← Chapters

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း (၁၆၈) မင်းတို့ လွတ်လပ်သွားပြီ

​ပတ်ဝန်းကျင်ရှိ လူအများအပြားက ခိုးနားထောင်နေကြပြီး အများစုက သူ့ကို သတ္တမသခင်၏ ပထမအမဲလိုက်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဆင့်အတန်း မြင့်မားသူတစ်ဦးအဖြစ် မှတ်မိနေကြ၏။

​ယခု သူက သူတို့က ဒီလောက် စိတ်ရှည်ရှည် စကားပြောနေကြတာက တကယ့်ကို အံ့သြစရာပင်။

​ကောင်လေးသည် ထပ်ပြီး မေးခွန်းမမေးနိုင်တော့ကြောင်း သိပေသည်။ သူသာ ထပ်မေးလိုက်ပါက အခြေအနေတွေ ပိုဆိုးသွားနိုင်၏။

​သူသည် တစ်ဖက်လူကို ကျေးဇူးတင်ကြောင်း ဖော်ပြရန် ဦးညွှတ်လိုက်ပြီးနောက် လက်ကမ်းစာစောင်ကို ယူကာ သူ၏ ကျဉ်းမြောင်းပြီး မှောင်မိုက်နေသော တဲအိမ်လေးဆီသို့ အပြေးအလွှား ပြန်သွားလိုက်သည်။

​ထို့နောက် ကောင်လေးသည် ကောက်ရိုးဖျာအောက်မှ နွေးထွေးပြီး ချောမွေ့နေသော ကျောက်စိမ်းဆွဲကြိုးတစ်ခုကို ဆွဲထုတ်လိုက်၏။

​ဒါက ကမ္ဘာမပျက်ခင်က အဖွားဖြစ်သူက သူ့ကို ပေးထားခဲ့တဲ့ မိသားစု အမွေအနှစ် တစ်ခုပင်။

​တဲအိမ်လေးထဲတွင် သူ၏ မိခင်က အားနည်းစွာ မော့ကြည့်ပြီး မေးလိုက်၏။ “ရှောင်အန်း... ကျောက်စိမ်းဆွဲကြိုးကို ဘာလုပ်မလို့လဲ...”

​“မေမေ... အပြင်မှာ ကုန်တိုက်တစ်ခု ရှိတယ်တဲ့... ကျောက်စိမ်းဆွဲကြိုးနဲ့ ဆေးတွေ၊ အစားအစာတွေ လဲလို့ရတယ်တဲ့...” ကောင်လေး၏ အသံမှာ တုန်ယင်နေချေသည်။

​“မသွားနဲ့...” အမျိုးသမီးက သူ့လက်ကောက်ဝတ်ကို ရုတ်တရက် လှမ်းဆွဲလိုက်၏။ “ဒါက သေချာပေါက် ထောင်ချောက်ပဲ ဖြစ်ရမယ်။ သူတို့က စမ်းသပ်မှုတွေ လုပ်ဖို့ လူတွေကို ပြန်ပေးဆွဲချင်နေတာ”

​သူ၏ မိခင်၏ ပြည်တည်နေသော ဒဏ်ရာကို ကြည့်ကာ ကောင်လေးက အံကြိတ်ပြီး ပြောလိုက်လေသည်။ “ဆဋ္ဌမသခင်နဲ့ သတ္တမသခင်ရဲ့ လူယုံတွေ ကိုယ်တိုင် ပြောတာ... မေမေ၊ မြန်မြန် ဆေးမသောက်ရင်...”

​သူသည် ရုတ်တရက် မိခင်၏ လက်ထဲမှ ရုန်းထွက်လိုက်ပြီး တဲအိမ်အပြင်ဘက်သို့ ပြေးထွက်သွားကာ အော်ပြောလိုက်ပေသည်။ “သား အခုချက်ချင်း ပြန်လာခဲ့မယ်...”

​ညစ်ပတ်နေသော လမ်းကြားလေးထဲတွင် လျှောက်သွားနေစဉ် ကောင်လေးသည် ကျောက်စိမ်းဆွဲကြိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ ရင်ခုန်သံများမှာ လည်ချောင်းဝအထိ ရောက်နေခဲ့သည်။

​ဒါက ထောင်ချောက်တစ်ခု ဖြစ်နိုင်ကြောင်း သူ သိထားသော်လည်း သူ့မိခင်၏ ဒဏ်ရာမှာ ပိုးဝင်ပြီး အဖျားတက်နေပြီ ဖြစ်သည်။ ဆေးဝါးမရှိလျှင် သူမ သေချာပေါက် သေဆုံးရလိမ့်မည်။

​တဲအိမ်လေးထဲတွင် အမျိုးသမီးက တံခါးပေါက်ဆီသို့ ခက်ခက်ခဲခဲ တွားသွားနေပြီး သူမ၏ နောက်ကျိနေသော မျက်ရည်များက ချိုင့်ဝင်နေသော ပါးပြင်ပေါ်သို့ စီးကျနေခဲ့သည်။

​အဝေးတွင် ကောင်လေး၏ ပိန်သွယ်သော ပုံရိပ်လေးမှာ လွင့်စင်နေသော ဖုန်မှုန့်များကြားတွင် ပျောက်ကွယ်သွားချေပြီ။

...............

​မှောင်မိုက်ပြီး စိုစွတ်နေသော မြေအောက်ခန်းထဲတွင် ပုပ်ဟက်နေသော အနံ့အသက်များနှင့် စိတ်ပျက်လက်ပျက်ဖြစ်မှုများက လက်ဆုပ်လက်ကိုင် ပြနိုင်သော ပုံစံတစ်ခုအဖြစ်ပင် အစိုင်အခဲ ဖြစ်လုနီးပါး ရှိနေပေသည်။

​ဖန်ဟွေ့၏ လူယုံက သံချေးတက်နေသော သံတံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ရာ မျက်စိကျိန်းလောက်အောင် တောက်ပသော နေရောင်ခြည်က ဓားတစ်လက်ကဲ့သို့ ထိုးဖောက် ဝင်ရောက်လာခဲ့သည်။

​မြေအောက်ခန်း၏ ထောင့်တစ်နေရာတွင် ကွေးကွေးလေး နေနေကြသော ပုံရိပ် ဆယ်ဂဏန်းခန့်က မသိစိတ်မှ အလိုအလျောက် အချင်းချင်း ပူးကပ်သွားကြပြီး ထိတ်လန့်တကြား ငိုကြွေးသံများ ထွက်ပေါ်လာကြသည်။

​“အားလုံး ထွက်လာခဲ့ကြ... မင်းတို့ လွတ်လပ်သွားပြီ...” ဆဋ္ဌမ အမဲလိုက်အဖွဲ့၏ ကပ္ပတိန်က အခန်းထဲရှိ လူများကို ပြောလိုက်၏။

​သူ့ကို တုံ့ပြန်လာသည်မှာ သေလုမတတ် တိတ်ဆိတ်မှုသာ....

​ထောင့်တစ်နေရာတွင် အရေခွံနှင့် အရိုးသာ ကျန်တော့လောက်အောင် ပိန်လှီနေသော အမျိုးသမီး တစ်ဦးက သူမ၏ ရင်ခွင်ထဲရှိ ကလေးကို သူမ၏ ကျောနောက်သို့ မသိစိတ်မှ အလိုအလျောက် ဖွက်ထားလိုက်၏။ သူမ၏ ကွဲအက်နေသော နှုတ်ခမ်းများက တုန်ယင်နေသော်လည်း အသံတစ်သံမျှ ထွက်မလာနိုင်ခဲ့ချေ။

​သူမ၏ ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးများတွင် ထုံထိုင်းမှုများဖြင့် ပြည့်နှက်နေ၏။

​နောက်ဆုံးအကြိမ် တစ်စုံတစ်ယောက်က လွတ်လပ်ခွင့်အကြောင်း ပြောခဲ့စဉ်က ၎င်းမှာ သူတို့ကို ဇွန်ဘီများ မျှားရန် အသက်ရှင်နေသော ငါးစာများအဖြစ် အပြင်သို့ ထွက်သွားစေရန် လှည့်စားခြင်းသာ ဖြစ်ခဲ့သည်။

​“အားလုံး ထွက်လာခဲ့ကြပါ...”

​“ဘယ်သူမှ မင်းတို့ကို ဒုက္ခမပေးတော့ပါဘူး...”

​“ဒီကနေ့ကစပြီး မင်းတို့ လုံးဝ လွတ်လပ်သွားပြီ” အမဲလိုက် ကပ္ပတိန်က စိတ်ရှည်လက်ရှည် ပြောလိုက်ပြန်သည်။

​သို့သော် မည်သူမျှ တုံ့ပြန်ခြင်း မရှိကြချေ။ သူတို့ အားလုံး ခေါင်းငုံ့ထားကြပြီး သူတို့ ရှိနေကြောင်း မသိသာစေရန် သူတို့၏ လက်မောင်းများထဲတွင် မျက်နှာအပ်ထားလိုက်ကြသည်။

​၎င်းကို မြင်သောအခါ အသက်ရှင်ကျန်ရစ်သူ နှစ်ဦးက ဝင်ပြောလိုက်လေသည်။ “သူ မင်းတို့ကို လိမ်နေတာ မဟုတ်ပါဘူး။ အခြေစိုက်စခန်းထဲက အဲဒီ တိရစ္ဆာန်တွေ အကုန်လုံးကို အစ်ကိုကျန်းက ရှင်းလင်းပေးလိုက်ပါပြီ...”

​“ကျွန်တော်က အခြေစိုက်စခန်းက လူမဟုတ်ပါဘူး။ သူ့ကို မယုံရင် ကျွန်တော့်ကို ယုံလို့ရပါတယ်....”

​ကံမကောင်းစွာဖြင့် မည်သူမျှ မယုံကြည်ကြချေ။

​အမဲလိုက် အဖွဲ့ခေါင်းဆောင်က ကျိန်ဆဲလိုက်၏။ “သောက်ကျိုးနည်း... ထွက်လာခဲ့လို့ ပြောနေတယ်ဆိုမှတော့ အခု ထွက်လာခဲ့ကြစမ်း...”

​သူ စကားပြောနေစဉ် အဝါရောင်သန်းနေသော အညိုရောင် စူပါပါဝါတစ်ခုက သူ၏ လက်ဖဝါးမှ ထွက်ပေါ်လာပြီး ကျောက်တုံးတစ်တုံးက သံတံခါးကို နားကွဲမတတ် အသံဖြင့် ဝင်တိုက်သွားခဲ့သည်။ “အခု မထွက်လာရင် မင်းတို့ကို အရှင်လတ်လတ် မြေမြှုပ်ပစ်မယ်...”

​လူအုပ်ကြီးမှာ နောက်ဆုံးတွင် တုံ့ပြန်လာခဲ့ကြသည်။

​ဆံပင်များ ဖြူနေသော သက်ကြီးရွယ်အို အမျိုးသားတစ်ဦးက တုန်ယင်စွာဖြင့် မတ်တပ်ရပ်လိုက်၏။ သူ၏ ဘယ်ဘက် ခြေထောက်မှာ အနာများ ဖြစ်ပြီး ပြည်တည်နေကာ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပြည်များက မြေကြီးပေါ်သို့ ကျဆင်းသွားလေသည်။

​သူတို့၏ နောက်မှ လူအုပ်ကြီးမှာ ထိတ်လန့်နေသော သိုးအုပ်တစ်အုပ်ကဲ့သို့ စက်ရုပ်များအလား လိုက်ပါ ရွေ့လျားလာကြ၏။

​သူတို့ မြေအောက်ခန်းထဲမှ တယိမ်းတယိုင် ထွက်လာချိန်တွင် မျက်စိကျိန်းလောက်အောင် တောက်ပသော နေရောင်ခြည်ကြောင့် မည်သူမျှ မျက်လုံးမဖွင့်နိုင်ကြချေ။

​သူတို့ နေရောင် မမြင်ရသည်မှာ အရမ်းကို ကြာမြင့်နေပြီ ဖြစ်၏။

​“ခေါင်းဆောင် ဆယ်ယောက်လုံး မရှိတော့ဘူး...” အမဲလိုက် ကပ္ပတိန်က မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် ကြေညာလိုက်၏။ “အခု မင်းတို့ သွားချင်တဲ့နေရာ သွားလို့ရပြီ။ ထွက်သွားချင်တာဖြစ်ဖြစ်... ဆက်နေချင်တာဖြစ်ဖြစ် ဘယ်သူမှ ဂရုစိုက်တော့မှာ မဟုတ်ဘူး”

​သို့သော် မည်သူမျှ မလှုပ်ရှားရဲကြချေ။

​အသက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်အရွယ် ကလေးတစ်ယောက်က သူ့မိခင်၏ နောက်သို့ မသိစိတ်မှ အလိုအလျောက် ပုန်းကွယ်သွားခဲ့သည်။ သူ၏ ပုံမှန်မဟုတ်သော ညာဘက်လက်မောင်းတွင် သံပူတိုက်ခံထားရသော အမာရွတ်များ ရှိနေချေသည်။

သူ၏ ဘေးတွင် တွန့်တွန့်လိပ်လိပ် မျက်နှာရှိသော အဘွားအိုတစ်ဦးက သူမ၏ ရင်ဘတ်ရှိ အဆောင်တစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ၎င်းကို ကိုင်ထားမှသာ စိတ်အေးချမ်းမှု ရရှိနိုင်မည့်အလား ဖြစ်နေပေသည်။

​၎င်းကို မြင်သောအခါ အသက်ရှင်ကျန်ရစ်သူများက ကပ္ပတိန်နှင့် သူ၏အဖွဲ့ကို ထွက်သွားရန် ပြောလိုက်၏။

​သူတို့ အတော်အလှမ်းဝေးသည်အထိ ထွက်သွားပြီးနောက် လူအုပ်ကြီးက ၎င်းမှာ တကယ်ဖြစ်နိုင်ကြောင်း ဖြည်းညှင်းစွာ စတင် ယုံကြည်လာကြလေသည်။

​“ငါတို့ကို တကယ် လွှတ်ပေးတော့မှာလား...” နောက်ကျိနေသော မျက်လုံးများဖြင့် အမျိုးသားတစ်ဦးက တီးတိုးရေရွတ်လိုက်၏။

​ရုတ်တရက် အဝေးမှ ဆူညံသံတစ်ခု ထွက်ပေါ်လာခေသည်။

​လူအုပ်ကြီးမှာ ချက်ချင်း အေးခဲသွားပြီး အချို့က မသိစိတ်မှ အလိုအလျောက် ဒူးထောက်ကာ သူတို့၏ ခေါင်းများကို ကာကွယ်လိုက်ကြ၏။

​ဒါက အရိုက်ခံရခြင်းမှ သူတို့ ရရှိလာသော အလိုအလျောက် တုံ့ပြန်မှုတစ်ခုပင်။

​သို့သော် မျှော်လင့်ထားသော ကျာပွတ်ရိုက်ချက်မှာ ကျရောက်မလာခဲ့ချေ။

​“မေမေ....” ပုံမှန်မဟုတ်သော လက်မောင်းနှင့် ကလေးငယ်က ကောင်းကင်ကို ရုတ်တရက် လက်ညှိုးထိုးပြလိုက်၏။ “ကောင်းကင်မှာ လူတွေ ရှိနေတယ်”

​လူများက နားမလည်စွာ မော့ကြည့်လိုက်ရာ လေထဲတွင် တွဲလွဲခိုနေသော လူပုံစံ ဆယ်ခုကို တွေ့လိုက်ရပြီး သူတို့၏ လည်ပင်းများတွင် ရယ်စရာကောင်းသော ဆိုင်းဘုတ်များကို ချိတ်ဆွဲထားကြသည်။

သူတို့သည် တံခါးနှင့် မလှမ်းမကမ်းတွင် ရပ်နေကြပြီး အခြေစိုက်စခန်း၏ မြို့ရိုးထက် ပိုမိုမြင့်မားကာ လေထဲတွင် တွဲလွဲခိုနေသော ပုံရိပ်များကို ရှင်းလင်းစွာ မြင်တွေ့နိုင်ကြလေသည်။

​“ဟုတ်တယ်.. ဟုတ်တယ်... အခြေစိုက်စခန်းက အထက်တန်း အရာရှိတွေပဲ” တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာ တီးတိုးပြောလိုက်၏။

​ထိုအခိုက်အတန့်တွင် သေလုမတတ် တိတ်ဆိတ်နေသော ရင်ဘတ်ထဲမှ တစ်ခုခုက ညင်သာစွာ ခုန်လှုပ်လာသကဲ့သို့ ခံစားလိုက်ရသည်။

​ပထမဆုံး တုံ့ပြန်သူမှာ ခြေထောက်တွင် ပြည်တည်နေသော အနာများရှိသည့် အဘိုးအိုပင်။ သူသည် ရုတ်တရက် အခြေစိုက်စခန်း တံခါးဆီသို့ အရူးအမူး တွားသွားလိုက်ရာ သူ၏ ပုပ်ဟက်နေသော အသားများက မြေကြီးပေါ်တွင် သွေးစွန်းနေသော ခြေရာများ ကျန်ရစ်စေခဲ့လေသည်။

​တစ်ယောက်၊ နှစ်ယောက်... ပိုမိုများပြားသော လူများက တယိမ်းတယိုင်ဖြင့် စတင် ပြေးလွှားလာခဲ့ကြသည်။

​အချို့က ပြေးရင်း ငိုကြွေးကြပြီး အချို့က လဲကျကာ ရှေ့သို့ တွားသွားနေကြ၏။

​ရှေ့တွင် သူတို့ကို ဘာတွေ စောင့်ကြိုနေမည်ကို သူတို့ မသိကြသော်လည်း သူတို့၏ နောက်တွင်တော့ လူသားစားသော ငရဲခန်းတစ်ခု ရှိနေပြီး သေရမည်ဆိုလျှင်တောင် အဲဒီနေရာကို နောက်တစ်ကြိမ် လုံးဝ မပြန်ချင်တော့ချေ။

..........

​လောချန်းယဲ့၏ လူယုံလီရှန်းက ယွမ်ကွမ်နှင့် ကျစ်ဆံမြီး မိန်းကလေးတို့ကို ဓာတ်ခွဲခန်း တံခါးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ လေးလံသော သတ္တုတံခါးကြီး ဖြည်းညှင်းစွာ ပွင့်သွားပြီး သွေးနံ့များနှင့် ရောနှောနေသော စူးရှသည့် ဆေးနံ့တစ်ခု ထွက်ပေါ်လာချေသည်။

​မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် ဖမ်းဆီးခံထားရသော လူဒါဇင်ပေါင်းများစွာက သူတို့၏ သက်ဆိုင်ရာ လှောင်အိမ်များထဲတွင် ကွေးကွေးလေး နေနေခဲ့ကြသည်။

​အချို့မှာ မူးယစ်ဆေးဝါးများ ထိုးသွင်းခံထားရသဖြင့် တက်နေကြ၏။ အချို့မှာ သူတို့၏ ခြေလက် အစိတ်အပိုင်းများ ဖြတ်တောက်ခံထားရပြီး ပြည်တည်ကာ ရောင်ရမ်းနေသော ဒဏ်ရာများ ရရှိနေခဲ့ကြသည်။

အခြားသူများမှာ မျိုးဗီဇများ အတင်းအကျပ် ထည့်သွင်းခံထားရသဖြင့် သူတို့၏ ခန္ဓာကိုယ်များမှာ တွန့်လိမ်ကာ ပုံပျက်ပန်းပျက် ဖြစ်နေကြ၏။

​“အားလုံး ထွက်လာခဲ့ကြ။ အခု မင်းတို့ လွတ်လပ်သွားပြီ....” လီရှန်းက တိုးညင်းကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။

​သူ့ကို တုံ့ပြန်လာသည်မှာ သေလုမတတ် တိတ်ဆိတ်မှုနှင့် ဖိနှိပ်ထားသော သရော်သံ အနည်းငယ်သာ...

​ထောင့်တစ်နေရာတွင် အထူးပြုလုပ်ထားသော သံကြိုးများဖြင့် လက်ကို ချည်နှောင်ခံထားရသည့် လူငယ်တစ်ဦးက မော့ကြည့်လိုက်ပြီး သူ၏ မျက်လုံးများတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေခဲ့သည်။ “လွတ်လပ်ခွင့် ဟုတ်လား။ ဒီတစ်ခါရော ဘာလှည့်ကွက်အသစ်တွေ ထပ်သုံးဖို့ ကြိုးစားနေတာလဲ...”

​သူသည် လက်ထိတ်များကို ဆောင့်ဆွဲလိုက်ရာ သံကြိုးများက ကျယ်လောင်စွာ မြည်ဟည်းသွားလေသည်။ “ငါ့ကို သတ်ချင်ရင် သတ်လိုက်လေ... ဟန်ဆောင်မနေနဲ့တော့...”

​လီရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး ရှင်းပြရန် ပျင်းရိစွာဖြင့် လက်ကိုသာ ဝှေ့ယမ်းလိုက်၏။

​“ဂျောက်...”

​လူငယ်၏ လက်ပေါ်ရှိ သံကြိုးများက ဂျောက် ဟူသော အသံနှင့်အတူ ပြုတ်ကျသွားခဲ့သည်။

​“မင်း...” လူငယ်မှာ မှင်သက်သွားပြီး လွတ်လပ်ခွင့် ပြန်လည်ရရှိသွားသော သူ၏ လက်ကောက်ဝတ်ကို မယုံကြည်နိုင်စွာ ကြည့်နေစဉ် သူ၏ စူပါပါဝါက လက်ဖဝါးထဲတွင် ဖြည်းညှင်းစွာ စုစည်းလာလေသည်။

​မည်သည့် အတားအဆီး သို့မဟုတ် နာကျင်မှုမျှ မရှိဘဲ သူသည် တကယ်ကို စူပါပါဝါများကို အသုံးပြုနိုင်နေပြီ ဖြစ်၏။

​“ယုံတာ မယုံတာ မင်းသဘောပဲ... ” လီရှန်းက လှည့်ထွက်သွားလိုက်သည်။ “မင်း သေချင်တယ်ဆိုရင်လည်း ဒီမှာပဲ ဆက်နေပေါ့...”

​ယွမ်ကွမ်နှင့် ကျစ်ဆံမြီးမိန်းကလေးတို့က စကားအများကြီး မပြောကြချေ။ သူတို့က အခြား လှောင်အိမ်များ၏ တံခါးများကို တစ်ခုပြီးတစ်ခု ဖွင့်ပေးလိုက်ပြီး နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့ကြသည်။

​ဓာတ်ခွဲခန်းထဲရှိ လူများက အချင်းချင်း နားမလည်စွာ ကြည့်နေကြ၏။ လီရှန်းနှင့် အခြားသူများ တကယ် အဝေးသို့ ထွက်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက်မှသာ တစ်စုံတစ်ယောက်က ပထမဆုံး ခြေလှမ်းကို တုန်ယင်စွာ စတင် လှမ်းလိုက်၏။

​သူတို့သည် အချင်းချင်း ကူညီထူမပေးကြပြီး ဓာတ်ခွဲခန်းထဲမှ တယိမ်းတယိုင် ထွက်လာကြလေသည်။

​မျက်စိကျိန်းလောက်အောင် တောက်ပသော နေရောင်ခြည်ကြောင့် လူတိုင်း မျက်လုံးမှေးသွားကြသော်လည်း သူတို့က အခြေစိုက်စခန်း တံခါးဘက်သို့ မော့ကြည့်လိုက်သောအခါ...

​လေထဲတွင် လူပုံစံဆယ်ခု လွှင့်ပျံခိုနေပြီး သူတို့၏ လည်ပင်းများတွင် ရယ်စရာကောင်းသော ဆိုင်းဘုတ်များကို ချိတ်ဆွဲထားခဲ့ကြသည်။ သူတို့မှာ အခြားသူများမဟုတ်ဘဲ တစ်ချိန်က မောက်မာခဲ့ကြသော ဆယ်မျက်နှာအခြေစိုက်စခန်း၏ ခေါင်းဆောင်များပင်။

အခန်း ၁၆၈ပြီး၏။

All Chapters