← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း (၁၃၀) ကျော်ကြားမှုဟူသည် ကောင်းကင်ဘုံကို လောင်ကျွမ်းစေနိုင်သော မီးပွားလေးတစ်ခုကဲ့သို့ပင်

​ကျန်းယဲ့က အွန်လိုင်းပေါ်မှ ပွက်လောရိုက်နေမှုများကို လုံးဝ မသိရှိခဲ့သလို ၎င်းက သူ့အပေါ် မည်သို့မျှ သက်ရောက်မှု မရှိခဲ့ချေ။

​ကိုယ်ပိုင်မီဒီယာများ၏ အလုပ်လုပ်ပုံကို ရင်းနှီးသူများက ဤအချက်ကို သိကြပေသည်။

​ရေပန်းစားသော အကြောင်းအရာတစ်ခု ပေါ်ထွက်လာသည်နှင့် တပြိုင်နက် ထိုအကြောင်းအရာ၏ ဗဟိုချက်တွင် ရှိနေသူများက ကိုယ်ပိုင်မီဒီယာသမားများနှင့် တိုက်ရိုက်ထုတ်လွှင့်မှု အမျိုးမျိုး၏ ဝိုင်းရံမှုကို မလွှဲမရှောင်သာ ခံရမည်ဖြစ်၏။

​ကြည့်ရှုသူများပြားစေမည့် အလားအလာကြောင့် ဆွဲဆောင်ခံရသော ဤဈေးကွက်ရှာဖွေရေး အကောင့်များနှင့် ကိုယ်ပိုင်မီဒီယာသမားများက ရီယဲ့ခရီးသွားအေဂျင်စီသို့ အုံနှင့်ကျင်းနှင့် ရောက်ရှိလာခဲ့ကြသည်။

​အချို့လူများက တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု စတင်ရန် အဆင်သင့်ဖြစ်နေကြသော်လည်း ရီယဲ့ခရီးသွားအေဂျင်စီ၏ ဧရိယာထဲသို့ ဝင်ရောက်လာချိန်တွင် သူတို့အားလုံး တားဆီးခံလိုက်ရပြီး ရင်းနှီးစွာ ဆွေးနွေးရန် မှောင်မိုက်နေသော အခန်းငယ်လေးတစ်ခုဆီသို့ ဖိတ်ခေါ်ခံလိုက်ရ၏.....

​ဤကိုယ်ပိုင်မီဒီယာသမားများက ထို အခန်းမည်းလေးထဲမှ ပြန်လွတ်လာပြီးနောက် အကြောက်လွန်ကာ တုန်ယင်နေခဲ့ကြလေသည်။

(NT -လက်ဆွဲနှုတ်ဆက်ရုံပါပဲ.......)

​ဤအချိန်တွင် အချိန်ခရီးသွားခြင်းမှာ အမှန်တကယ်ဖြစ်ကြောင်းနှင့် အာဏာပိုင်များက ၎င်းကို အစောကြီးကတည်းက သတိထားမိခဲ့ပြီး မည်သူ့ထက်မဆို ပို၍ ကောင်းစွာ သိရှိထားကြောင်း သူတို့ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားကြရသည်။

​သူတို့ မလာရောက်မီက သူတို့အားလုံးက ကြည့်ရှုသူများပြားမှုကိုသာ လိုလားခဲ့ကြပြီး ကြည့်ရှုသူများပြားမှုအတွက် စိတ်အားထက်သန်နေခဲ့ကြသည်။

​သူတို့ ရောက်ရှိလာပြီးနောက်တွင်မူ ကြည့်ရှုသူများပြားရေးကို မတွေးတောတော့သလို ကြည့်ရှုသူများပြားရေးအကြောင်းကို ပြောဆိုရန်လည်း စိတ်မဝင်စားကြတော့ခေ​ေ။ သူတို့တွင် ကျန်ရှိနေသည်မှာ အချိန်ခရီးသွားခြင်းအတွက် ရူးသွပ်လုမတတ် ဆန္ဒတစ်ခုသာ ဖြစ်၏။

​ကျန်းဖုန်း နှင့် သူ၏ လက်ထောက်တို့က အခန်းမည်းထဲမှ ယိမ်းယိုင်စွာ ထွက်လာကြပြီး သူတို့၏ ခြေထောက်များမှာ သစ်ရွက်များကဲ့သို့ တုန်ယင်နေခဲ့သည်။

​အပေါ်သို့ မော့ကြည့်လိုက်ပြီး နေရောင်ခြည် ကျဆင်းနေသည်ကို မြင်လိုက်ရမှသာ နွေးထွေးမှုက အရိုးထဲအထိ တဖြည်းဖြည်း စိမ့်ဝင်လာပြီး ခန္ဓာကိုယ်တွင် ကပ်တွယ်နေသော အအေးဓာတ်ကို ဖြည်းညှင်းစွာ ဖယ်ရှားပေးလိုက်၏။

​လက်ထောက်ဖြစ်သူက ကျန်းဖုန်းကို ကြည့်ကာ အံ့သြတကြီး အာမေဍိတ်သံဖြင့် ပြောလိုက်၏။ "အစ်ကိုဖုန်း... အချိန်ခရီးသွားတာ တကယ်ရှိတယ်လို့ ကျွန်တော် တစ်ခါမှ မတွေးဖူးဘူး"

​ကျန်းဖုန်း ကိုယ်တိုင်လည်း အချိန်ခရီးသွားခြင်း တကယ်ရှိမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။

​သူတို့နှစ်ယောက် ကားပေါ်သို့ ပြန်လည်ရောက်ရှိသွားပြီးနောက်တွင်မှသာ သူတို့၏ စိုးရိမ်ပူပန်နေသော နှလုံးသားများ တဖြည်းဖြည်း တည်ငြိမ်သွားရတော့သည်။

​လက်ထောက်ဖြစ်သူက အသံကို နှိမ့်ကာ မေးလိုက်၏။ "ကျွန်တော်တို့ အချိန်ခရီးသွားတဲ့အကြောင်းကို အွန်လိုင်းမှာ ဆက်တင်လို့ရသေးလား.."

​ကျန်းဖုန်းက သူ၏အသက်အန္တရာယ်ကို စိုးရိမ်နေသည်မှာ ထင်ရှားစွာဖြင့် ခေါင်းခါပြလိုက်သော်လည်း တစ်ခုခု မှားယွင်းနေကြောင်းကို လျင်မြန်စွာ သတိပြုမိသွားခဲ့သည်။

​သူ တစ်ခုခုကို တွေးမိသွားသည့်အလား သူ၏ သူငယ်အိမ်များ ရုတ်တရက် ကျယ်လာလေသည်။

​ကျန်းဖုန်း၏ တစ်စုံတစ်ခုကို အသစ်ရှာဖွေတွေ့ရှိသွားသော မျက်နှာအမူအရာကို မြင်သောအခါ လက်ထောက်ဖြစ်သူက စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ "အစ်ကိုဖုန်း... ဘာဖြစ်လို့လဲ။ တစ်ခုခု တွေ့လို့လား"

​ကျန်းဖုန်းက သူ၏ လက်ထောက်ဘက်သို့ လှည့်ကာ သူ၏ လက်မောင်းကို ဆုပ်ကိုင်ပြီး အော်ပြောလိုက်လေသည်။ "တရားဝင်လိုင်းတွေက ဒီရေပန်းစားနေမှုကို ထိန်းချုပ်ဖို့တောင် မကြိုးစားကြဘူး..."

​လက်ထောက်ဖြစ်သူက ခေတ္တမျှ အံ့အားသင့်သွားသော်လည်း ဘာတွေဖြစ်နေသည်ကို လျင်မြန်စွာ သဘောပေါက်သွားလေသည်။

​သူက သူ၏ နဖူးကို ရုတ်တရက် ရိုက်လိုက်၏။ "ဟုတ်သားပဲ... ဘာလို့ အာဏာပိုင်တွေက ဒီရေစီးကြောင်းကို မထိန်းချုပ်တာလဲ။ ဘာလို့ ဒါကို ပိုကြီးထွားလာအောင် ခွင့်ပြုထားတာလဲ"

​အာဏာပိုင်များကသာ ဤရေပန်းစားမှုကို ထိန်းချုပ်လိုပါက မည်သည့်မီဒီယာကများ သတင်းအချက်အလက် အနည်းငယ်လေးကိုပင် ပေါက်ကြားအောင် လုပ်ရဲမည်နည်း။

​အာဏာပိုင်များကသာ ဤကိစ္စကို ဖုံးကွယ်လိုပါက အွန်လိုင်းတွင် ဤမျှ ကြီးထွားလာစေရန် သေချာပေါက် ခွင့်ပြုထားမည် မဟုတ်ချေ။ သို့သော် လက်ရှိ အွန်လိုင်းတွင် ပွက်လောရိုက်နေမှုများ ဤမျှ မြင့်မားနေသော်လည်း သူတို့က လုံးဝ ထိန်းချုပ်ထားခြင်း မရှိချေ။

မီဒီယာသမားများက ရီယဲ့ခရီးသွားအေဂျင်စီ၏ တာဝန်ခံကို သွားရောက်နှောင့်ယှက်ခြင်းမှသာ တားဆီးနေခြင်း ဖြစ်၏။

​ထို့နောက် လက်ထောက်ဖြစ်သူက သူတို့၏ စကားဝိုင်းထဲမှ လွတ်နေသော အချက်တစ်ချက်ကို သတိပြုမိသွားခဲ့သည်။ "အဲဒီလူက အွန်လိုင်းမှာ ဆက်မတင်ဖို့ တစ်ခွန်းမှ မပြောခဲ့ဘူးထင်တယ်...."

​ကျန်းဖုန်းကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ပြီး ထိုအချက်ကို သတိပြုမိထားသည်မှာ ထင်ရှားလေသည်။

​"ကျွန်တော်တို့ ဒီရေပန်းစားနေတဲ့ အကြောင်းအရာကို ဆက်တင်လို့ ရနိုင်မလား.." လက်ထောက်ဖြစ်သူက မေးလိုက်၏။

​ကျန်းဖုန်းက ပြန်မဖြေဘဲ 'ဘာလို့ အဲဒီလို ဖြစ်ရတာလဲ' ဟု တီးတိုးရေရွတ်လိုက်မိသည်။

​ချင်မင်းဆက် ခရီးသွားအဖွဲ့မှ အဖွဲ့ဝင်များသာ ဤကိစ္စကို သိရှိပါက သူတို့ အကြောင်းရင်းကို သိကြပေလိမ့်မည်။

ဤအရာက ဆန်းကြယ်မှုများ ပြည့်နှက်နေပေသည်။

​အချိန်မှန် ထတတ်သော ကျန်းယဲ့က ရှေးဦးစွာ ရပ်ကွက်ထဲတွင် ပြေးလွှားလေ့ကျင့်ခန်း လုပ်ပြီးနောက် သူ ပုံမှန်သွားနေကျ နံနက်စာစားသောက်ဆိုင်သို့ သွားကာ အစပ်တိုဟူးပေါက်စီများနှင့် အရသာရှိသော ပဲနို့တစ်ခွက်ကို မှာယူလိုက်၏။

​အဝစားသောက်ပြီးနောက် အိမ်သို့ အေးဆေးစွာ လမ်းလျှောက်ပြန်လာခဲ့လေသည်။

​ကျန်းယဲ့ နူးညံ့သော ဆိုဖာပေါ်သို့ ပစ်ချထိုင်လိုက်ပြီး "စနစ်... ရှင်းလင်းမှုကို စတင်လိုက်ပါ" ဟု ပြောလိုက်၏။

​[ဒင်... ဟင်းလင်းပြင်ခရီးစဉ် ပြီးဆုံးသွားပါပြီ..]

​[အခြေခံ ဆုလာဘ် - သက်တမ်း +၃၀ ရက်၊ အပိုဆုငွေ ယွမ် ၄၀၀,၀၀၀ (၅၈၅၈ ဖြင့် အဆုံးသတ်သော အကောင့်ထဲသို့ ထည့်သွင်းပြီးပါပြီ)]

​[ခရီးသွားလာရေး မစ်ရှင် ဆုလာဘ် - တိရစ္ဆာန်များနှင့် ဆက်သွယ်နိုင်သော ကျွမ်းကျင်မှု (လဲလှယ်နိုင်သည်)]

​"လဲလှယ်မယ်..."

​ကျွမ်းကျင်မှုကို လဲလှယ်လိုက်သည်နှင့် တပြိုင်နက် ဘာမှ မဖြစ်ခဲ့သည့်အလား ကျန်းယဲ့ဟာ ဘာမှ မခံစားရပေ။

​၎င်းမှာ သိုင်းပညာနှင့် သေနတ်ပစ် ကျွမ်းကျင်မှုများကဲ့သို့သော ကျွမ်းကျင်မှုများကို လဲလှယ်ခြင်းနှင့် လုံးဝ ကွဲပြားနေခဲ့သည်။

​ကျန်းယဲ့က ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်ရာ ရုတ်တရက် ကြည်လင်သော ငှက်အော်သံတစ်ခုကို ကြားလိုက်ရ၏။

​"ကျွီ... ကျွီ... ဒီနေ့ ပိုးကောင်တွေ အများကြီးပဲ"

​"အရှေ့ဘက်က အဲဒီသစ်ပင်ပေါ်မှာ ပိုးဖလံတုတ်တုတ်ကြီး တစ်ကောင်ရှိတယ်ဟ... "

​"ကြည့်.. ကြည့်.... ခြေနှစ်ချောင်း အကောင်ကြီးတွေက ငါတို့ကို စိုက်ကြည့်နေတယ်...."

​သူ၏ မျက်ခုံးများ ပင့်တက်သွားပြီး သူ၏ သူငယ်အိမ်များ အနည်းငယ် ကျယ်လာရသည်။

​ပြတင်းပေါက်အပြင်ဘက်ရှိ သစ်ကိုင်းတစ်ခုပေါ်တွင် စာကလေး အနည်းငယ် စုအုံနေပြီး သူတို့၏ အမွေးများက ဖောင်းပွနေကာ သူတို့၏ ခေါင်းသေးသေးလေးများကို ဟိုဒီ လှည့်၍ စူးစူးညံညံ အော်ဟစ်နေခဲ့ကြသည်။

​ဤအချိန်တွင် မူလက ကျွီကျွီဟုသာ အသံထွက်နေသော ငှက်အော်သံများက သူ၏ နားထဲတွင် ကြည်လင်သော စကားလုံးများအဖြစ် အလိုအလျောက် ပြောင်းလဲသွားပြီး ကလေးဆန်ကာ သက်ဝင်လှုပ်ရှားနေပြီး ငှက်တစ်ကောင်၏ မာနထောင်လွှားမှု အနည်းငယ်လည်း ပါဝင်နေလေသည်။

​ကျန်းယဲ့က လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး မှန်ကို စမ်းသပ်သည့်အနေဖြင့် ခေါက်ကြည့်လိုက်၏။

​"ဒေါက်... ဒေါက်"

​စာကလေးများက ချက်ချင်း အမွေးများထောင်သွားကြပြီး မီတာဝက်ခန့် အမြင့်သို့ ပျံတက်သွားကြသည်။

​"အဲဒါ တော်တော် လန့်စရာကောင်းတာပဲ.."

​"ခြေနှစ်ချောင်း အကောင်ကြီးက ပြတင်းပေါက်ကို လာခေါက်နေတယ်။ ပြေး..m."

​စာကလေးများက ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

​ကျန်းယဲ့က စူးစူးညံညံ အော်ဟစ်နေသော စာကလေးငယ် တစ်စုကို ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာခဲ့သည်။

​'ဒီကျွမ်းကျင်မှုက နည်းနည်း ဆူညံပုံရတယ်...'

​ကျန်းယဲ့မှာ ထိုဆူညံသံကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာချိန်မှာပင် အတွေးတစ်ခု သူ့ခေါင်းထဲ ရုတ်တရက် ပေါ်လာ၏။

​ထို့နောက် ဆူညံနေသော ငှက်အော်သံများက ချက်ချင်းပင် သာမန် ကျွီကျွီ အသံများအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားပြီး နားလည်နိုင်သော လူနှင့်ငှက် ဘာသာစကား မဟုတ်တော့ချေ။

​'ကောင်းတယ်... ဒါက ထိန်းချုပ်လို့ ရတာပဲ'

​'အဲဒါက အကောင်းဆုံးပဲ...'

​ထိုစဉ် စနစ်၏ အသံက သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့ပြန်သည်။ မစ်ရှင်အသစ်တစ်ခု ပေးနေသည်ဟု သူ ထင်ခဲ့သော်လည်း ၎င်းမှာ.......

​[ဒင်.... ဟင်းလင်းပြင်အသီးသီးသို့ ခရီးစဉ်သုံးခုကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး အတွေ့အကြုံမရှိသေးသူ ကာလကို တရားဝင် ဖြတ်ကျော်သွားတဲ့အတွက် လက်ခံသူကို ဂုဏ်ပြုပါတယ်....]

​[ဒင်... ကျော်ကြားမှု အမှတ်များ ပြည့်မီသွားပါပြီ... အဆင့်မြှင့်တင်မှု ယန္တရားကို ဖွင့်လိုက်ပါပြီ]

​[ဟင်းလင်းပြင် ခရီးသွားအေဂျင်စီများ၏ ဝါရင့် လုပ်ငန်းဆောင်ရွက်သူတစ်ဦးအနေဖြင့် လုပ်ငန်းတိုးချဲ့ရန်အတွက် ကျော်ကြားမှုနှင့် ဂုဏ်သတင်းတို့က အဓိက သော့ချက်ဖြစ်ပါသည်]

​[ကောင်းကင်ဘုံတစ်ခွင်လုံးတွင် နာမည်ကြီးလာမှသာ နယ်ပယ်အားလုံးကို ဖြတ်သန်းသွားလာနိုင်မည် ဖြစ်သည်]

​[ကျော်ကြားမှု အမှတ်များကို ယခု ရရှိနိုင်ပါပြီ]

​၁။ အလားအလာ၏ ကနဦး လက္ခဏာများ (၀-၁၀၀၀၀ အမှတ်)

ဖွင့်နိုင်သော ဟင်းလင်းပြင်များ - သမိုင်းရေစီးကြောင်းရှည်ကြီး အတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှုများ....

ချင်မင်းဆက်၊ ထန်မင်းဆက်၊ မင်မင်းဆက် စသည်ဖြင့်.....

စနစ်၏ မက်ဆေ့ချ် - ပထမဆုံး ခြေလှမ်းကို လှမ်းပြီး သမိုင်း၏ ဖုန်မှုန့်များကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ပါ။

​၂။ နာမည်ကျော်ကြားလာခြင်း (၁၀၀၀၁-၅၀၀၀၀ အမှတ်)

ဖွင့်နိုင်သော ဟင်းလင်းပြင်များ - အထူး ယဉ်ကျေးမှု ကမ္ဘာများ

ကမ္ဘာပျက်ပြီးနောက်ပိုင်း စွန့်ပစ်နယ်မြေ၊ ရေနွေးငွေ့စွမ်းအင်သုံး ခေတ်ဟောင်းနည်းပညာ၊ မှော်ပညာအနည်းငယ်ရှိသော စိတ်ကူးယဉ်ကမ္ဘာ စသည်ဖြင့်.....

စနစ်၏ မက်ဆေ့ချ် - နယ်မြေတစ်ခွင် ကျော်ကြားပြီး ယဉ်ကျေးမှုများ၏ အတက်အကျကို စူးစမ်းလေ့လာပါ။

​၃။ ကမ္ဘာတစ်ဝန်း ကျော်ကြားခြင်း (၅၀,၀၀၁-၂၀၀,၀၀၀ အမှတ်)

ဖွင့်နိုင်သော ဟင်းလင်းပြင်များ - ထူးခြားဆန်းကြယ်သော ကမ္ဘာများ

ကျင့်ကြံခြင်းကမ္ဘာ၊ သိုင်းလောကကမ္ဘာ၊ ဂြိုဟ်အချင်းချင်း နယ်ချဲ့သည့်ခေတ်

စနစ်၏ မက်ဆေ့ချ် - မရေမတွက်နိုင်သော နယ်ပယ်များကို ဖြတ်သန်းသွားလာပြီး ထူးခြားဆန်းကြယ်မှု၏ နယ်နိမိတ်များကို ထိတွေ့ပါ။

​၄။ ကောင်းကင်ဘုံ၏ ဂန္ထဝင်များ (၂၀၀,၀၀၁ အမှတ် သို့မဟုတ် ထို့ထက်ပို၍)

ဖွင့်နိုင်သော ဟင်းလင်းပြင် - ဒဏ္ဍာရီလာ ဟင်းလင်းပြင်

ကောင်းကင်ဘုံ နယ်ပယ်၊ မြေအောက်ကမ္ဘာ၊ စသည်ဖြင့်....

ထို့အပြင် သူက နယ်ပယ်များ၏ အရှင်သခင်ဘွဲ့ကို ရရှိခဲ့ပြန်သည်။

စနစ်၏ မက်ဆေ့ချ် - သင့်နာမည်ကို ထာဝရ မှတ်မိပါစေ.... သင့်ဇာတ်လမ်းကို အချိန်နှင့်အမျှ တည်တံ့သော ဂန္ထဝင်တစ်ခုအဖြစ် ရေးသားနိုင်ပါစေ။

​[လက်ခံသူ၏ လက်ရှိ ကျော်ကြားမှု - ၁၅၀၀ အမှတ် (ပေါ်ထွန်းလာသော ပါရမီရှင်)]

​[နောက်ထပ် ပန်းတိုင် - နာမည်ကျော်ကြားလာခြင်း (အမှတ် ၈၅၀၁ ထပ်မံ လိုအပ်ပါသည်)]

​[စနစ်၏ မက်ဆေ့ချ် - ကျော်ကြားမှုဟူသည် ကောင်းကင်ဘုံကို လောင်ကျွမ်းစေနိုင်သော မီးပွားလေးတစ်ခုကဲ့သို့ပင်]

​[ရီယဲ့ခရီးသွားအေဂျင်စီကို ကောင်းကင်ဘုံနှင့် နယ်ပယ်အားလုံးတွင် နာမည်ကြီးလာစေရန် ကျေးဇူးပြု၍ ကြိုးစားလုပ်ဆောင်ပါ]

​[အထူးမှတ်ချက် - ကျော်ကြားမှု အမှတ်များက ဟင်းလင်းပြင်အသစ်များကို ဖွင့်ခြင်းအပေါ် သက်ရောက်မှု ရှိရုံသာမက လက်ခံသူ၏ ဆုလာဘ်များ၏ အရည်အသွေးကိုလည်း မြှင့်တင်ပေးပါသည်]

​စနစ်က ဖြည့်စွက် ရှင်းလင်းချက်တစ်ခုကို ဖော်ပြပေးလာခဲ့ပြန်သည်။

​[ရင်းနှီးသော သတိပေးချက် - လက်ခံသူသည် လူမှုမီဒီယာအကောင့် စီမံခန့်ခွဲမှု၊ အခြားကမ္ဘာမှ အမှတ်တရပစ္စည်းများကို လေလံတင်ခြင်း နှင့် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ကျော်ကြားမှုကို လျင်မြန်စွာ စုဆောင်းနိုင်ပါသည်]

​ကျန်းယဲ့ ပြတင်းပေါက်ကို မှီကာ နောက်ဆုံး refresh လုပ်ထားသော မျက်နှာပြင်ကို ကြည့်လိုက်၏။

​လက်ရှိတွင် အနိမ့်ဆုံးအဆင့်ဖြစ်သော [ရှေးဟောင်း ယဉ်ကျေးမှု ကမ္ဘာ]ကိုသာ ဖွင့်ထားပြီး ကျန်ရှိသော မျက်နှာပြင်ကို မီးခိုးရင့်ရောင်ဖြင့် ပြသထားလေသည်။

​သူ၏ အကြည့်များက [ထူးခြားဆန်းကြယ်သော ကမ္ဘာ] ပေါ်တွင် စူးစိုက်သွားချိန်၌ ပြင်းထန်လာခဲ့သည်။

​'အဲဒီမှာ မသေမျိုး ကျင့်ကြံတဲ့ နေရာတစ်ခု ရှိတယ်....'

​'အဲဒါ မသေမျိုး ကျင့်ကြံခြင်းပဲ....'

​'ငါ သွားချင်တယ်...'

​'ကျင့်ကြံခြင်းကမ္ဘာမှာ သေနိုင်တဲ့ ရောဂါက ဘာများ အရေးကြီးလို့လဲ...'

​'သွေးဆောင်ဖြားယောင်းမှုက အရမ်းကြီးမားလွန်းတာပဲ.... '

​[ဒင် လက်ခံသူသည် အဆင့်မြှင့်တင်မှု ယန္တရားကို အောင်မြင်စွာ ဖွင့်လိုက်ပါပြီ။ မဲနှိုက်ခွင့် တစ်ကြိမ် ဆုချီးမြှင့်ပါသည်]

အခန်း ၁၃၀ပြီး၏။

All Chapters