အခန်း ၁၇၇
Vol. 18 Ch. 177
အခန်း (၁၇၇) ရီယဲ့ခရီးသွားအေဂျင်စီမှ ကြိုဆိုပါတယ်
အနောက်မြောက် တရုတ်ပြည် J စစ်ဒေသရှိ အစည်းအဝေးခန်းတစ်ခုတွင် အထူးတပ်ဖွဲ့ဝင် စစ်မှုထမ်းဟောင်း နှစ်ဆယ်က တန်းစီ၍ သပ်ရပ်စွာ ထိုင်နေကြပြီး သူတို့ တစ်ဦးစီ၏ ရှေ့တွင် လက်ကိုင်ဖုန်း တစ်လုံးစီ ရှိနေခဲ့ကြသည်။
နည်းပြကျောက်ကန်း၏ မျက်လုံးများက စူးရှနေချေသည်။ “မျက်နှာပြင်ပေါ်လာတာနဲ့ မဖတ်နေနဲ့။ ‘Yes ဆိုတာကိုပဲ တိုက်ရိုက် နှိပ်။ တစ်စက္ကန့်လေးတောင် အလဟဿ မဖြုန်းနဲ့....”
တက္ကသိုလ် အိပ်ဆောင်များ၊ ပြင်ပကလပ်များ၊ ဆေးရုံတာဝန်ကျ အခန်းများ... မရေမတွက်နိုင်သော ထောင့်ပေါင်းစုံမှ မရေမတွက်နိုင်သော မျက်လုံးများ အားလုံးက တူညီသော အခိုက်အတန့်တစ်ခုတည်းကိုသာ စူးစိုက်နေကြ၏။
ကျန်းယဲ့ မတ်တပ်ရပ်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်လေသည်။
နေရောင်ခြည်က မှန်ကို ဖြတ်သန်းကာ သူ၏ ပခုံးပေါ်သို့ ကျရောက်နေပြီး နွေးထွေးကာ တောက်ပနေခဲ့သည်။
ဒီတစ်ခါ ခရီးသွားတွေက ဘယ်သူတွေ ဖြစ်မလဲ....
နာရီက ၁၁:၀၀ နာရီ တိတိကို ရောက်ရှိသွားချိန်တွင် နိုင်ငံတစ်ဝန်းရှိ မတူညီသော နေရာ နှစ်ဆယ်၌ နူးညံ့ပြီး လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင် အလင်းတန်းများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြသည်။
ဟိုင်ရှီတောင်ထွတ် တောင်တက်ကလပ်...
လေ့ကျင့်ရေးခန်းမအတွင်းတွင် တောင်တက် ဝါသနာရှင် တစ်ဒါဇင်ခန့်က အသက်ရှူအောင့်ထားကြပြီး သူတို့၏ လက်ချောင်းများက မျက်နှာပြင်ကို အရူးအမူး နှိပ်နေခဲ့ကြသည်။
ရုတ်တရက် အလယ်တွင် ရပ်နေသော လောင်ကျိုးသည် ဝေဝါးသော အဖြူရောင်အလင်းတန်းဖြင့် ရစ်ပတ်ခံလိုက်ရပြီး အလင်းရောင်ထဲတွင် သူ၏ ပုံရိပ်မှာ တဖြည်းဖြည်း ဖောက်ထွင်းမြင်နိုင်လာလေသည်။
“လခွမ်း ... လောင်ကျိုး နိုင်သွားပြီ..” လူငယ် အဖွဲ့ဝင် တစ်ဦးက အံ့သြမှုနှင့် မနာလိုမှုများဖြင့် မျက်လုံးပြူးကာ အော်ဟစ်လိုက်၏။
“နည်းပြက အရမ်းမိုက်တာပဲ...” နောက်ထပ် လူငယ် တစ်ဦးက စိတ်လှုပ်ရှားစွာ ခုန်ပေါက်လိုက်ခေသည်။
လောင်ကျိုးသည် တဖြည်းဖြည်း မှေးမှိန်လာသော သူ၏ လက်များကို ငုံ့ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းများပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာရသည်။
သူက အသင်းဖော်များကို မော့ကြည့်ပြီး တစ်ခုခု ပြောတော့မည့် အချိန်တွင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
လေ့ကျင့်ရေးခန်းမမှာ ဆူညံပွက်လောရိုက်သွားတော့သည်။
“တကယ် ပျောက်သွားတာပဲ... အဲဒါ အထူးပြုလုပ်ချက် မဟုတ်ဘူး....”
“တောက်... ငါ လက်မြန်ဖို့ ပိုလေ့ကျင့်ခဲ့သင့်တာ”
“လောင်ကျိုးက ဒီတစ်ခါ သမိုင်းကို သက်သေခံဖို့ တကယ် သွားရပြီပဲ...”
မြို့တော် GJ တောင်တက်အဖွဲ့ လေ့ကျင့်ရေးစခန်း....
ဖန့်ရှန်းသည် အဖွဲ့ထဲတွင် အသက်အငယ်ဆုံး အဓိက ကစားသမားဖြစ်ပြီး မီတာ ၈,၀၀၀ အဆင့်ရှိ နှင်းတောင်ကို သုံးကြိမ်တိုင်တိုင် တက်ရောက်နိုင်ခဲ့သူ ဖြစ်၏။
သူ၏ ဖုန်းမျက်နှာပြင်ပေါ်တွင် “အော်ဒါ အောင်မြင်ပါသည်” ဟူသော မက်ဆေ့ချ် ပေါ်လာသောအခါ သူ ခုန်ပေါက်သွားရသည်။ အောင်ပွဲခံ၍ပင် မပြီးသေးမီ အဖြူရောင် အလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပေါ်မှနေ၍ လွှမ်းခြုံသွားချေသည်။
“ဖန့်ရှန်း...” သူ၏ အသင်းဖော်များက အော်လိုက်ကြ၏။
နည်းပြချုပ်ဝမ်ယန်က ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး သူ၏ မျက်လုံးများတွင် ကျေနပ်မှုများ တောက်ပနေချေသည်။ “ကောင်လေး... မင်း တကယ် လုနိုင်ခဲ့တာပဲ”
ဖန့်ရှန်းသည် အလင်းရောင်ထဲသို့ တဖြည်းဖြည်း ဝါးမျိုခံနေရသော သူ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ လက်သီးဆုပ်ကာ လူအုပ်ကို ပြုံးပြပြီး ပြောလိုက်၏။ “ကျွန်တော့်ကို စောင့်နေကြပါ...”
သူ စကားပြောမဆုံးမီမှာပင် လေ့ကျင့်ရေးခန်းမမှ ပျောက်ကွယ်သွားခဲ့သည်။
သူ့ပတ်ဝန်းကျင်ရှိ အသင်းဖော်များမှာ မနာလိုလည်း ဖြစ်သလို စိတ်လည်း လှုပ်ရှားနေခဲ့ကြသည်။
“ဖန့်ရှန်းက တကယ့်ကို ကံကောင်းတဲ့ ကောင်လေးပဲ...”
“အဖွဲ့ထဲမှာ သူ့လက်အမြန်ဆုံးဆိုတာ မဆန်းပါဘူး”
“အဲဒီကောင်လေး သူနဲ့ တွေ့ခွင့်ရမလား မသိဘူး...”
တုန်းဟူတက္ကသိုလ် တောင်တက်ကလပ်...
ဒုတိယ ညွှန်ကြားရေးမှူး ဝမ်လဲ့သည် ဒေါသကြီးသော လူကြမ်းကြီးတစ်ဦးဖြစ်ပြီး ပုံမှန်အားဖြင့် ကြမ်းတမ်းသော အသံဖြင့် စကားပြောလေ့ရှိ၏။ သို့သော် ဤအချိန်တွင် “အေဒီ၁၉၃၅ မုံ့ပေါ်တောင် တစ်ရက်တာ ခရီးစဉ်ကို အောင်မြင်စွာ ကြိုတင်စာရင်းပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါတယ်” ဟူသော ဖုန်းမျက်နှာပြင်ပေါ်ရှိ မက်ဆေ့ချ်ကို မြင်လိုက်ရသောအခါ သူဟာ မှင်သက်သွားရသည်။
“ငါ... ငါ ရပြီလား” သူက စကားထစ်သွားလေသည်။
နောက်တစ်စက္ကန့်တွင် သူ၏ ခေါင်းပေါ်မှ အဖြူရောင် အလင်းတန်းများ ပျံ့နှံ့လာပြီး ပတ်ဝန်းကျင်ရှိ အဖွဲ့ဝင်များမှာ ချက်ချင်း အရူးအမူး ဖြစ်သွားကြ၏။
“အစ်ကိုလဲ့... အစ်ကိုလဲ့ နိုင်သွားပြီ...”
“သောက်ကျိုးနည်း... တကယ်လား...”
ဝမ်လဲ့သည် တဖြည်းဖြည်း မှေးမှိန်လာသော သူ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ပြီး ရုတ်တရက် အသံထွက် ရယ်မောလိုက်၏။ “ဟားဟားဟား... အောင်မြင်မယ်ဆိုတာ ငါ သိသားပဲ”
သူ၏ ရယ်မောသံ မဆုံးမီမှာပင် သူဟာ အလင်းရောင်ထဲတွင် လုံးဝ ရစ်ပတ်ခံလိုက်ရသည်။
“အစ်ကိုလဲ့ ဓာတ်ပုံရိုက်ဖို့ မမေ့နဲ့နော်...”
“ရှုခင်းပဲ ကြည့်မနေနဲ့... အသုံးဝင်တာ တစ်ခုခု ယူလာခဲ့...”
သူတို့ တစ်ယောက်ချင်းစီကို ဝမ်လဲ့ ပြန်မပြောနိုင်မီမှာပင် အဖြူရောင် အလင်းတန်းတစ်ခု လင်းလက်သွားပြီး သူ၏ ပုံရိပ်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
အနောက်မြောက် J ဒေသ အထူးတပ်ဖွဲ့
J ဇုန် အစည်းအဝေးခန်း အတွင်းတွင် အထူးတပ်ဖွဲ့ဝင်ခြောက်ဦးက သူတို့၏ ဖုန်းများကို တစ်ပြိုင်နက်တည်း ငုံ့ကြည့်လိုက်ရာ မျက်နှာပြင်များပေါ်တွင် “အော်ဒါ အောင်မြင်ပါသည်” ဟူသော မက်ဆေ့ချ်များ တညီတညွတ်တည်း ထွက်ပေါ်လာသည်။
“ငါတို့ ရပြီ...” သူတို့ထဲမှ တစ်ဦးက အော်လိုက်၏။
နောက်တစ်စက္ကန့်တွင် အဖြူရောင်အလင်းတန်း ခြောက်ခုက သူတို့၏ခန္ဓာကိုယ်များကို တစ်ပြိုင်နက်တည်း လင်းထိန်သွားစေပြီး အစည်းအဝေးခန်း တစ်ခုလုံးမှာ ချက်ချင်း နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ ရဲဘော်များမှာ အံ့အားသင့်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ရုတ်တရက် မတ်တပ်ရပ်လိုက်ကြ၏။
သူတို့၏ ခန္ဓာကိုယ်များမှာ တဖြည်းဖြည်း ဖောက်ထွင်းမြင်နိုင်လာပြီး နောက်ဆုံးတွင် တောက်ပသော အလင်းတန်းခြောက်ခုအဖြစ် ပြောင်းလဲသွားကာ လေထဲတွင် ပျောက်ကွယ်သွားကြသည်။
အစည်းအဝေးခန်းမှာ စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် တစ်စုံတစ်ယောက်က သက်ပြင်းချကာ ရေရွတ်လိုက်၏။
“တကယ်... ပျောက်သွားတာလား...”
“ကိုယ်တိုင် မျက်မြင်မတွေ့ရရင် အချိန်ခရီးသွားတာ တကယ်ရှိတယ်ဆိုတာ ငါ တကယ် မယုံနိုင်ဘူး”
အံ့အားသင့်သံများသည် နိုင်ငံတစ်ဝန်းတွင် ပဲ့တင်ထပ်နေချေသည်။
တောင်တက်ကလပ်မှ တက္ကသိုလ်ကျောင်းသားများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြ၏။
“စီနီယာ၊ စီနီယာ ပျောက်သွားပြီ။ အား.... သူက အရမ်း ချောတာပဲ...”
ဆေးရုံရှိ တာဝန်ကျသူနာပြုတစ်ဦးက တံခါးကို ဖွင့်လိုက်ရာ အလုပ်ဆင်းတော့မည့် ဒေါက်တာလီသည် သူမ၏ မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။
“လခွမ်း... ဒေါက်တာလီ ရသွားပြီ...”
ပြင်ပကလပ်တစ်ခုမှ အတွေ့အကြုံရှိ ခရီးသွားများ စုဝေးရာတွင် အုပ်စုထဲ၌ အဖြူရောင် အလင်းတန်းတစ်ခု လင်းလက်သွားသည်ကို လူတိုင်း မြင်တွေ့လိုက်ရပြီး သူတို့၏ မိတ်ဆွေဟောင်းမှာ အဖြူရောင် အလင်းတန်းဖြင့် လွှမ်းခြုံခံရကာ သူတို့ မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားခဲ့သည်။
“အဲဒီ ခွေးကောင်... ကံကောင်းလိုက်တာ”
“ဟူး... ငါသာ ပိုမြန်ခဲ့ရင် ကောင်းမှာပဲ....”
...
အမှောင်ထု။
အဆုံးမဲ့အမှောင်ထု....
ကြယ်ရောင် မရှိ၊ နယ်နိမိတ် မရှိ၊ နက်ရှိုင်းပြီး မှင်ရည်ကဲ့သို့ မည်းနက်နေသော ဟင်းလင်းပြင်သာ ရှိပြီး အချိန်ကိုယ်တိုင်က ရပ်တန့်နေသကဲ့သို့ ဖြစ်နေချေသည်။
ဤထာဝရအမှောင်ထုထဲတွင် ခရီးသွား ဘတ်စ်ကား တစ်စီးသည် တိတ်ဆိတ်စွာ မျောပါနေပြီး ၎င်း၏ ရှေ့မီးများကသာ တစ်ခုတည်းသော အလင်းရောင် အရင်းအမြစ်ဖြစ်ကာ သူတို့၏ မှိန်ဖျော့ဖျော့ အလင်းရောင်က အမှောင်ထု၏ တွင်းနက်ကြီးထဲတွင် ပိုးစုန်းကြူးများကဲ့သို့ တဖျပ်ဖျပ် လင်းလက်နေပြီး သတိထားမိရန် ခက်ခဲလှ၏။
ကားထဲတွင် ကျန်းယဲ့သည် ရှေ့ဆုံးတန်းတွင် ထိုင်ကာ ဟာလာဟင်းလင်း ဖြစ်နေသော ကားတွဲကို ကြည့်နေလေသည်။
“မကြာခင် ရောက်တော့မှာပဲ...”
စကားပြောပြီးသည်နှင့် သူ မြင်လိုက်ရသည်မှာ....
“ဝှစ် ဝှစ် ဝှစ်....”
မျက်စိကျိန်းလောက်အောင် တောက်ပသော အဖြူရောင် အလင်းတန်းနှစ်ဆယ်က ကားတွဲအတွင်း ရုတ်တရက် လင်းလက်သွားပြီး နေရာတစ်ခုလုံးကို ချက်ချင်း လင်းထိန်သွားစေလေသည်။
နောက်ခဏ၌ အလင်းရောင်ထဲတွင် ပုံရိပ်များ တဖြည်းဖြည်း ပေါင်းစည်းလာပြီး ကောက်ကြောင်းများ ရှင်းလင်းလာခဲ့သည်။
ပထမဆုံး ပေါ်လာသူမှာ လောင်ကျိုးဖြစ်ပြီး သူ၏ စူးရှသော မျက်လုံးများတွင် သိချင်စိတ်များ ပြည့်နှက်နေကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ “ဒါက ဒဏ္ဍာရီလာ အချိန်ခရီးသွား ဘတ်စ်ကားလား...”
အချိန် ဘတ်စ်ကားဆိုသည်မှာ ပါဝင်သူများ၏ ဖော်ပြချက်များကို အခြေခံ၍ အင်တာနက်အသုံးပြုသူများက ဖန်တီးထားသော နာမည်သစ်တစ်ခုပင်။
ချက်ချင်းပင် GJ တောင်တက်အဖွဲ့မှ ဖန့်ရှန်းသည် လေထဲမှ ရုတ်တရက် ပေါ်လာခဲ့သည်။ သူက မသိစိတ်မှ အလိုအလျောက် ဘေးရှိ လက်ရန်းကို ဆုပ်ကိုင်လိုက်ရာ သူ၏ လက်ဖဝါးထဲတွင် ခိုင်မာသော အရာဝတ္ထုကို ခံစားလိုက်ရ၏။ သူ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ တောက်ပနေချေသည်။ “ငါတို့ တကယ် အချိန်ခရီးသွားလာတာလား...”
“ဟားဟားဟား... ငါ တကယ် ရခဲ့တာပဲ..m” ဝမ်လဲ့၏ ကျယ်လောင်သော အသံက ကားတွဲထဲတွင် ဟိန်းထွက်သွားခဲ့သည်။ ထင်ယောင်ထင်မှား မဟုတ်ကြောင်း သေချာစေရန် သူ၏ မျက်နှာကို သူ ပြင်းပြင်းထန်ထန် ရိုက်လိုက်၏။
အထူးတပ်ဖွဲ့ဝင် ခြောက်ဦးသည်လည်း ကားရှေ့တွင် ရှိနေသော ကျန်းယဲ့အပေါ်သို့ သူတို့၏ အကြည့်များကို ချက်ချင်း စူးစိုက်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် သိချင်စိတ်များ ပြည့်နှက်နေခကြသည်။
ထို့နောက် ကျန်လူများမှာ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြ၏။
“ချီး.... ဒီကားက လေထဲမှာ မျောနေတာလား...” တက္ကသိုလ်ကျောင်းသားနှင့် တူသော လူငယ်တစ်ဦးက ပြတင်းပေါက်မှ အပြင်သို့ ကြည့်ကာ မျက်လုံးပြူး၍ စိုက်ကြည့်နေသော်လည်း အဆုံးမဲ့ အမှောင်ထုကိုသာ တွေ့လိုက်ရလေသည်။
“ငါတို့ တကယ် အချိန်ခရီးသွားနေတာလား” မျက်မှန်တပ်ထားသော လူလတ်ပိုင်း ဆရာဝန်တစ်ဦးက တိုးညင်းစွာ ရေရွတ်လိုက်ပြီး သူ၏ မျက်လုံးများတွင် ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှုများ ပြည့်လျှံနေခဲ့သည်။
ကျန်းယဲ့ မတ်တပ်ရပ်လိုက်ပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးသဲ့သဲ့ေတစ်ခု ရှိနေကာ သူ၏ အကြည့်များက စိတ်လှုပ်ရှားနေသော၊ အံ့အားသင့်နေသော သို့မဟုတ် စိုးရိမ်နေသော မျက်နှာတိုင်းအပေါ်သို့ ဝေ့ဝဲသွား၏။
“လူကြီးမင်းများခင်ဗျား...” သူ၏ အသံမှာ မကျယ်လောင်သော်လည်း လူတိုင်းကို ချက်ချင်း တိတ်ဆိတ်သွားစေခဲ့သည်။ “ရီယဲ့ခရီးသွားအေဂျင်စီရဲ့ အချိန်ခရီးသွား စွန့်စားခန်းကနေ ကြိုဆိုပါတယ်...”
ကားတွဲအတွင်းရှိ မျက်လုံး အစုံနှစ်ဆယ်စလုံးမှာ သူ့အပေါ်သို့သာ စူးစိုက်နေကြလေသည်။
“ကျွန်တော်က ဒီခရီးစဉ်အတွက် ခင်ဗျားတို့ရဲ့ လမ်းညွှန်ကျန်းယဲ့ပါ။ ကျွန်တော်တို့ သွားမယ့် နေရာကို မရောက်ခင် အချင်းချင်း မိတ်ဆက်ကြရအောင်။ ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ နာမည်၊ အလုပ်အကိုင်နဲ့ အထူးကျွမ်းကျင်မှုတွေကို အတိုချုပ် မိတ်ဆက်ပေးပါ...”
အခန်း ၁၇၇ပြီး၏။