← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း (၁၆၁) အားလုံး ထောင်ချောက်မိသွားပြီ

​“အဟွတ် အဟွတ် အဟွတ်...” ယွမ်ကွမ်သည် အတင်းအကျပ် နိုးလာသကဲ့သို့ သူ၏ အံ့မခန်း သရုပ်ဆောင်စွမ်းရည်ဖြင့် ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ကြည့်လိုက်၏။

​အဝေးတွင် အဓိက ခေါင်းဆောင်နှင့် သူ၏လူများက မျက်လုံးမှေးကြည့်လိုက်ကြပြီး သူတို့ မျှော်လင့်ထားသော ပြင်းထန်သည့် တိုက်ပွဲမှာ ဖြစ်မလာသဖြင့် အနည်းငယ် စိတ်ပျက်သွားကြရသည်။

​“ကျစ်... ပဉ္စမညီက တော်တော် သည်းခံနိုင်တာပဲ” အဓိက ခေါင်းဆောင်က တိုးညင်းစွာ အေးစက်စက် ရယ်မောလိုက်၏။ “သူတို့ သုံးယောက် ပူးပေါင်းသွားတာက ငါတို့အတွက် သတင်းကောင်း မဟုတ်ဘူး...”

​ထိုအချိန်တွင် ယွမ်ကွမ်က သူ၏ ခေါင်းကို အားနည်းစွာ မော့ကာ တုန်ယင်နေသော အသံဖြင့် ပြောလိုက်လေသည်။ “ကျွန်တော့်ကို... ကျွန်တော့်ကို မသတ်ပါနဲ့...”

​လိန်လေ့သည် ရှေ့သို့ ကိုင်းညွတ်လိုက်ရာ သူ၏ မျက်လုံးများတွင် လျှပ်စီးများ လက်ခနဲ ဖြစ်သွားပြီး သူ၏ လေသံမှာ အေးစက်နေချေသည်။ “ပြောစမ်း... အဲဒီကားမှာ ဘာလျှို့ဝှက်ချက်တွေ ရှိလဲ။ ပြီးတော့ ကျန်းယဲ့နဲ့ သူတို့အဖွဲ့က ဘယ်သူတွေလဲ...”

​ယွမ်ကွမ်သည် ဖန်ဟွေ့ကို ထိတ်လန့်တကြား ကြည့်လိုက်ပြီး သူ၏ အကြံဉာဏ်ကို တောင်းခံနေသည့်အလား မျက်လုံးများ ဟိုဟိုဒီဒီ လှုပ်ရှားနေလေသည်။

​ဖန်ဟွေ့က အံကြိတ်ကာ အတင်းအကျပ် ပြောလိုက်၏။ “အမှန်တိုင်း ပြောလိုက်...”

​ယွမ်ကွမ်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်၏။ “အဲဒီကားက ဇွန်ဘီတွေရဲ့ အာရုံခံစားမှုကို ပိတ်ဆို့နိုင်တယ်။ ကျွန်တော်တို့လို အပြင်စည်းအဖွဲ့ဝင်တွေက တိကျတဲ့ သဘောတရားကို မသိပေမဲ့ ကျွန်တော့်ရဲ့ လေ့လာချက်အရဆိုရင် ကားပေါ်မှာ ထူးခြားတဲ့ ကိရိယာ တစ်ခုခု တပ်ဆင်ထားတာ ဖြစ်မယ်...”

​သူက ခေတ္တရပ်ပြီးနောက် ထပ်ပြောလေသည်။ “ကျန်းယဲ့နဲ့ အခြားသူတွေအကြောင်း ပြောရရင်တော့ လူ ၂၁ ယောက်ထဲမှာ တစ်ဝက်က အဆင့်လေးတွေ ဖြစ်ပြီး နောက်တစ်ဝက်က အဆင့်ငါးတွေပါ။ သူတို့ကို ဦးဆောင်နေတဲ့ ကျန်းယဲ့ကတော့ အဆင့်ခြောက်ကို ထိုးဖောက်တော့မယ့်သူပါ...”

​ထိုစကားကို ကြားသောအခါ ရှယန်နှင့် လိန်လေ့တို့၏ အသက်ရှူသံများ မြန်ဆန်လာပြီး သူတို့၏ မျက်လုံးများက အသစ်စက်စက် ဖြစ်နေသော ဘတ်စ်ကားကို စူးစိုက်ကြည့်ကာ သူတို့၏ မျက်လုံးများတွင် လောဘများ ပြည့်နှက်သွားရသည်။

​“ဇွန်ဘီတွေရဲ့ အာရုံခံစားမှုကို ပိတ်ဆို့နိုင်တဲ့ ကားတစ်စီး...” လိန်လေ့က တီးတိုးရေရွတ်လိုက်ပြီး သူ၏ လက်ချောင်းထိပ်များရှိ လျှပ်စီးပွားများက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ခါနေခဲ့သည်။

​ရှယန်က သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး မကောင်းဆိုးဝါး ဆန်စွာ ပြုံးလိုက်၏။ “ပစ္စည်းကောင်းပဲ...”

​သို့သော် သူတို့သည် လုယက်ရလာသော ပစ္စည်းများကို မည်သို့ ခွဲဝေမည်ကို ကြံစည်နေစဉ်မှာပင် နက်ရှိုင်းပြီး အက်ကွဲနေသော အသံတစ်ခုက အမှောင်ထုထဲမှ ရုတ်တရက် ထွက်ပေါ်လာချေသည်။

​“ငါ အချိန်ကိုက် ရောက်လာတဲ့ပုံပဲ...”

​လူတိုင်း ရုတ်တရက် လှည့်ကြည့်လိုက်ရာ အဓိက ခေါင်းဆောင်က ရင်ပြင်ထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာပြီး သူ၏နောက်တွင် အထက်တန်းလွှာ သက်တော်စောင့် တစ်ဒါဇင်ကျော် ပါလာသည်ကို တွေ့လိုက်ရ၏။

​သူသည် အရပ်ရှည်ပြီး အေးစက်ကာ ကြမ်းတမ်းသော မျက်နှာ ရှိပေသည်။ လင်းယုန်ငှက်ကဲ့သို့ စူးရှသော သူ၏ မျက်လုံးများက ဓားတစ်လက်ကဲ့သို့ ထက်မြက်နေပြီး ထိုနေရာတွင် ရပ်နေရုံမျှဖြင့် လူများကို မမြင်ရသော ဖိအားတစ်ခု ပေးစွမ်းနေခဲ့သည်။

​ဖန်ဟွေ့၊ ရှယန်နှင့် လိန်လေ့တို့၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ ကိုယ်တိုင် လာရောက်မည်ဟု ရှင်းလင်းစွာ မမျှော်လင့်ထားခဲ့ကြချေ။

​သူတို့ကို ပို၍ အံ့အားသင့်သွားစေသည်မှာ အဓိက ခေါင်းဆောင်က ပတ်ဝန်းကျင်ကို ကြည့်ကာ ရုတ်တရက် သရော်လိုက်ပြီး အမှောင်ထုထဲသို့ အော်ပြောလိုက်ခြင်းပင်။ “အားလုံး ထွက်လာခဲ့ကြ.... ပုန်းမနေကြနဲ့တော့”

​ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လူခြောက်စုက အပျက်အစီးများ၏ အရိပ်ထဲမှ ထွက်ပေါ်လာခဒ့ကြသည်။

​စတုတ္ထ ခေါင်းဆောင်၊ ဆဋ္ဌမ ခေါင်းဆောင်၊ သတ္တမ ခေါင်းဆောင်...

​ဆယ်မျက်နှာ အခြေစိုက်စခန်း၏ ထိပ်တန်း အရာရှိ အားလုံး ရောက်ရှိနေကြလေသည်။

​ဖန်ဟွေ့၏ မျက်နှာမှာ ချက်ချင်း အလွန် အကျည်းတန်သွားရသည်။ သူသည် အရင်ဆုံး ရှာတွေ့ခဲ့သူ ဖြစ်သောကြောင့် အကျိုးအမြတ်၏ ပိုမိုကြီးမားသော ဝေစုကို ရရှိရန် မူလက မျှော်လင့်ထား၏။

​သို့သော် ယခုအခါ ဆယ်မျက်နှာ အခြေစိုက်စခန်း၏ ခေါင်းဆောင် ဆယ်ယောက်လုံး စုရုံးနေပြီဖြစ်ရာ အားလုံးကို သူ့ဘာသာ သိမ်းပိုက်ရန်ဆိုတာ ဝေလာဝေး သူတို့ ဘယ်လောက်တောင် ရနိုင်မလဲဆိုတာ မသေချာတော့ချေ။

​ရှယန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တိုးညင်းစွာ ပြောလိုက်၏။ “ချီးပဲ .. သူတို့ အကုန်လုံးက အနံ့ခံ အရမ်းကောင်းတာပဲ...”

​လိန်လေ့၏ မျက်လုံးများတွင် လျှပ်စီးများ လက်ခနဲ ဖြစ်သွားပြီး သူက ရယ်မောလိုက်သည်။ “စိတ်ဝင်စားစရာပဲ.. ဒါက စိတ်ဝင်စားစရာ ကောင်းတော့မှာပဲ”

​အဓိက ခေါင်းဆောင်သည် မီတာဆယ် အကွာအဝေးတွင် သတိဖြင့် ရပ်နေပြီး သူ၏ စူးရှသော အကြည့်က သတိလစ်နေသော လူအုပ်ပေါ်သို့ ဝေ့ဝဲသွားခဲ့သည်။ ထို့နောက် ရုတ်တရက် မေးလိုက်၏။ “ပဉ္စမညီ... သူတို့ကို သတိလစ်သွားအောင် ဘာဆေးသုံးလိုက်တာလဲ”

​ဖန်ဟွေ့၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း အဓိက ခေါင်းဆောင်၏ စူးရှသော အကြည့်ကို ရင်ဆိုင်ရသောအခါ သူက ရိုးသားစွာပင် ပြန်ဖြေလိုက်ရသည်။ “အဆင့်ခြောက် ဒါမှမဟုတ် အဲဒီအောက် စွမ်းရည်ပိုင်ရှင် တစ်ယောက်ကို ၄ နာရီကနေ ၆ နာရီအထိ သတိလစ်သွားစေနိုင်တဲ့ Nightmare-1ပါ..”

​သူ စကားပြောပြီးသည်နှင့် တပြိုင်နက် အဓိက ခေါင်းဆောင်၏ ညာဘက်လက်တွင် မျက်စိကျိန်းလောက်အောင် တောက်ပသော မီးတောက်များ ရုတ်တရက် ထွက်ပေါ်လာပြီး မည်သူမျှ မတုံ့ပြန်နိုင်မီ ဝမ်ပင်းဆီသို့ တိုက်ရိုက် ပစ်လွှတ်လိုက်လေသည်။

​“ဘုန်း.... ”

​ဆယ်မျက်နှာ အခြေစိုက်စခန်းရှိ လူတိုင်းက အလွန် အံ့အားသင့်သွားပြီး နောက်သို့ ခြေတစ်လှမ်းဝက်ခန့် ဆုတ်သွားကြသည်။

​ဖန်ဟွေ့က စိုးရိမ်တကြီး အော်ဟစ်လိုက်၏။ “အစ်ကိုကြီး... ဘာလုပ်နေတာလဲ။ အဲဒါက နေရာလွတ် စွမ်းရည်ပိုင်ရှင် ဖြစ်နေရင်ကော...”

​အဓိက ခေါင်းဆောင်က အေးစက်စွာ ဖြတ်ပြောလိုက်၏။ “နေရာလွတ် စွမ်းရည်ပိုင်ရှင်က ဟိုတစ်ယောက်ပဲ....”

​သူသည် ကျန်းယဲ့ကို တိကျစွာ လက်ညှိုးထိုးပြလိုက်လေသည်။ “ငါ သူ့ကို စောင့်ကြည့်နေတာ ကြာပြီ.... သူ တစ်ယောက်တည်းကပဲ ပစ္စည်းတွေကို လေထဲကနေ ယူထုတ်ပြဖူးတာ...”

​လိန်လေ့၏ သူငယ်အိမ်များ ကျုံ့ဝင်သွားရသည်။ “အစ်ကိုကြီးက အဲဒါကို သိပြီးပြီလား”

​“အမှောင်ထဲမှာ ပုန်းနေတုန်းက ငါ မြင်လိုက်တာ” အဓိက ခေါင်းဆောင်၏ မျက်လုံးများက လင်းယုန်ငှက်ကဲ့သို့ စူးရှနေချေသည်။ “ပဉ္စမညီရဲ့ ဆေးအာနိသင်ကို စမ်းသပ်ဖို့ လိုတယ်။ အသေခံတပ်ဖွဲ့ဝင်တစ်ယောက်ကို သတ်လိုက်တာက အလုပ်မဖြစ်ဘူး.... ငါတို့က အဓိက အဖွဲ့ဝင်တွေကို စမ်းသပ်ရမယ်....”

​ဤအချိန်တွင် မီးတောက်များထဲရှိ ဝမ်ပင်းမှာ လူတိုင်း၏ အမြင်တွင် မှတ်မိနိုင်စရာ မရှိလောက်အောင် လောင်ကျွမ်းနေပြီ ဖြစ်၏။

​အမှန်တကယ်တွင် ကျန်းယဲ့သည် စနစ်မှ ဖန်တီးပေးသော ဒိုင်းတစ်ခုဖြင့် သူ့ကို ကာကွယ်ပေးထားပြီး ဖြစ်ကာ တစ်ချိန်တည်းမှာပင် လောင်ကျွမ်းနေသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေရန် 3Dပုံရိပ်ယောင် တစ်ခုကို အသုံးပြုထားခဲ့သည်။

​ရှယန်က သူ၏ မေးစေ့ရှိ အမာရွတ်ကို ပွတ်သပ်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ “အစ်ကိုကြီးက တကယ် ထက်မြက်တာပဲ။ ဆေးအာနိသင်မှာ ပြဿနာရှိရင် ဒါမှမဟုတ် ဒီလူတွေက လှည့်စားနေတာဆိုရင် သူတို့ အခုလောက်ဆို ထခုန်နေလောက်ပြီ...”

​အဓိက ခေါင်းဆောင်သည် လုံခြုံသော အကွာအဝေးတွင် ရပ်နေပြီး လောင်ကျွမ်းနေသော ဝမ်ပင်းကို တုံ့ပြန်မှု မရှိဘဲ စောင့်ကြည့်နေချေသည်။ ထိုအခါမှ သူက ခေါင်းအနည်းငယ် ညိတ်လိုက်၏။ “ဆေးက တကယ် အာနိသင် ရှိတဲ့ပုံပဲ...”

​ကျန်းယဲ့သည် မြေကြီးပေါ်တွင် လှဲလျောင်းကာ မျက်လုံးများကို မှိတ်ထားပြီး သတိလစ်ဟန် ပြုလုပ်နေသော်လည်း သူ၏ ရင်ထဲတွင်မူ ကမောက်ကမ ဖြစ်နေပေသည်။

​ဤအဓိက ခေါင်းဆောင်သည် သူ ထင်ထားသည်ထက် အများကြီး ပိုမို သတိထားတတ်သူ ဖြစ်၏။

​မိမိ၏ နေရာလွတ်စွမ်းရည်များကို ထက်မြက်စွာ သိရှိရုံသာမက သူသည် အကြွင်းမဲ့လုံခြုံရေးဇုန်၏ အပြင်ဘက်တွင် အမြဲတမ်း ရပ်နေခဲ့သည်။

​ဤသိမြင်နိုင်စွမ်းနှင့် တည်ငြိမ်မှုက သူ့ကို ငြိမ်းချမ်းသော အချိန်တွင်ပင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာစေနိုင်လေသည်။

ထူးခြားသော စနစ်သာ မရှိပါက အဓိက ခေါင်းဆောင်၏ လုပ်ရပ်များအပေါ် အခြေခံ၍ သူတို့၏ လျှို့ဝှက်ချက်မှာ ကြာမြင့်စွာကတည်းက ပေါက်ကြားသွားလောက်ပြီ ဖြစ်၏။

​ယခုအခါ သတင်းအချက်အလက် ကွာဟမှုအတွက်သာ ကျေးဇူးတင်နိုင်တော့၏။ တစ်ဖက်လူ ဘယ်လောက်ပဲ ပါးနပ်ပါစေ... သူ့တွင် စနစ်ကဲ့သို့သော အရာတစ်ခု ရှိနေမည်ဟု သူတို့ လုံးဝ ထင်မှတ်ထားမည် မဟုတ်ချေ။

​“အခု လုံခြုံပြီဆိုတာ သေချာသွားပြီဆိုတော့” အဓိက ခေါင်းဆောင်က နောက်ဆုံးတွင် ရှေ့သို့ တိုးလာလေသည်။ “ဘယ်လို ခွဲဝေမလဲဆိုတာ ဆွေးနွေးရမယ့် အချိန်ရောက်ပြီ...”

​လုံခြုံကြောင်း အတည်ပြုပြီးနောက် အဓိက ခေါင်းဆောင်က မီတာဆယ်မျဉ်းကို စိတ်အေးချမ်းသာစွာ ဖြတ်ကျော်လိုက်ပြီး သူ၏နောက်မှ လူအုပ်ကလည်း လိုက်ပါလာကြသည်။

​သူတို့ ဘတ်စ်ကားအနီးသို့ ခြေချလိုက်သည့် အခိုက်အတန့်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာလေသည်။

​အဓိက ခေါင်းဆောင်၏ လူများနှင့် ခုလေးတင် ရောယှက်နေခဲ့သော ဇွန်ဘီများက သူတို့ ဆယ်မီတာအတွင်းခြေချလိုက်သည်နှင့် တပြိုင်နက် ရပ်တန့်သွားကြပြီး ရှေ့သို့ တစ်လှမ်းမျှ ထပ်မတိုးရဲကြတော့ချေ။

​ပုပ်ဟက်နေသော ခေါင်းများက စက်ရုပ်များကဲ့သို့ လှည့်လာပြီး နောက်ကျိနေသော မျက်လုံးများက လူအုပ်ကို စူးစိုက်ကြည့်နေသော်လည်း ရှေ့သို့ တစ်လှမ်းမျှ မတိုးရဲကြပေ။

​လက်သည်းများကို မြှောက်ထားပြီးဖြစ်သော ဇွန်ဘီအချို့ပင်လျှင် နောက်သို့ ဖြည်းညှင်းစွာ ဆုတ်သွားကာ ကြောက်ရွံ့စွာ ဟိန်းဟောက်နေကြ၏။

​အရိပ်ထဲမှနေ၍ မျက်မြင်တွေ့ခဲ့ရသဖြင့် ဤဇွန်ဘီများက မျဉ်းကို မဖြတ်ကျော်ရဲတာကိုတာကို သိပေမဲ့ ၎င်းကို အနီးကပ် တွေ့ကြုံခံစားရသောအခါ သူတို့ဟာ မယုံနိုင်လောက်အောင် တုန်လှုပ်သွားကြရသည်။

​ရှယန် မျက်လုံးမှေးလိုက်၏။ “ဒီတစ္ဆေလို ကောင်တွေ ရှေ့ကို တစ်လှမ်းတောင် မတိုးရဲအောင် သူတို့ ဘာတွေများ လုပ်ထားတာလဲ...”

​လိန်လေ့၏ အကြည့်က မြေကြီးပေါ်တွင် လဲကျနေသော ကျန်းယဲ့နှင့် သူ၏အဖွဲ့အပေါ်သို့ မသိစိတ်မှ အလိုအလျောက် ကျရောက်သွားလေသည်။ “ဒါကို သိဖို့ မခက်ပါဘူး။ နောက်မှ သူတို့ကို နှိုးလိုက်ရင် လျှို့ဝှက်ချက်တွေ အကုန် ရှင်းသွားမှာပဲ...”

​ဖန်ဟွေ့၏ အသက်ရှူသံများ မြန်ဆန်လာပြီး သူက အနီးကပ် ရှိနေသော ဘတ်စ်ကားကို လောဘတကြီး စိုက်ကြည့်နေချေသည်။ “သူတို့ရဲ့ ဇွန်ဘီတွေကို ပိတ်ဆို့နိုင်တဲ့ နည်းပညာက ငါတို့ အခြေစိုက်စခန်း အာဏာရလာဖို့အတွက် လှေကားတစ်စင်း ဖြစ်လာလိမ့်မယ်...”

​အဓိက ခေါင်းဆောင်က စိတ်မရှည်စွာ ပြောလိုက်၏။ “ကောင်းပြီ.... ဒီအဓိပ္ပာယ်မရှိတဲ့ စကားတွေ ရပ်တော့”

​ထို့နောက် သူက ဖန်ဟွေ့ကို ကြည့်လိုက်သည်။ “ပဉ္စမညီ... သူတို့ကို အရင်ဆုံး ထိန်းချုပ်လိုက်... ပြီးမှ သူတို့ကို နှိုး။ တန်ဖိုးရှိတဲ့သူတွေကို ချန်ထားပြီး တန်ဖိုးမရှိတဲ့ သူတွေကို နောက်မှ ရှင်းပစ်လိုက်...”

​ဖန်ဟွေ့က လုလျိုကို မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။ လုလျိုက ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို ထိန်းချုပ်ရန် သူ၏လူများကို ဦးဆောင်မည် အပြုတွင် လက်ဖျောက်တီးသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

​“တောက်”

​ထိုအသံက ညကောင်းကင်ကို ကြည်လင်ပြတ်သားစွာ ဖောက်ထွင်းသွားချေသည်။

​နောက်ခဏ၌ သတိလစ်နေသော ခရီးသွားဧည့်သည်များနှင့် အသက်ရှင်ကျန်ရစ်သူများ အားလုံးက တစ်ပြိုင်နက်တည်း မျက်လုံးဖွင့်လာကြပြီး မျက်လုံးအစုံ လေးဆယ့်ငါးစုံက အပြုံးများဖြင့် ကျူးကျော်လာသူများကို ကြည့်လိုက်ကြ၏။

​“ကြိုဆိုပါတယ်...” ကျန်းယဲ့သည် ဖြည်းညှင်းစွာ ထထိုင်လိုက်ပြီး မရှိသော ဖုန်များကို ခါထုတ်လိုက်ချေသည်။ “ဆယ်မျက်နှာအခြေစိုက်စခန်းက ခေါင်းဆောင်တို့... ”

​ထိုမြင်ကွင်းကြောင့် အဓိကခေါင်းဆောင်၏ ကျောပြင်မှာ ချက်ချင်းပင် အေးစက်သော ချွေးများဖြင့် ရွှဲနစ်သွားရသည်။

​အခြား ခေါင်းဆောင်များမှာ ချွေးများ ပြိုက်ပြိုက်ကျလာကြပြီး ကျန်းယဲ့နှင့် အခြားသူများကို လုံးဝ မယုံကြည်နိုင်သော အမူအရာများဖြင့် ကြည့်နေကြလေသည်။

အခန်း ၁၆၁ပြီး၏။

All Chapters