← Chapters

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း (၁၄၆) ဇွန်ဘီဒီရေလှိုင်း

​နေဝင်ချိန်တွင် လိမ္မော်နီရောင်ဆည်းဆာက စွန့်ပစ်ထားသော မြို့တစ်မြို့လုံးကို နွေးထွေးသော အရောင်ဖြင့် ဆေးခြယ်ထားချေသည်။

​ခရီးသွားဘတ်စ်ကားက ကျယ်ဝန်းသော ဗဟိုရင်ပြင်တစ်ခုတွင် ဖြည်းညှင်းစွာ ရပ်တန့်သွား၏။ ပတ်ဝန်းကျင်မှာ ထူးဆန်းစွာ တိတ်ဆိတ်နေပြီး လှည့်လည်သွားလာနေသော ဇွန်ဘီ တစ်ကောင်မျှပင် မတွေ့ရချေ။

​“ထူးဆန်းတယ်...” လီချင်သည် ကားပေါ်မှ ဆင်းပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မသိစိတ်မှ အလိုအလျောက် ကျန်းယဲ့အနားသို့ တိုးသွားခဲ့သည်။ “အရမ်း တိတ်ဆိတ်နေတယ်။ အနီးအနားမှာ မျိုးဗီဇပြောင်းဘော့စ်များ ရှိနေမလားမသိဘူး.... ”

​ထိုစကားကို ကြားသောအခါ လုချင်ဟယ်က စိတ်လှုပ်ရှားလာပြီး သူ၏ မျက်လုံးများ တောက်ပလာရသည်။ “အဲဒါ ပိုကောင်းတာပေါ့။ ဒီကမ္ဘာကြီးရဲ့ ထိပ်တန်းသားရဲကြီးကို မြင်ချင်နေတာ ကြာပြီ...”

​ထို့နောက် သူက ကျန်းယဲ့ဘက်သို့ လှည့်ကာ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။ “ဒါရိုက်တာကျန်း... တကယ်လို့ ဘော့စ်နဲ့ တကယ်ဆုံရင် ဗီဒီယိုရိုက်ဖို့ မမေ့နဲ့နော်။ တိုရင်ပေါ်မှာ သေချာပေါက် ပေါက်သွားမှာပဲ....”

​ကျန်းယဲ့၏ နှုတ်ခမ်းများ တွန့်ကွေးသွားရသည်။ “မင်းသေချာလို့လား။ ဒီဟာက လူတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်တယ်ဆိုတာထက် လူတွေကို ခြောက်လှန့်နေသလိုဖြစ်မသွားလောက်ဘူးလား... ”

​“အာ... စိတ်လှုပ်ရှားစရာ ကောင်းလေလေ ကြည့်တဲ့သူ ပိုများလေလေပဲဗျာ... ” လုချင်ဟယ်က ဂရုမစိုက်စွာ လက်ဝှေ့ယမ်းပြလိုက်ပြီး ဟော့ပေါ့ ပြင်ဆင်ရာတွင် ဝင်ရောက်ကူညီပေးလိုက်၏။

​အဖွဲ့က ခရီးသွားဘတ်စ်ကားပေါ်မှ သယ်ဆောင်ရလွယ်ကူသော ဓာတ်ငွေ့ဟော့ပေါ့အိုးသုံးခုကို လျင်မြန်စွာ ပြင်ဆင်လိုက်ကြသည်။

​ရှန်ကျီရှားနှင့် ကျိုးရှင်းကျီတို့က ဟင်းသီးဟင်းရွက်များ ဆေးကြောခြင်းကို တာဝန်ယူပြီး ကျန်းခိုင်၊ လီဇယ်ခိုင်နှင့် အခြားသူများက ခေါက်စားပွဲများနှင့် ကုလားထိုင်များကို ထုတ်ယူကာ ဦးလေးလီက အချဉ်ရည် ပြင်ဆင်ပေးနေခဲ့သည်။

​မကြာမီမှာပင် အစပ်၊ မှိုနှင့် ခရမ်းချဉ်သီး စသည့် ဟင်းရည်သုံးမျိုး၏ ရနံ့က ရင်ပြင်တစ်ခုလုံးကို ပြည့်လွှမ်းသွားလေသည်။

​“ဒီနေရာက သေချာပေါက် တစ်ခုခု မှားနေတယ်” ဝမ်ပင်းသည် ဟော့ပေါ့အိုးထဲသို့ အမဲသားလွှာများ ထည့်ရင်း ပတ်ဝန်းကျင်ကို သတိဖြင့် အကဲခတ်ကာ ပြောလိုက်၏။ “ဒီနေရာက အရမ်း သန့်ရှင်းနေတယ်။ အလောင်းတစ်လောင်းတောင် မတွေ့ရဘူး”

​ကျွမ်လော်ကလည်း အမဲအူကြမ်း တစ်ဖတ်ကို ကောက်ယူကာ ဟော့ပေါ့အိုးထဲသို့ နှစ်လိုက်ရင်း ပြောလိုက်လေသည်။ “ဘော့စ်ကောင်ကြီး တစ်ကောင်ကများ ဒီနေရာကို ရှင်းလင်းထားတာလား မသိဘူး”

​သူ၏ စကားမဆုံးမီမှာပင် လေးလံသော အရာဝတ္ထုတစ်ခုက မြေကြီးပေါ်သို့ ပြုတ်ကျသကဲ့သို့ တုံးတိတိ အသံတစ်ခု အဝေးမှ ထွက်ပေါ်လာချေသည်။

​လူတိုင်း ရပ်တန့်သွားကြပြီး အသံလာရာသို့ လှည့်ကြည့်လိုက်ကြ၏။

​လီချင်၏ လက်ထဲမှ ပုစွန်ငါးပိက ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လန့်သွားပြီး အိုးထဲသို့ ပြုတ်ကျသွားကာ လွင့်စဉ်လာသော အနီရောင်အဆီများက လုချင်ဟယ်၏ မျက်နှာကို ထိလုမတတ် ဖြစ်သွားရသည်။

​“မဟုတ်မှလွဲရော... ငါ့ရဲ့ အတိတ်နိမိတ်မကောင်းတဲ့ စကားတွေက တကယ်ဖြစ်လာတာလား” လီချင်က ဗလုံးဗထွေး ပြောလိုက်၏။

​လုချင်ဟယ်မှာ လုံးဝ စိုးရိမ်ထိတ်လန့်နေခြင်း မရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက စိတ်လှုပ်ရှားစွာဖြင့် ဖုန်းကို အမြန်ထုတ်လိုက်သည်။ “လာပြီ။ နောက်ဆုံးတော့ လာပြီဟေ့။ အမျိုးတို့ရေ ... ဘယ်သူကများ ထင်မှာလဲ။ ဟော့ပေါ့စားနေတုန်း ကမ္ဘာပျက်ဘော့စ်ကြီးနဲ့ ပက်ပင်းတိုးမယ်လို့....”

​ကျန်းယဲ့က ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်း အတွက် လျှို့ဝှက်ရိုက်ကူးရာတွင် အသုံးပြုသော စပိုင်ကင်မရာနှင့် တူသည့် ကင်မရာငယ်လေးကို သူ၏ အိတ်ကပ်ထဲမှ အေးအေးဆေးဆေး ထုတ်ယူလိုက်၏။

​သူက ဆုံချက်ကို လေးနက်စွာ ချိန်ညှိရင်း တီးတိုးရေရွတ်လိုက်လေသည်။ “ပရော်ဖက်ရှင်နယ် အလုပ်တွေကို ပရော်ဖက်ရှင်နယ်ပစ္စည်းတွေနဲ့ပဲ လုပ်သင့်တယ်....”

​“ဝုန်း...”

​နောက်ထပ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ဤတစ်ကြိမ်တွင် ပို၍ နီးကပ်လာလေသည်။

​အဆောက်အအုံများ၏ ပြိုကြနေသည့်အသံများကြားတွင် လူသားများ၏ အော်ဟစ်သံများနှင့် တစ်စုံတစ်ရာသော သတ္တဝါ၏ ဒေါသတကြီး ဟိန်းဟောက်သံများကို သဲ့သဲ့လေး ကြားနေရ၏။

​“ဒီဆူညံသံကို ကြည့်ရတာ” ကျန်းခိုင်ပ အမဲအူကြမ်းတစ်ဖတ်ကို ပါးစပ်ထဲသို့ သွတ်သွင်းကာ ဗလုံးဗထွေး ပြောလိုက်လေသည်။ “တကယ့်ကို ကြီးမားတဲ့ တိုက်ပွဲပဲ...”

​လီဇယ်ခိုင်၊ ဖန်ကျောက်ဟယ်နှင့် အခြားသုံးဦးတို့က သူတို့၏ လက်နက်များကို ထုတ်ယူကာ မမျှော်လင့်ထားသော အခြေအနေများကို ကာကွယ်ရန် သတိအသင့်အနေအထားဖြင့် ပြင်ဆင်လိုက်ကြသည်။

​မြို့၏ အခြားတစ်ဖက်တွင်မူ အသက်ရှင်ကျန်ရစ်သူ သုံးဆယ်ကျော်က ပျက်စီးနေသော လမ်းမကြီးတစ်လျှောက် အသက်လုပြေးနေကြ၏။

​သူတို့၏ ခြေသံများ၊ မောဟိုက်သံများနှင့် နောက်မှလိုက်လာသော ဇွန်ဘီများ၏ ဟိန်းဟောက်သံများ ရောနှောကာ သေမင်းတမန် သံစဉ်တစ်ခုကို ဖန်တီးနေချေသည်။

​လူသုံးဆယ်ပါဝင်သော အဖွဲ့ထဲတွင် ကျန်းယဲ့နှင့် သူ၏အဖွဲ့ ရင်းနှီးသော မျက်နှာအချို့ ပါဝင်နေခဲ့သည်။

​ဘော့စ်ဝူက အဖွဲ့၏ အလယ်တွင် ပြေးနေပြီး အမာရွတ်များ ဖုံးလွှမ်းနေသော သူ၏ မျက်နှာတွင် ချွေးများ ပြည့်နှက်နေကာ သူ၏ မျက်လုံးများက ပတ်ဝန်းကျင်ကို ထိတ်လန့်သည့် အကြည့်ဖြင့် ဝေ့ကြည့်နေလေသည်။

​ပိန်လှီသော မျောက်နှင့် အခြားနောက်လိုက်အချို့က သူ၏နောက်မှ လိုက်လာကြပြီး လူငယ်စုံတွဲနှင့် ကလေးမှာမူ အဖွဲ့၏ အစွန်ဘက်ဆုံးတွင် တွန်းထိုးခံနေရကာ မည်သည့်အချိန်တွင်မဆို သားကောင်များ ဖြစ်သွားနိုင်​လေသည်။

​“မြန်မြန်ပြေး... ” ဘော့စ်ဝူက ဟိန်းဟောက်လိုက်ပြီး သူ့လမ်းကို ပိတ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ကန်ထုတ်လိုက်၏...။ “ချီးပဲ... ဖယ်စမ်း”

​လူလတ်ပိုင်းအရွယ် အမျိုးသားက ယိမ်းယိုင်ကာ လဲကျသွားပြီး သူ ပြန်မထနိုင်မီမှာပင် အနောက်မှ အုံနှင့်ကျင်းနှင့် ပြေးလာသော ဇွန်ဘီများ၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။

​အော်ဟစ်သံများက စက္ကန့်အနည်းငယ်သာ ကြာမြင့်ပြီးနောက် ဆုတ်ဖြဲသံများနှင့် ကိုက်ဖြတ်သံများက နေရာယူသွားခဲ့သည်။

​“ကျစ်.... D မြို့မှာ တကယ်ပဲ အဆင့်ငါး ဇွန်ဘီရှိနေမယ်လို့ ထင်မထားဘူး... ” ပိန်လှီသော မျောက်က နောက်သို့ လှည့်ကြည့်ကာ သူ၏ မျက်နှာမှာ ပြာနှမ်းနေချေသည်။

​ဇွန်ဘီများကို စုစည်းပြီး ဇွန်ဘီဒီရေလှိုင်းတစ်ခု ဖန်တီးရန်အတွက် ၎င်းတို့ကို ထိန်းချုပ်နေသော အနည်းဆုံး အဆင့် ၅ ဇွန်ဘီ တစ်ကောင် ရှိရမည်ဖြစ်၏။

​ဇွန်ဘီဒီရေလှိုင်းက လမ်း၏ နှစ်ဖက်စလုံးရှိ အပျက်အစီးများထဲမှ အမည်းရောင် ရေစီးကြောင်းကြီးတစ်ခုကဲ့သို့ ထွက်ပေါ်လာနေခဲ့သည်။

​သူတို့က ဖရိုဖရဲ လိုက်လံဖမ်းဆီးခြင်း မပြုဘဲ အဆင့်ငါးဇွန်ဘီ၏ ညွှန်ကြားမှုအောက်တွင် သုံးဖွဲ့ခွဲကာ ရှေ့နှင့် နှစ်ဖက်စလုံးမှ ညှပ်ပိတ်ဖမ်းဆီးနေကြလေသည်။

​အဖွဲ့ထဲမှ မျက်မှန်တပ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ “အဲဒီ အဆင့်မြင့်ဇွန်ဘီက ငါတို့ကို ဝိုင်းပြီး သတ်ဖို့ ကြိုးစားနေတာ....”

​သူ၏ စကားမဆုံးမီမှာပင် အရှိန်မြန်သော ဇွန်ဘီတစ်ကောင်က ဘေးရှိ ဆိုင်ပြတင်းပေါက်တစ်ခုမှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အဖွဲ့၏ အစွန်းဘက်ရှိ အမျိုးသမီးတစ်ဦးဆီသို့ တိုက်ရိုက် ခုန်အုပ်လိုက်ကြသည်။

​အမျိုးသမီးက မြေကြီးပေါ်သို့ ဆွဲချခံလိုက်ရချိန်တွင် အော်ဟစ်လိုက်သော်လည်း သူမ၏ အဖော်များက နောက်သို့လှည့်မကြည့်ဘဲ ဆက်လက် ပြေးနေကြပြီး မည်သူမျှ နောက်သို့ လှည့်မကြည့်ရဲကြချေ။

​“သူ့ကို လျစ်လျူရှုလိုက်... ဆက်ပြေး” ဘော့စ်ဝူက ပြတ်သားစွာ အော်ဟစ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ဇွန်ဘီများ လိုက်လာခြင်းကို တားဆီးရန်အတွက် သူ၏နောက်တွင် ရွှံ့နံရံတစ်ခုကို ဖန်တီးလိုက်၏။

​သို့သော် မြေသားနံရံ မြင့်တက်လာပြီး သုံးစက္ကန့်မျှပင် မကြာလိုက်ပဲ အားကောင်းသည့် ဇွန်ဘီတစ်ကောင်က ၎င်းကို အပိုင်းပိုင်းအစစ ရိုက်ချိုးပစ်လိုက်သည်။

​လွင့်စဉ်လာသော အပျက်အစီးများကြားတွင် ဇွန်ဘီအုပ်စုက တစ်ဖန် နီးကပ်လာပြန်လေသည်။

​“ဘော့စ်... ဒီအတိုင်း ဆက်သွားလို့ မရတော့ဘူး” ပိန်လှီသောမျောက်က အသက်ရှူမြန်နေပြီး သူ၏ မျက်လုံးများတွင် ရက်စက်သည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ “တစ်ယောက်ယောက်က ကျွန်တော်တို့ နောက်ဆုတ်ဖို့အတွက် အကာအကွယ်ပေးမှ ရမယ်...”

​ထိုစကားကြောင့် ဘော့စ်ဝူ၏ အကြည့်များက အဖွဲ့ကို ဝေ့ကြည့်သွားပြီး နောက်ဆုံးတွင် လူငယ်စုံတွဲပေါ်သို့ ကျရောက်သွား၏။

​အမျိုးသားက သူ၏ ဇနီးနှင့် ကလေးကို ကာကွယ်ထားပြီး သူ၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း သူက အံကြိတ်ကာ ကြံ့ကြံ့ခံနေဆဲပင်။

​ဘော့စ်ဝူက သရော်လိုက်ပြီး အမျိုးသား၏ ပခုံးကို ရုတ်တရက် ဖမ်းဆွဲကာ သူ၏နောက်သို့ တွန်းပို့လိုက်လေသည်။

​“ခင်ဗျား... ” ရုတ်တရက် အတိုက်ခိုက်ခံလိုက်ရသဖြင့် အမျိုးသားက နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားပြီး ဇွန်ဘီအုပ်စုထဲသို့ တိုက်ရိုက် ပြုတ်ကျသွား၏။

​သူ၏ ဇနီးက စူးရှစွာ အော်ဟစ်လိုက်ပြီး သူ့ထံသို့ အပြေးအလွှား သွားရန် ကြိုးစားသော်လည်း ပိန်လှီသောမျောက်၏ ဖမ်းဆွဲခြင်းကို ခံလိုက်ရလေသည်။

​“သေချင်နေတာလား...” ပိန်လှီသော မျောက်က မကောင်းဆိုးဝါး ဆန်စွာ ပြုံးလိုက်၏။ “မင်းယောက်ျားတော့ သွားပြီ... ဒါပေမဲ့ မင်းနဲ့ မင်းကလေးက အသုံးဝင်သေးတယ်”

​အမျိုးသားက အလောင်းများကြားတွင် ရုန်းကန်နေပြီး သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့မှုနှင့် ဒေါသများ ပြည့်နှက်နေချေသည်။

​သူက ဘော့စ်ဝူကို စူးစိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် လက်ကို မြှောက်လိုက်ရာ သူ၏ လက်ဖဝါးထဲတွင် တောက်လောင်နေသော မီးတောက်တစ်ခု စုစည်းလာခဲ့သည်။

​“မင်းတို့ တိရစ္ဆာန်တွေ....” အမျိုးသားက ဟိန်းဟောက်လိုက်ပြီး မီးတောက်များက အဆိပ်ပြင်းသော မြွေများကဲ့သို့ ထွက်ပေါ်လာကာ ဘော့စ်ဝူဆီသို့ တိုက်ရိုက် ဦးတည်လာလေသည်။

​ဘော့စ်ဝူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏နောက်လိုက် တစ်ဦးကို သူ့ရှေ့တွင် ကာကွယ်ရန် အမြန်ဆွဲယူလိုက်၏။

​နောက်ခဏ၌ မီးတောက်များက ထိုကံမကောင်းသော အမျိုးသားကို ချက်ချင်း လွှမ်းခြုံသွားပြီး အော်ဟစ်သံများကြားတွင် ဘော့စ်ဝူက အမြန် ထွက်ပြေးရန် အခွင့်အရေးကို အရယူလိုက်သည်။

​“ကျစ်... သူက မသေခင် ငါတို့ကိုပါ ဆွဲခေါ်သွားဖို့ ကြိုးစားနေတာပဲ။ တကယ့်ကို စောက်ကျင့်မကောင်းတာပဲ.....” ပိန်လှီသော မျောက်က ကျိန်ဆဲလိုက်၏။

​အဖွဲ့ထဲရှိ အခြားသူများမှာ ၎င်းကို လျစ်လျူရှုထားကြပြီး အချို့မှာ ဘော့စ်ဝူကို ကျော်တက်ကာ ပိုမိုကောင်းမွန်သော နေရာတစ်ခု ရရှိရန် အခွင့်အရေးကိုပင် ယူလိုက်ကြလေသည်။

​ကမ္ဘာပျက်ခေတ်တွင် ကိုယ်ကျင့်တရားက ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်လာပြီး ရှင်သန်ရေးသာလျှင် တစ်ခုတည်းသော စည်းမျဉ်းပင်။

​သို့သော် ထိုအမျိုးသား၏ ခုခံမှုမှာ လုံးဝ အချည်းနှီးတော့ မဖြစ်ခဲ့ချေ။

​ဇွန်ဘီအုပ်စုထဲတွင် မီးတောက်များ ပေါက်ကွဲသွားသဖြင့် လိုက်လံဖမ်းဆီးခြင်းကို ယာယီ နှေးကွေးသွားစေလေသည်။

​ဤကွက်လပ်ကို အခွင့်ကောင်းယူကာ အသက်ရှင်ကျန်ရစ်သူများက လူစုခွဲလိုက်ကြ၏။

​“ရှေ့ကနေ ညာဘက်ကို ကွေ့” မျက်မှန်တပ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားက ရုတ်တရက် အော်ဟစ်လိုက်၏။ “ဟိုဘက်မှာ အလင်းရောင် ရှိတယ်။ ရင်ပြင်ထဲမှာ လူတွေ ရှိတယ်...”

​သူညွှန်ပြရာသို့ လူတိုင်း ကြည့်လိုက်ရာ အဝေးတွင် တဖျပ်ဖျပ် လင်းလက်နေသော မီးပုံအချို့နှင့်အတူ အစားအစာ ရနံ့များကိုပါ တွေ့လိုက်ရလေသည်။

​ပိန်လှီသော မျောက်က လေထဲတွင် ပျံ့လွင့်နေသော အစားအစာ ရနံ့ကို ရှူရှိုက်လိုက်မိသည်။ “ငါ ဟော့ပေါ့အနံ့ ရနေသလိုပဲ...”

​၎င်းမှာ ကြာရှည်စွာ ပျောက်ဆုံးနေခဲ့သော ရနံ့တစ်ခုပင်။

​ဒါက သူ မသေခင် မြင်တွေ့ရတဲ့ စိတ်ချောက်ချားမှုတစ်ခုများ ဖြစ်နေမည်လော။

​“ကျွန်တော်လည်း ရတယ်... ” မျက်မှန်တပ်ထားသော အမျိုးသားက ထပ်ပြောလိုက်၏။

​သူတို့သည် ရင်ပြင်နှင့် နီးကပ်လာသောအခါ သန့်ရှင်းပြီး အသစ်စက်စက် နှစ်ထပ် ခရီးသွားဘတ်စ်ကား တစ်စီး ထိုနေရာတွင် ရပ်ထားသည်ကို မြင်လိုက်ရပြီး ဘတ်စ်ကားရှေ့တွင် လူတစ်စုက ဟော့ပေါ့စားရန် စားပွဲတစ်ခု ပြင်ဆင်နေခဲ့ကြသည်။

​ဤယုတ္တိမတန်သော မြင်ကွင်းက ထွက်ပြေးနေသော အသက်ရှင်ကျန်ရစ်သူများကို ခေတ္တမျှ ကြောင်တောင်တောင် ဖြစ်သွားစေလေသည်။

​ဒီလို သရဲမြို့ကြီးမှာ လူတွေက တကယ်ကြီး ဟော့ပေါ့ကို ပျော်ပျော်ကြီး စားနေကြတာလား....

အခန်း ၁၄၆ပြီး၏။

All Chapters