← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း (၁၅၆) ပစ်မှတ်ထားခံရခြင်း

​“စဉ်းစားကြည့်...” ကျန်းယဲ့က စိတ်ရှည်လက်ရှည်ဖြင့် သွေးဆောင်လိုက်၏။ “အခြေစိုက်စခန်းမှာ ဘာအပေါများဆုံးလဲ..”

​လီချင်က တုံ့ဆိုင်းခြင်းမရှိဘဲ အော်ပြောလေသည်။ “လူတွေ အများဆုံးပဲ...”

​“မှားတယ်...” ကျန်းယဲ့က သူ၏ လက်ညှိုးကို ထောင်ကာ လှုပ်ခါပြလိုက်သည်။ “အများစုက ခရစ်စတယ်စွမ်းအင်တုံးတွေပဲ....”

​ကားအတွင်း၌ ချက်ချင်း တိတ်ဆိတ်သွားပြီးနောက် တအံ့တသြ အာမေဍိတ်သံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာလေသည်။

​လုချင်ဟယ်မှာ ချက်ချင်းပင် စိတ်လှုပ်ရှားလာပြီး သူ၏ မျက်လုံးများ တောက်ပလာကာ စိတ်အားထက်သန်စွာ မေးလိုက်၏။ “ဒါရိုက်တာကျန်း.. ကျွန်တော်တို့က ဆယ်မျက်နှာ အခြေစိုက်စခန်းကို တိုက်ခိုက်တော့မလို့လား..”

​ကျန်းယဲ့မှာ ဆွံ့အသွားပြီး ကောင်းကင်ကို တိတ်ဆိတ်စွာ မော့ကြည့်လိုက်၏။ “ခင်ဗျားက စူပါပါဝါရှင် ဘယ်နှစ်ယောက်လောက်ကို အနိုင်ယူနိုင်မယ် ထင်လို့လဲ...”

​“လူတစ်ယောက်မှာ အိပ်မက်တော့ ရှိရမှာပေါ့... မဟုတ်ဘူးလား” လုချင်ဟယ်က အနေရခက်စွာ ပြုံးကာ ထိုင်ချလိုက်ရင်း ပြောလိုက်လေသည်။

​ရှန်ကျီရှားက မေးလိုက်၏။ “ဒါရိုက်တာကျန်း.. ကျွန်မတို့ ကားက ဆယ်မျက်နှာအခြေစိုက်စခန်းကို ဖြတ်သွားမှာလား...”

​ကျန်းယဲ့က ခေါင်းညိတ်လိုက်သည်။ “အသက်ရှင်ကျန်ရစ်သူတွေ ပေးထားတဲ့ မြေပုံအရဆိုရင် ဆယ်မျက်နှာအခြေစိုက်စခန်းက ကျွန်တော်တို့ ယာဉ်သွားမယ့် လမ်းကြောင်းပေါ်မှာ ရှိတယ်...”

​လီဇယ်ခိုင်က စဉ်းစားနေဟန်ဖြင့် ပြောလေသည်။ “ဒါရိုက်တာကျန်းက ဆယ်မျက်နှာအခြေစိုက်စခန်းနဲ့ အရောင်းအဝယ် လုပ်ချင်လို့လား...”

​“ဟုတ်လဲဟုတ်တယ်.. ဟုတ်လဲမဟုတ်ဘူး... ” ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီးနောက် ပြန်ခေါင်းခါလိုက်၏။ “အရောင်းအဝယ်လုပ်မှာက အခြေစိုက်စခန်းထဲက အသက်ရှင်ကျန်ရစ်သူတွေနဲ့ပါ... အဲဒီ ခေါင်းဆောင် ဆယ်ယောက်နဲ့ မဟုတ်ဘူး...”

​လူတိုင်း အံ့အားသင့်သွားကြပြီး အချို့မှာ ရှုပ်ထွေးသွားဟန် ရှိလေသည်။

​ဦးလေးလီက ဝင်ပြောလိုက်၏။ “ဒါရိုက်တာကျန်း.. ဒါက လက်တွေ့မကျဘူးလို့ ထင်တယ်နော်”

​ကျန်းယဲ့က တည်ငြိမ်စွာ ရှင်းပြလိုက်လေသည်။ “အမှန်ပဲ... ဆယ်မျက်နှာအခြေစိုက်စခန်းရဲ့ အုပ်ချုပ်သူတွေနဲ့ မပတ်သက်ဘဲ ဒီလိုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြီးတော့ အသက်ရှင်ကျန်ရစ်သူတွေ ပေးတဲ့ အချက်အလက်တွေအရဆိုရင် အခြေစိုက်စခန်းထဲက လူတွေနဲ့ စီးပွားရေးလုပ်ဖို့က ခက်ခဲတယ်။ ခေါင်းဆောင်တွေနဲ့ဆိုရင် ပိုဆိုးတာပေါ့။ အဲဒီလူတွေက ရိုးရိုးသားသား အရောင်းအဝယ် လုပ်ဖို့ထက် လုယက်ဖို့ပဲ သိကြတာခေ”

​“အဲဒီတော့.... ”

​“ သူတို့ကို အရောင်းအဝယ် စည်းမျဉ်းတွေ အရင်ဆုံး သင်ပေးရမယ်”

​စည်းမျဉ်းတွေဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ကျန်းခိုင်နှင့် အခြားသူများ၏ ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွားရသည်။

​ထုတ်မပြောသော အဓိပ္ပာယ်ကို လူတိုင်း နားလည်လိုက်ကြချေသည်။

​ကျန်းခိုင်က ကျန်းယဲ့ကို လက်မထောင်ပြလိုက်ပြီး ပြောလိုက်၏။ “အစ်ကို.. ခင်ဗျားက တကယ်ကို မိုက်တာပဲ”

​ကျန်းယဲ့က ကားထဲရှိ လူများကို အုပ်စုနှစ်စု ခွဲလိုက်ပြီး ပြောလိုက်၏။ “ကျန်းခိုင်.... ခင်ဗျားတို့ နှစ်ယောက် ဆယ်မျက်နှာအခြေစိုက်စခန်းကို ရောက်ရင် ဘာရောင်းမလဲဆိုတာ ဆွေးနွေးကြ...”

​ကျန်းခိုင်နှင့် သူ၏အဖွဲ့က စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း စက်ဝိုင်းပုံစံ စုရုံးလိုက်ကြသည်။

​လုချင်ဟယ်က အရင်ဆုံး လက်ထောင်လိုက်လေသည်။ “ကျွန်တော်က ကျစ်လစ်တဲ့ ဘီစကွတ်တွေ ရောင်းချင်တယ်... ကျွန်တော့်ဆီက လုယူဖို့ မကြိုးစားနဲ့နော်....”

​ရှန်ကျီရှားက ခေါင်းခါလိုက်၏။ “မရဘူး... ကျစ်လစ်တဲ့ ဘီစကွတ်တွေကို ဝယ်မယ့်သူ အရမ်းများနေမှာ သေချာတယ်...”

​သူတို့နှစ်ဦး ကျစ်လစ်သော ဘီစကွတ်များအတွက် ငြင်းခုံနေစဉ် ကျန်းခိုင်က အမြန်ပြောလိုက်၏။ “ကျွန်တော်က ထမင်းဘူးတွေ ရောင်းမယ်...”

​“မရဘူး...” အသံများစွာက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး ပြင်းထန်သော ကန့်ကွက်မှုများကို ပြုလုပ်လိုက်ကြသည်။

​...

​တစ်ချိန်တည်းမှာပင် ကျန်းယဲ့၊ လီဇယ်ခိုင်နှင့် အခြားသုံးဦးတို့က လူများကို မည်သို့ မျှားထုတ်ရမည်ကို ကြံစည်နေကြလေသည်။

​မီတာ ၅၀၀ အကွာရှိ စွန့်ပစ်ထားသော ရုံးအဆောက်အအုံတစ်ခုတွင် ဆယ်မျက်နှာအခြေစိုက်စခန်း၏ တတိယအမဲလိုက်အဖွဲ့မှ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကင်းထောက်တစ်ဦးက မှန်ပြောင်းကို ကိုင်ထားရင်း မေးရိုးပြုတ်ကျမတတ် အံ့သြနေလေသည်။

​“အဖွဲ့ခေါင်းဆောင်... ” သူက စကားပြောစက်ကို အရူးအမူး နှိပ်လိုက်၏။ “မြန်မြန်လာ... လမ်းမပေါ်မှာ လွတ်လွတ်လပ်လပ် သွားလာနေတဲ့ နှစ်ထပ် ဘတ်စ်ကားတစ်စီး ရှိတယ်”

​ခဏအကြာတွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အမဲလိုက်အဖွဲ့ဝင် ခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့်က ကိုယ်ကိုကိုင်းကာ ပြတင်းပေါက်ဆီသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့ကြသည်။

​ပြောင်လက်နေသော ငွေမီးခိုးရောင် ဘတ်စ်ကားက အပျက်အစီးများ ပြည့်နှက်နေသော လမ်းမကြီးပေါ်တွင် ချောမွေ့စွာ ပြေးဆွဲနေချေသည်။ ပြိုကျနေသော လမ်းမီးတိုင်များက လမ်းဖယ်ပေးရန် အလိုအလျောက် ရွေ့လျားလာကြပြီး စွန့်ပစ်ထားသော ယာဉ်များမှာ မမြင်ရသော လက်တစ်ဖက်ဖြင့် တွန်းဖယ်ခံရသကဲ့သို့ ဖြစ်နေကာ မျိုးဗီဇပြောင်း အပင်များပင်လျှင် ထူးဆန်းစွာ တွန့်လိမ်ပြီး နောက်ဆုတ်သွားကြသည်။

​“သောက်ကျိုးနည်း...” အဖွဲ့ခေါင်းဆောင်၏ လက်ထဲမှ စီးကရက် ပြုတ်ကျသွားခဲ့သည်။ “ငါ အမြင်မှားနေတာလား..”

​“ဒီကားက အရမ်း အသစ်စက်စက်ပဲ။ ဒီလိုကားမျိုးကို နောက်ဆုံးအကြိမ် ငါမြင်ခဲ့ရတာ ကမ္ဘာမပျက်ခင်ကပဲ...”

​အဖွဲ့ဝင်များထဲမှ မျက်နှာတွင် အမာရွတ်ရှိသော သူတစ်ဦးက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။ “ကပ္ပတိန်... ဒီကားထဲမှာ ပစ္စည်းကောင်းတွေ သေချာပေါက် ရှိရမယ်။ ကျွန်တော်တို့ လုပ်လိုက်ရမလား...”

​အမာရွတ်ရှိသော အဖွဲ့ဝင်က သူ၏ လည်ပင်းကို လှီးဖြတ်သည့်ပုံစံ လက်ဟန်ခြေဟန် ပြုလုပ်လိုက်၏။

​ကပ္ပတိန်သည် အသစ်စက်စက် ကားကို မျက်လုံးမှေးကြည့်လိုက်ပြီး သူ၏ အဖွဲ့ဝင်များ၏ လောဘကြီးသော မျက်လုံးများနှင့် ဆုံတွေ့သောအခါ သူ၏ ဆန္ဒကို ဖိနှိပ်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “ဒီကားထဲက လူတွေက မရိုးရှင်းဘူး။ ငါတို့ ပေါ့ပေါ့ဆဆ လှုပ်ရှားလိုက်ရင် ဘယ်သူမှ အကျိုးအမြတ် ရမှာ မဟုတ်ဘူး...”

​အကျိုးအမြတ် ရမည့်အစား အသက်အန္တရာယ်နှင့်ပင် ရင်ဆိုင်ရနိုင်လေသည်။

​“အထက်လူကြီးတွေကို အစီရင်ခံလိုက်ရင်ကော ဘယ်လိုလဲ။ သူတို့သာ ဒီလူတွေကို ဖြေရှင်းလိုက်ရင် ငါတို့လည်း လုယက်ရလာတဲ့ ပစ္စည်းတွေထဲက ဝေစု တစ်ခု ရနိုင်တာပဲလေ...” မျက်လုံးသေးသေးနှင့် အဖွဲ့ဝင်က အကြံပြုလိုက်သည်။

​တတိယ အမဲလိုက်အဖွဲ့၏ ကပ္ပတိန်က မျက်လုံးများကို မှေးကာ အဝေးရှိ ထူးဆန်းသော ဘတ်စ်ကားကို စူးစိုက်ကြည့်ပြီးနောက် တိုးညင်းသော အသံဖြင့် အမိန့်ပေးလိုက်၏။ “မျောက်... ခွေးအိုကြီး... မင်းတို့နှစ်ယောက် အခြေစိုက်စခန်းကို ချက်ချင်း ပြန်သွားပြီး အခြေအနေကို သတင်းပို့။ ရွေ့လျားခံတပ်တစ်ခုလိုဖြစ်နေတဲ့ ပြုပြင်မွမ်းမံထားတဲ့ ယာဉ်တစ်စီးကို တွေ့တယ်လို့ ပြောပြီး စစ်ကူတောင်းလိုက်...”

​ပိန်လှီသော အဖွဲ့ဝင် နှစ်ဦးက ခေါင်းညိတ်လိုက်ပြီး ကိုယ်ကိုကိုင်းကာ လျင်မြန်စွာ ဆုတ်ခွာသွားကြလေသည်။

​ထို့နောက် ကပ္ပတိန်က အခြားသူများဘက်သို့ လှည့်လိုက်၏။ “ကျန်တဲ့လူတွေ လူစုခွဲပြီး သူတို့နောက်ကို လိုက်။ ဒီည သူတို့ ဘယ်မှာ တည်းခိုမလဲဆိုတာ သေချာအောင် ရှာ။ မှတ်ထား... အကွာအဝေးကို ထိန်းထားပြီး သူတို့ကို မသတိမပေးမိစေနဲ့”

​သို့သော် သူတို့၏ လှုပ်ရှားမှုများအားလုံးကို ကျန်းယဲ့၏ အကြွင်းမဲ့လုံခြုံရေးဇုန်မှ အပြည့်အဝ အာရုံခံမိနေပြီ ဖြစ်ကြောင်းကို သူတို့ လုံးဝ မသိရှိခဲ့ကြချေ။

​ကျန်းယဲ့က လီဇယ်ခိုင်နှင့် လူငါးဦးအဖွဲ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။ “ငါတို့ နောက်ယောင်လိုက်ခံနေရတယ်... ”

​လီဇယ်ခိုင်သည် နေဝင်ဆည်းဆာကို လှမ်းကြည့်ပြီး ပြောလိုက်၏။ “အချိန်တန်ပြီ... ကျွန်တော်တို့ စခန်းချဖို့ နေရာတစ်ခု ရှာသင့်တယ်”

​‘ငါ စဉ်းစားနေတာလည်း အဲဒါပဲ....’

​ကျန်းယဲ့သည် H မြို့၏ 3Dမြေပုံကို ဆွဲထုတ်လိုက်ပြီး ကား၏ လမ်းကြောင်းကို စစ်ဆေးရန် စခရင်ပေါ်တွင် လက်ချောင်းဖြင့် ပွတ်ဆွဲလိုက်ကာ နောက်ဆုံးတွင် မြို့လယ်စာကြည့်တိုက်၏ တည်နေရာတွင် ရပ်တန့်လိုက်၏။

​“ဒီနေရာကို သွားကြစို့။ ရင်ပြင်က ကျယ်ဝန်းတယ်... ရှုခင်းလည်း ကောင်းတယ်... ဧည့်သည်တွေကို ဖျော်ဖြေဖို့ သင့်တော်တယ်”

​ထို့နောက် ဘတ်စ်ကားက စာကြည့်တိုက်ဆီသို့ ဖြည်းညှင်းစွာ မောင်းနှင်သွားလေသည်။

​ကားခေါင်မိုးပေါ်တွင် ထိပ်ပြောင်ပြောင်နှင့် ဗလကောင်းကောင်း အမျိုးသားက ရုတ်တရက် အသံကို နှိမ့်လိုက်၏။ “ညီအစ်ကိုတို့... သတိထားကြ။ တစ်ယောက်ယောက်က ငါတို့ကို စောင့်ကြည့်နေတယ်လို့ ခံစားရတယ်...”

​ကျစ်ဆံမြီး မိန်းကလေးက အသံကို နှိမ့်ကာ ပြောလိုက်လေသည်။ “ဆယ်မျက်နှာအခြေစိုက်စခန်းက လူတွေရဲ့ ပစ်မှတ်ထားတာ ခံလိုက်ရပြီ ထင်တယ်”

​တစ်ချိန်တည်းမှာပင် သူတို့ကို ခြေရာခံနေသော အမဲလိုက်အဖွဲ့ဝင်များက အပျက်အစီးများကြားတွင် ကြံစည်နေခဲ့ကြသည်။

​“သူတို့ စာကြည့်တိုက်ကို သွားတာပဲ....”

​“ကပ္ပတိန်ကို အမြန် အကြောင်းကြားလိုက်။ အဲဒီနေရာက လေးဖက်လေးတန် ပွင့်နေတယ်.... ဝိုင်းဖို့ အရမ်း ကောင်းတယ်”

​“ဟီးဟီး... ဒီညတော့ စိတ်ဝင်စားစရာ ကောင်းတော့မှာပဲ”

​“အမဲလိုက်တာသာ အောင်မြင်ရင် ထောက်ပံ့ရေး ပစ္စည်းတွေ ဘယ်လောက်တောင် ရမလဲ မသိဘူး”

​“ဘယ်လောက်ပဲရရ လက်ချည်းသက်သက်တော့ ပြန်ရမှာ မဟုတ်ဘူးလေ”

​ဘတ်စ်ကားသည် စာကြည့်တိုက်ရှေ့ ရင်ပြင်တွင် တည်ငြိမ်စွာ ရပ်တန့်သွားချိန်၌ နေဝင်ဆည်းဆာက ယာဉ်၏ ရှည်လျားသော အရိပ်ကို ထင်ဟပ်နေစေခဲ့သည်။

​ကျန်းယဲ့သည် ကားပေါ်မှ ဆင်းလာချိန်တွင် အဝေးမှ လျင်မြန်စွာ ပျောက်ကွယ်သွားသော ပုံရိပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သတိမထားမိသကဲ့သို့ အကြောဆန့်လိုက်၏။ “ဒီညတော့ ဒီမှာပဲ အနားယူကြတာပေါ့...”

​လီဇယ်ခိုင်နှင့် သူ၏ အဖော်လေးဦးကလည်း ပတ်ဝန်းကျင် လှုပ်ရှားမှုများကို တိတ်တဆိတ် အကဲခတ်နေခဲ့ကြသည်။

​ဝမ်ပင်းသည် သူ၏ လက်နက်များကို စီစဉ်နေဟန်ဆောင်ကာ အမှန်တကယ်တွင် စနိုက်ပါ မှန်ပြောင်းကို အသုံးပြု၍ ပတ်ဝန်းကျင်ရှိ အမြင့်ပိုင်း နေရာများကို ရှာဖွေနေခြင်းပင်။

​ခေါက်ကုလားထိုင်များကို နေရာချနေစဉ် ကျွမ်လော်သည်လည် အကောင်းဆုံး ပစ်ခတ်နိုင်မည့် ထောင့်ချိုးကို တွက်ချက်ပြီး ဖြစ်၏။

​ကားခေါင်မိုးပေါ်တွင် အသက်ရှင်ကျန်ရစ်သူများက သူတို့၏ ကြွက်သားများကို ဆန့်ထုတ်ရန် တစ်ယောက်ပြီးတစ်ယောက် ဆင်းလာခဲ့ကြသည်။

​စာကြည့်တိုက် ရင်ပြင်တွင် ဘတ်စ်ကား ချောမွေ့စွာ ရပ်တန့်ပြီးနောက် ထိပ်ပြောင်ပြောင်နှင့် ဗလကောင်းကောင်း အမျိုးသားက ကျန်းယဲ့ထံသို့ လျှောက်သွားကာ တိုးညင်းစွာ ပြောလိုက်၏။ “အစ်ကိုကျန်း... ကျွန်တော်တို့ စောင့်ကြည့်ခံနေရတယ်”

​ထိုစကားကို ကြားသောအခါ ကျန်းယဲ့က မျက်ခုံးတစ်ချက် ပင့်လိုက်ရုံသာ ပြုလုပ်ပြီး သူ့ကို ပြုံးကာ ကြည့်လိုက်လေသည်။

​ထိုအမူရာကြောင့် သူ၏ သတိပေးချက်မှာ လုံးဝ မလိုအပ်ကြောင်း ထိပ်ပြောင်ပြောင်နှင့် ဗလကောင်းကောင်း အမျိုးသားက ချက်ချင်း နားလည်သွားရသည်။

​“ယွမ်ကွမ်... လောင်းကြေးထပ်ချင်လား” ကျန်းယဲ့က ရုတ်တရက် မေးလိုက်၏။

​ထိပ်ပြောင်ပြောင်နှင့် ဗလကောင်းကောင်း အမျိုးသားမှာ အနည်းငယ် မှင်သက်သွားရသည်။ “ဘာကို လောင်းရမှာလဲ...”

​“ငါးမမျှားခင် ငါးစာချဖို့လိုတယ်... ဒါပေမဲ့ ငါတို့ဆီမှာ ငါးစာ နည်းနည်း လိုနေတယ်” ကျန်းယဲ့က တည်ငြိမ်စွာ ပြောလိုက်၏။ “ငါးကြီးတွေကို ဆွဲဆောင်နိုင်တဲ့ အသက်ရှင်နေတဲ့ ငါးစာတစ်ခုပေါ့...”

​ထိပ်ပြောင်ပြောင်နှင့် ဗလကောင်းကောင်း အမျိုးသား၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားလေသည်။

​ဤစကား၏ အဓိပ္ပာယ်ကို သူ ကောင်းကောင်း နားလည်၏။

​ဆယ်မျက်နှာအခြေစိုက်စခန်းမှ လူများက သဘာဝအရ ရက်စက်ကြမ်းကြုတ်ကြသည်။ ဤငါးစာကို ဂရုတစိုက် မကိုင်တွယ်ပါက ပြာအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်၏။

​“မင်းသာ အသက်ရှင်မယ်ဆိုရင်...” ကျန်းယဲ့၏ အသံမှာ ညစာ မီနူးတစ်ခုကို ဆွေးနွေးနေသကဲ့သို့ နူးညံ့နေပေသည်။ “မင်း လိုချင်တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို ရွေးချယ်နိုင်တယ်.. ပြီးတော့ ဆယ်မျက်နှာအခြေစိုက်စခန်းရဲ့ ခေါင်းဆောင်သစ် ဖြစ်လာအောင်တောင် ငါ ကူညီပေးနိုင်တယ်...”

​ခေတ္တမျှ စဉ်းစားပြီးနောက် ထိပ်ပြောင်ပြောင်နှင့် ဗလကောင်းကောင်း အမျိုးသားက ရုတ်တရက် ပြုံးဖြီးဖြီး လုပ်ကာ ပြောလိုက်၏။ “အစ်ကိုကျန်း... ကျွန်တော် ထောက်ပံ့ရေးပစ္စည်းတွေလည်း မလိုချင်ဘူး... ခေါင်းဆောင်လည်း မဖြစ်ချင်ဘူး”

​သူသည် ပြောင်လက်နေသော သူ၏ ခေါင်းကို ကြမ်းတမ်းသော လက်များဖြင့် ပွတ်သပ်လိုက်ပြန်သည်။ “ကျွန်တော်... ကျွန်တော်က ခင်ဗျားတို့နောက်ကို လိုက်ပြီး ခင်ဗျားတို့ထဲက တစ်ယောက် ဖြစ်ချင်တာ”

အခန်း ၁၅၆ပြီး၏။

All Chapters