← Chapters

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း (၁၅၂) ကားခေါင်မိုးပေါ်တွင် ထိုင်လိုက်ကြခြင်း

​နံနက်ခင်း အလင်းရောင်အောက်တွင် လူငယ်မိခင်သည် သူမရရှိထားသော ကျစ်လစ်သည့် ဘီစကွတ်များကို ဂရုတစိုက်ဖြင့် တစ်ဝက်ခြိုးကာ သူမ၏ သားဖြစ်သူကို ပေးလိုက်၏။

​ဝက်သားဟင်း၏ ရနံ့မှာ လေထဲတွင် ပျံ့လွင့်နေပြီး သားအမိနှစ်ယောက်၏ ဗိုက်ထဲမှ ကျယ်လောင်စွာ မြည်သံများ ထွက်ပေါ်လာသော်လည်း မည်သူမျှ ဝယ်ယူရန် စကားမဆိုကြချေ။

​“မေမေ... သား မနေ့က အသားစားထားတော့ ဒီနေ့ မစားချင်တော့ဘူး... ” ကောင်လေး လီယန်သည် ဘီစကွတ်ကို ပို၍ သေးငယ်သော အပိုင်းလေးများအဖြစ် ခြိုးကာ သူ၏ မိခင်လက်ထဲသို့ ဂရုတစိုက် ထည့်ပေးလိုက်သည်။

​လူငယ်မိခင်မှာ လည်ချောင်းထဲတွင် တစ်စုံတစ်ရာ ပိတ်ဆို့နေသကဲ့သို့ ခံစားလိုက်ရ၏။

​သူမသည် သူမ၏ ခင်ပွန်းကို မသတိရဘဲ မနေနိုင်တော့ပေ။ သူသာ အသက်ရှင်နေပါက သူ၏ မီးစွမ်းအားဖြင့် သူတို့မိသားစုကို ကာကွယ်ပေးပြီး ပိုမိုကောင်းမွန်သော ဘဝကို ပေးနိုင်မှာ သေချာချေသည်။

​ကားပြတင်းပေါက်နားတွင် လီချင်သည် ကောင်လေးက ဘီစကွတ်ကို ဟန်းစတားလေးတစ်ကောင်လို ချစ်စဖွယ် စားသောက်နေသည်ကို ကြည့်ကာ သူမ၏ စိတ်နှလုံးမှာ နူးညံ့သွားရသည်။

​ထို့နောက် သူမဟာ အငွေ့တထောင်းထောင်း ထွက်နေသော အသားပေါက်စီ အိတ်တစ်အိတ်ကို ထုတ်ယူကာ ကားပြတင်းပေါက်မှတစ်ဆင့် လှမ်းပေးလိုက်၏။ “ရော့... ကောင်လေး”

​လီယန်၏ မျက်လုံးများ တောက်ပသွားသော်လည်း သူ၏ မိခင်ထံသို့ အရင်ဆုံး လှမ်းကြည့်လိုက်ပြီး သူမ၏ သဘောတူညီချက် ရရှိမှသာ လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်လေသည်။

​“ကျေးဇူးတင်ပါတယ် အစ်မ..” ဟု သူက ကြည်လင်သော အသံဖြင့် ပြောလိုက်ရာ သူ၏ ညစ်ပတ်နေသော မျက်နှာလေးပေါ်တွင် စင်ကြယ်သော အပြုံးတစ်ခု ပွင့်လန်းသွားခဲ့သည်။

​“မင်းနာမည်က ဘာလဲ... ” လီချင်က တိုးညင်းစွာ မေးလိုက်၏။

​“ကျွန်တော့်နာမည် လီယန်ပါ။ ကျွန်တော့်အဖေက ယန်ဆိုတာ မီးတောက်လို့ ပြောတယ်.”

​ကလေးသည် သူ၏ ရင်ဘတ်လေးကို ဖောင်းကားကာ ဂုဏ်ယူစွာ ပြောလိုက်၏။

​ဟော့ပေါ့စားရန် အဆင်မပြေခဲ့သော အသက်ရှင်ကျန်ရစ်သူအချို့က အသားပေါက်စီအိတ်ကို စူးစိုက်ကြည့်ကာ တံတွေးများကို မျိုချနေကြသော်လည်း မည်သူမျှ ချဉ်းကပ်ရန် မဝံ့ရဲကြချေ။

​သူတို့၏ အကြည့်များကို သတိပြုမိသော သားအမိနှစ်ယောက်မှာ ပူလောင်မှုကိုပင် ဂရုမစိုက်တော့ဘဲ ပေါက်စီ ငါးလုံးစလုံးကို အငမ်းမရ စားသောက်လိုက်ကြရာ အမှုန်အမွှားလေးပင် မကျန်တော့ပေ။

​ဟော့ပေါ့ကို စားသောက်နေကြသော အခြားသူများလည်း ထမင်းများကို အငမ်းမရ စားသောက်နေခဲ့ကြသည်။

​တစ်စုံတစ်ယောက်က ဝက်သားဟင်းကို ကိုက်စားလိုက်ရာ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး “အရမ်း အရသာရှိတာပဲ...” ဟု ရေရွတ်လိုက်သည်။

​တစ်စုံတစ်ယောက်က ကြွယ်ဝသော ဟင်းရည်စိမ့်ဝင်နေသည့် အသားတုံးကြီးကို ကောက်ကိုင်လိုက်ရာ သူ၏ လက်များ တုန်ယင်နေ​၏။

​အချို့လူများမှာ စားသောက်နေရင်း မျက်ရည်များပင် ကျလာကြချေသည်။ သူတို့ ပုံမှန် အစားအစာမျိုးကို မစားရသည်မှာ ကြာလှချေပြီ။

​“ဒီ... ဒီထမင်းက တကယ် အရသာရှိတာပဲ...” မုတ်ဆိတ်မွေး ထူထပ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှာ ငိုရှိုက်သံဖြင့် ပြောလိုက်၏။

​သူ၏ဘေးရှိ မျက်မှန်တပ်ထားသော လူငယ်မှာ ဟင်းရည်ကိုပင် မချန်တော့ဘဲ ပန်းကန်ကို ကုတ်ခြစ်စားပြီးနောက် နောက်ဆုံးတွင် မေးလိုက်သည်။ “အစ်ကိုကျန်း.. ဒီလို ထမင်းဘူးတွေကို နေ့တိုင်း ဝယ်လို့ရဦးမှာလား”

​ကျန်းယဲ့သည် ကားတံခါးကို မှီလျက် ပြုံးကာ ပြောလိုက်၏။ “ခရစ်စတယ်စွမ်းအင်တုံး ရှိနေသရွေ့ မင်းတို့ လိုချင်သလောက် ရနိုင်တယ်...”

​သူသည် အသက်ရှင်ကျန်ရစ်သူများ မမြင်နိုင်သော မီနူးတစ်ခုကို ကျယ်လောင်စွာ ဖတ်ပြလိုက်၏။ “ကွန်ပေါင်းကြက်သားဟင်း၊ ဝက်နံရိုးကင်၊ ဟင်းခါး... နေ့တိုင်း ဟင်းလျာအမျိုးမျိုး ရနိုင်တယ်။ ဒီထမင်းဘူးတွေ အားလုံးက ခရစ်စတယ်စွမ်းအင်တုံး တစ်ခုစီပဲ..”

​အသက်ရှင်ကျန်ရစ်သူများမှာ ထိုဟင်းလျာများကို တွေးတောမိရုံနှင့်ပင် ဗိုက်ဆာလာကြလေသည်။

​အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ ကျန်းယဲ့နောက်သို့ လိုက်ပါရန် စိတ်ဆုံးဖြတ်ထားကြ၏။

​ဤနေရာတွင် ဇွန်ဘီများ၏ တိုက်ခိုက်ခြင်းကို စိတ်ပူစရာ မလိုသလို ဈေးသက်သာပြီး အရသာရှိသော အစားအစာများကိုလည်း စားနိုင်သေး၏။ ထို့အပြင် အခြေစိုက်စခန်းတွင် နေရသည်ထက် အများကြီး ပိုကောင်းလေသည်။

ကာကွယ်ခမှာ အနည်းငယ် ဈေးကြီးသော်လည်း ကျန်အရာအားလုံးမှာ အားသာချက်များပင်။

​လီယန်၏ မိခင်က သူမ၏ နှုတ်ခမ်းထောင့်ရှိ အဆီများကို လျှာဖြင့် သပ်နေသော သူမ၏ သားကို ကြည့်ကာ မနက်ဖြန်တွင် ကွန်ပေါင်းကြက်သားဟင်း တစ်ဘူး ဝယ်ကျွေးရန် စိတ်ကူးလိုက်လေသည်။

​“စားပြီးကြပြီလား” ကျန်းယဲ့က လက်ခုပ်တီးလိုက်သည်။ “ကားခေါင်မိုးပေါ် တက်ကြ.. သွားဖို့ ပြင်ရအောင်”

​အသက်ရှင်ကျန်ရစ်သူများက ယမန်နေ့ကထက် ပိုမို ကျွမ်းကျင်စွာဖြင့် ကားခေါင်မိုးပေါ်သို့ သွက်လက်စွာ တက်သွားလိုက်ကြသည်။

​လီယန်ကို သူ၏ မိခင်က ပွေ့ချီကာ ကားခေါင်မိုးပေါ် တင်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း သွက်လက်စွာ တက်သွားလေသည်။

​နံနက်ခင်း လေညင်းက သူမ၏ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များကို တိုက်ခတ်သွားသော်လည်း သူမ၏ မျက်လုံးထဲရှိ ဆုံးဖြတ်ချက်ကိုမူ မဖျောက်ဖျက်နိုင်ချေ။

​သူမ၏ သားလေးအတွက် သူမ ပိုမို သန်မာလာရချေမည်။

​ဘတ်စ်ကားသည် ဖြည်းညှင်းစွာ စတင်ရွေ့လျားသွားပြီး ကားခေါင်မိုးပေါ်ရှိ လူများကို တင်ဆောင်လျက် ရင်ပြင်မှ ထွက်ခွာသွားခဲ့သည်။

​သူတို့၏ အနောက်တွင် ဇွန်ဘီအချို့က အပျက်အစီးများထဲမှ ခေါင်းထွက်ကြည့်ကြသော်လည်း အဝေးမှ ထူးဆန်းသော ဘတ်စ်ကား ထွက်ခွာသွားသည်ကိုသာ ကြည့်နေကြပြီး သူတို့၏ ပုပ်ဟက်နေသော မျက်နှာများတွင် ကြောက်ရွံ့သည့် အမူအရာများ ပေါ်လွင်နေခဲ့ကြသည်။

​ယာဉ်၏ ခေါင်မိုးပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများသည် အနည်းငယ် လှုပ်ခါသွားလျှင်ပင် ပြုတ်ကျမည်ကို စိုးရိမ်သဖြင့် အလယ်ဗဟိုဆီသို့ အသည်းအသန် တိုးကပ်နေကြသည်။

​သို့သော် ဘတ်စ်ကား စတင်ရွေ့လျားသောအခါ လူတိုင်း မှင်သက်သွားကြရလေသည်။

​ကားမှာ လုံးဝ မလှုပ်ရှားဘဲ မှန်ပြင်ပေါ်တွင် မောင်းနှင်နေသကဲ့သို့ အလွန် တည်ငြိမ်နေ၏။

​“ထူးဆန်းတယ်...” ထိပ်ပြောင်ပြောင်နှင့် ဗလကောင်းကောင်း အမျိုးသားက အားယူကာ အစွန်းဘက်သို့ တိုးသွားလိုက်၏။ “ဒီကားက ကမ္ဘာမပျက်ခင်က သံလိုက်ရထားထက်တောင် ပိုတည်ငြိမ်နေသေးတယ်..”

​ပို၍ အံ့သြစရာ ကောင်းသည်မှာ ဖြစ်ပျက်လာမည့် အရာများပင်။

​ဘတ်စ်ကားက အပျက်အစီးများ ပြည့်နှက်နေသော လမ်းထဲသို့ မောင်းဝင်လာချိန်တွင် လမ်းပိတ်ဆို့နေသော စွန့်ပစ်ယာဉ်များ၊ ပြိုကျနေသော နံရံများနှင့် လမ်းပေါ်တွင် လှဲလျောင်းနေသော မျိုးဗီဇပြောင်း အပင်များမှာ မမြင်ရသော လက်တစ်ဖက်ဖြင့် ညင်သာစွာ ဖယ်ရှားခံလိုက်ရပြီး ကားအတွက် လမ်းကြောင်းကို အလိုအလျောက် ဖယ်ပေးနေခဲ့ကြသည်။

​သံမဏိချောင်းအချို့မှာ လမ်းမျက်နှာပြင်တွင် စိုက်ဝင်နေပြီး အသက်ဝင်နေသော သတ္တဝါများကဲ့သို့ မြေကြီးထဲသို့ ပြန်လည်ဝင်ရောက်သွားကြ၏။

​“ချီး.... ” မျက်မှန်တပ်ထားသော လူငယ်က သူ၏ အဖော်၏ လက်မောင်းကို ဖမ်းဆွဲလိုက်သည်။ “မင်းတို့ မြင်လိုက်ကြလား။ အဲဒီ ထရပ်ကားက သူ့ဘာသာ သူ ရွေ့နေတာ...”

​ဘတ်စ်ကားသည် သူ့အတွက် လမ်းပိတ်ဆို့မှုများကို သူကိုယ်တိုင် ရှင်းလင်းသွားချေသည်။

​ရေစွမ်းရည် ပိုင်ရှင်က သူ၏ မျက်မှန်ကို ပင့်တင်လိုက်၏။ “ကျွန်တော် ပိုသိချင်တာက သူတို့ ဒီကားကို ဘယ်ကရလာတာလဲ။ ဒီလို မှော်ဆန်တဲ့ ကားမျိုးကို တစ်ခါမှ မကြားဖူးဘူး...”

​“မင်းလည်း မကြားဖူးသလို ငါလည်း မကြားဖူးဘူး” ထိပ်ပြောင်ပြောင်နှင့် ဗလကောင်းကောင်း အမျိုးသားက တိုးညင်းစွာ ပြောလိုက်၏။ “သူတို့က လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့တစ်ခုလို့ ငါ အမြဲ ခံစားနေရတယ်”

​လူတိုင်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

​သူတို့အပေါ် ဝန်းရံထားသော လျှို့ဝှက်ဆန်းကြယ်မှုများက ရိုသေလေးစားမှုနှင့် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခဲ့လေသည်။

​နေ့လယ်ခင်း နေရောင်ခြည်မှာ မျက်စိကျိန်းလောက်အောင် တောက်ပနေချေသည်။ လီယန်သည် တိမ်တိုက်များကို မော့ကြည့်နေရင်း ကောင်းကင်တွင် အနက်ရောင် အစက်အပြောက်တစ်ခု လျင်မြန်စွာ ကြီးထွားလာသည်ကို ရုတ်တရက် သတိပြုမိသွား၏။

​သူက မျက်လုံးမှေးကြည့်လိုက်ရာ နောက်တစ်စက္ကန့်တွင် ထိတ်လန့်တကြား မျက်လုံးပြူးသွားရသည်။

​၎င်းမှာ တောင်ပံဖြန့်ပါက ငါးမီတာကျော် ကျယ်ဝန်းသော မျိုးဗီဇပြောင်း လင်းယုန်ကြီး ဖြစ်ပြီး ၎င်း၏အမွှေးများမှာ သတ္တုကဲ့သို့ တောက်ပနေကာ ချွန်ထက်သော ခြေသည်းများက အေးစက်စက် တောက်ပနေပြီး ကားခေါင်မိုးဆီသို့ ထိုးဆင်းလာခဲ့သည်။

​“ကောင်းကင်မှာ ပျံသန်းနေတဲ့ သားရဲကြီး... ” လီယန်က ကောင်းကင်ကို လက်ညှိုးထိုးကာ တုန်ယင်သော အသံဖြင့် အော်ဟစ်လိုက်၏။

​ခေါင်မိုးပေါ်ရှိ စူပါပါဝါရှင်များကလည်း ချက်ချင်းပင် တိုက်ပွဲဝင်ရန် အသင့်အနေအထား ဖြစ်သွားခဲ့ကြသည်။

​ရေစွမ်းရည်ပိုင်ရှင်က ရေဒိုင်းတစ်ခုကို ချက်ချင်း ဖန်တီးလိုက်ပြီး မီးစွမ်းရည်ပိုင်ရှင်က သူ၏ လက်ဝါးမှ မီးတောက်များ ထွက်ပေါ်လာကာ အားဖြည့်စွမ်းရည်ပိုင်ရှင်များက သူတို့၏ ကြွက်သားများကို ဖောင်းကားစေကာ ရှေ့ဆုံးတွင် ရပ်တည်လိုက်ကြသည်။

​လူတိုင်း အသက်အောင့်လျက် အသေခံ တိုက်ခိုက်ရန် ပြင်ဆင်နေကြလေသည်။

​သို့သော် မျိုးဗီဇပြောင်း လင်းယုန်ကြီးသည် ဘတ်စ်ကား၏ ဆယ်မီတာအကွာသို့ ရောက်လုနီးပါး အချိန်တွင် ရုတ်တရက် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

​ထိုရက်စက်သော ငှက်ကြီးက တစ်စုံတစ်ရာကို မြင်လိုက်ရသကဲ့သို့ ရုတ်တရက် ရပ်တန့်သွား၏။

​၎င်း၏ သတ္တုအမွှေးများ ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီး စူးရှစွာ အော်ဟစ်လိုက်ကာ သူ၏ သဘာဝ ရန်သူနှင့် တွေ့ဆုံလိုက်ရသကဲ့သို့ အသက်လု ထွက်ပြေးရန် အတောင်ပံများကို အရူးအမူး ခတ်လိုက်ချေသည်။

​ရုတ်တရက် လှည့်ထွက်သွားမှုကြောင့် အမွှေးအချို့ ကျွတ်ထွက်သွားပြီး ကားခေါင်မိုးပေါ်သို့ လွင့်စဉ်ကျလာသည်။

"...…"

​ကားခေါင်မိုးပေါ်တွင် သေလုမတတ် တိတ်ဆိတ်သွားရသည်။

​လူတိုင်းမှာ တိုက်ပွဲဝင်မည့် အနေအထားဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး မာန်ဖီနေသော သားရဲကြီး တိမ်တိုက်ထဲသို့ အသက်လု ထွက်ပြေးသွားသည်ကို ငေးမောကြည့်နေကြ၏။

​“ဟားဟားးး...” တစ်စုံတစ်ယောက်က အရင်ဆုံး ရယ်မောလိုက်ခေသည်။

​ချက်ချင်းပင် ကားခေါင်မိုးတစ်ခုလုံးတွင် ရယ်မောသံများ ပေါက်ကွဲထွက်လာခဲ့ကြသည်။

​ထိပ်ပြောင်ပြောင်နှင့် ဗလကောင်းကောင်း အမျိုးသားက သူ၏ ပေါင်ကို ရိုက်ကာ ရယ်မောလိုက်၏။ “ဟားဟားဟား... အဲ့ကောင်က ငါ ဇွန်ဘီတွေကို လိုက်လို့ ပြေးတဲ့အချိန်ထက်တောင် ပိုမြန်အောင် ပြေးသွားသေးတယ်...”

​“သူရဲ့အမွှေးတွေ ကျွတ်သွားတာ မြင်လိုက်ကြလား....” ကျစ်ဆံမြီး မိန်းကလေးက သတ္တုအမွှေးတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ရယ်မောလွန်း၍ လဲကျလုမတတ် ဖြစ်သွားရသည်။ “သူက ရေနွေးပူနဲ့ လောင်းထားတဲ့ ကြက်တစ်ကောင်လိုပဲ...”

အခန်း ၁၅၂ပြီး၏။

All Chapters