← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း (၁၈၁) ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ

​“Z ပုံစံ စက်သီးစနစ်ကို စပြင်ကြ...” ကျိုးကျွင်းက ညွှန်ကြားလိုက်ပြီး မီတာ ၆၀ အရှည်ရှိသော ငြိမ်သက်ကြိုးကို ကြိုတင်ပြင်ဆင်ထားသည့် PETZL စက်သီးအသေးအတွင်းသို့ ထည့်သွင်းလိုက်၏။

​သတ္တု အစိတ်အပိုင်းများက -20°C အပူချိန်တွင်ပင် ချောမွေ့စွာ အလုပ်လုပ်နေဆဲ ဖြစ်လေသည်။

​နောက်ဆုံး စစ်ဆေးမှုများ ပြီးစီးပြီးနောက် ကျောက်ကန်းက အနီရောင် တပ်မတော် စစ်သည်များကို ပြောလိုက်သည်။ “သူတို့ကို ကယ်ဆယ်ဖို့ ကျွန်တော် အခု ဆင်းသွားတော့မယ်။ ဒီကြိုးက အလေးချိန် တန် ၂ တန်ကို ခံနိုင်ရည်ရှိတယ်... လုံးဝ ဘေးကင်းပါတယ်”

​ထိုသို့ပြောပြီးနောက် သူသည် ကိုယ်ပိုင်အကာအကွယ်အတွက် ပရပ်ရှားကွင်းထုံးကို အသုံးပြုကာ ကြိုးမှတစ်ဆင့် စတင် ဆင်းသက်သွားလိုက်သည်။

​ရေခဲအက်ကြောင်းအောက်ရှိ မြင်ကွင်းမှာ ရင်ကွဲနာကျဖွယ် ကောင်းလှ၏။

​ကျန်းရှောင်တောက်သည် ဒဏ်ရာရနေသော အဘိုးကြီးစွန်းကို သူ၏ ခန္ဓာကိုယ်ဖြင့် လေကွယ်ပေးထားပြီး စစ်သည်သုံးဦးမှာ ခြေထောက် ကျိုးကြေမှု အခြေအနေ အမျိုးမျိုးကို ခံစားနေခဲ့ကြရသည်။

​လူတိုင်း၏ နှုတ်ခမ်းများမှာ ပြာနှမ်းနေပြီး ကိုယ်အပူချိန်ကလည်း အပြင်းအထန် ကျဆင်းနေသည့် လက္ခဏာများ ပြသနေကြ၏။

​“ဒဏ်ရာပြင်းထန်တဲ့သူကို အရင် ကယ်မယ်....” ကျောက်ကန်းက အဘိုးကြီးစွန်းကို လူနာထမ်းစင်ပေါ်တွင် အမြန်ဖြုတ်နိုင်သော ကလစ်ဖြင့် သေချာစွာ ချည်နှောင်လိုက်ပြီး အပေါ်သို့ အော်ပြောလိုက်၏။ “ဆွဲတင်ဖို့ ပြင်ထား.... ၃၊ ၂၊ ၁၊ ဆွဲ....”

​အပေါ်ရှိ အဖွဲ့က စက်သီးစနစ်ကို ချက်ချင်း စတင် လည်ပတ်လိုက်ကြသည်။

​ဖန့်ရှန်းက အဓိကကြိုးကို ထိန်းချုပ်ပြီး ဝူဖုန်းက အရန်ကြိုးကို ကိုင်တွယ်ကာ သူတို့နှစ်ဦး ပူးပေါင်း၍ လူနာထမ်းစင်ကို တည်ငြိမ်စွာ ဆွဲတင်လိုက်ကြ၏။

​ခေတ်မီတောင်တက် အသုံးအဆောင်များ၏ စက်မှုပိုင်းဆိုင်ရာ အားသာချက်များမှာ ထင်ရှားစွာ ပေါ်ထွက်လာပေသည်။

​ပေါင် ၂၀၀ အလေးချိန်ရှိသော ဝန်ကို စက်သီးစနစ်၏ အကူအညီဖြင့် ဆွဲတင်ရန်အတွက် အား ၃၀ ကီလိုဂရမ်ခန့်သာ လိုအပ်၏။

​ပထမဆုံး ဒဏ်ရာရ စစ်သည်ကို အက်ကြောင်းထဲမှ ဆွဲတင်လိုက်ချိန်တွင် အနီရောင် တပ်မတော် စစ်သည်များမှာ မှင်သက်သွားကြရသည်။

​ကျောက်တယုံသည် ၁၁ မီလီမီတာ အထူရှိသော ငြိမ်သက်ကြိုးကို ပွတ်သပ်ရင်း ပြောလိုက်၏။ “ဒါက... ဒါက ငါတို့ရဲ့ ခြေထောက်သိုင်းကြိုးတွေထက် အဆတစ်ရာလောက် ပိုခိုင်တာပဲ...”

​ကယ်ဆယ်ရေး လုပ်ငန်းစဉ်မှာ ၁ နာရီနှင့် ၁၇ မိနစ် ကြာမြင့်ခဲ့သည်။

​အဆင့်တစ်ဆင့်ချင်းစီတိုင်းက နိုင်ငံတကာ တောင်တက် ကယ်ဆယ်ရေးလမ်းညွှန်ချက်များကို တိကျစွာ လိုက်နာထားခြင်းပင်။

​နောက်ဆုံး စစ်သည် ကျန်းရှောင်တောက်ကို ကယ်ဆယ်ပြီးချိန်တွင် ကျောက်တယုံ၏ တင်းမာနေသော မျက်နှာမှာ နောက်ဆုံး၌ ပြေလျော့သွားပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။

​ကျောက်တယုံသည် သူ၏ ကြမ်းတမ်းသော လက်များဖြင့် ကျောက်ကန်း၏ တောင်တက်လက်အိတ်များကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ကျေးဇူးတင်စွာဖြင့် ပြောလေသည်။ “ရဲဘော်... စောစောက ကိစ္စအတွက် တောင်းပန်ပါတယ်။ ခင်ဗျားတို့သာ မရှိရင် အဘိုးကြီးစွန်းနဲ့ အခြားသူတွေ... တကယ်ပဲ ကျေးဇူးတင်ပါတယ်....”

​ကျောက်တယုံသည် ခါးကို မတ်လိုက်ပြီး အဖွဲ့ကို အလေးပြုကာ ပြောလိုက်၏။ “ရှေ့ပြေးတပ်ဖွဲ့ကို ကိုယ်စားပြုပြီး ခင်ဗျားတို့ရဲ့ ကယ်ဆယ်ပေးမှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်...”

​“တကယ် ရပါတယ်....” ကျောက်ကန်းက အအေးခံ မျက်နှာဖုံးကို ချွတ်လိုက်ရာ တည်ကြည်သော မျက်နှာတစ်ခု ပေါ်ထွက်လာလေသည်။ “သတိထားတာက မှန်ကန်တဲ့ လုပ်ရပ်ပါပဲ...”

​ဤအချိန်တွင် အဖွဲ့ထဲ၌ တောတွင်း ရှေးဦးသူနာပြုစုခြင်းကို အကျွမ်းကျင်ဆုံး ဖြစ်သော ဝမ်လဲ့က နှင်းပေါ်တွင် ဒူးထောက်ကာ အလုပ်များနေချေပြီ။

​သူက ဆေးဘက်ဆိုင်ရာ ကတ်ကြေးကို အသုံးပြု၍ အဘိုးကြီးစွန်း၏ အေးခဲနေသော ဘောင်းဘီခြေထောက်ကို အရင်ဆုံး ညှပ်ဖြတ်လိုက်ရာ ခရမ်းရင့်ရောင် သန်းနေသော နှင်းကိုက်နာ ဧရိယာ ပေါ်ထွက်လာခဲ့သည်။

​“နည်းနည်းတော့ နာလိမ့်မယ်နော်..” သူက ဖျန်းရသော ထုံဆေးဘူးကို ဝှေ့ယမ်းပြလိုက်၏။ “ဒါက ခင်ဗျားတို့ သုံးတဲ့ အရက်ဖြူတွေထက် ပိုထိရောက်တယ်...”

​အဘိုးကြီးစွန်းက အားနည်းစွာ လက်ကာပြလိုက်၏။ “ကျွန်တော်တို့ ထုံဆေး မလိုပါဘူး... ဒဏ်ရာပြင်းတဲ့သူတွေအတွက် ချန်ထားပါ...”

​သူ စကားပြောမဆုံးမီမှာပင် ဝမ်လဲ့က ဆေးကို ကျွမ်းကျင်စွာ ဖျန်းပေးလိုက်ပြီး ဒဏ်ရာကို စတင် သန့်စင်ပေးနေပြီ ဖြစ်သည်။

​ဝမ်လဲ့က နှင်းပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ဒဏ်ရာရသူများကို အခြေခံ ရှေးဦးသူနာပြုစုပေးနေစဉ် ကျောက်တယုံက မရင်းနှီးသော ဆေးဝါးများကို သိချင်စိတ်ဖြင့် ကြည့်နေပြီး နောက်ဆုံးတွင် မနေနိုင်ဘဲ မေးလိုက်၏။ “ရဲဘော်... ခင်ဗျားတို့က တကယ်ပဲ ဘယ်သူတွေလဲ”

​ကျောက်ကန်းက တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ အတွင်းအိတ်ကပ်ထဲမှ အရာရှိ သက်သေခံကတ်ပြားကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကမ်းပေးလိုက်၏။ “ကျောက်ကန်း.... တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်..... အနောက်မြောက် J ဒေသ.... အထူးစစ်ဆင်ရေး တပ်မဟာကပါ”

​သူ ခါးမတ်လိုက်ပြီး စံပြ ခေတ်သစ် စစ်ရေးအလေးပြုခြင်းကို ပြုလုပ်လိုက်၏။

​ကျောက်တယုံသည် အခွံမာ ကတ်ပြားကို ယူလိုက်လေသည်။ ကိုင်တွယ်ရသည်မှာ အေးစက်ပြီး ချောမွေ့နေကာ ၎င်းပေါ်ရှိ ရွှေရောင်ရိုက်နှိပ်ထားသော ဩဂုတ် ၁ ရက် တပ်မတော်တံဆိပ်မှာ နှင်းများကြားတွင် တောက်ပနေခဲ့သည်။ ကတ်ပိုင်ရှင် ကျောက်ကန်း၏ ဓာတ်ပုံတွင် သူ တစ်ခါမှ မမြင်ဖူးသော အပြာရင့်ရောင် ယူနီဖောင်းကို ဝတ်ဆင်ထားချေသည်။

​အတွင်းစာမျက်နှာကို လှန်ကြည့်လိုက်ပြီး ၂၀၁၈ တွင် ထုတ်ပေးသည်ဟူသော စကားလုံးများကို မြင်လိုက်ရသောအခါ သူ၏ နှင်းကိုက်နေသော လက်ချောင်းများ ပြင်းထန်စွာ တုန်ယင်သွားရသည်။

​“လွတ်မြောက်ရေး တပ်မတော်... ” ကျန်းရှောင်တောက်က မျက်လုံးပြူးကာ အနားသို့ တိုးလာခဲ့သည်။

​“ကျွန်တော်တို့က ၂၀၂၅ ခုနှစ်က တရုတ်လူမျိုးတွေပါ....” ဝူဖုန်းက တိကျပြတ်သားစွာ ဖြည့်စွက်ပြောလိုက်ရာ သူ၏ အသံမှာ လေပြင်းနှင့် နှင်းများကြားတွင် ထူးခြားစွာ ရှင်းလင်းနေချေသည်။

​လေထုမှာ ရုတ်တရက် အေးခဲသွားခဲ့သည်။

​ကျောက်တယုံနှင့် အခြား စစ်သည်ဆယ့်နှစ်ဦးမှာ အချင်းချင်း နားမလည်နိုင်စွာ ကြည့်လိုက်ကြ၏။ ကျန်းရှောင်တောက်ဆိုလျှင် အအေးဒဏ်ကြောင့် ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ထင်ကာ မိမိကိုယ်ကိုယ် တိတ်တဆိတ် ဆိတ်ကြည့်လိုက်သေး၏။

​“၂၀၂၅.... ” ကျောက်တယုံက ဂဏန်းကို ဖြည်းညှင်းစွာ ထပ်ပြောလိုက်ပြီး တံတွေးကို တိတ်တဆိတ် မျိုချလိုက်၏။ “အဲဒီသဘောက ငါတို့…”

​“ခင်ဗျားတို့ အနိုင်ရသွားပါတယ်...” ကျိုးကျွင်းက ရုတ်တရက် ဝင်ပြောလိုက်ပြီး သူ၏ အသံမှာ အနည်းငယ် တုန်ယင်နေလေသည်။ “ဂျပန်ကို ဆန့်ကျင်တဲ့ ခုခံစစ်မှာ အနိုင်ရခဲ့ရုံသာမက တရုတ်နိုင်ငံသစ်ကိုလည်း တည်ထောင်နိုင်ခဲ့ပါတယ်။ အခုဆိုရင်...”

​သူက အဝေးရှိ တောင်တန်းများကို လက်ညှိုးထိုးပြလိုက်၏။ “အဲဒီမှာ အဝေးပြေးလမ်းမကြီးတွေနဲ့ ဥမင်လိုဏ်ခေါင်းတွေ ရှိနေပါပြီ... ပြီးတော့ မုံ့ဆပါ်တောင်က အနီရောင် ပညာပေးစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ...”

​ကျန်းရှောင်တောက်က ကျောက်ကန်းဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားကာ သူငယ်အိမ်များ အနည်းငယ် တုန်ယင်နေပြီး မယုံနိုင်လောက်အောင် အံ့သြမှုနှင့် သတိကြီးစွာ မျှော်လင့်ချက်များ သူ၏ မျက်လုံးများတွင် လည်ပတ်နေခဲ့သည်။

​သူ၏ ကွဲအက်နေသော နှုတ်ခမ်းများ အကြိမ်အနည်းငယ် တုန်ယင်သွားပြီး အသံမှာလည်း တုန်ယင်နေလေသည်။ “ဟို... ဟိုဂျပန်မကောင်းဆိုးဝါးတွေကို တကယ်ပဲ မောင်းထုတ်နိုင်ခဲ့တာလား။ ကျွန်တော်တို့ရဲ့ အလံတွေက... တရုတ်ပြည်တစ်ပြည်လုံးမှာ တကယ် စိုက်ထူနိုင်ခဲ့တာလား...”

​ကျောက်ကန်းက ချက်ချင်း ပြန်မဖြေချေ။

​သူသည် ကော်လာကြယ်သီးများကို ဖြည်းညှင်းစွာ ဖြုတ်လိုက်ရာ အတွင်းရှိ ရင်ထိုးတံဆိပ်များ ပေါ်လာခဲ့သည်။

​ဂျပန်ကို ဆန့်ကျင်သော ခုခံစစ် အောင်ပွဲ နှစ် ၇၀ ပြည့်နှင့် အမေရိကန်ကျူးကျော်မှုကို ဆန့်ကျင်ပြီး ကိုရီးယားကို ကူညီသော စစ်ပွဲ နှစ် ၇၀ ပြည့် ရွှေရောင် အထိမ်းအမှတ် တံဆိပ်များကို သပ်ရပ်စွာ စီစဉ်ထားခဲ့သည်။

​အဘ်ုးကြီးစွန်း၏ အသက်ရှူသံမှာ ရုတ်တရက် ပြင်းထန်လာချေသည်။

​ရှန်းကျန်းတိုက်ပွဲတွင် လက်ချောင်း နှစ်ချောင်း ဆုံးရှုံးခဲ့ရသော စစ်မှုထမ်းဟောင်းက တုန်ယင်နေသော လက်များကို ဆန့်ထုတ်ကာ တံဆိပ်များကို ညင်သာစွာ ထိတွေ့လိုက်၏။ “ဒါဆို... ကျွန်တော်တို့... တကယ်ပဲ နိုင်ခဲ့တာလား”

​“နိုင်ခဲ့ရုံတင် မကပါဘူး...” ဝမ်လဲ့က ဂုဏ်ယူသော မျက်နှာထားဖြင့် ခေါင်းမော့ကာ ပြောလေသည်။ “အခု ကျွန်တော်တို့ နိုင်ငံမှာ လေယာဉ်တင် သင်္ဘောတွေ၊ အာကာသစခန်းတွေ ရှိနေပါပြီ... ပြီးတော့ မနှစ်ကတင် အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်ကို အာကာသထဲ လွှတ်တင်နိုင်ခဲ့ပါတယ်....”

​အနီရောင်တပ်မတော်စစ်သည်များမှာ နှင်းများကြားတွင် အေးခဲနေသကဲ့သို့ ရပ်နေကြပြီး သူတို့၏ ထွက်သက်များမှာ လေအေးထဲတွင် လျင်မြန်စွာ ခဲခဲသွားကြသည်။

​ဝမ်လဲ့ ပြောလိုက်သော စကားလုံးတိုင်းက သူတို့ကို တုန်လှုပ်သွားစေလေသည်။

​မည်မျှလောက် ကြီးပွားချမ်းသာပြီး အစွမ်းထက်နေမည်ကို သူတို့ စိတ်ကူးပင် မယဉ်နိုင်ကြချေ။

​ကျောက်တယုံသည် ရုတ်တရက် လှည့်ကာ ကျောက်တံတိုင်းဆီသို့ လျှောက်သွားရာ သူ၏ ပခုံးများမှာ အနည်းငယ် တုန်ယင်နေခဲ့သည်။

​ကျန်းရှောင်တောက်သည် သူတို့၏ တပ်စုမှူးက ကွဲအက်နေသော လက်များဖြင့် မျက်နှာကို ပြင်းပြင်းထန်ထန် ပွတ်သုတ်နေသည်ကို မြင်လိုက်ရပြီး ရေခဲကျောက်တုံး မျက်နှာပြင်ပေါ်တွင် စိုစွတ်နေသော မျက်ရည်ကြောင်း အချို့ ကျန်ရစ်ခဲ့သည်။

​“ကောင်းတယ်... ကောင်းတယ်..” ကျောက်တယုံက ရုတ်တရက် လှည့်လာပြီး ကော်ဖတ်စက္ကူ ပွတ်တိုက်သကဲ့သို့ အက်ကွဲနေသော အသံဖြင့် ပြောလိုက်၏။ “ဒါဆို လုံလောက်ပြီ... အဲဒါက တန်ပါတယ်...”

​“တန်ပါတယ်....” ဟူသော စကားလုံးက အဖွဲ့ကို တုန်လှုပ်သွားစေပြီး သူတို့၏ ရင်ဘတ်ထဲတွင် ဆို့နင့်ဖွယ် ခံစားချက်တစ်ခု ပြည့်လျှံလာပေသည်။

​ဝမ်လဲ့က နောက်ဆုံးစစ်သည်၏ နှင်းကိုက်နေသော လက်ချောင်းများကို ပတ်တီးစည်းပေးပြီးချိန်တွင် ကျန်းရှောင်တောက် ရောက်လာခဲ့သည်။

​ဆယ့်ခြောက်နှစ်အရွယ် စစ်သည်လေးသည် ကွဲအက်နေသော လက်များကို ပွတ်သပ်ပြီး နှင်းပေါ်တွင် ခြေချောင်းများဖြင့် ကုတ်ခြစ်နေကာ တစ်ခုခု ပြောချင်သော်လည်း မျိုသိပ်ထားပုံရပေသည်။

​“တစ်ခုခု... လိုသေးလို့လား...” ဝမ်လဲ့က ကျန်နေသော ပတ်တီးများကို သိမ်းဆည်းရင်း မော့ကြည့်ကာ မေးလိုက်၏။

​ကျန်းရှောင်တောက် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်လေသည်။ “ရွာသားကြီး.... ခင်ဗျားတို့များ...”

​သူ၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားခဲ့သည်။ “အင်း... ခင်ဗျားတို့ကို ဒုက္ခပေးချင်လို့ပါ...”

​စကားလုံးများက လျှာဖျားသို့ ရောက်နေသော်လည်း သူက ပြန်မျိုချလိုက်၏။

​စုတ်ပြတ်နေသော ကောက်ရိုးဖိနပ်အတွင်းရှိ သူ၏ ခြေမနှစ်ချောင်းမှာ အအေးဒဏ်ကြောင့် ခရမ်းပြာရောင်ပြောင်းနေသည်ကို ဝမ်လဲ့ သတိပြုမိလိုက်လေသည်။ “မင်း ပြောလေ....”

​“ကျွန်တော်တို့ တပ်ဖွဲ့က နောက်မှာ ကျန်ခဲ့တယ်။” ကျန်းရှောင်တောက်က နောက်ဆုံးတွင် အားတင်းကာ ပြောလိုက်ပြီး သူ၏ လက်ချောင်းများက ဖာထေးထားသော အင်္ကျီစွန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။ “အဲဒီမှာ ဒဏ်ရာရထားတဲ့သူ သုံးဆယ်ကျော် ရှိသေးတယ်။ တချို့ရဲဘော်တွေဆိုရင် ခြေထောက်တွေ ပုပ်ဟက်နေတာတောင် လမ်းဆက်လျှောက်နေရတုန်းပဲ....”

​သူ၏ အသံမှာ ရုတ်တရက် ဆို့နင့်သွား၏။ “ကျွန်တော် မေးချင်တာက ကျွန်တော်တို့ ရဲဘော်တွေရဲ့ ဒဏ်ရာတွေကို ကူညီကုသပေးနိုင်မလားဆိုတာပါပဲ...”

​“တကယ်တော့ ကျွန်တော်က ပရော်ဖက်ရှင်နယ် ဆရာဝန် မဟုတ်ပါဘူး” ဝမ်လဲ့က အလျင်အမြန် ရှင်းပြလိုက်၏။ “ကျွန်တော်က ရှေးဦးသူနာပြု သင်တန်းတချို့ တက်ထားရုံပါ။ ဒါပေမဲ့ ကျွန်တော့် အသင်းဖော်တွေ အားလုံးက ပရော်ဖက်ရှင်နယ်ဆရာဝန်တွေပါ.... သူတို့က ကုသပေးနိုင်ပါတယ်”

​မှေးမှိန်သွားခဲ့သော ကျန်းရှောင်တောက်၏ မျက်လုံးများ ချက်ချင်း တောက်ပလာရသည်။ “တ..... တကယ်လား... ”

​ဝမ်လဲ့က အခိုင်အမာ ခေါင်းညိတ်လိုက်၏။

​ဝူဖုန်းက ဝင်ပြောလေသည်။ “ကျွန်တော်တို့နဲ့ စခန်းကို လိုက်ခဲ့ပါ... အဲဒီမှာ ထောက်ပံ့ရေး ပစ္စည်းတွေ အများကြီး ရှိတယ်။ ခင်ဗျားတို့ ဝတ်ထားတဲ့ အဝတ်အစားတွေက နှင်းဖုံးနေတဲ့ တောင်တွေကို ဖြတ်ကျော်ဖို့ မသင့်တော်ပါဘူး... ”

​ကျောက်ကန်းက ဆက်ပြောလိုက်၏။ “စခန်းက ဒီနေရာနဲ့ သိပ်မဝေးပါဘူး”

အခန်း ၁၈၁ပြီး၏။

All Chapters