← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း (၁၂၂) အဆုံးအဖြတ်

​“ရယ်စရာအကောင်းဆုံး အချက်က နောက်ပိုင်းကျင်း မင်းဆက်က အာဏာကို ခိုင်မာအောင် တည်ဆောက်ပြီးတဲ့နောက်မှာ သူတို့ရဲ့ လုပ်ရပ်တွေက ဒီလှပတဲ့ မြေကြီးကို ပြန်လမ်းမရှိတဲ့ တွင်းနက်ကြီးထဲ ဆွဲချသွားခဲ့တာပဲ...”

​“ဥရောပသားတွေက မီးကျောက်ခတ် သေနတ်တွေကို အဆင့်မြှင့်တင်နေချိန်မှာ....” မျက်နှာပြင်ပေါ်က မြင်ကွင်းမှာ ဗြိတိသျှစစ်သားတွေ ရိုင်ဖယ်အသစ်တွေ တပ်ဆင်နေတာကို ပြသနေခဲ့သည်။ “နောက်ပိုင်းကျင်းက မန်ချူးအမတ်တွေက သူတို့ရဲ့ မီးသေနတ်တွေကို လက်နက်တိုက်ထဲမှာ သော့ခတ်သိမ်းဆည်းဖို့ အလုပ်ရှုပ်နေကြပြီး မြင်းစီးမြားပစ်တာက မန်ချူးရီးယားရဲ့ အခြေခံအုတ်မြစ်ပဲဆိုတဲ့ စကားမျိုးတွေကို ပြောနေခဲ့ကြတယ်”

​“ဥရောပသားတွေက နောက်ပွင့်အမြောက်တွေကို တီထွင်လိုက်တဲ့အချိန်မှာ....” မြင်ကွင်းက ပရက်ရှား တပ်တွေ သူတို့ရဲ့ အမြောက်သစ်တွေနဲ့ လေ့ကျင့်နေတဲ့ဆီ ပြောင်းသွား၏။ “တားမြစ်မြို့တော်ထဲက ချင်းလုံဧကရာဇ်ကတော့ ဗြိတိသျှသံတမန် ဆက်သလာတဲ့ အမြောက်ပုံစံငယ်ကို အလှပြပစ္စည်းအဖြစ်သုံးနေပြီး ကောင်းကင်အင်ပါယာမှာ သယံဇာတတွေ ပေါများပြီး အရာအားလုံးရှိတယ်လို့ ပြောနေခဲ့တယ်”

​“နောက်ထပ် ရယ်စရာအချက်ကတော့...”

​သူက လက်ညှိုးထိုးပြလိုက်ရာ မျက်နှာပြင်ပေါ်တွင် နှိုင်းယှဉ်ထားသော ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

ဘယ်ဘက်တွင် ၁၉၀၃ခုနှစ်က ရိုက်ညီနောင်၏ အောင်မြင်သော စမ်းသပ်လေယာဉ်ပျံသန်းမှု ဖြစ်ပြီး ညာဘက်တွင် တစ်ချိန်တည်းမှာပင် တားမြစ်မြို့တော်အတွင်းရှိ ကျစ်ဆံမြီးထားရှိသော အမတ်တစ်စုက မယ်တော်ကြီး၏ မွေးနေ့ကို ဂုဏ်ပြုရန် ငှက်တစ်ရာက ဖီးနစ်ငှက်ကို အရိုအသေပေးခြင်းဇာတ်ကွက်ကို ကပြဖျော်ဖြေနေကြခြင်းပင်။

​ကျန်းယဲ့၏ အသံက ရွှေနန်းတော်ထဲတွင် ပဲ့တင်ထပ်သွားလေသည်။ “နောက်ပိုင်းကျင်းက ကောင်းကင်အင်ပါယာဆိုတဲ့ အိပ်မက်ထဲမှာ သာယာယစ်မူးနေချိန်မှာ တစ်ချိန်က ခင်ဗျားတို့ လူရိုင်းတွေလို့ သတ်မှတ်ခဲ့တဲ့ နိုင်ငံတွေက ကမ္ဘာကြီးကို တုန်လှုပ်သွားစေမယ့် အပြောင်းအလဲတွေကို လုပ်ဆောင်နေခဲ့ကြပြီ...”

​မျက်နှာပြင်ပေါ်တွင် အံ့မခန်း ပုံရိပ်များ တစ်ခုပြီးတစ်ခု ဖြတ်ပြေးသွား၏။

မိုးမျှော် သံမဏိတိုက်အဆောက်အအုံကြီးများ မြေပြင်မှ ထိုးထွက်လာလေသည်။

ဧရာမ သံမဏိစစ်သင်္ဘောကြီးများက သမုဒ္ဒရာလှိုင်းလုံးများကို ခွဲထွက်သွားပြီး ၎င်းတို့၏ ကုန်းပတ်များပေါ်တွင် အမည်းရောင် ခြိမ်းခြောက်နေသော အမြောက်ပြောင်းဝများ တန်းစီနေခဲ့သည်။

ဟိန်းဟောက်နေသော စက်ယန္တရားများက စက်ရုံအတွင်း လည်ပတ်နေပြီး မီးခိုးတန်းကြီးများကို မှုတ်ထုတ်နေ၏...

​အမတ်များမှာ မျက်လုံးများ ပြူးကျယ်လျက် ကြည့်နေကြလေသည်။ မြင်ကွင်းများက သူတို့၏ မျှော်လင့်ထားမှုထက် အဆပေါင်းများစွာ ကျော်လွန်နေ၏။

​သို့သော် နောက်တစ်စက္ကန့်တွင် မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားပြန်သည်။

​ထိုသံမဏိ စစ်သင်္ဘောကြီးများက တရုတ်ကမ်းရိုးတန်းဆီသို့ ခုတ်မောင်းလာကြပြီး ၎င်းတို့၏ အမြောက်များက ရှေးဟောင်းမြို့တော်ဆီသို့ ချိန်ရွယ်ထားခဲ့သည်။

ဘိန်းသေတ္တာများကို ကမ်းပေါ်သို့ ချနေကြပြီး အရိုးပေါ် အရေတင်နေသော လူများကလည်း ဘိန်းခန်းများထဲတွင် လဲကျနေကြလေသည်။

ငွေတုံးများက ရေစီးကြောင်းများကဲ့သို့ ယိုစိမ့်ထွက်သွားချေသည်...

(NT- ဒီနေရာမှာ ပြောပြချင်တာက မဆက်စပ်မိပဲနေမှာဆိုးလို့ပြောပြပါ့မယ်ဗျ...ပထမအကြောင်းက ချင်းမင်းဆက်က အမြောက်ကို အရုပ်လုပ်ပြီး ကစားနေချိန်မှာ နိုင်ငံခြားသားတွေက အစစ်တွေနဲ့ လာဝိုင်းထားတာကို ဆိုလိုတာပါ ... ဒုတိယစာကြောင်းမှာ ပြောချင်တာက ဘိန်းတွေကို တရားမဝင်ခိုးသွင်းပြီးရောင်းခဲ့တာကိုပြောချင်တာပါ.... တတိယက ဘိန်းတွေဝယ်ပြီး သုံးစွဲခဲ့ကျလို့ ငွေအမြောက်အမြား ဆုံးရှုံးရတာကို ဆိုလိုနေတာပါ... အနှစ်သာရကတော့ မင်းတို့နေရာမှာ အစားထိုးလာတဲ့ ချင်းမင်းဆက်က မာနကြီးပြီး ကမ္ဘာကြီးတိုးတက်နေတာကို လျစ်လျူရှုခဲ့တဲ့အတွက် နိုင်ငံက စစ်လက်နက်တွေနဲ့ ခြိန်းခြောက်ခံရတယ်၊ ပြည်သူတွေကဘိန်းစားဖြစ်ပြီး တိုင်းပြည်ဘဏ္ဍာတွေ အကုန်စုပ်ယူခံရတယ်လို့ ပြောချင်တာပါ... စာ​ရှည်သွားရင် sorryပါဗျ )

​ဤမြင်ကွင်းများကို မနေ့က ချုံကျန်းဧကရာဇ်ပင်လျှင် ဤမျှ အသေးစိတ် မမြင်တွေ့ခဲ့ရချေ။ ယခု မြင်တွေ့လိုက်ရသောအခါ သူ၏ မျက်နှာအမူအရာက တဖြည်းဖြည်း လေးနက်တည်ကြည်လာခဲ့သည်။

​အဆင့်မြင့် အရာရှိကြီးများပင်လျှင် တည်ငြိမ်မှုကို မထိန်းသိမ်းနိုင်တော့ချေ။ သူတို့၏ မျက်လုံးများထဲတွင် ထင်ဟပ်နေသော စိတ်ခံစားမှုများက သူတို့၏ တုန်လှုပ်မှုနှင့် ဝမ်းနည်းကြေကွဲမှုတို့ကို ရှင်းလင်းစွာ ဖော်ပြနေခဲ့သည်။

​“ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ... ခင်ဗျားတို့ အထင်သေးခဲ့တဲ့ လူရိုင်းတွေရဲ့ နယ်မြေတွေက ခင်ဗျားတို့ မသိလိုက်တဲ့ အချိန်မှာပဲ ကျွန်တော်တို့ကို ကျော်တက်သွားခဲ့ပြီ...”

(NT- ဒီနေရာလေးတွေမှာ ခင်ဗျားဆိုပြီး သုံးလိုက်ပါမယ်နော် ခံစားချက်ပါအောင်)

​“ရှေးယခင်ကတည်းက ကျွန်တော်တို့ကို လက်အောက်ခံခဲ့တဲ့ ဂျပန်လို နိုင်ငံငယ်လေးတောင်မှ သူတို့ရဲ့ဓားကို ကိုင်မြှောက်ပြီး ကျွန်တော်တို့ဆီကို ချိန်ရွယ်ရဲလာခဲ့တယ်”

​ကျန်းယဲ့ စကားပြောအပြီးတွင် ကြိုတင် ပြင်ဆင်ထားသော ဗီဒီယို မှတ်တမ်းများက မျက်နှာပြင်ပေါ်တွင် ဖြည်းညင်းစွာ ပေါ်လာ၏။

ကန့်လန့်ကာပေါ်တွင် မီးခိုးများ ဖုံးလွှမ်းနေသော ကောင်းကင်ကြီးက ရွှေနန်းတော်တစ်ခုလုံးကို ရုတ်တရက် ဖိချလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

​ရှန်ဟိုင်းတိုက်ပွဲမှ စတင်ကာ အလွန်ကြေကွဲဖွယ်ကောင်းပြီး သူရဲကောင်းဆန်သော မြင်ကွင်းက စုဝေးနေသော အမတ်များရှေ့တွင် ဖြန့်ကျက်လာလေသည်။

ဟွမ်ဖူမြစ် ကမ်းရိုးတန်းရှိ အပျက်အစီးများကြားတွင် ကွဲပြားသော ဝတ်စုံများ ဝတ်ဆင်ထားသည့် စစ်သားများက ဂျပန်များကို ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။

ရန်သူ့ လေယာဉ်များက ကောင်းကင်ယံတွင် ပျံဝဲနေကာ စူးရှသောအသံများ ထုတ်လွှင့်နေပြီး ဗုံးများက မိုးရွာသကဲ့သို့ ကျဆင်းလာခဲ့သည်။

​“ဘုန်း... ”

​ပေါက်ကွဲမှုကြောင့် လေးထပ်တိုက် အဆောက်အအုံတစ်ခု ပြိုကျသွားပြီး အုတ်ခဲများ၊ ကျောက်ခဲများ နေရာအနှံ့ လွင့်စင်သွား၏။

မီးခိုးနှင့် ဖုန်တောများကြားတွင် ခေါင်းတွင် ပတ်တီးများ စည်းထားပြီး ခြေထောက်များ ကျိုးနေသော စစ်သားအနည်းငယ်က ရန်သူကို ဆက်လက် ပစ်ခတ်နေကြဆဲပင်။

​ကင်မရာက အတားအဆီးများဆီသို့ အနီးကပ် ချဲ့သွားလေသည်။

လူငယ်အရာရှိတစ်ဦးက သူ၏ ခန္ဓာကိုယ်ဖြင့် စက်သေနတ်ပစ်ပေါက်ကို ပိတ်ဆို့လိုက်ရာ သူ၏ အူများက မြေပြင်ပေါ်သို့ ပွင့်ထွက်ကျလာ၏။

ဆေးဘက်ဆိုင်ရာ တပ်သားများက သေနတ်ပစ်ခတ်မှုများကြားမှ ဒဏ်ရာရသူများကို ကယ်ဆယ်နေကြပြီး သူတို့၏ အဖြူရောင်ဝတ်စုံများမှာ သွေးများဖြင့် စွန်းထင်းနေချေပြီ။

ပေါက်ကွဲရေးပစ္စည်းများကို သယ်ဆောင်လာသော ကျောင်းသားတစ်ဒါဇင်ခန့် ပါဝင်သည့် အသေခံတပ်ဖွဲ့ တစ်ခုက ဟစ်အော်ကာ တင့်ကားဆီသို့ ပြေးဝင်သွားခဲ့ကြသည်...

​ကလေးဆန်သော မျက်နှာများ ရှိကြပြီး သူတို့နှင့် မကိုက်ညီသော စစ်ဝတ်စုံများကို ဝတ်ဆင်ထားကာ ခဲယမ်းများကို သယ်ဆောင်နေသည့် ကောင်လေး တစ်ဒါဇင်ခန့်ကို မြင်တွေ့နေခဲ့ရသည်။

သူတို့ထဲတွင် အငယ်ဆုံး ကလေးမှာ အသက် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်ထက် ပိုပုံမရချေ။

​ရုတ်တရက် မြင်ကွင်းက ဆူးကျိုးမြစ်ဆီသို့ ပြောင်းသွား၏။

နောက်ကျိနေသော ရေပြင်ပေါ်တွင် မရေမတွက်နိုင်သော အလောင်းများ ပေါလောပေါ်နေပြီး သွေးများက မြစ်ကြမ်းပြင်တစ်ခုလုံးကို အနီရောင်အဖြစ် ပြောင်းလဲနေစေခဲ့သည်။

ညာဘက်လက်ကို ဆုံးရှုံးထားသော ဗိုလ်ချုပ်တစ်ဦးက ခါးလောက်ရှိသော ရေထဲတွင် မတ်တတ်ရပ်ကာ သူ၏ ဘယ်ဘက်လက်ဖြင့် စစ်အလံကို မြင့်မားစွာ လွှင့်ထူထားချေသည်။

ကျည်ဆံများက သူ၏ ပတ်လည်ရှိ ရေပြင်ကို အဆက်မပြတ် ထိမှန်နေသော်လည်း သူက တစ်လက်မမျှပင် မရွေ့လျားချေ။

​“သူရဲကောင်း ရှစ်ရာ...” တင်းကောင်းက ထိုတိုက်ပွဲကို မှတ်မိသွားပြီး ထိုလူကြမ်းကြီး၏ အသံမှာ စိတ်ခံစားမှုကြောင့် တစ်ဆို့နေချေသည်။

​နောက်ခဏ၌ အကြောက်မက်ဖွယ် အကောင်းဆုံး မြင်ကွင်း ထွက်ပေါ်လာပေသည်။

ဆေးရုံကို လေကြောင်းမှ တိုက်ခိုက်ခံရသည့် အခိုက်အတန့်....

ဆေးရုံကုတင်ပေါ်မှ ဒဏ်ရာရ လူနာများ၊ အသက်ကယ်နေသော သူနာပြုများ၊ ဆေးဝါးများ ပို့ဆောင်ပေးနေသော ကင်းထောက်လူငယ်လေးများ... အားလုံး မီးတောက်များထဲတွင် ဝါးမျိုခံလိုက်ရ၏။

ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးထားသော စစ်သားတစ်ဦးက သူ၏ နောက်ဆုံးအချိန်တွင် သူ၏ အောက်ရှိ သူနာပြုဆရာမကို အသည်းအသန် ကာကွယ်ပေးထားခဲ့လေသည်။

​“ဒါက ခင်ဗျားတို့ အထင်သေးတဲ့ နိုင်ငံငယ်လေးပဲ” ကျန်းယဲ့၏ အသံက တစ်ဆို့နေပြီး မျက်နှာပြင်ပေါ်ရှိ အဆင့်မြင့် လက်နက်များကို ကိုင်ဆောင်ထားသော ဂျပန်စစ်သားများကို လက်ညှိုးထိုးပြလိုက်၏။ “သူတို့က အနောက်တိုင်းနည်းပညာတွေကို စုပ်ယူခဲ့ပြီး အခု ဒီမြေကြီးကို သတ်ဖြတ်ဖို့ အမြောက်တွေ.... စက်သေနတ်တွေကို သုံးနေကြပြီ”

​ဤအခိုက်အတန့်တွင် နဂါးပလ္လင်ပေါ်၌ ထိုင်ကာ ဧကရာဇ်၏ ဂုဏ်သိက္ခာကို အမြဲ ထိန်းသိမ်းထားလေ့ရှိသော လူငယ်ဧကရာဇ်၏ မျက်လုံးများမှာ သွေးလွှမ်းနေပြီး သူ၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချီမြင့်ချီ ဖြစ်နေခဲ့​ရသည်။

​စုမင်၏ လက်ကိုင်ပဝါမှာ စိုရွှဲနေပြီဖြစ်ပြီး စွန်းချီက အသံထွက် မငိုမိစေရန် သူမ၏ နှုတ်ခမ်းကို တင်းကြပ်စွာ ကိုက်ထား၏။ လင်းယုန်က ကျောခိုင်းလိုက်ပြီး သူ၏ ပခုံးများ အနည်းငယ် တုန်ယင်နေချေသည်။

အမြဲတမ်း တည်ငြိမ်လေ့ရှိသော ရွှီကျောက်ပင်လျှင် လက်ကိုမြှောက်ကာ သူ၏ မျက်နှာကို ကြမ်းတမ်းစွာ ပွတ်သပ်လိုက်၏။

​နောက်ဆုံး၌ မြင်ကွင်းက မီးလောင်နေသော မိဘမဲ့ဂေဟာတစ်ခုတွင် ရပ်တန့်သွားခဲ့သည်။

ကျွမ်းလောင်နေသော အပျက်အစီးများကြားတွင် စုတ်ပြဲနေသော နိုင်ငံတော်အလံတစ်ဝက်က လေထဲတွင် လွင့်ခါနေဆဲပင်။

အလံတိုင်အောက်တွင် ကောင်မလေးတစ်ယောက်က အရုပ်လေးကို ပွေ့ဖက်ကာ ထိုနေရာ၌ တိတ်ဆိတ်စွာ အိပ်မောကျနေ၏။

သူမ၏ ရင်ဘတ်မှ ကြောက်မက်ဖွယ် သွေးထွက်နေသော အပေါက်ကြီးကိုသာ လျစ်လျူရှုလိုက်မည်ဆိုလျှင်ပေါ့လေ ......

​ကန့်လန့်ကာက တဖြည်းဖြည်း မှောင်ကျသွားချိန်တွင်ပင် နန်းဆောင်ထဲရှိ အမတ်များက နားကွဲမတတ် အမြောက်သံများနှင့် စူးရှသော သွေးညှီနံ့များကို ရနေဆဲဖြစ်သလို ခံ​စားနေကြရသည်။

ကျန်းယဲ့က နန်းဆောင်အလယ်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေခဲ့သည်။

​ဤအခိုက်အတန့်တွင် စကားလုံးများအားလုံး အသုံးမဝင်တော့သလိုပင်။

​ချုံကျန်းဧကရာဇ်က ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ နဂါးဝတ်ရုံအောက်တွင် အနည်းငယ် တုန်ယင်နေချေသည်။

​နောက်ခဏ၌ ကျန်းယဲ့၏ အသံက ရွှေနန်းတော်ထဲတွင် ပဲ့တင်ထပ်သွားပြီး လေးနက်သော သမိုင်းဝင် ပဲ့တင်သံတစ်ခုကို သယ်ဆောင်လာလိုက်သည်။

“အဲဒီအချိန်က တိုင်းပြည်က ပျက်သုဉ်းလုနီးပါး ဖြစ်ခဲ့တယ်။ အဲဒီ ဂျပန်နိုင်ငံငယ်လေးက ခင်ဗျားတို့ ..... ခင်ဗျားတို့ ခေါ်တဲ့ ဉာဏ်နီဉာဏ်နက်နဲ့ ကောက်ကျစ်တဲ့ နည်းပညာတွေကို အားကိုးပြီး တရုတ်တစ်မျိုးသားလုံးကို ဖျက်ဆီးပစ်လုနီးပါး ဖြစ်ခဲ့တာဗျ......”

​ပျက်သုဉ်းဆိုသည့် စကားလုံးကို ထုတ်မပြောခဲ့သော်လည်း အားလုံးက ဆိုလိုရင်းကို နားလည်ပြီးသား ဖြစ်လေသည်။

​ဤအခိုက်အတန့်တွင် သူ၏ လေသံက ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများတွင် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ပေါ်လာ၏။

“ကံကောင်းတာက ကောင်းကင်ဘုံက တရုတ်ပြည်ကို မစွန့်ပစ်ခဲ့ဘူးဗျ .....”

​မျက်နှာပြင်ပေါ်ရှိ ပုံရိပ်များက ရုတ်တရက် ပြောင်းလဲသွားလေသည်။

ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးက ထျန်းအန်းမင်ရင်ပြင်ပေါ်တွင် ရပ်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ကြောင်း ကမ္ဘာကို ကြေညာလိုက်၏။

ရိုးရှင်းသော ဝတ်စုံများ ဝတ်ဆင်ထားသည့် သိပ္ပံပညာရှင်များက အခြေခံအဆင့်သာရှိသော ဓာတ်ခွဲခန်းထဲတွင် သူတို့၏ သုတေသနများ၌ အာရုံစိုက်နေခဲ့ကြသည်။

အလုပ်သမားများက လွင်တီးခေါင်ပြင်ပေါ်တွင် ပထမဆုံး ရေနံတွင်းကို တည်ဆောက်နေကြ၏ ...

​“ဥရောပအင်အားကြီးနိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေ... ဖယ်ရှားမှုတွေအောက်မှာ ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေက သုညကနေ စတင်ခဲ့ပြီး တစ်လက်မချင်းစီ အမီလိုက်ခဲ့ကြတယ်...”

​မြင်ကွင်းများ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

ပထမဆုံး အဏုမြူဗုံးက လော့ပ်နော်ကောင်းကင်ယံတွင် မှိုပွင့်ပုံစံ တိမ်တိုက်ကြီးအဖြစ် တက်လာချေသည်။

ပထမဆုံး လူလုပ်ဂြိုဟ်တုက ကောင်းကင်ယံကို ဖောက်ထွက်သွားခဲ့သည်။

ပထမဆုံး နျူကလီးယား ရေငုပ်သင်္ဘောက ရေနက်ပိုင်းသို့ ငုပ်ဆင်းသွား၏...

​“ပြီးတော့ ဒီနေ့ခေတ် တရုတ်ပြည်က.... ”

​မျက်နှာပြင်ပေါ်တွင် အံ့မခန်း မြင်ကွင်းသစ်တစ်ခု ဖြန့်ကျက်လာလေသည်။

ညဘက် လင်းထိန်နေသော မြို့ပြ မြင်ကွင်းများတွင် မိုးမျှော်တိုက်ကြီးများက တိမ်တိုက်များကို ဖောက်ထွက်နေခဲ့လေသည်။

အမြန်ရထားများက ငွေရောင်နဂါးများကဲ့သို့ လှပသော ရှုခင်းများကြားတွင် ပြေးဆွဲနေ၏။

ထျန်းကုန်း အာကာသစခန်းက အာကာသထဲတွင် ဖြည်းညင်းစွာ လည်ပတ်နေချေသည်။

​ထို့နောက် စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး မြင်ကွင်း ပေါ်လာလေသည်။

အပြာရောင် သမုဒ္ဒရာပေါ်တွင် ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောကြီးက လှိုင်းများကို ခွဲထွက်သွားပြီး ကုန်းပတ်ပေါ်ရှိ လေယာဉ်များက ကောင်းကင်ယံသို့ ဟိန်းဟောက် ပျံတက်သွားကြသည်။

တုန်းဖုန်း ဒုံးကျည်တပ်ဖွဲ့က စစ်ရေးပြပွဲတွင် ခမ်းနားထည်ဝါစွာ ရပ်တည်နေခဲ့ကြသည်။

ဂျေ-၂၀ တိုက်လေယာဉ်များက ပုံစံဖွဲ့ကာ ကောင်းကင်ယံကို ဖြတ်သန်းသွားကြသည်...

​ကျန်းယဲ့က လေယာဉ်တင်သင်္ဘောကုန်းပတ်ပေါ်တွင် ဂုဏ်ယူစွာ ရပ်နေသော အရာရှိများနှင့် စစ်သားများကို လက်ညှိုးထိုးပြလိုက်၏။ “အဲဒီခေတ်က သူတို့က ကျွန်တော်တို့ နိုင်ငံရဲ့ တံခါးတွေကို ဖွင့်ဖို့ အမြောက်သင်္ဘောတွေကို သုံးခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့... ”

​မြင်ကွင်းက ယီမင်နိုင်ငံမှ တရုတ်နိုင်ငံသားများကို ကယ်ဆယ်ရွှေ့ပြောင်းသည့် မြင်ကွင်းဆီသို့ ပြောင်းသွားလေသည်။

တရုတ်စစ်သင်္ဘောများက အခြားနိုင်ငံများ၏ ကမ်းရိုးတန်းတွင် ဆိုက်ကပ်ထားပြီး ရေတပ်စစ်သားများက နိုင်ငံရပ်ခြားရောက် တရုတ်လူမျိုးများကို သင်္ဘောပေါ်သို့ လိုက်ပါပို့ဆောင်ပေးနေခဲ့သည်။

လွင့်ခါနေသော ကြယ်ငါးပွင့်အနီရောင်အလံအောက်တွင် နိုင်ငံရပ်ခြားရောက် တရုတ်လူမျိုးများက ကျောမတ်မတ်ထားကာ ဂုဏ်ယူစွာ ရပ်တည်နေကြ၏။

​“အခု...... ကျွန်တော်တို့ဟာ သတ်ဖြတ်ခံရဖို့ စောင့်နေတဲ့ သိုးငယ်လေးတွေ မဟုတ်တော့ဘူး... ”

အခန်း ၁၂၂ပြီး၏။

All Chapters