် အတင်းကြိုးစားကာ လူအုပ်ကြီးနောက်သို့ လိုက်၍ ခြံဝင်းအရှေ့ပိုင်းကို ဖြတ်သန်းသွားလိုက်သည်။

​ပန်းပုထုထားသော ပြတင်းပေါက် ဆန်ခါကွက်များမှတစ်ဆင့် လရောင်က ဖြာကျနေပြီး မြေပြင်ပေါ်တွင် အရိပ်အကွက်များ ကျရောက်နေခဲ့သည်။

​ချုံကျန်းဧကရာဇ်က ကောင်းကင်ဘုံက စစ်သူကြီးလေးယောက်က တံခါးဝတွင် ကင်းစောင့်ရန် ကျန်နေခဲ့သည်ကို သတိပြုမိလိုက်၏။

​အနောက်ဘက် ခြံဝင်းရှိ မဏ္ဍပ်တွင် ကျန်းယဲ့က ဝင်လာရန် လက်ဟန်ပြလိုက်သည်။

​“အရှင်မင်းမြတ်... ကျေးဇူးပြုပြီး ထိုင်ပါ”

​ချုံကျန်းဧကရာဇ်က မတ်မတ်ထိုင်လိုက်ပြီး သူ၏ လက်ချောင်းများက အလိုအလျောက် အင်္ကျီလက်များကို ပွတ်သပ်နေမိ၏။

​ရုတ်တရက် ကျန်းယဲ့က ညင်သာစွာ ရယ်မောလိုက်ခေသည်။ သူ၏ ရယ်သံက ဆန်းကြယ်သည့် အရိပ်အယောင် လုံးဝ မပါရှိတော့ဘဲ သာမန် လူငယ်တစ်ယောက်၏ ရယ်သံကဲ့သို့ပင်။

​ချက်ချင်းပင် အခြား နတ်ဘုရားများကလည်း လိုက်လံ ရယ်မောကြပြီး သူတို့၏ လောကနှင့် မသက်ဆိုင်သော အငွေ့အသက်များက သဲလွန်စမကျန် ပျောက်ကွယ်သွား၏။

​“မင်းတို့” ချုံကျန်း၏ သူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့သွားပြီး သူ၏ မျက်နှာက သွေးဆုတ်သွားသော်လည်း သူက ချက်ချင်း တည်ငြိမ်မှုကို ပြန်လည် ရယူလိုက်သည်။

​လူငယ်ဧကရာဇ်က မှတ်သားလောက်ဖွယ် တည်ငြိမ်မှုကို ပြသကာ သူ၏ မျက်လုံးများကို အနည်းငယ်သာ မှေးလိုက်လေသည်။

​“မင်းတို့က ဘယ်သူတွေလဲ...”

​ကျန်းယဲ့၏ အပြုံးက ပျောက်ကွယ်သွားပြီး ချုံကျန်း၏ မျက်လုံးများကို တိုက်ရိုက် ကြည့်ကာ ပြောလိုက်၏။ “အရှင်မင်းမြတ်က တကယ်ကို ထူးခြားပါတယ်။ မှန်ပါတယ်... ကျွန်တော်တို့က နတ်ဘုရားတွေ မဟုတ်ပါဘူး”

​သူက ခဏရပ်လိုက်ပြီး ဆက်ပြောခေသည်။ “ဒါပေမဲ့ ကျွန်တော်တို့က နောက် နှစ်ပေါင်းသုံးရာ အနာဂတ်က လာတဲ့ တရုတ်လူမျိုးတွေရဲ့ မျိုးဆက်သစ်တွေ ဖြစ်ပါတယ်...”

​လရောင်က ကျောက်စားပွဲပေါ်သို့ ဖြာကျနေပြီး ချုံကျန်း၏ အဆက်မပြတ် ပြောင်းလဲနေသော မျက်နှာအမူအရာကို ရောင်ပြန်ဟပ်နေချေသည်။

​“နောက် နှစ်ပေါင်း သုံးရာက လူတွေဟုတ်လား” ချုံကျန်းက စကားလုံး တစ်လုံးချင်းစီကို ရှင်းလင်းစွာ အသံထွက်ကာ မေးလိုက်၏။

​“မှန်ပါတယ်” ကျန်းယဲ့က ခေါင်းညိတ်လိုက်သည်။

​သူက ချုံကျန်းဧကရာဇ်ကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်လေသည်။ “အရှင်မင်းမြတ်... ကျွန်တော်တို့ ဒီကို လာရတဲ့ ရည်ရွယ်ချက်က မင်မင်းဆက်ကြီး ပြန်လည် နာလန်ထူလာအောင် ကူညီပေးဖို့ပါပဲ...”

​ချုံကျန်း၏ လက်ထိပ်များက အနည်းငယ် တုန်ယင်သွားရသည်။ သူက ခဏတာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် သူ၏ စိတ်ထဲ၌ လေးလံစွာ ရှိနေသော မေးခွန်းကို မေးလိုက်ပြန်သည်။

​“ငါကိုယ်တော်ရဲ့ မဟာမင်မင်းဆက်က နောက်ထပ် ဘယ်လောက်ကြာကြာ ခံသေးလဲ...”

​မဏ္ဍပ်ထဲတွင် ခဏတာ တိတ်ဆိတ်သွားချေသည်။

​ကျန်းယဲ့က ညင်သာစွာ ပြောလိုက်၏။ “မူလ သမိုင်းကြောင်းအရဆိုရင်တော့... နောက် ဆယ့်လေးနှစ်အကြာမှာ လီဇီချန်က ပေကျင်းကို သိမ်းပိုက်လိမ့်မယ်... ပြီးတော့ အရှင်မင်းမြတ်က ကျောက်မီးသွေးတောင်မှာ ကြိုးဆွဲချ သေဆုံးပါလိမ့်မယ်”

​“ဆယ့်လေးနှစ်..” ချုံကျန်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ သူက ဆယ့်လေးနှစ်ဆိုတာကိုသာ သတိပြုမိပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ် ဆိုတာကို သတိမပြုမိချေ။

​ဒီလူငယ်ဧကရာဇ်ရဲ့ နှလုံးသားထဲမှာ ဘိုးဘွားတွေရဲ့ အမွေအနှစ်တွေက သူ့အသက်ထက် အရေးမကြီးဘူးလို့များ ထင်နေပေသည်။

​သူ၏ မျက်နှာက ချက်ချင်း သွေးဆုတ်သွားပြီး မျက်လုံးများတွင် မယုံကြည်နိုင်မှု၊ ထိတ်လန့်မှုနှင့် နာကျင်မှုများ ပြည့်နှက်နေ၏။

​လူငယ်ဧကရာဇ်က နောက်သို့ ခြေတစ်ဝက် ဆုတ်သွားပြီး တိုင်တစ်တိုင်ကို ဖမ်းဆုပ်ကာ မတ်တတ်ရပ်နိုင်ရန် အနိုင်နိုင် ကြိုးစားနေရလေသည်။

​ကျန်းယဲ့နှင့် အခြားသူများက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြ၏။

​လရောင်အောက်တွင် ချုံကျန်း၏ ပခုံးများ အနည်းငယ် တုန်ယင်နေသည်ကို သူတို့ မြင်တွေ့နေကြရသည်။ ဘိုးဘွားများ၏ အမွေအနှစ် ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးထားသော ထိုပခုံးများက ဤအခိုက်အတန့်တွင် အလွန် လေးလံနေချေသည်။

​အချိန်အတော်ကြာပြီးနောက် ချုံကျန်းဧကရာဇ်က ခေါင်းကို ဖြည်းညင်းစွာ မော့လာပြီး သူ၏ အသံက အက်ကွဲနေခဲ့သည်။ “ဘယ်သူက... ငါကိုယ်တော်ရဲ့ ကျူးမိသားစုဆီကနေ ထီးနန်းကို လုယူသွားတာလဲ...”

​“အစတုန်းကတော့ လီဇီချန်ရဲ့ မဟာရွှန်းမင်းဆက် ပါ...” ကျန်းယဲ့က လေးနက်သော အသံဖြင့် ပြောလိုက်၏။ “ဒါပေမဲ့ နောက်ဆုံးမှာတော့ တံတိုင်းဂိတ် ကြီး အပြင်ဘက်က ဂျာချန်တွေက ချင်းမင်းဆက်ကို တည်ထောင်သွားခဲ့တယ်”

​“ချင်းမင်းဆက်...” ချုံကျန်းဧကရာဇ်၏ သူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့သွားရသည်။

​“အဲဒါက သမိုင်းရဲ့ အမှောင်မိုက်ဆုံး အချိန်ကာလ တစ်ခုပဲ...” စွန်းချီက မနေနိုင်ဘဲ ဝင်ပြောလိုက်ပြီး သူမ၏ အသံတွင် ဒေါသများ ပြည့်နှက်နေလေသည်။ “သူတို့က ဟန်လူမျိုးတွေကို ဆံပင်ရိတ်ဖို့နဲ့ အဝတ်အစား ပြောင်းဝတ်ဖို့ အတင်းအကျပ် ခိုင်းစေခဲ့ပြီး နာမခံတဲ့သူ မှန်သမျှကို ချွင်းချက်မရှိ သတ်ပစ်ခဲ့ကြတယ်..”

လင်းယုန်က လှောင်ပြုံး ပြုံးလိုက်၏။ “ယန်ကျိုး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ကျားတင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု... သားကောင် အရေအတွက်က သိန်းနဲ့ချီတယ်”

​“ပိုပြီး မုန်းစရာကောင်းတာက စာပေစစ်ဆေးရေး ခုံရုံးပဲ” လီကျစ်က မျက်မှန်ကို ပင့်တင်လိုက်သည်။ “စကားလုံးတစ်လုံး... စကားစုတစ်ခုကြောင့် မိသားစုတွေနဲ့ အသက်တွေ ဆုံးရှုံးခဲ့ရတဲ့ စာရေးဆရာတွေ ဘယ်လောက်များလိုက်လဲ....”

(NT- အဲ့ဒီခေတ်က စာပေပညာရှင်တွေက ချင်းမင်းဆက်ကို အပြစ်တင်တဲ့ စကားလုံး သို့မဟုတ် အရင်မင်မင်းဆက်ကို တမ်းတမိတဲ့ စကားလုံးတွေ ရေးမိရင်... မန်ချူးလူမျိုးကို အထင်သေးတဲ့စာတွေရေးမိရင် သတ်ပြစ်ပါတယ်... ဒါ့အပြင် စာပေပညာရှင်တစ်ယောက်ထဲ အသတ်ခံရတာမဟုတ်ပဲ ဆွေမျိုးတစ်ခုလုံး အသတ်ခံရတာပါ)

​ချုံကျန်းဧကရာဇ်က သေချာ နားထောင်နေပြီး နောက်ပိုင်း မျိုးဆက်သစ်များ၏ တင်းကြပ်စွာ ကိုက်ထားသော သွားများကြားမှ နက်ရှိုင်းသော အမုန်းတရားများကို ခံစားလိာက်ရ၏။

​၎င်းက မင်းဆက်တစ်ခုအပေါ် ရွံရှာမှု သက်သက်သာ မဟုတ်ဘဲ တရုတ်ယဉ်ကျေးမှု ဖျက်ဆီးခံရခြင်းအတွက် နက်ရှိုင်းသော ဝမ်းနည်းကြေကွဲမှုလည်း ဖြစ်၏။

​“သူတို့က ကမ္ဘာပေါ်က လူတိုင်းကို ကိုယ့်ကိုယ်ကိုယ် ကျွန်လို့ ခေါ်ခဲ့ရအောင် လုပ်ခဲ့တယ်” စုမင်က မျက်ရည်များ ဝဲလျက် ညင်သာစွာ ပြောလိုက်၏။ “သူတို့က နိုင်ငံတစ်နိုင်ငံလုံးရဲ့ ကျောရိုးကို ချိုးပစ်ခဲ့တယ်...”

​မဏ္ဍပ်ထဲတွင် ခဏတာ တိတ်ဆိတ်သွားချေသည်။

​ရွှီကျောက်က ဖိစီးနေသော လေထုကို ဖြိုခွင်းလိုက်ပြီး သူ၏ မျက်လုံးများက ပြတ်သားမှုများဖြင့် လင်းလက်နေခဲ့သည်။ “အရှင်မင်းမြတ်... ကျွန်တော်တို့ ဒီကို ရောက်လာရတာက အဲဒီ ရာစုနှစ်ချီတဲ့ အရှက်ကွဲမှုတွေကို ရပ်တန့်ဖို့မှလွဲပြီး တခြား အကြောင်းပြချက် မရှိပါဘူး။ ဟန်လူမျိုးတွေရဲ့ မျိုးဆက်တွေကို နောက်တစ်ကြိမ် ကျွန်ပြန်ဖြစ်အောင် ကျွန်တော်တို့ ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး...”

​“ဟုတ်တယ်” လင်းယုန်က အသံမြည်သွားသည်အထိ လက်သီးများကို တင်းကျပ်စွာ ဆုပ်လိုက်၏။ “အဲဒီ ဆံပင်ရိတ်ဖို့ အမိန့်တွေ... အဲဒီ စာပေစစ်ဆေးရေး ခုံရုံးတွေ... အဲဒီအကြောင်း တွေးလိုက်တာနဲ့တင် ကျွန်တော် သွားတွေ ကျိန်းလာတယ်...”

​စွန်းချီ၏ ဖြူဖွေးသော ပါးပြင်များက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး သူမ၏ နူးညံ့သော အသံက ခိုင်မာနေကာ စကားလုံး တစ်လုံးချင်းစီက ပဲ့တင်ထပ်နေလေသည်။ “ဒါကြောင့် အရှင်မင်းမြတ်ကို မင်မင်းဆက် ကယ်တင်လို့ ရသေးတယ်ဆိုတာ ယုံကြည်လာအောင် ကျွန်မတို့ ဒီလောက်အထိ အပင်ပန်းခံ လုပ်ခဲ့ရတာ။ ရည်မှန်းချက် ကြီးမားတဲ့သူတွေကို ကောင်းကင်ဘုံက မင်မင်းဆက်ကို စောင့်ရှောက်နေတယ်ဆိုတာ သိစေချင်လို့ပါ...”

​ချုံကျန်းဧကရာဇ်က သူ့ရှေ့မှ လူအုပ်ကြီးကို ကြောင်တောင်တောင် စိုက်ကြည့်နေခဲ့သည်။ သူတို့၏ မျက်လုံးများထဲရှိ ရိုးသားမှုနှင့် စိတ်အားထက်သန်မှုကို ရှင်းလင်းစွာ မြင်တွေ့နိုင်၏။

​လူငယ်ဧကရာဇ်၏ လည်စေ့က လှုပ်ရှားသွားပြီး သူ၏ အသံက အနည်းငယ် တုန်ယင်ကာ အက်ကွဲနေချေသည်။ “အမတ်မင်းတို့... ငါကိုယ်တော်ကို မင်မင်းဆက်ရဲ့ ကံကြမ္မာ ကယ်တင်နိုင်အောင် တကယ်ပဲ ကူညီပေးနိုင်မလား...”

​ကျန်းယဲ့က တိုက်ရိုက် မဖြေချေ။

​သူက မဏ္ဍပ်အပြင်ဘက်ရှိ တောက်ပသော လမင်းကြီးကို မော့ကြည့်လိုက်ပြီး သူ၏ အသံက ညင်သာသော်လည်း အလွန် လေးလံမှု ပါဝင်နေခဲ့သည်။ “အရှင်မင်းမြတ်... နောက်နှစ်ပေါင်း သုံးရာအကြာမှာ အရှင့်ရဲ့ ပြည်သူတွေ အပြောအများဆုံး စကားက ဘာလဲဆိုတာ သိလား...”

​သူက လှည့်လာပြီး ကြည်လင်တောက်ပသော သူ၏ မျက်လုံးများက လူငယ်ဧကရာဇ်ကို စူးစိုက်ကြည့်နေကာ စကားလုံးလေးလုံးကို ဖြည်းညင်းစွာ ထုတ်ပြောလိုက်၏။

​“လူသားက သဘာဝတရားကို အောင်နိုင်တယ်...”

​ကျန်းယဲ့က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ “ကောင်းကင်ဘုံရဲ့ အလိုဆန္ဒကို ဖီဆန်ဖို့ ခက်ခဲပေမဲ့ လူသားတွေရဲ့ ကြိုးစားအားထုတ်မှုက ပိုပြီး မျှော်လင့်ချက် ရှိပါတယ်...”

​“မှန်တယ်” ရွှီကျောက်က ထောက်ခံလိုက်၏။ “အားလုံး အတူတကွ လက်တွဲကြိုးစားကြမယ်ဆိုရင် ကျွန်တော်တို့ မကျော်လွှားနိုင်တဲ့ အတားအဆီး ဆိုတာ မရှိပါဘူး...”

​ချုံကျန်း၏ မျက်လုံးများထဲတွင် မီးတောက်တစ်ခုက တဖြည်းဖြည်း လောင်ကျွမ်းလာချေသည်။

​သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ရုတ်တရက် မတ်တတ်ရပ်ကာ ကျန်းယဲ့နှင့် အခြားသူများကို နက်ရှိုင်းစွာ အရိုအသေပေးလိုက်ရင်း ပြောလိုက်၏။ “ဒါဆိုရင်လည်း မင်မင်းဆက် ပြန်လည် မွေးဖွားလာဖို့အတွက် ငါကိုယ်တော်က မင်းတို့အားလုံးနဲ့အတူ လက်တွဲ လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်...”

​လရောင်က မဏ္ဍပ်ထဲရှိ လူတိုင်း၏ မျက်နှာပေါ်သို့ ဖြာကျနေပြီး ခေတ်သစ်မျက်နှာတိုင်းကို ရှေးဟောင်း ဧကရာဇ်၏ ပုံရိပ်နှင့် မှော်ဆန်စွာ ပေါင်းစပ်သွားစေခဲ့သည်။

​ဤအခိုက်အတန့်တွင် သမိုင်း၏ ဂီယာများက အခြားလမ်းကြောင်းတစ်ခုဆီသို့ တကယ်ပဲ စတင် လည်ပတ်နေပြီ ဖြစ်ပုံရ၏။

​ကျန်းယဲ့က ချုံကျန်းဧကရာဇ်ကို ပြန်ထိုင်ရန် လက်ဟန်ပြလိုက်၏။

​ချုံကျန်းဧကရာဇ်က ကျောက်ထိုင်ခုံပေါ်တွင် ဖြည်းညင်းစွာ ပြန်ထိုင်လိုက်လေသည်။ “ငါကိုယ်တော်နဲ့ မင်မင်းဆက်ကို ကူညီဖို့ မင်းတို့ ဘယ်လို စီစဉ်ထားလဲ...”

​ကျန်းယဲ့က စကားမပြောဘဲ သူ ကြိုတင် ပြင်ဆင်ထားသော သမိုင်းဝင် အချက်အလက်များကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။

​“အရှင်မင်းမြတ်... အနာဂတ်ကို အရင်ဆုံး တစ်ချက် ကြည့်လိုက်ပါလား”

​ချုံကျန်းဧကရာဇ်က ကျန်းယဲ့ ကမ်းပေးသော စာအုပ်ကို ယူလိုက်ပြီး ဂရုတစိုက် ဖတ်ရှုလိုက်၏။

​သူ စာမျက်နှာ တစ်ရွက် လှန်လိုက်တိုင်း သူ၏ မျက်နှာက ပို၍ ဖြူရော်လာရသည်။

​နန်းတွင်းရှိ အရေးကြီးသော အမတ်များက အနာဂတ်တွင် မည်သို့ လုပ်ဆောင်မည်ကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသောအခါ စာရွက်ကို ကိုင်ထားသော သူ၏ လက်ဆစ်များက ဖြူရော်သွားပြီး ပါးလွှာသော စာရွက်ကိုပင် ချေမွပစ်မတတ် ဖြစ်သွားချေသည်။

​“လူတစ်ယောက်မှ မရှိဘူး...” နောက်ဆုံး တီးတိုးရေရွတ်သံက ငှက်မွေးတစ်ခုကဲ့သို့ ပေါ့ပါးနေသော်လည်း သူ၏ လည်ချောင်းတွင် တစ်ဆို့သွားခဲ့သည်။

​သူက ခေါင်းမော့လိုက်ရာ သူ၏ မျက်လုံးများတွင် တွေဝေမှုနှင့် နာကျင်မှုများ ပြည့်နှက်နေ၏။ “ငါကိုယ်တော် ဘယ်ကနေ စရမလဲ...”

​ကျန်းယဲ့က ချက်ချင်း မဖြေပေ။

​လရောင်အောက်တွင် လူငယ်ဧကရာဇ်၏ ပခုံးများ အနည်းငယ် တုန်ယင်နေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

​၎င်းက ဧကရာဇ်တစ်ပါးတွင် ရှိသင့်သော အားနည်းချက်မဟုတ်ဘဲ အသက်နှစ်ဆယ်အရွယ် ကောင်လေးတစ်ယောက် မခံနိုင်လောက်အောင် ဖိစီးနေသော ဝန်ထုပ်ဝန်ပိုးကြီးသာ ဖြစ်၏။

လင်းယုန်က အသက် နှစ်ဆယ်အရွယ်တွင် သူဟာ တက္ကသိုလ်တွင် ဗီဒီယိုဂိမ်းများ ဆော့နေဆဲ ဖြစ်ကြောင်း ရုတ်တရက် သတိရသွားပြီး သူ၏ နှလုံးသားထဲတွင် ဝမ်းနည်းမှု တစ်ချက် ဖြတ်ပြေးသွားချေသည်။

​“အရှင်မင်းမြတ်...” စွန်းချီက ညင်သာစွာ ပြောလိုက်၏။ “အရှင်မင်းမြတ်ရဲ့ အခက်အခဲတွေကို ကျွန်မတို့ နားလည်ပါတယ်...”

​ချုံကျန်းဧကရာဇ်က ရုတ်တရက် မော့ကြည့်လိုက်ပြီး ဤကဲ့သို့ နှစ်သိမ့်ပေးသော စကားများကို ကြားရ၍ အံ့အားသင့်သွားပုံရသည်။

​သူက ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောဘဲ သူ၏ နားထင်များကို ပင်ပန်းနွမ်းနယ်စွာ ပွတ်သပ်လိုက်မိလေသည်။

​ထိုအခိုက်အတန့်တွင် သူက အထက်စီးမှ ဧကရာဇ်တစ်ပါးမဟုတ်တော့ဘဲ လေးလံသော ဝန်ထုပ်ဝန်ပိုးများကြောင့် အားအင်ကုန်ခမ်းနေသော လူငယ်တစ်ယောက်သာ ဖြစ်နေတော့သည်။

အခန်း ၁၁၅ပြီး၏။

All Chapters