← Chapters

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း (၁၄၉) ခြိမ်းခြောက်ဟန့်တားခြင်း

​ကျန်းယဲ့၏ အကြည့်က တုန်ရီနေသော သားအမိနှစ်ဦးပေါ်သို့ ဝေ့ဝဲသွားခဲ့သည်။ အမျိုးသမီးက ကလေးကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး ကလေး၏ မျက်နှာကို သူမ၏ ရင်ခွင်ထဲသို့ ဖိထားကာ ကျန်းယဲ့က ကလေးကို သတိထားမိသွားမည်ကို ကြောက်ရွံ့နေလေသည်။

​သို့သော် ကလေးက ခေါင်းကို ခေါင်းမာစွာ လှည့်လာပြီး ကြည်လင်နေသော သူ၏ မျက်လုံးအစုံဖြင့် ကျန်းယဲ့ကို စူးစိုက်ကြည့်နေကာ သူ၏ အကြည့်ထဲတွင် ကြောက်ရွံ့မှု ကင်းမဲ့နေပြီး သူ၏ အသက်အရွယ်နှင့် မလိုက်ဖက်အောင် တည်ငြိမ်မှုတစ်ခုသာ ရှိနေ၏။

​ကျန်းယဲ့က သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မြေကြီးပေါ်တွင် ဒူးထောက်နေသော မျောက်ပိန်နှင့် မျက်မှန်တပ်ထားသော အမျိုးသားကို ကြည့်လိုက်ပြန်သည်။

​“မင်းတို့ဆီမှာရှိတဲ့ ခရစ်စတယ်စွမ်းအင်တုံး အကုန်လုံး ထုတ်ပေးစမ်း....”

​မျောက်ပိန်က တုန်ယင်သွားပြီး သူ၏ တုန်ရီနေသော လက်ချောင်းများဖြင့် အင်္ကျီအတွင်းအိတ်ထဲမှ ချွေးများ ပေကျံနေသော အဝတ်အိတ်ငယ် တစ်လုံးကို ဆွဲထုတ်လိုက်၏။ “အကုန်လုံး ဒီမှာပါ..”

​မျက်မှန်တပ်ထားသော အမျိုးသားကလည်း အင်္ကျီ၏ လျှို့ဝှက်အိတ်ကပ်ထဲမှ မှိန်ဖျော့ဖျော့ လင်းလက်နေသော ခရစ်စတယ်စွမ်းအင်တုံး ဆယ်တုံးကို အလျင်အမြန် ဆွဲထုတ်လိုက်သည်။ “ဒါတွေက ကျွန်တော့်ဟာတွေပါ...”

​ဝမ်ပင်းက သတ္တုဗန်းတစ်ခုကို ကိုင်ကာ လျှောက်လာပြီး ခရစ်စတယ်စွမ်းအင်တုံးများကို ထိုဗန်းပေါ်တွင် တင်ရန် လက်ဟန်ပြလိုက်၏။

​လီဇယ်ခိုင်က လက်အိတ်များကို စွပ်ကာ ထိုအမျိုးသား နှစ်ဦးကို သေချာစွာ ရှာဖွေရန် ရှေ့သို့ တိုးလာချေသည်။

​သူ၏ နည်းစနစ်များမှာ ပရော်ဖက်ရှင်နယ် ဆန်လှပြီး နားရွက်နောက်၊ ပါးစပ် သို့မဟုတ် လက်သည်းကြားများကိုပင် မလွတ်တမ်း ရှာဖွေခဲ့၏။

​“ရှင်းသွားပြီ” လီဇယ်ခိုင်က အတည်ပြုလိုက်၏။

​မျောက်ပိန်နှင့် မျက်မှန်တပ်ထားသော အမျိုးသား သက်ပြင်းချလိုက်ချိန်မှာပင် သူတို့၏ ခန္ဓာကိုယ်များ ရုတ်တရက် တောင့်တင်းသွားသည်ကို ခံစားလိုက်ကြရသည်။ သူတို့ ထပ်မံ၍ မလှုပ်ရှားနိုင်တော့ကြောင်း တွေ့ရှိလိုက်ရသဖြင့် အလွန် ထိတ်လန့်သွားကြ၏။

​သူတို့၏ မျက်လုံးများသာ လှုပ်ရှားနိုင်တော့ပြီး ပါးစပ်မှ အသံများသာ ထွက်နိုင်တော့ခေသည်။

​“အစ်... အစ်ကိုကြီး။ ကျွန်တော်တို့ မှားမှန်း တကယ် သိပါပြီ” မျောက်ပိန်၏ အသံမှာ ရှိုက်သံများဖြင့် နင်နေလေသည်။ “ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အသက်ရှင်ခွင့် ပေးပါ...”

​မျက်မှန်တပ်ထားသော အမျိုးသားက မျက်ရည်များဖြင့် “ကျွန်တော်တို့ ခင်ဗျားရဲ့ ကျွန်အဖြစ် နေပါ့မယ်။ ငါးစာအဖြစ်တောင် နေပေးပါ့မယ်။ ကျွန်တော်တို့ကို သတ်တာထက် အသက်ရှင်ခွင့် ပေးတာက အများကြီး ပိုကောင်းပါတယ်”

​ကျန်းယဲ့က သူတို့၏ အသနားခံမှုများကို လျစ်လျူရှုလိုက်ပြီး စိတ်ဖြင့် တွေးလိုက်ရုံဖြင့် ထိုနှစ်ဦးကို မမြင်ရသော ကြိုးများဖြင့် ဆွဲယူထားသည့်အလား လုံခြုံရေးဇုန်၏ အစွန်းဘက်သို့ ဖြည်းညှင်းစွာ ဆွဲခေါ်သွားလေသည်။

​“ဟင့်အင်း... မလုပ်ပါနဲ့” မျောက်ပိန်က နီးကပ်လာသော ဇွန်ဘီအုပ်စုကို ကြည့်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

​ရှေ့ဆုံးတန်းရှိ ဇွန်ဘီများ၏ ပုပ်ဟက်နေသော မျက်နှာများတွင် လောဘကြီးသော အမူအရာများပင် ရှိနေပြီး သူတို့၏ ပါးစပ်ထောင့်များမှ ဝါညိုရောင် တံတွေးများ ကျဆင်းနေခဲ့သည်။

​နောက်ဆုံးတွင် ထိုနှစ်ဦးသည် လုံခြုံရေးဇုန်၏ အစွန်း၊ အနီးဆုံး ဇွန်ဘီမှ မီတာဝက်ပင် မကွာဝေးသော နေရာတွင် ရပ်တန့်သွားကြသည်။

​ပုပ်ဟက်နေသော အသားနံ့များကြောင့် မျောက်ပိန်မှာ အန်လုမတတ် ဖြစ်သွားရ၏။

​ထိုအချိန်တွင် ကျန်းယဲ့၏ အကြည့်က ဇွန်ဘီအုပ်စုကို ဖြတ်ကျော်သွားပြီး အုပ်စု၏ အနောက်ဘက်ရှိ အရပ်ရှည်ရှည် ပုံရိပ်တစ်ခုပေါ်တွင် ရပ်တန့်သွားလေသည်။ ၎င်းမှာ စုတ်ပြတ်သတ်နေသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အဆင့်ငါး ဇွန်ဘီတစ်ကောင် ဖြစ်ပြီး ၎င်း၏ ပုပ်ဟက်နေသော မျက်နှာပေါ်တွင် လူသားများကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေး အရိပ်အယောင်တစ်ခုပင် ပေါ်လွင်နေ၏။

​“ဟေ့... ” ကျန်းယဲ့က ရုတ်တရက် စကားပြောလိုက်၏။ သူ၏ အသံမှာ မကျယ်လောင်သော်လည်း ဇွန်ဘီအုပ်စု၏ ဟိန်းဟောက်သံများကို ဖြတ်သန်းကာ ရှင်းလင်းစွာ ထွက်ပေါ်သွားခဲ့သည်။ “ဒီနှစ်ကောင်က မင်းအတွက်ပဲ...”

​ကျန်းခိုင်နှင့် ကားပေါ်ရှိ အခြားသူများ အပါအဝင် လူတိုင်း မှင်သက်သွားကြ၏။ အသက်ရှင်ကျန်ရစ်သူများက တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြ၏။

​‘ဒီလူငယ်လေး ရူးသွားတာလား’

​‘သူက ဇွန်ဘီကို စကားပြောနေတာလား...’

​ကျန်းယဲ့က ဆက်ပြောခေသည်။ “သူတို့ကို ဝေးဝေးကနေပဲ သတ်... ငါ့နေရာကိုတော့ လာမညစ်ပတ်စေနဲ့”

​အဆင့်ငါး ဇွန်ဘီ၏ နောက်ကျိနေသော မျက်လုံးများ လှုပ်ရှားသွားပြီး ရုတ်တရက် တိုးညင်းသော ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်၏။

​အံ့သြဖွယ်ကောင်းစွာပင် ဇွန်ဘီများက အမိန့်ရထားသော စစ်သားများကဲ့သို့ တညီတညွတ်တည်း ဘေးသို့ဖယ်ပေးကာ လမ်းကြောင်းတစ်ခု ဖန်တီးပေးလိုက်ကြသည်။

​“ဝုန်း...”

​အဆင့်ငါး ဇွန်ဘီက နောက်ထပ် အမိန့်တစ်ခု ထုတ်ပြန်လိုက်ရာ ဗလကောင်းကောင်း အဆင့်လေး ဇွန်ဘီနှစ်ကောင်က မျောက်ပိန်နှင့် မျက်မှန်တပ်ထားသော အမျိုးသားကို လွှဲပြောင်းယူရန် ရှေ့သို့ ထွက်လာခဲ့ကြသည်။

​“ဟင့်အင်း... ကယ်ကြပါဦး။ ကျေးဇူးပြုပြီး....” မျောက်ပိန်က နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ဘောင်းဘီမှာ ချွေးများဖြင့် ရွှဲနစ်နေချေပြီ။

​သူသည် အခြား အသက်ရှင်ကျန်ရစ်သူများကို တိုက်တွန်းကာ နောက်ဆုံး ကြိုးပမ်းမှုတစ်ခု ပြုလုပ်နေသေးခေသည်။ “မင်းတို့ အကုန်လုံး ပူးပေါင်းပြီး သူ့ကို သတ်လိုက်ကြ... မဟုတ်ရင် မင်းတို့လည်း ငါတို့လို အဆုံးသတ်သွားလိမ့်မယ်”

​မျက်မှန်တပ်ထားသော အမျိုးသားမှာ လုံးဝ ထိတ်လန့်နေပြီး သူ၏ နှုတ်ခမ်းများ တုန်ယင်နေသော်လည်း စကားတစ်ခွန်းမျှ ထွက်မလာချေ။ အခြား အသက်ရှင်ကျန်ရစ်သူများကလည် လုံးဝ မလှုပ်ရှားကြပေ။ သူတို့သည် အရူးများ မဟုတ်ကြ။

​ကျန်းယဲ့က ညင်သာစွာ လက်ဝှေ့ယမ်းလိုက်ရာ ထိုနှစ်ဦးသည် မမြင်ရသော အင်အားတစ်ခုဖြင့် လုံခြုံရေးဇုန် ပြင်ပသို့ တွန်းထုတ်ခံလိုက်ရ၏။ အဆင့်လေး ဇွန်ဘီနှစ်ကောင်က သူတို့ကို ဆာလာအိတ်များကဲ့သို့ ချက်ချင်း ဆွဲခေါ်သွားပြီး လမ်း၏ မှောင်မိုက်နေသော အဆုံးတစ်ဖက်သို့ ပျောက်ကွယ်သွားကြလေသည်။

​အော်ဟစ်သံများက အဝေးသို့ တဖြည်းဖြည်း မှေးမှိန်သွားပြီး နောက်ဆုံးတွင် တုံးတိတိ အသံတစ်ခုက အော်ဟစ်သံများကို ရုတ်တရက် အဆုံးသတ်သွားစေခဲ့သည်။

​ရင်ပြင်သည် သေလုမတတ် တိတ်ဆိတ်သွား၏။ အသက်ရှင်ကျန်ရစ်သူများမှာ ကျောက်ရုပ်များကဲ့သို့ ဖြစ်သွားကြပြီး အရင်က ပြသခဲ့သော လောဘများမှာ ယခုအခါ ကြောက်ရွံ့မှုဖြင့် အစားထိုးခံလိုက်ရသည်။ ဇွန်ဘီများကို အမိန့်ပေးနိုင်သော လူတစ်ယောက်သည် သူတို့ မြင်ဖူးသမျှ မည်သည့် မိစ္ဆာထက်မဆို ပို၍ ကြောက်မက်ဖွယ် ကောင်းနေပေသည်။

​ကလေးကို ချီထားသော အမျိုးသမီးက မသိစိတ်မှ အလိုအလျောက် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သော်လည်း သူမ၏ ရင်ခွင်ထဲရှိ ကောင်လေးက ရုတ်တရက် စကားပြောလာ၏။ “မေမေ.. အဲဒီ ဦးလေးကြီးက အရမ်း တော်တာပဲနော်”

​တိတ်ဆိတ်မှုကြားတွင် ကလေး၏ အသံမှာ အထူးပင် ရှင်းလင်းနေချေသည်။

​အမျိုးသမီးက ကလေး၏ ပါးစပ်ကို အမြန် ပိတ်လိုက်ပြီး ကျန်းယဲ့က သူတို့ကို အန္တရာယ် ပြုမည်ကို ကြောက်ရွံ့စွာဖြင့် ကျန်းယဲ့ကို ထိတ်လန့်တကြား ကြည့်လိုက်၏။

​ကျန်းယဲ့က ကလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ မျက်နှာလွှဲကာ ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူများဘက်သို့ လှည့်လိုက်လေသည်။

​“စမ်းကြည့်ချင်တဲ့သူ ရှိသေးလား...”

​လူတိုင်း တညီတညွတ်တည်း ခေါင်းခါလိုက်ကြပြီး အချို့က ဒူးပင် ထောက်ချလိုက်ကြသည်။

​ကားအတွင်း၌ လုချင်ဟယ်က စိတ်လှုပ်ရှားစွာဖြင့် ထိုင်ခုံကို ထုကာ “ဒါရိုက်တာကျန်းက အရမ်းမိုက်တာပဲ။ သူက တကယ်ကြီး ဇွန်ဘီတွေကို အမိန့်ပေးနိုင်တယ်ကွ... ”

​ကျန်းခိုင်က ပြတင်းပေါက်သို့ တိုးကပ်ကာ ငုံးများကဲ့သို့ ဖြစ်သွားသော အသက်ရှင်ကျန်ရစ်သူ အုပ်စုကို ကြည့်လိုက်၏။ “အခုတော့ သူတို့ လိမ်လိမ်မာမာ နေသွားကြပြီ... ဘာ မတော်တရော် အကြံအစည်မှ မတွေးရဲတော့ဘူး”

​ရှန်ကျီရှား၏ မျက်လုံးများထဲတွင် ကျန်းယဲ့ကို ကြည့်ရင်း အသည်းပုံလေးများ ပို၍ပို၍ ပြည့်နှက်လာချေသည်။ “ဒါရိုက်တာကျန်းက ဘယ်လောက်တောင် အစွမ်းထက်တယ် ထင်လဲ...”

​ဤမေးခွန်းက လူတိုင်းကို နက်နက်ရှိုင်းရှိုင်း တွေးတောသွားစေ၏။ ကားအပြင်ဘက်တွင် လက်နောက်ပစ်ကာ ရပ်နေသော ပုံရိပ်ကို ကြည့်ရင်း သူတို့သည် အမှန်တရားကို ပထမဆုံးအကြိမ် သဘောပေါက်သွားကြရသည်။

​‘အပေါ်ယံကြည့်ရင် နူးညံ့ပုံရတဲ့ ဒီဒါရိုက်တာကျန်းရဲ့ နောက်ကွယ်က စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ...’

​ကျန်းယဲ့၏ အကြည့်က ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူ နှစ်ဆယ့်လေးဦးအပေါ် ဓားသွားတစ်လက်ကဲ့သို့ ဝေ့ဝဲသွား၏။ သူတို့ တစ်ဦးစီတိုင်းက မသိစိတ်မှ အလိုအလျောက် လည်ပင်းများ ပုဝင်သွားကြပြီး မြေကြီးထဲသို့ ဝင်ပုန်းချင်စိတ်များပင် ပေါက်လာကြသည်။

​ကလေးကို ချီထားသော အမျိုးသမီးက သူမ၏ မျက်နှာကို ကလေး၏ ပခုံးပေါ်တွင် ဖွက်ထားပြီး သူမ၏ ပိန်လှီသော ကျောပြင်မှာ အနည်းငယ် တုန်ယင်နေချေသည်။

​“မင်းတို့ဆီမှာရှိတဲ့ ခရစ်စတယ်စွမ်းအင်တုံးတွေ အကုန်လုံး ထုတ်ပေးစမ်း...” ကျန်းယဲ့၏ အသံမှာ မကျယ်လောင်သော်လည်း လူတိုင်း၏ ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွားစေလေသည်။ “မင်းတို့ကို အသက်ရှင်ခွင့် ပေးနိုင်တယ်...”

​လေထုက စက္ကန့်အနည်းငယ်ခန့် အေးခဲသွားပြီးနောက် အသက်ရှင်ကျန်ရစ်သူများက သူတို့၏ အိတ်ကပ်များထဲသို့ အရူးအမူး လက်နှိုက်ကြတော့သည်။ အချို့က သူတို့၏ ဖိနပ်ခုံအောက်မှ ချွေးနံ့နံနေသော ခရစ်စတယ်စွမ်းအင်တုံး အချို့ကို ထုတ်ယူလိုက်ကြပြီး အချို့က သူတို့၏ ကော်လာများရှိ လျှို့ဝှက်အိတ်ကပ်များကို ဖွင့်ကြကာ ထိပ်ပြောင်နေသော အမျိုးသားတစ်ဦးက သူ၏ သွားတုထဲမှ မှိန်ဖျော့ဖျော့ လင်းလက်နေသော အနီရောင် ခရစ်စတယ်စွမ်းအင်တုံး တစ်ခုကိုပင် ထုတ်ပေးလိုက်၏။

​ထိုမြင်ကွင်းမှာ ရယ်စရာကောင်းသလို စိတ်မကောင်းစရာလည်း ဖြစ်နေပြီး ကမ္ဘာပျက်ခေတ်၏ ခါးသီးမှုကို ထင်ဟပ်နေချေသည်။

​ဝမ်ပင်းက သတ္တုဗန်းကို ကိုင်ကာ တစ်ခုချင်းစီ လိုက်လံ ယူလိုက်သည်။

​သူက သားအမိနှစ်ဦးဆီသို့ လျှောက်သွားချိန်တွင် ကောင်လေးက မော့ကြည့်ကာ ကြောက်ရွံ့စွာဖြင့် “ဦးလေး... ကျွန်တော်တို့ဆီမှာ ခရစ်စတယ်စွမ်းအင်တုံးတွေ မရှိဘူး။ အကုန်လုံးကို ဘော့စ်ဝူတို့အဖွဲ့က ယူသွားကြပြီ” ဟု ပြောလိုက်၏။

​ဝမ်ပင်း၏ အကြည့်က ကလေး၏ မျက်နှာပေါ်တွင် တစ်စက္ကန့်ခန့် ရပ်တန့်သွားလေသည်။ မျက်နှာလေးမှာ ညစ်ပတ်နေသော်လည်း ထူးထူးခြားခြား ကြည်လင်နေသော မျက်လုံးတစ်စုံ ရှိနေခဲ့သည်။

​သူ ဘာမှမပြောဘဲ သူတို့ကို လျစ်လျူရှုကာ နောက်တစ်ယောက်ဆီသို့ ကျော်သွားလိုက်၏။ ထို့ကြောင့် အမျိုးသမီး၏ တင်းမာနေသော ပခုံးများက အနည်းငယ် ပြေလျော့သွားရသည်။

​ဗန်းပေါ်တွင် ရောင်စုံ တောင်တန်း လေးတစ်ခု စုပုံလာသည်နှင့်အမျှ အသက်ရှင်ကျန်ရစ်သူ အားလုံးက သူတို့၏ ကံကြမ္မာကို စောင့်ဆိုင်းရင်း အသက်အောင့်ထားကြ၏။

​အချို့က ဘတ်စ်ကားကို တိတ်တဆိတ် ခိုးကြည့်ကြပြီး ဤအစွမ်းထက်သော ပုဂ္ဂိုလ်နောက်သို့ လိုက်ပါက သူတို့ နေရာတစ်နေရာ ရနိုင်ကောင်းပါရဲ့ဟု စိတ်ကူးယဉ်နေကြချေသည်။

အချို့က မြေကြီးကို စိုက်ကြည့်ကာ ထွက်ပြေးလွတ်မြောက်နိုင်ခြေကို တွက်ချက်နေခဲ့ကြသည်။ အခြား လူအများစုမှာမူ အသတ်ခံရမည့် သိုးပေါက်လေးများကဲ့သို့ ထိုနေရာတွင် ထုံထိုင်းစွာ ရပ်နေကြလေသည်။

​ကျန်းယဲ့က စွမ်းအင်များ ပါဝင်နေသော ခရစ်စတယ်စွမ်းအင်တုံးကို ငုံ့ကြည့်လိုက်ပြီးနောက် အသက်ရှင်ကျန်ရစ်သူများကို တည်ငြိမ်သော အမူအရာနှင့် ပြတ်သားသော လေသံဖြင့် ပြောလိုက်၏။ “အခု မင်းတို့မှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်”

​လူတိုင်း နားစွင့်လိုက်ကြ၏။

​“ပထမတစ်ခု....” သူက လက်ချောင်းတစ်ချောင်းကို ထောင်ပြလိုက်သည်။ “ဒီနေရာမှာပဲ နေပြီး ကိုယ့်ဘာသာ ရှင်သန်ကြ”

​အသက်ရှင်ကျန်ရစ်သူ အချို့က အသက်ရှိုက်လိုက်ကြပြီး မလှမ်းမကမ်းတွင် ချောင်းမြောင်းနေသော ဇွန်ဘီအုပ်စုကို မသိစိတ်မှ အလိုအလျောက် လှမ်းကြည့်လိုက်ကြ၏။

​“ဒုတိယတစ်ခု... ” ကျန်းယဲ့က ဒုတိယ လက်ချောင်းကို ထောင်ပြလိုက်၏။ “ငါနဲ့ လိုက်ခဲ့... ဒါပေမဲ့ တစ်ယောက်ကို နေ့တိုင်း ခရစ်စတယ်စွမ်းအင်တုံး ငါးတုံးစီ ပေးရမယ်....”

​မြင်ကွင်းမှာ သေလုမတတ် တိတ်ဆိတ်သွားချေသည်။

​ခရစ်စတယ်စွမ်းအင်တုံး ငါးတုံးဆိုသည်မှာ နေ့စဉ် ဇွန်ဘီ အနည်းဆုံး ငါးကောင်ကို လိုက်လံသတ်ဖြတ်ရမည်ဟု ဆိုလိုခြင်းပင်။

အခန်း ၁၄၉ပြီး၏။

All Chapters