← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း (၁၄၇) ရန်သူကို ထောင်ချောက်ထဲသို့ ဖိတ်ခေါ်ခြင်း

​ဘော့စ်ဝူက မျက်လုံးကို မှေးကြည့်လိုက်ပြီး ရင်ပြင်အလယ်တွင် ရပ်နားထားသော နှစ်ထပ် ခရီးသွားဘတ်စ်ကားကို မှတ်မိသွားခဲ့သည်။

​‘ဒါက အရင်က ရေကန်မှာ တွေ့ခဲ့ရတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ယာဉ်ကြီးပဲ...’

​“သူတို့ပဲ...” သူက တီးတိုးရေရွတ်လိုက်ပြီး သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားသော်လည်း ၎င်းမှာ အသက်ရှင်သန်လိုစိတ်ဖြင့် လျင်မြန်စွာ အစားထိုးခံလိုက်ရချေသည်။

​အနောက်မှ ဇွန်ဘီအုပ်စုက တစ်ဖန် နီးကပ်လာပြန်သည်။ ဘော့စ်ဝူသည် အံကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။ “ရင်ပြင်ဆီ ပြေး။ ဇွန်ဘီတွေကို အဲဒီကို မျှားခေါ်သွား..”

​“ဘော့စ်... အဲဒီလူတွေက ရန်စလို့ရတဲ့ သူတွေ မဟုတ်ဘူးနော်” ကန်ပေါ်ရှိ ရွှေရောင် အလင်းတံတားကို ပြန်သတိရသွားပြီး ပိန်လှီသော မျောက်၏ အသံမှာ တုန်ယင်နေလေသည်။

​ဘော့စ်ဝူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ရက်စက်သော မျက်လုံးများက မီးရောင်လာရာသို့ စူးစိုက်နေခဲ့သည်။ “သူတို့က ပိုစွမ်းအားကြီးလေ ငါတို့ အသက်ရှင်ဖို့ အခွင့်အရေး ပိုများလေပဲ။ မဟုတ်ရင် ငါတို့အကုန်လုံး သေကြရလိမ့်မယ်”

​အသက်ရှင်ကျန်ရစ်သူများသည်လည်း လှည့်ကာ ရင်ပြင်ဆီသို့ အသက်လုပြေးလိုက်ကြ၏။

​သူတို့ ပိုမိုနီးကပ်လာသည်နှင့်အမျှ ဟော့ပေါ့စားပွဲ ပတ်လည်တွင် ထိုင်နေသော လူအုပ်ကို မြင်တွေ့လာရသည်။

​သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ကျန်းမာသော မျက်နှာအဆင်းရှိသည့် အမျိုးသားနှင့် အမျိုးသမီး အယောက်နှစ်ဆယ်ခန့် စုရုံးနေကြလေသည်။ ကြေးနီအိုးထဲမှ အစားအစာ ရနံ့များ ထွက်ပေါ်နေပြီး စားပွဲပေါ်တွင် ရေခဲစိမ်ထားသော ဘီယာများပင် ရှိနေခဲ့သည်။

​ဤမြင်ကွင်းက ကမ္ဘာပျက်ခေတ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေပြီး ထွက်ပြေးနေသော အသက်ရှင်ကျန်ရစ်သူများမှာ သူတို့ကိုယ်သူတို့ စိတ်ချောက်ချားနေခြင်းလောဟုပင် တွေးမိသွားကြသည်။

​ဘော့စ်ဝူ၏ ရင်ထဲတွင် လေးလံသွားသော်လည်း ယခုအချိန်တွင် နောက်ဆုတ်ရန် လမ်းမရှိတော့ချေ။

​သူသည် ရင်ပြင်ဆီသို့ အရှိန်တင် ပြေးသွားပြီး သူ၏နောက်တွင်တော့ ဇွန်ဘီအုပ်စုက ဒီရေလှိုင်းတစ်ခုကဲ့သို့ အုံနှင့်ကျင်းနှင့် ပြေးလာခဲ့ကြသည်။

​ရင်ပြင်တွင် ပေါ့ပေါ့ပါးပါး အဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက မတ်တပ်ရပ်ကာ သူတို့ကို တည်ငြိမ်စွာ ကြည့်နေလေသည်။

​သူက အချဉ်ရည်ပန်းကန်လုံး တစ်လုံးကို ကိုင်ထားပြီး စုတ်ပြတ်သတ်နေသော အသက်ရှင်ကျန်ရစ်သူ အုပ်စုကို တည်ငြိမ်စွာ ကြည့်နေ၏။

​“သူတို့က ဇွန်ဘီတွေကို ဒီကို မျှားခေါ်လာချင်နေတာပဲ” လီဇယ်ခိုင်၏ အသံမှာ အေးစက်လုမတတ် တည်ငြိမ်နေပြီး ညကြည့်မှန်ပြောင်းအောက်ရှိ သူ၏ မျက်လုံးများက အနည်းငယ် မှေးစင်းသွားရသည်။

​လုချင်ဟယ်သည် သူ၏ မှန်ပြောင်းကို ချလိုက်ပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။ “သူတို့က ငါတို့ကို ဒိုင်းကာအဖြစ် သုံးဖို့ စီစဉ်နေတာပဲ... ”

​လူနှစ်ဆယ့်တစ်ဦးသည် ကားအပြင်ဘက်တွင် ရပ်ကာ အဝေးမှ ထွက်ပြေးလာသော လူအုပ်ကြီးကို တိတ်ဆိတ်စွာ ကြည့်နေကြလေသည်။

​ဟော့ပေါ့အိုးများမှာ အငွေ့တထောင်းထောင်း ထွက်နေဆဲဖြစ်သော်လည်း အရင်က သက်သောင့်သက်သာ လေထုမှာ ပျောက်ကွယ်သွားပြီ ဖြစ်၏။

​ဤအသက်ရှင်ကျန်ရစ်သူများ၏ ရွေးချယ်မှုကို လူတိုင်း နားလည်ကြသည်။ သူတို့နေရာတွင်သာဆိုလျှင် သူတို့လည်း ဤသို့ပင် ပြုလုပ်ကောင်း ပြုလုပ်ကြချေမည်။ သို့သော် နားလည်မှုက လက်ခံသည်ဟု မဆိုလိုချေ။

​“ကားပေါ်တက်ကြ...” ကျန်းယဲ့က ရုတ်တရက် ပြောလိုက်၏။ သူ၏ အသံမှာ မကျယ်လောင်သော်လည်း ငြင်းပယ်ရန် အခွင့်အရေး မပေးချေ။

​လုချင်ဟယ် ထပ်မံစကားမပြောနိုင်မီမှာပင် ကျန်းယဲ့က သူ့ကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်ရာ ပုံမှန်အားဖြင့် နူးညံ့သော သူ၏ မျက်လုံးများမှာ ယခုအခါ ဓားတစ်လက်ကဲ့သို့ စူးရှနေပေသည်။

​ထိုအကြည့်ကြောင့် လုချင်ဟယ်ဟာ ရင်တွင်းအောက်ခြေမှစ၍ ပါးစပ်ကို ပိတ်လိုက်ပြီး နာခံစွာဖြင့် လှည့်ထွက်သွားလိုက်သည်။

​သူတို့၏ ပန်းကန်များကိုပင် မသိမ်းဆည်းနိုင်မီ လူတိုင်းက ကျွမ်းကျင်စွာဖြင့် ဘတ်စ်ကားပေါ်သို့ တက်သွားကြလေသည်။

​ကျန်းယဲ့နှင့် လီဇယ်ခိုင်တို့သာ ကားအပြင်ဘက်တွင် ကျန်ရစ်ခဲ့ပြီး မမြင်ရသော ပိုင်းခြားမျဉ်းတစ်ခုကို ဖန်တီးထားခဲ့သည်။

​“မီတာ ရှစ်ရာ အကွာအဝေးမှာ ဇွန်ဘီ အကောင်နှစ်ရာလောက် ရှိတယ်....” လီဇယ်ခိုင်က ဒေတာများကို တည်ငြိမ်စွာ သတင်းပို့လိုက်ပြီး သူ၏ စနိုက်ပါ ရိုင်ဖယ်မှာ အသင့်အနေအထားတွင် ရှိနေပြီဖြစ်သည်။ “စစ်ဆင်ရေးကို ညွှန်ကြားနေတဲ့ အဆင့်မြင့် ဇွန်ဘီ သုံးကောင် ရှိတယ်။ ဘယ်ဘက်ခြမ်းမှာ တစ်ကောင်၊ ညာဘက်ခြမ်းမှာ တစ်ကောင်၊ ပြီးတော့ အနောက်ဘက်မှာ တစ်ကောင်...”

​ဝမ်ပင်းက ဆုံချက်ကို ချိန်ညှိလိုက်၏။ “သူတို့က ဇွန်ဘီတွေ သူတို့နောက်ကနေ ရင်ပြင်ကို လိုက်လာဖို့ သေချာအောင် တမင်တကာ ကွေ့ပတ်ပြီး လာနေတာ”

​“ဒါက လူ့သဘာဝပဲလေ...” ကျွမ်လော်က တိုးညင်းစွာ ပြောလိုက်၏။ သူ၏ လေသံတွင် ဝေဖန်မှု မပါဝင်ဘဲ အမှန်တရားကိုသာ ဖော်ပြနေခြင်း ဖြစ်၏။

​အသက်ရှင်ကျန်ရစ်သူများ နီးကပ်လာသည်နှင့်အမျှ ကျန်းယဲ့သည် သူတို့၏ မျက်နှာပေါ်ရှိ တွန့်လိမ်နေသော ကြောက်ရွံ့မှုများကိုပင် မြင်တွေ့နိုင်လေသည်။

​ရှေ့ဆုံးမှ ပြေးလာသော ဘော့စ်ဝူက သူ၏ လက်မောင်းများကို ဝှေ့ယမ်းနေပြီး အမာရွတ်များ ဖုံးလွှမ်းနေသော သူ၏ မျက်နှာမှာ လရောင်အောက်တွင် အထူးပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

​“ကယ်ပါ... ကယ်ကြပါဦး” ဟူသော အက်ကွဲသည့် အော်ဟစ်သံများက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။

​ထူးဆန်းသည်မှာ အသက်ရှင်ကျန်ရစ်သူများက ရင်ပြင်နှင့် မီတာငါးဆယ် အကွာအဝေးတွင် ရှိနေစဉ် အမိန့်ပေးနေသော အဆင့်မြင့် ဇွန်ဘီများက ရုတ်တရက် ဂဏာမငြိမ် ဖြစ်လာခြင်းပင်။

​မျိုးဗီဇပြောင်း သတ္တဝါများ၏ အဆင့်က ပိုမြင့်လေ သူတို့၏ ခရီးသွားဘတ်စ်ကားကို ပို၍ ကြောက်ရွံ့လေဖြစ်နေခဲ့သည်။

​ကလေးကို ချီထားသော အမျိုးသမီးငယ်က နောက်ကောက်ကျနေချေသည်။ သူမက ခလုတ်တိုက်ကာ လဲကျလုမတတ် ဖြစ်သွားချိန်တွင် အနောက်မှ ဇွန်ဘီတစ်ကောင်က ရုတ်တရက် သူမဆီသို့ ခုန်အုပ်လိုက်၏။

​ဒိုင်း...

​လီဇယ်ခိုင်က ခလုတ်ဆွဲလိုက်ရာ ကျည်ဆန်က ပထမဆုံး ဇွန်ဘီ၏ မျက်လုံးအိမ်ကို တိကျစွာ ဖောက်ဝင်သွားပြီး အမည်းရောင် သွေးများက အမျိုးသမီး၏ ကျောပေါ်သို့ စင်ထွက်သွားလေသည်။

​လဲကျသွားသော အလောင်းက အနောက်မှ ဇွန်ဘီများကို ယာယီ တားဆီးပေးလိုက်ပြီး ထိုအခွင့်အရေးကို အသုံးချကာ အမျိုးသမီးသည် ရှေ့သို့ အသည်းအသန် ပြေးသွားလိုက်သည်။

​“ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်” သူမက ငိုယိုရင်း ပြောလိုက်ပြီး သူမ၏ ရင်ခွင်ထဲရှိ ကလေးငယ်က သူမ၏ လည်ပင်းကို တင်းကျပ်စွာ ဖက်တွယ်ထားလေသည်။

​၎င်းကို မြင်သောအခါ ဘော့စ်ဝူက ချက်ချင်း အသံကုန် အော်ဟစ်လိုက်၏။ “ကျွန်တော်တို့ အန္တရာယ်ပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်ပေးပါ... ”

​အသက်ရှင်ကျန်ရစ်သူ သုံးဆယ်ကျော်က အရူးအမူး ပြေးလာရင်း အသနားခံ စကားမျိုးစုံကို ပြောဆိုနေခဲ့ကြသည်။

​အချို့က ခါးသီးစွာ ငိုယိုကြပြီး အချို့က ထောက်ပံ့ရေးပစ္စည်းများ ပေးမည်ဟု ကတိပြုကာ အချို့ကမူ ကျွန်အဖြစ်ခံကာ ကိုယ့်ကိုယ်ကိုယ် ရောင်းစားမည်ဟုပင် ကမ်းလှမ်းကြချေသည်။

​ဝမ်ပင်းက နောက်တစ်ကြိမ် ပစ်ခတ်လိုက်ပြီး အဘိုးအိုကို ဖမ်းဆွဲတော့မည့် ဇွန်ဘီတစ်ကောင်ကို သတ်ပစ်လိုက်ကာ ပြေးလာသော လူအုပ်ကြီးကို အေးစက်စွာ အော်ဟစ်လိုက်၏။

​“တစ်မီတာ အကွာမှာ ရပ်။ မဟုတ်ရင် ခေါင်းကို ပစ်မယ်...”

​သူ၏ အသံမှာ မကျယ်လောင်သော်လည်း လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားလေသည်။

​ဤစကားလုံးများက အသက်ရှင်ကျန်ရစ်သူများ၏ ခေါင်းပေါ်သို့ ရေခဲရေ တစ်ပုံး လောင်းချလိုက်သကဲ့သို့ ဖြစ်သွားရသည်။

​ဘော့စ်ဝူက ပိန်လှီသော မျောက်ကို အကြည့်တစ်ချက် ပေးလိုက်ရာ ဘော့စ်၏ အမိန့်ကို ရရှိသော ပိန်လှီသော မျောက်က မငြင်းဆန်ရဲချေ။

​သူက သူ့ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများကို အော်ဟစ်လှုံ့ဆော်လိုက်၏။ “သူတို့ မပစ်ရဲပါဘူး။ ဝင်တိုက်...”

​ထိုဟိန်းဟောက်သံတွင် မျှော်လင့်ချက်မဲ့ပြီး ရူးသွပ်သော ဒေါသတစ်ခု ပါဝင်နေပေသည်။

​မျက်မှန်တပ်ထားသော အမျိုးသားက သူ၏ မျက်မှန်ကို ပင့်တင်လိုက်ရာ မျက်မှန်မှန်ဘီလူးများမှ အေးစက်သော အလင်းရောင်တစ်ခု ထင်ဟပ်သွားပြီးနောက် သူက လူအုပ်ကို လှုံ့ဆော်လိုက်၏။

​“သေနတ်ငါးလက်တည်းကို ငါတို့ လူသုံးဆယ်ကျော်က ဘာကြောက်စရာရှိလို့လဲ....”

​ထိုစကားကို ကြားသောအခါ အသက်ရှင်ကျန်ရစ်သူများ၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားကြသည်။

​သေမင်း၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရသောအခါ လူသားဆန်မှု၏ အောက်ခြေစည်းက အလွယ်တကူ ချိုးဖောက်ခံရတတ်ပေသည်။

​သူတို့သည် ဆာလောင်နေသော ဝံပုလွေတစ်အုပ်ကဲ့သို့ ဘတ်စ်ကားဆီသို့ ခုန်အုပ်လာကြပြီး ဝမ်ပင်း၏ အစောပိုင်း သတိပေးချက်များကို လုံးဝ လျစ်လျူရှုထားလိုက်ကြသည်။

​“ဒါရိုက်တာကျန်း...” ကျွမ်လော်၏ လက်ချောင်းက ခလုတ်ပေါ်တွင် ရှိနေပြီး သူ၏ မျက်လုံးများတွင် လူသတ်လိုသော ရည်ရွယ်ချက်များ ပြည့်နှက်နေခဲ့သည်။

​ကျန်းယဲ့သည် သူ့ကို တားဆီးရန် လက်ကို မြှောက်လိုက်ပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာလေသည်။

​“မလောပါနဲ့”

​သူသည် လီဇယ်ခိုင်ဘက်သို့ လှည့်ကြည့်လိုက်၏။

​“သူတို့ဆီက ခရစ်စတယ်စွမ်းအင်တုံးတွေ မလိုချင်ဘူးလား...”

​ဤလူများသည် သူတို့ကိုယ်သူတို့ လာရောက်ဆက်သနေကြသည်ဖြစ်ရာ အဘယ်ကြောင့် မယူဘဲ နေရမည်နည်း။

​လီဇယ်ခိုင် မျက်မှောင်ကြုတ်သွားသော်လည်း ရုတ်တရက် သဘောပေါက်သွားရသည်။

​ဇွန်ဘီများကို ဒီလူတွေကို စားခွင့်ပေးပြီးမှ သူတို့ရဲ့ ခရစ်စတယ်စွမ်းအင်တုံးတွေအတွက် ဇွန်ဘီတွေကို လိုက်ဖမ်းနေမယ့်အစား သူတို့ဆီက တိုက်ရိုက်ယူလိုက်တာက ပိုသန့်ရှင်းတယ်... ကျန်းမာရေးနဲ့ ပိုညီညွတ်တယ်.... ပြီးတော့ ပိုလုံခြုံတယ်။

​“လူသုံးဆယ်ကျော်ကို ခင်ဗျား နိုင်ပါ့မလား” လီဇယ်ခိုင်က တိုးညင်းစွာ မေးလိုက်ပြီး သူ၏ လက်ချောင်းမှာ ခလုတ်ပေါ်တွင် ရှိနေဆဲ ဖြစ်သည်။

​ကျန်းယဲ့က ခေါင်းညိတ်လိုက်၏။

​“ဆယ်မီတာ ပတ်လည်အတွင်းမှာဆိုရင် ကျွန်တော်က ဆရာကြီးပဲ... ”

​မည်သည့် ပစ်ခတ်မှုမျှ မရှိသည်ကို မြင်သောအခါ အသက်ရှင်ကျန်ရစ်သူများမှာ ပိုမို ရဲတင်းလာကြလေသည်။

​အချို့က မကောင်းဆိုးဝါးဆန်စွာ ပြုံးဖြီးဖြီး လုပ်ကာ ကားများနှင့် ထောက်ပံ့ရေး ပစ္စည်းများကို ခိုးယူရန်ပင် ကြံစည်နေကြ၏။

​ဘော့စ်ဝူက လူအုပ်ကြားတွင် ရောနှောနေပြီး သူ၏ ရက်စက်သော အကြည့်များက ဘတ်စ်ကားကို အမြဲတမ်း စောင့်ကြည့်ကာ အားနည်းချက်များကို ရှာဖွေနေခဲ့သည်။

​“ပိုနီးလာပြီ.... ” ပိန်လှီသော မျောက်က ကွဲအက်နေသော သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရာ သူ၏ လက်ဖဝါးထဲတွင် မြေဝါရောင် စွမ်းအင်တစ်ခု စုစည်းလာပြီး သူ၏ မြေစွမ်းရည်မှာ ပေါက်ကွဲထွက်ရန် အသင့်ဖြစ်နေပြီ ဖြစ်၏။

​တစ်ဖက်လူများက တစ်ခုခု လှုပ်ရှားရဲပါက သူက ချက်ချင်း ဟန့်တားပြီး တန်ပြန်တိုက်ခိုက်မည် ဖြစ်သည်။

​မီတာ လေးဆယ်၊ မီတာ သုံးဆယ်၊ မီတာ နှစ်ဆယ်...

​ပထမဆုံး အသက်ရှင်ကျန်ရစ်သူက ဘတ်စ်ကား၏ ဆယ်မီတာ အတွင်းသို့ ခြေချလိုက်သည့် အခိုက်အတန့်.....

​ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေဆဲဖြစ်သော ဤအသက်ရှင်ကျန်ရစ်သူများက သူတို့ မှီခိုအားထားနေရသော စူပါပါဝါများ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်းကို မသိရှိကြသေးချေ။

​ခွန်အားများကို တိတ်တဆိတ် စုဆောင်းနေခဲ့သော ပိန်လှီသော မျောက်က ဆယ်မီတာအတွင်းသို့ ခြေချလိုက်ချိန်တွင် တစ်စုံတစ်ရာက သူ့ကို လည်ပင်းညှစ်လိုက်သည့်အလား သူ၏ လက်ဖဝါးထဲရှိ စူပါပါဝါ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသဖြင့် အလွန်တုန်လှုပ်သွားရသည်။

​သူသည် သူ၏ စွမ်းအင်များကို ထုတ်လွှတ်ရန် အသည်းအသန် ကြိုးစားသော်လည်း ရေမရှိသော ပုလင်းထဲမှ ရေကို ညှစ်ထုတ်နေသကဲ့သို့ တစ်စက်မျှပင် ထွက်မလာတော့ချေ။

​“ဘော့စ်... ကျွန်တော့်ရဲ့ စူပါပါဝါတွေ...” သူသည် ထိတ်လန့်တကြား လှည့်ကြည့်လိုက်ရာ ဘော့စ်ဝူ၏ မျက်နှာမှာလည်း သေလုမတတ် ဖြူဖျော့နေသည်ကို တွေ့လိုက်ရ၏။

​သူတို့သာမက ဤဧရိယာအတွင်းသို့ ခြေချမိသော စူပါပါဝါရှင် အားလုံးက ပလပ်ဖြုတ်ခံလိုက်ရသော စက်များကဲ့သို့ သာမန်လူများအဖြစ်သို့ ချက်ချင်း ပြန်လည်ပြောင်းလဲသွားခဲ့ကြသည်။

​အခန်း ၁၄၇ပြီး၏။

All Chapters